← Chapters

အခန်း (၃၉၇-၃၉၈)

Vol. 34 Ch. 397-398

အခန်း (၃၉၇-၃၉၈)

Vol. 34 Ch. 397-398

အပိုင်း (၃၉၇)

အိမ်ရှေ့စံမင်းသားကျိုးလီ၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်တွေ့လိုက်ရချိန်မှာတော့ ထိုနေရာတွင် ရှိနေသော အမတ်များ အားလုံး အလန့်တကြား ဖြစ်သွားကြပြီး ဒူးထောက်ကာ အမိန့်တော်ကို ခံယူလိုက်ကြရ၏။

သို့ပေမည့် အမိန့်တော် ခံယူပြီးနောက် အိမ်ရှေ့စံမင်းသား ကျိုးလီက သူတို့ကို ခေါ်ယူကာ အစည်းအဝေး လုပ်ပြီး အကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်ကို အကောင်အထည်ဖော်ရန် ကြိုးစားချိန်မှာတော့ အမတ် ရာချီ အားလုံး ရာထူးမှ နုတ်ထွက်သွားကြပြီး အလွန် ဂုဏ်ယူဝင့်ကြွားသော ဟန်ပန်ဖြင့် ထွက်ခွာ သွားကြတော့သည်။

ကျိုးလီသည် နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ရာ အုပ်ချုပ်ရေးမှူးရုံး၏ ခြံဝင်းအတွင်း၌ အမတ်ဦးထုပ် ရာချီ ပြန့်ကျဲနေသည်ကို တွေ့ရှိလိုက်ရသ၏။

အမတ် တစ်ယောက်မှ လာရောက်ခြင်း မရှိတော့ဘဲ ခရိုင်ဝန် မှသည် အုပ်ချုပ်ရေးမှူး အထိ အားလုံး ရာထူးမှ နုတ်ထွက်သွားကြတော့သည်။

ကုန်သွယ်ရေး ဆိပ်ကမ်းရုံး၊ ဆားသယ်ယူပို့ဆောင်ရေးရုံး၊ ကုန်ထုတ်လုပ်ရေးရုံး စသည့် အဖွဲ့အစည်းများ၏ အကြီးအကဲများမှာ မြို့တော်မှ စေလွှတ်လိုက်သော မိန်းမစိုးများ ဖြစ်ကြသည်။ သူတို့သည်လည်း အရပ်ဖက် အမတ်များကဲ့သို့ပင် ရာထူးမှ နုတ်ထွက်ကာ ထွက်ခွာသွားကြတော့၏။

ချန်းဟိုင်ပြည်နယ်၏ အမတ်များ အားလုံးသည် ကျိုးလီကို ပြင်းထန်သော ပါးရိုက်မှုကြီး တစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ဤအမတ်များ ရာထူးမှ နုတ်ထွက်သွားပြီးနောက် ပြည်သူ့အသံများကိုလည်း ဖြန့်ဝေခဲ့ကြသေး၏။

ဤအမိန့်တော်မှာ အဓိပ္ပာယ် မရှိသော အမိန့်တော် ဖြစ်ကြောင်း၊ ဤသည်မှာ အောက်ယွီက ဧကရာဇ်ဟောင်းကို လှည့်စားပြီးနောက် ထုတ်ပြန်လိုက်သော အဓိပ္ပာယ် မရှိသည့် အမိန့်တော် ဖြစ်ကြောင်း၊ လန်ကျိုးရှိ ပြည်သူသိန်းချီ၏ အကျိုးစီးပွားအတွက် သူတို့သည် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီး ပြည်သူသိန်းချီကို အတင်းအကျပ် နောက်ဆုတ်ခိုင်းသည့် လုပ်ရပ်ကို လုံးဝ မကူညီနိုင်ကြောင်း ပြောဆိုခဲ့ကြသည်။

သူတို့သည် ရာထူးမှ နုတ်ထွက်ရမည် ဆိုလျှင်တောင်မှ မကောင်းမှုတွင် လုံးဝ မပါဝင်နိုင်ဟု ပြောကြ၏။

တစ်ခဏအတွင်းမှာပဲ လန်ကျိုး၏ ပြည်သူသိန်းချီသည် သူတို့ကို တရားမျှတသော အမတ်မင်းများဟု အသံကျယ်ကျယ်ဖြင့် ချီးကျူးဂုဏ်ပြုလိုက်ကြသည်။

မရေမတွက်နိုင်သောကုန်သည်များကလည်း ချန်းဟိုင်ပြည်နယ်၏ အမတ်များမှာ လောက၏ အသိတရား အစစ်အမှန်များ ဖြစ်ကြသည်ဟု အသံကျယ်ကျယ်ဖြင့် ချီးကျူးလိုက်ကြ၏။

လူတိုင်းက အလွန် သရော်လှောင်ပြောင်သော အကြည့်များဖြင့် ကျိုးလီကို ကြည့်နေကြသည်။

‘အိမ်ရှေ့စံမင်းသား... ခင်ဗျား ကံဆိုးပြီး ငရဲပြည်ကို ကျရောက်သွားပြီ ဆိုတာ ကျုပ်တို့ သိပါတယ်။ ပြန်လည် သန်မာလာမယ့် ဘယ်လို အခွင့်အရေးကိုမှ လက်လွတ်မခံချင်လို့ အောက်ယွီလို လူယုတ်မာကို အသက်ကယ် ကြိုးအဖြစ် သတ်မှတ်လိုက်တာ မဟုတ်လား။

စိတ်ကူးယဉ် မနေပါနဲ့။ ခင်ဗျား ပြန်လည် သန်မာလာမှာ မဟုတ်ဘူး။ အောက်ယွီနဲ့အတူ သေချာပေါက် သေရမှာပဲ။ ခင်ဗျားတို့ သေရင် သေသွား။ ကျုပ်တို့ လန်ကျိုးပြည်နယ်ကို လာပြီး ဒုက္ခမပေးနဲ့။ ကျုပ်တို့ ချမ်းသာကြွယ်ဝဖို့ လုပ်နေတာကို မနှောင့်ယှက်နဲ့။’

လန်ကျိုး၏ အမတ်များ အားလုံး ရာထူးမှ နုတ်ထွက်သွားသောကြောင့် အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံး လုံးဝ ရပ်တန့်သွားတော့၏။

သို့ပေမည့် လူတိုင်း စီးပွားရေး ဆက်လုပ်နေကြဆဲဖြစ်ပြီး အစားအသောက်ကောင်းများကို ဆက်လက် စားသောက်နေကြဆဲ ဖြစ်သည်။

ရေတပ်၏ လေ့ကျင့်ရေးများ ရပ်တန့်သွားသလို အခွန်ကောက်ခံမည့် အစိုးရလည်း မရှိတော့သောကြောင့် ပင်လယ်ကုန်သည် အများအပြားမှာ ပို၍ပင် ပျော်ရွှင်နေကြတော့၏။

‘ကျိုးလီ... ခင်ဗျားက အရမ်း အစွမ်းထက်နေတယ် မဟုတ်လား။ အလုပ်တွေ အားလုံး ခင်ဗျား တစ်ယောက်တည်း လုပ်လိုက်လေ။ ခင်ဗျားဆီမှာ အမိန့်တော် ရှိတယ်၊ ဧကရာဇ် ပေးအပ်တဲ့ ဓား ရှိတယ်၊ ခင်ဗျားက အရမ်း အစွမ်းထက်တယ်၊

ကျုပ်တို့က ခင်ဗျားကို မယှဉ်နိုင်ပေမယ့် ရှောင်ပုန်းနေလို့တော့ ရတယ်လေ။ ဒုတိယလ အလယ် ရောက်ပြီးနောက် ခင်ဗျားနဲ့ အောက်ယွီ သေချာပေါက် သေသွားပြီဆိုရင် ကျုပ်တို့ အဲဒီအချိန်ကျမှ ပြန်ပေါ်လာရင် ပိုကောင်း မနေဘူးလား။’

အိမ်ရှေ့စံမင်းသား ကျိုးလီသည် မြေပြင်ပေါ်ရှိ အမတ်ဦးထုပ်များကို ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။

မူလက သူသည် စနစ်တကျ နောက်ဆုတ်မည့် အစီအစဉ်ကို လုပ်ဆောင်ရန် ရည်ရွယ်ခဲ့ပြီး ထိုသို့ လုပ်ဆောင်မှသာ ဆုံးရှုံးမှုများကို တတ်နိုင်သမျှ လျှော့ချနိုင်မည်ဟု တွေးထင်ခဲ့၏။

သို့ပေမည့် ဤလူများ အားလုံး ရာထူးမှ နုတ်ထွက်သွားကြပြီး သူ့ကို ပါးရိုက်လိုက်ပြီဖြစ်ရာ အတင်းအကျပ် နောက်ဆုတ်မည့် အစီအစဉ်ကိုသာ လုပ်ဆောင်ရတော့မှာ ဖြစ်သည်။

အမတ်တိုင်းက ရာထူးမှ နုတ်ထွက်ရဲမည်ဟု သူ မယုံကြည်ချေ။

ထို့ကြောင့် ကျိုးလီသည် အမိန့်တော်ကို ကိုင်ဆောင်ကာ ဧကရာဇ် ပေးအပ်သည့်ဓားကို ယူဆောင်၍ ချန်းဟိုင်ပြည်နယ် ရေတပ် စခန်းသို့ သွားရောက်ခဲ့ပြီး အမတ်၏ အမည်ဖြင့် ချန်းဟိုင်ပြည်နယ် ရေတပ် စစ်သေနာပတိအဖြစ် တိုက်ရိုက် တာဝန်ယူလိုက်တော့သည်။

ထို့နောက် ရေတပ် တစ်ခုလုံးကို ပင်လယ်ပြင်ရှိ ကုန်သည် သင်္ဘောများကို မောင်းထုတ်ရန်နှင့် နောက်ဆုတ်မည့် ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် အမိန့်ပေးလိုက်တော့၏။

ဤရေတပ် စစ်သူကြီးများသည် သေချာပေါက် အမိန့်ကို နာခံရန် ဆန္ဒ မရှိကြချေ။

ကျိုးလီ လည်း ဖျောင်းဖျ မနေတော့ဘဲ ဧကရာဇ်ပေးအပ်တဲ့ ဓားကို ဆွဲထုတ်ကာ အဆက်မပြတ် သတ်ဖြတ်တော့၏။

ရေတပ်စစ်သူကြီး ကိုးဦးကို သတ်ဖြတ်ပြီးနောက် ချန်းဟိုင်ပြည်နယ် ရေတပ် တစ်ခုလုံး စကားနားထောင် သွားတော့သည်။

ရေတပ် စစ်သည် ခုနစ်သောင်းသည် စစ်သင်္ဘောများပေါ်သို့ တက်ရောက်ကာ အမိန့်ကို နာခံပြီး စစ်ရေးအမိန့်ကို အကောင်အထည်ဖော်ကြတော့၏။

နောက်ဆက်တွဲ အနေဖြင့် ကျိုးလီသည် ရေတပ် စစ်သေနာပတိ၏ အမည်ဖြင့် ကုန်သည်သင်္ဘောများ အားလုံးကို လန်ကျိုး ဆိပ်ကမ်းမှ ထွက်ခွာပြီး မြောက်ဘက်ရှိ ကျန်းကျိုး ဆိပ်ကမ်းသို့ သွားရောက်ရန် အမိန့်ပေးလိုက်သည်။

ဤကုန်သည်သင်္ဘောများသည် နေရာအနှံ့အပြားမှ လာရောက်ကြခြင်းဖြစ်ပြီး အချို့မှာ တောင်ပိုင်းကျိုး အင်ပါယာမှ မဟုတ်ကြသောကြောင့် ဧကရာဇ်၏ အမိန့်ကို ဂရုစိုက်မည် မဟုတ်ချေ။ ထို့ကြောင့် ကျိုးလီ၏ အမိန့်ကို လုံးဝ လျစ်လျူရှုထားကြ၏။

ကျိုးလီက လန်ကျိုး ပင်လယ်ပြင် မိုင်ငါးရာအတွင်းရှိ နေရာအားလုံးကို ယာယီ စစ်ရေးလေ့ကျင့်မှု ဧရိယာအဖြစ် သတ်မှတ်ကြောင်းနှင့် တောင်ပိုင်းကျိုး ရေတပ်၏ စစ်သင်္ဘောများမှလွဲ၍ မည်သည့် သင်္ဘောမှ ဝင်ရောက်ခွင့် မပြုကြောင်း၊ ဖီဆန်သူများကို နေရာမှာတင် သတ်ပစ်မည်ဖြစ်ကြောင်း အမိန့်ပေးလိုက်သည်။

ဤအမိန့် ထွက်ပေါ်လာသည်နှင့် တပြိုင်နက်ကုန်သည် အများအပြား ချက်ချင်း ပွက်လောညံ သွားကြတော့၏။

“ကျုပ်တို့က ခင်ဗျားတို့ လန်ကျိုး ဆိပ်ကမ်းရဲ့ကျေးဇူးရှင်တွေလေ။ ခင်ဗျားတို့ရဲ့ ချန်းဟိုင်ပြည်နယ် ရေတပ်တောင်မှ ကျုပ်တို့ရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတာ။ ပြီးတော့ ကျုပ်တို့ထဲက အများစုက တောင်ပိုင်းကျိုးအင်ပါယာရဲ့ ကုန်သည်သင်္ဘောတွေ မဟုတ်ဘူး။ ကျုပ်တို့ကို အမြောက်နဲ့ ပစ်ရဲတယ်လို့ မယုံဘူး။”

သေချာပေါက် ဤနေရာရှိ အမြောက် ဆိုသည်မှာ ကျောက်ခဲပစ်စက်များနှင့် ဒူးလေးကြီးများကို ဆိုလိုပြီး ဤခေတ်ကာလရှိ ရေတပ် စစ်သင်္ဘောများ၏ အဓိက လက်နက်များ ဖြစ်သည်။

အိမ်ရှေ့စံမင်းသား ကျိုးလီက နောက်ဆုံး ရာဇသံ ပေးလိုက်၏။ နှစ်နာရီအတွင်း လန်ကျိုး ဆိပ်ကမ်း မိုင်ဆယ်ချီ အတွင်းရှိ မည်သည့် သင်္ဘောမဆို အားလုံး ထွက်ခွာသွားရမှာဖြစ်ပြီး ထိုသို့မဟုတ်ပါက အကြီးအကျယ် တိုက်ခိုက်ခံရမှာဖြစ်၏။

သို့သော်ငြား ဤကုန်သည်သင်္ဘောများသည် မယုံကြည်ကြသေးချေ။ ‘ဒီနေရာမှာ ကုန်သည်သင်္ဘော ရာချီ ရှိနေပြီး အများစုက အခြားနိုင်ငံတွေကပဲ။ ကျုပ်တို့ကို အမြောက်နဲ့ ပစ်လိုက်ရင် တောင်ပိုင်းကျိုးအင်ပါယာရဲ့ ကုန်သွယ်ရေး ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်မှာ မကြောက်ဘူးလား။ နိုင်ငံတကာ ပြဿနာတွေ ဖြစ်လာမှာ မကြောက်ဘူးလား။’

“ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်... အချိန်စေ့ပြီ။” အိမ်ရှေ့စံမင်းသား ကျိုးလီက လန်ကျိုး ဆိပ်ကမ်း အတွင်းရှိ ကုန်သည်သင်္ဘောများကို ပစ်ခတ်ရန် အမိန့်ပေးလိုက်၏။

တစ်ခဏအတွင်းမှာပဲ ချန်းဟိုင်ပြည်နယ် ရေတပ်၏ ဒူးလေးကြီးများနှင့် ကျောက်ခဲပစ်စက်များက ရူးသွပ်မတတ် ပစ်ခတ်ကြပြီး ပင်လယ်ပြင် တစ်ခုလုံးတွင် သရဲတစ္ဆေများကဲ့သို့ အော်ဟစ်ငိုယိုသံများ ထွက်ပေါ်လာတော့သည်။

အနီးကပ် ပစ်ခတ်ခံရသော ကုန်သည်သင်္ဘောများသည် မျက်စိတစ်မှိတ်အတွင်းမှာပဲ အပေါက်များစွာ ဖြစ်ပေါ်သွားပြီး သေကြေဒဏ်ရာရသူများလည်း အများအပြား ရှိခဲ့၏။

“ဝုန်း... ဝုန်း... ဝုန်း...”

အိမ်ရှေ့စံမင်းသား ကျိုးလီ၏ ကြီးကြပ်မှုအောက်တွင် ရေတပ်သည် အဆက်မပြတ် ပစ်ခတ်နေ၏။ ကုန်သည် သင်္ဘောများကို တစ်စင်းပြီး တစ်စင်း ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက် ကုန်သည်သင်္ဘော ရာချီသည် ငှက်များ ထပျံသွားသကဲ့သို့ ရူးသွပ်မတတ် ထွက်ပြေးကြတော့၏။

တစ်ဖက်မှ ထွက်ပြေးရင်း တစ်ဖက်မှလည်း နောက်ပိုင်းတွင် လန်ကျိုး ဆိပ်ကမ်းသို့ ကုန်သွယ်ရေး လာလုပ်မည် မဟုတ်တော့ကြောင်း၊ သေရမည့် အောက်ယွီနှင့် သေရမည့် ကျိုးလီ ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဆဲဆိုနေကြသည်။

သူတို့၏ နိုင်ငံများသို့ ပြန်ရောက်သွားပြီးနောက် အစိုးရထံ စာချွန်လွှာ တင်ကာ သံတမန်ရေး ဖိအားများဖြင့် တောင်ပိုင်းကျိုး နန်းတွင်းကို ဖြေရှင်းချက်ပေးရန်၊ အောက်ယွီကို သတ်ရန်၊ ကျိုးလီကို အပြစ်ပေးရန် တောင်းဆိုကြမှာဖြစ်၏။

အိမ်ရှေ့စံမင်းသား ကျိုးလီ ပစ်ခတ်ရန် အမိန့်ပေးလိုက်သည့် တစ်ခဏအတွင်းမှာပင် နိုင်ငံတကာ ပြဿနာ ဆယ်ခုကျော်ကို ဖြစ်ပေါ်စေခဲ့သည်။

နောက်ဆက်တွဲ အနေဖြင့် အိမ်ရှေ့စံမင်းသား ကျိုးလီက ဟေးပင်းထိုင်၏ နန်ကုန်းတာအား စစ်သင်္ဘောများ ပေါ်တွင် သူ၏ကိုယ်စား အမိန့်ပေးကွပ်ကဲရန် တာဝန်ပေးလိုက်၏။

ရေတပ် တစ်ခုလုံးကို အပိုင်းနှစ်ပိုင်း ခွဲလိုက်ပြီး တစ်ဝက်က ပင်လယ်ပြင်ကို ဆက်လက်ကင်းလှည့်ကာ လန်ကျိုး ပင်လယ်ပြင်သို့ ချဉ်းကပ်လာသော မည်သည့် ကုန်သည်သင်္ဘောကိုမဆို မောင်းထုတ်ရန် တာဝန်ယူပြီး ကျန်တစ်ဝက်ကမူ အကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ်တွင် ပါဝင်ကာ အရေးကြီးသော ပစ္စည်းများကို သယ်ယူပို့ဆောင်ရန်ကူညီပေးရသည်။

ကုန်းမြေပေါ်သို့ ပြန်ရောက်လာပြီးနောက် ကျိုးလီသည် ကုန်သွယ်ရေး ဆိပ်ကမ်းရုံး အကြီးအကဲ၊ ဆားသယ်ယူပို့ဆောင်ရေးရုံး အကြီးအကဲ၊ ကုန်ထုတ်လုပ်ရေးရုံး အကြီးအကဲ ရာထူးများကို ပူးတွဲ တာဝန်ယူ လိုက်၏။

ဤအစိုးရရုံးများ၏ သင်္ဘောများ အားလုံး၊ နွားလှည်း၊ မြင်းလှည်းများ အားလုံးကို သိမ်းယူကာ အကြီးအကျယ် နောက်ဆုတ်မည့် ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် အသုံးပြုလိုက်သည်။

ဤလုပ်ငန်းများကို စီမံခန့်ခွဲပြီးနောက် သူသည် ဟေးပင်းထိုင်၏ စစ်သူကြီး တစ်ရာကျော်ကို ချန်ထားခဲ့ပြီး ဤအရေးကြီးသော အဖွဲ့အစည်းများ၏ နောက်ဆုတ်ရေး လုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင်စေခဲ့၏။

နောက်ဆက်တွဲ အနေဖြင့် အခက်ခဲဆုံးမှာ လန်ကျိုး၏ ပြည်သူသိန်းချီကို နောက်ဆုတ်ရေး ပင်ဖြစ်သည်။

ယွင်ကျုံးဟဲ့၏ မြေပုံအရ ကျိုးလီက တွက်ချက်ကြည့်ရာ အကယ်၍ အမှန်တကယ် ဆူနာမီ ဖြစ်ပေါ်လာပါက လန်ကျိုးမြို့ တစ်ခုလုံးသည် လွှမ်းမိုးမှု အပိုင်းအခြား အတွင်းတွင် ရှိနေကြောင်း တွေ့ရှိရ၏။

ထို့ကြောင့် လန်ကျိုး မြို့ရှိ ပြည်သူ ငါးသိန်း၊ ခြောက်သိန်းလုံးကို နောက်ဆုတ်စေရမှာဖြစ်သည်။ ဤသည်မှာ အလွန့် အလွန် ခက်ခဲလွန်းလေသည်။

အိမ်ရှေ့စံမင်းသားကျိုးလီ၏ နည်းလမ်းမှာ အလွန် ရိုးရှင်းလှသည်။ သူသည် ကုန်သွယ်ရေး ဆိပ်ကမ်းရုံး၊ ကုန်ထုတ်လုပ်ရေးရုံး၊ ဆားသယ်ယူပို့ဆောင်ရေးရုံးများရှိ သိမ်းဆည်းထားသော ငွေများ အားလုံးကို တိုက်ရိုက် သိမ်းယူလိုက်၏။

သို့ပေမည့် အလွန် နှမြောစရာ ကောင်းသည်မှာ ဤအမတ်များမှာ အလွန် ဉာဏ်များကြပြီး ကျိုးလီ မရောက်လာမီကပင် ငွေများ အားလုံးကို သယ်ယူသွားကြသောကြောင့် ကျိုးလီသည် ဤတစ်ရက်၊ နှစ်ရက် အတွင်း ရရှိသော အရောင်းအဝယ် ငွေများကိုသာ သိမ်းဆည်းနိုင်ခဲ့သည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးရုံး၊ မြို့ဝန်ရုံးများ၏ ငွေတိုက်များ အားလုံးကိုလည်း ပြောင်သလင်းခါအောင် သယ်ယူသွားကြပြီး ဖြစ်၏။

ချန်းဟိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ်၏ ငွေတိုက်များကိုလည်း ပြောင်သလင်းခါအောင် သယ်ယူ သွားကြပြီး တပ်တော် စစ်သည် သောင်းချီ၏ လစာများကိုပင် မပေးရသေးချေ။ ရေတပ် စစ်သည် ခုနစ်သောင်း၏ လစာများကို လည်း မပေးရသေးပေ။ ထို့အပြင် သူ့အတွက် မည်သည့်ငွေမှ ချန်မထားခဲ့ချေ။

ဧကရာဇ်က ကိုယ်ပိုင် ဘဏ္ဍာတိုက်မှ ငွေသား ငါးသန်း ထုတ်ပေးခဲ့သော်လည်း ဤငွေမှာ ချက်ချင်း ရောက်ရှိ လာနိုင်မည် မဟုတ်ဘဲ ပေါင်သိန်းချီ အလေးချိန်ရှိသောကြောင့် ရက်အနည်းငယ်ကြာမှသာ ရောက်ရှိလာမှာ ဖြစ်သည်။

ကျိုးလီ သည် ခေတ္တမျှ တွေဝေသွားပြီးနောက် ဟေးပင်းထိုင်၏ စစ်သည် ရာချီနှင့် ချန်းဟိုင်ပြည်နယ်၏ စစ်တပ်ကို ခေါ်ဆောင်ကာ လန်ကျိုးရှိ ငွေလဲလှယ်ရေး လုပ်ငန်းကြီးများ အတွင်းသို့ ဝင်ရောက်ပြီး ငွေများကို အတင်းအကျပ် ချေးယူတော့၏။

တစ်ခဏအတွင်းမှာပင်ကြီးမားသော ဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

‘အမတ် တစ်ယောက်က ငွေလဲလှယ်ရေး လုပ်ငန်းတွေကို ဓားပြတိုက်တယ် ဟုတ်လား။ လောကမှာ အထူးဆန်းဆုံး ကိစ္စပဲ။ အမတ် တစ်ယောက်က ဓားပြတိုက်တယ်တဲ့။’

ကျိုးလီ သည် ငွေလဲလှယ်ရေး လုပ်ငန်း တစ်ခုစီတိုင်းကို ချေးငွေစာချုပ်များ ရေးပေးခဲ့ပြီး နောက်ပိုင်းတွင် သေချာပေါက် ပြန်ဆပ်မည်ဟု ဆိုသော်လည်း သူ ငွေလဲလှယ်ရေး လုပ်ငန်းများကို ဓားပြတိုက်သည် ဆိုသော သတင်းမှာ လောက တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်၏။

ဤတစ်ခဏအတွင်း ကျိုးလီသည် လောက တစ်ခုလုံးရှိ ငွေတိုက်များ၏ ဘုံရန်သူ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

အပိုင်း (၃၉၈)

ဤငွေလဲလှယ်ရေး လုပ်ငန်းများတွင်လည်း ကိုယ်ပိုင် လက်နက်ကိုင် အဖွဲ့အစည်းများ ရှိကြပြီး နောက်ခံများ မှာလည်း အလွန် ခိုင်မာကြ၏။

မိဖုရားကြီး၏ မိသားစု သို့မဟုတ် ဒုတိယမင်းသား၏ နောက်လိုက်များ၊ တော်ဝင်တရားရုံး အကြီးအကဲ၏ နောက်လိုက်များနှင့် တော်ဝင်မိသားစု၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်ရှိ ငွေလဲလှယ်ရေး လုပ်ငန်းများပင် ပါဝင်သည်။

သူတို့သည် သေချာပေါက် အလွယ်တကူ အရှုံးမပေးကြသောကြောင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာ ခဲ့၏။

ကျိုးလီသည် ဧကရာဇ် ပေးအပ်သည့် ဓားကို အသုံးပြုကာ မှူးမတ်များ၏ နောက်လိုက် ဆယ်ယောက်ကျော်ခန့် နှင့် ငွေလဲလှယ်ရေး လုပ်ငန်းများ၏ အစောင့် ရာချီကို သတ်ဖြတ်ခဲ့ပြီး သွေးချောင်းစီး ပဋိပက္ခ အများအပြားကို ဖြစ်ပေါ်စေခဲ့သည်။

လန်ကျိုးမြို့တွင် အမှန်တကယ်ပင် ငွေကြေး ပေါများလှပြီး ကျိုးလီသည် ငွေသား ခုနစ်သန်းတိတိ ချေးယူနိုင်ခဲ့၏။

ပထမဆုံး အနေဖြင့် ချန်းဟိုင်ပြည်နယ်၏ တပ်တော် သောင်းချီကို လစာများ ပေးအပ်လိုက်ပြီး သုံးဆတိုး၍ ပေးအပ်လိုက်ကာ ချန်းဟိုင် ရေတပ်၏ စစ်သည် ခုနစ်သောင်းကိုလည်း လစာများ ပေးအပ်လိုက်ပြီး လေးဆတိုး၍ ပေးအပ်လိုက်သည်။

ဤသို့ ပေးအပ်လိုက်ခြင်းမှာ ငွေသား တစ်သန်းကျော်ကုန်ကျသွားခဲ့သည်။ ငွေကြေး ရှိရုံဖြင့် မလုံလောက်သေးဘဲ စားနပ်ရိက္ခာများလည်း လိုအပ်သေး၏။

သို့ပေမည့် လန်ကျိုး၏ အစိုးရ စပါးကျီများမှာ စောစောစီးစီးကပင် ပြောင်သလင်းခါအောင် သယ်ယူသွားကြပြီး ကျိုးလီ မရောက်လာမီကပင် ဤစပါးကျီများကို အစိတ်စိတ်အမွှာမွှာ ခွဲထုတ်ကာ မည်သည့် နေရာများသို့ ရောက်ရှိသွားမှန်းပင် မသိတော့ချေ။

ထို့ကြောင့် ကျိုးလီသည် စစ်တပ်ကို ခေါ်ဆောင်ကာ မြို့တွင်းရှိ သူဌေးကြီးများနှင့် စပါးကုန်သည်များထံ သွားရောက်ပြီး စားနပ်ရိက္ခာများကို အတင်းအကျပ် ဝယ်ယူတော့၏။ အရှုံးမခံစေဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူခြင်း ဖြစ်သည်။

မရောင်းချင်သူများ အားလုံးကို နေရာမှာတင် သတ်ပစ်လိုက်တော့၏။

နှစ်လစာ လုံလောက်သော စားနပ်ရိက္ခာများကို ဝယ်ယူပြီးနောက် ကျိုးလီက စစ်တပ်ကို အမိန့်ပေးကာ စားနပ်ရိက္ခာများကို စောင့်ကြပ်၍ မိုင်ဆယ်ချီ ဝေးကွာသော လန်ကျိုး တောင်တန်း အနောက်ဘက်ရှိ လွင်ပြင်သို့ သွားရောက်ပြီး အကြီးအကျယ် နောက်ဆုတ်ပြီးနောက် နေထိုင်မည့် စခန်းများကို တည်ဆောက်ကာ နောက်ဆုတ်လာမည့် ဒုက္ခသည် သိန်းချီကို လက်ခံရန် ပြင်ဆင်စေခဲ့သည်။

လန်ကျိုး တောင်တန်းမှာ မမြင့်မားလှဘဲ မီတာ အနည်းငယ်သာ ရှိသော်လည်း ဤဆူနာမီကို တားဆီးရန် လုံလောက်၏။

နောက်ဆက်တွဲ အနေဖြင့် နောက်ဆုံးနှင့် အခက်ခဲဆုံး အပိုင်းမှာ ဤလူ ခြောက်သိန်းကျော်ကို မည်သို့ ပြောင်းရွှေ့မည်နည်း ဆိုသည်ပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လန်ကျိုးမြို့ တစ်ခုလုံးရှိ ပြည်သူများက ကြီးမားသော ငလျင်နှင့် ဆူနာမီ ဖြစ်ပေါ် လာမည်ကို မယုံကြည်ကြဘဲ အောက်ယွီကို တိုင်းပြည်နှင့် လူမျိုးကို ဒုက္ခပေးသူ၊ ပြည်သူများကို ဒုက္ခပေးပြီး ငွေကြေးများကို ဖြုန်းတီးသူအဖြစ် ပြစ်တင်ဝေဖန်နေကြသောကြောင့်ပင်။

ထို့အပြင် လန်ကျိုး သည် ချမ်းသာကြွယ်ဝသောကြောင့် လူတိုင်းက နောက်မဆုတ်လိုကြချေ။

ဆုတ်ခွာမည့် အစီအစဉ်ကို ဆယ်ရက်၊ လဝက်ခန့် ရွှေ့ဆိုင်းလိုက်ခြင်းဖြင့် ကြီးမားသော အပြောင်းအလဲ မရှိနိုင်ဟု ဆိုသော်ငြားလည်း လက်ရှိတွင်မူ ကောလာဟလ အမျိုးမျိုးတို့သည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့လျက် ရှိနေပြီ ဖြစ်သည်။

လန်ကျိုးမြို့မှ တစ်လှမ်း ထွက်ခွာသွားသည်နှင့်တပြိုင်နက် ပြန်လည်ရောက်ရှိလာချိန်တွင် မိမိတို့၏ အိုးအိမ် တိုက်တာနှင့် ပိုင်ဆိုင်မှု အစုစုတို့သည် သူတစ်ပါးလက်ဝယ်သို့ ကျရောက်သွားလိမ့်မည်ဟု လူအများက ပြောဆိုနေကြ၏။

ဤသည်မှာ ခေတ်သစ် မြေယာသိမ်းပိုက်မှု တစ်ရပ်ပင် ဖြစ်တော့သည်။ မှူးမတ်အချို့က လန်ကျိုးမြို့၏ သာယာဝပြောမှုကို မက်မောသောကြောင့် ဤအခွင့်အရေးကို အရယူကာ အတင်းအကျပ် သိမ်းပိုက်ရန် ကြံစည်နေကြခြင်း ဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

အကယ်၍ အုပ်ချုပ်ရေးမှူးရုံး၊ မြို့ဝန်ရုံးနှင့် ခရိုင်ရုံးစသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများကသာ ဝိုင်းဝန်း ကူညီကြမည်ဆိုလျှင် ဤကြီးမားလှသော ဆုတ်ခွာမှု အစီအစဉ်သည် စိန်ခေါ်မှုများ ရှိနေစေကာမူ မဖြစ်နိုင်သည့် အရာတော့ မဟုတ်ပေ။

အကြောင်းမှာ ထိုအဖွဲ့အစည်းများသည် ပြည်သူတို့အား နားဝင်အောင် ဖျောင်းဖျနိုင်သကဲ့သို့ ကောလာဟလများကိုလည်း တုံ့ပြန်ဖြေရှင်းနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။

သို့ပေမည့် ယခုမူ အမတ်တို့သည် ရာထူးအသီးသီးမှ နုတ်ထွက်သွားကြပြီး ပြည်သူတို့ကြားတွင် မဟုတ်မမှန် သတင်းများ လွှင့်ထုတ်ခြင်း၊ အတားအဆီးများ ဖန်တီးခြင်းနှင့် လူထုကို လှုံ့ဆော်ခြင်းဖြင့် အနှောင့်အယှက် ပေးနေကြလေ၏။

“ကျိုးလီ... ခင်ဗျားအနေနဲ့ အမတ်တွေကို သတ်နိုင်တယ်၊ စစ်သည်တွေကို သတ်နိုင်တယ်။ ဒါပေမဲ့ ဒီပြည်သူ သိန်းပေါင်းများစွာကိုကော ခင်ဗျား အကုန်သတ်နိုင်ပါ့မလား”

ကျိုးလီသည် အထီးကျန်စွာဖြင့် အမိန့်တော် တစ်စောင်ကို ကိုင်ဆောင်ထားသည်မှာ ဝိညာဉ်ခေါ်အလံကို လွှင့်ထူထားသည်နှင့် တူလှသည်။ ဧကရာဇ်မင်းမြတ် အပ်နှင်းထားသော ဓားကို ဆုပ်ကိုင်ထားသည်မှာလည်း နာရေးတွင် အားကိုးရာမဲ့ ငိုကြွေးရသည့် တုတ်တစ်ချောင်းကဲ့သို့ပင် ဖြစ်နေတော့သည်။

ထိုအရာများဖြင့် မည်သူ့ကို ခြောက်လှန့်နိုင်မည်နည်း။ သူတစ်ယောက်တည်း၏ အားမာန်ဖြင့် ဤမျှကြီးလေးသော တာဝန်များကို မည်သို့မည်ပုံ ပြီးမြောက်အောင် ဆောင်ရွက်မည်ကို စောင့်ကြည့်လိုသေး၏။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ပြည်သူသိန်းချီ ပါဝင်သော ဆုတ်ခွာမှု အစီအစဉ်ကြီးကို အကောင်အထည်ဖော်ရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲလှတော့သည်။

ကျိုးလီ၏ တုံ့ပြန်ပုံမှာလည်း အလွန် ရိုးရှင်းလေသည်။ ပြည်သူ ခြောက်သိန်းကျော် အားလုံး နောက်ဆုတ်ရမှာ ဖြစ်ပြီး မိုင်ဆယ်ချီ ဝေးကွာသော ယာယီ စခန်းကြီးသို့ သွားရောက်ရမှာဖြစ်၏။

ထိုနေရာတွင် တပ်တော် နှစ်သောင်းက စခန်းများ တည်ဆောက်နေပြီး လုံလောက်သော စားနပ်ရိက္ခာများ ကိုလည်း ပို့ဆောင်ထားပြီး ဖြစ်သည်။ ထိုနေရာတွင် ဆူနာမီကို တားဆီးပေးနိုင်မည့် မိုင်ရာချီ ရှည်လျားသော တောင်တန်းကြီး ရှိနေသောကြောင့် လုံလောက်အောင် ဘေးကင်းလုံခြုံသည်။

ပြည်သူ သိန်းချီသည် အဝတ်အစား အနည်းငယ်၊ ရွှေငွေရတနာများနှင့် ရက်အနည်းငယ်စာ စားနပ်ရိက္ခာများကို ယူဆောင်သွားရန်သာ လိုအပ်သည်။ နောက်ဆုတ်ရန် ဆန္ဒရှိသူတိုင်းကို လူတစ်ဦးလျှင် ငွေသား ငါးပြား ပေးမှာဖြစ်၏။

လန်ကျိုးမြို့တွင် တံခါးကြီး လေးပေါက်ရှိပြီး အားလုံးကို စစ်တပ်က စောင့်ကြပ်ထားကာ မြို့ပြင်သို့ ထွက်ခွာသူတိုင်းကို အရင်ဆုံး ငွေ သုံးပြားပေးမှာ ဖြစ်သည်။

သို့ပေမည့် ငွေယူပြီးသည်နှင့် တပြိုင်နက် လုံးဝ နောက်ကြောင်းပြန်လှည့်ခွင့် မရှိသလို မြို့တွင်းသို့ ပြန်ဝင်ခွင့်လည်း မရှိတော့ချေ။ ကျန်ရှိနေသော ငွေ နှစ်ပြားကိုမူ ယာယီ စခန်းသို့ ရောက်ရှိသွားမှသာ ရရှိမှာဖြစ်၏။

ပြည်သူများအပေါ်တွင် ကျိုးလီ သည် အကျိုးစီးပွားကို အသုံးပြု၍ လှုံ့ဆော်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဤနည်းလမ်းမှာ အမှန်တကယ်ပင် အလုပ်ဖြစ်ခဲ့သည်။ ပြည်သူအများစုအတွက် ငွေ ငါးပြားဆိုသည်မှာ ကြီးမားသော ငွေပမာဏ တစ်ခု ဖြစ်၏။

ထို့အပြင် မိသားစု တစ်စုတွင် လူအများအပြား ရှိနေသောကြောင့် ငွေပြား ဆယ်ဂဏန်းခန့် ရရှိနိုင်ရာ ရုတ်တရက် ချမ်းသာသွားသကဲ့သို့ပင် ဖြစ်သည်။

ထို့ကြောင့် လန်ကျိုးမြို့ရှိ ပြည်သူများသည် မိသားစုလိုက်၊ တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်ကာ၊ စားနပ်ရိက္ခာများကို ယူဆောင်လျက် လန်ကျိုးမြို့မှ ထွက်ခွာပြီး ယာယီ စခန်းသို့ သွားရောက်ကြတော့၏။

သို့ပေမည့် အချို့သော လူလိမ်လူညာများသည် မြို့တံခါးဝတွင် ငွေယူပြီးနောက် အိမ်သို့ ပြန်သွားရန် အကြောင်းပြချက် အမျိုးမျိုး ပေးကြသည်။

ဖခင်အိုကြီး အိမ်မှာကျန်နေသေးသည်ဟု ဆိုကာ ပြန်သွားလိုကြသလို အချို့ကလည်း အသက်ကယ်ဆေးများ အိမ်မှာ ကျန်နေသေးသည်ဟု ဆိုကာ ပြန်သွားလိုကြ၏။

အချုပ်အားဖြင့် ဤလူများသည် မြို့တွင်းသို့ ပြန်ဝင်ပြီး အခြား တံခါးပေါက်မှ ပြန်ထွက်ကာ ငွေကို အကြိမ်ကြိမ် ယူလိုကြခြင်း ဖြစ်သည်။

မြို့တံခါးဝရှိ ဟေးပင်းထိုင် စစ်သည်များက သေချာပေါက် ခွင့်မပြုချိန်မှာတော့ ဤလူရမ်းကားများသည် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ အော်ဟစ်ဆဲဆိုကြပြီး ဤစစ်သည်များမှာ လူ့ကျင့်ဝတ် မရှိကြောင်း၊ ဖခင်အိုကြီးကို အိမ်တွင် သေခိုင်းရန် လုပ်ဆောင်နေကြောင်း ပြောဆိုကြ၏။

အချို့ဆိုလျှင် လူအများရှေ့တွင် သွေးအန်ပြကာ ဆေးမစားရလျှင် သေတော့မည်ဟု ပြောကြ၏။ မည်သို့ပင်ဆိုစေ ဤလူများ အားလုံး၏ ရည်ရွယ်ချက်မှာ မြို့တွင်းသို့ ပြန်ဝင်ပြီး အခြား တံခါးပေါက်မှ ပြန်ထွက်ကာ ငွေကို အကြိမ်ကြိမ် ယူလိုကြခြင်း ဖြစ်သည်။

ဤလူများ၏ သရုပ်ဆောင်မှုမှာလည်း အလွန်ကောင်းမွန်သောကြောင့် မြို့တံခါးဝတွင် အလွယ်တကူ ဆူပူမှုများ ဖြစ်ပေါ်စေနိုင်ပြီး မကောင်းသော စံနမူနာ တစ်ခုကို ပြသနေ၏။

အကယ်၍ သူတို့သာ အောင်မြင်သွားပါက အခြားသူများလည်း ဤကဲ့သို့ လိုက်လုပ်နိုင်ကြောင်း၊ မြို့တံခါးများကို အကြိမ်ကြိမ် အဝင်အထွက် ပြုလုပ်ရုံဖြင့် ချမ်းသာသွားနိုင်ကြောင်း ပြသနေသကဲ့သို့ ဖြစ်နေသည်။

ဤကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရချိန်မှာတော့ ကျိုးလီ၏ အမိန့်ကို စောင့်စရာ မလိုဘဲ ဟေးပင်းထိုင် စစ်သူကြီးများက တိုက်ရိုက် ရှေ့ထွက်ကာ ဤလူများ အားလုံးကို ခုတ်သတ်ပစ်လိုက်ပြီး သူတို့၏ ခေါင်းများကို ချွန်ထက်သော သစ်သားတိုင်များပေါ်တွင် စိုက်ကာ မြို့တံခါး အပြင်ဘက်၌ ပြသထားပြီး အလောင်းများကိုလည်း မြို့တံခါးတွင် ဆွဲချိတ်ထားလိုက်၏။

ဤသည်မှာ အခြား ပြည်သူများကို အခွင့်ကောင်းယူပြီး ဆူပူသောင်းကျန်းပါက မည်သို့ အကျိုးဆက်များ ခံစားရမည်ကို ရှင်းလင်းစွာ ပြသလိုက်ခြင်းပင် ဖြစ်သည်။

ဤနည်းလမ်းကို အသုံးပြုပြီး ငွေသား သန်းသုံးဆယ်ကျော် တန်ဖိုး ပေးဆပ်ကာ အိမ်ရှေ့စံမင်းသား ကျိုးလီသည် နောက်ဆုံးတွင် လူခြောက်သိန်းကျော်ကို နောက်ဆုတ်နိုင်ခဲ့ပြီ ဖြစ်၏။

သို့ပေမည့် လူတစ်သောင်းကျော်ခန့်မှာ နောက်ဆုတ်ရန် ငြင်းဆန်နေကြဆဲ ဖြစ်သည်။ သူတို့၏ မိသားစု အခြေအနေမှာ အလွန်ကောင်းမွန်ပြီး အလွန် ချမ်းသာကြွယ်ဝသောကြောင့် ဤငွေအနည်းငယ်ကို လုံးဝ ဂရုမစိုက်ကြချေ။

မည်သူ့ကို လာစော်ကားနေသနည်း။ ဤလူများမှာ ကုန်သည်ကြီးများ၊ မှူးမတ်များနှင့် အငြိမ်းစား အမတ်များ ဖြစ်ကြသည်။ သူတို့ မထွက်ခွာပါက ဆူပူမှုများနှင့် နောက်ကြောင်းပြန်လှည့်မှုများကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်၏။

နောက်ဆုတ်သွားသော လူသိန်းချီသည် လန်ကျိုး၏ ဤချမ်းသာကြွယ်ဝသော မိသားစုများ မထွက်ခွာသည်ကို ကြားသိရချိန်မှာတော့ သေချာပေါက် တစ်ခုခု မှားယွင်းနေပြီဟု ထင်မြင်သွားကြပြီး သူတို့လည်း မထွက်ခွာလိုတော့ဘဲ မြို့တွင်းသို့ ပြန်ဝင်လိုကြမှာဖြစ်သည်။

ထို့အပြင် သူတို့သည် ငွေများကိုလည်း ရရှိပြီးဖြစ်ရာ မြို့တွင်းသို့ ပြန်ဝင်ခြင်းက မနစ်နာချေ။ ထို့ကြောင့် ဤချမ်းသာကြွယ်ဝသော မိသားစုများ မထွက်ခွာပါက ယခင်က လုပ်ဆောင်ခဲ့သော အကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ်၏ အောင်မြင်မှုများ အားလုံးမှာ အချည်းနှီး ဖြစ်သွားနိုင်၏။

ထို့ကြောင့် အိမ်ရှေ့စံမင်းသား ကျိုးလီသည် အမိန့်ထုတ်ပြန်လိုက်၏။ သုံးရက်အတွင်း လန်ကျိုးမြို့အတွင်းရှိ လူအားလုံး မဖြစ်မနေ ထွက်ခွာရမှာဖြစ်သည်။

သုံးရက်ပြည့်သွားပြီးနောက် မြို့တွင်း၌ မည်သူမဆို ကျန်ရှိနေသေးပါက အတင်းအကျပ် ဖယ်ရှားမှာဖြစ်သည်။ ဖီဆန်သူတိုင်းကို နေရာမှာတင် သတ်ပစ်မှာဖြစ်၏။

မည်သို့ အတင်းအကျပ် ဖယ်ရှားမည်နည်း။ စစ်တပ်ကို စေလွှတ်ကာ တစ်အိမ်တက်ဆင်း ရှာဖွေမည်လား။ သို့မဟုတ် ထိုချမ်းသာကြွယ်ဝသော မိသားစုများကို အတင်းအကျပ် ဝင်ရောက် တိုက်ခိုက်မည်လား။

မဟုတ်ချေ။ ထိုသို့လုပ်ဆောင်ပါက အချိန် ပိုမိုကြန့်ကြာမည်ဖြစ်ပြီး သေကြေဒဏ်ရာရမှုများလည်း ရှိလာနိုင်သည်။

မြို့တွင်းရှိ မည်သည့်အိမ်တွင် လူရှိနေသေးကြောင်း စုံစမ်းသိရှိပါက အရင်ဆုံး အမိန့်ပေးကာ တစ်နာရီ အချိန်ပေးမှာ ဖြစ်သည်။ ထိုအချိန်အတွင်း ထွက်မလာသေးပါက အိမ်ကို တိုက်ရိုက် မီးရှို့ပစ်မှာဖြစ်သည်။

“မင်းတို့ လုပ်ရဲတယ်ပေါ့လေ။ ငါ့သားက ဝမ်ဟွာကျိန့်၊ စစ်ဘက်ဆိုင်ရာ ဒု-ဝန်ကြီး ပဲ။ ဒါက ငါတို့ရဲ့ မျိုးရိုးစဉ်ဆက် အိမ်တော်ပဲ။ မင်းတို့ ငါတို့အိမ်က အုတ်တစ်ချပ်၊ အမိုးကြွေပြား တစ်ချပ်ကိုတောင် မီးရှို့ရဲရင် မင်းတို့ကို သေချာပေါက် အသေအလဲ တိုက်ခိုက်မယ်။ မင်းက အိမ်ရှေ့စံမင်းသား ဖြစ်နေရင်တောင်မှ အသုံးမဝင်ဘူး။”

ဤသည်မှာ အကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ်တွင် ကြုံတွေ့ရသော အကြီးမားဆုံး အတားအဆီးပင် ဖြစ်သည်။ လန်ကျိုးမြို့၏ အကြီးမားဆုံးသော ဒေသခံ အင်အားကြီးဖြစ်သည့် ယန်ရှုံးဟောက် အိမ်တော်၊ ယခင် ချန်းဟိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး၏ အိမ်တော်ပင် ဖြစ်၏။

သူ၏ မိခင်အိုကြီး၊ အိမ်တော်၏ သခင်မကြီးကိုယ်တိုင် ဓားကို ဝှေ့ယမ်းကာ အစောင့် ရာချီကို ဦးဆောင်ပြီး ဟေးပင်းထိုင် စစ်သည်များနှင့် မျက်နှာချင်းဆိုင် ရပ်နေကြသည်။

“ငါက နန်းတွင်းရဲ့ အဆင့်နှစ် သခင်မကြီးပဲ။ ငါ ဝတ်ထားတဲ့ ဒီအဝတ်အစားက ဧကရာဇ် ပေးသနားထားတာ။ ငါတို့အိမ်က ဒီဆိုင်းဘုတ်က ဧကရာဇ်ဟောင်းကိုယ်တိုင် ရေးပေးထားတာ။ ငါတို့ရဲ့ ဒီအိမ်တော်ကို ဧကရာဇ်ဟောင်း နေဖူးတယ်၊ ဧကရာဇ်လည်း နေဖူးတယ်။

ငါ့သားက ဝမ်ဟွာကျိန့် ပဲ။ ယန်ရှုံးဟောက်၊ စစ်ဘက်ဆိုင်ရာ ဒု-ဝန်ကြီးပဲ။ ကျိုးလီ... မင်း ငါတို့အိမ်က သစ်သားတစ်ချောင်းကိုတောင် မီးရှို့ရဲရင် မင်းနဲ့ ငါ သေချာပေါက် အသေအလဲ တိုက်ခိုက်မယ်။ မင်းက အိမ်ရှေ့စံမင်းသား ဖြစ်နေရင်တောင်မှ အသုံးမဝင်ဘူး။”

“သောက်ကျိုးနည်း... ခင်ဗျားက အိမ်ရှေ့စံမင်းသား ကံဆိုးသွားပြီဆိုတာ သိလို့ ဒီလိုမျိုး ပြောရဲတာလေ။ အကယ်၍ ဒုတိယမင်းသား ကျိုးကျီသာ ရှိနေရင် ခင်ဗျားက အစောကြီးတည်းက သွားပြီး ဖားနေလောက်ပြီ။”

သခင်မကြီး၏ စကားသံမှာ တပြိုင်နက် ထွက်ပေါ်လာသော လှောင်ရယ်သံနှင့်အတူ ရောယှက်နေခဲ့သည်။ ထို့အပြင် ဒုတိယမင်းသား ကျိုးကျီမှာ ယခင်က လာရောက်ခဲ့ဖူးခြင်း မရှိသည် မဟုတ်ပေ။ ထိုမင်းသား လာရောက်ခဲ့စဉ်က ယန်ရှုံးဟောက်၏ မိခင်ကိုယ်တိုင် တံခါးဝသို့ ထွက်၍ ဒူးထောက်ကာ ကြိုဆိုခဲ့ရသည်။

ယခုမူ အိမ်ရှေ့စံမင်းသား ကျိုးလီကို မြင်တွေ့ရသည့်ချိန်မှာတော့ ပါးစပ်မှ ကျိုးလီဟုသာ တရစပ် ခေါ်ဝေါ်နေခဲ့သည်။ ဤသို့ဖြင့် အာဏာရှိသူများကို မခန့်လေးစား ပြုမူနေသည်မှာ ထင်ရှားလှ၏။

ယခု အိမ်ရှေ့စံမင်းသား ကျိုးလီကို တွေ့ချိန်မှာတော့ ပါးစပ်ကနေ ကျိုးလီ၊ ကျိုးလီဟု ခေါ်ပြီး အာဏာရှိတဲ့သူတွေကို မကြောက်တဲ့ပုံစံမျိုး လုပ်ပြနေတာလား။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သခင်မကြီးဝမ်သည် အိမ်ရှေ့စံမင်းသားအပေါ် ထိုကဲ့သို့သော သဘောထားမျိုး မပြခဲ့ဖူးပေ။

မင်းသားမှာ အရှိန်အဝါ ကြီးမားသူ ဖြစ်သောကြောင့် သခင်မကြီးမှာ ပါးစပ်ဖျားမှ သခင်လေးဟု မပြတ်တမ်း ခေါ်ဝေါ်ခဲ့ရုံမျှမက မိမိကိုယ်ကိုယ်လည်း ကျွန်တစ်ယောက်ကဲ့သို့ အပြည့်အဝ နှိမ့်ချ ဆက်ဆံခဲ့ရုံမှ တစ်ပါး အခြား မရှိခဲ့ချေ။

‘လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သခင်မကြီးဝမ်... ခင်ဗျား အိမ်ရှေ့စံမင်းသား ကျိုးလီကို ဒီလို သဘောထားမျိုး မပြခဲ့ဘူးလေ။ ပါးစပ်ကနေ သခင်လေး၊ သခင်လေးလို့ အမြဲတမ်း ခေါ်ပြီး ကိုယ့်ကိုယ်ကိုယ် ကျွန်တစ်ယောက်လို အပြည့်အဝ သဘောထားခဲ့တာပဲ။’

All Chapters