← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

အပိုင်း ( ၄၄ )

ပိတ်ရက် နေ့လယ်ခင်းတွင် ရှောက်ယန်က ကတိပေးထားသည့်အတိုင်း Times Square သို့ ရောက်လာခဲ့သည်။

လင်ချူးဆွေ့၊ လုချီ နှင့် အခြားလူများက စောစောရောက်လာကြပြီး ပထမထပ်တွင် စောင့်ဆိုင်းနေကာ ရှောက်ယန်ထံသို့ စောင့်ဆိုင်းနေသည့် တည်နေရာအား ပို့ပေးလိုက်သည်။

ရှောက်ယန် ရောက်ရှိလာသောအခါတွင် သူတို့က အရုပ်ကောက်စက်အနီး၌ စုဝေးနေကြပြီး ကျယ်လောင်စွာ ငြင်းခုန်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

"ရွှီကျားနင် နင်က အရုပ်ကောက်တာ တော်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။"

"ငါ တကယ် တော်တယ်လေ!"

ရွှီကျားနင်က ချစ်စရာအရုပ်လေး သုံးရုပ်ကို ကိုင်ဆောင်ထားသည်။ "ဒင်္ဂါးတစ်ပြားတည်းနဲ့ Marlboros တစ်ဘူးလောက် ရအောင် ကောက်ကြည့်ပါလား။ ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး။"

လင်ချူးဆွေ့၊ လုချီနှင့် အခြားလူများက ထိုအရုပ်ကောက်စက်အနီးတွင် မဟုတ်ဘဲ သေနတ်ဖြင့် ပစ်ရသည့် အရုပ်စင်အနီး၌ စုဝေးနေကြသည်။ ထိုအရုပ်ကေစင်တွင် တံဆိပ်အမျိုးမျိုးနှင့် စီးကရက်များ၊ Chanel နှုတ်ခမ်းနီများ၊ အဆင့်မြင့်တံဆိပ် ရေမွှေးများနှင့် iPhone များပင် ရှိနေ၏။

၎င်းတို့ကို တင်ထားသည့် စင်က ရွေ့လျားနေပြီး ၎င်းတို့ကို ပြုတ်ကျလာအောင် ပစ်ချရန်သာ လိုပေသည်။

နောက်တစ်ခါ ထပ်မံ ကျရှုံးပြီးနောက် ရွှီကျားနင်က မကျေမနပ် နှင့် ပြောလိုက်သည်။ "အဲဒီဟာတွေက ဘာမှားနေတာလဲ။"

"ကလေးဆန်လိုက်တာ။" လင်ချူးဆွေ့က သူ့ကို တွန်းဖယ်လိုက်သည်။ "ဒါကို ဘယ်လိုလုပ်ရလဲဆိုတာ နင့်ကို ပြဖို့ ငါကိုယ်တိုင် လုပ်ရတော့မှာပေါ့။ ဒီစီးကရက်ဘူးကို ငါ ဘယ်လို ရအောင် ယူမလဲဆိုတာ စောင့်ကြည့်လိုက်။"

သူတို့၏ အနောက်မှ ရှောက်ယန်၏ သံလိုက်ကဲ့သို့ ခပ်နိမ့်နိမ့်နှင့် ညှို့ဓာတ်ပါသော အသံ ထွက်ပေါ်လာသည်။

"လင်ချူးဆွေ့ မင်း ဘာတွေ ရအောင်ယူဖို့ ကြိုးစားနေတာလဲ။"

လင်ချူးဆွေ့၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ခေါင်းကို လှည့်ကာ ရှောက်ယန်၏ အပြောင်းအလဲမရှိသည့် မျက်နှာကို ကြည့်လိုက်သည်။

သူက ဆံပင်ညှပ်ထားပုံရကာ သူ၏ အရှေ့ဆံပင်များက ပိုတိုသွားပြီး မျက်ခုံးများက ပို၍ ထက်ရှလာပုံပေါ်သည်။ သူသည် အလွန် သန့်ပြန့်သော မီးခိုးရောင်လည်ဝိုင်း ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားပြီး လန်းဆန်းကာ တောက်ပနေသည်။

သူ့ အကြည့်များ​က လင်ချူးဆွေ့၏ သေနတ်က ချိန်ရွယ်ထားသည့် Marlboros(စီးကရက်) ဘူးပေါ် ကျရောက်သွားသည်။ သူ့လေသံက အေးစက်လာကာ ပို၍ အသံမြင့်လာ၏။ "မင်း ဘာကို ရအောင် ယူဖို့ ကြိုးစားနေတာလဲ။"

လင်ချူးဆွေ့သည် သေနတ်ကို လျင်မြန်စွာ ချလိုက်ပြီး လုချီအား ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ငါ.... ငါ အရုပ်ကောက်ချင်တယ်လို့ ပြောခဲ့တာကို နင်က စီးကရက်ကို သေနတ်နဲ့ ပစ်ပေးဖို့ အတင်းခိုင်းခဲ့တာလေ။ လူငယ်တွေက ကျန်းကျန်းမာမာနဲ့ အကောင်းမြင်တဲ့ ဘဝမျိုးမှာ နေထိုင်သင့်တယ်။ လုချီ ငါ နင့်ကို အရမ်းစိတ်ပျက်မိတယ်။"

လုချီ : ???

လင်ချူးဆွေ့က အနည်းငယ် ကိုးရို့ကားယားနိုင်စွာဖြင့် ရှောက်ယန်အား ပြောလိုက်သည်။ "အတန်းဖော်ရှောက် ဒီလူဆိုးကောင်တွေနဲ့ လျှောက်မဆော့ကြရအောင်။ ငါတို့ သွားကြမယ်။"

စကားပြောပြီးနောက် သူမက လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း ရှောက်ယန်က သူမ၏ ကော်လာကို လက်တစ်ဖက်ဖြင့် ဆွဲကာ အရုပ်စက်ဆီသို့ ခေါ်သွားရင်း ပြောလိုက်သည်။ "လင်ချူးဆွေ့ ငါ့ကို မလိမ်နဲ့။ မလှည့်စားနဲ့။"

သူ၏ အေးစက်သော အမူအရာကို မြင်လိုက်ရသည့်အခါ လင်ချူးဆွေ့က အနည်းငယ် ကြောက်လန့်သွားသည်။ သူမက ရိုးသားစွာ ဝန်ခံလိုက်၏။ "ငါ သေနတ်နဲ့ ကစားပြီး စီးကရက်ဘူးကို ပစ်ချမလို့ လုပ်နေရုံပါပဲ။ ဆေးလိပ်သောက်မလို့ မဟုတ်ပါဘူး။"

သူမ ဆေးလိပ်ဖြတ်မည်ဟု ကတိပေးလိုက်ပြီးကတည်းက ထိုအရာများအနီးသို့ ယောင်၍ပင် မကပ်တော့ပေ။

"အဲဒါအမှန်ပါ။" လုထျန်းပိုင်က အလျင်အမြန် ဝင်၍ ကူညီရှင်းပြလိုက်သည်။ "ချူးချူးက တကယ် ဆေးလိပ်မသောက်တော့ဘူး။ အဲဒီ စီးကရက်က ငါ့အစ်ကိုအတွက်ပဲ။"

ရှောက်ယန်က လုချီကို တစ်ချက်ကြည့်လိုက်သည်။ လုချီက လက်နှစ်ဘက်ကို ဖြန့်ပြီး ပခုံးတွန့်လိုက်၏။ "ငါက အရွယ်ရောက်နေပြီနော်။ မင်းက ငါ့ကိုပါ ထိန်းချုပ်ချင်နေတာလား။"

"မင်းက အရွယ်မရောက်သေးရင်တောင် ငါ မင်းအတွက် အနှောက်အယှက်အဖြစ်ခံမှာ မဟုတ်ဘူး။ ငါက သူမတစ်ယောက်တည်းကိုပဲ တာဝန်ယူမှာ။" ရှောက်ယန်က လင်ချူးဆွေ့ကို လွှတ်ပေးလိုက်ပြီး အပြစ်ပေးသည့်အနေနှင့် သူမခေါင်းကို ပုတ်လိုက်သည်။ "လင်ချူးဆွေ့ ငါ့ကို ထပ်မလိမ်နဲ့။ မလှည့်စားနဲ့။"

သူ၏ ခက်ထန်သော လေသံက အနည်းငယ် ပြေလျော့သွားသည်ကို မြင်သည့်အခါ လင်ချူးဆွေ့သည်လည်း စိတ်ပေါ့သွားကာ အပြုံးတို့ ထွက်ပေါ်လာသည်။ "သွားရအောင်။ သွားရအောင်။"

"ပိုက်ဆံတွေ အများကြီးကုန်ထားတာကို ဒီအတိုင်း ထွက်သွားရမှာလား။" ရွှီကျားနင်က ပြောလိုက်သည်။ "အနည်းဆုံး တစ်ခုခုတော့ ရအောင် ယူရမှာပေါ့။"

"နင်က အရုပ်တွေ ထပ်လိုချင်သေးလို့လား။"

ရွှီကျားနင်က သေနတ်စက်ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ထပ် ဂိမ်းအကြွေစေ့တချို့ တွန့်ဆုတ်စွာ ထည့်လိုက်သည်။ "အနည်းဆုံးတော့ iPhone တစ်လုံးလောက် ရအောင် ယူရမှာပေါ့။"

"နင့်မှာ တကယ့်ကို လောင်းကစားသမား စိတ်ဓာတ် ရှိတာပဲ။" လင်ချူးဆွေ့က သူ့ကို ဝေဖန်လိုက်သည်။ "ရှုံးလေလေ ပိုပြီး အစွဲကြီးလာလေပဲ။ နင် သေချာသတိထား။ မဟုတ်ရင် ဘောင်းဘီပါ အကုန်ကုန်သွားလိမ့်မယ်။"

ရွှီကျားနင်က သူမကို မယုံပေ။ သူက ဆက်ကစားနေပြီး စီးကရက်နှင့် ယှဥ်လျှင် နာမည်ရှိသည့် ရေမွှေးက ရရန် ပို၍ ခက်ခဲပေသည်။ စင်က ဆက်တိုက် ရွေ့လျားနေသည့်အတွက် ၎င်းကို ရအောင် ပစ်နိုင်ရန် တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံအတွင်း အတိအကျ လုပ်ဆောင်ရန် လိုအပ်သည်။

သူက အကြိမ်ရေများစွာ ကြိုးစားခဲ့ပြီး ယွမ်နှစ်ရာကို အလွယ်တကူ ဖြုန်းတီးပစ်ခဲ့သော်လည်း ကျရှုံးနေဆဲ ဖြစ်သည်။

ရွှီကျားနင်၏ မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် နီမြန်းနေသည်။

သူ့ကို ထိုကဲ့သို့ ပုံံစံဖြင့် မြင်လိုက်ရသည့်အခါ လင်ချူးဆွေ့က သူ့ကို အမှန်တကယ် "လောင်းကစားသမား" ဟု သတ်မှတ်လိုက်သည်။

"နင့်မှာ ဖုန်းတွေ မရှိလို့လား။လျှော့စျေးရအောင် အခွင့်ကောင်းယူဖို့ ကြိုးစားနေတာလား။ နင့်မှာ ရှိသမျှ အရာအားလုံး ဆုံးရှုံးမသွားအောင် သတိထားဦး။"

"ပါးစပ်ပိတ်ထား။"

"အေးပါ။ အေးပါ။ နင့်ရဲ့ စျေးပေါတဲ့ ညီမလေးက နင့်ကို ကူညီရမှာပေါ့။"

လင်ချူးဆွေ့သည် သူမ၏ ကျွမ်းကျင်မှုက သိပ်မကောင်းလှသော်လည်း ရွှီကျားနင်ထက်တော့ ပိုသာလိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။

သူမသည်လည်း အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် ကျရှုံးခဲ့ပေသည်။

ဤသေနတ်စက်ကို ကစားရတာ အမှန်တကယ်ကို စွဲလမ်းစေသည်။ အနိုင်ရဖို့ နည်းနည်းလေးသာ လိုတော့ပြီး နည်းနည်းလေး ထပ်ကြိုးစားရုံသာ လိုအပ်သည့် ခံစားမိတိုင်း လူတွေကို မျှော်လင့်ချက်ဖြစ်လာစေပြီး အရှုံးမပေးချင်သည့် ခံစားချက်ကို ပေးစွမ်းပေသည်။ ထပ်ကြိုးစားလိုက်သည့်အခါတိုင်း ပိုမို စိတ်လှုပ်ရှားလာစေပြီး နောက်တစ်ခေါက် ထပ်ကြိုးစားရုံနှင့် အောင်မြင်မည်ဟု ခံစားရစေ၏။

ရှောက်ယန်က လက်ပိုက်ထားရင်း အေးစက်စက်နှင့် ဘေးမှ စောင့်ကြည့်နေသည်။

အကြိမ်ပေါင်းများစွာ ကျရှုံးပြီးနောက် လင်ချူးဆွေ့က သူ့ကို လှည့်ကြည့်လာကာ မေးလိုက်သည်။ "အတန်းဖော်ရှောက် နင် ဒါ ကစားတာတော်လား။"

"သေချာပေါက် အတန်းဖော်ရှောက်က တော်တာပေါ့။"

"ဒါဆို စမ်းကြည့်။"

ရှောက်ယန်က အမူအရာမဲ့နေသည့် မျက်နှာနှင့် စက်ကို မှီကာ ပျင်းတိပျင်းရွဲ ရပ်လိုက်သည်။ "ဒါပေမယ့် အတန်းဖော်ရှောက်က စိတ်မဝင်စားဘူး။"

လင်ချူးဆွေ့က နှုတ်ခမ်းစူကာ သူမ ဖုန်းကို ထုတ်၍ နောက်ထပ် ဂိမ်းအကြွေစေ့များရရန် စကင်န်ဖတ်လိုက်သည်။ ရှောက်ယန်က သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်ကာ ဂိမ်းအကြွေ​စေ့တစ်ခုကို ကောက်ကိုင်၍ လက်ထဲတွင် ချိန်ဆလိုက်သည်။ "မင်း ငါ့ကို မတောင်းဆိုဘူးဆိုရင်ပေါ့။"

အစောပိုင်းက စီးကရက် အဖြစ်အပျက်ကြောင့် စိတ်ဆိုးနေမှာ စိုးရိမ်နေသည့် လင်ချူးဆွေ့က သူ၏ ပေါ့ပါးသော လေသံကို ကြားသည့်အခါ စိတ်သက်သာသွားသည်။ သူမက သူ၏ ဆွယ်တာအင်္ကျီလက်ကို ဆွဲကိုင်ကာ ချွဲနွဲ့ဟန်ဖြင့် တောင်းဆိုလိုက်၏။ "အတန်းဖော်ရှောက်ရေ ကျေးဇူးပြုပြီး ငါ့အတွက် တစ်ခုလောက် ရအောင် ယူပေးပါလားနော်။"

ရှောက်ယန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းဖြစ်ပြီး ထိုမိန်းကလေးက ထိုမျှ လွယ်လွယ်နှင့် သူပြောသလို လုပ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူ့တွင် ငြင်းစရာ အကြောင်းပြချက် မရှိတော့သည့်အတွက် ဂိမ်းအကြွေစေ့ကို ထည့်ရင်း မေးလိုက်သည်။ "ရေမွှေး၊ နှုတ်ခမ်းနီ ၊ iPhone ဘယ်ဟာလဲ။"

"နှုတ်ခမ်းနီ။ အဲဒါက ပိုလွယ်တယ်။"

သူမ စကားမဆုံးခင်မှာ 'ကလောင်' ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီး Iphone ထည့်ထားသည့် ဘူးတစ်ဘူး ပြုတ်ကျလာသည်။

လင်ချူးဆွေ့က စကားမပြောနိုင်လောက်အောင် အံ့ဩသွားသည်။

"ဆောရီး လက်ချော်သွားတာ။" ရှောက်ယန်က iPhone ကို ကောက်ကိုင်လိုက်ပြီး လင်ချူးဆွေ့အား ပေးလိုက်သည်။ "မင်းအတွက် နှုတ်ခမ်းနီ ထပ်ယူပေးမယ်။"

လင်ချူးဆွေ့က iPhone ဘူးကို မယုံကြည်နိုင်စွာ လှုပ်ခါလိုက်ပြီး အထဲ၌ ဖုန်းအစစ် ရှိမရှိ နားထောင်ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် "ကလန်" ဟူသော အသံနှင့် Chanel နှုတ်ခမ်းနီတစ်ချောင်းလည်း ထွက်ကျလာ၏။

သူက နှုတ်ခမ်းနီကို ကောက်ယူပြီး ဘူးကို ဖွင့်ကာ စစ်ဆေးလိုက်ပြီးနောက် လင်ချူးဆွေ့ထံ ပေးလိုက်သည်။ "ဒါက အစစ်ဖြစ်တဲ့ပုံပဲ။ မင်း သုံးလို့ရနိုင်တယ်။"

ဤကဲ့သို့ နတ်ဘုရားဆန်ဆန် လုပ်ဆောင်မှုသည် လုချီနှင့် ကျန်းချန်ယွီကို ကြက်သေသေသွားစေခဲ့သည်။

ရွှီကျားနင်က ချက်ချင်း လက်ခုပ်တီးလိုက်သည်။ သူသည် ယခင်က ရှောက်ယန်ကို တစ်ခါမှ ယုံကြည်ခြင်း မရှိဖူးပေ။

"ဖာ့ခ်! အတန်းဖော်ရှောက်က အရမ်း အံ့သြဖို့ ကောင်းတာပဲ။"

"ဒါက ဖုန်းအစစ်လား။ ကစားစရာလား။"

"မဖြစ်နိုင်ဘူး! ဘယ်လိုမှ မဖြစ်ဘူး!"

.....

လင်ချူးဆွေ့က ထိုင်ချလိုက်ပြီး iPhone ဘူးကို ဖွင့်ကာ အသစ်စက်စက် ဖုန်းအား ထုတ်ယူလိုက်သည်။ သူမ ဖုန်းပါဝါခလုတ်ကို ဖွင့်လိုက်သည့်အခါ ဖန်သားပြင်က လင်းလာ၏။

"ဖုန်းအစစ်ပဲ။"

"သေစမ်း။"

လုချီက ရှောက်ယန်ကို ဆွဲကာ ပြောလိုက်၏။ "ညီအစ်ကို၊ ငါ့အတွက်လည်း ယူပေးစမ်းပါ။ ငါးဆယ်ငါးဆယ် ခွဲယူကြမယ်လေ။"

​ရှောက်ယန်က ငြင်းဆန်လိုက်သည်။ "ထပ်မကစားတော့ဘူး။"

"ဘာလို့လဲ။"

"ဆရာ စီစဉ်ပေးတဲ့ အခွင့်အရေးကို ငါ ငြင်းခဲ့တာ ဒီမှာ မင်းတို့နဲ့အတူ အရုပ်လာကောက်ဖို့ မဟုတ်ဘူး။"

"မင်း အိမ်မှာ iPhone မရှိဘူးလား။" ကျန်းချန်ယွီက လုချီကို ဘေးသို့ ဆွဲခေါ်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။ "အတန်းဖော်ရှောက်က ပိတ်ရက်မှာ သူ့ရဲ့ အဖိုးတန်အချိန်တွေကို စတေးခဲ့တာ အစ်ကိုချူးနဲ့ ချိန်းတွေ့ဖို့လေ။ နည်းနည်းပါးပါး အခြေအနေကို အကဲခတ်ပါဦးလား။"

"ဟုတ်သားပဲ။ ငါတို သီးသန့်ဂိမ်းက စတော့မှာ။ အပေါ်ထပ် တက်ကြရအောင်။"

ထို့နောက် သူတို့က အဖွဲ့လိုက် ဓာတ်လှေကားထဲသို့ ဝင်လိုက်ကြသည်။

လင်ချူးဆွေ့က ဖုန်းကို လက်တစ်ဖက်က ကိုင်ထားပြီး နောက်တစ်ဖက်က နှုတ်ခမ်းနီကို ကိုင်ကာ ပါးစပ်နားရွက် တက်ချိတ်အောင် ပြုံးနေ၏။

ရွှီကျားနင်က အထင်အမြင်သေးစွာ ပြောလိုက်သည်။ "ဒါလေးနဲ့ မင်းကို အရူးတစ်ယောက်လို အကြာကြီး ပြုံးနေအောင် လုပ်နိုင်တယ်လား။ မင်းက သူဌေးသမီးရော ဟုတ်သေးရဲ့လား။"

လင်ချူးဆွေ့၏ မိသားစုနောက်ခံဖြင့် သူမအမေသည် သူမကို လိုချင်သမျှဝယ်ရန် စရိတ်စကများစွာ ပေးခဲ့သည်။

သို့ပေမယ့် အတိအကျပြောလျှင် ဤပစ္စည်းများမှာ သူမ ပိုက်ဆံမကုန်ဘဲ သူမ၏ အံ့သြဖွယ် ကောင်းလှသော အတန်းဖော်ရှောက်ယန်က သူမအတွက် ရအောင် ယူပေးခဲ့ခြင်းဖြစ်သည့်အတွက် သူမ စိတ်အခြေအနေအား ကောင်းမွန်နေစေသည်။

"တချို့လူတွေကတော့ မနာလိုဖြစ်လွန်းလို့ သူတို့ မျက်လုံးတွေတောင် စိမ်းကုန်ရှာပြီ။ သူမက ရွှီကျားနင်ကို ခွန်းတုန့်ပြန်လိုက်သည်။ "အခုလေးတင်ပဲ နင် ဘောင်းဘီတောင် အကုန်ကုန်တော့မလို့မလား။"

ရွှီကျားနင် : "လောင်းကစားက ပျော်စရာကောင်းတယ်။"

"ခေါင်းမာလိုက်တာ။"

ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် ကျန်းချန်ယွီက လူတိုင်းကို လေးလွှာရှိ [သဘာဝလွန်ဖြစ်ရပ်များသုတေသနစင်တာ] ဟု ရေးထားသည့် နေရာသို့ ခေါ်ဆောင်သွားသည်။

တံခါးပေါက်၌ ပိုစတာတစ်ခု ချိတ်ဆွဲထားသည်။

"အိပ်မွေ့ချခြင်း၊ တားရော့၊ ရာသီခွင်ကြည့်ရှုခြင်း၊ အမည်ဖြင့်ကံကြမ္မာတွက်ခြင်း...]

လင်ချူးဆွေ့က ကျန်းချန်ယွီကို ကြည့်ကာ မေးလိုက်သည်။ "အစ်ကိုရေဘဝဲ ဒါက ဗေဒင်ဟောတဲ့ဆိုင် မဟုတ်ဘူးလား။"

"ဒါက အယူသည်းတဲ့ ဗေဒင်ဟောတာမျိုး မဟုတ်ဘူး။ သိပ္ပံနည်းကျ ဗေဒင်တွက်တာမျိုးပါဟ။" ကျန်းချန်ယွီက ပိုစတာကို လက်ညှိုးထိုးပြလိုက်သည်။ "သူတို့က အွန်လိုင်းမှာ မတော်တဆမှုဆိုင်ရာ အချက်အလက် အမျိုးမျိုးကို စုဆောင်းပြီး ခန့်မှန်းမှုတွေ ပြုလုပ်ဖို့အတွက် ကြီးမားတဲ့ဒေတာတွေကို အသုံးပြုပြီး ခွဲခြမ်းစိတ်ဖြာတာ။ အရမ်းတိကျတယ်။"

လင်ချူးဆွေ့ : "ကြီးမားတဲ့ ဒေတာတွေနဲ့ ဗေဒင်ဟောတာ။ အဲဒါကလည်း ဗေဒင်ဟောတာပဲ မဟုတ်ဘူးလား။ ဘယ်လိုပဲကြည့်ကြည့် ပဒေသရာဇ် အယူသီးတဲ့ ပုံစံပေါ်နေတုန်းပဲ။"

လုချီက ပြောလိုက်သည်။ "ညီအစ်ကိုချူး အရင်တုန်းက ဝိညာဥ်ခေါ်တဲ့ ဂိမ်းကစားဖို့ အကြံပေးခဲ့တာ မင်း မဟုတ်ဘူးလား။"

လင်ချူးဆွေ့က ရွှီကျားနင်ကို ကြည့်လိုက်သည်။ "စျေးပေါတဲ့ အစ်ကို နင် ဘယ်လိုထင်လဲ။"

"ကရကဋ်​ တစ်​​ယောက်​အ​နေနဲ့ ရာသီခွင်အဟောတွေက အဓိပ္ပါယ်​ရှိတယ်​လို့ ထင်​တယ်။"

လုထျန်းပိုင် "အစ်ကိုကျားနင် ရှင်က ကရကဋ်ရာသီခွင်လား။ အဲဒါက အိမ်တော်ထိန်းလိုမျိုး အကောင်းဆုံးချစ်သူ ပုံစံပဲ။"

ရွှီကျားနင်က ပြုံးလိုက်သည်။ "ဟုတ်တယ်။"

"ကျွန်မက မိန်ရာသီမို့လို့ ကျွန်မတို့က အတော်လေး..."

သူမ စကားမဆုံးခင် လုချီက ပျင်းရိစွာဖြင့် သူ့လက်မောင်းကို သူမ ပခုံးပေါ် ပစ်တင်လိုက်သည်။ "လုံးဝ မလိုက်ဖက်ဘူး.. ကျေးဇူး။"

လင်ချူးဆွေ့က ရှောက်ယန်ကို မေးလိုက်သည်။ "သင်ယူခြင်းနတ်ဘုရား နင့်ရဲ့ ရာသီခွင်က ဘာလဲ။"

"မသိဘူး။"

"ဒါဆို နင့်မွေးနေ့က ဘယ်တော့လဲ။"

ရှောက်ယန်က ချက်ချင်း ပြန်မဖြေဘဲ ခဏတာ တုံ့ဆိုင်းသွားသည်။ ကျန်းချန်ယွီက လင်ချူးဆွေ့ ခြေထောက်ကို တိတ်တဆိတ် တက်နင်းလိုက်ပြီးနောက်မှ သူမသည် ရှောက်ယန်က မိဘမဲ့ဖြစ်ကြောင်း သတိရလိုက်သည်။

သူက ဘယ်နှစ်မှာ မွေးသလဲဆိုသည်ကိုပင် မသိခြင်း ဖြစ်နိုင်ပေသည်။

"ရာသီခွင် လက္ခဏာတွေဆိုတာ အယူသီးမှုသက်သက်ပါပဲ။" သူမက ရယ်မောရင်း ပြောလိုက်သည်။ "အဲဒီအရာတွေကို ငါဘယ်တုန်းကမှ မယုံဘူး။"

ရှောက်ယန်က မဖြေခင် ခေါင်းကို အနည်းငယ်ငုံ့ကာ တွေးလိုက်သည်။ "ငါ ငယ်ငယ်တုန်းက ဒါရိုက်တာ ပြောတာ ​ကြားဖူးတယ်။ လူနာနှစ်သစ်ရဲ့ အေးစက်တဲ့ ဆောင်းရာသီမှာ မိဘမဲ့ဂေဟာတံခါးရှေ့ စွန့်ပစ်ခဲ့တာတဲ့။ အဲဒါကြောင့် နိုဝင်ဘာလမှာ မွေးတာ ဖြစ်နိုင်တယ်။”

"နိုဝင်ဘာလ ဗြိစ္ဆာရာသီဖွား။" လုထျန်းပိုင်က လင်ချူးဆွေ့နားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။ "ဆယ့်နှစ်ရာသီခွင်ထဲမှာ ကောက်ကျစ်ပြီး ခြယ်လှယ်တတ်တဲ့ ချစ်သူမျိုး။ အတိအကျကို ရှောင်ရှားဖို့ သင့်တဲ့ ရာသီခွင်ပဲ။"

"အဓိပ္ပါယ်မရှိ အယူသီးနေတယ်။" လင်ချူးဆွေ့က လျစ်လျူရှုကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ "အဲဒီအရာတွေကို ငါ ဘယ်တုန်းကမှ မယုံဘူး။"

သူတို့က တွန်းတွန်းတိုက်တိုက် ပြောဆိုရင်း သဘာဝလွန်ဖြစ်စဥ်သုတေသနစင်တာသို့ ဝင်သွားကြသည်။

အထဲရှိ မီးအလင်းရောင်က ခပ်မှိန်မှိန်ဖြစ်သည်။ စင်္ကြံများတွင် ခြောက်ခြားဖွယ်ကောင်းသော ပန်းချီကားများ တန်းစီ ချိတ်ဆွဲထားသည်။ ဘီရိုများထဲတွင် နက္ခတ်ဗေဒင်ကတ်များ၊ ဖန်ဘောလုံးများနှင့် အခြားသော ဗေဒင်အသုံးအဆောင်ပစ္စည်းများဖြင့် ပြည့်နှက်နေကာ အနည်းငယ် ခြောက်ခြားဖွယ်ကောင်းနေ၏။

အရှေ့ ကောင်တာမှ ဧည့်ကြိုက သူတို့၏ လက်မှတ်ဘားကုဒ်ကို စကင်န်ဖတ်ပြီးနောက် ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ဆိုဖာပေါ်မှာ ခဏလောက် ထိုင်ကြပါဦး။ အရင်ဖောက်သည်က မပြီးသေးတာမို့ စောင့်ရင်းနဲ့ ဘုတ်ဂိမ်းတွေ ကစားချင် ကစားလို့ ရပါတယ်။"

သူတို့က ဆိုဖာပေါ်မှာ ထိုင်လိုက်ကြသည်။ လင်ချူးဆွေ့သည် ရှောက်ယန်က သူမ​နောက်မှ ကပ်လိုက်လာပြီး သူမဘေးတွင် ဝင်ထိုင်လိုက်ကြောင်း သတိပြုမိလိုက်၏။

နစ်ဝင်သွားလောက်အောင် ပျော့ပျောင်းသည့် ဆိုဖာက သူမတို့၏ ခြေထောက်များကို အချင်းချင်း ထိလုနီးပါး ဖြစ်စေသည်။

သူမသည် ထူးဆန်းသော ခံစားမှုတစ်ခု ပေါ်လာပြီး ရှောက်ယန်ကို တိတ်တဆိတ် စူးစိုက်ကြည့်လိုက်သော်လည်း သူက စားပွဲပေါ်ရှိ သလင်းကျောက်ကို စိတ်ဝင်တစား စိုက်ကြည့်နေပြီး လုံးဝ သတိမထားမိပုံရသည်။

မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွက် သူ၏ မည်းနက်သော မျက်လုံးများက တောက်ပနေကာ သူ့အသွင်အပြင်ကို ပို၍ပင် သန့်စင်ပြီး နူးညံ့စေသည်။

လင်ချူးဆွေ့၏ အာရုံများအားလုံးက သူမတို့၏ ထိမိနေသော ပေါင်များထံတွင် ရောက်ရှိနေလေသည်။ သူ၏ နွေးထွေးမှု၊ သူ၏ ရနံ့က ထိုမျှနီးကပ်နေသည့် အခြေအနေ၌ သိသာထင်ရှားနေသည်။

သူမ နှလုံးခုန်မြန်လာပြီး ဖုန်းကို လျင်မြန်စွာ ထုတ်ယူကာ Weibo နှင့် ဝဘ်စာမျက်နှာများကို သတိလက်လွတ် လျှောက်ကြည့်နေခဲ့သည်။

စိတ်ရှုပ်စရာပဲ။

တိုးတက်မှုဘားတန်း - 35%, 36%, 37%...

ရှောက်ယန်သည် တိုးတက်မှုဘားတန်း၏ ညာဘက်အောက်ခြေထောင့်က လျင်မြန်စွာ ပြန်တက်လာသည်ကို တွေ့လိုက်ရသည်။ သူက မျက်လုံးကို အောက်ငုံ့လိုက်ပြီး လင်ချူးဆွေ့အား စိုက်ကြည့်လိုက်၏။

မိန်းက​လေးသည် Weibo တွင် ပို့စ်များကို ရောက်တတ်ရာရာ လျှောက်ကြည့်နေကာ စခရင်မှ အလင်းက သူမ၏ နူးညံ့သော ပါးပြင်ကို အလင်းပေးနေသည်။ သူမ၏ ရှည်လျားသော မျက်တောင်များသည် ယပ်တောင်ကဲ့သို့ တဖျတ်ဖျတ် တုန်ယင်နေကာ သူမ၏ အမူအရာကို ဖုံးကွယ်ထားသည်။

ကျန်းချန်ယွီနှင့် လုချီတို့က ဗေဒင်အသုံးအဆောင်ပစ္စည်းများကို ကောက်ယူပြီး ၎င်းတို့နှင့် စတင်ကစားကြသည်။

ကျန်းချန်ယွီ : "ဒါကို ဘယ်လိုကစားတာလဲ။"

လုချီ : "ငတုံး အကြွေစေ့ထည့်လေ။"

ကျန်းချန်ယွီ : "ဘာလို့ ဂိမ်းတိုင်းက ပိုက်ဆံလိုရတာလဲ။ ပျင်းစရာကြီး။"

လုချီက သူ့အား တွန်းထုတ်ကာ အကြွေစေ့တစ်ပြားကို ထုတ်ယူလိုက်သည်။ "ဘာလို့ တစ်ယွမ်လောက်လေးနဲ့ အဲဒီလောက် ကပ်စေးကုပ်နေတာလဲ။"

ကျန်းချန်ယွီ : "အဲဒါက မတန်ဘူးလို့ ထင်တာကြောင့်လေ။ မင်းနဲ့ ဘာဆိုင်လို့လဲ။"

***

All Chapters