← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အပိုင်း ( ၄၃ )

လင်ချူးဆွေ့သည် အုပ်စုလိုက်စကားပြောခန်းငယ်လေးတစ်ခု အသစ်ဖွဲ့လိုက်ပြီး နန်ချန် အမှတ် ၁ အလယ်တန်းကျောင်း အချောအလှလေးများ ဟု နာမည်ပေးလိုက်သည်။

သူမက ရွှီကျားနင်၊ လုချီ၊ ကျန်းချန်ယွီနှင့် လုထျန်းပိုင်တို့ကို အဖွဲ့ထဲသို့ ထည့်ခဲ့သည်။

"ကျောင်းဉာဏ်ကြီးရှင်နဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲဆိုတာ ဆွေးနွေးဖို့ ဒီအဖွဲ့ထဲ အားလုံးကို ခေါ်လိုက်တာ။"

ကျန်းချန်ယွီ : "လျှို့ဝှက်ကြံစည်နေတယ်လို့ ခံစားမိသွားတယ်။"

လုချီ : "သူ့ကို မူးသွားအောင် တိုက်ပြီး နောက်တော့..."

လင်ချူးဆွေ့က [စက်ဆုပ်ရွံရှာ] သည့် အီမိုဂျီတစ်ခု ပေးပို့ခဲ့ပြီး ခဲတံတစ္ဆေခေါ်သည့်ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို အကျဉ်းချုံး ပြန်ပြောပြခဲ့သည်။

လုချီ : "ဒါဆို မင်းရဲ့အစီအစဥ်က ဘာလဲ။ နောက်ထပ် ဝိညာဥ်ဖိတ်ခေါ်ပွဲလုပ်ပြီး လင်ရှူးရှူးကို ဆင့်ခေါ်ကြည့်မလို့လား။"

လင်ချူးဆွေ့ : "အဲဒါကြောင့် ငါက အားလုံးကို ခေါ်ပြီး ရှောက်ယန်က ငါ့အဖေဖြစ်ကြောင်း သက်သေပြနိုင်မယ့် နည်းလမ်းကောင်းတွေ ဘာများရှိမလဲလို့ ခေါင်းချင်းဆိုင်ဆွေးနွေးမလို့လေ။"

ကျန်းချန်ယွီ : "လင်ရှူးရှူးလို ကြီးမြတ်တဲ့လူမျိုးက ရှောက်ယန်လို ငချွတ်လေးနဲ့ ဆက်စပ်နေမယ်လို့ ငါ ခံစားကြည့်လို့မရဘူးနော်။ လင်ရှူးရှူးသာ သူ့လိုမျိုးဆိုရင် ငါ သူ့ကို QQ သကြားလုံးနဲ့ အဆိပ်ခတ်သတ်ပစ်လိုက်တာ ကြာပြီ။"

လင်ချူးဆွေ့ : "0.1% လောက်ပဲ အခွင့်အရေးရှိတာဆိုရင်တောင် ငါ ကြိုးစားကြည့်ချင်တယ်။"

လုချီ : "သူ မဟုတ်ရင်ရော ဘယ်လိုလုပ်မလဲ။ ဒီနှစ်တွေတလျှောက်လုံးမှာ စိတ်ပျက်စိတ်ပျက် ခံစားချက်တွေကို စွန့်လွှတ်ဖို့ မပြင်ဆင်ရသေးဘူးလား။ လက်လွှတ်သင့်တဲ့ အချိန်ရောက်ပြီ ကလေးမ။ @လုထျန်းပိုင် မင်းရဲ့ အချစ်ကလေးကို နည်းနည်းလောက် အသိဝင်သွားအောင် လာပြောစမ်းပါဦး။"

လုထျန်းပိုင် : "@လင်ချူးဆွေ့၊ ရှောက်ယန်နဲ့ လင်ရှူးရှူးတို့က လုံးဝတူတယ်လို့ မထင်ရဘူးနော်။ သူတို့က လုံးဝ ကွဲပြားခြားနားတဲ့ သူတွေပဲ။"

လင်ချူးဆွေ့ : "တကယ်တော့ ဒါက @ရွှီကျားနင်ရဲ့ အကြံအစည်ပဲလေ။ အချစ်ကလေး နင် သူနဲ့ စိတ်ကြိုက် ငြင်းခုန်လို့ ရတယ်နော်။"

လုထျန်းပိုင် : "အိုး... ကောင်းပြီ.. ငါ ထင်တာတော့ ကျောင်းဉာဏ်ကြီးရှင်နဲ့ ဦးလေးလင်းတို့ကြား တူညီတာတချို့ တွေ့မိတယ်လို့ ထင်တယ်။ သူတို့နှစ်ယောက်စလုံးက ရှောင်ချူးကို အရမ်း သဘောကျပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့အပြင် အရမ်းကူညီပေးကြတယ်လေ။"

လုချီ : "..."

"ဒီလို အပြောင်းအလဲမြန်တဲ့ သူငယ်ချင်းမျိုး ဘယ်လိုလုပ် ငါ့မှာ ရှိနေရတာလဲ။"

ကျန်းချန်ယွီ : "နောက်တစ်ခါ ဝိညာဥ်ခေါ်တာက သိပ်ပြီး မအောင်မြင်နိုင်ပေမယ့် ငါ ထူးဆန်းတဲ့ သဘာဝလွန်ကိစ္စတွေကို အထူးပြုလေ့လာတဲ့ အဖွဲ့တစ်ဖွဲ့ကို Follow ထားတယ်။ ကျောင်းဉာဏ်ကြီးရှင်ကို သူတို့ဆီ ခေါ်သွားပြီး တစ်ခုခုဖြစ်လာနိုင်လား စောင့်ကြည့်လို့ရတယ်။"

လင်ချူးဆွေ့ : "ကြားရတာ မဆိုးဘူး။ ရှောက်ယန်က လိုက်လာမလား သဘောတူဖို့တော့ ခက်တယ်။ အဲဒီတော့ အဲဒါကို ငါ တာဝန်ယူလိုက်မယ်။"

ကျန်းချန်ယွီ : "သူတို့ရဲ့ ပြင်ပရုံးခန်းက တောင်ပိုင်းမြို့တော်မှာ ရှိတယ်။ သူတို့ အလုပ်က စီးပွားဖြစ်တာမို့လို့ မင်းကြိုတင်ချိန်းဆိုထားမှ ရမယ်။ ကြိုးစားကြည့်လို့ အရှုံးမရှိပါဘူး။"

လင်ချူးဆွေ့ : "ဒူးထောက်ပါတယ်။ အစ်ကိုရေဘဝဲက တကယ် ယုံကြည်စိတ်ချရတဲ့လူပဲ။"

လုချီ : "ကျောင်းဉာဏ်ကြီးရှင်က ပိတ်ရက်တိုင်း အလုပ်ရှုပ်နေတာ။ မင်းရဲ့ စမ်းသပ်မှုအတွက် သူ့အတွက် အဖိုးတန်တဲ့ ငွေရှာချိန်တွေကို စတေးဖို့ သူ့ကို ဘယ်လို ဆွဲဆောင်ခဲ့တာလဲ။"

လင်ချူးဆွေ့ : "ငါ စာစီစာကုံးပြိုင်ပွဲကို ဝင်ပြိုင်မယ်လို့ ကတိပေးလိုက်လို့လေ။"

လုချီ : "မင်း ပြိုင်ပွဲဝင်မလို့လား။ ဘာအကြောင်း ရေးမှာလဲ။"

လင်ချူးဆွေ့ : "မဆုံးဖြတ်ရသေးဘူး။ စိတ်ထဲမှာ စဥ်းစားထားတဲ့ ခေါင်းစဥ်တော့ရှိတယ်။ အနိုင်ရနိုင်မလားဆိုတာ သိပ်မသေချာလို့။"

လုချီ : "မင်းက အနိုင်ရချင်တာလား။"

လင်ချူးဆွေ့. : "ကျောင်းဉာဏ်ကြီးရှင်က အရာရာတိုင်းမှာ ပထမနေရာကို ရတယ်။ ဒါပေမယ့် ငါက တစ်ခါတစ်လေတောင် စာစီစာကုံးပြိုင်ပွဲမှာ အနိုင်မရနိုင်ဘူးလား။"

လုချီ : "ရည်မှန်းချက်ကြီးချက်"

လင်ချူးဆွေ့ : "ငါ နည်းနည်းလောက် ရှာဖွေမှုလုပ်ထားတယ်။ ဒီစာစီစာကုံးပြိုင်ပွဲအတွက် အကဲဖြတ်ဒိုင်တွေအပြင် ပရိသတ်စိတ်ကြိုက် ရွေးချယ်မယ့် ဆုတစ်ခုလည်း ရှိတယ်။ ငါ အဲဒီအတွက် ဆုံးဖြတ်လိုက်ပြီ။"

အကဲဖြတ်ဒိုင်များ၏ ဆုအတွက်က ပြောနေစရာမလိုပေ။ လင်ချူးဆွေ့၏ အမည်ကို ဆရာအားလုံးက နာမည်ပျက်စာရင်းသွင်းထားခဲ့သဖြင့် သူမနာမည်ကို တွေ့သည်နှင့် သူတို့က ထိုစာစီစာကုံးအား မဖတ်ဘဲ ကျော်သွားလိုက်နိုင်ပေသည်။

လုထျန်းပိုင် : "ကောင်းလိုက်တာ၊ အရမ်းကောင်းတယ်။ ပရိသတ်အကြိုက်ဆုံးဆုအတွက် ငါတို့က နင့်ကို မဲပေးလို့ ရပြီ။"

လင်ချူးဆွေ့ : "ကျောင်းဉာဏ်ကြီးရှင်ရဲ့ လူသိများကျော်ကြားမှုကို ထည့်သွင်းစဉ်းစားပြီး ငါ ဝတ်ရုံဖျားကို ခိုစီးဖို့ စီစဥ်ထားတယ်။ ငါ့ရဲ့ စာစီစာကုံး ခေါင်းစဉ်က 'ငါ့ထိုင်ခုံဖော် ဉာဏ်ကြီးရှင်ရဲ့ နေ့စဥ်ဘဝ' လို့ ဖြစ်လိမ့်မယ်။ နင်တို့ ဘယ်လိုထင်ကြလဲ။"

လုချီ : "ကျောင်းဉာဏ်ကြီးရှင်ရဲ့ ကျော်ကြားမှုအရ မင်း သေချာပေါက် မဲတွေ အများကြီး ရလိမ့်မယ်။"

လင်ချူးဆွေ့ : "ဟုတ်တယ်မလား။"

ကျန်းချန်ယွီ : "ခေါင်းစဉ်ပြောင်းဖို့ ငါ အကြံပေးချင်တယ်။ အခုက သိသာထင်ရှားမှု မရှိဘူး။"

လင်ချူးဆွေ့ : "အစ်ကိုရေဘဝဲက ဘာအကြံပြုချင်လို့​လဲ။"

ကျန်းချန်ယွီ : "ထိတ်လန့်စရာပဲ ကျောင်းဉာဏ်ကြီးရှင်ရဲ့ လူမသိသေးတဲ့ လျှို့ဝှက်ချက်၊ သူ ဘာကို ဖုံးကွယ်ထားလဲ မင်း ယုံမှာတောင် မဟုတ်ဘူး။"

လင်ချူးဆွေ့ : "အစ်ကိုရေဘဝဲက ဉာဏ်ကြီးရှင်ပဲ။"

လုချီ : "ငါ ကြိုက်တယ်ကွာ။"

.......

ထိုညတွင် လင်ချူးဆွေ့က စိတ်အားထက်ထက်သန်သန်နှင့် သူမ၏ စာစီစာကုံးကို အပြီးသတ် ရေးသားရန် နောက်ကျသည်အထိ နေခဲ့သည်။ မနက်ပိုင်း၌ သူမက ဘာသာစကား ကိုယ်စားလှယ်ထံ တင်သွင်းလိုက်သည်။

ရွှီကျားနင်ကလည်း သူ ရေးထားသည့် စာစီစာကုံးကို တင်သွင်းလိုက်သည်။

"သာ့ကော, နင်လည်း စာစီစာကုံးဝင်ပြိုင်မလို့လား။"

ရွှီကျားနင်က သူမကို အမူအရာမဲ့စွာ ကြည့်လိုက်ပြီး လှောင်ပြောင်ပေးလိုက်၏။ "မင်းလို စာမေးပွဲမအောင်တဲ့ ကျောင်းသူတောင် ဝင်ပြိုင်နိုင်ရင် ငါက ဘာလို့ မပြိုင်ရမှာလဲ။"

လင်ချူးဆွေ့သည် သူ့စာစီစာကုံးခေါင်းစဉ်ကို ကြည့်ရန် လည်ပင်းကို ဆန့်လိုက်သည်။

"အံ့သြစရာပဲ။ ခန်းဆောင်နီအိပ်မက်ရဲ့ လူမသိသေးတဲ့ လျှို့ဝှက်ချက် - ကျားပေါင်ယွီ နဲ့ လင်းသိုက်ယွီတို့ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်း ယုံမှာတောင် မဟုတ်ဘူး။"

"..."

လင်ချူးဆွေ့၏ ပါးစပ်ထောင့်များက လှုပ်ရှားသွားသည်။ "နင်က...တကယ်ကို အစ်ကိုရေဘဝဲရဲ့ စကားကို အလေးအနက်ထားခဲ့တာပဲ။"

ရွှီကျားနင်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီခေါင်းစဥ်က ငါ့ရဲ့ ဆန်းစစ်ရေးသားထားတဲ့ စာစီစာကုံးနဲ့ လိုက်ဖက်တယ်လို့ ခံစားမိလို့လေ။ ကျန်းချန်ယွီက အဆင့်မကောင်းပေမယ့် သူ့မှာ တီထွင်ဖန်တီးနိုင်စွမ်း ရှိတယ်။"

"ဘာတီထွင်ဖန်တီးနိုင်စွမ်းလဲ။ နင် အဖေရဲ့ သက်လတ်ပိုင်း သူငယ်ချင်း အသိုင်းအဝိုင်းမှာ ဒီလို ခေါင်းစဉ်တွေ အများကြီး ရှာတွေ့နိုင်တယ်။"

"အဲဒီလိုလား။"

"အတွေ့အကြုံရှိတဲ့ လူတစ်ယောက်အနေနဲ့ ခေါင်းစဉ်ကို ပြန်စဉ်းစားကြည့်ဖို့ အကြံပေးချင်တယ်။ ဒီဟာနဲ့ဆိုရင် နင် ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ပါဘူး။"

ရွှီကျားနင်က သူ့စာစီစာကုံးတွင် အမှားအယွင်း တစ်စုံတစ်ရာရှိသည်ဟု မထင်ခဲ့ပေ။ သူက ဘာသာစကား ကိုယ်စားလှယ်ဆီ တိုက်ရိုက် အပ်ပစ်လိုက်သည်။

ဘာသာစကား ကိုယ်စားလှယ်သည် နူးညံ့သိမ်မွေ့ကာ အေးဆေးသည့် မိန်းကလေး တစ်ဦးဖြစ်ပြီး ရွှီကျားနင်ကို လေးစား သဘောကျသည့်သူ ဖြစ်သည်။ သူမသည် သူ့တွင် ဖော်မပြနိုင်သော ရသစာပေရောင်ဝါရှိသည်ဟု ခံစားမိသည်။

ထို့ကြောင့် သူမက လေးစားမှုအပြည့်ဖြင့် သူ၏ စာစီစာကုံးကို ယူလိုက်သည်။

"အံ့သြစရာပဲ။ ခန်းဆောင်နီအိပ်မက်ရဲ့ လူမသိသေးတဲ့ လျှို့ဝှက်ချက် - ကျားပေါင်ယွီ နဲ့ လင်းသိုက်ယွီတို့ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်း ယုံမှာတောင် မဟုတ်ဘူး။"

ဘာသာစကားကိုယ်စားလှယ်က ရွှီကျားနင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး အနည်းငယ် စိတ်ပျက်သွားမိသည်။

လင်ချူးဆွေ့က ပြုံးပြီး ပြောလိုက်၏။ "မိန်းကလေးတွေက ဘယ်လိုပုံစံမျိုးကို ကြိုက်လဲဆိုတာ အခု သိပြီလား။"

ရွှီကျားနင်က ဂရုမစိုက်ပေ။ သူက အေးစက်စွာ ပြောလိုက်၏။ "စာမေးပွဲကျတဲ့ ကျောင်းသားတွေက ငါနဲ့ ပြိုင်ခွင့်မရှိဘူး။"

လင်ချူးဆွေ့က ရယ်လိုက်သည်။ "ဘယ်သူက နောက်ဆုံးရယ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။"

.........

အတန်းပြီးသောအခါ လုချီသည် ဖွင့်ထားသော ပြတင်းပေါက်ကို ဖြတ်ကာ စာသင်ခန်းထဲသို့ သွက်သွက်လက်လက် ခုန်ဝင်လာသည်။

မိန်းကလေးများသည် သူ၏ ရုတ်တရက် ဝင်လာခြင်းကြောင့် ထိတ်လန့်စွာ အော်ဟစ်လိုက်ကြ၏။

သူသည် လျင်မြန်စွာ ရွေ့လျားသွားပြီး လင်ချူးဆွေ့ နောက်ဘက်ရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ကာ တစ်ဝက်သာ ကျန်သည့် တွင်းထွက်ရေသန့်ပုလင်းကို ဆူညံစွာ ဖွင့်လိုက်သည်။

လင်ချူးဆွေ့က နောက်သို့ လှည့်ကြည့်ရင်း အေးစက်စွာ ​ပြောလိုက်သည်။ "လုချီ နင့်ရဲ့ ပျံ့နှံ့နေတဲ့ ဟော်မုန်းတွေကို ထိန်းချုပ်ထားစမ်းပါ။ ငါတို့ အားကစားသမားတွေကို နာမည်ဆိုး မထွက်စေနဲ့။"

"နာမည်ဆိုးလား။ ချူးဆွေ့ မင်းက ငါ့ကို တစ်ခုခုများ နားလည်မှုလွဲနေတာလား။" လုချီက ဘယ်ဘက်လက်မောင်းမှ ကြွက်သားများကို ညှစ်ထုတ်လိုက်သည်။ "ငါ ဒီကြွက်သားတွေကို ပြလိုက်ရင် အကုန်လုံး မူးမေ့သွားမယ်။"

သူ ထိုစကားကို ပြောပြီးနောက် ရှက်ရွံ့နေဟန်ရှိသည့် မိန်းကလေးတစ်ယောက် ရောက်ရှိလာသည်။ လုချီက စပ်ဖြဲဖြဲဖြင့် သူမကို နှုတ်ဆက်ရန် အသင့်ပြင်လိုက်သည်။

သို့သော် သူ ဘာမှမပြောရသေးခင် ထိုကောင်မလေးက သူ့ကို ကျော်ကာသွားပြီး သူ့ဘေးနားရှိ ရွှီကျားနင်ထံ ချောကလက်ချောင်းတစ်ခုအား ရှက်ကိုးရှက်ကန်းဖြင့် ပေးလိုက်သည်။ "ရွှီကျားနင် ကျေးဇူးပြုပြီး ဒါလေး ယူလိုက်ပါ။ ငါ့အဖေနေ အင်္ဂလန်က ပြန်လာတော့ ဝယ်လာခဲ့တာလေ။ နင် ဒီအရသာကို လွမ်းနေမယ်ထင်လို့။"

"ကျေးဇူး။ ဒါပေမယ့် ငါ အချိုမစားဘူး။" ရွှီကျားနင်က ဘောပင်န်ကို ချလိုက်ပြီး သွားရည်တမြားမြားကျတော့မတတ် ဖြစ်နေသည့် လုချီကို ကြည့်လိုက်သည်။ "အဲဒါကို လိုချင်တဲ့ တစ်စုံတစ်ယောက်ဆီကိုသာ ပေးလိုက်ပါ။"

ကောင်မလေးက စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားခဲ့သည်။

လင်ချူးဆွေ့က ရယ်မောကာ ပြောလိုက်၏။ "အခု မိန်းကလေးတွေ ဘာကိုကြိုက်လဲ သိပြီလား။"

လုချီသည် ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးသင်ထားပြီး ရှပ်အင်္ကျီအဖြူကို ကြယ်သီးအစုံတပ်ကာ ဖြူဖွေးသော အသားအရေနှင့် သပ်ရပ်သန့်ရှင်း ကြည်စင်နေသော ရွှီကျားနင်ကို ကြည့်လိုက်သည်။

လုချီက မကျေမနပ်နှင့် အံကြိတ်လိုက်၏။ "ငါ့လို ယောက်ျားပီသတဲ့ တရုတ်အမျိုးသားက ဘယ်လိုလုပ် ဒီနိုင်ငံခြားသားအတုကောင်ကို ရှုံးနိုင်မှာလဲ။"

လင်ချူးဆွေ့က လုချီ၏ ကြွက်သားများကို ပုတ်လိုက်သည်။ "နင့်လို လူမျိုးကလည်း ရောင်းတန်းဝင်ပါသေးတယ်။"

"တကယ်လား။"

"အင်း.. သတင်းစာထဲမှာ ပါလာတတ်တဲ့ ညီအစ်မတွေကို ရှာလို့ရတယ်။ နင် နောင်ဆယ်နှစ်လောက်အထိ ကြိုးကြိုးစားစား အလုပ်လုပ်စရာ မလိုလောက်တော့ဘူး။"

"..."

ကျန်းချန်ယွီ အတန်းထဲသို့ ဝင်လာပြီး လင်ချူးဆွေ့ထံ လျှောက်လာခဲ့သည်။ "ဒီပိတ်ရက်မှာ ဝိညာဥ်ခေါ်မယ့် မစ်ရှင်ကို ဖျက်သိမ်းလိုက်ရမယ့်ပုံရှိတယ်။"

လင်ချူးဆွေ့ : "ငါ စာစီစာကုံးကို စာလုံးရေသုံးထောင်တောင် ရေးခဲ့ရတာ။ အစီအစဥ်ကို ဖျက်သိမ်းရမယ့် ပုံပဲဆိုတာ ဘာကိုဆိုလိုတာလဲ။"

ကျန်းချန်ယွီက ရေတစ်ငုံသောက်လိုက်ပြီး သူ့ပါးစပ်ကို သုတ်ရင်း ပြောလိုက်သည်။ "အခုလေးတင် ငါ PE ဆရာကို ကူညီဖို့ ရုံးခန်းထဲ သွားခဲ့ရတာ။ ဆရာချင်က ဒီတစ်ပတ် ပိတ်ရက်မှာ ကျောင်းကို ဧည့်သည်တချို့ လာမှာမို့ ရှောက်ယန်က အဆင့်တွေကောင်းပြီး အင်္ဂလိပ်စာတော်တာကြောင့် သူတို့နဲ့အတူ ဧည့်သည်တွေကို တာဝန်ယူပေးဖို့ ပြောနေတာ ကြားခဲ့တယ်။"

ထိုစကားကို ကြားသည့်အခါ ရွှီကျားနင်က သူ့ဘောပင်န်ကို ပစ်ချရင်း မယုံကြည်နိုင်စွာ မေးလိုက်သည်။ "အင်္ဂလိပ်စာ တော်တာလား။ ဒီတစ်ကျောင်းလုံးမှာ ငါ့ထက် ပိုပြီး အင်္ဂလိပ်စာကောင်းတဲ့လူ ဘယ်သူရှိမှာလဲ။"

ကျန်းချန်ယွီက ပြုံး၍ ပြောလိုက်သည်။ "မင်းကို ဘယ်သူက တတိယအဆင့်ပဲ ရခိုင်းလို့လဲ။ ရှောက်ယန်က အမြင့်ဆုံးအဆင့်နဲ့ ဒုတိယနေရာက ချောင်တန့်ချီလေ။ ပြီးတော့မှ မင်းအလှည့်ရောက်မှာ။"

"အဆင့်ပြဿနာပဲလား။" ရွှီကျားနင်က ဒေါသတကြီးဖြင့် မျက်လုံးကို လှိမ့်လိုက်သည်။ "ပြည်တွင်းပညာရေးကတော့ အဆုံးသတ်သွားပြီပဲ။"

လင်ချူးဆွေ့က တရုတ်ပညာရေးအခြေအနေ အဆုံးသတ်ခြင်း ရှိ မရှိကို ဂရုမစိုက်ပေ။ သူမက ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချလိုက်ပြီး ပြောလိုက်သည်။ "ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ ငါ စာစီစာကုံးကို စာလုံးရေ သုံးထောင်တောင် ​ရေးခဲ့တာလေ။"

"သတင်းထောက်တွေနဲ့ တစ်ချိန်လုံး ရှိနေဖို့က ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ။ သူက တီဗီသတင်းမှာ ပါလာနိုင်မှာ ဖြစ်သလို သူ့ရဲ့ ကိုယ်ရေးအကျဉ်းမှာလည်း ကောင်းမွန်တဲ့ အချက်အလက် သေချာပေါက် ဖြည့်စွက်ခံရမှာ။ ရှောက်ယန်လိုမျိုး လောဘကြီး၊ တစ်ကိုယ်ကောင်းဆန်၊ ရည်မှန်းချက်ကြီးတဲ့သူက ဒီအခွင့်အရေးကို ကောင်းကောင်း ဆုပ်ကိုင်ထားမှာ သေချာတယ်။"

လင်ချူးဆွေ့က ဒေါသတကြီးဖြင့် လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။ "သူ လုပ်ရဲရင်... သူသာ တကယ် ယုံကြည်ဖို့ မထိုက်တန်တဲ့ လိမ်ညာမှုမျိုး လုပ်ခဲ့ရင် ငါ... ငါ သူ့ကို အသေရိုက်သတ်ပစ်မယ်။"

အတန်းခေါင်းလောင်းမြည်ပြီးနောက် ရှောက်ယန်က စာသင်ခန်းသို့ ပြန်လာကာ လင်ချူးဆွေ့ ဘေးမှာ ဝင်ထိုင်၍ ဖတ်စာအုပ်ကို ထုတ်ကာ လာမည့် အတန်းချိန်အတွက် ပြင်ဆင်လိုက်သည်။

လင်ချူးဆွေ့က သည်တစ်ကြိမ်၌ ဘာမှမပြောဘဲ တိတ်ဆိတ်နေကာ သူ့ကို လုံးဝ အာရုံစိုက်မနေခဲ့ပေ။

နောက်အတန်းမှ လုချီက သတိပေးရန် လင်ချူးဆွေ့၏ ကျောကို သူ့ဘောပင်ဖျားဖြင့် ခပ်ဖွဖွ ထိုးလိုက်သည်။ သူမက ထို ယုံကြည်ရန် မထိုက်တန်သော 'ကလိမ်ကကျစ်' ကို သေအောင် ရိုက်သတ်မည်ဟု ပြောခဲ့သည် မဟုတ်ပါလား။ မြန်မြန်လေး လုပ်လိုက်တော့လေ

လင်ချူးဆွေ့က ကိုးရို့ကားယားနိုင်စွာဖြင့် သူမဘေးနားရှိ ရှောက်ယန်၏ အမူအရာကို လေ့လာလိုက်သည်။ သူက ပုံမှန်ကဲ့သို့ပင် ပျင်းရိနေဟန်ရှိပြီး သူ့မျက်နှာက အေးစက်စက်နှင့် ခံစားချက် အရိပ်အယောင် လုံးဝ မတွေ့ရပေ။

သူက ဆရာချင်နှင့် သေချာ စကားပြောပြီးသွားပြီ ဖြစ်ရမည်။ နိုင်ငံခြားဧည့်သည်များကို လက်ခံတွေ့ဆုံရန်မှာ ရှားရှားပါးပါး အခွင့်အရေးတစ်ခုဖြစ်သည်။

လုချီက လင်ချူးဆွေ့၏ နောက်ကျောကို ဘောပင်ထိပ်ဖျားဖြင့် အဆက်မပြတ် ထိုးနေကာ ပြဿနာကို မြန်မြန်လေး ​ဖြေရှင်းရန် တိုက်တွန်းနေသည်။

လင်ချူးဆွေ့က စာရွက်ပိုင်းလေး ထုတ်ကာ ရှောက်ယန်ထံ မှတ်စုတိုလေး ရေးရန် ပြင်လိုက်သည်။

သူမသည် အစက သူ့ကို စာဖြင့် အပြစ်တင်ရန် ရည်ရွယ်ထားသော်လည်း စာရွက်ပေါ်တွင် ဘောပင်တင်လိုက်သောအခါ ရှဲ့ထင်းကလပ်တွင် အလုပ်လုပ်နေသော သူ့ပုံစံကို ပြန်စဥ်းစားမိကာ အကြွေးတောင်းရန် ဆိုင်အထိ ရောက်လာသော အကြွေးတောင်းသူများအကြောင်း တွေးလိုက်မိသည်။

ထို့ကြောင့် ရှောက်ယန်ဆီ ရောက်သွားသော မှတ်စုတိုထဲတွင် မူလတန်း လက်ရေးဖြင့် ရေးထားသော စာကြောင်းလေး ရှိသည်။ "ဒီအပတ်မှာ နင် အလုပ်ရှုပ်နေတယ်ဆိုရင် ငါတို့ တွေ့ဖို့ကို ထပ်စီစဉ်လို့ ရတယ်။ အရေးကြီးတဲ့ကိစ္စကို အရင်လလုပ်ရမယ်လေ။ [ပြုံးနေသောမျက်နှာ]"

ရှောက်ယန်သည် အတန်းချိန်အတွင်း၌ သူမအား စာပြန်ရေးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူက မှတ်စုတိုကို တစ်ချက်ကြည့်လိုက်သည့်အခါ သူ့အကြည့်တွေက ပြုံးရွှင်နေသည့် အပြုံးမျက်နှာ အီမိုဂျီလေးပေါ် တည်ငြိမ်စွာ ကျရောက်သွားသည်။

သူသည် မင်နက်ရောင် ဘောပင်န်ကို ကောက်ယူကာ သူမ စကား စာကြောင်းများ၏ အောက်၌ ရေးခြစ်ခဲ့သည်။

"ငါ လာခဲ့မှာပါ။ စိတ်မပူနဲ့။"

ပြတ်သားကာ ကျော့ရှင်းသည့် စုတ်ချက်များဖြင့် ရေးသားထားသော စကားလုံးများကို ကြည့်ရင်း လင်ချူးဆွေ့က အံ့အားသင့်စွာ မော့ကြည့်လိုက်မိသည်။

ရှောက်ယန်၏ နက်ရှိုင်းသော အကြည့်များနှင့် မတော်တဆ ဆုံတွေ့လိုက်ရခြင်းကြောင့် သူမ နှလုံးခုန်မြန်လာခဲ့သည်။

သူမက ကိုးရို့ကားယားဖြင့် အကြည့်လွှဲလိုက်ပြီး မှတ်စုထဲတွင် ရေးလိုက်သည်။ "ဒါပေမယ့် ဆရာချင်က နင့်ကို တစ်သက်မှာ တစ်ခါ ရမယ့် အခွင့်အရေးမျိုး ပေးခဲ့တာနော်။"

သူတို့၏ အတန်းပိုင် ဆရာချင်အတွက် ရှောက်ယန်က လက်ဖဝါးထဲမှ အဖိုးတန် ရတနာတစ်ပါးဖြစ်ကြောင်း သူမသိရှိပေသည်။ အကယ်၍ ၎င်းသည် အလွန် ကောင်းမွန်သော အခွင့်အရေး တစ်ခုသာ မဟုတ်ပါက ဆရာချင်သည် ရှောက်ယန်အား ပါဝင်စေရင်း အချိန်ဖြုန်းစေလိမ့်မည် မဟုတ်ပေ။

အဆုံးမှာတော့ ကျောင်းဉာဏ်ကြီးရှင်၏ မိနစ်တိုင်းစက္ကန့်တိုင်းက အလွန် အဖိုးတန်လှပေသည်။

"နင် သွားသင့်တယ်။ ဒီလိုအခွင့်အရေးကြီးကို လက်လွှတ်မခံနဲ့။ ငါတို့ တွေ့ဖို့က နောက်ထပ် တခြားအချိန်မှာ ထပ်စီစဥ်လို့ရတယ်။"

လင်ချူးဆွေ့က မှတ်စုကို ရှောက်ယန်ထံ ပေးလိုက်ပြီး သူ့ကို စိတ်ရင်းမှန်သည့် မျက်လုံးများနှင့် ကြည့်ရင်း မျက်တောင်ခတ်လိုက်သည်။

ရှောက်ယန်က ကလေးဆန်သော လက်ရေးကို စိုက်ကြည့်ကာ စာပြန်မရေးခင် ခဏရပ်လိုက်သည်။ "မင်းအတွက် ငါကတိမဖျက်ချင်ဘူး။"

ထိုစာကြောင်းကို ရေးပြီးနောက် ​ရှောက်ယန်က အနည်းငယ်စဉ်းစားပြီး 'မင်းအတွက်' ဟူသော စကားလုံးများကို ခြစ်ချလိုက်သည်။

"ကတိမဖျက်ချင်ဘူး။"

လင်ချူးဆွေ့သည် မှတ်စုကိုယူကာ ထိုစာကြောင်းကို ကြည့်လိုက်ပြီးနောက် ရှောက်ယန်အား အနည်းငယ် ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်လိုက်သည်။

ပြတင်းပေါက် အပြင်ဘက်တွင် ဂင်ဂိုပင်များမှ အဝါရောင်သစ်ရွက်များ ကြွေကျနေပြီး အေးမြလတ်ဆတ်သည့် ဆောင်းဦးလေပြေညင်းက ညင်သာစွာ တိုက်ခတ်နေသည်။

ရှောက်ယန်က ကျောက်သင်ပုန်းကို အလေးအနက်ထား၍ ကြည့်နေသည်။ သူ၏ မျက်ဝန်းထောင့်စွန်းက အဖျားတွင် ကော့တက်နေကာ သူ၏ အေးစက်မာကျောသော စိတ်ထားနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် နူးညံ့သိမ်မွေ့မှုအချို့ကို ဖော်ပြနေပုံရသည်။

တခါတရံတွင် လင်ချူးဆွေ့သည် ထိုထူးချွန်ထက်မြက်သော ကျောင်းသားများ၏ အတွေးအခေါ်များကို အမှန်တကယ် နားမလည်ခဲ့ပေ။

'မင်းအတွက်' ဆိုသည့် စကားလုံးကို ခြစ်ချလိုက်ရုံဖြင့် သူမက အဲဒီစာလုံးကို မမြင်နိုင်တော့ဘူးလို့ သူ ထင်နေတာလား။

***

All Chapters