← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း (၁၆၆) လူတိုင်းက ဖရဲသီးစားချင်ကြသည်

နောက်တစ်နေ့နံနက်ခင်း၌…

ယွင်ရှောင်ထျန်းက ခြံတံခါးဝတွင် ရပ်နေကာ ခြေလှမ်းအနည်းငယ်လှမ်းတိုင်း နောက်သို့လှည့်ကြည့်လျက် သက်ပြင်းချနေ၏။ သူ၏ ကျောပြင်လေးမှာ အထီးကျန်ဆန်ပြီး သနားစရာကောင်းနေလေသည်။

သူ့ သမီးလေးက မနက်ခင်း ညီလာခံကို မသွားပေ။

သူ၏ ဇနီး၊ သားနှင့် အခြားသမီးနှစ်ယောက်တို့ကလည်း သူ့ကို လာရောက်နှုတ်ဆက်ရန် မထကြပေ။

ဤသည်မှာ တကယ်ကို ခွဲခြားဆက်ဆံခြင်းပင် ဖြစ်၏။

ယွင်ရှောင်ထျန်းသည် ရထားလုံးပေါ်မှ တစ်ယောက်တည်း ဆင်းလာခဲ့ရာ အဝေးမှ လူတစ်ယောက်က မျက်မှောင်ကြုတ်သွားခြင်းကို မထိန်းနိုင်ဖြစ်သွားလေသည်။

*သူ့သမီးရော ဘယ်မှာလဲ…*

ယွင်ရှောင်ထျန်းက မော့ကြည့်လိုက်ရာ မင်းသားစုနှင့် သူ၏သားတို့ နှစ်ယောက်စလုံးသည် သူ၏ အနောက်သို့ လည်ပင်းရှည်ကြီးများဖြင့် လှမ်းကြည့်နေကြသည်ကို တွေ့လိုက်ရ၏။

သူ မပျော်တော့ပေ။

သူတို့အားလုံးသည် သူ၏ သမီးလေးကို ရှာဖွေရန်သာ အလုပ်ရှုပ်နေကြပြီး သူကဲ့သို့သော ဂုဏ်သိက္ခာရှိသည့် လူတစ်ယောက်ကို တစ်ချက်လေးတောင် လှည့်မကြည့်ကြပေ။

"ကြီးမြတ်တဲ့ ကိစ္စတွေကို လုပ်ဆောင်ဖို့လေ..."

ယွင်ရှောင်ထျန်းသည် ဝမ်းနည်းမှု အနည်းငယ်ဖြင့် ပြန်ဖြေလိုက်ပြီးနောက် နန်ကုန်းယွမ်ကို ကြည့်ကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

"မင်းသားက ညီလာခံတက်ဖို့ အစီအစဉ်ရှိလို့လား..."

ဤလူငယ်လေးသည် ပါးနပ်လှ၏။ အစောပိုင်းက ဧကရာဇ်ဝမ်ရွှမ်းသည် သူ့ကို ညီလာခံတက်ရန် တောင်းဆိုခဲ့သော်လည်း မင်းသားစုနှင့် မယ်တော်ကြီးတို့က သူ့ကို စကားမပြောနိုင်အောင် လုပ်ခဲ့သောကြောင့် ထိုအကြံအစည်ကို လက်လျှော့ခဲ့ရသည်ကို သူ မှတ်မိနေသေးသည်။

ယနေ့ နေမင်းကြီးက ဤမျှ ပြင်းထန်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

နေမထွက်သေးသောကြောင့် လမင်းကြီးက လမ်းကြောင်းမှားပြီး ထွက်လာခဲ့ခြင်းသာ ဖြစ်ရမည်။

နန်ကုန်းယွမ်၏ မျက်လုံးများထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အရောင်တစ်ခု လက်လာလေသည်။

"ကျွန်တော် မနက်ဖြန် ညီလာခံတက်မှာဆိုတော့ ဒီနေ့ လမ်းကြောင်းကို အကျွမ်းတဝင်ရှိအောင် လာကြည့်တာပါ..."

“ဘာ…”

လူတိုင်း၏ နှုတ်ခမ်းများမှာ ပြင်းထန်စွာ တွန့်လိမ်သွားလေသည်။

မင်းသားစုက တခစ်ခစ်ရယ်မောလိုက်ပြီး...

"မင်းရဲ့ အနာဂတ်မွေးစားအမေက ဒီနေ့ ညီလာခံမတက်လို့ မင်း နောက်ဆုံးရ အတင်းအဖျင်းတွေကို လက်လွတ်သွားရတာ ဖြစ်နိုင်မလား..."

နန်ကုန်းယွမ်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး...

"အဖေ... အဖေ လျှို့ဝှက်သိမ်းထားတဲ့ ငွေ ၉၈ တေးလ်ကတော့ သွားပါပြီ..."

ထိုသို့ပြောပြီးနောက် သူသည် သူ၏ ဘီးတပ်ကုလားထိုင်ကို လှည့်ကာ ထွက်သွားလေသည်

"သား... ခဏလေး စောင့်ပါဦး..."

မင်းသားစုက စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သော်လည်း ယွင်ရှောင်ထျန်းက သူ့ကို ဖမ်းဆွဲထားပြီး စနောက်လိုက်၏။

"အရှင်မင်းသား... ဘာမွေစားအမေလဲ...ကျုပ်ရဲ့ သမီးလေးက မင်းသားရဲ့ သားအတွက် မွေးစားအမေလား..."

"အကယ်၍ ဒီကိစ္စသာ အမှန်ဆိုရင် အရှင်မင်းသားနဲ့ ကျုပ်ရဲ့ သမီးလေးက မျိုးဆက်တစ်ခုတည်းဖြစ်သွားပြီ... ဒါဆိုရင် ကျုပ်က အရှင်မင်းသားရဲ့ အကြီးအကဲ ဖြစ်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ..."

ယွင်ရှောင်ထျန်းက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး...

"အဲ့ဒါ အရမ်းကောင်းတာပဲ... ကျုပ်တို့တွေ ဘယ်တော့လောက် ဆွေမျိုးတွေအဖြစ် တရားဝင် အသိအမှတ်ပြုကြမလဲ..."

မင်းသားစုမှာ အံ့အားသင့်သွားလေ၏။

"ခင်ဗျား... အဘိုးကြီးယွင်... ခင်ဗျားက ကျုပ်ကို အခွင့်ကောင်းယူရဲတယ်ပေါ့လေ... ခင်ဗျားကို သေအောင် ကန်ပစ်မယ်..."

"အကယ်၍ မင်းသားသာ ကျုပ်ကို ကန်ရဲရင် ကျုပ်ရဲ့ သမီးကို ပြောပြလိုက်မယ်... ပြီးရင် သူမက မင်းသားရဲ့ နာမည်ကို နေရာတိုင်းမှာ ခြစ်ထုတ်ပစ်လိမ့်မယ်... ဒါဆို အရမ်း ရယ်ရမှာပဲ..."

လူတိုင်း - "......"

ယွင်အိမ်တော်။

ယွင်ချင်းမော့က တခစ်ခစ် ရယ်မောလိုက်လေသည်။

သူ၏ ညီမငယ်က သူနှင့်အတူ ကျောင်းသို့ လိုက်သွားမည်ဟု ထင်ခဲ့သော်လည်း သူမကမူ အိပ်မောကျနေခဲ့၏။ သူသည် ခေါင်းခါလိုက်ပြီး ရထားလုံးပေါ်တက်ကာ ထွက်ခွာသွားလေသည်။

"ပြဿနာကောင် ညီမလေးက သူ ပြဿနာရှာမယ့်အချိန်ကို ဘာဖြစ်လို့ တိုက်ရိုက် မပြောပြရတာလဲ..."

ယွင်ဝေက ကျောက်တောင်တုအနောက်တွင် ဆောင့်ကြောင့်ထိုင်ကာ သူမ၏ ထုံကျင်နေသော ခြေထောက်များကို ပွတ်သပ်ရင်း ပြောလိုက်၏။

ထိုအချိန်တွင် သူမသည် အခန်းထဲသို့ အပြေးအလွှားဝင်သွားပြီး ကောင်မလေးကို လှုပ်နှိုးလိုက်ချင်စိတ်များ ပြင်းပြနေလေသည်။

ချွေ့ဝမ်ရှင်းသည်လည်း ဆောင့်ကြောင့်ထိုင်ရသည်မှာ သက်သောင့်သက်သာမရှိကြောင်း ခံစားလိုက်ရသဖြင့် မတ်တပ်ရပ်ကာ သူမ၏ အရိုးအဆစ်များကို အကြောဆန့်လိုက်လေသည်။

"ဟွားအာကို နိုးလာအောင် ငါတို့ တစ်ခုခု လုပ်လိုက်ရမလား..."

ကောင်မလေးသည် ငါးရှဉ့်တစ်ကောင်ကဲ့သို့ စူးစိုက်ကြည့်နေပြီး နောက်တစ်စက္ကန့်တွင် ပျောက်ကွယ်သွားတတ်လေသည်။

ယွင်ယာသည် သူမ၏ မိခင်နှင့် ယုံကြည်စိတ်ချရမှုမရှိသော သူမ၏ တတိယညီမကို ကြည့်လိုက်ရာ သူမ၏ မျက်ခွံများမှာ ပြင်းထန်စွာ လှုပ်ခတ်သွားလေသည်။

ပြီးဆုံးသွားပြီပဲ။

သူမ၏ မိခင်သည်လည်း သူမ၏ ညီမငယ်လေး၏ လွှမ်းမိုးမှုကို ခံလိုက်ရပုံပေါ်လေသည်။

"အမေ ပြောတာမှန်တယ်... သမီး အခုချက်ချင်း သွားပြီး မီးရှို့လိုက်မယ်..."

ယွင်ဝေသည် သူမ၏ အကြံအစည်အတိုင်း ချက်ချင်း လက်တွေ့လုပ်ဆောင်လိုက်ရာ ယွင်ယာမှာ လန့်သွားပြီး သူမကို အနောက်သို့ ပြန်ဆွဲထားလိုက်ရလေသည်။

"နင့်ရဲ့ ညီမလေးက အသက်ရှင်တာ ကြာလွန်းနေပြီလို့ထင်ပြီး သူ့ကို ငရဲပြည်ကို မြန်မြန် ပို့ချင်နေတာလား..."

ယွင်ဝေက မျက်နှာချိုသွေးကာ ပြုံးလိုက်ပြီး...

"ဒုတိယအစ်မ... ညီမလေးက မီးလောင်သေနိုင်မယ်လို့ အစ်မ ထင်လို့လား..."

ယွင်ယာမှာ စကားစပျောက်သွားလေသည်။

"ငါက အစ်ကိုကြီးကို ကူညီဖို့ ဒီကိုလာတာလေ... ဒီမှာ နေနေမယ့်အစား အကယ်ဒမီကိုသွားပြီး သူ့ကို စောင့်ကြည့်နေတာက ပိုကောင်းလိမ့်မယ်..."

ချွေ့ဝမ်ရှင်းနှင့် ယွင်ဝေတို့က ရုတ်တရက် သဘောပေါက်သွားကြလေသည်။

နောက်တစ်စက္ကန့်တွင် ယွင်ယာ တစ်ယောက်တည်းသာ ထိုနေရာ၌ ကျန်ရစ်ခဲ့လေသည်။

ချွေ့ဝမ်ရှင်းသည် ဖရဲသီးစားရင်း သုံးဆောင်ရန် သရေစာများကို ပြင်ဆင်ရန် အလုပ်ရှုပ်နေလေသည်။

ယွင်ဝေသည် သင့်တော်သော ကျောက်ခဲတစ်လုံးကို ရှာဖွေရန် အလုပ်ရှုပ်နေ၏။ သူမသည် သူမ၏ ညီမလေးနှင့်အတူ 'သတ်ဖြတ်သူစုံတွဲ' အဖြစ် ဖွဲ့စည်းကာ မြို့တော်ကို လွှမ်းမိုးချုပ်ကိုင်ချင်နေလေသည်။

ယွင်ဟွားကမူ မွန်းတည့်ချိန်အထိ အိပ်မောကျနေခဲ့လေသည်။

ဒါပေမယ့်......

သူမ၏ မိခင်နှင့် အစ်မနှစ်ယောက်တို့သည် အိမ်တော်တွင် မရှိကြပေ။

နေ့လယ်စာကို အမြန်စားပြီးနောက် ယွင်ဟွားသည် သူမ၏ အစ်ကိုကြီး၏ အကယ်ဒမီဆီသို့ ထွက်ခွာသွားလေသည်။

အခြားတစ်ဖက်တွင်။

ယွင်ချင်းမော့သည် သူငယ်ချင်းအချို့နှင့်အတူ နေ့လယ်စာစားရန် နေရာတစ်ခု ရှာဖွေရန် ရည်ရွယ်ထားခဲ့သော်လည်း အကယ်ဒမီ ဂိတ်တံခါးမှ အပြင်သို့ ခြေလှမ်းလိုက်သည်နှင့် လူတိုင်းကို မြင်လိုက်ရသဖြင့် သူ၏ နားထင်ကြောများမှာ ထိန်းမနိုင်သိမ်းမရအောင် တုန်ခါသွားလေသည်။

ဘာဖြစ်လို့ ခုလိုမျိုး ဖြစ်သွားရတာလဲ။

လက်ဖက်ရည်ဆိုင်။

နေရာလေးမှာ အလွန်ကောင်းမွန်လှ၏။ ထပ်ခိုးငယ်လေးသည် မြင့်မားသော နေရာတွင်ရှိပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ အကယ်ဒမီ၏ အတွင်းပိုင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။

ယွင်ရှောင်ထျန်းက သူ၏ လက်များကို ပွတ်သပ်လိုက်ပြီး အနည်းငယ် အပြစ်ရှိသကဲ့သို့ ဖြစ်နေကာ…

"သား... သားလည်း သိတဲ့အတိုင်း ဧကရာဇ်ဆီမှာ ခွင့်တောင်းဖို့ လိုအပ်တယ်လေ... ဒါကြောင့် အခြေအနေကို သေချာပေါက် ရှင်းပြဖို့ လိုတာပေါ့..."

ယွင်ချင်းမော့က သိသိသာသာ ပြောင်းလဲသွားသော ဧကရာဇ်ဝမ်ရွှမ်းကို အရိုအသေပေးလိုက်ပြီးနောက် သူ၏ အကြည့်များကို မိခင်ဖြစ်သူထံသို့ လှည့်လိုက်လေသည်။

ချွေ့ဝမ်ရှင်းက အနေရခက်စွာဖြင့် ပြုံးလိုက်ပြီး သူမ ယူဆောင်လာသော အစားအစာများကို စားပွဲပေါ်တွင် တစ်ခုချင်းစီ ချထားလိုက်ကာ...

"အမေက သား အပြင်စာတွေကို အသားမကျမှာ စိုးရိမ်လို့ ထမင်းချက်ကို သား အကြိုက်ဆုံး ဟင်းလျာအချို့ကို အထူးတလည် ပြင်ဆင်ခိုင်းထားတာ..."

ယွင်ချင်းမော့သည် စားပွဲပေါ်ရှိ ဖရဲစေ့များနှင့် သရေစာများကို ကြည့်လိုက်လေသည်။

“အမေ…သေချာလို့လား…”

ယွင်ချင်းမော့က အနည်းငယ်မျှ စားလိုက်ပြီးနောက် အကယ်ဒမီသို့ ပြန်သွားလေသည်။ သူသည် လူတိုင်းကို ဝေ့ဝဲကြည့်လိုက်သော်လည်း မည်သူက သူ့ကို လျှို့ဝှက်ကြံစည်ခဲ့သည်ကို မသိနိုင်ဖြစ်နေ၏။

ယွင်ဟွားက လမ်းမပေါ်တွင် အေးအေးဆေးဆေး လမ်းလျှောက်နေလေသည်။

ရုတ်တရက် သူမ၏ မျက်လုံးများ အရောင်လက်သွားလေသည်။

"ရှောင်ယွမ်ယွမ်..."

ယွင်ဟွားသည် သူမ၏ လက်ငယ်လေးကို ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားလေသည်။

"ချန်နင်း ကောင်တီမင်းသမီး..."

နန်ကုန်းယွမ်က တိုးညှင်းစွာ ရယ်မောလိုက်ပြီး ရှောင်လီဟွာသည် သူမကို နှုတ်ဆက်ရန် ချက်ချင်း ရှေ့သို့ထွက်လာကာ..

"မင်းသမီး..."

ထို့နောက် ချက်ချင်းပင် ရှောင်လီဟွာသည် သရေစာ အမြောက်အမြားကို ထုတ်ယူကာ ကမ်းပေးလိုက်ရင်း...

"မင်းသမီး... ဒါတွေအကုန်လုံးက ကျွန်တော် အခုလေးတင် ဝယ်လာခဲ့တာပါ..."

ဝိုး...

နောက်ထပ် အတင်းအဖျင်းတစ်ခု ထွက်ပေါ်လာတော့မည် ဖြစ်သည်။

ချန်နင်းကောင်တီမင်းသမီးသည် သူမ၏ အစ်ကိုကြီးအတွက် လက်စားချေရန် ကြိုးပမ်းနေကြောင်း သိရှိရန် သူ အတော်လေး ကြိုးစားခဲ့ရလေသည်။

တကယ်ပင် သူသည် သူ၏ သခင် ညွှန်ကြားထားသည့်အတိုင်း အကယ်ဒမီဆီသို့ သွားနေခြင်းဖြစ်၏။

နန်ကုန်းယွမ်သည် ရှောင်လီဟွာကို နက်ရှိုင်းသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီးနောက် သူ၏ ရင်ခွင်ထဲရှိ ကြီးမားသော လက်သည် ရုတ်တရက် ရပ်တန့်သွားလေသည်။

ယွင်ဟွားက သူမ၏ နှာခေါင်းလေးဖြင့် ဟိုဟိုသည်သည် အနံ့ခံလိုက်ပြီး...

"ထူးဆန်းလိုက်တာ... ကြက်ပေါင်ကြော် အနံ့ရနေတယ်လို့ ဘာလို့ ခံစားနေရတာလဲ..."

နန်ကုန်းယွမ်သည် လည်ချောင်းဟန့်လိုက်ပြီးနောက် အိမ်တော်ရှိ ထမင်းချက် ပြုလုပ်ထားသော ကြက်ပေါင်ကို ထုတ်ယူလိုက်လေသည်။

ယွင်ဟွားက ပြုံးဖြီးဖြီး လုပ်လိုက်လေသည်။

"ရှောင်ယွမ်ယွမ်... ငါ့ရဲ့မောင်လေးက တကယ်ကောင်းပြီး ယုံကြည်စိတ်ချရတယ်... ပြီးတော့ သူ့ရဲ့ အစ်မကြီးကိုတောင် ဘယ်လို ရိုသေရမလဲဆိုတာ သိနေသေးတယ်..."

ယွင်ဟွားသည် ရှောင်လီဟွာကို ဘေးသို့ဖယ်ရှားလိုက်ပြီး ဘီးတပ်ကုလားထိုင်ကို တွန်းလိုက်ကာ...

"စိတ်မပူပါနဲ့ ရှောင်ယွမ်ယွမ်... နင့်ရဲ့ အစ်မကြီး ဒီမှာရှိနေမှတော့ နင်ရဲ့ အဆိပ်တွေ ပျောက်ကင်းသွားပြီး နောက်တစ်ကြိမ် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လာမယ်လို့ ငါ အာမခံတယ်..."

သူမသည် ယခုအခါ ကျင့်ကြံခြင်း၏ နောက်တစ်ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ အနည်းငယ် ထပ်မံစောင့်ဆိုင်းလိုက်ပါက သူ၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်များကို စုပ်ယူရန် သူမ၏ ရုပ်ခန္ဓာကို အသုံးပြုနိုင်မည် ဖြစ်၏။

ငရဲလကျောက်က တိတ်တဆိတ် မှတ်ချက်ပြုလိုက်လေသည်။

*အကယ်၍ နင့်ကိုသာ စောင့်နေရမယ်ဆိုရင် ငါ့ရဲ့ သခင်က စောစောစီးစီး သေသွားလောက်ပြီ…*

နန်ကုန်းယွမ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။ ဤမိန်းကလေးက သူ့ကို တကယ်ပင် အဆိပ်ဖြေပေးခဲ့သူ ဖြစ်ပုံရ၏။

"ကောင်းပါပြီ... ဒါဆိုရင်လည်း ချန်နင်း ကောင်တီမင်းသမီးရဲ့ ကောင်းချီးကို ကျွန်တော် ခံယူရတာပေါ့..."

ဒါပေမယ့်…

သူ၏ မိခင်ဖြစ်သူ၏ ရူးသွပ်သော အကြံအစည်ကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ရန် လိုအပ်လေသည်။ သူတို့နှစ်ဦး သွေးသောက်ညီအစ်မဖြစ်မည့်အစား သူမနှင့်သူသာ သွေးသောက်မောင်နှမဖြစ်ရန် သူကိုယ်တိုင် နည်းလမ်းတစ်ခု ရှာဖွေသင့်ပေသည်။

အနောက်မှ လိုက်ပါလာသော ရှောင်လီဟွာမှာ အလွန်တရာ စိတ်လှုပ်ရှားနေလေသည်။

ချန်နင်း ကောင်တီမင်းသမီးရှိနေသရွေ့ သူ၏ သခင်က သေဆုံးမည်မဟုတ်ကြောင်း သူ သိထားလေသည်။

ထို့နောက် သူသည် စာအုပ်ငယ်တစ်အုပ်ကို ထုတ်ယူကာ ရေးသားလိုက်၏။

"ကယ်တင်ခံရတဲ့ ကျေးဇူးက ကောင်းကင်ထက် ကြီးမားတယ်... မင်းသားမှာ ကျေးဇူးဆပ်ဖို့ နည်းလမ်းမရှိဘူး... ဒါကြောင့် မင်းသမီးကို သူ့ရဲ့ မွေးစားအမေအဖြစ် အသိအမှတ်ပြုပြီး တစ်သက်လုံး ရိုသေကိုင်းရှိုင်းသွားလိမ့်မယ်..."

ရှောင်လီဟွာသည် စာရေးပြီးနောက် စာအုပ်ကို သူမ၏ ရင်ခွင်ထဲသို့ ပြန်ထည့်လိုက်ပြီး ခေါင်းကုတ်လိုက်လေသည်။ ယခုမှစ၍ သူမကို "သခင်မကြီးလေး" ဟူ၍ လေးစားစွာ စတင်ခေါ်ဝေါ်သင့်သလား။

ယွင်ဟွားက နန်ကုန်းယွမ်ကို တွန်းပေးရင်း သူမအား သူ၏ ခေါ်ဝေါ်ပုံကို ပြင်ဆင်ပေးလိုက်၏

"ရှောင်ယွမ်ယွမ်... နင် ငါ့ကို မင်းသမီးလို့ မခေါ်ရဘူး... အစ်မကြီးလို့ ခေါ်ရမယ်... နားလည်လား..."

နန်ကုန်းယွမ်က ပြုံးလိုက်ပြီး...

"ဟုတ်ကဲ့ပါ... ချန်နင်း ကောင်တီမင်းသမီး..."

ယွင်ဟွား - "......"

ရှောင်လီဟွာက သူ့ဘာသာ တွေးလိုက်မိသည်။

*မင်းသမီး... မကြာခင်မှာ ကျွန်တော့်ရဲ့ သခင်က မင်းသမီးကို မွေးစားအ‌မေလို့ ခေါ်တော့မှာပါ…*

All Chapters