← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အပိုင်း ( ၅၁ )

လင်ချူးဆွေ့ ပိုပြီး နားထောင်လေ ပိုပြီး မပျော်မရွှင် ဖြစ်လာလေ ဖြစ်သည်။ သူမ၏ ဘောလုံးပစ်ချက်များက ပိုပိုကြမ်းတမ်းလာပြီး နောက်ခံဘုတ်ကို ရိုက်မိသော ကျယ်လောင်သည့်အသံ ထွက်ပေါ်လာသည်။

လုချီက ရပ်တန့်သွားသည်။ "ယို့! ဘော့စ်ချူး မင်းက ဘက်စကက်ဘော ကစားနေတာလား။ နောက်ခံဘုတ်ကို ဖျက်ဆီးနေတာလား။"

"ဆက်မကစားချင်တော့ဘူး။"

လင်ချူးဆွေ့ထံ၌ အမှန်တကယ် ဆက်ကစားလိုစိတ် မရှိတော့ပေ။ သူမက အဝေးမှ မြက်ခင်းပေါ်တွင် ထိုင်နေသည့် ရှောက်ယန်ကို လှမ်းကြည့်လိုက်သည်။

ညနေခင်း နေရောင်အောက်တွင် ကောင်လေး၏ ဖြူဖျော့သော အသားအရေက နူးညံ့သည့် အလင်းတို့ဖြင့် လွှမ်းခြုံနေခဲ့သည်။

သူမသည် စိတ်ထဲတွင် မွန်းကြပ်နေပြီး သူ့ဘေးတွင် သွားထိုင်ရင်း မေးလိုက်သည်။ "ရေဒီယို နားထောင်လိုက်လား။"

"နားထောင်လိုက်တယ်။"

"နင်က ငါ့ရဲ့ အင်္ဂလိပ်စာအက်ဆေးကို စာစစ်ပေးနေတာ မဟုတ်ဘူးလား။ ဘာလို့ တပြိုင်တည်း အလုပ်တွေအများကြီး လုပ်နိုင်ရတာလဲ။"

ရှောက်ယန်က နောက်ဆုံး၌ သူ ကိုင်ထားသည့် အက်ဆေးစာရွက်ကို ချထားလိုက်ပြီး ခေါင်းကို ဖြေးညင်းစွာ မော့၍ သူမအား ကြည့်လိုက်သည်။ "ငါ တစ်ကြိမ်တည်းနဲ့ ကိစ္စသုံးခုကို တပြိုင်တည်း လုပ်နိုင်တယ်။ မင်း ဘယ်လိုထင်လဲ။"

"ကြွားနေတာပဲ။ ငါ မယုံဘူး။"

ရှောက်ယန်က ဂရုမစိုက်ဘဲ ခေါင်းကိုငုံ့ကာ အက်ဆေးကို ဆက်စစ်နေသည်။

သူ မတုန့်ပြန်သည်ကို မြင်သည့်အခါ လင်ချူးဆွေ့က ပို၍ပင် မပျော်မရွှင် ဖြစ်လာ၍ ပြောလိုက်သည်။ "အိမ်စာလုပ်ရင်းနဲ့ ခြေထောက်လှုပ်ရင်း ပီကေဝါးတာမျိုးကတော့ လူတိုင်း လုပ်နိုင်တယ်။"

ရှောက်ယန်က ပေါ့ပါးစွာ ပြောလိုက်သည်။ "နည်းနည်းလောက် ပိုပြီး နည်းလမ်းတကျ ပြောပါဦးလား။"

လင်ချူးဆွေ့ : "အဲဒါဆို နင့်ရဲ့ 'နည်းလမ်းတကျ' တပြိုင်တည်းလုပ်တဲ့ အလုပ်တွေဆိုတာကို ပြလေ။"

"ဒါက အလောင်းအစားလား။"

"ဟုတ်တယ်။"

ရှောက်ယန်က ခဏလောက် တွေးပြီးနောက် ပြောလိုက်သည်။ "အဲဒါဆို ငါ လောင်းကြေးထပ်ချင်တယ်။"

လင်ချူးဆွေ့က သူ့ကို အပြုံးနှင့် ကြည့်လိုက်သည်။ သူမက ရှောက်ယန်နှင့်အတူ မည်သည့် ကစားနည်းမျိုး ကစားသည်ဖြစ်စေ အလွန် ပျော်ရွှင်သည်ဟု ခံစားရမည်သာဖြစ်ကြောင်း သတိပြုမိလိုက်သည်။

"ကိစ္စမရှိဘူး။ ငါ နင့်ရဲ့ ဘယ်လောင်းကြေးမဆို သဘောတူတယ်။"

"နောက်ဆုံးစာမေးပွဲမှာ မင်း အတန်းရဲ့ ထိပ်ဆုံးနှစ်ဆယ်နဲ့ တစ်ကျောင်းလုံးရဲ့ ထိပ်တန်းတစ်ရာထဲကို ဝင်ရမယ်။"

လင်ချူးဆွေ့၏ မျက်လုံးများက မယုံနိုင်စွာ ပြူးကျယ်သွားခဲ့သည်။

သူတို့ အတန်းတူအားလုံးတွင် အယောက်တစ်ထောင်ကျော်ရှိသည်။ ထိပ်တန်းအယောက်တစ်ရာထဲ ဝင်နိုင်ရန် သူမက ကျောင်းသား ကိုးဆယ်ရာခိုင်နှုန်းလောက်ကို ကျော်တက်ရန် လိုပေသည်။

အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

"ပြိုင်ရဲလား။"

ရှောက်ယန်၏ စူးရှသော အကြည့်တို့ကို ကြည့်ပြီး လင်ချူးဆွေ့က အမှန်တကယ် ကြောက်ရွံ့သွားသလို ခံစားလိုက်ရသည်။ သို့သော်... သူမသည် အကြောင်းပြချက် တချို့​ကြောင့် သူက သူမကို အထင်သေးမည်ကို လက်မခံနိုင်ပေ။

သူမက သူနှင့် သူငယ်ချင်း ဖြစ်ချင်ပြီး သူနှင့် နီးကပ်ချင်ကာ တိတ်တိတ်လေး သူ၏ ဘဝထဲမှ ထူးခြားသော တစ်စုံတစ်ယောက် ဖြစ်လာချင်ခဲ့သည်။

ထို့ကြောင့် သူမက သူ့စည်းမျဥ်းများအတိုင်း လိုက်ပါရန် လိုအပ်ပေသည်။

လင်ချူးဆွေ့က အံကြိတ်ရင်း ပြောလိုက်သည်။ "ငါ လောင်းရဲတယ်။"

ရှောက်ယန်က ပေါ့ပါးစွာ ပြောလိုက်သည်။ "ကောင်းပြီ။ မျက်မြင်သက်သေအနေနဲ့ မင်းရဲ့ သူငယ်ချင်းတွေကို ခေါ်လိုက်။"

ရှောက်ယန်၏ အပြုံးဖျော့ဖျော့ကို မြင်သောအခါ လင်ချူးဆွေ့သည် သူမ ရှုံးလျှင် သူမ စကားကို ပြန်ရုတ်သိမ်းသွားနိုင်သည်ကို သိနေသကဲ့သို့ ဤကောင်က အလွန်ကောက်ကျစ်သည်ဟု တွေးလိုက်မိသည်။

သူမက မျက်မြင်သက်သေအဖြစ် ကျောင်းဘက်စကက်ဘောအသင်းမှ ကောင်လေးများကို ခေါ်လိုက်သည်။

ရှောက်ယန် : "ငါ့ကို ဘောပင်န်နဲ့ စာရွက်ပေး။"

"နင့်လက်ထဲမှာ ရှိပြီးသား မဟုတ်ဘူးလား။"

"မင်းပဲ ငါ့ရဲ့ 'နည်းလမ်းတကျ' နဲ့ အလုပ်တွေ တပြိုင်တည်း လုပ်ပြတာကို ကြည့်ချင်တာ မဟုတ်လား။"

လင်ချူးဆွေ့က နာနာခံခံနှင့် သူမ၏ ကျောင်းလွယ်အိတ်ထဲမှ စာရွက်နှင့် ဘောပင်န်ကို ထုတ်ကာ သူ့ကို ပေးလိုက်သည်။ "နင် ငါ့ကို ယုံအောင် လုပ်ပြတာ ကောင်းလိမ့်မယ်။"

ရှောက်ယန်က သူ့ကျောင်းလွယ်အိတ်ကို ယူကာ စာအုပ်နှစ်အုပ်ကို ထုတ်၍ အောက်က ခံလိုက်ပြီး စာရွက်များကို တင်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ချင်းစီတွင် ဘောပင်န်တစ်ချောင်းစီ ကိုင်ကာ စာရွက်ပေါ်တွင် စရေးတော့သည်။

လင်ချူးဆွေ့က သိချင်စိတ်ဖြင့် ငုံ့ကိုင်းကြည့်လိုက်သည်။ ဘယ်ဘက်စာအုပ်ပေါ်တွင် သူက အင်္ဂလိပ်စာ ရေးနေခဲ့သည်။

ဘယ်ဘက်လက်ဖြင့် စာရေးသားခြင်းက အနည်းငယ် မသပ်မရပ်ဖြစ်နေသော်လည်း လင်ချူးဆွေ့သည် ရှောက်ယန်က ရှိတ်စပီးယား၏ Sonnet ကို ရေးနေခြင်း ဖြစ်ကြောင်း မြင်နိုင်ပေသည်။

ဘယ်ဘက်ဘက်ဖြင့် စာရေးသားခြင်းက မထူးဆန်းပေ။ လင်ချူးဆွေ့ကို မျက်လုံးပြူးအောင်လုပ်နိုင်သည်မှာ သူ၏ ညာဘက်လက်ကလည်း စတင်၍ ရေးသားလာခဲ့ခြင်းပင်။

"ဧကရာဇ်ကောင်းယန်ရဲ့ မျိုးဆက်၊ ငါ့ရဲ့ ပြည့်ရှင်သခင်ကို ပေါယန် လို့ခေါ်တယ်။ ငါက ကန်းယင်းရဲ့ မျိုးဆက်ဖြစ်တာကြောင့် မုန့်ချန်ကို သစ္စာစောင့်သိတာ နားလည်သင့်တယ်။ ငါ မင်းရဲ့ လုပ်ရပ်တွေကို လေ့လာပြီး ဂုဏ်သရေရှိ နာမတော် အပ်နှင်းမယ်။ ငါ မင်းကို ကျန်းကျန့် လို့ အမည်တွင်စေပြီး လင်ကျွင်း လို့ခေါ်မယ်...."

လင်ချူးဆွေ့က ကျယ်လောင်စွာ ရေရွတ်လိုက်သည်။ "Oh my god!"

သူမသာလျှင်မကဘဲ သက်သေလုပ်ပေးရန် လာသည့် ဘက်စကက်ဘောအသင်းမှ ကောင်လေးများကပါ 'WTF' ဟု အကြိမ်ကြိမ် အော်ဟစ်လိုက်သည်။

သူက လင်ချူးဆွေ့ကို ကြည့်လိုက်၏။ "ယုံပြီလား။"

လင်ချူးဆွေ့သည် ရှောက်ယန်က ထိုမျှ ကျွမ်းကျင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

သူက တပြိုင်တည်း အလုပ်အများကြီး လုပ်နိုင်သော်လည်း သူမက ထိပ်တန်းအယောက်တစ်ရာထဲ မဝင်နိုင်ချေ။

လင်ချူးဆွေ့က ခေါင်းမာစွာ ပြောလိုက်သည်။ "ဒါက.... အဆင်ပြေရုံပါပဲ။ ငါလည်း ငါ့နာမည်ကို တပြိုင်တည်း ရေးနိုင်တယ်လေ။"

လုချီ : "ဘော့စ်ချူး အဲဒါက နည်းနည်းလောက် အရှက်မဲ့ရာမကျဘူးလား။ မင်းက မင်း နာမည်ကို တပြိုင်တည်း ရေးနိုင်ရုံပဲဟာ။ ဉာဏ်ကြီးရှင်ရဲ့ ဘယ်ဘက်လက်က ရှိတ်စပီးယား၊ ညာဘက်လက်က ချွီးယွမ် ရေးသွားတာကို ဘယ်လို ယှဥ်နိုင်မှာလဲ။"

လင်ချူးဆွေ့က လုချီကို စူးစူးရဲရဲ ​ကြည့်လိုက်သည်။ "ပါးစပ်ပိတ်ထား။"

သူမက စိတ်ထဲ၌ ခါးသီးနေသလို ခံစားလိုက်ရပေသည်။

ရှောက်ယန်၏ လက်က မရပ်တန့်သွားသေးဘဲ ရေးလက်စများကို ဆက်ရေးနေကာ သူ့ပါးစပ်ကလည်း ဖြေးဖြေးချင်း ရွတ်ဆိုလိုက်သည်။

"ငါ ကျန်းနန်မှာ လမ်းလျှောက်နေတုန်း ဥတုရာသီကို စောင့်မျှော်နေပုံပေါ်တဲ့ ကြာပန်းလေးတွေ ပွင့်လန်းပြီး ကြွေကျတာကို မြင်ခဲ့ရတယ်။ အရှေ့လေက မတိုက်ခတ်သလို မတ်လမှာ မိုးမခရွက်တွေက မကြွေကျဘဲ မင်းရဲ့ နှလုံးသားက သေးငယ်ပြီး အထီးကျန်တဲ့ မြို့ငယ်လေးထဲက ညနေခင်း ကျောက်တုံးလမ်းလေးလို...."

သူ၏ ပါးလျသော နှုတ်ခမ်းက ဖွင့်လိုက်ပိတ်လိုက်နှင့် ကျန်းချိိုးယွီ၏ ကဗျာကို ရွတ်ဆိုနေသည်အား မြင်လိုက်ရသည့်အခါ လင်ချူးဆွေ့က ဆွံ့အသွားခဲ့ရလေသည်။

သူမက မူးလဲတော့မလိုပင်။

၎င်းသည် ကောကျင့်၏ လက်တစ်ဖက်က စက်ဝိုင်းများဆွဲ၍ လက်တစ်ဖက်က လေးထောင့်များ ရေးဆွဲခြင်းထက် ပို၍ အံ့အားသင့်စရာ ကောင်းပေသည်။

ကောင်လေးများက ချက်ချင်းပင် မြက်ခင်းပြင်ပေါ် ဒူးထောက်၍ ရှောက်ယန်ကို ကိုးကွယ်ချင်သွားကြသည်။

တကယ့် ဉာဏ်ကြီးရှင်ပဲ!

ရှောက်ယန်က သူ၏ အပြုအမူများကို ရပ်တန့်လိုက်သည်။ ကောင်လေးများက သူ့လက်ထဲမှ စာရွက်နှစ်ရွက်ကို ဆွဲယူလိုက်သည်။ "ငါ လိုချင်တယ်။ ငါ လိုချင်တယ်။"

"ဒီအပေါ်မှာ ဉာဏ်ကြီးရှင်ရဲ့ အလင်းတွေ တောက်ပနေတယ်။ ငါ အခုထိ ပေကျင်းတက္ကသိုလ် စာမေးပွဲမအောင်သေးဘူး။"

"ဒါက ငါ့ဟာ!"

"ဘာလို့ တိုက်ခိုက်နေတာလဲ ဖြဲပြီး ယူလိုက်လေ! F**k!"

ငတုံးများက ဉာဏ်ကြီးရှင်၏ အလင်းများ တောက်ပနေသော စာရွက်ကို လုရင်း ရန်ဖြစ်ကာ အဝေးသို့ ထွက်သွားကြသည်။

ရှောက်ယန်က ဤကဲ့သို့ ထုတ်ပြသည်မှာ ရှားပါးလှသော်လည်ူ သူက လင်ချူးဆွေ့၏ ထိတ်လန့်အံ့အားသင့်မှုနှင့် စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အမူအရာတို့ ပေါင်းစပ်ဖြစ်ပေါ်နေသည်ကို ကြည့်ပြီး ရွှင်မြူးနေသည်။

ဒါက ပျော်ဖို့ ကောင်းတယ်။

"အတန်းဖော်လေး ယုံကြည်ပြီလား။"

လင်ချူးဆွေ့၏ နှလုံးသားက ပြင်းထန်စွာ ခုန်နေခဲ့သည်။ သူမက ထိပ်တန်းတစ်ရာအတွင်း ဝင်ရန် မဖြစ်နိုင်သည်ကို တွေးမိသည့်အခါ ခေါင်းမာစွာ ပြောလိုက်သည်။ "အဲဒါက သုံးခုလောက်ပဲကို။ နင် လေးခုတပြိုင်တည်း လုပ်နိုင်ရင် နင်တော်တာကို ဝန်ခံလိုက်မယ်။"

ရှောက်ယန်က ပြောလိုက်သည်။ "ကိစ္စတွေကို တမင် ခက်ခဲအောင် လုပ်နေတာပဲ။"

လင်ချူးဆွေ့က သူ့ပခုံးကို ပုတ်ရင်း မလွယ်ကူစွာ ပြောလိုက်သည်။ "နင် မလုပ်နိုင်ရင် အရှုံးကို ဝန်ခံလိုက်။ ငါ နင့်ကို မရယ်ပါဘူး။ အခုလောက်တင်ပဲ အတော် အထင်ကြီးစရာ ကောင်းနေပါပြီ။"

ရှောက်ယန်က သူမ လက်ကို ဆွဲယူရန် အခွင့်အရေးယူလိုက်ပြီး သူမ နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ငါ့မှာ ရည်းစားကောင်မလေး ရှိလာတဲ့အခါ... သူမက အပေါ်က ကိစ္စကိုပဲ အာရုံစိုက်ဖို့လိုတယ်။ အဲဒါဆို ငါ တစ်ပြိုင်တည်း ကိစ္စလေးခုကို လုပ်ပေးနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်။"

"......"

အနားယူချိန်တွင် လင်ချူးဆွေ့သည် ဖုန်းကို ထုတ်ပြီး ကျောင်းတရားဝင်ဝက်ဘ်ဆိုက်ဖိုရမ်ပေါ်ရှိ မဲပေးမှုအင်တာဖေ့စ်ကို ကြည့်လေသည်။

လက်ရှိတွင် ချောင်တန့်ချီ၏ ဆောင်းပါး “ကျွန်ုပ်ရဲ့ ဉာဏ်အလင်း - ကိုယ့်ကိုယ်ကိုယ် ကျော်လွှားခြင်း”သည် ကျောင်းသား ခြောက်ရာကျော်မဲပေးထောက်ခံမှုဖြင့် ပထမနေရာတွင် ရှိနေသည်။

ဒုတိယနေရာတွင်ရှိသူမှာ ရွှီကျားနင် ဖြစ်သည်။ သူသည် န၀မနေရာမှ ဒုတိယနေရာသို့ တိုက်ရိုက်ခုန်တက်နိုင်ခဲ့ခြင်းမှာ ကျောင်းတွင် သူ၏ အတော်လေး နာမည်ကြီးမှုအပေါ် မှီခိုခဲ့ခြင်းပင်။

သူ့အတွက် မဲအားလုံးနီးပါးသည် သူ့ဖန်ဂဲလ်များထံမှ ဖြစ်သည်။

လင်ချူးဆွေ့၏ ဆောင်းပါးမှာ မဲဆယ်ခုခန့်နှင့် လိုက်ခ်များဖြင့် နောက်ဆုံးနေရာတွင်ရှိနေသည် — လုထျန်းပိုင်၊ လုချီ၊ ကျန်းချန်ယွီ…

မဲပေးမှုသည် နာမည်အစစ်ဖြင့် တစ်ဦးလျှင် မဲတစ်မဲသာ ပေးခွင့်ရှိသည်။ မဲပေးပြီးနောက် နာမည်များကို မြင်နိုင်သည်။

လင်ချူးဆွေ့သည် ရှောက်ယန်က မည်သူ့ကို မဲပေးခဲ့သလဲဆိုတာကို တစ်ဦးချင်းကို လိုက်ကြည့်နေစဉ် ရုတ်တရက် အနီးနားရှိ ကျောင်းသားများက စနောက်သည့်အသံများကို ကြားလိုက်ရသည်။

“ယို့~~~”

“သင်ယူမှုနတ်ဘုရားကို လာရှာတာလား”

“ကျွတ်စ်... ကျွတ်စ်... ကျွတ်စ်...”

စူးစမ်းလိုစိတ်ဖြင့် လင်ချူးဆွေ့သည် ခေါင်းမော့ကြည့်လိုက်ရာ ချောင်တန့်ချီသည် စင်္ကြံပြတင်းပေါက်ဆီသို့ လျှောက်လာပြီး ထိုနေရာတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

ရှောက်ယန်သည် ပြတင်းပေါက်ဘေးတွင် ထိုင်နေသည်။ ရွှီကျားနင်က “ခန်းဆောင်နီအိပ်မက်” သုတေသနစာတမ်း ဆိုသည်ကို ဖတ်ရန် ဖိအားပေးခံထားရပြီး ချောင်တန့်ချီသည် ပြတင်းပေါက်ဘေးတွင် ရပ်နေသည်ကို လုံးဝသတိမထားမိပေ။

“ရှောက်ယန် မင်္ဂလာပါ”

ရှောက်ယန်၏ အကြည့်သည် ဖုန်းမှ ဖြည်းဖြည်းချင်း ခွာထွက်လာပြီး ချောင်တန့်ချီကို ကြည့်သည်။ သူမ၏ မရင်းနှီးသောမျက်နှာကို မြင်သောအခါ သူသည် ပြောသည်။ “စာမေးပွဲနီးလာတော့ ဂိုက်အချိန်တွေကို ရပ်ထားတယ်”

“ငါ နင့်ကို ဂိုက်ငှားဖို့ လာရှာတာ မဟုတ်ဘူး” ချောင်တန့်ချီသည် အလွန်တည်ငြိမ်သည်။ မိန်းကလေးအများစုနှင့်မတူဘဲ သူမသည် လုံးဝ ရှက်ကိုးရှက်ကန်း မဖြစ်နေပေ။ သူမသည် ရှောက်ယန်ကို မိတ်ဆက်လာလေသည်။ “ငါက ချောင်တန့်ချီ၊ တတိယနှစ် အတန်းတစ်ကနေ လာတာ”

“အိုး”

သူ၏ အကြည့်သည် ဖုန်းဆီသို့ ပြန်လည်ရောက်ရှိသည်။ သူသည် တုံ့ဆိုင်းနေသယောင်ပုံစံဖြင့် ချောင်တန့်ချီကို အနည်းဆုံး နှစ်ဆယ်စက္ကန့်ကျော်လောက် ရပ်နေခိုင်းပြီးမှ ဆက်မေးသည်။ “ဒါဆို မင်း ချောင်တန့်နဲ့ ဘယ်လိုပတ်သက်လဲ”

ချောင်တန့်ချီ: ......

အနီးနားရှိ ယောက်ျားလေးများသည် ကျယ်လောင်စွာ ရယ်မောကြသည်။

ချောင်တန့်ချီသည် ရယ်မောနေသော သူစိမ်းများကို ကြည့်ပြီး အသက်ပြင်းပြင်းရှူသွင်းကာ ပြောသည်။

“ရှောက်ယန်၊ တကယ်တော့ ငါ လာပြီး စာနဲ့ပတ်သက်တဲ့ မေးခွန်းတချို့ မေးချင်လို့ပါ။”

“ငါ စာမေးပွဲကြောင့်နဲ့ အလုပ်တွေ ရပ်ထားတယ်။ တတိယအကြိမ် ထပ်ပြီး မပြောချင်တော့ဘူး” ရှောက်ယန်သည် အလွယ်လေး ပြောသည်။ “ငါ အခု ဂိုက်မသင်ပေးဘူး”

“အာ၊ မဟုတ်ဘူး၊ ငါ ဂိုက်သင်ပေးဖို့ လာရှာတာ မဟုတ်ဘူး” ချောင်တန့်ချီသည် ချက်ချင်းရှင်းပြသည်။ “စာနဲ့ ပတ်သက်တဲ့ တချို့မေးခွန်းတွေကို မေးချင်ရုံပဲ”

ရှောက်ယန်ရဲ့ မျက်နှာက အမူအရာ မှောင်မိုက်လာသည်။ “မင်း ငါ့ဆီက အလကား သိချင်နေတာလား”

“အာ”

သူမသည် အတန်း၏ အတော်ဆုံးကျောင်းသား ရှောက်ယန်က ဤသို့ပြောလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူသည် သူမစိတ်ကူးထဲရှိ သင်ယူမှုနတ်ဘုရားနှင့် အနည်းငယ် ကွဲပြားသည်…။

အစောပိုင်းက အလွန်ယုံကြည်မှုရှိခဲ့သော ချောင်တန့်ချီသည် ယခုအခါ မျက်နှာနီရဲလာသည်။

လင်ချူးဆွေ့သည် စိတ်ထဲတွင် အနည်းငယ် မပျော်မရွှင် ခံစားရသော်လည်း၊ သူတို့ စကားပြောဆိုမှုကို နားထောင်ရင်း၊ သူမသည် သူ့ကို ဖွင့်ပြောဖို့ ကြိုးစားခဲ့သော မိန်းကလေးများ ငိုကြွေးရင်း ထွက်သွားရသည့် အကြောင်းကို နောက်ဆုံးတွင် နားလည်လိုက်သည်။

ရှောက်ယန်၏ တွေးခေါ်ပုံသည် တကယ်ပဲ...သာမန်လူများ၏ တွေးခေါ်ပုံနှင့် သိပ်မတူပေ။

ချောင်တန့်ချီသည်လည်း ရှောက်ယန်နှင့် ဆက်လက်ဝေ့၀ိုက်ပြောဆိုရန် စိတ်ကူးမရှိတော့ပေ။ သူမသည် တိုက်ရိုက်သာ ပြောတော့သည်။ “ငါရဲ့ စာစီစာကုံး ‘ကျွန်မရဲ့ ဘဝဉာဏ်အလင်း - ကိုယ့်ကိုယ်ကိုယ် ကျော်လွှားခြင်း’ ကို ဖတ်ပြီးပြီလား”

“အိုး၊ အဲဒါ မင်းကိုး”

ရှောက်ယန်က နောက်ဆုံးတုံ့ပြန်လာသည်ကို မြင်သောအခါ ချောင်တန့်ချီ၏ မျက်နှာပေါ်ရှိ ရှက်ရွံ့မှုသည် အနည်းငယ် သက်သာလာပြီး ယုံကြည်မှု ပြန်လည်ရရှိလာသည်။ သူမ လည်ချောင်းရှင်းကာ ဆက်ပြောလာသည်။

“နင် သတိထားမိလား မသိဘူး၊ ဒါပေမဲ့ ကျွန်မရဲ့ စာစီစာကုံးထဲမှာ ရေးထားတဲ့သူက...”

“မင်း ငါ့အကြောင်း ရေးထားတာလေ”

သူမရဲ့ လျှို့ဝှက်ချက်ကို ဤကဲ့သို့ တိုက်ရိုက်ဖော်ထုတ်ခံရသောအခါ ချောင်တန့်ချီ၏ မျက်နှာသည် ပို၍ နီရဲလာသည်။

သို့သော် သူမသည် တည်ငြိမ်နေသည်။ သူမသည် ခေါင်းသေချာညိတ်ပြီး “ဟုတ်တယ်။ တကယ်တော့...ငါ ဒီလိုရေးဖို့ အကြာကြီး စဉ်းစားခဲ့ရတယ်၊ ဒါပေမဲ့ ငါပြောခဲ့တဲ့ စကားလုံးတိုင်းက အမှန်ပဲ”

လင်ချူးဆွေ့သည် ရှောက်ယန်၏ မျက်နှာအမူအရာကို စောင့်ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေသည်။

ရှောက်ယန်သည် အနည်းငယ် ရင်ထဲထိသွားသယောင်ပင်။ သူသည် ဖုန်းကို ချထားပြီး မေးလာသည်။ “မင်း အမှန်အတိုင်း ပြောနေတာလား”

ချောင်တန့်ချီသည် အကြိမ်ကြိမ် အခါခါ ခေါင်းညိတ်ပြသည်။ “အင်း”

နောက်ဆုံးတွင် ရှောက်ယန်သည် မတ်တပ်ထရပ်လိုက်ပြီး သူမကို တည့်တည့် မျက်နှာချင်းဆိုင်လိုက်လေသည်။

သူ၏ တည်ကြည်သော အမူအရာကို မြင်သောအခါ၊ ချောင်တန့်ချီရဲ့ နှလုံးသားသည် အခုန်မြန်လာသည်။ “ရှောက်ယန်...”

ရှောက်ယန်သည် သူမကို ကြည့်ပြီး အထက်စီးဆန်စွာ မေးခွန်းထုတ်သည်။ “မင်း ငါ့ကို လူသိရှင်ကြား စစ်ကြေညာနေတာလား”

“အာ” ချောင်တန့်ချီသည် ထိတ်လန့်စွာ ခုန်တက်သွားသည်။ “ဒါ...ငါ...”

ရှောက်ယန်သည် သူမကို အေးစက်စွာ ကြည့်သည်။ “ဒါဆို မင်းစာစီစာကုံးက ငါ့ကို လူသိရှင်ကြား စစ်ကြေညာတာပဲ။ မင်း ငါ့ရဲ့ ပထမနေရာကို လိုချင်တာလား”

လူတိုင်း ထိရှကုန်ကြသည်။

လင်ချူးဆွေ့သည် ရယ်ရလွန်းသဖြင့် စားပွဲနှင့် ရိုက်မိတော့မတတ်ပင်။

သူမက မင်းရဲ့ နံပါတ်တစ်နေရာကို မလိုချင်ဘူး၊ မင်းကို လိုချင်တာ။

ချောင်တန့်ချီသည် အံ့အားသင့်သွားသည်။

“တခြားသူတွေ အရင်က ငါ့ကို စိန်ခေါ်ဖူးတယ်၊ ဒါပေမဲ့ ဆိုးဆိုးရွားရွား ကျရှုံးသွားကြတယ်” ရှောက်ယန်သည် ရွှီကျားနင်ကို တစ်ချက်ကြည့်သည်။ “ပထမနေရာမရရုံတင်မကဘူး၊ တတိယနေရာအထိပါ ပြုတ်ကျသွားကြတာနော်”

ရွှီကျားနင်သည် ဒူးကို သေနတ်အပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ဒေါသဖြင့် စားပွဲကို လှန်လိုက်ပြီး အော်သည်။ “ဒါ ငါနဲ့ ဘာဆိုင်လဲ”

ချောင်တန့်ချီသည် စကားလုံးများ လုံးဝ ဆုံးရှုံးသွားသည်။ သူမ၏ စာစီစာကုံးဖြင့် သူမနှင့် ရှောက်ယန်သည် ကျောင်းတစ်ခုလုံးတွင် လူသိများသော soulmate ဆန်သည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ပြီးပြီဟု ထင်ခဲ့သည်။

သို့သော် ရှောက်ယန်၏ စကားများဖြင့် သူသည် အခြားသူတို့၏ “အတင်းအဖျင်းစကားများ” ကို ဖျက်ဆီးလိုက်သည်—

ဘာ soulmate လဲ။ သူတို့၏ တွေးခေါ်ပုံများသည် မိုင်ပေါင်း ထောင်သောင်းချီ ကွာခြားနေသည်။

ချောင်တန့်ချီသည် ဒေါသတကြီး မျက်နှာနီရဲကာ ထွက်သွားသည်။

ရှောက်ယန်သည် ပျင်းရိစွာ တစ်ချက်အသံပြုပြီး အနည်းငယ် ပျင်းရိစွာ သမ်းကာ စိတ်မပါသယောင်ပင်။ သူသည် ပြန်ထိုင်လိုက်ပြီး ဆောင်းပါးများကို တည်ငြိမ်စွာ ဆက်ဖတ်သည်။ လင်ချူးဆွေ့ ၏ မှောင်မိုက်သော မျက်လုံးများက သူ့ကို စူးစိုက်ကြည့်နေသည်ကို ခံစားရသောအခါ သူသည် ပျင်းရိစွာ မော့ကြည့်သည်—

“မင်းလည်း ငါ့ကို စိန်ခေါ်ချင်လို့လား”

“မလုပ်ရဲဘူး”

လင်ချူးဆွေ့သည် ချက်ချင်း သူ့ကို ရိုကျိုးစွာ ဆက်ဆံပြီး သူ့လက်မောင်းကို နှိပ်နယ်ပေးသည်။

“သတ္တိဆယ်ဆလောက်ရှိရင်တောင် သင်ယူမှုနတ်ဘုရားရဲ့ ထူးချွန်တဲ့ အဆင့်အတန်းကို ငါတော့ စိန်ခေါ်ရဲမှာ မဟုတ်ဘူး”

ရှောက်ယန်သည် ချက်ချင်း လက်မောင်းကို ပြန်ရုတ်သည်။ “နောက်ထပ် ချီးကျူးစကားတွေ ထပ်ပြောစမ်း”

သူ့ကို ကြည့်ရင်း လင်ချူးဆွေ့သည် တောက်ပသော အပြုံးတစ်ခု မထိန်းနိုင်ဘဲ ပေါ်ထွက်လာသည်။ “သင်ယူမှုနတ်ဘုရား၊ နှစ်ထောင်ပေါင်းများစွာ သက်ရှည်ကျန်းမာပြီး ကံကောင်းခြင်းများနဲ့ သိုင်းလောကကို စည်းလုံးနိုင်ပါစေ”

ရှောက်ယန်လည်း ပြုံးလိုက်သည်။ မယဥ်ကျေးစွာဖြင့် သူသည် လက်ဆန့်ကာ လင်ချူးဆွေ့ရဲ့ နူးညံ့သော ပါးပြင်ကို ရုပ်ဆိုးသော အမူအရာဖြစ်အောင် ညှစ်သည်။ “အတန်းထဲမှာ အဆင့်တစ်ရာထဲ ဝင်အောင် လုပ်။ သင်ယူမှုနတ်ဘုရားက မင်းကို သိုင်းလောကစည်းလုံးဖို့ ကူညီပေးမယ်”

“အိုကေ”

***

All Chapters