← Chapters

သတင်းပို့လင်းယုန်ကို ဘယ်သူစားလိုက်တာလဲ

Vol. 8 Ch. 108

သတင်းပို့လင်းယုန်ကို ဘယ်သူစားလိုက်တာလဲ

Vol. 8 Ch. 108

သွေးနံပါတ် ၁၃ အတွက် လွန်ခဲ့သော ရက်အနည်းငယ်သည် အလွန် ညှဉ်းပန်း နှိပ်စက်ခံရသကဲ့သို့ ဖြစ်နေသည်ဟုသာ ခံစားရတော့သည်။ သူသည် အဖမ်းခံလိုက်ရသော သတင်းပို့ လင်းယုန် အတွက် အလွန် စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သည်။

သူတို့၏ သွေးမိုးမျှော်စင်မှ အထူး လေ့ကျင့် သင်ကြား ပေးထားသော သတင်းပို့ လင်းယုန်များ၏ တိုက်ခိုက်ရေး စွမ်းအားသည် အလွန် အစွမ်းထက်လှပေသည်။ ထို့ပြင် ၎င်းတို့သည် လိုက်လံဖမ်းဆီးခြင်းနှင့် ထွက်ပြေးခြင်းတို့တွင် အလွန်ကျွမ်းကျင်ကြသည်။ သို့သော် ၎င်းတို့အား များသောအားဖြင့် သတင်းပို့ရန် အတွက်သာ အသုံးပြုလေ့ ရှိကြသည်။

၎င်းတို့သည် အထူး မွေးမြူထားသော ရနံ့ တစ်ထောင် ပိုးဖလံများနှင့် တစ်တွဲတည်း တည်ရှိကြခြင်း ဖြစ်လေသည်။ ပိုးဖလံ၏ အနံ့အား ရလိုက်သည် နှင့်တပြိုင်နက် ၎င်းတို့သည် ကီလိုမီတာ ၃၀၀ မှ ၅၀၀ အတွင်း အလျင်အမြန် ပျံသန်းလာနိုင်ကြသည်။

သို့သော် တစ်ကောင်အား လေ့ကျင့်ပေးရသည့် စရိတ်မှာ အလွန်ပင် ကြီးမားလှပေသည်။ လုပ်ကြံ သတ်ဖြတ်သူတိုင်းတွင် ရနံ့တစ်ထောင်ပိုးဖလံ မရှိကြပေ။ ယခုအခါ ပိုးဖလံနှင့် သတင်းပို့လင်းယုန်ပါ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

"သမားတော် အဲဒီလင်းယုန် ဘယ်လိုနေလဲဆိုတာ ကျွန်တော့်ကို ကူညီပြီး မေးပေးနိုင်မလား"

လွန်ခဲ့သော နှစ်ရက်တွင် သူသည် အလွန်အမင်း စိုးရိမ်ပူပန် လွန်းနေသောကြောင့် ဖြစ်နိုင်ပေသည်။ သွေးနံပါတ် ၁၃မှ စကားအား ချောမွေ့စွာ ပြောဆိုနိုင်နေပြီ ဖြစ်သည်။ ဟူရှောင်တုန်း မှ ပြန်ပြောလိုက်သည်။

"ကျွန်တော်လည်း မသိဘူး သူတို့ အဲဒါကို စားပစ်လိုက်လောက်ပြီ ထင်တယ်"

ရွာထဲရှိ ယောက်ျားလေးများသည် ငှက်များနှင့် သားရဲတိရစ္ဆာန်များအား ဖမ်းမိသောအခါ သူတို့၏ ပထမဆုံး အတွေးသည် ၎င်းတို့အား စားပစ်ရန်သာ ဖြစ်ပေသည်။ သုံးရက်ကြာသွားပြီ ဖြစ်သည်။ လင်းယုန်၏ အရိုးများသည် တစ်နေရာရာတွင် ပျောက်ဆုံးနေလောက်ပြီ ဖြစ်သည်။

သွေးနံပါတ် ၁၃၏ ရင်ထဲတွင် စိတ်ပျက်အားငယ်မှုကိုသာ ခံစားလိုက်ရတော့သည်။ သူသည် သတင်းပို့လင်းယုန် နှင့်အတူ ဤမျှ ကြီးမားသော အပေးအယူအား ဆုံးရှုံးလိုက်ရသည်ဟု တွေးမိသောအခါ ဌာနခွဲမှူးသည် သူ ပြန်ရောက်ချိန်တွင် သူ့အား သေချာပေါက် လျော်ကြေးပေးခိုင်းလိမ့်မည် မဟုတ်ပါလား။

သူ့တွင် အငြိမ်းစားယူရန် အတွက် ငွေအနည်းငယ်သာ စုဆောင်းထားခြင်း ရှိသည်။ ယခုအခါ ထိုငွေများအား သူ ဆုံးရှုံးရတော့မည့်ပုံ ပေါ်နေခဲ့လေသည်။ ရုတ်တရက် အပြင်ဘက်မှ စူးရှသော လေချွန်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ သွေးနံပါတ် ၁၃ မှင်တက်သွားတော့သည်။

‘ဌာနခွဲမှူးနဲ့ တခြားသူတွေပဲ’

"သွေးနံပါတ် ၁၃ကို ငါတို့ ရှာတွေ့တဲ့အခါ သူ့ကို သေချာပေါက် ပြင်းပြင်းထန်ထန် လျော်ကြေးပေးခိုင်းမယ် အလုပ်ရှင်ကလည်း ဒေါသထွက်နေပြီ ဒီလောက်ရက်တွေ အများကြီး ကြာသွားတာတောင် သတင်း အစအနလေးတောင် မရဘူး"

ဌာနခွဲမှူးမှ စကားပြောရင်း သူ၏ လက်အောက်ငယ်သားများအား အချက်ပြ လိုက်တော့သည်။ ဤအချိန်တွင် သူတို့သည် ရွာထဲသို့ ဝင်ရောက်နေကြပြီ ဖြစ်သည်။

ဤလူစုသည် အဖြူရောင် ဝတ်ဆင်ထားကြပြီး ရွာထဲသို့ ဝင်ရောက်လာချိန်တွင် ရွာပတ်ဝန်းကျင် အနေအထားဖြင့် ၎င်းတို့၏ ဝတ်စားထားပုံများသည် ရောနှော၍ မရပဲ သီးသန့် ဖြစ်နေခဲ့ကာ ပတ်ဝန်းကျင်နှင့် မလိုက်ဖက်သကဲ့သို့ ဖြစ်နေခဲ့သည်။

ရွာအဝင်ဝရှိ ထနောင်းပင်အောက်တွင် ထိုင်နေကြသော အဘိုးအိုများက ဤလူများ ရွာထဲသို့ ဝင်လာသည်အား မြင်သောအခါ အဝေးမှနေ၍ မေးလိုက်လေသည်။

"ခင်ဗျားတို့က ဘယ်သူ့ကို ရှာနေကြတာလဲ"

ဌာနခွဲမှူးမှာ သူတို့ ရှာဖွေ တွေ့ရှိခံလိုက်ရပြီဟု တွေးကာ ဦးရေပြားများ အလိုအလျောက် တင်းမာသွားရလေတော့သည်။ လှမ်းကြည့် လိုက်သောအခါ သူတို့အား မေးမြန်းလိုက်သူများမှာ မည်သည်ကိုမှ မလုပ်နိုင်တော့သော အဘိုးအိုအချို့ ဖြစ်နေခဲ့သည်။ ထိုအခါမှ သူတို့သည် ရုပ်ဖျက်ထားပြီး ဖြစ်ကြောင်း သူ သတိရသွားလေသည်။ သူသည် အန္တရာယ် မရှိနိုင်ဟု ထင်ရသော အပြုံးတစ်ခုအား ပြသလိုက်လေသည်။

"အဘိုး ကျုပ်တို့က မိသားစုဝင် တစ်ယောက်ကို လာရှာတာပါ သူ့နာမည်က သွေးနံပါတ် ၁၃တဲ့ သူ ဘယ်မှာရှိလဲဆိုတာ အဘိုးတို့ သိကြလား"

အဘိုးအိုများမှာ မူလတွင် အနည်းငယ် စိမ်းသက်နေသည်ဟု ခံစားရသည်။

"သွေးနံပါတ် ၁၃ ဒါ ဘယ်လို ထူးဆန်းတဲ့ နာမည်မျိုးလဲ"

အခြားတစ်ဖက်တွင်မူ အကြီးအကဲဟူသည် သမားတော်ဟူ၏ အိမ်တွင် လူနာ တစ်ယောက် ရှိနေပုံရကြောင်း မှတ်မိသွားခဲ့သည်။ ထိုသူသည် သူသည် "နှင်းတစ်" ဖြစ်ကြောင်း ပြောခဲ့ပုံရလေသည်။ သူသည် မိသားစု တစ်ခုတည်းမှများ ဖြစ်နေသည်လား။

သူသည် သူ၏ ခန့်မှန်းချက်အား ဘေးရှိ လူအား ပြောပြ လိုက်လေတော့သည်။ အကြီးအကဲမာသည်လည်း ထိုစကားအား ကြားသောအခါ ဌာနခွဲမှူးကို သဘောမကျစွာဖြင့် ကြည့်လိုက်လေသည်။

"ခင်ဗျားတို့က အခုကတည်းက ဝမ်းနည်းပူဆွေးနေကြပြီလား သူက မသေသေးပါဘူး"

အကြီးအကဲမာမှ ခေါင်းခါယမ်း ပြလိုက်လေသည်။ အခြားအဘိုးအို တစ်ဦးသည်လည်း ဆက်လက် ပြောကြားလိုက်လေသည်။

"သေချာပေါက်တော့ မဟုတ်ဘူးလေ သူတို့က ကံကြမ္မာနဲ့ ယတြာချေဖို့ လာတာလည်း ဖြစ်နိုင်တယ် တချို့နေရာတွေမှာဆိုရင် သေခါနီး လူတစ်ယောက်ရှေ့မှာ ဝမ်းနည်းပူဆွေးတဲ့ အဝတ်အစားတွေ ဝတ်ဆင်ကြတယ် ဒီလို ယတြာချေလိုက်ရင် လူက ပြန်ရှင်လာနိုင်တယ်လေ"

လူတိုင်းမှ ယုတ္တိရှိသည်ဟု ခံစားလိုက်ကြရသည်။ ဌာနခွဲမှူးနှင့် အခြားသူများမှာ စကားမပြောနိုင် ဖြစ်သွားကြကုန်တော့သည်။

‘ဘာသောက်ကျိုးနဲ ဝမ်းနည်းပူဆွေးတာလဲဟ’

လုပ်ကြံသတ်ဖြတ်သူများအဖြစ် သူတို့၏ အထောက်အထားအား ဖုံးကွယ်ထားရန် အတွက် လာရောက်စဉ်တွင် အဖြူရောင်အား အထူးတလည် ဝတ်ဆင်လာခဲ့ကြခြင်း ဖြစ်ကာ သူတို့အား အပြစ်ကင်းစင်ပုံ ပေါ်စေခဲ့သည်။

သွေးနံပါတ် ၁၃နှင့် သတင်းပို့လင်းယုန်ကို ရှာဖွေရန် အတွက် မဟုတ်ပါမူ သူတို့ ဤမျှလောက် အားထုတ်ဖို့ လိုအပ်လိမ့်မည် မဟုတ်ချေ။

ရွာထဲရှိလူများသည် သွေးနံပါတ် ၁၃၏ မိသားစုအား လုံးဝ အကြောင်း မကြားခဲ့ကြောင်းကို အဘိုးအိုများမှ မသိကြချေ။ သူတို့မှ သတင်းရရှိပြီး ချက်ချင်းပင် လမ်းညွှန် ပြသပေးခဲ့ခြင်း ဖြစ်သည်ဟုသာ ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

ဌာနခွဲမှူးနှင့် အခြားသူများသည် သမားတော်ဟူ၏ အိမ်သို့ သွားကြလေတော့သည်။ လွန်ခဲ့သော သုံးရက်အတွင်း အားယွီလေးသည် ကူညီရန် အလုပ်ရှုပ်နေခဲ့ပြီး ချင်ဟွိုင်နှင့် လာရောက်ဆော့ကစားခြင်း မရှိခဲ့ပေ။ ချင်ဟွိုင်သည် ယခင်တွင် ချီကျားအား သရေစာအချို့ကို အထူးတလည် ဝယ်ခိုင်းထားခဲ့သော်လည်း ပေးခွင့်မရခဲ့ပေ။

"ကိုကိုအားယု ဒီရက်ပိုင်းအတွင်း ဘာတွေဆော့နေလဲဟင် အားယွီက စိုက်ပျိုးရေးမှာ ကူညီပေးနေရတာလေ အရမ်းကြီးတဲ့ မြေကွက်ကြီးပဲ သိလား နောက်ပိုင်း အဲဒါတွေ ကြီးလာတဲ့အခါ အားယွီတို့ မိသားစုမှာ စားစရာတွေ အများကြီးရှိတော့မှာလေ အဲဒီအခါကျရင် ကိုကို့ကို ပန်ကိတ်တွေတောင် ပေးဦးမှာ"

အားယွီလေးမှ စကားပြောရင်းဖြင့် သူမ၏ လက်မောင်းသေးသေးလေး နှစ်ဖက်အား ဝှေ့ယမ်းပြလျှက် မြေကွက် မည်မျှ ကြီးကြောင်း ပြနေခဲ့သည်။ ပန်ကိတ် အကြောင်း ပြောလိုက်သည်နှင့် သူမ တံတွေးပင် မျိုချမိ သွားလေတော့သည်။

အဘိုးအိုဝမ်၏ မိသားစုသည် လွန်ခဲ့သော ရက်အနည်းငယ် ကတည်းမှ ပန်ကိတ်များအား အဓိကအားဖြင့် အဆင်ပြေစေရန် ပြုလုပ်နေခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် နံနက်စောစောတွင် ပန်ကိတ်များကို ပြုလုပ်ကာ အလုပ်လုပ်ပြီးနောက် စားသုံးနိုင်ရန် အတွက် အပြင်သို့ ယူဆောင်သွားကြသည်။ ဗိုက်ဆာသောအခါ အနည်းငယ် စားကြလေသည်။ ထို့နောက် ညရောက်သည် အထိ အလုပ် ဆက်လုပ်ကြပြီး ထမင်းစားရန် ပြန်လာကြသည်။

လူတိုင်း ခွန်အားများ ပိုမိုကောင်းမွန်စွာ ပြန်လည် ဖြည့်တင်းနိုင်စေရန် အတွက် လျိုရှီမှ ပန်ကိတ်များထဲသို့ ဆားအား အထူး ပိုထည့်ပေးခဲ့ပြီး လူတိုင်းအား ရေပိုသောက်စေခဲ့သည်။

ယခုအခါ အားယွီလေးမှ မကြာသေးမီတွင် ပန်ကိတ်များအား နှစ်သက် နေခဲ့သောကြောင့် သူမ၏ နေရာလွတ်ထဲတွင် ပန်ကိတ်အမျိုးမျိုးဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။

ချင်ဟွိုင်မှ ချီကျားအား သူပြင်ဆင်ထားသော မုန့်များကို ထုတ်ယူ ခိုင်းလိုက်လေသည်။ ၎င်းတို့အား သုံးရက်အကြာ ကတည်းမှ ဝယ်ထားခဲ့ခြင်း ဖြစ်လေသည်။ မုန့်များမှာ အလွန်ပင် ကြည့်ကောင်းလှကာ မြို့ထဲရှိ နာမည်ကြီး မုန့်ဆိုင်တစ်ဆိုင်မှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

သူ၏ အိမ်တော်မှ စားဖိုမှုးများ ပြုလုပ်သော မုန့်များနှင့် အလွန် ကွာခြားသော်လည်း ၎င်းသည် မြို့ထဲတွင် တစ်ဆိုင်တည်းသော ဆိုင်ဖြစ်ပေသည်။

မုန့်သေတ္တာအား ဖွင့်လိုက် ပြီးနောက် အားယွီလေးသည် လှပသော မုန့်များကို မြင်လိုက်ရကာ မစားရက်နိုင်အောင် ဖြစ်သွားရတော့သည်။ ချင်ဟွိုင်မှ သေတ္တာအား သူမရှေ့သို့ တွန်းပို့ပေးလိုက်တော့သည်။

အားယွီလေး စားနေသည်အား မြင်နေရသည်ကို သူ နှစ်သက်လှပေသည်။ အကြောင်းမှာ အားယွီလေး စားသောအခါတိုင်း သူမသည် ကမ္ဘာပေါ်တွင် အလွန်အရသာရှိသော အရာအား စားနေရသကဲ့သို့ ပျော်ရွှင်မှု ဆိုသည့် ခံစားချက်ကို အမြဲ ပြသတတ်သောကြောင့် ဖြစ်ပေသည်။

တကယ်တမ်းတွင် အိမ်ရှိ ဆန်လုံးညိုများသည် တစ်ခါတစ်ရံ ဝမ်မိသားစုအတွက် အနည်းငယ် သည်းခံရခက်လှပေသည်။ သူတို့၏ လည်ချောင်းများ နာကျင်ရသော်လည်း အားယွီလေးမှာမူ ၎င်းတို့အား အရသာမရှိဟု တစ်ခါမျှ မတွေးခဲ့ဖူးချေ။ သူမသည် အိမ်ရှိ ရေကိုပင် အရသာရှိသည်ဟု ထင်နေတတ်သေးသည်။

အားယွီလေးမှ အနီရောင်မုန့် တစ်ခုအား ကောက်ယူ၍ ကိုက်စားလိုက်လေသည်။ သူမ စားနေစဉ် ပါးလေးများ ဖောင်းကားနေလျှက် ရှိကာ အကြေအစအချို့မှာ ကျောက်စားပွဲပေါ်သို့ ကျသွားတော့သည်။

ချင်ဟွိုင်မှ လက်ကိုင်ပဝါ တစ်ထည်အား ထုတ်ယူကာ အားယွီလေး အတွက် သုတ်ပေးချင်ခဲ့သော်လည်း သူမလေးသည် ကျောက်စားပွဲပေါ်ရှိ အကြေအစများကိုပင် ကောက်ယူ၍ တွေဝေခြင်းမရှိဘဲ သူမ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်တော့သည်။

သူမ၏ လှုပ်ရှားမှုများက အလွန်ပင် မြန်ဆန်လွန်းလှသဖြင့် ချင်ဟွိုင်မှ အချိန်မီ မတားဆီးနိုင်ခဲ့ချေ။ သူသည် မျက်မှောင်ကြုတ် သွားပြီးနောက် မနေနိုင်ပဲ ပြောလိုက်မိသည်။

"ညစ်ပတ်တယ်"

"ညစ်ပတ်တဲ့ အစားအစာကို စားပြီးရင်လည်း အားယွီ နေမကောင်း မဖြစ်ပါဘူး"

အားယွီလေးမှ သူမ၏ ဗိုက်ကလေးအား ညင်သာစွာ ပုတ်ပြ လိုက်လေသည်။

"ငါးယောက်မြောက်ကိုကိုက အားယွီကို ဒါ သင်ပေးထားတာ"

ဝမ်ဝူလန်ကမှ အားယွီလေးအား အပြင်ခေါ်သွားသောအခါ သူသည် ပုံမှန်အားဖြင့် စားစရာတစ်ခုခုကို ကင်လေ့ရှိပါမူ ၎င်းမှာ အမြဲတမ်း တူးပြီး မည်းနေတတ်လေသည်။ သူသည် မြေကြီးပေါ်မှ အစားအစာများကိုလည်း ကောက်ယူတတ်သေးသည်။ ၎င်သည် ညစ်ပတ်နေလား သန့်သည်လား ဆိုသည်ကို သူ မည်ကဲ့သို့ စဉ်းစားနေလိမ့် မည်နည်း။

အားယွီလေးက မုန့်တစ်လုပ်အား စားပြီးသွားပြီ ဖြစ်ရာ ထပ်စားချင်စိတ် မရှိတော့ပေ။ ချင်ဟွိုင်မျ အားယွီလေးအား ဆက်စားရန် အချက်ပြလိုက်သော်လည်း အားယွီလေးမှ ခေါင်းခါယမ်း ပြလိုက်တော့သည်။

"အားယွီ ဗိုက်ဝသွားပြီ"

"ချီကျား"

"ကျွန်တော် ရှိပါတယ်"

ချီကျားသည် အဝေးမှ လျှောက်လာခဲ့သည်။ ချင်ဟွိုင်၏ အချက်ပြမှု အောက်တွင် သူသည် စားစရာသေတ္တာကို သိမ်းဆည်းတော့မည့် ဟန် ပြင်လိုက်လေသည်။ သူသည် ငုံ့ကြည့်လိုက်မိ ပြီးနောက် ပွင့်နေသော စားစရာသေတ္တာအား မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေတော့သည်။

"သခင်လေး ဒီမုန့်တွေက မှိုနေပုံရတယ်"

မုန့်သေတ္တာ တစ်ခုလုံးတွင် အမည်းစက်များဖြင့် ဖုံးလွှမ်းနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သေချာ ဂရုတစိုက် မကြည့်ပါမူ ၎င်းတို့မှာ မုန့်များ၏ ကိုယ်ပိုင် အလှဆင်မှုများ ဖြစ်သည်ဟု ထင်မှတ်သွားကြမည် ဖြစ်သည်။ ချီကျားမှ မုန့်တစ်ပိုင်းအား ကောက်ယူကာ နမ်းကြည့် လိုက်လေတော့သည်။

"ဒါက မှိုတက်နေပြီ"

ချင်ဟွိုင်၏ မျက်နှာအမူအရာသည် ချက်ချင်း ပြောင်းလဲသွားခဲ့တော့သည်။ သူသည်ကျောက်ထိုင်ခုံပေါ်မှ ခုန်ဆင်းလျှက် အားယွီလေး၏ ဘေးသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူမအား ပြောလိုက်လေသည်။

"ထွေးထုတ်လိုက်စမ်း"

အားယွီလေးမှာမူ သူပြောသည်အား နားလည်ပုံမရပေ။

[ကလေး မင်းစားလိုက်တဲ့အရာက သက်တမ်းကုန်နေပြီ စားလို့မရတော့ဘူး ထွေးထုတ်လိုက်တော့]

[ငါ မင်းကို ခဏလောက် အာရုံမစိုက်မိတာနဲ့ မင်းကိုယ်မင်း အစာ အဆိပ်သင့်အောင် လုပ်တော့မလို့လား]

အားယွီလေး နားလည်သွားလေသည်။ သူတို့သည် သူမ စားထားသော အရာများအား ထွေးထုတ်ခိုင်းနေခြင်း ဖြစ်သည်။ သူမသည် ပါးစပ်အား အုပ်လျှက် ခေါင်းခါယမ်းလိုက်မိသည်။

"ဟင့်အင်း ဟင့်အင်း အားယွီ စားထားတာတွေကို ပြန်အန်ထုတ်လို့ မရဘူး သူတို့ ဝမ်းနည်းသွားလိမ့်မယ်"

ချင်ဟွိုင် နှင့် ချီကျား နှစ်ဦးစလုံး ဆွံအသွားကြကုန်တော့သည်။

[မင်း အန်မထုတ်ဘူးဆိုရင် မင်းအဖွားနဲ့ အမေက ဝမ်းနည်းကြလိမ့်မယ်]

နောက်ဆုံးတွင် ချင်ဟွိုင်၏ တိုက်တွန်းမှုများ အောက်တွင် ချီကျားသည် သူ၏ အတွင်းအားကို အသုံးပြု၍ အားယွီလေးအား အန်စေရန် လှုံ့ဆော် ပေးလိုက်ရတော့သည်။ အားယွီလေး အားနည်းစွာ အန်ထုတ်လိုက်ပြီးနောက် ချင်ဟွိုင်အား အလွန် နာကျင် ဝမ်းနည်းနေသော အကြည့်ဖြင့် ကြည့်လိုက်မိတော့သည်။

"အားယွီ သခင်လေးက မင်းအတွက် ကောင်းစေချင်လို့ ဒီလိုလုပ်ရတာပါ ညစ်ပတ်တာတွေ စားရင် မင်း ဗိုက်နာလိမ့်မယ်လေ"

ချီကျားသည် သူ၏ သခင်လေးအတွက် အလျင်အမြန် ရှင်းပြပေးလိုက်လေသည်။ သူ စကားပြောနေစဉ် ရုတ်တရက် အပြင်ဘက်မှ ရန်လိုသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လူတစ်ယောက်မှ အော်ဟစ်လိုက်လေသည်။

"ဘယ်ကောင်က ငါ့ရဲ့ သတင်းပို့လင်းယုန်ကို ရဲရဲတင်းတင်း စားရဲတာလဲ"

"မင်းတို့ရွာက လူတွေ သေချင်နေတာပဲ"

ချင်ဟွိုင်၏ မျက်လုံးများမှာမူ အေးစက်သွားလေတော့သည်။

All Chapters