← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း (၁၆၈) အတ္ထုပ္ပတ္တိ ပေါ်ပေါက်သွားခြင်းနှင့် ကလဲ့စားချေလိုသော တစ္ဆေတစ်ကောင် ထွက်ပေါ်လာခြင်း

"ပန်းကလေး... ရှောင်ရှူးရှူးက ကမ္ဘာသစ်တစ်ခုကို ရှာတွေ့သွားပြီ... အဲ့ရှောင်လီဟွာက သူ့သခင်ရဲ့ အတ္ထုပ္ပတ္တိကို ရေးနေတာ... ပါဝင်တဲ့အကြောင်းအရာတွေက အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်..."

သေခြင်းရှင်ခြင်းစာအုပ်က ဝမ်းသာအားရဖြင့် မျက်လုံးများကို ပြူးကျယ်ထားလေသည်။ ဤသည်မှာ ဆံပင်ဆွဲခြင်း သို့မဟုတ် ရန်ဖြစ်ခြင်းထက် များစွာပို၍ ပျော်စရာကောင်းလှပေသည်။

ယွင်ဟွားက သူမ၏ ကြက်ရိုးပစ်ပေါက်နေမှုကို ခေတ္တရပ်တန့်လိုက်ပြီး နန်ကုန်းယွမ်ကလည်း ရုတ်တရက် လှည့်ကြည့်လာ၏။

"ရှောင်ရှူးရှူး... မုန့်ပိုရဲ့ ဇာတ်လမ်းစာအုပ်နဲ့ယှဉ်ရင် ဘယ်ဟာက ပိုရေးတတ်သလဲ..."

တရားသူကြီး၏စုတ်တံက ၎င်းကို ကြည့်ရှုလိုကြောင်း ပြသလိုက်ပြီး ရှောင်လီဟွာဆီသို့ ပျံသန်းသွားရန် တောင်ပံများကို ခတ်လိုက်လေသည်။

"သေချာပေါက် သူ့ဟာက ပိုကောင်းတာပေါ့... အကြောင်းအရာတွေက စုံလင်ပြီး စိတ်ဝင်စားဖို့ကောင်းတယ်... ဒီမင်းသားက ပန်းကလေးကို မွေးစားအမေအဖြစ် အသိအမှတ်ပြုချင်နေတာကိုတောင် ငါ မြင်လိုက်ရတယ်..."

၎င်း၏ တွေးတောပုံကို အမှန်တကယ်ပင် လေးစားမိပေသည်။ သူသည် ရှောင်ဟွားဟွားကို အမေအဖြစ် ကိုးကွယ်ကြောင်းကိုပင် ရေးသားနိုင်စွမ်းရှိရာ မင်းသားက သူ့ကို ဆွဲဖြဲပစ်မည်ကို မကြောက်ရွံ့လေသလော။

"ငါ့ရဲ့ ရှောင်ယွမ်ယွမ်က ငါ့ကို အစ်မကြီးလို့ တစ်ခါမှ မခေါ်ဖူးတာ အံ့ဩစရာမရှိတော့ဘူး... သူက ငါ့ရဲ့ သားလုပ်ချင်နေတာကိုး... ဒါက အကြံကောင်းတစ်ခုပဲ..."

ယွင်ဟွား၏ မျက်လုံးများက အရောင်လက်သွားလေသည်။ ရှောင်လီဟွာ၏ လက်ထဲရှိ စုတ်တံသည် 'ဖောက်' ဟူသော အသံနှင့်အတူ ခေါင်မိုးပေါ်သို့ ပြုတ်ကျသွား၏။

သူသည် တံတွေးကို မျိုချလိုက်သည်။ သူ၏ သခင်ဖြစ်သူ၏ မှိုင်းညို့နေသော မျက်နှာကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် စကားလုံးအနည်းငယ်သာ ကျန်ရစ်တော့သည်။

*ငါ့ဘဝတော့ သွားပါပြီလေ*

"သခင်... သခင်..."

ရှောင်လီဟွာသည် သက်သေအထောက်အထားကို ဖျက်ဆီးရန် ပြင်လိုက်ချိန်တွင် နန်ကုန်းယွမ်က ထိုစာအုပ်ကို လုယူသွားလေသည်။ ယွင်ဟွားသည် ရှောင်လီဟွာ ဘာတွေရေးထားသနည်းဆိုသည်ကို စူးစမ်းလိုစိတ် ပြင်းပြနေသဖြင့် လည်ပင်းကို ဆန့်ကာ ချောင်းကြည့်လိုက်၏။

နန်ကုန်းယွမ်သည် ထိုစာအုပ်ငယ်ကို 'ဖတ်' ကနဲ ပိတ်လိုက်သည်။ သူ၏ မှောင်မိုက်နေသော မျက်လုံးများထဲတွင် အန္တရာယ်များသော အပြုံးတစ်ခု ကပ်ငြိလာလေသည်။

ရှောင်လီဟွာမှာ တောင့်တင်းသွားပြီး သူသည် နွားခေါင်းနှင့် မြင်းမျက်နှာရှိသော နတ်ဆိုးများက သူ့အား လက်ပြနှုတ်ဆက်နေသည်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ယွင်ဟွားသည် မည်သည့်အရာကိုမျှ မမြင်လိုက်ရသဖြင့် အနည်းငယ် စိတ်ပျက်သွားလေသည်။

လီချန်ပိုင်သည် အထုခံရသဖြင့် ခေါင်းမှ သွေးများ အဆက်မပြတ် စီးကျနေပြီး သနားစရာကောင်းသော အခြေအနေဖြင့် ထွက်ပြေးလာခဲ့သည်။ အတိတ်တွင်ဖြစ်စေ၊ ယခုအချိန်တွင်ဖြစ်စေ သူသည် ဤမျှအထိ လှည့်စားခြင်းကို မခံခဲ့ရဖူးချေ။

ဤအချိန်၌ သူသည် သူ၏ ဟန်ဆောင်မှုများကို မေ့လျော့သွားဟန်တူပြီး မျက်လုံးများမှာ သွေးရောင်လွှမ်းနေကာ သူ၏ အယုတ်မာဆုံးသော အသွင်အပြင်ကို ထုတ်ဖော်ပြသနေ၏။

“တောက်... မင်းတို့တွေ အခုချက်ချင်း ထွက်လာခဲ့စမ်း... မဟုတ်ရင် ငါ ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့..."

လီချန်ပိုင်သည် သူ၏ လည်ပင်းရှိအရာကို ထိတွေ့လိုက်ပြီး သူ့အား လှောင်ပြောင်ခဲ့သူကို သတ်ပစ်ချင်စိတ်များ ပြင်းပြနေလေသည်။

ယွင်ဟွားသည် ထိုအတ္ထုပ္ပတ္တိငယ်ကို လျစ်လျူရှုလိုက်သည်။ သူမသည် မျက်လုံးများကို မှေးကျဉ်းလျက် သူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး ထိုပုလင်းငယ်ထဲတွင် မည်သည့်အရာ ပါရှိမည်ကို ကြိုတင်ခန့်မှန်းမိပြီး ဖြစ်၏။

"သေစမ်း... ပန်းကလေး... သူက ကလဲ့စားချေလိုတဲ့ တစ္ဆေတစ်ကောင်ကိုတောင် မွေးမြူရဲတယ်ပေါ့..."

သေခြင်းရှင်ခြင်းစာအုပ်က လှောင်ပြောင်လိုက်သည်။ ဤလူသည် သေလမ်းကို မည်သို့ရှာရမည်ကို အမှန်တကယ် သိရှိသူပင် ဖြစ်၏။

"ဟွားဟွား... ငါ နင့်အတွက် ရတနာတချို့ ယူပေးမယ်..."

တရားသူကြီး၏စုတ်တံ၏ အမူအရာသည်လည်း အလားတူပင် အေးစက်နေပြီး ဝိညာဉ်ချည်နှောင်ကြိုးကို တိတ်ဆိတ်စွာ ထုတ်ယူလိုက်လေသည်။

"ရှောင်ယွမ်ယွမ်... အခုကစပြီး နင်နဲ့ ရှောင်လီဟွာက ခေါင်မိုးပေါ်မှာပဲနေပြီး လျှောက်မပြေးကြနဲ့..."

ယွင်ဟွားသည် သူမ၏ မောင်လေး၏ ခြေထောက်ကို ကုသပေးရန် လိုအပ်နေသဖြင့် သူမသည် တစ္ဆေဖမ်းတတ်ကြောင်းကို ဖုံးကွယ်ထားရန် အစီအစဉ်မရှိပေ။ အဆိုးဆုံးအခြေအနေတွင်မူ အဘိုးကြီးတစ်ဦးက သူမအား ကောင်းချီးပေးခဲ့ပြီး အိပ်မက်ထဲတွင် တစ္ဆေဖမ်းနည်းကို သင်ပေးခဲ့သည်ဟူသော သူမ၏ အဘိုးကို လှည့်စားခဲ့သည့် နည်းလမ်းအတိုင်းသာ ထပ်မံအသုံးပြုလိုက်မည် ဖြစ်သည်။

"အခု ထွက်လာခဲ့စမ်း... ခွေးကောင်..."

လီချန်ပိုင်သည် ဆက်လက် အော်ဟစ်နေဆဲဖြစ်ပြီး သူ၏ ယုတ်မာသော အငွေ့အသက်များကြောင့် ကျောင်းသားများမှာ ကြောက်လန့်တကြားဖြစ်ကာ သူနှင့် ခပ်ခွာခွာနေကြလေသည်။

"နင့်ကိုယ်နင် 'ငါ' လို့ ခေါ်ရဲတယ်ပေါ့... ခဏနေရင် နင့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီး နင့်အဖေနဲ့တွေ့ဖို့ ငရဲပြည်ကို ပို့ပေးမယ်..."

ယွင်ဟွားက တစ်ပတ်လည်ကာ ခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်၏။ သူမ၏ အေးစက်ပြီး ဂရုမစိုက်တတ်သော မျက်နှာထက်တွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခု ပါရှိနေသည်။

သူမသည် အကယ်ဒမီရှိ လူတိုင်းကို အကဲခတ်ကြည့်ရှုလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ဒီမင်းသမီးက ခေါင်းခွဲတာကို မခံချင်တဲ့သူ ဘယ်သူမဆို ဒီနေရာကနေ အခုချက်ချင်း ထွက်သွားကြစမ်း..."

သူမ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက်…

ယွင်ဟွားက သူမ၏ လက်သေးသေးလေးကို ကျောဘက်သို့ လွှဲပစ်လိုက်ရာ ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲသည် သူမ၏ ဘေးရှိ ကျောက်ဆောင်တုကို ပြင်းထန်စွာ ဝင်တိုက်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် မြေမှုန့်များအဖြစ်သို့ ပြောင်းလဲသွား၏။

ခြိမ်းခြောက်နိုင်စွမ်းမှာ အလွန်ပင် ကောင်းမွန်လှသည်။

လူတိုင်းမှာ ထိတ်လန့်တကြားဖြင့် အသက်ရှူမှားသွားကြသည်။ 'ခေါင်းခွဲမင်းသမီး' ဟူသော အမည်နှင့် လိုက်ဖက်စွာပင် သတ္တိမရှိသူများမှာ မိမိတို့၏ အသက်ကို ကယ်တင်ရန် ချက်ချင်းပင် ထိုနေရာမှ ထွက်ပြေးသွားကြလေသည်။

"ဘာလဲ... ငါက နင်တို့ကို မထုရဲဘူးလို့ တကယ် ထင်နေကြတာလား..."

ယွင်ဟွားသည် နေရစ်ကာ ပွဲကြည့်လိုသူများကို ကြည့်လိုက်ပြီး မည်သည့်အချိန်တွင်မဆို သူတို့ထံသို့ ပစ်ပေါက်လိုက်တော့မည့်အလား သူမ၏ လက်ထဲရှိ ရွှေရောင်အုတ်ခဲကို ချိန်ဆနေလေသည်။

ယုတ်မာသော ကျင့်ကြံသူများ ထိန်းချုပ်ထားသည့် ကလဲ့စားချေလိုသော ဝိညာဉ်များသည် ညဘက်တွင်သာ ပေါ်လာတတ်သည် မဟုတ်ပေ။

ထိုလူစုသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း နောက်တစ်လှမ်း ဆုတ်လိုက်ကြကာ ယွင်ဟွား ဆက်လက် မခြိမ်းခြောက်မီ တိတ်တဆိတ် ထွက်ပြေးသွားကြလေသည်။

ခေါင်မိုးပေါ်ရှိ လူနှစ်ဦးမှလွဲ၍ အကယ်ဒမီတစ်ခုလုံးတွင် လီချန်ပိုင်နှင့် ယွင်ချင်းမော့တို့သာ ကျန်ရစ်တော့၏။ ယွင်ဟွားသည် ယွင်ချင်းမော့၏ အနီးသို့ လျှောက်သွားလိုက်သည်။

"အစ်ကိုကြီး... ညီမကို ကြောက်နေလား..."

ယွင်ဟွားသည် သူမ၏ ဖခင်က သူမကို အမြဲတမ်း ကာကွယ်ပေးပြီး သူမ၏ နောက်တွင် ခိုင်မာစွာ ရပ်တည်ပေးသကဲ့သို့သော အမူအရာမျိုးကို သူ၏ မျက်လုံးများထဲတွင် မြင်တွေ့နိုင်ရန် မျှော်လင့်လျက် ယွင်ချင်းမော့အား ခေါင်းစောင်းကာ ကြည့်လိုက်လေသည်။

ယွင်ချင်းမော့သည် ပြုံးလိုက်ရာ နွေဦးလေညင်းကဲ့သို့ နွေးထွေးသော အပြုံးတစ်ခုဖြစ်ပြီး ယွင်ဟွား၏ တင်းမာနေသော စိတ်အခြေအနေကို ဖြိုခွင်းလိုက်၏။

"မကြောက်ပါဘူး..."

ထို့နောက် သူက လက်မြှောက်ကာ ယွင်ဟွား၏ ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်လေသည်။

"ညီမလေးက ဘာပဲဖြစ်ဖြစ်... ညီမလေးဟာ အစ်ကိုကြီးရဲ့ ညီမလေး... ယွင်ချင်းမော့ရဲ့ ညီမလေး အမြဲတမ်း ဖြစ်နေမှာပါ..."

ယွင်မိသားစုတွင် ညီမလေးရှိနေခြင်းသည် သူတို့၏ ယခင်ဘဝက စုဆောင်းခဲ့သော ကောင်းချီးတစ်ခု ဖြစ်ပေသည်။ သို့သော် အဓိကအချက်မှာ သူတို့သည် သူမ၏ အရှုပ်အရှင်းများကို ဖော်ထုတ်ခြင်း မပြုရန်ပင် ဖြစ်၏။

ယွင်ဟွားမှာ အနည်းငယ် အံ့ဩသွားလေသည်။ သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍ပင် တောက်ပလာ၏။

သူမသည် သူမ၏ ထူးခြားနေသော အခြေအနေကို ဘယ်သောအခါမျှ တမင်တကာ ဖုံးကွယ်ထားခြင်းမရှိခဲ့ပေ။ ဥပမာအားဖြင့် သူမ၏ ခွန်အားများ ရုတ်တရက် တိုးလာခြင်း၊ ရွှေရောင်အုတ်ခဲများ တစ်ခါတစ်ရံ ပေါ်လာခြင်းနှင့် ဗေဒင်ဟောခြင်းနှင့် နိမိတ်ဖတ်ခြင်းနည်းလမ်းဟု ဆိုအပ်သောအရာများအားလုံးသည် သူမ၏ မိသားစု၏ သည်းခံနိုင်စွမ်းကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေသော နည်းလမ်းများပင် ဖြစ်လေသည်။

ဤမျှ ကျိုးကြောင်းဆီလျော်မှုမရှိသော အခြေအနေများအောက်တွင် သူမ၏ မိသားစုက သူမ၏ ကွဲပြားခြားနားမှုကို လက်ခံနိုင်မည်လား သို့မဟုတ်... သူမကို ကြောက်ရွံ့သွားမည်လားဆိုသည်ကိုသာ သူမ သိရှိလိုခြင်း ဖြစ်၏။

အနာဂတ်၏ တစ်နေ့နေ့တွင် သူမ၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်းကို သူတို့အား ထုတ်ဖော်ပြောဆိုနိုင်ရန် သူမ မျှော်လင့်ထားလေသည်။ သို့မှသာ တစ်ဦးသည် လွတ်လပ်စွာဖြင့် ပူပန်မှုကင်းသော ဘဝကို ခံစားနိုင်မည် ဖြစ်ပေသည်။

"အစ်ကိုကြီး… ညီမ အစ်ကိုကြီးအတွက် ကလဲ့စားချေပေးမယ့်အချိန်ကို အေးအေးဆေးဆေး ထိုင်စောင့်နေလိုက်ပါ..."

ယွင်ဟွားသည် မျက်နှာမှိုင်းညို့နေသော လီချန်ပိုင်ကို စိုက်ကြည့်လိုက်၏။ သူမ၏ အပြုံးသည် ပြောင်းလဲခြင်း မရှိသော်လည်း သူမ၏ မျက်လုံးများမှာ ရေခဲကဲ့သို့ အေးစက်နေလေသည်။

"နင်က တော်တော် သတ္တိကောင်းတာပဲ..."

"ငါ့အစ်ကိုကြီးရဲ့ ပညာတွေကို ခိုးယူဖို့အတွက် နင်က ယုတ်မာတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တုန်းက ငါ ဘယ်သူလဲဆိုတာကို နင် စုံစမ်းကြည့်ဖူးသလား..."

"နင့်ဆီမှာ ကလဲ့စားချေချင်တဲ့တစ္ဆေတစ်ကောင်နဲ့ နင့်ရဲ့ လက်ကောက်ဝတ်က ပုတီးလက်ကောက် အပါအဝင် ပစ္စည်းကောင်း အတော်များများ ရှိနေတာပဲ... ပြောစမ်း… နင် လူဘယ်နှစ်ယောက်ကို ဒုက္ခပေးခဲ့ပြီးပြီလဲ..."

"ပန်းကလေး... အတော်များများ ရှိနေတာမို့ လုံးဝ မညှာတမ်း ချပစ်လိုက်..."

ယွင်ဟွားသည် အပြုံးတစ်ဝက်ဖြင့် ချဉ်းကပ်လာရာ လီချန်ပိုင်မှာ လန့်ဖြန့်သွားလေသည်။ သူ၏ လက်များမှာ အနည်းငယ် တုန်ယင်နေပြီး သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း ကြောက်ရွံ့နေပုံပေါ်၏။

"မင်း..."

ယွင်ဟွားသည် အလွန်တရာ မြန်ဆန်လှပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် လီချန်ပိုင်၏ ရှေ့တွင် ပေါ်လာပြီး သူ့အား တစ်ချက်တည်းဖြင့် ကန်ထုတ်လိုက်လေသည်။

"ဘုန်း..."

လီချန်ပိုင်သည် သူ၏ ရင်ဘတ်ကို ဖက်ထားလိုက်ရာ သူ၏ ကိုယ်တွင်းအင်္ဂါများမှာ နာကျင်မှုကြောင့် ပူလောင်နေပြီး "ဝေါ့" ဟူသော အသံနှင့်အတူ သွေးတစ်လုပ် အန်ထုတ်လိုက်လေသည်။

"ငါ့အစ်ကိုကြီးကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့တဲ့ နောက်ဆုံးလူကတော့ အခု လုံးဝ အသုံးမကျတဲ့သူ ဖြစ်သွားပြီ..."

ယွင်ဟွား၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး သူမ၏ အမူအရာမှာ အေးစက်နေ၏။

“ယုတ်မာတဲ့ ကျင့်ကြံသူတွေနဲ့ ပူးပေါင်းတယ်ဆိုတော့ နင်က သေလမ်းကို တကယ် ရှာတတ်တာပဲ..."

"မင်းက အတိအကျ ဘယ်သူလဲ..."

လီချန်ပိုင်သည် သူ၏ ခန္ဓာကိုယ်မှ နာကျင်မှုကို အံကြိတ်ခံရင်း သူ၏ မှောင်မိုက်နေသော မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခု လက်ကနဲ ဖြစ်သွားလေသည်။

သူမသည် ဆရာဖြစ်သူနှင့် မိမိ၏ ဆက်သွယ်မှုကို အမှန်တကယ် သိရှိနေခြင်း ဖြစ်၏။

"ငါက ယွင်ဟွား... 'ဖရဲသီးစားနေကြတဲ့ အင်မော်တယ်တစ်ပိုင်း သတ္တိခဲများ' အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ခေါင်းခွဲတစ္ဆေဖမ်းတဲ့ ကောင်းကင်ဘုံဆရာသခငါကြီးပဲ..."

လူတိုင်း……

"ငါက မင်းကို မကြောက်ဘူး..."

လီချန်ပိုင်သည် ရုတ်တရက် သူ၏ လည်ပင်းရှိ ကြွေပုလင်းငယ်ကို ဆွဲဖြုတ်လိုက်ပြီး ပြင်းထန်စွာ ရိုက်ခွဲလိုက်လေသည်။

"တစ္ဆေသခင်ကြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါဦး..."

ကြွေပုလင်းကွဲစများ နေရာအနှံ့ လွင့်စဉ်သွားပြီး ချက်ချင်းပင် အစွမ်းထက်သော တစ္ဆေအငွေ့အသက်တစ်ခုက အကယ်ဒမီကို ဖုံးလွှမ်းသွား၏။ သူတို့၏ ပတ်ဝန်းကျင်ရှိ အပူချိန်မှာ ရုတ်တရက် ထိုးကျသွားပြီး လူတိုင်းက အလိုအလျောက်ပင် သူတို့၏ အင်္ကျီကော်လာများကို တင်းကြပ်စွာ ဆွဲစိလိုက်ကြလေသည်။

"ပန်းကလေး... အရမ်းပြင်းထန်တဲ့ မကောင်းဆိုးဝါး အငွေ့အသက်ပဲ..."

သေခြင်းရှင်ခြင်းစာအုပ်သည် ယွင်ဟွား၏ ခေါင်းပေါ်တွင် ထိုင်နေလျက် တစ္ဆေ၏ ပုံရိပ်ကို သတိထားနေသော အမူအရာဖြင့် ကြည့်နေလေသည်။

တရားသူကြီး၏စုတ်တံသည် ရှောင်ရှူးရှူးကို တင်းကြပ်စွာ ဖက်ထားပြီး ၎င်း၏ ခန္ဓာကိုယ်သေးသေးလေးမှာ တုန်ယင်နေ၏။

"ကြမ်းတမ်းတဲ့ တစ္ဆေ... နောက်ဆုတ်စမ်း... ငါက မင်းကို မကြောက်ဘူး... မင်းကို ရိုက်သတ်ဖို့ ငါ့ဆီမှာ ရတနာတစ်ခုရှိတယ်..."

ထိုသို့ပြောပြီးနောက် ၎င်းသည် ၎င်း၏ နေရာလွတ်ထဲရှိ ပစ္စည်းများကို ကမန်းကတမ်း ရှာဖွေလေတော့သည်။

ယွင်ချင်းမော့က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး သူ၏ ခြေထောက်များမှာ အားနည်းနေသကဲ့သို့ ခံစားလိုက်ရကာ သူ၏ ကြောက်ရွံ့မှုကို ကျော်လွှားရင်း မူးမေ့မသွားစေရန်နှင့် မတ်မတ်ရပ်နိုင်စေရန် သူ့ကိုယ်သူ အတင်းအကျပ် အားယူလိုက်ရလေသည်။

*သာမန်... သာမန် တစ္ဆေတစ်ကောင်ပဲလေ... ဒါပါပဲ…*.

*မဖြစ်ဘူး... ငါတို့တွေ... ငါတို့ရဲ့ ညီမလေးကို အရှက်မရစေနိုင်ဘူး... ငါတို့တွေ ကြောက်နေလို့ မဖြစ်ဘူး…*

All Chapters