အခန်း ၃၀
Vol. 3 Ch. 30
အပိုင်း ( ၃၀ )
ရှောက်ယန်က တမင်သက်သက် လောလောလတ်လတ် ချက်ထားသည့် ဟင်းရည်အိုးတစ်အိုးကို ယူလိုက်ပြီး လင်ချူးဆွေ့ ကြိုက်တတ်သည့် စားစရာအချို့ ရွေးထုတ်ကာ သူမအတွက် လုပ်ပေးလိုက်သည်။
ထိုအချိန်၌ သူမ ဘေးမှ မိန်းကလေးက အလွန် ရိုင်းစိုင်းစွာ ပြောလိုက်၏။ "နင်.... နင် ဘယ်လိုလုပ် ကြားဖြတ်နိုင်ရတာလဲ။"
လင်ချူးဆွေ့က သူမကို ကြည့်ကာ ဖြောင့်မတ်ဟန်ဖြင့် ပြောလိုက်သည်။ "ငါက ဧည့်သည်မဟုတ်ဘူး။"
"အဲဒါဆို နင်က ဘယ်သူလဲ။"
"ငါက သူ့ရဲ့...."
'အတန်းဖော်' ဟူသည့် စကားထွက်မလာခင် ရှောက်ယန်က ပြောလိုက်သည်။ "သူမက ဘော့စ်ရဲ့ ဇနီးပဲ။ တန်းစီစရာ မလိုဘူး။"
လင်ချူးဆွေ့က ပီကေပင် နင်သွားတော့မတတ် ဖြစ်သွားရ၏။
တိုးတက်မှုဘားတန်း : 26%
လင်ချူးဆွေ့က အတွင်းခန်းထဲရှိ စားပွဲငယ်လေးတွင် ထိုင်ကာ ဟင်းရည်ပူပူနှင့် စားစရာများကို ဖြည်းညင်းစွာ စားသောက်နေရင်း ရှောက်ယန်၏ အလုပ်ရှုပ်နေသော ကျောပြင်ကို သေချာကြည့်နေခဲ့သည်။
ဒီကောင် ဘာဖြစ်နေတာလဲ။
ယခင်က သူသည် ဆင်ဆင်ခြင်ခြင်နှင့် ပရောပရည်လုပ်ခဲ့သော်လည်း လတ်တလောတွင် 'ငါ့မှာ မင်းအတွက် တာဝန်ရှိတယ်' ဟူသော စကားနှင့် သူမအား 'ဘော့စ်၏ ဇနီး' ဟုခေါ်ခြင်းတို့က ... သူမကို ပေါ်တင် မြှူဆွယ်နေခြင်းပင် မဟုတ်ပါလား။
လင်ချူးဆွေ့က ပန်းကန်လုံးထဲမှ ပူပူနွေးနွေး စားစရာများကို မွှေနေရင်း အနည်းငယ် ရှုပ်ထွေးသလို ခံစားနေရသည်။
သူ့ကို ငြင်းဖို့က ပိုပိုပြီး ခက်ခဲလာတာပဲ။
ဘယ်လောက် စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းလိုက်သလဲ။
ညရှစ်နာရီတွင် ရှောက်ယန်က ဆိုင်ပိတ်သည်ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်ပြီး စားပွဲများကို သန့်ရှင်းရေးပြုလုပ်ကာ မနက်ဖြန် ဟင်းရည်ချက်ရန်အတွက် ကြိုတင်ပြင်ဆင်ဖို့ရာ ကြောင်အိမ်ထဲမှ ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်သည်။
"နင့် အစ်မရော။" သူမက စိုးရိမ်စွာ မေးလိုက်သည်။
"သူမက နေ့ခင်းဘက် ဆိုင်မှာ အလုပ်လုပ်ပြီး ညကျောင်းတက်ရတာကြောင့် အပြန် နောက်ကျတတ်တယ်။"
"အဲဒါဆို နင်က ညအထိ အလုပ်လုပ်ပြီးတော့ အိမ်စာလည်း လုပ်ရဦးမှာဆိုတော့ ညကျ နောက်ကျမှ အိပ်ပြီး မနက်က စောစောထရတယ်လို့ ဆိုလိုတာလား။"
ထူးချွန်အတန်းဘီမှ အိမ်စာက များပြားပြီး လင်ချူးဆွေ့သည် အိမ်စာကို သေချာလုပ်ပါက တစ်ဘာသာကို အနည်းဆုံး လေးနာရီလောက် ကြာပေသည်။
"ငါ နင့်ကို ကူပေးမယ်။" သူမက စိတ်အားထက်သန်စွာ ပြောရင်း အင်္ကျီလက်များကို ပင့်ခေါက်လိုက်ပြီး လျှောက်သွားခဲ့သည်။ "အဲဒါမှ နင် အိမ်စာလုပ်ဖို့ အချိန်တချို့ ပိုရလာပြီး စောစောအိပ်လို့ရမှာ။"
"မလိုဘူး။" ရှောက်ယန်က သူမကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။ "ကြည့်ရတာတော့ တစ်စုံတစ်ယောက်က အိမ်စာတွေ ပြီးသွားပြီ ထင်တယ်"
"..."
ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲလိုက်မိတာပဲ။
လင်ချူးဆွေ့က ဟင်းရည်အိုးဆီသို့ လျှောက်သွားကာ ယောက်ချိုဇွန်ကို ကောက်ကိုင်လိုက်ပြီး ဟင်းရည်အား မွှေနေရင်း ခပ်တိုးတိုး ပြောလိုက်သည်။ "ရှောက်ယန် ရှဲ့ထင်းကလပ်ကို မသွားပါနဲ့တော့လား။"
ရှောက်ယန်၏ ပန်းကန်ဆေးနေသော လက်များက ရပ်တန့်သွားသော်လည်း အမူအရာ မပြောင်းလဲဘဲ မေးလိုက်သည်။ "ဘာလို့လဲ။"
"မသိဘူး။ ဒါပေမယ့် အဲဒီကိစ္စက ငါ့စိတ်ကို အဆင်မပြေစေဘူး။"
ထိုကဲ့သို့သော နေရာများသည် ချမ်းသာသူများအတွက် နိဗ္ဗာန်ဘုံဖြစ်သော်လည်း ဆင်းရဲသူများအတွက် ငရဲပင် ဖြစ်သည်။ လင်ချူးဆွေ့သည် သူကဲ့သို့ မာနကြီးသူတစ်ယောက်က အနိုင်ကျင့်ခံရမည်ကို မမြင်ချင်ပေ။
"နင့်မှာ ပိုက်ဆံမရှိရင် ဒါမှမဟုတ် အရေးပေါ်လိုအပ်နေတာဆိုရင် ငါ မာရသွန်ပြိုင်ပွဲမှာ အနိုင်ရတဲ့အခါ ယွမ် ၅၀၀၀၀ ရနိုင်တယ်..."
"မလိုဘူး။"
"ဘာလို့လဲ။"
"မင်းရဲ့ ခြေတံတိုတိုလေးတွေနဲ့ ချန်ပီယံဆုတောင် ရနိုင်မှာမဟုတ်ဘူး။"
"..."
ထပ်ပြီး ရန်ဖြစ်ချင်နေတာလား။ ဟမ်! အဲဒါဆိုလည်း လာစမ်းပါ။
ရှောက်ယန်၏ နက်မှောင်သော မျက်လုံးများက အောက်သို့ ငိုက်ချထားကာ ထိုမျက်လုံးများထဲမှ လှိုင်းထန်နေမှုကို ဖုံးကွယ်ထားသည်။ "လင်ချူးဆွေ့ ငါ့ကို မသနားနဲ့။"
ငါက မတန်ဘူး။ ငါက တကယ် မထိုက်တန်ဘူး။
သူမနှင့် ရင်းနှီးရန် ကြိုးစားနေသည့် သူ့ ရည်ရွယ်ချက်ကို သူမ မသိပေ။
လင်ချူးဆွေ့က ရေရွတ်လိုက်သည်။ "ငါက နင့်ကို သူငယ်ချင်းလို ဆက်ဆံတာပါ။"
"အဲဒါဆို မာရသွန်ပြိုင်ပွဲက ရတဲ့ ဆုငွေကို လုချီတို့ ကျန်းချန်ယွီတို့ အကြွေးဆပ်ဖို့ရှိရင် သူတို့ကို ကူညီပေးမှာလား။"
"အမ်..."
မဖြစ်နိုင်လောက်ဘူး။
"ဒါပေမယ့် နင်က ကျန်းချန်ယွီလည်း မဟုတ်သလို လုချီလည်း မဟုတ်ဘူးလေ။ နင်က ရှောက်ယန်ပဲဟာ။"
သူက မကြည်မလင်နှင့် ပြုံးလိုက်သည်။ "ရှောင်ယန်က ဘာကွာခြားလို့လဲ။"
"ငါက ဘယ်လို သိမှာလဲ။" လင်ချူးဆွေ့က ထိုမေးခွန်းကြောင့် အနည်းငယ် ဒေါသထွက်သွားပြီး ယောက်ချိုဇွန်းကို ပစ်ချလိုက်သည်။ "နင် မလိုချင်လည်း နေပေါ့။ ဘယ်သူက ယူပါလို့ အတင်း တောင်းဆိုနေလို့လဲ။"
ရှောက်ယန်က သူမကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး ညာဘက်အောက်ထောင့်ရှိ တာဝန်တိုးတက်မှုဘားတန်းက ခုန်တက်လာသည်ကို သတိထားမိလိုက်သည်။
သူသည် ဤမိန်းကလေးက သူမကိုယ်သူမပင် သတိမထားမိလိုက်ဘဲ လျင်မြန်လှသည့် အရှိန်နှင့် သူ့ကို သဘောကျလာနေကြောင်း သိရှိပေသည်။
သူ့နှလုံးသားက တင်းကျပ်သလို ခံစားနေရပြီး အရင်ကလို တိုးတက်မှုဘားတန်း မြင့်တက်လာသည့်အတွက် ပျော်ရွှင်မှုမျိုး မရှိတော့ပေ။
ရွှီကျားနင်က ကြောင်သူတော်ဆန်သော်လည်း ရှောက်ယန်က.....
အမြဲတမ်း စစ်မှန်သည့် ဗီလိန်တစ်ယောက် ဖြစ်ပေသည်။
သူသည် ရွှံ့နွံအိုင်ထဲမှ တွားသွားတက်လာသည့် ပိုးကောင်သာဖြစ်ပြီး မည်သည့်အခါမှ ဂုဏ်ယူဖွယ် မြင့်မြတ်သူ မဟုတ်ခဲ့ပေ။
မိဘမဲ့ဂေဟာတွင် သူ ငယ်ငယ်က မြန်မြန်မွေးစားခံနိုင်ရစေရန် အခြားကလေးများထက် သာအောင် ပန်းချီဆွဲခြင်း စစ်တုရင်ကစားခြင်းတို့ကို သင်ယူခဲ့ပြီး သူတို့ထက် ထူးချွန်အောင် ကြိုးစားခဲ့သည်။
မွေးစားခံရပြီးနောက် သူ့ မွေးစားမိဘများ စိတ်ကျေနပ်အောင် တတ်စွမ်းသမျှ ကြိုးစားခဲ့၏။
သို့သော် အရာအားလုံးက အချည်းနှီး ဖြစ်ခဲ့ရသည်။
ကြောက်စရာကောင်းသည့် ခွဲစိတ်မှုအပြီး၌ သူက ကျန်းမာသော ကလေးတစ်ယောက်ဖြစ်ရန် အခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။ အမုန်းတရားက သူ၏ အရာအားလုံးကို ဝါးမြိုသွားခဲ့ပြီး လက်စားမချေခင် နှစ်ပေါင်းများစွာ သည်းခံခဲ့ရသည်။
အလားတူပင် ဤတစ်ကြိမ်တွင်လည်း သူက အသက်ရှင်ခွင့်ကို ရရှိရန် သူသည် တွေဝေမှုမရှိဘဲ အရာအားလုံးကို လုပ်ဆောင်လိမ့်မည် ဖြစ်သည်။
သိသိသာသာပင် တိုးတက်မှုဘားတန်းသည် ပိုပြီး မြန်မြန်ဆန်ဆန် မြင့်တက်လာပေသည်။
သို့ပေမယ့် သူ၏ နှလုံးသားက ပိုပိုပြီး အဆင်မပြေဖြစ်လာခဲ့၏။
ရှောက်ယန်က အသက်ပြင်းပြင်းရှူရင်း သူမကို စိုက်ကြည့်လိုက်ကာ ခပ်တိုးတိုး ပြောလိုက်၏။ "ငါးသောင်းက မလောက်သေးဘူး။"
"မလောက်သေးဘူးလား။" လင်ချူးဆွေ့က တအံ့တသြ အော်လိုက်သည်။ "အာ အဲဒါဆို နင် အခု အတိအကျ အကြွေးဘယ်လောက် တင်နေတာလဲ။"
"အများကြီးပဲ၊ အသက်တစ်ချောင်းလည်း ရှိသေးတယ်။"
သို့သော် သူက ပြန်ဆပ်ရန် မစီစဉ်ထားပေ။
.......
ညဘက်တွင် လင်ချူးဆွေ့က လမ်းတလျှောက် စက်ဘီးကို တွန်းရင်း လျှောက်လာစဉ် ရှောက်ယန်က စက်ဘီးနောက်ထိုင်ခုံတွင် ထိုင်ကာ သူ၏ခြေတံရှည်များကို တွဲလောင်းချကာ မြေပြင်တွင် ထောက်ကာဖြင့် ဆော့ကစားလာသည်။
"နင်က ငါ့ကို အိမ်ပြန်ပို့ပေးရမယ့်ဟာကို ဘာလို့ ငါက စက်ဘီးတွန်းပေးတဲ့သူ ဖြစ်ရတာလဲ။" လင်ချူးဆွေ့က ညည်းတွားလိုက်သည်။ "နင်ကသာ ငါ့ကို တင်နင်းသင့်တာ မဟုတ်ဘူးလား။"
"ငါက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး မကောင်းဘူးလေ။" ရှောက်ယန်က ပြောလိုက်သည်။ "ခွန်အားအများကြီး သုံးရတာမျိုး မလုပ်နိုင်ဘူး။"
"အရင်တုန်းက ပြောတော့ နင့်ကျန်းမာရေးက အရမ်းကောင်းတယ်ဆို။"
"အရင်က မင်း စိတ်ခုသွားမှာ စိုးလို့လေ။" သူက ပေါ့ပါးစွာဖြင့် အပြုံးနှင့် ပြောလိုက်သည်။ "ငါ အတွေးလွန်သွားတာ။ မင်းက အဲဒါကို လုံးဝ စိတ်ထဲ မထားဘူးလေ။"
လင်ချူးဆွေ့က ပြန်လှည့်ကြည့်ရင်း သူ့ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။ "နင် ဘာပဲတွေးတွေး အဲဒါက စိတ်ကူးယဉ်သက်သက်ပဲ၊ နတ်ဘုရားမက လူသားတစ်ယောက်အတွက် နတ်သက်ကြွေပေးမှာ မဟုတ်ဘူး။"
"အဲဒီလိုလား။"
လရောင်သည် ရေကဲ့သို့ အေးမြနေသည်။ လမ်းပေါ်မှာ လမ်းသွားလမ်းလာ အနည်းငယ်သာ ရှိပြီး လရောင်အောက်၌ သူတို့၏ တစ်ယောက်က လမ်းလျှောက်နေပြီး တစ်ယောက်က ထိုင်နေသည့် အရိပ်များက ရှေ့သို့ ဖြေးညင်းစွာ ရွေ့လျားနေသည်။
လင်ချူးဆွေ့က တမင်သက်သက် ဖြေးဖြေးချင်း လျှောက်နေပြီး ရှောက်ယန်ကလည်း သူမကို မလောခဲ့ဘဲ ခြေထောက်များကို မြေပြင်နှင့် တိုက်ရင်း ဆော့ကစားနေသည်။
သူမက မနေနိုင်ဘဲ သူ့ကို ပြန်လှည့်ကြည့်မိသည်။ လူငယ်လေး၏ အနက်ရောင် မျက်လုံးများကလည်း သူမကို စိုက်ကြည့်နေပြီး အကြည့်များတွင် နူးညံ့သိမ်မွေ့တို့ ပျော်ဝင်နေ၏။
သူမ ချက်ချင်းပင် ခေါင်းကို ပြန်လှည့်လိုက်ပြီး နှလုံးခုန်နှုန်းက သိသိသာသာ မြန်ဆန်လာသည်။
ထိုအချိန်တွင် လူအများအပြားက သူတို့၏ လမ်းကို ပိတ်ဆို့ခဲ့ကြသည်။
လင်ချူးဆွေ့သည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်သော ကျောက်ရှောင်လုကို သတိပြုမိလိုက်သည်။
သူမသည် ကျောင်းဝတ်စုံကို လဲထားပြီး ချက်ကိုဖော်ထားသည့် ခါးတိုအင်္ကျီနှင့် ပန့်ခ်စတိုင်လ် ဝတ်ဆင်ထားသည်။ သူမက အေးစက်စွာ ရယ်မောရင်း လင်ချူးဆွေ့အား လက်ယပ်ခေါ်လိုက်သည်။
ဂန်းစတားကဲ့သို့ လူအနည်းငယ်က မဖော်ရွေသော အမူအရာနှင့် ကျောက်ရှောင်လုကို ဝန်းရံကာ ရပ်နေကြသည်။
ကျောက်ရှောင်လု ဘေးမှ လူက သူမ၏ သွေးသောက်အစ်ကို ဖြစ်ပြီး အနီးရှိ သက်မွေးဝမ်းကျောင်း အထက်တန်းကျောင်းမှ ကျောင်းလူဆိုး ဖြစ်သည်။
"နင် ဘာလိုချင်တာလဲ။" လင်ချူးဆွေ့ က အေးစက်စွာပြောလိုက်သည်။ "ကျောက်ရှောင်လု နင်က လက်စားချေချင်တာလား။"
ကျောက်ရှောင်လုက ရယ်လိုက်သည်။ "နင်နဲ့ တပူးပူးတတွဲတွဲ လုပ်နေတဲ့ အဲဒီ နောက်လိုက်တွေက ဘယ်မှာလဲ။ ငါ့ ညီအစ်ကိုတွေကို သူတို့နဲ့ လေ့ကျင့်ပေးဖို့ စီစဉ်ထားတာ။ ဒါပေမယ့် မထင်ထားဘဲ နင်က ဒီညတစ်ယောက်တည်း ဖြစ်နေတာပဲ။"
သူမက ရှောက်ယန်ကို စုန်ချည်ဆန်ချည် ကြည့်သည်။ "အိုး အတန်းထဲက ဉာဏ်ကြီးရှင်နဲ့ ချိန်းတွေ့နေတာလား။"
ရှောက်ယန်က စက်ဘီးကို လမ်းဘေးတွင် ရပ်နေပြီး သူ၏ ပျင်းရိနေဟန် အပြုအမူက ထိုအုပ်စုကို လုံးဝ ဂရုမစိုက်ပုံရသည်။
လင်ချူးဆွေ့က လေ့လာကြည့်လိုက်ရာ ကျောက်ရှောင်လုက အဖွဲ့လိုက်ရန်ပွဲအတွက် ပြင်ဆင်လာပုံရပြီး ရန်ပွဲအတွေ့အကြုံ ရှိဟန်တူသည့် လူခုနစ်ယောက် ရှစ်ယောက်လောက် ခေါ်လာသည်ကို တွေလိုက်ရသည်။
သူမတစ်ယောက်တည်းသာဆိုလျှင် ထိုလူများကို ကြောက်နေမည် မဟုတ်သော်လည်း ယခု ရှောက်ယန်က သူမနှင့်အတူ ရှိနေခဲ့သည်။
သူမက အတန်းဖော် ဉာဏ်ကြီးရှင်ကို ဤရန်ပွဲအတွင်း ဆွဲမသွင်းချင်သည့်အတွက် ပြောလိုက်သည်။ "ဒါက ငါ့ ထိုင်ခုံဖော်နဲ့ ဘာမှမဆိုင်ဘူး။ သူ့ကို သွားခိုင်းလိုက်။ ငါတို့ရဲ့ ရန်ငြိုးကို ငါတို့ဘာသာ ရှင်းမယ်။"
ကျောက်ရှောင်လုက ပြောလိုက်သည်။ "အဲဒီလို မလုပ်နိုင်ဘူး။ နင်တို့ နှစ်ယောက် ဒီည အတူတူရှိနေတာ ကံဆိုးတယ်ပဲ မှတ်လိုက်။"
လင်ချူးဆွေ့က ဒေါသတကြီး ပြောလိုက်သည်။ "သူသာ ဒီနေ့ နင့်ကို ကယ်ဖို့ ရောက်မလာခဲ့ရင် နင် အခုချိန် မရဏလမ်းကို မြန်းနေရလောက်ပြီ။"
ကျောက်ရှောင်လုက ကျစ်ခနဲ စုတ်သပ်လိုက်၏။ "သူက ငါ့ကို ကယ်ခဲ့တာလား။ နင် ဒုက္ခရောက်မှာကို ကြောက်လို့ မဟုတ်ဘူးလား။ နင်တို့လို စဥ်းလဲတဲ့ သူတွေ ဒုက္ခရောက်ရင်လည်း အတူတူ ဒုက္ခခံသင့်တယ်။ ဘာပဲဖြစ်ဖြစ် နင်က နင့် ပတ်ဝန်းကျင်ကလူတွေကို ဘာကောင်းကျိုးမှ မပေးတာ အသိသာကြီးပဲ။ နင်က ဂြိုလ်ဆိုးမပဲလေ။"
လင်ချူးဆွေ့က ရှောက်ယန်ကို သူမနောက်တွင် ပိတ်ကွယ်ထားပြီး ထိုလူများကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။
ထို တက်တူးထိုးထားသော ညီအစ်ကိုများသည် အတိုက်အခိုက်တွင် အရမ်းကြီး ကျွမ်းကျင်သူများ မဟုတ်ကြောင်း သူမ ပြောနိုင်ပေသည်။
"ကျောက်ရှောင်လု ငါ ဒီည နင်နဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး။ နောက်တစ်ခါ ငါတို့ အားတဲ့အခါ ထပ်ချိန်းကြမယ်။ နင် ဒီနေ့ ခေါ်လာတဲ့သူတွေ အကုန် ပြန်ခေါ်လာနိုင်တယ်။ နင်တို့အားလုံးကို ငါတစ်ယောက်တည်း ရင်ဆိုင်မယ်။"
ကျောက်ရှောင်လုသည် လင်ချူးဆွေ့က သူမနောက်ရှိ အားနည်းကာ အစွမ်းအစမရှိသည့် ချစ်သူလေးကြောင့် ဤတစ်ကြိမ်၌ နောက်ဆုတ်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း သတိပြုမိပေသည်။
လင်ချူးဆွေ့က သူ့ကို ပိုဂရုစိုက်လေ ကျောက်ရှောင်လုက လွယ်လွယ်နှင့် လွှတ်မပေးချင်လေ ဖြစ်သည်။
ဤနှစ်များတစ်လျှောက်လုံးတွင် သူမသည် လင်ချူးဆွေ့ တစ်ခုခုကို စိုးထိတ်နေသည်အား မမြင်ဖူးခဲ့ပေ။
"ဒီနေ့ပဲ ငါတို့ရဲ့ ရန်ငြိုးတွေကို ဖြေရှင်းမှ ရမယ်။ ငါ ဒီနေ့ ခံစားခဲ့ရတဲ့ အရှက်ကွဲမှုအတွက် ငါ့ညီအစ်ကိုတွေ နင်တို့နှစ်ယောက်ကို ရိုက်နှက်တာ ခွင့်ပြုမလား ဒါမှမဟုတ်ရင်..."
"ဒူးထောက်ပြီး တောင်းပန်မလား။"
လင်ချူးဆွေ့က ကျောက်ရှောင်လုကို စူးစူးစိုက်စိုက်စိုက် ကြည့်နေခဲ့သည်။ ခဏအကြာတွင် သူမ၏ နှုတ်ခမ်းထောင့်များက လှုပ်ခတ်သွားသည်။ "ကောင်းပြီလေ။ အဲဒါက တောင်းပန်ရုံပဲ မဟုတ်လား။ ငါ တောင်းပန်ပြီးရင် နင် ငါတို့ကို လွှတ်ပေးမယ်လို့ ပြောထားတယ်နော်။"
ကျောက်ရှောင်လုသည် လင်ချူးဆွေ့က ခေါင်းမာစွာနှင့် အဆုံးထိငြင်းဆန်မည်ဟု တွေးထားသော်လည်း လွယ်လွယ်ကူကူ အရှုံးပေးမည်ဟု မမျှော်လင့်ထားပေ။ "နင့်ရဲ့ ရည်းစားလေး အရိုက်ခံရတာကို ရှောင်ဖို့အတွက် နင် တော်တော် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တာပဲ။"
"ငါ့ ထိုင်ခုံဖော်က ကျန်းမာရေး မကောင်းဘူး။" လင်ချူးဆွေ့က ကျောက်ရှောင်လု၏ မျက်လုံးများထဲသို့ ကြည့်လိုက်သည်။ "ငါ တောင်းပန်တယ်ဆို လုံလောက်ပြီမဟုတ်လား"
ကျောက်ရှောင်လုက လေသံကို ဖိပြီး ပြောလိုက်သည်။ "ဒူးထောက်ပြီး တောင်းပန်လို့ ငါပြောခဲ့တယ်နော်။"
"ငါကြားတယ်။" လင်ချူးဆွေ့က စိတ်အေးလက်အေးရှိနေဟန်ဆောင်လိုက်သည်။ "နင်တို့လို လူတွေက ဘာလို့ သူများတွေ ဒူးထောက်အောင် လုပ်ရတာကို ကြိုက်ကြတာလဲ ငါတကယ်နားမလည်ဘူး။ ဒါက ခဏလေး ဒူးထောက်ရုံပဲလေ။ အသားတွေ ပဲ့ပါသွားတာမှ မဟုတ်တာ။"
"အသားပဲ့ပါသွားလား မပါသွားလား သိချင်ရင် အရင် ဒူးထောက်လိုက်လေ။"
ရှောက်ယန်၏ အကြည့်များသည် ကောင်မလေး၏ အင်္ကျီလက်အောက်ရှိ တုန်ယင်နေသော လက်သီးဆုပ်များထံ ကျရောက်သွားသည်။
သို့သော် သူမက ပေါ့ပါးစွာ ပြုံးရင်း ဒူးထောက်ရန် ပြင်လိုက်သည်။ "ငါ တောင်းပန်..."
သို့သော်လည်း သူမ၏ ဒူးများ မြေပြင်ကို မထိမီတွင် သူမ နောက်မှ အမျိုးသားက အားစိုက်ထုတ်ခြင်း မရှိဘဲ သူမအား ပခုံးမှ ဆွဲ,မ လိုက်သည်။
လင်ချူးဆွေ့က အနည်းငယ် ထိတ်လန့်သွားသော်လည်း ရှောက်ယန်သည် ရှေ့သို့ ဖြေးညင်းစွာ လျှောက်လာပြီး သူမအား သူ၏ တောင်ကဲ့သို့ ခိုင်မာတောင့်တင်းသော နောက်ကျောတွင် ထားကာ ကာကွယ်လိုက်သည်ကို မြင်လိုက်ရသည်။
"ပထမဆုံး ငါက အားမနည်းဘူး။ သူမရဲ့ 'ရည်းစားလေး' လည်း မဟုတ်ဘူး။" သူ့ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားသည်။ "ဒုတိယအနေနဲ့ ငါက ကျန်းမာရေးမကောင်းဘူးဆိုပေမယ့် တိုက်ခိုက်ရေးနည်းလမ်းတချို့တော့ သိတယ်။"
ထို့နောက် နောက်ဆက်တွဲ အဖြစ်အပျက်က လင်ချူးဆွေ့ကို အမှန်တကယ် အံ့အားသင့်ထိတ်လန့်ပြီး မျက်စိပွင့်သွားစေသည်။
သူမသည် ယခင်က ရှောက်ယန်၏ လော့ခ်ကာထဲတွင် ဆေးဘူးပေါင်းများစွာကို မြင်ဖူးခဲ့သည့်အတွက် သူ့ကို အားကစား လုပ်ရတာ မကြိုက်သလို ဘတ်စကတ်ဘော ကစားခြင်းကိုပင် မနှစ်သက်သည့် သင်ယူခြင်းတွင် နှစ်မြှုပ်ထားသော ချူချာသည့် စာဂျပိုးလေးဟု ထင်ခဲ့ခြင်း ဖြစ်သည်။
သူ တိုက်ခိုက်လိုက်တဲ့အခါ ချောမွေ့ကာ မှန်ကန်တိကျပြီး အရေးကြီးသည့် အစိတ်အပိုင်းများကို ထိထိမိမိ တိုက်ခိုက်နိုင်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။ သူ၏ လှုပ်ရှားမှုများကို သေချာစွာ လေ့ကျင့်ထားပြီး ထိုလူဆိုးလေးများကို အချိန်တိုအတွင်း ချေမှုန်းနိုင်ခဲ့သည်။
သူ လှုပ်ရှားလိုက်တဲ့အခါ ချောမွေ့တိကျပြီး အရေးကြီးတဲ့ အစိတ်အပိုင်းအားလုံးကို ထိမှန်လိမ့်မယ်လို့ သူမ မျှော်လင့်ထားပါဘူး။ သူ၏ လှုပ်ရှားမှုများက သေချာစွာ လေ့ကျင့်ထားသကဲ့သို့ ထိုလူဆိုးလေးများကို အချိန်တိုအတွင်း ချေမှုန်းနိုင်ခဲ့သည်။
လင်ချူးဆွေ့အား ပိုအံ့သြသွားစေသည်မှာ သူက ယောက်ျားလေးများနှင့် မိန်းကလေးများကို အတူတု ဆက်ဆံလိုက်ခြင်းကြောင့် ဖြစ်သည်။ ထိုလူဆိုးလူမိုက်များကို လှဲသိပ်ပြီးနောက် သူက ကျောက်ရှောင်လု၏ ဆံပင်ကို ဆွဲယူကာ နံရံနှင့် ပြင်းပြင်းထန်ထန် ဆောင့်တိုက်ပစ်လိုက်သည်။
ကျောက်ရှောင်လုက ပို၍ပင် အံ့အားသင့်သွားခဲ့သည်။ သူမသည် နူးညံ့သိမ်မွေ့သော သင်ယူခြင်းနတ်ဘုရားက ဤမျှ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူမက မူးဝေပြီး ခေါင်းထဲ၌ တဝီဝီ မြည်နေခဲ့သည်။
"ရှောက်ယန် လူယုတ်မာ…"
ရှောက်ယန်၏ မျက်လုံးများက အေးစက်နေပြီး သူ့အသံက ပို၍ပင် အေးစက်နေသည်။ "တောင်းပန်သင့်တဲ့သူက မင်းပဲ။"
"အိပ်မက်မက်လေ။"
"ဖိုရမ်ပေါ်မှာ ပို့စ် တင်ထားတဲ့ ID က မင်းပိုင်တာ ဟုတ်လား။ မင်းရဲ့ အခြားအကောင့်ငယ်လေးကို ငါ ပြန်ခြေရာခံခဲ့တယ်။ အရင်က မင်း ဖိုရမ်ပေါ်မှာ မိန်းကလေးတစ်ယောက်ရဲ့ သန့်စင်ခန်းမှာ ရိုက်ထားတဲ့ ဗွီဒီယိုအပါအဝင်မိန်းကလေးတစ်ယောက်ရဲ့ သန့်စင်ခန်းမှာ ရိုက်ထားတဲ့ ဗွီဒီယိုအပါအဝင် လူတော်တော်များများရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့ဖူးတယ်။ အဲဒီ ရိုက်ကူးခံထားရတဲ့ မိန်းကလေးက ကျောင်းထွက်သွားရပြီ ဟုတ်တယ်မလား။"
ကျောက်ရှောင်လုက သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ "နင်... နင် ဘယ်လို သိတာလဲ။"
သူမ ရှေ့မှ လူက ညင်ညင်သာသာနှင့် အန္တရာယ်ကင်းစွာ ပြုံးနေပေမယ့် သူ့မျက်လုံးများင အေးစက်နေပြီး သူမ၏ ကျောရိုးတလျှောက်လုံးကို အေးစိမ့်သွားစေသည်။
ဘယ်လို နတ်ဆိုးကောင်လဲ။
***