← Chapters

အခန်း (၁၈၇၇-၁၈၇၈)

Vol. 188 Ch. 1877-1878

အခန်း (၁၈၇၇-၁၈၇၈)

Vol. 188 Ch. 1877-1878

အခန်း (၁၈၇၇) - မင်းရဲ့ နတ်ဘုရားစွမ်းအားအားလုံးဟာ အသုံးမဝင်ဖြစ်သွားလိမ့်မယ်

"ဒီတောင်ပိုင်းနတ်ဘုရားမျိုးနွယ် တန်ခိုးရှင်ကို လျှော့တွက်လို့ မရဘူးပဲ..."

အတွင်းနယ်မြေထဲတွင် ဝမ်ချုံစန်းသည် ဝုန့်ယူကို ကြောင်တောင်တောင် စိုက်ကြည့်နေမိဆဲ ဖြစ်သည်။ သူ၏ ဦးနှောက်ထဲတွင် မြွေနဂါးမျိုးနွယ် တန်ခိုးရှင် မိမိကိုယ်ကိုယ် လည်ပင်းလှီးဖြတ်သွားသည့် မြင်ကွင်းက စွဲထင်နေတုန်းပင်။

ထိုမြွေနဂါးမျိုးနွယ် တန်ခိုးရှင်မှာ အဆင့်သတ်မှတ်ချက်တွင် အလွန်မမြင့်သော်လည်း အနည်းဆုံးတော့ ထိပ်တန်း အယောက် ၅၀ စာရင်းထဲတွင် ပါဝင်နေသူ ဖြစ်သည်။

ကျယ်ပြန့်လှသော နတ်ဘုရားနယ်မြေကြီးတွင် နှစ်ပေါင်း ၅၀၀ လျှင် တစ်ကြိမ်သာ ကျင်းပသည့် သူတော်စင်မျှော်စင်တိုက်ပွဲ၌ နဂါးသူတော်စင်မြို့တော်၏ ထိပ်တန်းအယောက် ၅၀ ထဲ ဝင်နိုင်သည်ဆိုခြင်းမှာ အဆိုးဆုံးဟု ဆိုလျှင်တောင် နတ်ဘုရားနယ်မြေတစ်ခုလုံးရှိ အဆင့် ၆ တန်ခိုးရှင်များထဲတွင် အဆင့် ၅၀၀ အတွင်း ရှိနေသူဟု သတ်မှတ်နိုင်သည်။

အခြားသော သူတော်စင်မြို့တော်များတွင် ကျင်းပနေသည့် မျှော်စင်တိုက်ပွဲများရှိ တန်ခိုးရှင် အများအပြားမှာ ဤမြွေနဂါးမျိုးနွယ်ထက်ပင် အစွမ်းနိမ့်ပေလိမ့်မည်။

"အလယ်အလတ်လောက်နဲ့ တွက်ရင်တောင် သူက အနည်းဆုံး အဆင့် ၂၅၀ လောက်မှာ ရှိနေမှာ။ ဒီလိုမျိုး လက်ရွေးစင် တန်ခိုးရှင် တစ်ယောက်က တစ်ချက်ကြည့်ခံလိုက်ရရုံနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လား ဒီလို နတ်ဘုရားစွမ်းအားမျိုးက ကြောက်စရာ ကောင်းလွန်းတယ်။ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်ဆိုတာ ခွန်အားကြီးမားတာနဲ့ နာမည်ကြီးတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး စိတ်ကိုထိန်းချုပ်တဲ့ နတ်ဘုရားစွမ်းအားမျိုး နိုးထလာရတာလဲ..."

"ဒီလောက်အထိ အစွမ်းရှိနေတာတောင် သိက္ခာရှိရှိနဲ့ နံပါတ် (၁) ကို မလုဘဲ၊ တခြားတန်ခိုးရှင်တွေကို အရှုံးပေးထွက်သွားအောင် လှည့်စားပြီးမှ အကွက်ဆင်နေသေးတယ်။ သူ့ရဲ့ ဝိညာဉ်စွမ်းအင်က ဒီစွမ်းအားကို အကြိမ်ကြိမ်သုံးဖို့ မလုံလောက်လို့ပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ လုပ်ရပ်ကတော့ တကယ်ကို အကွက်စေ့လွန်းတယ်"

ဝမ်ချုံစန်း၏ မျက်လုံးထဲတွင် အံ့ဩမှုများ ပြည့်နှက်နေပြီး အင်အားကြီး ၁၂ မျိုးနွယ်အပေါ် ထားရှိသည့် သူ၏ အယူအဆမှာလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

မျိုးနွယ်အသီးသီး၏ အတွင်းနယ်မြေများတွင်လည်း အခြေအနေမှာ အတူတူပင်ဖြစ်ပြီး ဝုန့်ယူ၏ တိုက်ကွက်ကြောင့် အားလုံးမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းထဲသို့ ကျရောက်နေကြသည်။ ထိုမျှ အစွမ်းထက်သော မြွေနဂါးမျိုးနွယ်ဝင်တစ်ဦးကို အလွယ်တကူ အဆုံးစီရင်ခိုင်းနိုင်သည့် နည်းလမ်းမျိုးကို မျိုးနွယ်စုများမှ လက်ရွေးစင်များပင် နားလည်နိုင်ရန် ခဲယဉ်းလှသည်။

ဟင်းလင်းပြင်ရှိ အဆောက်အအုံထက်တွင်မူ...

မြွေနဂါးမျိုးနွယ် သူတော်စင်က ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်ပြီး တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်ကို တစ်ချက် ကြည့်လိုက်သည်။

"ခင်ဗျားတို့ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်က နတ်ဘုရားမျိုးနွယ်နဲ့ လောင်းကြေးထပ်တာဟာ အပေါ်ယံမာနကြောင့်လို့ ထင်ခဲ့တာ။ အခုကြည့်ရတာ ငါတို့ ထင်ထားတာထက် အများကြီး ပိုနေပြီပဲ"

"ဒီမျိုးဆက်သစ်လေးက ထူးခြားတဲ့ နတ်ဘုရားစွမ်းအား နိုးထလာတာကို ငါကိုယ်တိုင်တောင် မမျှော်လင့်ထားမိဘူး။ ဒါပေမဲ့ ဒီပုံစံအတိုင်းဆိုရင်တော့ ငါတို့ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်လည်း နံပါတ် (၁) နေရာကို ရဖို့ မျှော်လင့်ချက် ရှိလာပြီပေါ့"

တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်က ပြုံးပြုံးရွှင်ရွှင် ဆိုလိုက်သည်။

"နှစ်တိုင်း နံပါတ် (၁) ဆိုတာ နတ်ဘုရားမျိုးနွယ်ကပဲ အမြဲသိမ်းကျုံးယူနေတာလေ၊ တစ်ခါတလေတော့လည်း တခြားအိမ်တွေကို အလှည့်ပေးသင့်တာပေါ့"

နတ်ဘုရားမျိုးနွယ် သူတော်စင်ကမူ ဘာမှပြန်မပြောဘဲ တည်ငြိမ်အေးဆေးစွာပင် ရှိနေသည်။ တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်ကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ချေ။

အကယ်၍ စောစောက ဇာတ်လိုက်မှာ ဖန့်ချန် ဖြစ်ခဲ့လျှင် ယခုအခါတွင်မူ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်မှ ဝုန့်ယူသည် တစ်ပိုင်းသူတော်စင်များနှင့် သူတော်စင်များစွာ၏ အာရုံစိုက်မှုကို ပိုမို ရရှိနေပြီ ဖြစ်သည်။

သူ၏ မျိုးရိုးနောက်ခံအရ အကယ်၍ သူသာ ဤတိုက်ပွဲတွင် နံပါတ် (၁) ရရှိခဲ့ပါက သူ၏ အနာဂတ်မှာ အလွန်တောက်ပလာမည်ဖြစ်ပြီး သူတော်စင်အဆင့်သို့ ရောက်ရှိရန်မှာ လက်တစ်ကမ်းအလိုပင် ဖြစ်တော့သည်။

"ခင်ဗျားတို့ အခုထိ အရှုံးမပေးချင်ကြသေးဘူးလား"

ဝုန့်ယူက လူတိုင်းကို လှောင်ပြုံးဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည်။

"မင်းရဲ့ ဒီလို နတ်ဘုရားစွမ်းအားမျိုးက အစွမ်းထက်တယ်ဆိုပေမဲ့ အကြိမ်အများကြီးတော့ သုံးနိုင်မှာ မဟုတ်ဘူး မဟုတ်လား "

တန်ခိုးရှင်တစ်ဦးက တိုးတိုးလေး မေးလိုက်သည်။

သို့သော် သူ၏ စကားအဆုံးမှာပင် ထိုတန်ခိုးရှင်၏ မျက်နှာတွင် နာကျင်မှုများ ပေါ်လာပြီး တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာတော့သည်။ သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခုကို ခံစားနေရသည့်အလား ဖြစ်နေသည်။

နောက်ဆုံးတွင်မူ သူသည် မိမိ၏ လက်ဝါးဖြင့် မိမိ၏ ဦးခေါင်းကို ရိုက်ချကာ အသက်ကို အဆုံးစီရင်လိုက်တော့သည်။

စကတည်းက အခုအထိ ဝုန့်ယူမှာ ဘာမှမလုပ်ခဲ့ဘဲ သူ့ကို တစ်ချက်ကြည့်လိုက်ရုံသာ ရှိသေးသည်။

ကျန်ရှိနေသော သူများမှာ လုံးဝ မတည်ငြိမ်နိုင်တော့ပေ။ အဆင့်တူ တန်ခိုးရှင် နှစ်ဦးမှာ ဝုန့်ယူ၏ လက်ထဲတွင် ကစားစရာလို အသတ်ခံလိုက်ရခြင်းက သူ၏ နတ်ဘုရားစွမ်းအားမှာ အလွန် ထူးဆန်းကြောင်း သက်သေပြနေသည်။

တိုက်ချုံယွင်က ဝုန့်ယူကို စိုက်ကြည့်ရင်း ရုတ်တရက် ဆိုလိုက်သည်။

"ဒါက တောင်ပိုင်းနတ်ဘုရား မျက်လုံး လား"

"တောင်ပိုင်းနတ်ဘုရား မျက်လုံး"

အနီးနားရှိ တန်ခိုးရှင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့အတွက် ဤအမည်မှာ အလွန်စိမ်းနေသည်။

"ဒဏ္ဍာရီအရ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်မှာ ဘုရင် တစ်ပါး ပေါ်ထွန်းခဲ့ဖူးတယ်။ သူဟာ မွေးကတည်းက ထူးခြားတဲ့ မျက်လုံးတစ်စုံ ပါလာပြီး လူတွေရဲ့ စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။ အဲဒီမျက်လုံးရဲ့ စွမ်းအားနဲ့ သူဟာ သူ့ခေတ်သူ့အခါမှာ ကြောက်မက်ဖွယ် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တာ။ နောက်ဆုံးမှာတော့ ငါတို့မျိုးနွယ်ရဲ့ တခြား ဘုရင်တစ်ပါးက သူ့ကို တောင်ပိုင်းနတ်ဘုရား ပင်လယ်မှာ သတ်ပစ်နိုင်ခဲ့တယ်"

တိုက်ချုံယွင်၏ မျက်နှာမှာ အလွန်လေးနက်နေသည်

"နောက်ပိုင်းမှာ သူ့ရဲ့ ထူးခြားတဲ့ မျက်လုံးကို တောင်ပိုင်းနတ်ဘုရား မျက်လုံး လို့ ခေါ်ကြတာပဲ"

"မင်းက ငါတို့မျိုးနွယ်ရဲ့ သမိုင်းကြောင်းကို အတော်လေး သိထားတာပဲ"

ဝုန့်ယူက ရယ်မောလိုက်သည်

"ငါ့ရဲ့ နတ်ဘုရားစွမ်းအားက 'တောင်ပိုင်းနတ်ဘုရား မျက်လုံး' ဟုတ်မဟုတ်တော့ ငါမသိဘူး။ ငါသိတာ တစ်ခုကတော့... မင်းတို့အားလုံးဟာ ငါ့ရဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူးဆိုတာပဲ"

ပြောပြီးနောက် သူက ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ခပ်အေးအေး ဆိုလိုက်သည်။

"အားနည်းတဲ့ မျိုးနွယ်က ကောင်လေး၊ မင်းက ဒီမှာ ဘာရပ်လုပ်နေတာလဲ ငါတို့လို အင်အားကြီးမျိုးနွယ်တွေကြားက စကားဝိုင်းမှာ မင်းက နားထောင်ဖို့တောင် အရည်အချင်း မရှိဘူး။ အခုချက်ချင်း မျှော်စင်ထဲကနေ လိပ်ဆွဲပြီး ထွက်သွားစမ်း"

"လူသားမျိုးနွယ်ကနေ မင်းလိုလူတစ်ယောက် ပေါ်လာဖို့ဆိုတာ မလွယ်ဘူး။ မင်း ထွက်သွားတာ ပိုကောင်းမယ်"

တိုက်ချုံယွင်က သက်ပြင်းတစ်ချက်ချကာ ဖန့်ချန်ကို ကြည့်၍ ဆိုလိုက်သည်။

"တိုက်အစ်ကို... ကျွန်တော်ကတော့ နံပါတ် (၁) နေရာကို ယှဉ်ပြိုင်ကြည့်ချင်သေးတယ်။ ဒီလို အခွင့်အရေးက နှစ်ပေါင်း ၅၀၀ မှာ တစ်ခါပဲ ရှိတာဆိုတော့ လက်လွတ်ခံလိုက်ရင် နှမြောစရာကြီးလေ"

ဖန့်ချန်က တိုက်ချုံယွင်ကို ပြုံးပြလိုက်သည်။

တိုက်ချုံယွင်မှာ ခေတ္တမျှ ကြောင်သွားပြီးနောက် ဝုန့်ယူကို ထူးဆန်းသော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ နံပါတ် (၁) ကို လိုချင်လျှင် အနည်းဆုံးတော့ တောင်ပိုင်းနတ်ဘုရား မျက်လုံး ကို ခံနိုင်ရည် ရှိရမည် မဟုတ်ပါလား။

မှန်ပါသည်၊ ဝုန့်ယူမှာ ထိုစကားကို ကြားသောအခါ မရယ်ဘဲ မနေနိုင်တော့ပေ။ သူ၏ ဘေးရှိ တောင်ပိုင်းနတ်ဘုရားမျိုးနွယ် တန်ခိုးရှင်များကလည်း ဝိုင်း၍ ရယ်မောကြတော့သည်။

"ကောင်လေး... ငါတို့ မင်းကို အချိန်မပေးနိုင်လို့ လွှတ်ထားတာကို မင်းက တကယ်ပဲ နံပါတ် (၁) လုလို့ရမယ် ထင်နေတာလား "

"မင်းမှာ နည်းပရိယာယ် တချို့ရှိတာတော့ မှန်ပါတယ်။ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တိုက်ချုံယွင်နဲ့ အဆင့်တူ၊ ဒါမှမဟုတ် ပိုတောင် သာဦးမယ်။ ဒါပေမဲ့ တောင်ပိုင်းနတ်ဘုရား မျက်လုံး ရှေ့မှာတော့... မင်းရဲ့ နတ်ဘုရားစွမ်းအားအားလုံးဟာ အသုံးမဝင် ဖြစ်သွားလိမ့်မယ်"

ဝုန့်ယူက ခပ်ဖွဖွ ရယ်မောလိုက်ပြီး သူ၏ ဦးခေါင်းသုံးလုံးစလုံးကို ဖန့်ချန်ထံသို့ လှည့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဖန့်ချန်သည် ဝုန့်ယူ၏ မျက်လုံးခြောက်လုံးထဲ၌ နေ၊ လ၊ ကြယ်တာရာများနှင့် စကြဝဠာ ဟင်းလင်းပြင်ကြီး တစ်ခုလုံးကို မြင်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။

ထို့နောက် ဝုန့်ယူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ပုံရိပ်တစ်ခု လွင့်ပျံထွက်လာပြီး ဖန့်ချန်၏ ရှေ့မှောက်၌ ရပ်တန့်လိုက်သည်။

ဒါက ဝုန့်ယူ၏ နတ်ဘုရားဝိညာဉ် ပင် ဖြစ်သည်။

သူက ဖန့်ချန်ကို ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သကဲ့သို့ နှိမ်ချသော အကြည့်ဖြင့် ကြည့်လိုက်သည်။ နောက်တစ်ခဏတွင် သူ၏ ဝိညာဉ်ပုံရိပ်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားတော့သည်။

ဖန့်ချန်သည် စိတ်ကူးတစ်ခု ပြောင်းလဲလိုက်ရုံဖြင့် မိမိကိုယ်ကိုယ် ဖြူဖွေးနေသော ဟင်းလင်းပြင်ကြီးတစ်ခုထဲသို့ ရောက်ရှိနေကြောင်း ခံစားလိုက်ရသည်။

ကောင်းကင်ယံထက်တွင် ဝုန့်ယူ၏ ဝိညာဉ်ပုံရိပ်မှာ မျက်နှာတစ်ဝက် ပေါ်လာသည်။ ၎င်းမှာ ကောင်းကင်ယံကြီးအလား ကြီးမားလှပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ဖန့်ချန်ကို အထက်မှ ငုံ့ကြည့်နေသည်။

"မင်းဟာ အခု မင်းရဲ့ ငယ်ဘဝမှာ အနာကျင်ရဆုံး အဖြစ်အပျက်ကို ခံစားနေရပြီ။ ဒီခံစားချက်က မင်းအတွက် နာကျင်စရာ ကောင်းသလို အရိုးထဲအထိ စွဲနေလိမ့်မယ်"

"မင်းက အဲဒီအဖြစ်အပျက်ကို အကြိမ်ပေါင်း တစ်ရာလောက် ထပ်ခါတလဲလဲ ကြုံတွေ့ရမယ်။ နောက်ဆုံးမှာတော့ မင်း မခံစားနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလိမ့်မယ် "

ဝုန့်ယူ၏ အသံမှာ ထိုဟင်းလင်းပြင်ကြီးထဲတွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေသည်။ သူသည် ဖန့်ချန်၏ မျက်လုံးထဲတွင် ကြောင်တောင်တောင် ဖြစ်သွားသည့် အရိပ်အယောင်ကို မြင်လိုက်ရသောအခါ သူ၏ နှုတ်ခမ်းများမှာ အောင်နိုင်သူအပြုံးဖြင့် အနည်းငယ် ကွေးညွတ်သွားသည်။

"ဒါက ဘယ်လို နတ်ဘုရားစွမ်းအားမျိုးလဲ ဒီစွမ်းအားကို သုံးတဲ့အခါ မင်းရဲ့ နတ်ဘုရားဝိညာဉ်က ငါ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်လာရတာလား "

"ငါကတော့ မင်း တခြားလူတွေရဲ့ စိတ်ကို တိုက်ရိုက် ထိန်းချုပ်နိုင်တယ်လို့ ထင်နေတာ။ ဒါဆိုရင်တော့ အပြင်ကလူတွေက မင်းကို အချိန်မရွေး သတ်ပစ်လို့ ရနေတာပေါ့ "

ဖန့်ချန်က ရုတ်တရက် ခေါင်းမော့ကာ ဝုန့်ယူကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် မသိနားမလည်မှုနှင့် သံသယအချို့ ပါဝင်နေသည်။

သူသည် ဤဟင်းလင်းပြင်ကြီးမှာ ဝုန့်ယူက သူ၏ ခန္ဓာကိုယ်ထဲတွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ဝုန့်ယူသည် သူ၏ ဝိညာဉ်ကို ဤဟင်းလင်းပြင်ထဲသို့ အတင်းအဓမ္မ ဆွဲခေါ်လာပြီး ခိုင်းစေရန် ကြိုးစားနေခြင်း ဖြစ်သည်။

ထို့ပြင် ဝုန့်ယူ၏ ဝိညာဉ်စွမ်းအားမှာ အလွန်တရာ ကြီးမားလှပြီး အဆင့်တူများထက် အဆပေါင်းများစွာ သာလွန်နေသည်ကိုလည်း သူ တွေ့ရှိလိုက်သည်။

သို့သော်... သူနှင့် နှိုင်းယှဉ်လျှင်မူ ဝုန့်ယူမှာ အဝေးကြီး လိုနေသေးသည်။

ဝုန့်ယူမှာ မျက်မှောင်ကြုတ်သွားသော်လည်း ဖန့်ချန်၏ မေးခွန်းကို မဖြေဘဲ ဆက်၍ အမိန့်ပေးလိုက်သည်။

"မင်းဟာ မင်းရဲ့ ငယ်ဘဝမှာ အနာကျင်ရဆုံး အဖြစ်အပျက်ကို ခံစားနေရပြီ..."

"တော်လောက်ပြီကွာ..."

ဖန့်ချန်က မျက်မှောင်ကြုတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ဆွဲချလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ နတ်ဘုရားဝိညာဉ်သည် ပေပေါင်းသောင်းချီ မြင့်မားသော ဘီလူးကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး၊ ကောင်းကင်ယံထက်ရှိ ဝုန့်ယူ၏ ပုံရိပ်ကို အတင်းအဓမ္မ ဆွဲချလိုက်တော့သည်။

အခြေအနေမှာ ချက်ချင်း ပြောင်းပြန် ဖြစ်သွားတော့သည်။ ဝုန့်ယူသည် ဖန့်ချန် အစောက ရပ်နေခဲ့သည့် နေရာသို့ ရောက်ရှိသွားသည်။

သူသည် ထိတ်လန့်တကြားဖြင့် မော့ကြည့်လိုက်သောအခါ... ကောင်းကင်ယံကြီးအလား ကြီးမားလှသော ဖန့်ချန်၏ မျက်နှာကြီးကို မြင်လိုက်ရတော့သည်။

"မင်း..."

"မင်းဟာ မင်းရဲ့ အနာကျင်ရဆုံး အဖြစ်အပျက်ကို ခံစားနေရပြီ။ အဲဒါကို အကြိမ်ပေါင်း တစ်သောင်းလောက် ထပ်ခါတလဲလဲ ကြုံတွေ့ရမယ်..."

ဖန့်ချန်က အေးအေးဆေးဆေးပင် ရွတ်ဆိုလိုက်သည်။

ဝုန့်ယူ၏ မျက်နှာမှာ အစပိုင်းတွင် ကြောင်အမ်းသွားပြီးနောက်... ရုတ်တရက် ကြောက်လန့်တကြား ဖြစ်လာတော့လေသည်။

အခန်း (၁၈၇၈) - နံပါတ် ၁

ဝုန့်ယူ၏ နည်းစနစ်များသည် အပြင်လူများ၏ အမြင်တွင်မူ ခဏတာ မျက်တောင်တစ်ခပ်အတွင်းသာ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

မျိုးနွယ်စုအသီးသီးမှ တန်ခိုးရှင်များသည် ဖန့်ချန်၏ မျက်နှာထက်တွင် ကြောင်တောင်တောင် ဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ကို ခပ်ရေးရေး သတိထားမိလိုက်ကြသည်။

လူသားမျိုးနွယ် တန်ခိုးရှင်များမှာမူ အခြေအနေ မဟန်တော့ဟု စိတ်ထဲမှ ရေရွတ်လိုက်ကြတော့သည်။

ဖန့်ချန်သည်လည်း ရှေ့က တန်ခိုးရှင် နှစ်ဦးကဲ့သို့ပင် မိမိကိုယ်ကိုယ် အဆုံးစီရင်တော့မည်ဟု သူတို့ ထင်မှတ်နေစဉ်မှာပင် ဖန့်ချန်၏ အမူအရာမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားသည်ကို တွေ့လိုက်ရသည်။

ထို့နောက်...

ဝုန့်ယူ၏ မျက်နှာထက်တွင် ကြောက်လန့်တကြား ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်ကို သူတို့ မြင်လိုက်ရတော့သည်။

ဤသူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခုကို မြင်တွေ့လိုက်ရသည့်အလား မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေပြီး၊ တစ်ကိုယ်လုံး တုန်ယင်ကာ ချွေးစေးများလည်း အဆက်မပြတ် စီးကျနေသည်။

"ဝုန့်ယူ"

သူ့ကို ဝန်းရံစောင့်ရှောက်ပေးနေသော တောင်ပိုင်းနတ်ဘုရားမျိုးနွယ် တန်ခိုးရှင်အချို့မှာ အခြေအနေကို မြင်သောအခါ မျက်နှာပျက်သွားပြီး အသံကျယ်ကြီးဖြင့် အော်ဟစ် သတိပေးလိုက်ကြသည်။

ထိုအော်ဟစ်သံကြောင့်ပင်လား၊ သို့မဟုတ် အခြားသော အကြောင်းပြချက်ကြောင့်လား မသိရဘဲ ဝုန့်ယူသည် ဝိညာဉ်စွမ်းအင်ဖြင့် ဓားတစ်လက်ကို ဖန်တီးလိုက်ပြီး မိမိ၏ ဦးခေါင်းကို မိမိဘာသာ တိုက်ရိုက် လှီးဖြတ်လိုက်တော့သည်။

ဖလပ်...

ဦးခေါင်း သုံးလုံးစလုံးမှာ တပြိုင်နက်တည်း ပြတ်ကျသွားပြီး မြေပြင်ပေါ်တွင် အဝေးကြီးအထိ လိမ့်ထွက်သွားတော့သည်။

တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

တိုက်ချုံယွင်သည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ဖန့်ချန်ကို တစ်လှည့်၊ ဝုန့်ယူ၏ အလောင်းကို တစ်လှည့် ကြည့်နေမိပြီး သူ၏ အကြည့်များမှာ တဖြည်းဖြည်း လေးနက်လာခဲ့သည်။

"မဖြစ်နိုင်တာ..."

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ အနီးနားရှိ တန်ခိုးရှင်များမှာ အသိပြန်ဝင်လာကြပြီး မတူညီသော အမူအရာများ ဖြစ်ပေါ်လာကြသည်။ သို့သော် တူညီသောအချက် တစ်ခုမှာ သူတို့အားလုံးသည် ဖန့်ချန်ကို ထူးဆန်းသော အကြည့်များဖြင့် ခိုးကြည့်နေကြခြင်း ဖြစ်သည်။

ထိုအကြည့်များထဲတွင် သံသယများ၊ စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

မည်သည့် အကြောင်းရင်းကြောင့် ဖြစ်သည်ကို သူတို့ အတိအကျ မသိရသော်လည်း ဝုန့်ယူ ဤကဲ့သို့ ဖြစ်သွားရခြင်းမှာ ဖန့်ချန်ကို တိုက်ခိုက်နေစဉ်အတွင်း တစ်ခုခု မှားယွင်းသွားပြီး မိမိ၏ စိတ်ကို မိမိပြန်၍ အချုပ်ခံလိုက်ရခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားလှသည်။

"ဖန့်အစ်ကို... ခင်ဗျားရဲ့ နတ်ဘုရားစွမ်းအားက တောင်ပိုင်းနတ်ဘုရား မျက်လုံး ကို ပြန်တိုက်ခိုက်နိုင်တာလား "

တိုက်ချုံယွင်က ဖန့်ချန်ကို ရှုပ်ထွေးသော အကြည့်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

ဤမျှော်စင်တိုက်ပွဲ တစ်ခုလုံးကို ဝုန့်ယူက အပိုင်စီးသွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း၊ မမျှော်လင့်ဘဲ သူ၏ ပါးစပ်ဖျားမှ အားနည်းသော မျိုးနွယ် ဟု အခေါ်ခံရသည့် တန်ခိုးရှင်တစ်ဦး၏ လက်ထဲတွင် ခဏချင်းအတွင်း သေဆုံးသွားခဲ့ရလေပြီ။

ဖြစ်ရပ်များ၏ အပြောင်းအလဲမှာ သူ၏ ထင်မှတ်ချက်ကို လုံးဝ ကျော်လွန်သွားခဲ့သည်။

"ခုနက ဘာဖြစ်သွားလဲဆိုတာ ကျွန်တော်လည်း မသိလိုက်ဘူး"

ဖန့်ချန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"တကယ်ပဲ ခင်ဗျား မဟုတ်ဘူးလား"

တန်ခိုးရှင်တစ်ဦးက သံသယဖြင့် မေးမြန်းလာသည်။

ဖန့်ချန်ကမူ ခေါင်းကိုသာ ထပ်မံခါယမ်းပြပြီး ဘာမှ ပြန်မပြောတော့ပေ။

လူတိုင်း၏ စိတ်ထဲတွင် တစ်ဝက်ယုံ တစ်ဝက်မယုံ ဖြစ်နေကြသော်လည်း ယခုအချိန်တွင် အခြားအရာများကို ထည့်စဉ်းစားနေရန် အချိန်မရှိတော့ပေ။ ဝုန့်ယူ သေဆုံးသွားပြီဖြစ်သဖြင့် ကျန်ရှိနေသောသူများသည် ယခင်က သတ်မှတ်ထားသည့် အဆင့်အတိုင်း တစ်ဦးပြီးတစ်ဦး အရှုံးပေးထွက်ခွာရန်သာ ရှိတော့သည်။

"ခင်ဗျားတို့ တစ်သိုက်... ဝုန့်ယူလည်း သေပြီပဲ၊ ဘာလို့ မထွက်သေးတာလဲ "

တောင်ပိုင်းနတ်ဘုရားမျိုးနွယ် တန်ခိုးရှင်အချို့ကို တစ်ဦးက လှမ်း၍ အော်ဟစ်လိုက်သည်။

ထိုတန်ခိုးရှင်များသည် မကျေမနပ် ဖြစ်နေသော မျက်နှာထားဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် နှာခေါင်းတစ်ချက် ရှုံ့ကာ သူတို့၏ အမှတ်အသားပြားကို အသုံးပြု၍ အရှုံးပေး ထွက်ခွာသွားကြတော့သည်။

သူတို့ ထွက်သွားပြီးနောက် ကျန်ရှိသောသူများသည်လည်း ကတိအတိုင်း ကျေကျေနပ်နပ်ပင် ထွက်ခွာသွားကြရာ မည်သည့် မတော်တဆမှုမျှ ထပ်မံ မဖြစ်ပွားတော့ပေ။

နောက်ဆုံးတွင်မူ ကျယ်ပြန့်လှသော ဤမြေပြင်ကြီးပေါ်တွင် ဖန့်ချန်နှင့် တိုက်ချုံယွင် နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။

ထိုအချိန်တွင် နတ်ဘုရားနယ်မြေရှိ မရေမတွက်နိုင်သော မျိုးနွယ်စုများ၏ အတွင်းနယ်မြေအားလုံးသည် ဤနေရာလေးကိုသာ အာရုံစိုက် စောင့်ကြည့်နေကြတော့သည်။

နတ်ဘုရားမျိုးနွယ်၊ မြွေနဂါးမျိုးနွယ်၊ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်... ကိန္နရီမျိုးနွယ်၊ မီးမျိုးနွယ်နှင့် လူသားမျိုးနွယ်များ အပါအဝင် ဖြစ်သည်။

ဖန့်ချန်နှင့် တိုက်ချုံယွင် နှစ်ဦးစလုံးသည် ဟင်းလင်းပြင်ထဲ၌ စီတန်းနေသော အတွင်းနယ်မြေ တံခါးဝများ၏ ပုံရိပ်ယောင်များကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။

"သူတို့အားလုံး ငါတို့ကို ကြည့်နေကြတယ်"

တိုက်ချုံယွင်က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

"ငါ့ရဲ့ မျိုးနွယ်ဝင်တွေရော၊ မင်းရဲ့ မျိုးနွယ်ဝင်တွေရော၊ ငါတို့မျိုးနွယ်က သူတော်စင်တွေရော၊ ခင်ဗျားတို့မျိုးနွယ်က သူတော်စင်တွေရော ရှိနေကြတာ။ အင်အားကြီးမျိုးနွယ် ၁၂ ခု၊ မျိုးနွယ်ကြီး ၁၀၀... နတ်ဘုရားနယ်မြေရဲ့ ထိပ်တန်း အရှိန်အဝါရှိသူ အားလုံးနီးပါးက ငါတို့နှစ်ယောက်ကြားက ဒီတိုက်ပွဲကို ကြည့်နေကြတာပဲ"

သူက စကားကို ခေတ္တရပ်လိုက်ပြီး

"ငါ မင်းရဲ့ ပြိုင်ဘက် မဟုတ်မှန်း သိပါတယ်။ ဒါပေမဲ့ မင်းရဲ့ လက်ထဲမှာ ဘယ်နှစ်ကွက်လောက် တောင့်ခံနိုင်မလဲဆိုတာ စမ်းကြည့်ချင်သေးတယ်"

"ဒါဆိုရင်လည်း စမ်းကြည့်ကြတာပေါ့"

ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

ဟင်းလင်းပြင်ရှိ အဆောက်အအုံထက်တွင်မူ နတ်ဘုရားနယ်မြေ၏ အဆင့်မြင့်ဆုံး သူတော်စင်တစ်စုသည် မျှော်စင်အတွင်းရှိ အခြေအနေကို စောင့်ကြည့်နေကြသည်။

ဝုန့်ယူ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားပြီးနောက် ဤနေရာရှိ လေထုမှာ အတော်လေး ထူးဆန်းသွားခဲ့သည်။

အကြည့်အတော်များများမှာ တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်ထံသို့ မသိမသာ ရောက်ရှိသွားကြသည်။

နတ်ဘုရားမျိုးနွယ် သူတော်စင်ကမူ ဤကဲ့သို့သော အခွင့်အရေးကို လက်လွတ်မခံဘဲ အေးဆေးစွာပင် လှောင်ပြောင်လိုက်သည်။

"ကြည့်ရတာ ဒီတစ်ကြိမ်မှာ ခင်ဗျားတို့ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်အတွက် နံပါတ် (၁) ရဖို့က ခက်သွားပြီထင်တယ်"

"ဟဲဟဲ..."

တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်က အေးစက်စွာ ရယ်မောလိုက်သည်။

"ငါတို့ တောင်ပိုင်းနတ်ဘုရားမျိုးနွယ် မရရင်ရော ခင်ဗျားတို့ နတ်ဘုရားမျိုးနွယ်က ရမယ်လို့ ထင်နေတာလား"

ပြောပြီးနောက် သူသည် ဖန့်ချန်ကို အငြိုးတကြီး စိုက်ကြည့်လိုက်ပြီး ဖန့်လဲ့ ကို အေးစက်စွာ လှည့်မေးလိုက်သည်။

"မင်းတို့ မျိုးနွယ်က နောက်ပေါက်လေးမှာ ဘယ်လို နတ်ဘုရားစွမ်းအားတွေ ရှိနေတာလဲ "

သူသည် ဖန့်ချန်၌ မည်သည့် နတ်ဘုရားစွမ်းအား ရှိနေ၍ တောင်ပိုင်းနတ်ဘုရား မျက်လုံး ကိုတောင် အလွယ်တကူ ချေဖျက်နိုင်ရသနည်းဆိုသည်ကို အလွန် သိလိုနေသည်။

ဝုန့်ယူ သေဆုံးသွားရခြင်းမှာ သူ၏ တွက်ချက်မှုထဲတွင် မပါဝင်ခဲ့ပေ။ အစကတည်းက သူသည် ဝုန့်ယူ နံပါတ် (၁) ရမည်ဟု အပိုင်တွက်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တိုက်ချုံယွင်၏ နည်းလမ်းများဖြင့် တောင်ပိုင်းနတ်ဘုရား မျက်လုံး ကို နိုးထထားသော ဝုန့်ယူကို မည်သို့မျှ မယှဉ်နိုင်သောကြောင့် ဖြစ်သည်။

သို့သော် ထောင်သောင်းမက တွက်ချက်ထားသည့်ကြားမှ ဝုန့်ယူကို သတ်လိုက်သူမှာ တိုက်ချုံယွင် မဟုတ်ဘဲ အားနည်းသော မျိုးနွယ်စုမှ တန်ခိုးရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြချေ။

"ကျွန်တော်လည်း အတိအကျ မသိသေးပါဘူး။ ဒီတိုက်ပွဲ ပြီးသွားတဲ့အခါမှပဲ သူ့ကို မေးကြည့်ရပါမယ်"

ဖန့်လဲ့က ပြုံးလျက် လက်အုပ်ချီ၍ ပြန်ပြောလိုက်သည်။

တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်မှာ ဘာမှ ထပ်မပြောတော့သော်လည်း သူ၏ မျက်နှာမှာ ပို၍ပင် ခက်ထန်လာခဲ့လေသည်။

တိုက်ချုံယွင် လှုပ်ရှားလိုက်ပြီဖြစ်သည်။ သူသည် ကောင်းကင်ယံရှိ အတွင်းနယ်မြေ တံခါးပုံရိပ်များကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ တစ်သက်တာတွင် အစွမ်းထက်ဆုံးသော နည်းလမ်းများကို အစွမ်းကုန် ထုတ်သုံးလိုက်တော့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်များမှာ ပျက်စီးနေသော မြို့တော်တစ်ခုလုံးကို ပြည့်နှက်သွားစေသည်။ ဤအချိန်တွင် တိုက်ချုံယွင်သည် ရိုးရိုးအဆင့် ၆ မဟုတ်တော့ဘဲ သူ၏ ကျင့်စဉ်အဆင့်မှာ အတားအဆီးကို ကျော်ဖြတ်ကာ အဆင့် ၇ နယ်ပယ်သို့ တိုက်ရိုက် ရောက်ရှိသွားသည့်အလား ထင်မှတ်ရသည်။

လူတိုင်းက တိုက်ချုံယွင်၏ ဤတိုက်ကွက်မှာ တစ်ခုခု ထိရောက်လိမ့်မည်ဟု ထင်နေကြစဉ်မှာပင်၊ ဖန့်ချန်သည် တိုက်ချုံယွင်၏ နောက်ကျောသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဓားသွားမှာ တိုက်ချုံယွင်၏ လည်ပင်းပေါ်တွင် တင်ထားလျက် ရှိသည်။

သွေးစက်အချို့မှာ ဓားသွားထက်မှ စိမ့်ထွက်လာသည်။

တိုက်ချုံယွင်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် သောင်းကျန်းနေသော ဝိညာဉ်စွမ်းအင်များကို ပြန်လည် ထိန်းချုပ်လိုက်သည်။

"ငါ ရှုံးပြီ။ မင်းကို ဂုဏ်ပြုပါတယ်"

"တိုက်အစ်ကို... ကြွပါဦး"

ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။

တိုက်ချုံယွင်က ခေါင်းညိတ်ပြပြီးနောက် ချက်ချင်းပင် အရှုံးပေးကာ ထွက်ခွာသွားတော့သည်။

ဤသို့ဖြင့် ဖန့်ချန်သည် နဂါးသူတော်စင်မြို့တော်၏ အဆင့် ၆ နံပါတ် (၁) ဟူသော ဂုဏ်သတင်းကို အလွယ်တကူပင် ရယူနိုင်ခဲ့လေပြီ။

ဖန့်ချန်၏ အတွေးထဲတွင်

"လူသားမျိုးနွယ်နဲ့ ဒီအင်အားကြီးမျိုးနွယ်တွေကြားက ကွာဟချက်က ထင်ထားသလောက်တော့ မကြီးမားလှဘူး။ ဒါပေမဲ့ ငါကတော့ ထူးခြားတဲ့ အခြေအနေတစ်ခုပါ။

တကယ့် အခြေအနေမှန်ကတော့ တိုက်ချုံယွင်တို့လို လူတွေရဲ့ ဝိညာဉ်စွမ်းအင် ထုထည်က သာမန် လူသားမျိုးနွယ်တွေထက် အဆပေါင်းများစွာ ပိုပြီး ကြီးမားနေတာပဲ။

ငါ့လို အခြေအနေမျိုးက ပြန်လုပ်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် လူသားမျိုးနွယ် အားကောင်းလာဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ သူတော်စင်တွေ ပိုထွက်လာဖို့နဲ့ အထွတ်အထိပ်အရိုး တွေကို တိုးမြှင့်ဖို့ပဲ။ ဒါမှ နောက်တစ်ချိန်မှာ တစ်ကိုယ်လုံး အထွတ်အထိပ်အရိုးတွေနဲ့ ပြည့်နေတဲ့ အဆင့်ကို ရောက်နိုင်မှာ..."

ထိုခဏ၌ နတ်ဘုရားနယ်မြေ၏ နယ်ပယ်အတော်များများမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းထဲသို့ ကျရောက်သွားကြသည်။

အတွင်းနယ်မြေ တစ်ခုပြီးတစ်ခု...

မတူညီသော မျိုးနွယ်စုများမှ တစ်ပိုင်းသူတော်စင်များနှင့် သူတော်စင်များစွာသည် ဖန့်ချန်၏ နောက်ဆုံးအောင်ပွဲကို ကြည့်ပြီးနောက် ငြိမ်သက်သွားကြသည်။

"လူသားမျိုးနွယ်..."

"စိတ်ဝင်စားဖို့ ကောင်းသားပဲ"

"မဟာမိတ်ဖွဲ့ဖို့ ကြိုးစားကြည့်သင့်တယ်"

အင်အားကြီး ၁၂ မျိုးနွယ်နှင့် မျိုးနွယ်ကြီး ၁၀၀ က လူသားမျိုးနွယ်ကို မဟာမိတ်ဖွဲ့ရန် စိတ်ကူးမရှိကြသော်လည်း၊ မီးနတ်ဘုရားမျိုးနွယ်ထက် ပို၍ အင်အားကြီးမားသော မျိုးနွယ်စုအချို့မှ သူတော်စင်များမှာမူ လူသားမျိုးနွယ်နှင့် ပတ်သက်ဆက်နွှယ်လိုသည့် ဆန္ဒများ ပေါ်ပေါက်လာကြသည်။

ထိုသူတော်စင်များသည် လူသားမျိုးနွယ် သူတော်စင်များ၏ အတွင်းနယ်မြေ တည်နေရာကို ချက်ချင်း ရှာဖွေကြတော့သည်။ သို့သော် လူသားမျိုးနွယ် သူတော်စင်များသည် နဂါးသူတော်စင်၏ အနီးနားတွင် ရှိနေကြသဖြင့် ခဏချင်းအတွင်း ရှာမတွေ့နိုင်ကြချေ။

ကျန်းဝူ သူတော်စင်တစ်ပိုင်း၏ အတွင်းနယ်မြေထဲတွင်မူ...

"သူ့ကို မင်း နောက်ထပ် လှုပ်ရှားလို့ မရတော့ဘူး"

ဇန့်ရွှယ် သူတော်စင်တစ်ပိုင်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

"မင်း သူ့ကို သွားထိရင် နယ်ပယ်အသီးသီးက သူတော်စင်တွေရဲ့ နှိမ်နင်းမှုကို ခံရလိမ့်မယ်"

"ငါ သိပါတယ်"

ကျန်းဝူ သူတော်စင်တစ်ပိုင်းက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။ သူ၏ စိတ်ထဲရှိ အကြံအစည် အားလုံးကို ယခုအခါတွင် မြှုပ်နှံလိုက်ရလေပြီ။

ဟင်းလင်းပြင်ရှိ အဆောက်အအုံထက်တွင်မူ...

နဂါးသူတော်စင်က ဖန့်လဲ့နှင့် အခြားသူများကို ကြည့်ကာ ပြုံးလျက် ဆိုသည်။

"လူသားမျိုးနွယ် သူတော်စင်တို့... ခင်ဗျားတို့ကို ဂုဏ်ပြုပါတယ်။ ဒီလောက်ထိ ငယ်ရွယ်တဲ့ မျိုးနွယ်စုထဲကနေ သူတော်စင်မျှော်စင်တိုက်ပွဲမှာ နံပါတ် (၁) ရနိုင်တဲ့သူ ပေါ်ထွက်လာတာဟာ ခင်ဗျားတို့ရဲ့ အလားအလာ မနိမ့်ဘူးဆိုတာကို သက်သေပြလိုက်တာပဲ"

လူသားမျိုးနွယ် သူတော်စင်များမှာ နှိမ့်ချစွာဖြင့် ပြန်လည် အလေးပြုကြသည်။

နဂါးသူတော်စင်က ထိုသို့ မြင်သောအခါ ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ဖမ်းယူလိုက်ရာ၊ သူတော်စင်မျှော်စင်အတွင်း ကျန်ရှိနေသေးသော ဖန့်ချန်မှာ ချက်ချင်းပင် သူ၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့လေသည်။

All Chapters