← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အပိုင်း ( ၂၂ )

"ဉာဏ်ကြီးရှင်အတန်းဖော်လေး ငါလည်း မင်းနဲ့ ထိုင်ခုံဖော် ဖြစ်ချင်တယ်။" လုချီက စားပွဲကိုကျော်ကာ ငုံ့ကိုင်းလာပြီး လက်နှစ်ဖက်ကို တောင်းပန်ဟန်ဖြင့် လက်အုပ်ချီထားသည်။ "ငါ့ကိုလည်း ပျံသန်းဖို့ ခေါ်သွားပေးပါ။ ငါလည်း အပျင်းတစ်နေရင်း အစ်ကိုချူးလို အနိုင်ရချင်လို့။"

ရှောက်ယန်က လုချီ၏ လက်များကို တွန်းထုတ်လိုက်သည်။ "အဲဒီအတွေးတွေကို လွှင့်ပစ်လိုက်။ ပျင်းရိနေရင်း အနိုင်ရတာက ငါးဆားနယ်တွေအတွက် မဖြစ်နိုင်ဘူး။"

"အဲဒါဆို သူမကရော ဘယ်လို လုပ်နိုင်တာလဲ။"

"ဘာလို့လဲဆိုတော့ သူမမှာ ငါ ရှိတယ်လေ။"

လင်ချူးဆွေ့၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။ "ငါက နင် ငါ့ကို လက်လွှတ်လိုက်ပြီ ထင်နေတာ။"

"အခုတလော အလုပ်ရှုပ်နေလို့။ လက်လွှတ်ဖို့ကတော့ မဖြစ်နိုင်ဘူး။"

"ငါ အရင်ဘဝတုန်းက နင့်ကို အကြွေးတင်ခဲ့တာလား။"

ရှောက်ယန်က သူမ၏ သင်္ချာအဖြေလွှာကို ကောက်ယူကာ သူမ မှားသည့် မေးခွန်းအနည်းငယ်ကို ထောက်ပြလိုက်သည်။ "ဒီည အိမ်ပြန်ရောက်တဲ့အခါ ဒါတွေ လုပ်ကြည့်။ ငါ မနက်ဖြန်ကျ မင်းကို ပြန်ရှင်းပြပေးမယ်။"

"ငါ မလုပ်ဘူး။"

"မင်း မလုပ်ဘူးဆိုရင် နောက်ပိုင်းကျ ငါ့ရဲ့ အိမ်စာတွေကို မင်းတို့ အိမ်စာကူးအဖွဲ့ကို မကူးခိုင်းတော့ဘူး။"

"..."

ထိုသို့​​ပြောပြီးနောက် ရှောက်ယန်က သူ့ကျောင်းလွယ်အိတ်ကို လွယ်ကာ အတန်းထဲမှ ထွက်သွားခဲ့သည်။

လင်ချူးဆွေ့က ထွက်ခွာသွားသည့် သူ၏ ပိန်သွယ်သော ပုံရိပ်ကို ကြည့်​နေခဲ့သည်။ သူမ နှလုံးသားက ပျော်ရွှင်မှုကို ခံစား​နေရပြီး သူမ နှုတ်ခမ်းထောင့်တို့က အနည်းငယ် မြင့်တက်လာသည်။

"ယို့ ယို့... မင်း ပါးစပ်က နားရွက်တက်ချိတ်တော့မယ်နော်။"

သူမက လုချီကို အဖြေလွှာစာရွက်နှင့် ရိုက်လိုက်ပြီး ရှောက်ယန် ထောက်ပြခဲ့သည့် မေးခွန်းများကို ဝိုင်းလိုက်သည်။

.......

ထိုညက လုထျန်းပိုင်၏ မွေးနေ့ဖြစ်သည်။ သူမက ပျော်ရွှင်စွာဖြင့် နှစ်ဝက်စာသိမ်းဆည်းထားသည့် မုန့်ဖိုးများကို အသုံးပြုပြီး မြို့လယ်ရှိ အဆင့်​​မြင့်ဆုံး ဖျော်ဖြေရေးကလပ် ရှဲ့ထင်းတွင် သီချင်းဆိုရန် လူတိုင်းကို ဖိတ်ထားခဲ့သည်။

ရှဲ့ထင်းကလပ်၏ အပြင်အဆင်က ကျော့ရှင်းလှပပြီး တံတားငယ်များနှင့် စီးဆင်းနေသောရေတို့ အလှဆင်ထားပြီး ပိုင်းကန့်ထားသည့် လိုက်ကာများနှင့် သီးသန့်ဆန်သည့် နေရာများလည်း ရှိသည်။ သာမန် KTV များကဲ့သို့ တောက်ပြောင်သည့် အပေါစားဆန်သော ခံစားချက်မျိုး မရှိပေ။ သီးသန့်ခန်းများ၏ အသံလုံစနစ်က ကောင်းမွန်သောကြောင့် အခြားအခန်းများမှ တစ္ဆေကဲ့သို့ ဆွဲဆွဲငင်ငင် မြည်တမ်း​နေသံများကို မကြားနိုင်ပေ။

လင်ချူးဆွေ့က လုထျန်းပိုင်ကို Tiffany လက်ကောက် တစ်ကွင်း လက်ဆောင်ပေးခဲ့သည်။ သူမက လုထျန်းပိုင်နှင့်အတူ သီချင်းအပုဒ်ရေအနည်းငယ် ဆိုခဲ့ပြီးနောက် စားပွဲပေါ်ရှိ သင်္ချာမေးခွန်းမှ ဝိုင်းထားသော ပုစ္ဆာများကို ပါးကုတ်နားကုတ်နှင့် စတင်တွက်နေလေသည်။

လုချီက မိုက်ကိုင်ရင်း လျှောက်လာပြီး သူမ တံတောင်ဆစ်ကို တိုက်လိုက်သည်။ "KTV လာပြီး သင်္ချာတွက်နေတာ မင်း ဦးနှောက်က တစ်ခုခုမှားနေတာလား။"

"နင့်အလုပ်နင် လုပ်စမ်းပါ။"

"သီချင်းဆို!"

"ငါ မဆိုဘူး။"

လုချီက သူမ ရေးခြစ်နေသည့် အဖြေလွှာစာရွက်ကို ကြည့်ပြီး မေးလိုက်သည်။ "ဒီပုစ္ဆာတွေကို နားလည်လား။"

"ဒါပေါ့။ ငါ နားလည်တယ်လေ။ ဒါတွေက parabola ပဲဟာကို။"

"ယို့ နှစ်နှစ်လောက် အချိန်ဖြုန်းခဲ့တဲ့ ကျောင်းသူက parabola ကို နားလည်တယ်ပေါ့။"

"ငါ့ကို အထင်မသေးနဲ့။ ငါက ဂျီသြမေတြီပုစ္ဆာတွေ ဖြေရှင်းတာ အတော်ဆုံးပဲ။ အဖြေကို ချက်ချင်း ချရေးလိုက်မယ်။"

"..."

parabola က ဂျီသြမေတြီဆိုတာ သေချာရဲ့လား။

လင်ချူးဆွေ့ကို မိနစ်ဝက်လောက် ရပ်ကြည့်နေပြီးနောက် လုချီက မေးလိုက်သည်။ "မင်း ဒီပုစ္ဆာကို ကြည့်နေတာ အနည်းဆုံး တစ်မိနစ်ကြာပြီ။ အဖြေရောရပြီလား။"

"ငါ့ကို တွန်းအားမပေးနဲ့။"

"မင်း အနည်းဆုံးတော့ အကြမ်းစာရွက်မှာ diagram ဆွဲသင့်တယ်လေ။ စိုက်ကြည့်နေရုံနဲ့ ဖြေရှင်းလို့ ရပါ့မလား။"

လင်ချူးဆွေ့က သူ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ "အခု ငါ့ ဦးနှောက်ရဲ့ ဒေတာတွေက လည်ပတ်နေတုန်း ရှိသေးတာ။"

"ကောင်းပြီ အဲဒါဆိုလည်း ဆက်ပြီး ဆန်းစစ်လိုက်ပါဦး။"

ဆန်းစစ်နေတာ မိနစ်နှစ်ဆယ်လောက် ကြာသွားပြီး နောက်ဆုံးတွင် လင်ချူးဆွေ့က ဘောပင်န် ချလိုက်သည်။

လုချီက မြန်မြန် လှမ်းကြည့်လိုက်သော်လည်း သူမသည် အဖြေလွှာပေါ်၌ ရှောင်ယန်ကို သရော်ထားသော ကဗျာတစ်ပုဒ်သာ ချရေးထားသည်ကို မြင်လိုက်ရသည်။

"သေခြင်းတရားက လူတိုင်းဆီကိုလာတာ၊ နင် ဘယ်လောက်ကြာကြာ မောက်မာနိုင်မှာလဲ။"

(*ရန်ရှန်းကျစ်ကူရှဲည်ဝူစီ၊ ခန့်အာဟန်ရှင်သောက်ကျီရှီ)

"..."

လင်ချုးဆွေ့ဘေးတွင် ထိုင်နေသည့် လုထျန်းပိုင်က သူမ တံတောင်ဆစ်ကို တိုက်လိုက်သည်။ "ဉာဏ်ကြီးရှင်အတန်းဖော်လေးက နင့်ကို ပြောတာ ပုစ္ဆာတွေ လုပ်ထားတဲ့။ ပုစ္ဆာပဲ လုပ်စမ်းပါ။ ရည်းစားကောင်မ​လေးက သူ့စကားနားထောင်ရမယ်လေ အာ။"

"မဖြစ်နိုင်ဘူး။"

"ဖြစ်နိုင်ပါတယ်။"

"မဖြစ်နိုင်ဘူး။" လင်ချူးဆွေ့က အပြစ်ရှိသလို ခံစားလိုက်ရပြီး ပြောလိုက်သည်။ "ပုစ္ဆာက ငါ့ဘာသာ တွက်ချင်လို့ တွက်တာ။ ပုစ္ဆာတွက်ရတာက ငါ့ကို ပျော်စေတယ်လေ။"

လုထျန်းပိုင် : "အိုး တစ်ညကို ဂဏန်းငါးလုံးကျတဲ့ အဆင့်မြင့်ကလပ်မှာ ပါးကုတ်နားကုတ်နဲ့ ပုစ္ဆာတွေ ထိုင်လုပ်နေရတာက ပျော်ရွှင်လွန်းလို့ ဆံပင်မွေးတွေတောင် ပြောင်တော့မှာလား။"

"အဟွတ် ဟုတ်တယ်။"

လုထျန်းပိုင်၏ လှပသော သစ်အယ်သီး သဏ္ဌာန်မျက်လုံးတို့က အပြုံးကြောင့် ကွေးသွားသည်။ "ငါ သတိပြုမိသလောက် အခုတလော နင် လောင်လင်အကြောင်း သိပ်မတွေးတော့သလိုပဲ။"

"အဓိပ္ပါယ်မရှိတာ။ လောင်လင်က ငါ့နှလုံးသားထဲမှာ ထာဝရရှိနေမှာ ဟုတ်ပြီလား။ အခုက...."

အခုချိန်၌ အိမ်စာလုပ်စရာက နေ့တိုင်းများပြားလှပြီး ရွေးချယ်ရန် တိုက်ခိုက်မှုအများကြီးနှင့် အခြားခံစားချက်များစွာက သူမဘဝတွင် ပြည့်နှက်လာပြီး အရင်လို စိတ်ဓာတ်ကျထိုင်းမှိုင်းနေသည့် အခြေအနေသို့ ပြန်ရောက်ရန် ခက်ခဲပေသည်။

လင်ချူးဆွေ့က လေကောင်းလေသန့်ရှူရန် အပြင်သို့ ထွက်လာခဲ့သည်။ သူမက စီးကရက် သောက်ချင်သော်လည်း ဆေးလိပ်ဖြတ်ပါမည်ဟု ရှောက်ယန်အား ကတိပေးထားသည်ကို သတိရသွားသည်။

ကတိက ကတိပဲ။

သူမက စီးကရက်ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီး လှည့်ထွက်လိုက်သည်။ နောက်တစ်ခန်း၏ မှန်တံခါးကို ဖြတ်ကာ သူမနှင့် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။

ရှောက်ယန်လား။

သူက ရှဲ့ထင်းကလပ်၏ ဝန်ထမ်းယူနီဖောင်းသည့် အဖြူရောင်ရှပ်နှင့် အမည်းရောင် နောက်မြီးရှည်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ အရပ်မြင့်မားကာ ပိန်သွယ်သည့် ကိုယ်ဟန်ရှိ၏။

မှုန်ဝါးသော မျက်နှာကြက်အလင်းအောက်တွင် သူ၏ ဘေးတိုက်ပုံရိပ်က ထူးခြားကွဲပြားနေသည်။ ​ဖျော့တော့သော အသားအရေ၊ နက်မှောင်သည့် မျက်ဝန်းများနှင့် အနီရောင်နှုတ်ခမ်းများ။ သူ့လက်ထဲ၌ ဝိုင်ဖန်ခွက်များ တင်ထားသည့် ဗန်းတစ်ခုကို ကိုင်ထားသည်။

ဤအကျင့်စာရိတ္တယိုယွင်းစေသည့် အလင်းရောင်အောက်၌ဘယ သူ၏ ချောမောသောအသွင်အပြင်က နေမကောင်းဖြစ်နေသလို အရိပ်အငွေ့မျိုး ရှိနေသည်။ သူ၏ ကြည်လင်လှပသော မျက်လုံးများက လူအများကို သွေးဆောင်ဖျားယောင်းနေသလို ထင်မှတ်ရစေ၏။

လင်ချူးဆွေ့သည် အိပ်မက်ထဲ ကျရောက်သွားသလို ခံစားလိုက်ရသည်။

ဤလူငယ်လေးက သူမ နေ့တိုင်း မြင်တွေ့နေကျ ဉာဏ်ကြီးရှင် ထိုင်ခုံဖော်လေး မဟုတ်တော့ပေ။ သူက ကလပ်၏ ထိပ်တန်းအဆင့် ဝန်ထမ်းတစ်ဦး ဖြစ်နေသည်။

သူက ဧည့်သည်အတွက် ဝိုင်တစ်ခွက် လောင်းထည့်ပေးလိုက်သည့်အချိန် ဝဖိုင့်ဖိုင့်အမျိုးသားက သူ့ခေါင်းပေါ်မှ ဝိုင်များလောင်းချလိုက်သည်။

အကြောင်းရင်းမှာ သူ့တွဲဖက်အမျိုးသမီး၏ မျက်လုံးများက ရှောက်ယန်ပေါ်၌သာ တစ်ညလုံး ရှိနေသောကြောင့် ဖြစ်၏။

အမျိုးသားများကြားမှ မနာလိုမှုက ပို၍ပင် တိုက်ရိုက်ဆန်ပြီး အမျိုးသမီးများထက် ကြမ်းတမ်းပေသည်။

အမျိုးသားက စူးရှသည့် အသံနှင့် အော်လိုက်သည်။ "ငါက မင်းလို မျက်နှာဖြူလေးတွေကို အမုန်းဆုံးပဲ။ အိုး မဟုတ်သေးဘူး။ ဒီနေ့ခေတ်မှာ မင်းတို့တွေကို လတ်ဆတ်တဲ့ အသားတုံးတွေလို့ ခေါ်တာပဲ။"

ထိုသို့​ပြောပြီးနောက် သူက ရှောက်ယန်၏ မျက်နှာပေါ်သို့ ဝိုင်နောက်တစ်ခွက် ထပ်လောင်းချလိုက်သည်။

အနီရောင်အရည်များက သူ၏ နဖူးမှ စီးကျလာသည်။

ရှောက်ယန်က သူ့ခေါင်းကို မော့ကာ အမျိုးသားကို ကြည့်လိုက်ပြီး သူ၏ မည်းနက်သော မျက်လုံးများထဲတွင် အမျက်ဒေါသတို့ သိပ်သည်းနေခဲ့သည်။

ထိုသူက လူငယ်​လေး၏ ဒေါသကို ခံစားမိနိုင်ပေသည်။ "ဘာလဲ အခု ဒေါသထွက်နေတာလား။"

ရှောက်ယန်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ပါးလျသော နှုတ်ခမ်းတို့က အနည်းငယ် ကော့တက်သွား၍ သူ့မျက်လုံးများထဲ၌ အေးစက်သည့် ရက်စက်မှုတို့ကို ဖုံးကွယ်ထားသော လှောင်ပြောင်သရော်ဟန်တို့နှင့် ပြည့်နေခဲ့သည်။

"ခဏစောင့်ပေးပါ။ အသစ်တစ်ခွက် ယူလာပေးမယ်။"

ထိုမြင်ကွင်းကို မြင်သည့်အခါ လင်ချူးဆွေ့၏ သွေးများက ခေါင်းအထိ တက်ဆောင့်လာသလို ခံစားလိုက်ရသည်။ သူမက ပြေးဝင်သွားရန် ပြင်လိုက်သော်လည်း လုချီက အနောက်မှနေ၍ သူမ၏ ကော်လာကို ဆွဲထားခဲ့သည်။

"မင်း ဘာလုပ်မလို့ ကြိုးစားနေတာလဲ။"

"ငါ့ ထိုင်ခုံဖော်၊ ငါ့ ထိုင်ခုံဖော်က အနိုင်ကျင့်ခံနေရတယ်။"

"ဒီနေ့က ငါ့ညီမရဲ့ မွေးနေ့ပဲ။ သိတာ လဝက်တောင် မကြာသေးတဲ့ ဒီထိုင်ခုံဖော်အတွက် ဒီလိုနေ့မှာ အကြီးအကျယ် ငြင်းခုန်ရန်ဖြစ်ချင်နေတာလား။"

"ဒါပေမယ့် သူ အနိုင်ကျင့်ခံနေရတယ်လေ။"

လုချီက တည်ငြိမ်စွာ ပြောလိုက်သည်။ "ရှောက်ယန်က အနိုင်ကျင့်ခံရတာတောင် သူ့ကိုယ်သူ မကာကွယ်နိုင်တဲ့ လူမျိုးလို့ မင်း ထင်လား။"

"ကြည့်လိုက်။ သူက ပြန်တောင် မတိုက်ခိုက်နိုင်ဘဲ မြိုသိပ်သည်းခံထားနေရတာ။"

"မင်း ရုတ်ရုတ်သဲသဲ လုပ်လိုက်ရင် ငါ့ ညီမဖိတ်ထားတဲ့ အတန်းဖော်တွေ အားလုံး သူ ဒီလိုကလပ်မျိုးမှာ အလုပ်လုပ်တာ သိကုန်လိမ့်မယ်။ အဲဒါဆို သူ့မျက်နှာ ဘယ်သွားထားမလဲ။"

နောက်ဆုံး၌ လင်ချူးဆွေ့က တည်ငြိမ်သွားပြီး သီးသန့်ခန်းထဲသို့ စိုးရိမ်ပူပန်စွာ ချောင်းကြည့်လိုက်သည်။

ရှောက်ယန်က နံရံနားသို့ ပြန်ဆုတ်သွားပြီး လက်ကိုင်ပုဝါကို သုံးကာ သူ့မျက်နှာပေါ်က ဝိုင်အစွန်းများကို သုတ်လိုက်သည်။

သူက သန့်သန့်ရှင်းရှင်း နေတတ်သောသူ ဖြစ်သည်။

"ဒီမှာ အလုပ်လုပ်တာက သူ့ရဲ့ ရွေးချယ်မှုပဲ။ မင်း ဒီမှာသွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်လိုက်ရင် ဒဏ်ကြေးငွေတပ်ခံရတာမျိုး အလုပ်ပြုတ်သွားတာမျိုးတောင် ဖြစ်နိုင်တယ်။"

လင်ချူးဆွေ့သည်လည်း ဤနေရာက တစ်ညကို ဂဏန်းငါးလုံးကုန်ကျတဲ့ နေရာတစ်ခုဖြစ်ကြောင်း သိပေသည်။ ဤနေရာ၌ ဝန်ဆောင်မှုပေးရသော ဝန်ထမ်းတစ်​​ယောက်က ဘာဖြစ်ဖြစ် သည်းခံနိုင်မှ ရပေလိမ့်မည်။

သူမက အပေါ်ယံ၌ သူ့ကို ကူညီပေးလိုက်နိုင်သော်လည်း ၎င်းက သူ့ကို ထိခိုက်စေနိုင်ပေသည်။

လင်ချူးဆွေ့က ဒေါသကို ဖိနှိပ်လိုက်ပြီး သူမ၏ သီးသန့်ခန်းသို့ ပြန်သွားလိုက်သည်။.

လင်ချူးဆွေ့ ​ဒေါသထွက်ကာ ပြန်လာသည်ကို မြင်သောအခါ လုထျန်းပိုင်က စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။ "ရွှီကျားနင် လာပြီလား။"

"သူ့လိုလူမျိုးက ဒီနေရာကို လာဖို့ သူ့ရဲ့ အဖိုးတန် စာလေ့လာချိန်နဲ့ အိပ်ချိန်ကို စွန့်လွှတ်မှာတဲ့လား။" လုချီက ပြောလိုက်သည်။ "အဲဒါ မင်းရဲ့ အချစ်ဆုံး သူငယ်ချင်းလေး ဓားဆွဲပြီး တရားမျှတမှုအတွက် တိုက်ခိုက်ချင်ပေမယ့် မလုပ်ခဲ့ရတော့ ဓားဖျားက သူမ နှလုံးသားကို ထောက်မိနေလို့လေ။"

"နားလည်ပြီ။"

ခဏလောက် ငြိမ်သွားပြီးနောက် လုထျန်းပိုင်၏ စိတ်ပျက်လက်ပျက် အမူအရာကို မြင်သည့်အခါ လင်ချူးဆွေ့က ပို၍ပင် စိတ်တိုလာသလို ခံစားရသည်။ သူမက ဖုန်းကို ယူကာ အပြင်ထွက်လိုက်ပြီး ရွှီကျားနင်အား ဖုန်းခေါ်လိုက်သည်။

"နိုင်ငံခြားသားအတု.... အစ်ကို"

"မင်းဆီက စပြီး ဖုန်းခေါ်တာ ရှားတယ်။"

"ငါ တည်နေရာပို့လိုက်မယ်။ ဒီကို ခဏလောက် လာခဲ့ပေး။"

"မလာချင်ဘူး။ ငါ ရေချိုးမလို့။" ရွှီကျားနင်က စကားကို ပျင်းရိစွာ သံရှည်ဆွဲ၍ ပြောလိုက်သည်။

"ခဏလောက်ပဲ ထွက်လာခဲ့ပေး။ ငါ နင်နဲ့အတူ အိမ်ပြန်လိုက်မယ်။ နင့်မိဘတွေကို ငါ့ကို KTV ကနေ သွားပြန်ခေါ်တာလို့ ပြောလို့ရတယ်။"

ရွှီကျားနင်က ခဏတွေး၍ ပြောလိုက်သည်။ "မင်း ငါ့အဖေကို တောင်းပန်ဖို့ လိုတယ်။"

"လောဘတက်မလာနဲ့။"

"တောင်းပန်ရုံလေးပဲကို အသားပဲ့ပါသွားတာလည်း မဟုတ်ဘူး။ မင်း မကျေနပ်ရင် အဆိုးဆုံး group chat မှာ အကြိမ်ပေါင်း ထောင်သောင်းမက ထပ်ကျိန်ဆဲလိုက်ပေါ့။"

"​တောင်းပန်တာလည်း ရတယ်။" လင်ချူးဆွေ့က ဆက်၍ ညှိနှိုင်းလိုက်သည်။ "အဲဒါဆို နင်လာရင် မွေးနေ့ကိတ်ပါ ဝယ်လာခဲ့။ ကတ်ပေါ်မှာ အလှဆုံးမိန်းကလေး လုထျန်းပိုင် ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့မှာ ပျော်ရွှင်ပါစေ ဆိုပြီး ရွှီကျားနင်လို့ လက်မှတ်ထိုးခဲ့။"

"ဒီအချိန်ကြီးမှ ငါက ဘယ်နားကနေ မွေးနေ့ကိတ်သွားဝယ်ရမှာလဲ။"

"အဲဒါ ငါ့ကိစ္စ မဟုတ်ဘူးလေ။"

ထိုသို့ပြောပြီးနောက် လင်ချူးဆွေ့က ဖုန်းချလိုက်ပြီး လှည့်လိုက်သည့်အခါ ရှောက်ယန်အား အနိုင်ကျင့်ခဲ့သည့် လူကြီးက သန့်စင်ခန်းထဲ ဝင်သွားသည်ကို မြင်လိုက်ရသည်။

သူမက သူ့နောက်မှ လိုက်ဝင်သွားခဲ့လေသည်။

လင်ချူးဆွေ့သည် ထိုလူက အရက်မူးနေကြောင်း သေချာပေသည်။ သူမက တွေဝေခြင်းမရှိဘဲ သီးသန့်အခန်းတွင်းမှ ဘီယာပုလင်းတစ်ပုလင်းကို ဆွဲယူကာ ထိုသူ့နောက်မှ သန့်စင်ခန်းထဲသို့ လိုက်ဝင်သွားသည်။

လင်ချူးဆွေ့ လျှောက်ဝင်လာသည့်အခါ ထိုအမျိုးသားက ဇစ်​ဖြုတ်ပြီးရုံသာ ရှိသေးသည်။ သူမက ဘီယာပုလင်းအဖုံးကို ရိုက်ဖွင့်လိုက်ပြီး ထိုလူ၏ ကော်လာကို ဆွဲကာ သူ့ခေါင်းထက်မှ ဘီယာများ လောင်းချလိုက်သည်။

မိန်းမငယ်လေးက ထူးထူးကဲကဲ ဖျတ်လတ်လျင်မြန်ပြီး လှပသော အသွင်အပြင်ရှိသည်။ သူမ၏ လှုပ်ရှားမှုများက လေ့ကျင့်ထားသလို ချောချောမွေ့မွေ့ ရှိလှပြီး ဤသည်က သူမ၏ ပထမဆုံး ရန်ပွဲမဟုတ်သည်မှာ ရှင်းလင်းပေသည်။

အရက်မူးနေသည့် ထိုလူက ဘီယာများဖြင့် ရွှဲသွားအောင် အလောင်းခံလိုက်ရသည်။ သူက အထိတ်တလန့် နောက်သို့ ဆုတ်ကာ အော်လိုက်သည်။ "ဘယ်သူလဲ။ F*ck! အသက်ရှင်နေရတာ ပင်ပန်းနေပြီထင်တယ်။"

လင်ချူးဆွေ့က သူ၏ ဦးခေါင်းကို နံရံနှင့် ဖိကပ်ထားပြီး သူမ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရစေရန် ဖိအားပေးလိုက်သည်။ သို့မှသာ သူက ရှောက်ယန်ကို အပြစ်တင်နိုင်လိမ့်တော့မည် မဟုတ်ပေ။

"မင်း ဘယ်သူလဲ။ ငါ မင်းကို ဘာလုပ်မိလို့လဲ။" ထိုအမျိုးသားက ဗလုံးဗထွေးနှင့် ပြောလိုက်သည်။

"ရှင် ကျွန်မကို ဘာမှမလုပ်ခဲ့ပါဘူး။ ကျွန်မက ရှင့်ရဲ့ ရုပ်ဆိုးဆိုး မျက်ခွက်ကြီးကို မကြိုက်ရုံပဲ။" လင်ချူးဆွေ့က ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။

သူ့ကို လွှတ်ပေးပြီးနောက် လင်ချူးဆွေ့က သန့်စင်ခန်းထဲမှ ထွက်မသွားခင် ဒူးကို ရက်ရက်စက်စက် ဖြတ်ကန်ပစ်ခဲ့ပြီး သူမ လက်များကို ရေဖြင့် သေချာ ဆေးကြောလိုက်သည်။

ဒူးထောက်ကျလျက်ရှိနေသည့် ထိုလူက ဖရုဿဝါစာစကားများဖြင့် ဆဲဆိုနေခဲ့၏။

သူမ ပြန်လှည့်ထွက်လိုက်သည့်အချိန် ရှောက်ယန်က လျှောက်လမ်းအဆုံးတွင် တစ်ချိန်လုံးရှိနေခဲ့ပြီး ညဥ့်နက်ယံကဲ့သို့ မှောင်မည်းသော မျက်လုံးတို့ဖြင့် လင်ချူးဆွေ့အား ကြည့်နေသည်ကို မြင်လိုက်ရသည်။

"အာ..." လင်ချူးဆွေ့က ပြောစရာစကား ပျောက်ဆုံးသွားပေသည်။

တခဏကြာပြီးနောက် ရှောက်ယန်က အဝေးသို့ ကြည့်လိုက်ပြီး အမျိုးသားအဝတ်လဲခန်းသို့ ဦးတည်လိုက်သည်။

လင်ချုးဆွေ့က စဥ်းစားခြင်းမရှိဘဲ သူ့နောက်မှ လိုက်လာခဲ့သည်။ သူမက နံရံကို မှီထားရင်း အထဲက အသံများကို နားထောင်နေသည်။ အထဲမှာ မည်သူမှ ရှိပုံမပေါ်သည့်အတွက်ကြောင့် သူမက ဝင်သွားလိုက်သည်။

အဖြူရောင်မျက်နှာကြက်မှ အလင်းတချို့ ရှောက်ယန်ပေါ် ကျရောက်နေသည်မှ လွဲ၍ အခန်းတစ်ခုလုံးက မှောင်မည်းနေသည်။ သူက ဝိုင်များစွန်းနေသည့် အဖြူရောင်ရှပ်ကို ချွတ်လိုက်သည်။

အဖြူနှင့် အနက်အရိပ်များထဲ သူ၏ ဖြူဖျော့သော အသားအရေက ဖောက်ထွင်းမြင်နိုင်လောက်အောင် ကြည်လင်နေပြီး သူ့တွင် သန့်စင် ကျစ်လျစ်သော ခန္ဓာကိုယ်အချိုးအစား ရှိသည်။

ရှောက်ယန်က ရှပ်အင်္ကျီကို ချွတ်နေဆဲ လင်ချူးဆွေ့ တံခါးပိတ်လိုက်သည်ကို ကြားသောအခါ ပြန်လှည့်ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါက အမျိုးသားအဝတ်လဲခန်းပဲ။"

"ငါ သိတယ်။" လင်ချူးဆွေ့က ပြောလိုက်ရင်း ခြေတံရှည်ခွေးခြေပေါ် ထိုင်လိုက်သည်။ "ငါ အမျိုးသားသန့်စင်ခန်းထဲတောင် ဝင်ပြီးသွားပြီပဲ။ အဝတ်လဲခန်းထဲဝင်ဖို့ ကြောက်နေစရာ ဘာရှိလို့လဲ။"

ရှောက်ယန်က သန့်ရှင်းသည့် အဖြူရောင်ရှပ်တစ်ထည်ကို ဝတ်လိုက်ပြီး ကော်လာကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်သည်။ "မင်းက တကယ် မိန်းကလေးလား။"

"ငါ့ ထိုင်ခုံဖော်ဖြစ်တာပဲ နှစ်ပေါက်တော့မယ်။ ငါက အခုထိ ယောက်ျားလေးလား မိန်းကလေးလားတောင် မသိဘူးလား။" လင်ချူးဆွေ့က ခပ်နောက်နောက် ပြောလိုက်သည်။

ရှောက်ယန်၏ အမူအရာက မှောင်မည်းနေပြီး ကောင်းမွန်သည့် စိတ်အခြေအနေ၌ ရှိမနေသည်မှာ ရှင်းလင်းပေသည်။ လင်ချူးဆွေ့က နောက်​ပြောင်နေသည်ကို ရပ်တန့်လိုက်ပြီး အလျင်အမြန် ထပ်ပေါင်းပြောလိုက်၏။ "ငါ နင့်အတွက် လက်စားချေပေးခဲ့တယ်။"

"ငါ မြင်တယ်။ မင်းကို တားချင်ပေမယ့် အချိန်မမီလိုက်တော့လို့။"

"နင် ငါ့ကို ကျေးဇူးတင်သင့်တာလေ။" လင်ချူးဆွေ့က နှုတ်ခမ်းစူလိုက်သည်။ "ဘာလို့ တားချင်တာလဲ။"

"မင်း အဲဒီလို တိုက်ခိုက်နိုင်တယ်ဆိုတာ မသိလို့လေ။ မင်း အနိုင်ကျင့်ခံရမှာစိုးလို့။"

လင်ချူးဆွေ့က ခန္ဓာကိုယ်တစ်ခုလုံး ဖျဥ်းခနဲ ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူမက ထိုင်ခုံပေါ်မှ ထလိုက်ကာ သူ့ရှေ့တွင် ရပ်လိုက်သည်။ "နင် ငါ့ကို အဲဒီလောက် ဂရုစိုက်တာလား။"

"မင်းလည်း ငါ့ကို ဂရုစိုက်တယ်မလား။"

"ဟုတ်တယ်။ အဲဒါအမှန်ပဲ။ ငါက ငါ့ကို သဘောကျနေတဲ့ သူတွေ အားလုံးကို အများကြီး ဂရုစိုက်တယ်လေ။"

"မင်းကို သဘောကျတဲ့သူက ငါတစ်ယောက်တည်း ရှိတယ်လို့ ထင်တာပဲ။"

“...”

စိတ်တိုစရာပဲ။

***

All Chapters