အခန်း ၃၇
Vol. 4 Ch. 37
အပိုင်း ( ၃၇ )
လုချီက ဘက်စကက်ဘောလုံးကို ပုတ်ကာဖြင့် လျှောက်လာရင်း လင်ချူးဆွေ့၏ အကြည့်များအတိုင်း ကြည့်လိုက်သည်။ "ယို့… သင်ယူခြင်းနတ်ဘုရားက ဖောက်သည်အသစ်ရထားတာပဲ။"
လင်ချူးဆွေ့က ပီကေကို ဝါးရင်း အံကြိတ်လိုက်သည်။ "ဟုတ်တယ်။ ငါ သူ့အတွက် ဒီအလုပ်ကို လက်ခံပေးထားတာ။"
"အဲဒါဆို မင်းက ဘာလို့ မကစားဘဲ သူတို့ကို ဆက်တိုက်ကြည့်နေတာလဲ။"
လင်ချူးဆွေ့က ပြောလိုက်သည်။ "ရှောက်ယန်က ပိုက်ဆံပေးတဲ့သူတိုင်းကို ကျူရှင်သင်ပေးတာ ကျင့်ဝတ်မရှိသလို ဖြစ်နေတယ် မထင်ဘူးလား။"
လုချီက ပြုံးလိုက်သည်။ "မင်းက သင်ယူခြင်းနတ်ဘုရားဆီကနေ တစ်ယောက်ချင်း အခမဲ့သင်ယူခွင့်ကို ရထားတဲ့ တစ်ဦးတည်းသောသူပဲ။ မင်း စာသင်နှစ်စကတည်းက ကျူရှင်ကြေး ဘယ်လောက်တောင် သက်သာသွားတယ် ထင်လို့လဲ။ အခုထိ စိတ်မကျေနပ်နိုင်သေးဘူးလား။"
"အဲဒါက ငါက သူ့ ထိုင်ခုံဖော် ဖြစ်နေလို့လေ။"
"ငါက သူနဲ့ မျိုးတူယောက်ျားလေး တစ်ယောက်ပဲလေ။ သူနဲ့ အတူတူ သန့်စင်ခန်းတောင် သွားဖူးသေးတယ်။ ဒါပေမယ့် သူ ငါ့ကို အခမဲ့ စာပြပေးတာမျိုး မမြင်မိပါဘူး။"
"အဲဒါ မတူဘူး။ ငါက သူ့ နတ်ဘုရားမလေ။"
လုချီက လင်ချူးဆွေ့ကို ကြည့်ကာ လေးစားစွာဖြင့် သက်ပြင်းချရင်း ပြောလိုက်သည်။ "ရှောက်ယန်ရဲ့ နတ်ဘုရားမ ရွေးချယ်တဲ့ စံနှုန်းက တော်တော်ကို ပြိုင်ဘက်ကင်းပြီး ကိုးရို့ကားယားနိုင်တာပဲ။ ငါသာဆိုရင် သေချာပေါက် အန်းရှန့်ကို ရွေးတယ်။ သူမက ချောမောလှပတယ်။ အကျင့်စရိုက်လေးလည်း ကောင်းတယ်။ အဆင့်တွေလည်း ကောင်းမွန်တဲ့အပြင်.. အဟမ်း... ရင်ဘတ်ကလည်း ဖွံ့ဖွံ့ထွားထွားနဲ့။ သူမကို စာသင်ပေးရတာ အရမ်းမိုက်တယ်။"
လင်ချူးဆွေ့က သူ့ကို ကန်ထုတ်လိုက်၏။ "နှာဘူးကောင်! ဘောလုံးသာ သွားကစားနေ။ ဒီနား လာဟောင်မနေနဲ့။"
...
တစ်နာရီကြာပြီးနောက် အန်းရှန့်က သူမ၏ စာအုပ်များကို ပိုက်ရင်း စိတ်ပျက်လက်ပျက် ဖြစ်နေသော အကြည့်တို့ဖြင့် ထွက်သွားခဲ့သည်။
ရှောက်ယန်က ကျောပိုးအိတ်ကို ပခုံးထက် ကောက်တင်လိုက်ပြီး သူ့စက်ဘီးရပ်ထားသည့် နေရာဆီသို့ လျှောက်သွား၍ စက်ဘီးကို ယူလိုက်သည်။
လင်ချူးဆွေ့က သူ့ခြေထောက်ကို ဘောလုံးနှင့် ပစ်ပေါက်လိုက်သည်။ "ဘောလုံး။"
ရှောက်ယန်က စက်ဘီးအား ရပ်၍ ဘောလုံးကို ကောက်ယူကာ ချောမွေ့စွာဖြင့် သုံးဆင့်ခုန်ချက်ဖြင့် လှပစွာ ပစ်ထည့်လိုက်သည်။
မိန်းကလေးက နှုတ်ခမ်းများကြားမှ ပီကေပူဖောင်းတစ်ခု မှုတ်ရင်း သူမ အကြည့်များက သူ၏ ကျော့ရှင်းလှပသည့် လှုပ်ရှားမှုများအတိုင်း လိုက်ပါသွားသည်။
ရှောင်ယန်က သူတို့နှင့် ဘောလုံးကစားရန် ရည်ရွယ်ချက် မရှိပေ။ သူက လှည့်ထွက်သွားသည်။
သူက လင်ချူးဆွေ့ကို ဖြတ်လျှောက်သွားစဥ်၌ သူမကို ကြည့်လိုက်သည်။
မိန်းကလေးက သာမန်ကာလျှံကာဖြင့် ဂိုးတိုင်ကို မှီရပ်နေပြီး သူမ၏ အနည်းငယ် ဖရိုဖရဲဖြစ်နေသည့် ဆံစလေးများက ပါးပြင်၌ ကပ်ညိနေသည်။ သွေးပူလေ့ကျင့်ခန်း သူမ၏ ပါးပြင်များက နီမြန်းနေသည်။
သူက အဝေးသို့ အကြည့်လွှဲရင်း သတိပေးလိုက်သည်။ "အိမ်စာတွေ လုပ်ဖို့ သတိရ။ အကူအညီလိုရင် ဖုန်းခေါ်လိုက်။"
လင်ချူးဆွေ့က သူ့ကို လှမ်းခေါ်လိုက်သည်။ "ဟေး... နင်တို့ စောစောက အင်္ဂလိပ်စာသင်နေကြတာလား။"
"ဟုတ်တယ်။"
"မေးခွန်းတွေ ဖြေတာအပြင် တခြားဘာမှမလုပ်ဘူးလား။"
ရှောက်ယန်က ပြန်စဥ်းစားလိုက်သည်။ "အိုး.. သူမက ငါ့ကို ဝန်ခံခဲ့သေးတယ်။"
လင်ချူးဆွေ့ : "..."
သိသားပဲ။ အဲဒီမိန်းကလေးတွေ စာသင်ဖို့ဆိုပြီး လာတာက မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ဆိုတာကို။
သန့်စင်တဲ့ ရည်ရွယ်ချက်က ဘယ်လောက်များများ ရှိမှာမို့လို့လဲ။
လင်ချူးဆွေ့ ဘောလုံးကို လက်ချောင်းထိပ်တွင် လှည့်လိုက်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း မေးလိုက်သည်။ "သူမက ဝန်ခံခဲ့တယ်ပေါ့။ နင်ဘာလုပ်မှာလဲ။"
ရှောက်ယန် : "ငါ သူမရဲ့ ရည်းစားစာကို အင်္ဂလိပ်လို ဘာသာပြန်ပေးခဲ့တယ်။ နောက်တော့ သူမက အလွတ်ရွတ်ပြပြီး အဲဒါကို ကူးရေးရတယ်။"
လင်ချူးဆွေ့ : ?
နင် ဘာလုပ်ခဲ့တယ်လို့ ပြောလိုက်တယ်။
"သူက အရမ်း ဆိုးတာပဲ။ တခြားလူကို ရည်းစားစာတစ်စောင်လုံး အင်္ဂလိပ်လို ဘာသာပြန်ပေးပြီး ကူးရေးခိုင်းတဲ့အပြင် အလွတ်တောင် ရွတ်ပြခိုင်းလိုက်သေးတယ်။"
လင်ချူးဆွေ့ က ဘောလုံးခြင်း၏ နှုတ်ခမ်းပေါ်သို့ ညာဘက်ခြေထောက်ကို တင်ကာ အကြောလျှော့ရင်း ရှောက်ယန်အကြောင်း အပြစ်တင်ပြောဆိုလိုက်သည်။ "နိုင့်ထက်စီးနင်း လုပ်တဲ့ကောင်။"
"အကုန်လုံးကို အင်္ဂလိပ်လိုတဲ့လေ"
လုချီက ပလက်စတစ်ကြမ်းပြင်၌ ထိုင်ချလိုက်ပြီး နေရောင်အောက်မှ သူမအား မျက်လုံးများ မှေးကျဥ်းကာ ကြည့်လိုက်သည်။ "ချူးဆွေ့ ငါ ဘာလို့ မင်း အရမ်းပျော်နေတယ်လို့ ခံစားမိရတာလဲ။"
"ငါ ပျော်နေတာလား။ မဖြစ်နိုင်ဘူး။"
ကောင်လေးများအားလုံးက တစ်စိတ်တစ်ဝမ်းတည်း ခေါင်းညိတ်လိုက်ကြသည်။ "မင်း ပျော်နေတာ။"
လင်ချူးဆွေ့က ကိုးရို့ကားယားနှင့် ခြေထောက်ကို ပြန်ရုတ်လိုက်ပြီး ကောက်ချက်ချပြောလိုက်သည်။ "ငါ ပြောနေတာက သူ့ရဲ့ သဘောထားကိုလေ။ သူက အမြဲတမ်း တစ်ကိုယ်တည်း ဖြစ်မယ့် ကံဇာတာပါနေတာပဲ။ ဘယ်တော့မှ ကောင်မလေး ရှာတွေ့မှာ မဟုတ်ဘူး။"
"အဲဒါက အမှန်မဖြစ်နိုင်ဘူး။ အန်းရှန့်တောင်မှ သူ့ကို ဝန်ခံခဲ့တယ်မလား။"
"အန်းရှန့်က ကျောင်းရဲ့ ယောက်ျားလေးတွေ အားလုံး ကြိုက်ကြတဲ့ နတ်မိမယ်လေးလေ။"
လင်ချူးဆွေ့က လုချီကို ကြည့်လိုက်သည်။ "နင်တို့တွေ သူမကို အများကြီး ကြိုက်တာပဲလား။"
လုချီက အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။ "36 D ရည်းစားကောင်မလေး တစ်ယောက်လောက် ရှိဖို့ ဘယ်ကောင်လေးက စိတ်ကူးမယဥ်ဘဲ နေမှာလဲ။ အန်းရှန့်က အရမ်း ကောင်းကောင်း ဖွံ့ဖြိုး... အဟမ်း"
လင်ချူးဆွေ့ မသိလိုက်ဘဲ သူမ၏ လေယာဥ်ပြေးလမ်းကဲ့သို့ ပြားချပ်နေသော ရင်ဘတ်အား ငုံ့ကြည့်လိုက်သည်။
လုချီက သူမ ပခုံးများကို သိုင်းဖက်လိုက်၏။ "မကြည့်နဲ့။ မင်းက ဘဝဆက်တိုင်း ငါတို့ရဲ့ ညီအစ်ကိုပဲ ဖြစ်နိုင်တဲ့ ကံတရားရှိတယ်။"
လင်ချူးဆွေ့က စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။ "အဲဒီတော့ နင်တို့ ယောက်ျားလေးတွေ အားလုံးက အဲဒီလို မိန်းကလေးမျိုးပဲ ကြိုက်ကြတာလား။"
"ဟားဟားဟား.... နောက်နေတာလား။ ဘယ်သူက မကြိုက်ဘဲ နေမှာလဲ။"
ကျန်းချန်ယွီက အမူအရာမဲ့စွာ ပြောလိုက်သည်။ "ငါတော့ မဟုတ်ဘူး။ ငါက ဖြူစင်ပြီး ချိုမြိန်တဲ့ ပုံစံမျိုး ကြိုက်တာ။ မင်းရဲ့ ညီမလေးလို ပုံစံမျိုးလေ။"
လုချီ : "ပါးစပ်ပိတ်ထား။"
လင်ချူးဆွေ့က စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ "အဲဒီတော့ ဘယ်သူမှ ငါ့လို ပုံစံမျိုးကို မကြိုက်ကြဘူးလား။"
ကောင်လေးများက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီး ကိုးရို့ကားယားနှင့် တိတ်ဆိတ်မှုထဲ ကျရောက်သွားတော့သည်။
လုချီက သူမ ပခုံးကို ပုတ်လိုက်၏။ "ချူးဆွေ့ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာက ဓမ္မတာလာနေတဲ့ အချိန်မှာတောင် မိုးရေထဲ မာရသွန် ပြေးနိုင်ပြီး အဲဒီနောက်မှာတောင် နေထိုင်မကောင်း မဖြစ်လောက်တဲ့အထိ သန်မာတယ်။ သာမန်ယောက်ျားလေးတစ်ယောက်က မင်းကို မကိုင်တွယ်နိုင်ဘူး။"
"ဒါပေမယ့် ကျောင်းရဲ့ ပါရမီရှင်ကတော့ ရုပ်ပိုင်းဆိုင်ရာ သန်မာတဲ့ မိန်းကလေးမျိုးကို ကြိုက်တယ်လို့ ပြောခဲ့တာမလား။"
"ကျောင်းပါရမီရှင်က ညစ်ညစ်ပတ်ပတ် ဟာသမျိုး ပြောလိုက်တာလေ။ မင်းက တကယ်ပဲ မင်းကိုယ်မင်းနဲ့ ဆက်စပ်တွေးလိုက်တာလား။" လုချီက ရယ်မောရင်း ပြောလိုက်သည်။ "အဲဒီတော့ မင်းက ဘယ်သူ ဘာပဲဖြစ်ဖြစ် ကျောင်းပါရမီရှင်က မင်းကို ကြိုက်နေသရွေ့ အဆင်ပြေတယ် ဟုတ်တယ်မလား။"
"ငါ အဲဒီလိုမပြောခဲ့ဘူး။"
ကျန်းချန်ယွီက ဝင်ပြောလိုက်သည်။ "ဒါပေမယ့် ကျောင်းပါရမီရှင်က မင်းကို ကြိုက်နေတာပဲ မဟုတ်ဘူးလား။ သူက မင်းကို တစ်ချိန်လုံး နတ်ဘုရားမ လို့ ခေါ်နေတာပဲလေ။"
"သူက.... ထားလိုက်ပါတော့။" လင်ချူးဆွေ့က အဆဲစကားများ ထွက်မလာရန် သူမကိုယ်သူမ တွန်းအားပေးလိုက်သည်။ "သူ ပြောတဲ့ 'နတ်ဘုရားမ' ဆိုတာ တကယ်မဟုတ်ဘူး။ စနောက်နေရုံပဲ။"
လုချီက သူမ ခေါင်းကို ပုတ်ကာ မိခင်ဆန်ဆန် ကျေနပ်နှစ်သက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ကလေးက အသက်ကြီးလာပြီပဲ။ နောက်ဆုံးတော့ အသိစိတ်ဝင်လာပြီ။"
......
အတန်း B ၏ အားကစားအချိန်မှာ အတန်း C နှင့် အတူ ဖြစ်သည်။
ပြေးနေစဥ်အတွင်း လင်ချူးဆွေ့က အန်းရှန့်ကို သတိပြုမိခဲ့သည်။ သူမက ခပ်ကျပ်ကျပ် လက်တို တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမ၏ အမို့အမောက် အဝန်းအဝိုင်းတို့က ပြေးလိုက်တိုင်း ခုန်ပေါက်နေသည်။
အတန်းနှစ်တန်းလုံးမှ ယောက်ျားလေးများ အားလုံးက သူမအား ကြည့်နေကြပြီး သူတို့၏ မျက်လုံးများက သူမကို ရှင်လျက် မြိုချနိုင်ရန် ဆုတောင်းနေပုံရသည်။
အန်းရှန့်က အလွန် ဂုဏ်ယူနေပုံရပြီး သူမက ခပ်ဖြေးဖြေး ပြေးနေစဥ် ခေါင်းကို မော်ထားကာ ရှက်ရွံ့မှုကြောင့်လား ပင်ပန်းမှုကြောင့်လား မသိနိုင်စွာ ပါးပြင်များက နီရဲနေသည်။
လင်ချူးဆွေ့နှင့် လုထျန်းပိုင်တို့က ဘေးချင်းကပ်လျက် ပြေးနေပြီး ကျန်းချန်ယွီက သူတို့နောက်မှ လိုက်လာသည်။ သူက လှောင်ပြောင်ကာ ပြောလိုက်သည်။ "အဲဒီဆာလောင်နေတဲ့ ကောင်တွေကို ကြည့်ပါဦး။ သူတို့ အရင် ဘယ်တုန်းကမှ မိန်းမတစ်ယောက်ကို မမြင်ဖူးတဲ့ ပုံစံနဲ့။"
လင်ချူးဆွေ့က အေးစက်စွာ ပြောလိုက်သည်။ "အစ်ကိုရေဘဝဲက အရမ်း လူကြီးလူကောင်းဆန်တာလား ဟမ်…"
ကျန်းချန်ယွီ : "ငါတော့ ကျောင်းပါရမီရှင်ကို သဘောကျတယ်။ ရွှံ့တွေနဲ့ ညစ်ပတ်မခံဘဲ အထက်မှာနေနေတာ။ သူ့ကို ကြည့်လိုက်... ငမ်းနေတဲ့ အဖွဲ့နောက်ကို မလိုက်ဘဲ တစ်ယောက်တည်း ပြေးနေတယ်။"
လင်ချူးဆွေ့က ယောက်ျားလေးများ၏ နောက်ဆုံး၌ ကျန်ခဲ့သည့် ရှောက်ယန်ကို လှည့်ကြည့်လိုက်သည်။ "သူ လုပ်ချင်ပေမယ့် သူ့ ခန္ဓာကိုယ်က မလိုက်နိုင်တာ နေမှာပေါ့။"
သူမသည် ရှောက်ယန် ငယ်ငယ်က အသည်းတစ်ခြမ်းလှူရန် လှည့်စားခံရသည့်အကြောင်းကို ကြားခဲ့ဖူးသည်။ သူ၏ ကျန်းမာရေးမှာ ငယ်စဥ်ကတည်းက မကောင်းလှဘဲ ကြီးလာမှသာ အနည်းငယ် သက်သာလာခြင်း ဖြစ်သည်။ သူက ကြွက်သားများ တည်ဆောက်ရန် လေ့ကျင့်ခန်းတချို့ ပြုလုပ်ခဲ့သည်။
သို့သော် ပြင်းထန်သည့် ရုပ်ပိုင်းဆိုင်ရာ အားကစားများက သူ့အတွက် အဆင်မပြေနိုင်သေးပေ။
ခပ်ဖြေးဖြေး ပြေးရသည့် အခြေခံလေ့ကျင့်ခန်းအတွင်း သူက နှလုံးခုန်နှုန်းကို လုံခြုံသည့်အတိုင်းအတာအတွင်း ရရှိစေရန် ထိန်းသိမ်းထားရပေသည်။
လင်ချူးဆွေ့က တမင်သက်သက် အရှိန်နှေးချလိုက်ပြီး သူနှင့်အတူ ပြေးရန် ရည်ရွယ်လိုက်သော်လည်း အန်းရှန့်က သူမထက် လက်ဦးသွားကာ ရှောက်ယန်နှင့် အရှိန်ညှိကာ ပြေးလိုက်သည်။
ရှောက်ယန်က အလွန် နှေးကွေးစွာ ပြေးနေသည့်အတွက် အခြားယောက်ျားလေးများက အန်းရှန့်အနီးတွင် လိပ်ပြာများကဲ့သို့ ရစ်ဝဲမနေရဲခဲ့ပေ။ သူတို့က ရှောက်ယန်ကို မနာလိုဖြစ်စွာနှင့်သာ ကြည့်နေနိုင်သည်။
"ရှောက်ယန် အရင်နေ့က စာသင်ပြပေးတာ ကျေးဇူးပါ။ ငါ အခု အင်္ဂလိပ်စာ သင်ယူရမယ့် နည်းလမ်းကို ရှာတွေ့သွားပြီလို့ ခံစားရတယ်။"
"ငါ နှစ်ဝက်စာမေးပွဲမှာ ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ သေချာတယ်။"
"ငါ ကောင်းကောင်းဖြေနိုင်ခဲ့ရင် နင့်ကို ထမင်းတစ်နပ်ကျွေးဖို့ အပြင်ခေါ်သွားလို့ရမလား။"
"ရှောက်ယန် ဘာလို့ စကားမပြောတာလဲ။"
ရှောက်ယန်က အပြေးရပ်လိုက်ပြီး သူမအား ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ငါ ပြေးနေတာကြောင့်မလို့လေ။"
"နင်က အလေးအနက်ရှိတဲ့ သူမျိုးဆိုတာ ငါ သိပါတယ်။ စာလေ့လာတာပဲဖြစ်ဖြစ် ပြေးတာပဲဖြစ်ဖြစ် အာရုံစိုက်တတ်ပြီး စိတ်အနှောက်အယှက် ဖြစ်ရတာကို မကြိုက်ဘူး။"
ထိုအချိန်၌ လင်ချူးဆွေ့၏ အသံက ပေါ့ပေါ့ပါးပါး ထွက်ပေါ်လာသည်။
"မှားတယ်။ သူက အလေးအနက်ဖြစ်နေလို့ စကားမပြောတာ မဟုတ်ဘူး။ သူက တမင်သက်သက် လေကုန်ခံပြီး အသက်ရှူမဝတာမျိုး ဖြစ်မလာချင်လို့ပဲ။ အသက်ရှူမဝဖြစ်ရင် သူ ကြို့ထိုးလာလိမ့်မယ်။ ကြို့ထိုးလာရင် 'ကျောင်းဉာဏ်ကြီးရှင်' ရဲ့ ချောမောလှတဲ့ ပုံရိပ် ပျက်စီးသွားမှာ ကြောက်နေတာ။"
သူမက သူတို့နှစ်ယောက်ကြား၌ ဝင်ကာ နေရာလွတ်ဖြစ်သွားအောင် လုပ်၍ ပြုံးလိုက်သည်။ "ဟုတ်တယ်မလား ဉာဏ်ကြီးရှင်လေး။"
ရှောက်ယန်က သူမထံသို့ 'အသက်ဆက်ရှင်နေဖို့ မင်းသိတာ အရမ်းများနေပြီ' ဟူသည့် အထင်အမြင်သေးသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။
လင်ချူးဆွေ့က သူ့ဘေးတွင် ကပ်ကာ သက်သောင့်သက်သာ လမ်းလျှောက်ရင်း ပြောလိုက်သည်။ "နင့်ကို ပျော်အောင် လုပ်ပေးမယ်။ နင့် နတ်ဘုရားမက အဲဒီလောက်တောင် ကောင်းတာနော်။"
"ပြီးတော့ အရမ်းနှေးနှေးလေး ပြေးနေတာက တကယ် ယောက်ျားမဆန်ဘူး။ အဲဒါကလည်း နင့်ရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တာပဲ။"
"သေချာပေါက် နင့်ရဲ့ နတ်ဘုရားမကတော့ အဲဒါကို စိတ်မရှိဘူးပေါ့။ ဒါပေမယ့် တခြားမိန်းကလေးတွေကတော့ စိတ်ရှိနိုင်တယ်နော်။ နင်သိလား မိန်းကလေးတွေက ကြံ့ခိုင်တဲ့ သူမျိုးတွေကို ကြိုက်တယ်ဆိုတာ... ဟစ်~~~” (ကြို့ထိုး)
လင်ချူးဆွေ့က သူမ ပါးစပ်ကို အမြန် ပိတ်လိုက်သည်။
ငလူး…
နောက်ဆုံး၌ ရှောက်ယန်က သူမကို လှည့်ကြည့်လာသည်။
"အခုလေးတင် ငါ... ဟစ်~~~"
လင်ချူးဆွေ့၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူမ ဗိုက်က မသက်မသာဖြစ်လာကာ ထိန်းမရနိုင်စွာ ကြို့ထိုးလာ၏။
လင်ချူးဆွေ့အား ကြည့်နေရင်း ရှောက်ယန်၏ ကျဥ်းမြောင်းသော မျက်လုံးထောင့်များက နောက်ဆုံး၌ ကွေးညွှတ်လာသည်။ "မင်း..."
"မရယ်နဲ့… ဟစ်~~~ အားး…”
လင်ချူးဆွေ့က လက်တစ်ဖက်နှင့် သူမ ပါးစပ်ကို ကာထားပြီး နောက်တစ်ဖက်နှင့် ရှောက်ယန်ပါးစပ်အား ပိတ်ထားသည်။
ရှောက်ယန်က သူမလက်ကို ဖယ်လိုက်ပြီး ရွှင်မြူးနေသော အသံဖြင့် ပြောလိုက်သည်။ "နတ်ဘုရားမကလည်း ကြို့ထိုးတတ်တယ်လား။"
"နတ်ဘုရားမက ကြို့မထိုးဘူး။ နတ်ဘုရားမက ဒီအတိုင်း... ဟစ်~~"
လင်ချူးဆွေ့၏ မျက်နှာက နီရဲလာပြီး အတန်းထဲသို့ ဒေါသတကြီး ပြန်သွားတော့သည်။
ကြို့ထိုးခြင်းက ဆက်တိုက်ဖြစ်နေပြီး အတန်းချိန် တစ်ချိန်မှ နောက်တစ်ချိန်အထိ ရောက်ရှိလာကာ တိုက်ဆိုင်စွာဖြင့် လောင်ချင်၏ ဓာတုဗေဒအတန်း ဖြစ်နေခဲ့သည်။
သူက ကျောင်းသားများကို ပိုတက်ဆီယမ်ပါမန်ဂနိတ် ဖြေရှင်းချက်အကြောင်း သိကောင်းစရာများကို ရှင်းပြနေပြီး သူတို့၏ အတန်းပိုင်ဆရာအချိန် ဖြစ်သောကြောင့် လူတိုင်းကလည်း တိတ်ဆိတ်စွာ ရှိနေခဲ့သည်။ နောက်ဆုံးတန်းမှ ကျောင်းသားများပင် လည်ပင်းကုတ်လိုက် ခေါင်းကုတ်လိုက်ဖြင့် အာရုံစိုက်နားထောင်နေကြသည်။
သို့သော် လင်ချူးဆွေ့၏ ကြို့ထိုးခြင်းက တိတ်ဆိတ်မှုအတွင်း စည်းချက်ကျကျ ထွက်ပေါ်နေ၏။
လောင်ချင်က အကြိမ်များစွာ နှောက်ယှက်ခံရပြီး နောက်ဆုံး၌ ထပ်သည်းမခံနိုင်တော့ပေ။ သူက အော်လိုက်သည်။ "လင်ချူးဆွေ့ မင်း နောက်ထပ် ထူးဆန်းတဲ့အသံတွေ ထပ်လုပ်နေရင် ဒီ ပိုတက်ဆီယမ်မန်ဂနိတ် ပုလင်းတစ်ခုလုံး မြိုချရအောင် လုပ်လိုက်မယ်။ မင်း ပါးစပ်က.... ဘယ်အရာမဆို မြိုချနိုင်တယ်မလား။"
လင်ချူးဆွေ့က အလွန် အပြစ်ကင်းစွာ ပြောလိုက်သည်။ "သမီးလည်း မဖြစ်ချင်.... ဟစ်~~~ ထိန်းလို့မရဘူး... တောင်းပန်... ဟစ်~~~"
အတန်းဖော်များသည် ဆရာက အခု ဒေါသူပုန်ထနေသည့်အတွက် သူတို့ ရယ်ချင်စိတ်များကို အတင်းအကျပ် ထိန်းထားရ၏။
လောင်ချင်သည် ကြို့ထိုးခြင်းက လင်ချူးဆွေ့၏ အမှားမဟုတ်ကြောင်း သိသော်လည်း သူမက အတန်း၏ ဟန်ချက်ကို ဖျက်ဆီးနေသည်မှာ အမှန်ဖြစ်သည်။
"မင်း ကြို့ထိုးတာ ပျောက်တဲ့အထိ အပြင်ထွက်နေ။ ပျောက်သွားမှ ပြန်ဝင်လာခဲ့။”
"အိုး.. အိုခေ... ဟစ်~"
လင်ချူးဆွေ့က အတန်းပြင်သို့ လျှောက်ထွက်သွားပြီး လောင်ချင်က ထပ်ပြောလိုက်သည်။ "မိန်းကလေးတစ်ယောက်နဲ့ကို မတူဘူး။"
သူမက နှစ်နှစ်လောက် အဆူအပြောခံရသည်ဖြစ်ရာ သူမ နားများက ထုံထိုင်းနေပြီ ဖြစ်သည်။ သူမက မစ္စတာချင်၏ စကားကို ဂရုမစိုက်သော်လည်း ရှောက်ယန်က ထိုစကားကို ကြားသည့်အခါ ထရပ်လိုက်ပြီး သူ၏ အပူခံခွက်ကို ကိုင်၍ အပြင်သို့ လျှောက်ထွက်သွားခဲ့သည်။
လောင်ချင်က သူ့ကို အမြန်ပြောလိုက်၏။ "ရှောက်ယန် ငါက လင်ချူးဆွေ့ကိုပဲ ထွက်သွားဖို့မေးတာ။ မင်းကို မဟုတ်ဘူး။"
ရှောက်ယန်က ပြောလိုက်သည်။ "လောင်ချင် ကျွန်တော့် ထိုင်ခုံဖော်ကို ဂရုစိုက်ပေးရအောင် ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်။"
"သူမကို ဂရုစိုက်ဖို့လား။" အစပိုင်း၌ လောင်ချင်က နားမလည်ခဲ့ပေ။ "သူမကို မင်းက ဘာလို့ ဂရုစိုက်ပေးဖို့ လိုတာလဲ။"
သူ၏ လက်ချောင်းထိပ်များက အပူခံခွက်နှုတ်ခမ်းနှင့် အဖုံး စပ်ကြားနေရာကို ခပ်ဖွဖွ ပွတ်ရင်း ပြောလိုက်သည်။ "သူမက မိန်းကလေး ဖြစ်နေလို့လေ။"
......
လင်ချူးဆွေ့က အသက်မဲ့စွာဖြင့် ယိုင်နဲ့နဲ့ ရပ်နေရင်း နံရံကို ခေါင်းနှင့်တိုက်ကာ ရေရွတ်နေသည်။
"ရှောက်ယန် နှလုံးသားမရှိတဲ့ကောင်… ဟစ်~"
"ငါ့ကို တစ်ကြိမ်ပြီး တစ်ကြိမ် နာကျင်ရအောင် လုပ်တယ်။ ဘာလို့ အဲဒီလို လုပ်ရတာလဲ။ ဟစ်~"
"ငါ အရင်ဘဝတုန်းက နင့်ဆီကနေ ပိုက်ဆံများ ချေးခဲ့မိလို့လား။ ဟစ်~"
***