← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅) ညစာစားပွဲအတွက် သေးငယ်သော တောရိုင်းတိရစ္ဆာန်အချို့ကို အရင်ဖမ်းကြစို့

ဒုက္ခသည် ခုနစ်ယောက်သည် ကျောတွင် ခြင်းတောင်းများ လွယ်ကာ ကျောက်လင်၏ နောက်မှနေ၍ တောင်နောက်ဘက်သို့ လိုက်သွားကြ၏။

"ညနေ လေးနာရီတောင် ကျော်နေပြီဆိုတော့... တောင်ထဲကို အရမ်းမဝင်တော့ဘဲ ဒီတောင်နောက်ဘက်မှာပဲ ရှာကြတာပေါ့..."

ကျောက်လင်က တောင်ထဲသို့ ဝင်ဝင်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။

နံနက်ခင်းက ကျောက်လင်သည် ယောင်းဟွိုင်တောက်နှင့် အခြားခြောက်ယောက်ကို တောင်နောက်ဘက်သို့ ခေါ်ဆောင်လာစဉ် သူ၏ စိတ်စွမ်းအားဖြင့် လမ်းတစ်လျှောက်ရှိ တောယုန်များ၊ ရစ်ငှက်များနှင့် အဆိပ်ပြင်းမြွေများစွာကို အာရုံခံမိခဲ့၏။ ထိုစဉ်က သူသည် အချိန်မဖြုန်းလိုသဖြင့် ဤသေးငယ်သော တောရိုင်းတိရစ္ဆာန်များကို လွှတ်ပေးခဲ့သည်။

သို့သော် ယခုတော့ အခြေအနေက မတူတော့ပေ။

ကျောက်လင်သည် သေးငယ်သော တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးရန်အတွက်သာ သီးသန့်လာခဲ့ခြင်း ဖြစ်၏။

စိတ်စွမ်းအား အမြုတေအတွင်း၌ စိတ်စွမ်းအားတို့က နိုးကြားတက်ကြွနေသည်။

တောင်နောက်ဘက်သို့ ရောက်ပြီး နှစ်မိနစ်ပင် မကြာလိုက်မီ ဂူတစ်ခုအတွင်းမှ လှုပ်ရှားမှုကို ကျောက်လင် အာရုံခံမိလိုက်၏။

"ကောင်းတယ်.. ယုန်တွင်းတစ်တွင်းတွေ့ပြီ..."

ကျောက်လင်သည် ဂူထဲရှိ သားရဲအမျိုးအစားကို ချက်ချင်း အာရုံခံမိပြီး ပြေးသွားလိုက်သည်။

ဆိုရိုးစကားရှိသည့်အတိုင်း ပါးနပ်သော ယုန်တွင် တွင်းသုံးတွင်း ရှိတတ်၏။ ပြီးပြည့်စုံသောအဆင့် အမဲလိုက်ကျွမ်းကျင်မှု ရှိထားသော ကျောက်လင်အနေဖြင့် တောယုန်များ၏ အလေ့အထကို မည်သို့လျှင် မသိဘဲ နေမည်နည်း။

သူ၏ စိတ်စွမ်းအားဖြင့် ကျောက်လင်သည် ဂူပေါက်သုံးခုလုံးကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားသည်။

ကျောက်လင်က ဘာမှမပြောဘဲ အခြားဂူပေါက်နှစ်ခုကို ကျောက်ခဲများဖြင့် ပိတ်လိုက်၏။

တတိယမြောက် ဂူပေါက်ရှေ့တွင်တော့ ကျောက်လင်က ပြုံးလိုက်ပြီး သူ၏ ညာဘက်လက်ဖြင့် ဂူပေါက်ဝရှိ မြေကြီးကို ထိလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ကုဗမီတာခန့်ရှိသော မြေကြီးများ ပျောက်ကွယ်သွား၏။

တောင်ကိုဖောက်၍ ဥမင်တူးခဲ့သော ယခင်အတွေ့အကြုံများအရ ကျောက်လင်သည် စနစ်နေရာလွတ်ကို အသုံးပြု၍ မြေကြီးများကို မည်သို့တူးဆွရမည်ကို သဘာဝကျကျ သိရှိထားရာ ယုန်တွင်း၏ လားရာအတိုင်း အောက်ဘက်သို့ တောက်လျှောက် စူးစမ်းရှာဖွေရင်း ပို၍ပို၍ နက်ရှိုင်းစွာ တူးဆင်းသွားလေသည်။

ငါးမီတာခန့် တူးပြီးနောက် ကျောက်လင်က တွင်း၏ အနက်ရှိုင်းဆုံးနေရာတွင် ယုန်ကို ပိတ်မိသွားစေသည်။

ဤတွင်းထဲတွင် တောယုန်နှစ်ကောင် ရှိနေ၏။

ယုန်နှစ်ကောင်သည် ထိတ်လန့်တကြား ထွက်ပြေးရန် ကြိုးစားနေစဉ် ကျောက်လင်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လက်နှစ်ဖက်ဖြင့် တစ်ပြိုင်နက် ဖမ်းဆုပ်ကာ ယုန်နှစ်ကောင်လုံးကို အရှင်ဖမ်းမိလိုက်သည်။

ကျောက်လင် တောယုန်ဖမ်းနေသည်ကို မြင်တွေ့ရသောအခါ ဒုက္ခသည် ခုနစ်ယောက်မှာ လုံးဝ အံ့အားသင့်သွားကြ၏။

ကျောက်လင် ထိလိုက်သည်နှင့် မြေကြီးများ ချက်ချင်း ပျောက်ကွယ်သွားသည်ကို မြင်ရသောအခါ လူခုနစ်ယောက်လုံး မှင်တက်သွားကြပြီး သူ့အား နတ်ဘုရားတစ်ပါးကဲ့သို့ သဘောထားလိုက်ကြသည်။

"ဒါက လှည့်ကွက်လေးတွေပါ... မအံ့သြကြပါနဲ့..."

ကျောက်လင်သည် တည်ငြိမ်စွာ ပြုံးလိုက်ပြီး တောယုန်နှစ်ကောင်ကို သူ၏ ခြင်းတောင်းထဲသို့ ထည့်လိုက်၏။

ထို့နောက် ချက်ချင်းပင် ကျောက်လင်သည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ တူးဖော်သိမ်းဆည်းထားသော မြေကြီးများအားလုံး အောက်သို့ ပြန်ကျလာပြီး ဂူကို ပြန်လည်ဖုံးအုပ်သွားသည်။

"သခင်က အရမ်းကိုအံ့သြဖို့ကောင်းတာပဲ..."

လူခုနစ်ယောက်လုံးက ရိုးသားစွာ လေးစားကြည်ညိုသွားကြ၏။

ကျောက်လင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ရှေ့သို့ လှမ်းလျှောက်သွားကာ သူ၏ စိတ်စွမ်းအားဖြင့် ပတ်ဝန်းကျင်ကို ဆက်လက် အာရုံခံနေသည်။

သိပ်မကြာမီမှာပင် ရှေ့ရှိ ချုံပုတ်များထဲတွင် အင်းဆက်ပိုးမွှားများ ဖမ်းစားနေသော ရစ်ငှက်နှစ်ကောင်ကို ကျောက်လင် အာရုံခံမိလိုက်၏။

ရစ်ငှက်များသည် အလွန် သတိဝီရိယရှိကြရာ ကျောက်လင်သာ အပြေးအလွှား သွားရောက်ဖမ်းဆီးမည်ဆိုလျှင် သူ၏ လက်ရှိ အမြန်နှုန်းဖြင့် ဖမ်းမိနိုင်မည် မဟုတ်ပေ။

"မင်းတို့ခုနစ်ယောက် ခြင်းတောင်းတွေယူပြီး ဟိုဘက်ကို ပတ်သွားလိုက်... အဲ့ဒီ မြက်ခင်းပြင်ကို ဝိုင်းထားကြ..."

"မြက်ခင်းထဲမှာ ရစ်ငှက် နှစ်ကောင်ရှိတယ်... မင်းတို့ ဝိုင်းထားပြီးတာနဲ့ ငါ မြက်ခင်းထဲကို ဝင်သွားမယ်... အကယ်လို့ ရစ်ငှက်တွေ ထွက်ပြေးလာရင် အပြင်ထွက်လာတာနဲ့ တစ်ပြိုင်နက် ဖမ်းရမယ်နော်..."

ကျောက်လင်က တိုးညင်းစွာ ပြောလိုက်သည်။

လူခုနစ်ယောက်လုံး နားလည်သဘောပေါက်သွားကြ၏။

ထို့ကြောင့် သူတို့ ခုနစ်ယောက်သည် ကျောတွင် ခြင်းတောင်းများ လွယ်ကာ ချုံပုတ်များကို သတိထား၍ ပတ်သွားကြပြီးနောက် ဝိုင်းရံမှုကို ကျဉ်းမြောင်းစေကာ နောက်ဆုံးတွင် ချုံပုတ်အစွန်းသို့ ရောက်ရှိသွားကြသည်။

ထိုအခါ ကျောက်လင်က သူ၏ ကွင်းတပ်ဓားနှင့် ပေါင်းစပ်လေးကို ချထားလိုက်ပြီး ချုံပုတ်များထဲသို့ လက်ဗလာဖြင့် ပြေးဝင်သွားလေသည်။

အရောင်အသွေး စုံလင်လှသော ရစ်ငှက်နှစ်ကောင်မှာ လန့်ဖြန့်သွားပြီး ရုတ်တရက် ပျံတက်သွားကြ၏။

ကျောက်လင်၏ လှုပ်ရှားမှုများက လျင်မြန်လှရာ ပျံတက်သွားသော ရစ်ငှက်တစ်ကောင်ကို ပထမဆုံး အခိုက်အတန့်မှာပင် ဖမ်းမိလိုက်သည်။

အခြားရစ်ငှက်တစ်ကောင်ကမူ မြက်ခင်းထဲမှ ထွက်ပြေးလာပြီး တောအုပ်ထဲသို့ လွတ်မြောက်ရန် ကြိုးစားလေ၏။

ထိုအချိန်မှာပင် ဒုက္ခသည် နှစ်ယောက်က ရစ်ငှက် ပြေးလာသော လမ်းကြောင်းကို ပိတ်ဆို့လိုက်ပြီး သူတို့၏ ခြင်းတောင်းများကို အသုံးပြု၍ အုပ်ဖမ်းလိုက်ကြသည်။

ခြင်းတောင်းက ရစ်ငှက်ကို အုပ်မိသွား၏။

ထို့ကြောင့် ထိုရစ်ငှက် နှစ်ကောင်ကို ယခင် ယုန်နှစ်ကောင်နှင့်အတူ ခြင်းတောင်း တစ်ခုတည်းတွင် ထည့်လိုက်သည်။

"သခင်က တကယ့်ကို အံ့သြဖို့ကောင်းတာပဲ..."

လူခုနစ်ယောက်လုံးက ရင်ထဲမှလှိုက်လှဲစွာ ချီးကျူးလိုက်ကြ၏။

ဤဒုက္ခသည် ခုနစ်ယောက်သည် ယခင်က ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးရန် ကြိုးစားခဲ့ဖူးသော်လည်း တစ်ကြိမ်မျှ အောင်မြင်ခဲ့ခြင်း မရှိပေ။ တောရိုင်းတိရစ္ဆာန်များ ဖမ်းဆီးရခြင်း၏ ခက်ခဲမှုကို သူတို့ ကောင်းကောင်း သိထားကြသည်။

ကျောက်လင်သည် ဤမျှအချိန်တိုအတွင်း သေးငယ်သော တောရိုင်းတိရစ္ဆာန် လေးကောင်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိလိုက်ရသောအခါ ထိုခုနစ်ယောက်မှာ အလွန်အမင်း အံ့အားသင့်သွားကြ၏။

"ကဲ... စိတ်အေးအေးထားကြ... တောရိုင်းတိရစ္ဆာန်တွေ ဆက်ဖမ်းကြတာပေါ့..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ကျောက်လင်သည် သူ၏ ပေါင်းစပ်လေးကို လွယ်ကာ ကွင်းတပ်ဓားကို ကိုင်ဆောင်လျက် ပတ်ဝန်းကျင် တောင်တန်းများအတွင်းရှိ လှုပ်ရှားမှုများကို အာရုံခံရန် ရှေ့မှ ဆက်လျှောက်သွားပြန်၏။

အချိန်အနည်းငယ် ကြာပြီးနောက် ကျောက်လင်သည် ထပ်မံ၍ ရပ်တန့်လိုက်သည်။

"သခင်... နောက်ထပ် သားရဲတစ်ကောင် ရှိနေတာလား..."

ဒုက္ခသည်များထဲမှ တစ်ယောက်က မနေနိုင်ဘဲ မေးလိုက်၏။

ကျောက်လင်က ခေါင်းညိတ်ပြသည်။

လူခုနစ်ယောက်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း မည်သည့် တောရိုင်းတိရစ္ဆာန်၏ အရိပ်အယောင်ကိုမျှ မတွေ့ရပေ။ ထို့ကြောင့် သူတို့သည် ကျောက်လင်ကို စပ်စုချင်စိတ်ဖြင့် မကြည့်ဘဲ မနေနိုင်ဖြစ်သွားကြ၏။

ထို့နောက် ကျောက်လင်သည် သူ၏ ကွင်းတပ်ဓားကို ကိုင်၍ ဘေးပတ်လည်ရှိ သစ်ပင်ငယ် ခုနစ်ပင်ကို ခုတ်လှဲလိုက်ပြီး သစ်တုံးခုနစ်တုံး ပြုလုပ်လိုက်သည်။

"ယူထားကြ... နောက်ကျရင် အသုံးတည့်လိမ့်မယ်..."

ကျောက်လင်က ကောက်ကျစ်သော အပြုံးတစ်ခုကို ပြုံးပြလိုက်၏။

လူခုနစ်ယောက်သည် သစ်တုံးများကို ယူကာ ကျောက်လင်အား နားမလည်နိုင်သော အမူအရာများဖြင့် ကြည့်လိုက်ကြသော်လည်း သူ့ကို သံသယမဝင်ရဲသဖြင့် နောက်ထပ် မည်သို့ဖြစ်လာမည်ကိုသာ စောင့်ကြည့်နေလိုက်ကြသည်။

ကျောက်လင်က ကုန်းစောင်းပေါ်ရှိ အပေါက်ငယ်တစ်ခု ရှိနေသော နေရာသို့ လျှောက်သွားပြီး ထိုအပေါက်၏ အစွန်းကို သူ၏ ညာဘက်လက်ဖြင့် ထိလိုက်၏။

မြေကြီး တစ်ကုဗမီတာခန့် ပျောက်ကွယ်သွားပြီး စနစ်နေရာလွတ်ထဲသို့ ဝင်ရောက်သွားသည်။

နောက်တစ်ကြိမ် ထပ်ထိလိုက်ရာ နောက်ထပ် မြေကြီး တစ်ကုဗမီတာ ထပ်မံ ပျောက်ကွယ်သွားပြန်၏။

ထိုအခိုက်တွင် သူတို့ ခုနစ်ယောက်လုံး အတွင်း၌ ဖြစ်ပျက်နေသည်များကို မြင်တွေ့လိုက်ရသည်။

"မြွေ..."

"မြွေ ရှိတယ်..."

လူခုနစ်ယောက်လုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။

ထိုအချိန်မှာပင် ကျောက်လင်သည် နောက်သို့ ခုန်ဆုတ်လိုက်ပြီး မြွေ၏ တိုက်ခိုက်နိုင်သော အကွာအဝေးမှ ထွက်ခွာသွားသည်။

"အခု မင်းတို့ လက်ထဲက သစ်တုံးတွေကို သုံးပြီး ဒီအဆိပ်ပြင်းမြွေကို ဖိထားကြ..."

ကျောက်လင်က တည်ငြိမ်စွာ အော်ပြောလိုက်၏။

ကျောက်လင် ဘာကြောင့် သူတို့ကို သစ်တုံးတွေ ပေးခဲ့ရသည်ဆိုခြင်းကို ဒုက္ခသည် ခုနစ်ယောက် ချက်ချင်း နားလည်သွားကြသည်။

တစ်ချိန်တည်းမှာပင် ကျောက်လင်သည် သူတို့၏ သတ္တိကို တမင်သက်သက် စမ်းသပ်နေခြင်းဖြစ်ကြောင်းကိုလည်း သဘောပေါက်သွားကြ၏။

သို့မဟုတ်ပါက ကျောက်လင်၏ ကိုယ်ပိုင် စွမ်းအားဖြင့် ဤမျှဒုက္ခခံနေရန် မလိုအပ်ပေ။ တစ်ချက်တည်း ခုတ်ပိုင်းလိုက်ရုံသာ ဖြစ်သည်။

"ဟုတ်ကဲ့ပါ သခင်..."

ထိုခုနစ်ယောက်က ပြန်လည်တုံ့ပြန်လိုက်ပြီး စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေကြ၏။

အဆိပ်ပြင်းမြွေ ပုန်းအောင်းနေသော တွင်းမှာ တူးဖော်ခံလိုက်ရသဖြင့် ၎င်း၏ ခန္ဓာကိုယ်မှာ ပေါ်ထွက်လာ၏။ ထိုအချိန်တွင် လူရှစ်ယောက်၏ ရှိနေမှုကို အာရုံခံမိပြီး အလွန်အမင်း ဒေါသထွက်သွားလေသည်။

ထို့နောက် အဆိပ်ပြင်းမြွေသည် အပြင်သို့ ပြေးထွက်လာကာ ၎င်း၏ ပါးစပ်ကို ဟဟောင်းလောင်းဖွင့်၍ ဒုက္ခသည် တစ်ယောက်အား တိုက်ခိုက်လိုက်သည်။

ဤအချိန်တွင် လူခုနစ်ယောက်က မကြောက်မရွံ့ဘဲ သစ်တုံးများကို ကောက်ကိုင်ကာ အဆိပ်ပြင်းမြွေ၏ ခန္ဓာကိုယ်ကို ဖိထားပြီး လှုပ်ရှား၍မရစေရန် ရည်ရွယ်ကာ ရိုက်ချလိုက်ကြ၏။

သစ်တုံးခုနစ်တုံးကို တစ်ပြိုင်နက်တည်း ရိုက်ချလိုက်သည်။ အမှားအယွင်း းအချို့ ရှိခဲ့သော်လည်း သစ်တုံးနှစ်တုံးက အဆိပ်ပြင်းမြွေအပေါ်သို့ ဖိချနိုင်ခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်ကို မြေကြီးနှင့် ကပ်သွားစေကာ လှုပ်ရှား၍မရအောင် လုပ်နိုင်ခဲ့သည်။

ကျန်ငါးယောက်မှာ လွဲချော်သွားခဲ့သော်လည်း မြွေ၏ ခန္ဓာကိုယ် လှုပ်ရှား၍မရဖြစ်သွားသည်ကို မြင်သောအခါ သူတို့သည် သစ်တုံးများကို အတူတကွ ရိုက်ချလိုက်ပြီး မြွေ၏ ခေါင်းကို ဖိထားလိုက်ကြ၏။

"တော်တယ်... အရမ်း ကောင်းတယ်..."

ကျောက်လင်က ချီးကျူးလိုက်သည်။

ချက်ချင်းပင် ကျောက်လင်က ကွင်းတပ်ဓားကို ကောက်ကိုင်၍ ခုတ်ချလိုက်ရာ မြွေ၏ ခေါင်းမှာ ပြတ်ထွက်သွားလေ၏။

ထို့နောက် မြွေ၏ ခန္ဓာကိုယ်ကို ခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်သည်။

ပြီးနောက် ကျောက်လင်သည် လူခုနစ်ယောက်ကို ဦးဆောင်၍ တောင်နောက်ဘက်၏ နေရာအနှံ့အပြားသို့ ရှာဖွေခဲ့ပြီး လမ်းတစ်လျှောက် အာရုံခံမိသမျှ သေးငယ်သော တောရိုင်းတိရစ္ဆာန်များကို စုဆောင်းခဲ့သည်။

နာရီဝက်ခန့် လှုပ်ရှားပြီးနောက် ကျောက်လင်နှင့် သူ၏ အဖော်ရှစ်ယောက်သည် တောယုန် နှစ်ဆယ်၊ ရစ်ငှက် ငါးကောင်၊ အဆိပ်ပြင်းမြွေ ဆယ်ကောင်နှင့် တောဥတစ်သိုက်တို့ကို ဖမ်းမိခဲ့ကြ၏။

"ကောင်းပြီ... ဒီညစာစားပွဲအတွက် တောရိုင်းတိရစ္ဆာန်တွေ အလုံအလောက် ဖမ်းမိပြီ..."

ကျောက်လင်သည် မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို သိရှိပြီး တောင်နောက်ဘက်ရှိ တောရိုင်းတိရစ္ဆာန်အားလုံးကို ဖမ်းဆီးရန် ရည်ရွယ်ချက် မရှိပေ။

ချက်ချင်းပင် သူတို့ ရှစ်ယောက်သည် တောင်နောက်ဘက်မှ ရွှင်လန်းသော ခြေလှမ်းများဖြင့် ထွက်ခွာလာခဲ့ကြပြီး ကျောက်လင် တည်းခိုခဲ့သော အိမ်သို့ ပြန်လာခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ယောင်းဟွိုင်တောက်နှင့် သူ၏ အဖွဲ့သည် ၎င်းတို့၏ ဇနီးများ၊ သူတို့ ဝယ်ယူခဲ့သော ဒုက္ခသည်များနှင့်အတူ ရောက်ရှိနေကြပြီဖြစ်ပြီး အားလုံး အလုပ်ရှုပ်နေကြ၏။

အခန်း (၃၆) ညစာစားပွဲ၊ ဒီနေ့ည ငါ ပိုစားရမယ်

"ဝိုး... တောယုန်တွေ အများကြီး ဖမ်းမိခဲ့တာပဲ..."

ကျောက်လင် ပြန်ရောက်လာသောအခါ ဒုက္ခသည် ခုနစ်ယောက်က သူတို့၏ ခြင်းတောင်းများကို ချလိုက်ကြပြီး အတွင်းရှိ တောရိုင်းတိရစ္ဆာန်များကို မြင်လိုက်ရသောအခါ လူတိုင်း အံ့သြသွားကြ၏။

"ဒီရစ်ငှက် ငါးကောင်က တော်တော်လေး လှတာပဲ..."

ယောင်းဟွိုင်တောက်နှင့် အခြားသူများ၏ ဇနီးများသည် မျက်လုံးများ အရောင်လက်သွားကြပြီး ထိုရစ်ငှက်ငါးကောင်၏ ဆွဲဆောင်မှုနောက်သို့ ပါသွားကြသည်။

"အဆိပ်ပြင်းမြွေဆယ်ကောင်တောင် ပါသေးတယ်... အဲ့ဒီအဆိပ်ပြင်းမြွေတွေကို ဘယ်လိုလုပ် အများကြီး ရှာတွေ့ခဲ့တာလဲ..."

အခြားတစ်ယောက်က အံ့အားသင့်စွာ ရေရွတ်လိုက်၏။

ထိုအခိုက်တွင် ကျောက်လင်က သူ၏ဇနီး စုယောင်ကို ခေါ်လာခဲ့သည်။

"ရစ်ငှက်မနှစ်ကောင်ကို ထုတ်လိုက်ပြီး ဒီတောကြက်ဥ ရှစ်လုံးကို ကောက်ရိုးပုံထဲ ထည့်ထားလိုက်... ဒါမှ ရစ်ငှက်မတွေက ဥဝပ်ပေးနိုင်မှာ..."

"ငါတို့ မိသားစုကြီးလာတာနဲ့အမျှ နေ့တိုင်း ဥအသစ်တွေ စားနိုင်ဖို့ ကြက်တွေ၊ ဘဲတွေနဲ့ ငန်းတွေကို မွေးမြူဖို့ လိုအပ်လာပြီ..."

ကျောက်လင်က ရှင်းပြလိုက်၏။

"ကောင်းပါပြီ... ကျွန်မ စီစဉ်လိုက်ပါ့မယ်..."

စုယောင်သည် အမဲလိုက်ကျွမ်းကျင်မှုကို ပိုင်ဆိုင်ထားပြီးဖြစ်ကာ အိမ်မွေးတိရစ္ဆာန်များ မွေးမြူရာတွင်လည်း အတွေ့အကြုံရှိသူ ဖြစ်သည်။ ထို့အပြင် စုယောင်သည် နေရာရွှေ့ပြောင်းရခြင်း၏ ဒုက္ခများကို တွေ့ကြုံခံစားခဲ့ရဖူးသဖြင့် ကျောက်လင်၏ အကြံအစည်ကို ကြားသောအခါ သူမက တကယ်ကို လိုလိုလားလား ရှိနေခဲ့၏။ သေချာပေါက် သူမအနေဖြင့် နောင်တွင် နေ့စဉ် ကောင်းကောင်းစားနိုင်ပြီး ဗိုက်ဝစေရန် အိမ်မွေးတိရစ္ဆာန်များကို ပို၍ မွေးမြူချင်ပေသည်။

"ကျောက်လင်... ဒီမြွေသေကောင်တွေကို ရှင်းလင်းဖို့ ငါ့ကိုသာ ထားလိုက်ပါ..."

ယောင်းဟွိုင်တောက်က လျှောက်လာပြီး ဦးစွာ ပြောလိုက်သည်။

"ကောင်းပြီလေ..."

ကျောက်လင်က အလွယ်တကူ သဘောတူလိုက်၏။ ဤအခိုက်အတန့်တွင် ရှုံ့တကျွမ်းက တောယုန်များကို မျက်စိကျသွားသည်။

"ကျောက်လင်... မင်း ဒီတောယုန်တွေ အားလုံးကို သတ်လိုက်ပြီလား..."

ရှုံ့တကျွမ်းက အနည်းငယ် နှမြောတသစွာဖြင့် မေးလိုက်၏။

"မဟုတ်ပါဘူး... ငါတို့ဆီမှာ ယုန်မနှစ်ကောင်ရှိတယ်... အဲ့ဒါတွေကို ခြင်းတောင်းတစ်ခုထဲ ထည့်ထားတယ်... ပြီးတော့ ငါတို့က ယုန်ထီးနှစ်ကောင်ကို ရွေးထုတ်မယ်... ဒီယုန်လေးကောင်နဲ့ဆိုရင် တောယုန်တွေ အများကြီး ထပ်ပေါက်လာအောင် မွေးမြူလို့ရပြီ... အဲ့ဒီအခါကျရင် စားစရာ အသားမရှိမှာကို စိတ်ပူစရာ မလိုတော့ဘူး..."

ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။

ရှုံ့တကျွမ်းက ချက်ချင်းပင် ရွှင်လန်းစွာ အော်ဟစ်လိုက်၏။

"ငါ သိသားပဲ... ကျောက်လင်... မင်းက ဒီယုန်တွေ အားလုံးကို ဒီလောက် ပေါ့ပေါ့ဆဆနဲ့ သေချာပေါက် သတ်ပစ်မှာ မဟုတ်ဘူးဆိုတာ..."

ချက်ချင်းပင် ရှုံ့တကျွမ်းက ကျောက်လင်၏ ညွှန်ကြားချက်များကို လိုက်နာကာ ယုန်မနှစ်ကောင်နှင့် ယုန်ထီးနှစ်ကောင်ကို ထုတ်ယူလိုက်ပြီး အားလုံးကို ခြင်းတောင်းတစ်ခုထဲသို့ ထည့်လိုက်ကာ တောယုန်လေးများ လျင်မြန်စွာ ပေါက်ဖွားလာမည်ဟု မျှော်လင့်လျက် ၎င်းတို့ကို မိသားစုတစ်စုကဲ့သို့ အတူနေထိုင်စေသည်။

အခြားလူတိုင်းကတော့ တောဆိတ်ကို ကိုင်တွယ်ဖြေရှင်းနေကြ၏။

စုယောင်က ရစ်ငှက်အသိုက် ပြုလုပ်ပြီးသွားသည်ကို မြင်သောအခါ ကျောက်လင်က အနီးသို့ သွားကာ ဟော့ပေါ့ဟင်းရည်ပြုလုပ်ပုံကို သူမအား ပြောပြလိုက်သည်။

"ငါ ဒီနေ့ မင်ချွမ်မြို့ကနေ လက်လုပ် သံအိုးတစ်လုံး ဝယ်လာတယ်... အဲ့ဒါကို သုံးပြီး ဟော့ပေါ့လုပ်မယ်..."

ဤသည်ကို ကြားပြီးနောက် စုယောင်က ကျောက်လင်အား အလွန်အံ့သြစွာ ကြည့်လိုက်၏။

“ခင်ပွန်း… ခင်ပွန်းက အများကြီး သိတာပဲ..."

စုယောင်က သူမ၏ ချီးမွမ်းစကားကို ရက်ရက်ရောရော ဆိုလိုက်သည်။

ကျောက်လင်က ကျေနပ်စွာ ပြုံးလိုက်ပြီး ကူးပြောင်းလာသူတစ်ယောက်အနေဖြင့် ဟင်းချက်နည်းများကို လာရောက်သင်ကြားပေးရန်မှာ တာဝန်တစ်ခုပင် ဖြစ်သည်ဟု သူ၏ စိတ်ထဲတွင် တွေးလိုက်၏။ အဓိကအကြောင်းရင်းမှာ ကျောက်လင်က သူ့ကိုယ်သူ အနစ်နာမခံလိုခြင်း ဖြစ်သည်။ ကူးပြောင်းလာပြီးဖြစ်ရာ သဘာဝကျကျပင် သူက အရသာရှိသော အစားအစာ မျိုးစုံကို ခံစားချင်ပေသည်။

ထို့နောက် သူ ဝယ်လာသော ဒုက္ခသည် အမျိုးသား ခုနစ်ယောက်မှာ ဘာလုပ်ရမှန်းမသိဘဲ အနေရခက်စွာ ရပ်နေကြသည်ကို ကျောက်လင် မြင်လိုက်ရသည်။

"ငါ့ရဲ့ ကွင်းတပ်ဓားကို ယူပြီး ဝါးဆယ်ပင်လောက် သွားခုတ်ချေ... ဒီညအတွက် မင်းတို့ဘာသာ ဝါးဖျာတွေ လုပ်ကြ..."

ကျောက်လင်က လျှောက်သွားကာ အမိန့်ပေးလိုက်၏။

ကံကောင်းထောက်မစွာဖြင့် ဤနေရာသည် မဟာချင်မင်းဆက်၏ တောင်ဘက်နယ်စပ်တွင် တည်ရှိသော ကွမ်းနန်စီရင်စုဖြစ်ရာ ရာသီဥတုမှာ အများအားဖြင့် ပူပြင်းသည်။ ဤဒုက္ခသည် အမျိုးသား ခုနစ်ယောက်သည် ဝါးဖျာတစ်ချပ်ကို ပြုလုပ်ကြပြီး ခြောက်သွေ့သော မြေပြင်တစ်ခုကို ရှာကာ မြေပေါ်တွင် သက်ကယ်များ ခင်းလိုက်ကြသည်။ ထို့နောက် ဝါးဖျာကို အပေါ်မှ တင်လိုက်ပြီး ပိတ်ကြမ်းစတစ်ခုကို ဖြန့်ခင်းလိုက်ကြ၏။ ထိုအခါ သူတို့ ခုနစ်ယောက် အိပ်နိုင်ပြီ ဖြစ်သည်။

"ဟုတ်ကဲ့ပါ သခင်..."

လူခုနစ်ယောက်က ချက်ချင်း အကြောင်းပြန်လိုက်ကြသည်။

နောက်ဘက်တောင်တန်းတွင် တောရိုင်းတိရစ္ဆာန်များကို ကျောက်လင် ဖမ်းဆီးနေသည်ကို မျက်မြင်တွေ့ရှိပြီးနောက် ထိုခုနစ်ယောက်သည် သူ့အပေါ် အလွန် အထင်ကြီးလေးစားသွားကြသည်။ သူတို့သည် ကျောက်လင် ခိုင်းစေသမျှကို လုပ်ဆောင်ရန် လိုလိုလားလား ရှိနေကြပြီး သူတို့အားလုံးက မိမိတို့ကိုယ်ကို သက်သေပြကာ ကျောက်လင်၏ အာရုံစိုက်မှုကို ရယူလိုသော ဆန္ဒရှိနေကြ၏။

လူတိုင်းက မိမိတို့၏ ကိုယ်ပိုင်ကိစ္စများဖြင့် အလုပ်များနေကြသည်။

ကျောက်လင်သည်လည်း တစ်နေကုန် အလုပ်များနေခဲ့သဖြင့် သူ၏ အခန်းထဲသို့ ပြန်လာကာ ကုတင်ပေါ်တွင် ပက်လက်လှန် လှဲလျောင်းနေလိုက်၏။

အသိစိတ်က စနစ် မျက်နှာပြင်ပေါ်သို့ အာရုံစိုက်သွားသည်။

စနစ်အမှတ် - ၆၀

"ဒီနေ့ ငါ ငွေအချို့ ရှာနိုင်ခဲ့တယ်... ဒါပေမဲ့ အများကြီးလည်း သုံးခဲ့ရတယ်... အခု ငါ့လက်ထဲမှာ ငွေဆယ့်လေးပြားနဲ့ ကြေးပြားရှစ်ရာပဲ ကျန်တော့တယ်..."

"စနစ်... ငါ့ဆီမှာရှိတဲ့ ငွေတွေအားလုံးကို အမှတ်တွေအဖြစ် ပြောင်းပေး..."

ကျောက်လင်က စနစ်ကို စိတ်ထဲမှ လှမ်းပြောလိုက်၏။

စနစ်အမှတ် - ၁၄၈၆၀

"ငါဝယ်ချင်တဲ့ အမျိုးအစား၉၅ တိုက်ခိုက်ရေးရိုင်ဖယ်က အမှတ်နှစ်သောင်း လိုအပ်တယ်... ပြီးတော့ ငါ အမှတ် ခြောက်ထောင် လိုနေသေးတယ်... အဲ့ဒါက ငွေခြောက်ပြားနဲ့ ညီမျှတယ်..."

"အမှတ်နှစ်သောင်းပြည့်အောင် စုဆောင်းဖို့ မနက်ဖြန်ကျရင် ငါ တောရိုင်းတိရစ္ဆာန် အကောင်ကြီးကြီးတစ်ချို့ကို အမဲလိုက်ဖို့ လိုတယ်..."

ကျောက်လင်က ငွေကို အမြန်ရှာရမည်ဟု သူ့ဘာသာ တွေးနေလိုက်၏။ စနစ်ဈေးဆိုင်ထဲတွင် ကောင်းမွန်သော အရာများစွာရှိသော်လည်း ၎င်းတို့အားလုံးက စနစ်အမှတ် အများအပြား လိုအပ်ပေသည်။

"ငါ့ရဲ့ စစ်တပ်ပိုင်မြေတွေ အားလုံးကို ထွန်ယက်ပြီးသွားပြီ... နောက်သုံးရက်အတွင်း စမ်းချောင်းရေကို ငါးကန်ထဲ လွှဲချရမယ်... အဲ့ဒါဆို ငါးကန်ထဲ ရေပြည့်သွားလိမ့်မယ်... ပြီးတော့မှ ရေကို စစ်တပ်ပိုင်မြေတွေထဲ လွှဲပြောင်းပေးလို့ရပြီ..."

"မြေကြီး ပျော့ပျောင်းသွားဖို့နဲ့ မျိုးမစိုက်ခင် မြေသြဇာတည်ငြိမ်မှုရှိစေဖို့ လယ်ကွင်းတွေကို ရေထဲမှာ ခုနစ်ရက်ကြာ စိမ်ထားဖို့ လိုတယ်..."

"ဒုက္ခသည် အမျိုးသားခုနစ်ယောက်ရှိနေတော့ နောက်ဆယ်ရက်အတွက် သူတို့ကို ကောင်းကောင်း ကျွေးမွေးပြီး နာလန်ထူလာအောင် ကူညီပေးရမယ်... သူတို့ လယ်စလုပ်ပြီဆိုတာနဲ့ ဒီခုနစ်ယောက်က အဓိက အင်အားစုဖြစ်လာလိမ့်မယ်..."

ကျောက်လင်က သူ၏ နောက်ထပ် လုပ်ဆောင်ရမည့် တာဝန်အကြောင်းကို တွေးတောနေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် နယ်စပ်တွင် တပ်စွဲထားသော စစ်သားတစ်ယောက်ဖြစ်ပြီး သူ့အတွက် ခွဲဝေပေးထားသော စစ်တပ်ပိုင်မြေများကို ထွန်ယက်စိုက်ပျိုးရမည် ဖြစ်သည်။

ချက်ချင်းပင် ကျောက်လင်၏ စိတ်စွမ်းအား အာရုံခံစားမှုက မီးဖိုချောင်ထဲရှိ ယဲ့လင်အာ၊ ပိုင်ဝမ်ချင်းနှင့် ထျန်ကျီလင်တို့ကို အာရုံခံမိလိုက်၏။

"သူတို့သုံးယောက် အခုလောက်ဆို ငါ့ကို လက်ခံလောက်ပြီ..."

"ဒီည ဘယ်တစ်ယောက်ကို ရွေးရမလဲ..."

ကျောက်လင်၏ စိတ်ထဲတွင် ဗြောင်းဆန်နေ၏။ ထိုအမျိုးသမီးသုံးဦးစလုံးသည် နတ်သမီးအဆင့် အလှပိုင်ရှင်များ ဖြစ်ကြသည်။ အကယ်၍ သူတို့သာ ကမ္ဘာမြေပေါ်တွင်ဆိုပါက ကျောက်လင်အနေဖြင့် ထိုကဲ့သို့သော အရာမျိုးကို အိပ်မက်ပင် မက်ဝံ့မည် မဟုတ်ပေ။

သို့သော်လည်း ကူးပြောင်းလာပြီးနောက်တွင်မူ ကျောက်လင်က သူတို့အားလုံးကို ပိုင်ဆိုင်နိုင်ခဲ့သည်။

"ဒီည ငါ ဟော့ပေါ့တွေ အများကြီး စားပစ်မယ်..."

"ဒီညတော့ သုံးယောက်ဆက်တိုက် အပိုင်သိမ်းနိုင်အောင် ကြိုးစားရမယ်..."

ကျောက်လင်က သူ၏ စိတ်ကို ပိုင်းဖြတ်လိုက်၏။

လူများလေ အလုပ်တွင်လေဖြစ်သည်။ သိုးသားကို ပြင်ဆင်ပြီးသွားကာ ယုန်သားကိုလည်း ခုတ်ထစ်ထားပြီး ကြက်သားကို ကြိုတင် ချက်ပြုတ်ထားသလို မြွေသားကိုလည်း မီးပြင်းပြင်းဖြင့် ခဏကြာ ပြုတ်ထားလိုက်၏။ မိသားစုတိုင်းသည်လည်း လယ်ကွင်းများမှ သူတို့ ခူးဆွတ်လာသော တောဟင်းသီးဟင်းရွက်များကို ဆေးကြောထားကြသည်။

ကျောက်လင်၏ ညွှန်ကြားချက်များအတိုင်း စုယောင်၊ ရှန်ချန်းရွှယ်၊ ယဲ့လင်အာ၊ ပိုင်ဝမ်ချင်းနှင့် ထျန်ကျီလင်တို့ကလည်း ဟော့ပေါ့ဟင်းရည်ကို ချက်ပြုတ်ခဲ့ကြသည်။

ခြံဝင်းထဲတွင် မြေမီးဖိုတစ်ခုကို အသစ်တည်ဆောက်ထားပြီး ၎င်းအပေါ်တွင် သံအိုးတစ်လုံးကို တင်ထားကာ ဟင်းရည် ချက်ပြုတ်ရန်အတွက် ချက်ချင်းပင် မီးမွှေးလိုက်၏။ ထိုအချိန်တွင် ကျောက်လင်သည်လည်း အခန်းထဲမှ ထွက်လာခဲ့သည်။

“ခင်ပွန်း... စားလို့ရပြီလား..."

စုယောင်သည် ဟော့ပေါ့ဟင်းရည်မှ ထွက်ပေါ်လာသော ရနံ့ကို ရှူရှိုက်မိပြီးနောက် သူမ၏ ဗိုက်က အလိုအလျောက် မြည်ဟည်းသွား၏။ လူအများစု၏ အစာအိမ်ကလည်း တုံ့ပြန်လိုက်သည့်အလား သူတို့အားလုံး တစ်ချိန်တည်းမှာပင် ဗိုက်ဆာလောင်သံများ ထွက်ပေါ်လာကြသည်။

"ဟားဟား..."

"လူတိုင်း ဗိုက်ဆာနေကြပြီပဲ... ဒီတော့ ထပ်မစောင့်ကြဘဲ စစားကြရအောင်..."

ကျောက်လင်က အော်ပြောလိုက်၏။

လူတိုင်းက ကျောက်လင်ကို ကြည့်နေကြပြီး သူက တူကို ပထမဆုံး ကိုင်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ ရက်အနည်းငယ် အတူတကွ ကုန်ဆုံးပြီးနောက် လူတိုင်းက ကျောက်လင်ကို ခေါင်းဆောင်အဖြစ် လက်ခံလာကြပြီ ဖြစ်သည်။

ကျောက်လင်က ငြင်းဆန်ခြင်းမရှိဘဲ ချက်ချင်း ထိုင်ချလိုက်ကာ အသစ်ရွေထားသော ဝါးတူကို ကောက်ကိုင်လိုက်ပြီး သိုးသားလွှာ အတုံးကြီးတစ်တုံးကို ဟော့ပေါ့ထဲသို့ တိုက်ရိုက် ထည့်လိုက်၏။

"ကောင်းပြီ... အားလုံး ထိုင်ကြ... စစားကြစို့..."

ကျောက်လင်က လှမ်းခေါ်လိုက်သည်။

ဤအချိန်တွင် လူတိုင်းက သူတို့၏ အလုပ်ကို စတင်လိုက်ကြပြီး ဟော့ပေါ့ထဲမှ သိုးသားများကို ခပ်ယူရန် သူတို့၏ တူများကို စတင် ကောက်ကိုင်လိုက်ကြ၏။ ထို့နောက် တစ်လုပ်တည်းဖြင့် မျိုချလိုက်သည်

။

"အရသာရှိလိုက်တာ..."

"ဒါက ဟော့ပေါ့ဆိုတာလား... အရသာက အရမ်းကောင်းတာပဲ..."

သိုးသားတစ်ကိုက် စားပြီးနောက် လူတိုင်းက ၎င်း၏ ဝါး၍ကောင်းသော အသားအနှစ်ကို ခံစားလိုက်ရပြီး သူတို့၏ အရသာခံဖုများက အစပ်အရသာဖြင့် လှုံ့ဆော်ခံလိုက်ရကာ အားလုံးကို စိတ်လှုပ်ရှားသွားစေသည်။

ကျောက်လင်နှင့် အခြားသူများ ပျော်ရွှင်စွာ အတူတကွ အစာစားနေချိန်တွင် ယန်ချန်ယွီ၊ ရှောင်ရွေ့နှင့် ဟန်ဟိုင်တို့သည်လည်း မင်ချွမ်မြို့မှ သူတို့၏ ရွာသို့ ပြန်ရောက်လာကြသည်။ သဘာဝကျကျပင် သူတို့သုံးယောက်သည်လည်း ကျောက်လင်၏ အိမ်ရှိ စည်ကားနေသော မြင်ကွင်းကို မြင်လိုက်ရ၏။

"ဟွန့်..."

ရှောင်ရွေ့၏ မျက်နှာက မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။

"ကျောက်လင်က သူ့ကိုယ်သူ အရမ်းကို ဂုဏ်ယူဝင့်ကြွားနေတာပဲ... သူက နယ်ခြားစောင့်တပ်သား အားလုံးကို ပွဲတော်ဖိတ်ကျွေးပေမဲ့ ထင်းရှူးနက်ကျေးရွာက မူလဒေသခံတွေကိုကျတော့ မဖိတ်ဘူး... သူက ထင်းရှူးနက်ကျေးရွာက မူလဒေသခံတွေကို စော်ကားလိုက်တာပဲ..."

"သူ လယ်စိုက်ပျိုးချင်တဲ့အခါ ထင်းရှူးနက်ကျေးရွာက ရွာသားတွေက သူ့ကို သေချာပေါက် ကူညီမှာမဟုတ်ဘူး... သူ အဲ့ဒီ စစ်တပ်ပိုင်မြေ မူသုံးဆယ်ကို ဘယ်လိုစိုက်ပျိုးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."

ယန်ချန်ယွီ၏ တုံ့ပြန်မှုက သရော်လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေ၏။

All Chapters