← Chapters

ကလေးများ၏ အတွေးအမြင်များ

Vol. 8 Ch. 120

ကလေးများ၏ အတွေးအမြင်များ

Vol. 8 Ch. 120

လျူရှီသည် ယောက္ခမ ဖြစ်သူ၏ နှိပ်စက်ကလူပြုမှုကြောင့် သေရတော့မည်ဟုပင် စိတ်ပိုင်း ဖြတ်ထားခဲ့ဖူးသည်။ ဝမ်မိသားစုသို့ ရောက်ရှိလာမှသာ အပြင်ဘက်ရှိ ကောလာဟလများသည် မည်မျှပင် အားကောင်းနေပါစေ လက်တွေ့တွင်မူ ပို၍ ကွဲပြား ခြားနားနေကြောင်းကို သူမ သိရှိသွားခဲ့တော့သည်။

ဝမ်မိသားစုသည် အမှန်တကယ် ဆင်းရဲနွမ်းပါးသော်လည်း သူတို့အားလုံးသည် လူကောင်းများ ဖြစ်ကြသည်။ တစ်ခါတစ်ရံတွင် အခြား ယောင်းမများ၌ သူတို့၏ ကိုယ်ပိုင် အတွေးအမြင် အချို့ ရှိတတ်သော်လည်း ကွယ်ရာတွင် မည်သည့် လှည့်ကွက်မျှ သုံးမည် မဟုတ်ချေ။ သူတို့ ပြောစရာရှိလျှင် ထိုနေရာတွင်ပင် ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ကြသည်။

သူတို့ အနည်းငယ် မကျေမနပ် ဖြစ်နေလျှင်ပင် အားလုံးမှ တစ်ဦးနှင့်တစ်ဦး နားလည်မှုပေးကာ မိသားစုသည်လည်း အေးချမ်းစွာ နေထိုင်ကြသည်။ ထိုစဉ်တွင် ဝမ်ချွမ်းမန် လက်ထပ်ခဲ့သော မိန်းကလေးသည် သေချာပေါက် ကောင်းမွန်မည် မဟုတ်ကြောင်း ဝမ်မိသားစုသည်လည်း ထင်မှတ် ထားခဲ့ကြသည်။

သာမန်အားဖြင့် မိန်းကလေးများသည် အသက် (၁၅) နှစ် ပြည့်သောအခါ အိမ်ထောင်ပြုလေ့ ရှိကြသည်။ မိသားစုမှ သူတို့အား အလွန်ချစ်ခင်ယုယပါက အသက် (၁၇) နှစ်တွင် အိမ်ထောင်ကျမည် ဖြစ်သည်။ မိန်းကလေး တစ်ဦး၏ အိမ်ထောင်ရေးသည် အသက် (၁၈) နှစ်အထိ ကြန့်ကြာနေပါမူ ပြဿနာ တစ်ခုခု ရှိနေရမည် ဖြစ်သည်။

အဆုံးတွင် လျူရှီသည် ဝမ်မိသားစုထဲသို့ ဝင်ရောက် လာသောအခါ သူမသည် အထူး ကြင်နာတတ်သော ခယ်မ ယောင်းမ တစ်ဦးဖြစ်ကြောင်း အားလုံး သိရှိသွားကြကုန်သည်။ ၎င်းသည် ကောင်းကင်ဘုံမှ မုန့်ချို ကျလာသကဲ့သို့ ဖြစ်နေပြီး အားလုံးအား တိတ်တဆိတ် သက်ပြင်းချနိုင်စေခဲ့သည်။

သို့သော် ကံကြမ္မာသည် သူတို့အား အကြိမ်ကြိမ်အခါခါ မျက်နှာသာပေးရန် မည်သို့ ကောင်းမွန်နိုင်မည်နည်း။ သူတို့၏ မြေးအကြီးဆုံး အသက် (၂၀) ပြည့်သည်အထိ စောင့်ဆိုင်းရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။

သားအကြီးဆုံးနှင့် မြေးအကြီးဆုံးတို့သည် အသက် (၂၀) အရွယ်ရောက်မှသာ အိမ်ထောင်ပြုနိုင်မည် ဆိုပါက ကျန်ရှိနေသော မြေးများ၏ အိမ်ထောင်ရေးသည် မည်မျှကြာအောင် ကြန့်ကြာနေဦးမည်နည်း။

အစ်ကိုကြီးများနှင့် အစ်မကြီးများ အိမ်ထောင်မကျမီ အလွန် အထူးခြားသော အခြေအနေများ မရှိလျှင် ညီငယ်ညီမငယ်များသည် အရင်ဆုံး အိမ်ထောင်ပြု၍ မရပေ။ အဒေါ်ဖန်သည် သူမ၏ ဆံပင်များ ဖြူသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

"အမေ ဒီကိစ္စကို ဖြေရှင်းရမယ် အဲဒီအောင်သွယ်တော်တွေ အပြင်မှာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ကျွန်မတို့ ခွင့်ပြုထားလို့ မဖြစ်ဘူး"

အဒေါ်ဖန်သည် အဖွားအိုဝမ်မှ သူမအား ဆူပူမည် မဆူပူမည်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။ သူမသည် ချက်ချင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"အဲဒီတုန်းက ကောလာဟလတွေကြောင့် ကျွန်မတို့ ဒုက္ခရောက်ခဲ့ရတယ် ကျွန်မ ယောက်ျား အလုပ် ထွက်လုပ်တော့ ကျွန်မတို့ မိသားစုဝင်ဆိုတာကို သိသွားကြတယ် သူ့လစာက တခြားလူတွေထက် နည်းနည်းပဲ ရခဲ့တယ်"

ကောလာဟလများသည် မည်မျှ အဖျက်စီး ကြီးခဲ့သနည်း။ သူတို့၏ ဝမ်မိသားစုသည် ထို ကောလဟလ များကြောင့် အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရလေသည်။ ထို့အပြင် ဤကောလာဟလများသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး နှေးကွေးစွာ ရပ်တန့်သွားခဲ့သည်။

အကယ်၍ မမျှော်လင့်ထားသော အရာများ မဖြစ်ပေါ်လာပါမူ သူတို့ ဝမ်မိသားစုသည် ဤမျှ ရှက်ဖွယ် ကောင်းသော ဂုဏ်သိက္ခာအား တစ်သက်လုံး သယ်ဆောင်သွားရမည် ဖြစ်သည်။

ထိုမျှသာမက ထိုအချိန်တွင် ဝမ်ချွမ်းကွေ့သည် ကြမ်းတမ်းသော အလုပ်အချို့အား လုပ်ကိုင်ရန် ထွက်သွားခဲ့သည်။ အလုပ်ကြပ်မှ ဝမ်မိသားစု အကြောင်းကို မည်သည့်နေရာမှ သိရှိလာခဲ့သည်အား မသိရသော်လည်း သူသည်လည်း ဝမ်ချွမ်းကွေ့အား အလွန်အမင်း အထင်အမြင် သေးတတ်သဖြင့် သူအတွက် လေးလံသော အလုပ်များကိုသာ အထူးတလည် စီစဉ်ပေးခဲ့လေသည်။

ဝမ်ချွမ်းကွေ့၏ ခန္ဓာကိုယ်သည် အတော်လေး သေးငယ်လှသည်။ ဤမျှ လေးလံသော အလုပ်များအား သူ မည်သို့ ခံနိုင်ရည် ရှိလိမ့်မည်နည်း။ ထိုအကြောင်းကြောင့် သူ၏ ခြေထောက်များတွင် ပြဿနာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ နှစ်လကြာ ကြမ်းတမ်းသော အလုပ်များအား လုပ်ကိုင် ပြီးနောက်တွင် သူ ဆက်လက် မတ်တပ် မရပ်နိုင်တော့ချေ။ ညီအစ်ကို အနည်းငယ်မှ သွားရောက်ကာ သူ့အား ပြန်လည်၍ သယ်ဆောင် လာခဲ့ရသည်။

ဤအရာအား ကြည့်ခြင်းအားဖြင့် ဤကမ္ဘာလောကရှိ လူများအတွက် ဂုဏ်သိက္ခာသည် မည်မျှ အရေးကြီးကြောင်း သိမြင်နိုင်ပေသည်။ လူတစ်ဦးသည် ထိုကဲ့သို့ ကြမ်းတမ်းသော လူများနှင့် ကြုံတွေ့ရသောအခါ ထိုသူ၏ ဂုဏ်သိက္ခာသည် ပျက်စီးသွားမည် ဖြစ်သည်။ အဝေးသို့ ခရီးထွက်ကာ မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းအား ဖုံးကွယ် မထားနိုင်လျှင် သူသည် တစ်သက်လုံး အထင်အမြင်သေးခံရမည်သာ ဖြစ်သည်။

လူအများစုသည် ထိုနာကျင်မှုအား မခံနိုင်ကြသဖြင့် မိမိကိုယ်ကို သတ်သေရန် ရွေးချယ်ခဲ့ကြသည်။ အဖွားအိုဝမ်မှ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"မနက်ဖြန်ကျရင် ခရိုင်မြို့ကို ငါ တစ်ခေါက်သွားမယ် လောလောဆယ် ဒီကိစ္စအတွက် စိတ်မပူကြနဲ့ဦး တာ့လန် အတွက် လောလောဆယ် မိန်းကလေး မရှာနဲ့ဦး ဆရာချီဆီက သိုင်းပညာကို ပိုသင်ယူလိုက် ကျွမ်းကျင်မှုတချို့ စုဆောင်းထားတာက အမြဲတမ်း ကောင်းပါတယ်"

ဝမ်တာ့လန်မှ အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်တော့သည်။ အားလုံး ဆွေးနွေး တိုင်ပင်နေကြချိန်တွင် အားယွီလေးသည် ထိုနေရာ၌ မရှိနေခဲ့ချေ။ ဤကိစ္စသည် အလွန် ကြီးလေးလှသဖြင့် အားယွီလေး နားထောင်ရန် မသင့်လျော်ပေ။ အခြားကလေးများသည်လည်း အဖွားအိုဝမ်မှ သူတို့အတွက် အထူး "ပေးအပ်" ထားသော မြေကွက် တစ်ခုပေါ်တွင် ရှိနေကြသည်။

ယခုမှစ၍ ဤမြေပေါ်ရှိ အရာအားလုံးအား သူတို့က တာဝန်ယူရမည်ဟု အဘွားအိုဝမ်မှ ဆိုလေသည်။ အနာဂတ်တွင် ထိုမြေမှ ထွက်ရှိလာသော အသီးအနှံများသည်လည်း သူတို့၏ အပိုင် ဖြစ်လာမည် ဖြစ်သည်။

ထိုမြေကွက်သည် ဝမ်မိသားစုက တောရှင်းကာ ဖော်ထုတ်ထားခြင်း ဖြစ်သည်။ မြေဩဇာ မကောင်းသကဲ့သို့ ဒုတိယတန်းစား လယ်ကွင်းများထက်ပင် ပိုဆိုးနေသေးသည်။ အထွက်နှုန်းသည်လည်း မကောင်းလှချေ။ တစ်ခုတည်းသော အကျိုးကျေးဇူးမှာ ငါးနှစ်ကြာ စိုက်ပျိုး ပြီးနောက်တွင် ၎င်းသည် ဝမ်မိသားစု၏ မြေ အပိုင် ဖြစ်လာမည် ဖြစ်သည်။

သူတို့သည် နေ့စဉ် စာပေပညာအား နှစ်နာရီကြာ လေ့လာကြပြီး သိုင်းပညာအား သုံးနာရီကြာ သင်ယူကြလေသည်။ ထို့နောက်တွင် သူတို့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ရှိပေသည်။

ယခုအခါ အားယွီလေးအား သူမ၏ ကိုကိုများမှ လယ်ကွင်းများဆီသို့ ခေါ်ဆောင်သွားကြသည်။ အထူးသဖြင့် ဝမ်ဝူလန် ဖြစ်သည်။ သူသည် အားယွီလေး၏ ကံကောင်းမှု အပေါ် အထူး ယုံကြည် သက်ဝင်သူ ဖြစ်သဖြင့် ဤလယ်ကွင်းထဲတွင် မည်သည့်အရာ စိုက်ပျိုးရမည်ကို အားယွီလေးအား ရွေးချယ်ခိုင်းလေသည်။

အားယွီလေးမှ သဘာဝကျစွာပင် တောသစ်သီးများအား စိုက်ပျိုးချင်ခဲ့သည်။ တောသစ်သီး အမျိုးမျိုးသည် အလွန် အရသာရှိလှသည် မဟုတ်ပါလား။ ဝမ်ဝူလန်မှ ခေတ္တမျှ တုံ့ဆိုင်း သွားပြီးနောက် ပြောလိုက်သည်။

"ဒါပေမယ့် တောသစ်သီးတွေ စိုက်လို့ ဘာအကျိုးရှိမှာလဲ အဲဒါတွေကို အစားအသောက်လိုလဲ သုံးလို့မရဖူး အခွန်ပေးဆောင်ဖို့လည်း မသုံးနိုင်ပြန်ဘူး တောသစ်သီး အများစုက နှစ်လုံးလောက် ပိုစားမိတာနဲ့ ဗိုက်ပွစေနိုင်တယ်"

ဝမ်အ့ာလန်တွင် အကြံဉာဏ် တစ်ခုရရှိသွားခဲ့သည်။

"ခရိုင်မြို့မှာ သစ်သီးရောင်းတဲ့ ဆိုင်တချို့ ရှိတယ်လို့ အဖေက အရင်တုန်းက ပြောဖူးတယ် ဒါပေမယ့် အဲဒီသစ်သီးတွေကို တခြားသူတွေက သစ်သီးပင်တွေကနေ ခူးဆွတ်လာကြတာတဲ့ ဒီတောသစ်သီးလေး တွေနဲ့တော့ မတူဘူး ဒါပေမယ့် တစ်ယောက်ယောက်က ဝယ်ရင်ရော ဘယ်လိုလုပ်မလဲ"

ဤသည်မှာ အပေါ်ယံ အတွေးတစ်ခုမျှသာ ဖြစ်သော်လည်း အားလုံးကို စဉ်းစားတွေးတောရန် ဦးတည်ချက်ကောင်း တစ်ခု ပေးစွမ်းနိုင်ခဲ့လေသည်။ အားယွီလေးမှ ပြောလိူက်သည်။

"သစ်သီးတွေကို ဘာလို့ ရောင်းရမှာလဲ ကိုယ်တိုင် စားလို့ရတာပဲကို"

"ဒါတွေကို ငါတို့ ဘယ်လိုလုပ် ကုန်အောင် စားနိုင်မှာလဲ ဒီလောက်ကြီးတဲ့ မြေကွက်ကြီးလေ ဒီမှာ တောသစ်သီးတွေချည်းပဲ စိုက်မယ်ဆိုရင် ငါတို့ ခြင်းတောင်း ပေါင်းများစွာနဲ့ကို သိမ်းယူရမှာ"

သစ်သီး ခြင်းတောင်းပေါင်း များစွာ ရရှိမည်ဟု တွေးလိုက်မိသည်နှင့် အားယွီလေး သွားရည်ကျလာခဲ့တော့သည်။ သို့သော် သူမ အမှန်တကယ်ပင် ကုန်အောင် စားနိုင်မည် မဟုတ်ပေ။

အသားလုံးလေးမှ ဤကလေးများ ပြောစကားအား ကြားသောအခါ အကယ်၍ သူတို့ စား၍မကုန်နိုင်ပါက မိမိအနေဖြင့် သစ်သီးဗီဇများအား ဖန်တီးနိုင်ကြောင်း သူ၏ စိတ်ထဲတွင် တွေးတောလိုက်မိသည်။ သစ်သီးများ၏ သက်တမ်းအား တိုးမြှင့်ရန် အတွက် အထူး သိုလှောင်မှုနည်းလမ်း အားလည်း အသုံးပြုနိုင်ပေသည်။

သို့သော် ၎င်းအတွက် အထူး ကွန်တိန်နာ တစ်ခု လိုအပ်သည်။ ဤကမ္ဘာလောကတွင် ထိုအရာမျိုး ရှိပုံမရချေ။ ထို့ကြောင့် ၎င်းသည် ထိုအကြံအစည်အား လက်လျှော့ လိုက်ရတော့သည်။

"နေပူလှန်းလို့ ရတယ်လေ"

အားယွီလေး အနည်းငယ် တွေဝေသွားခဲ့သည်။

"ကိုကို ရှောင်ထုံတို့ အိမ်က ဆေးဖက်ဝင် အပင်တွေကို မကုန်နိုင်ရင် ခုတ်ထစ်ပြီး ဆေးပင် အခြောက်တွေဖြစ်အောင် နေလှန်းထားကြတာပဲ သမီးတို့ သစ်သီးတွေ မကုန်နိုင်ရင်လည်း ခုတ်ထစ်ပြီး သစ်သီးခြောက်လေးတွေဖြစ်အောင် နေလှန်းလို့ ရတယ်လေ"

ဝမ်ဝူလန်မှ သူ့ခေါင်းအား သူရိုက်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်သားပဲ ငါတို့ အားယွီလေးက တကယ်ကို ဉာဏ်ကောင်းတာပဲ သစ်သီးတွေက အလွယ်တကူ ပုပ်သိုးနိုင်တယ် ငါတို့ အဲဒါတွေကို နေလှန်းပြီး ရောင်းကြမယ် ပိုများတဲ့ ဈေးနဲ့ ရောင်းလို့ရတယ်"

ဝမ်အာလန်မှာမူ ခေါင်းယမ်းလျှက် ပြောလိုက်သည်။

"သစ်သီးအများစုက ချဉ်တယ် နေလှန်းပြီးရင်လည်း ချဉ်နေတုန်းပဲ ငါတို့ ရောင်းလို့မရဘူး"

"မဖြစ်နိုင်တာ တောင်နောက်ဘက်မှာ စွန်ပလွံပင် နှစ်ပင် ရှိတယ်မဟုတ်လား အသီးတွေ မှည့်လာရင် ချဉ်တယ် ဒါပေမယ့် သစ်ပင်ပေါ်မှာ ချိတ်ပြီး အခြောက်ခံထားရင် စားလို့ သိပ်မချဉ်တော့ဘူး"

ဟု ဝမ်လျူလန်မှ ပြောလိုက်လေသည်။

"ချဉ်တော့ ချဉ်နေသေးတာပဲ"

ဟု ဝမ်ချီလန်မှ ဝင်ပြောပြန်သည်။ စာလေ့လာရန် အထူး ဝါသနာပါသော ဝမ်စန်းလန်မှ အကြံပြုလိုက်သည်။

"ဒါဆို သစ်သီးခြောက်ထဲကို သကြား နည်းနည်း ထည့်လိုက်ရင်ရော"

ဝမ်စန်းလန်သည် သူ အလွန်ငယ်ရွယ်စဉ်တွင် သူ၏ အဒေါ်သုံးသည် အမွှာကိုယ်ဝန်ဆောင် ထားပြီး သူမ၏ ဗိုက်မှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြီးမားနေခဲ့ကြောင်းအား ဝေဝေဝါးဝါး မှတ်မိနေသေးသည်။

ထိုအချိန်တွင် သမားတော်ဟူမှ သူမ၏ ဗိုက်ထဲတွင် ကလေးနှစ်ယောက် ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သဖြင့် ရွာသားများကိုပင် အံ့အားသင့်စေခဲ့လေသည်။ ဤသည်မှာ သူတို့ အမွှာများအား ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ထိုစဉ်က အဒေါ်သုံးသည် ရုတ်တရက် အစားအသောက်များအား အလွန်အမင်း စားချင်လာခဲ့သည်။ ထို့အပြင် သူမသည် အချဉ်များအား အကြိုက်ဆုံး ဖြစ်သည်။ ဦးလေးမှ အချဉ်ဓာတ်ရှိသော စွန်ပလွံသီးခြောက်များအား ရှာဖွေရန် တောင်ပေါ်သို့ အထူးတလည် သွားရောက်ခဲ့ရသေးသည်။

သို့သော် ချဉ်သော စွန်ပလွံသီးများအား အများအပြား စားပြီးနောက်တွင် သူမ၏ ပါးစပ်ထဲ၌ နေရထိုင်ရ ခက်ခဲလာပြီး အိမ်တွင် အများအပြား ကျန်ရှိနေခဲ့လေသည်။

သူတို့၏ အဘွားမှ အိမ်ရှိ သကြားများအား အမှုန့်ဖြစ်အောင် ကြိတ်ချေကာ ချဉ်သော စွန်ပလွံသီးခြောက်များတွင် ကပ်ပေးခဲ့သည်။ အားလုံး စားကြည့်သောအခါ ချဉ်ချိုချို အရသာလေးသည် အလွန်ကောင်းမွန်ကြောင်း ခံစားလိုက်ရလေသည်။ သို့သော် အများစုမှာ အဒေါ်သုံး၏ ဗိုက်ထဲသို့သာ ဝင်ရောက်သွားခဲ့သည်။

သကြားသည် အလွန် တန်ဖိုးကြီးပြီး ထိုတစ်ကြိမ်သာ အလဟဿ ဖြစ်ခဲ့ဖူးသည်။ ဝမ်စန်းလန်မှ ၎င်းအား အလွန် ရှင်းလင်းစွာ မှတ်မိနေခဲ့ခြင်း ဖြစ်သည်။ ဝမ်အာ့လန်သည်လည်း သူတို့သည် သကြားနှစ်ထားသော သစ်သီးခြောက်များအား စားခဲ့ရသကဲ့သို့ ရှိကြောင်း မှတ်မိနေခဲ့လေသည်။

"အားယွီလေး ပြောတာကို ဘာလို့ နားမထောင်ရမှာလဲ တောသစ်သီးတွေ စိုက်ကြမယ် တောင်ပေါ်မှာ တောသစ်သီးတွေ အများကြီး ရှိပေမယ့် အဲဒါတွေက အမြဲတမ်း တွေ့ရတာ မဟုတ်ဘူး သူတို့ ပေါက်ရောက်တဲ့ နေရာတချို့ကနေ ခူးဆွတ်ဖို့ဆိုတာ မလွယ်ကူဘူး မြေကြီးထဲမှာပဲ စိုက်လိုက်ရင် ပိုကောင်းမယ် မဟုတ်ဘူးလား"

ဟု ဝမ်အာ့လန်မှ ပြောလိုက်သည်။

"မြေကြီးထဲမှာ စိုက်ရင် သူတို့ကို ပြုစုထိန်းသိမ်းရတာ ပိုလွယ်တယ် ပြီးတော့ တောသစ်သီးတွေက သေချာပေါက် စိုက်ပျိုးရ လွယ်ကူတယ် တောင်ပေါ်မှာတောင် လွတ်လွတ်လပ်လပ် ပေါက်နိုင်သေးတာပဲ နည်းနည်းလောက် မြေဩဇာ ကျွေးလိုက်ရင် သေချာပေါက် ပိုကောင်းလာမှာပဲ"

အားယွီလေးမှ ချက်ချင်း လက်ခုပ်တီးလိုက်ပြီး အားတက်သရော ပြောဆိုလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် သစ်သီးတွေ စိုက်ကြမယ် ဘယ်သစ်သီးတွေက ပိုအရသာရှိလဲဆိုတာ အားယွီ သိတယ်"

အားယွီလေးသည် သူမ၏ စိတ်ထဲတွင် ကြိုတင် တွေးတောထားပြီး ဖြစ်သည်။ သူမ၏ ကိုကိုများမှ တောသစ်သီးများအား စိုက်ပျိုးသောအခါ သူမသည် တိတ်တဆိတ် ရေလောင်းပေးမည် ဖြစ်သည်။ တောသစ်သီးများသည် သေချာပေါက် ပို၍ မြန်မြန် ကြီးထွားလာမည် ဖြစ်ကာ သူမသည်လည်း အသီးများအား ပို၍ စောစော စားနိုင်မည် ဖြစ်သည်။

။

ထိုအချိန်တွင် ရွာသားများ ဖြတ်လျှောက်သွားရင်း ဝမ်မိသားစု၏ ကလေးများအား မြင်တွေ့လိုက်ရလေသည်။ သူတို့သည် အလျင်စလို လက်လှမ်းပြကာ ပြောလိုက်သည်။

"အားယွီလေး လယ်ကွင်းထဲမှာ ဆော့နေတာလား လူကြီးတွေ ရှိကြလား ဦးလေးတို့ သူတို့နဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ"

အားယွီလေးမှ ပြန်လည်၍ ဖြေကြားလိုက်သည်။

"ဟုတ်ကဲ့ပါ ဦးလေး သမီးတို့အိမ်ကို သိရဲ့လားဟင် အားယွီ လိုက်ပို့ပေးပါ့မယ်"

All Chapters