← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း (၁၈၁) အင်ပါယာ၏ မိုးမခနတ်ဘုရား.. ကောင်းကင်ကံကြမ္မာသက်ရှိ... ပုရွက်ဆိတ်တစ်ကောင်က ကောင်းတဲ့အရာကို ဖျက်ဆီးဖို့ ဘယ်လိုများ ရဲတင်းရတာလဲ

ထျန်းဟောက်တာအိုနယ်မြေ၏ အစွန်အဖျားတွင်..ဤနေရာသည် လူသူကင်းမဲ့ပြီး ကောင်းကင်နှင့်မြေကြီးစိတ်ဝိညာဉ်ချီများ အလွန်ပါးလွှာကာ သေမျိုးများ တည်ထောင်ထားသော အင်ပါယာတစ်ခုဖြစ်သည့် မဟာရှားအင်ပါယာ၏နယ်မြေလည်း ဖြစ်သည်။​ဤနေရာ​၌ မြို့ဆယ်မြို့ခန့်သာရှိပြီး ဧရိယာဧက တစ်သိန်းထက် မပိုသောနေရာကို ယူထားသည်။သို့သော် ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးတွင် ထိုကဲ့သို့ သေမျိုးအင်ပါယာများ မရေမတွက်နိုင်အောင် ရှိနေပေ​၏။မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံများရှိ သက်ရှိ အများစုသည် ကျင့်ကြံခြင်းပါရမီ မရှိသော သေမျိုးများသာ ဖြစ်ကြပြီး အနိမ့်ဆုံးအလွှာတွင် အသက်ရှင်နေထိုင်ကြရသည်။သို့သော် ယနေ့တွင် မဟာရှား အင်ပါယာ၏အခြေအနေမှာ အနည်းငယ် ထူးဆန်းနေပုံရသည်။တော်ဝင်မြို့တော်၏အပြင်ဘက်ရှိ ဧရာမကွင်းပြင်ကြီးရှေ့တွင် မရေမတွက်နိုင်သောလူများ စုဝေးနေကြ၏။မြို့စားများ၊ မှူးမတ်များနှင့် မဟာရှားအင်ပါယာ၏ လက်ရှိအုပ်စိုးသူပင်လျှင် ဤနေရာတွင် စုဝေးနေသည်။အကြောင်းအရင်းမှာ တခြားကြောင့်မဟုတ်ဘဲ ယနေ့သည် သူတို့ မဟာရှား အင်ပါယာ၏ နှစ်စဉ် နတ်ဘုရားပူဇော်ပွဲ အခမ်းအနား ဖြစ်သောကြောင့်ပင်။ထို့ပြင် သူတို့ ပူဇော်သော နတ်ဘုရား ဆိုသည်မှာ ဧရာမကွင်းပြင်ကြီးထဲတွင် အမြစ်တွယ်နေသော ကောင်းကင်တိုင်အောင် မြင့်မားနေသည့် မိုးမခပင်ကြီးတစ်ပင်ဖြစ်သည်။မိုးမခပင်ကြီး၏ အကိုင်းအခက်များသည် စိမ်းလန်းစိုပြေပြီး တက်ကြွမှုများဖြင့် ပြည့်နှက်နေသည်။ထိုသစ်ပင်၏ ဧရာမပင်စည်ကြီးကို အပြည့်အဝ ပွေ့ဖက်ရန် လူအတော်များများ လက်ချင်းချိတ်ဆက်ထားရန် လိုအပ်ပေ၏။သေမျိုးအင်ပါယာတစ်ခုအနေဖြင့် မဟာရှား အင်ပါယာ၏နယ်နိမိတ်အတွင်းတွင် စွမ်းအားကြီးမားသော ကျင့်ကြံသူများ မရှိခဲ့ချေ။အားအကောင်းဆုံး ကျင့်ကြံသူမှာ ဧကရာဇ်ဖြစ်ပြီး စိတိဝိညာဉ်ပြောင်းလဲခြင်းနယ်ပယ်တွင်သာ ရှိနေသည်။သို့သော် မဟာရှားအင်ပါယာကို ဝန်းရံထားသော သေမျိုးအင်ပါယာ အများအပြားတွင် ခရမ်းစံအိမ်နယ်ပယ်ရှိ စွမ်းအားကြီးမားသော ကျင့်ကြံသူများ ရှိနေသည်။ထိုကဲ့သို့ အားနည်းသော မဟာရှား အင်ပါယာသည် ဤကျယ်ပြန့်ပြီး ခြောက်ကပ်သော နယ်မြေတွင် အားအကောင်းဆုံး သေမျိုးအင်ပါယာ ဖြစ်လာရခြင်း၏ အဓိက အကြောင်အရင်းမှာ သူတို့ ရိုသေလေးစားသော ဧရာမမိုးမခပင်ကြီးကြောင့်ဖြစ်ပြီး ထိုအပင်ကို သူတို့က မိုးမခနတ်ဘုရားဟု ခေါ်ဆိုကြ၏။မဟာရှားအင်ပါယာ၏ ရှေးဟောင်းဒဏ္ဍာရီများနှင့် မှတ်တမ်းများအရ....မဟာရှားအင်ပါယာကို မတည်ထောင်မီ လူသားမျိုးနွယ်၏သဲလွန်စများ မပေါ်ပေါက်မီကတည်းကပင်...ဤမိုးမခပင်ကြီးသည် ဤနေရာတွင် အမြစ်တွယ်နေခဲ့ပြီးဖြစ်သည်။ထိုသစ်ပင်ကြီးသည် ကောင်းကင်ဘုံများအားလုံးတွင် ပထမဆုံးမိုးမခပင်ကြီးဖြစ်ပြီး တာအိုတစ်ခု၏ အစပြုခြင်းကို ကိုယ်စားပြုနေသည့်အလားပင်။ဤနေရာရှိ စိတ်ဝိညာဉ်ချီသည် မရှိသလောက်နီးပါး ပါးလွှာနေသော်လည်း....ဤမိုးမခပင်ကြီးသည် မရေမတွက်နိုင်သော နှစ်ကာလများကို ဖြတ်သန်းခဲ့ပြီးနောက် နေနှင့်လ၏ အနှစ်သာရများကို စုပ်ယူခဲ့ပြီး ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်အနှစ်သာရများကို ပြုစုပျိုးထောင်ကာ ကျင့်ကြံခဲ့ပြီး ခရမ်းစံအိမ်နယ်ပယ်၏ ကျင့်ကြံခြင်းကို ရရှိခဲ့သည်။ထို့ပြင် မဟာရှား အင်ပါယာ၏ ဘိုးဘေးများက မိုးမခပင်ကို အမြဲတစေ ပူဇော်ခဲ့ပြီး သူ့ကို မိုးမခနတ်ဘုရားအဖြစ် ရိုသေလေးစားခဲ့ကြသောကြောင့်...မိုးမခနတ်ဘုရားသည် မဟာရှားအင်ပါယာ၏ အစောင့်အရှောက် နတ်ဘုရား လည်း ဖြစ်လာခဲ့ပြီး သူတို့ကို မျိုးဆက်တစ်သောင်းတိုင်အောင် ငြိမ်းချမ်းရေးအတွက် ကာကွယ်ပေးခဲ့သည်။"အရှင်ဧကရာဇ်... ဟောကိန်းအရဆိုရင်... မိုးမခနတ်ဘုရားက ဒီနေ့ သူ့ရဲ့ ပုံစံပြောင်းလဲခြင်းကို အပြီးသတ်တော့မယ်...""ဒီကာလအတွင်းမှာ မိုးမခနတ်ဘုရားက အရမ်းအားနည်းနေလိမ့်မယ်... တိုက်ခိုက်ရေး စွမ်းအားလည်း သိပ်ရှိမှာ မဟုတ်ဘူး..."မဟာရှားအင်ပါယာ၏ ဝန်ကြီးတစ်ဦးက စိုးရိမ်တကြီး ပြောလိုက်သည်။ "တကယ်လို့ မဟာကျိုးအင်ပါယာနဲ့ မဟာဝူအင်ပါယာက လူတွေ သိသွားရင်... သူတို့က ကျူးကျော်ဖို့ စစ်တပ်ကို ချီတက်လာမလား မသိဘူး..."ပုံမှန်အားဖြင့် မိုးမခနတ်ဘုရား၏ နတ်ဘုရားစွမ်းအား ကြောင့်...အနီးအနားရှိ တခြားစွမ်းအားကြီးမားသော သေမျိုး အင်ပါယာများသည် မဟာရှားကို မကျူးကျော်ရဲကြချေ။ဤအချက်က တခြားအင်ပါယာများကို အမြဲတမ်း အနှောင့်အယှက် ဖြစ်စေခဲ့ပြီး မဟာရှားအင်ပါယာအပေါ် လျှို့ဝှက်စွာ အလွန်အမင်း ရန်လိုစေခဲ့သည်။ယခုအချိန်၌ မိုးမခနတ်ဘုရားသည် အားနည်းနေပြီး တိုက်ခိုက်ရေးစွမ်းအား သိပ်မရှိတော့ချေ။ဤလူများသည် အခွင့်ကောင်းယူ​၍ ပြဿနာရှာမည်မှာ အလွန်ဖြစ်နိုင်ခြေ များပေ၏။ဤအခွင့်အရေးကောင်းကို အရယူ၍ သူတို့သည် သူတို့၏မဟာရှားအင်ပါယာကို ပြင်းထန်စွာ ကျူးကျော်လာကြပေလိမ့်မည်​။"ခမည်းတော်... မိုးမခနတ်ဘုရားရဲ့ ပြောင်းလဲခြင်း ကာလအတွင်းမှာ သားတော်က နယ်စပ်ကို ကာကွယ်ဖို့ စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ဖို့ ဆန္ဒရှိပါတယ်... မိုးမခနတ်ဘုရားရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ပါ..."ချောမောခန့်ညားသော အသွင်အပြင်ရှိပြီး ခရမ်းရွှေရောင် တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ရှေ့ထွက်လာခဲ့၏။ဤလူသည် မဟာရှားအင်ပါယာ၏ နဝမမင်းသား ရှားဝူရွှမ်ပင်။သူသည် လက်ရှိ မဟာရှားအင်ပါယာတွင် အရည်အချင်းအရှိဆုံး လူငယ်ကျင့်ကြံသူလည်း ဖြစ်သည်။ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းပြီး မကြာမီမှာပင် သူသည် သွေးလှုပ်ရှားမှုနယ်ပယ်သို့ ရောက်ရှိနေလေပြီ။ငယ်ရွယ်စဥ်ကလေးဘဝကတည်းက ရှားဝူရွှမ်သည် မိုးမခနတ်ဘုရား၏ အကိုင်းအခက် အရိပ်အောက်တွင် အပူအပင်ကင်းစွာ နေထိုင်ရခြင်း၊ စာဖတ်ခြင်းနှင့် သိုင်းပညာကျင့်ကြံရခြင်းတို့ကို အနှစ်သက်ဆုံးပင်။ယခုအချိန်​၌ မိုးမခနတ်ဘုရားကို အန္တရာယ်တစ်ခု ခြိမ်းခြောက်လာနိုင်ပြီဖြစ်ရာ...သူ ကြီးပြင်းလာပြီဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီဟု ယုံကြည်သော ရှားဝူရွှမ်သည် သူ၏ မိုးမခနတ်ဘုရားကို လေနှင့်မိုးဒဏ်မှ ကာကွယ်ပေးရန် ဆုံးဖြတ်လိုက်၏​။သို့သော် မကြာမီတွင် ရက်စက်သော အဖြစ်မှန်က သူ့ကို နောင်တရစေပေလိမ့်မည်။"သတင်းပို့ပါတယ်..."ဤအခိုက်အတန့်တွင် အလွန်အမင်း ထိတ်လန့်နေသော မျက်နှာအမူအရာဖြင့် အစောင့်တစ်ဦးက ခန်းမ အပြင်ဘက်မှ ဒယိမ်းဒယိုင်ဖြင့် ဝင်လာခဲ့သည်။"​​ဧကရာဇ်... မဟာကျိုးအင်ပါယာနဲ့ မဟာဝူအင်ပါယာက တခြားအင်ပါယာကြီးခုနစ်ခုနဲ့ မဟာမိတ် ဖွဲ့လိုက်ပါပြီ...""အင်ပါယာကိုးခုက စစ်အင်အားသုံးသန်းကို စုဆောင်းပြီးတော့ ကျွန်တော်တို့ မဟာရှား အင်ပါယာရဲ့ နယ်စပ်ကို အကြီးအကျယ် ကျူးကျော်လာပါပြီ..."ရုတ်တရက် ထွက်ပေါ်လာသော သတင်းက မူလက စည်ကားနေသော ကွင်းပြင်ကြီးကို သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ကျရောက်သွားစေသည်။အင်ပါယာကိုးခု မဟာမိတ်အဖွဲ့...စစ်အင်အားသုံးသန်း...ဤသည်မှာ သူတို့၏ မဟာရှားအင်ပါယာကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ရန် ကြိုးစားနေခြင်းပင်။အစောပိုင်းက ရည်မှန်းချက်များ ပြည့်နှက်နေပြီး သူ့ခမည်းတော်၏ခွင့်ပြုချက်ကို တောင်းခံခဲ့သော ရှားဝူရွှမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လူအုပ်၏နောက်သို့ တိတ်တဆိတ် ဆုတ်ခွာသွားကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ကြိုးစားလိုက်၏။သူ့ထံတွင် ကြီးမားသော ရည်မှန်းချက်များ ရှိသော်လည်း သူသည် အရူးတစ်ယောက် မဟုတ်ချေ။သူတို့၏ မဟာရှားအင်ပါယာသည် အများဆုံးအနေဖြင့် စစ်အင်အားသုံးသိန်းကိုသာ စုဆောင်းနိုင်သည်။အင်အားသုံးသန်းကျော်ရှိသော မဟာမိတ် စစ်တပ်ကို ရင်ဆိုင်ရလျှင် သူတို့ မည်သို့မျှ တိုက်ခိုက်နိုင်မည်မဟုတ်ချေ။လက်ရှိချိန်၌ မိုးမခနတ်ဘုရားက သူတို့ကို လေနှင့် မိုး ဒဏ်မှ ကာကွယ်မပေးနိုင်တော့သဖြင့် သူတို့ မည်သို့ ထွက်ပြေးရမည်ကိုသာ စဉ်းစားရပေမည်။........တခြားတစ်ဖက်တွင်....ခုံးဝူတောက်သည် အလွန်မြန်ဆန်ပြီး ထျန်းဟောက်တာအိုနယ်မြေသို့ ဆင်းသက်လာကာ မဟာရှားအင်ပါယာ၏အထက်သို့ ရောက်ရှိနေလေပြီ။ကောင်းကင်အလင်းမိုးပြာနဂါး၏ ဧရာမခန္ဓာကိုယ်သည် ကောင်းကင်ကိုးထပ်၏ တိမ်တိုက်များအတွင်းတွင် ပုန်းကွယ်နေ၏။နဂါး၏ခေါင်းပေါ်တွင် မတ်တတ်ရပ်နေသော ခုံးဝူတောက်သည် သူ၏အကြည့်ကို အောက်သို့နှိမ့်လိုက်ပြီး အောက်ဘက်ရှိ ကျယ်ပြန့်သော ဧရိယာကို တစ်ချက်ကြည့်လိုက်သည်။မဟာရှားအင်ပါယာ၏နယ်စပ်တွင် ပုရွက်ဆိတ်များကဲ့သို့ စုဝေးနေသော ကြီးမားသည့် စစ်တပ်ကြီးကို သူ မြင်တွေ့ခဲ့ရသည်။ထိုကဲ့သို့ မြင်ကွင်းက အမြင်အာရုံအရ သက်ရောက်မှု ရှိသော်လည်း....ထိုအရာက ခုံးဝူတောက်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အနည်းငယ်မျှပင် လှုပ်ခတ်မသွားစေခဲ့ချေ။သူ၏အမြင်အရ ဤသေမျိုးစစ်တပ်များသည် ပုရွက်ဆိတ်များနှင့် မကွာခြားချေ။သူ၏လက်ဝါးကို ပေါ့ပေါ့ပါးပါး လှန်လိုက်ရုံဖြင့် သန်းနှင့်ချီသော လူများကို သူ လွယ်လင့်တကူ ခြေမွှဖျက်ဆီးနိုင်သည်။သူ၏အကြည့်သည် တိမ်တိုက်အလွှာများကို ထိုးဖောက်သွားပေ၏။ခုံးဝူတောက်၏မျက်လုံးအကြည့်က မဟာရှား အင်ပါယာအပေါ်သို့ လျှင်မြန်စွာ ကျရောက်သွားခဲ့သည်။နောက်ထပ် ရှာဖွေမှုတစ်ခုအပြီးတွင် ခုံးဝူတောက်သည် သူ၏ပစ်မှတ်ကို နောက်ဆုံးတွင် ချိတ်ပိတ်လိုက်နိုင်ပြီး သူ၏နှုတ်ခမ်းများတွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။"အိုး... ဒီကိစ္စက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်...""ကောင်းကင်ကံကြမ္မာ သန္ဓေသားလောင်းကို ပြုစုပျိုးထောင်နေတဲ့ တည်ရှိမှုက လူသားမဟုတ်ဘဲ မိုးမခပင် ဖြစ်နေတာလား..."ခုံးဝူတောက်၏အကြည့်သည် မဟာရှား အင်ပါယာ နန်းတော်ရှေ့ရှိ ဧရာမမိုးမခပင်ကြီးပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။ထို့နောက် စနစ်၏သတင်းအချက်အလက် မျက်နှာပြင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။[အမည်- မရှိ][အထောက်အထား...ကောင်းကင်ကံကြမ္မာ သက်ရှိ.. မွေးရာပါ မိုးမခပင်][အသက်... ၅,၆၀၀၂၈၀ နှစ်][နယ်ပယ်...ခရမ်းစံအိမ်နယ်ပယ် အဆင့်ကိုး][ရုပ်ခန္ဓာကိုယ်- မွေးရာပါ နတ်ဘုရား ရုပ်ခန္ဓာကိုယ် (မပြည့်စုံ)][ကျင့်စဉ်...မွေးရာပါ ဖန်ဆင်းခြင်းပညာရပ်...][ဒင်....အထူးကောင်းကင်ကံကြမ္မာအမှတ် အတက်အကျများကို ထောက်လှမ်းမိပါတယ်... စနစ်က လက်ရှိတွင် ချိတ်စည်းဖွင့်နေပါတယ်][ အထူးသတင်းအချက်အလက်တွေကို ချိတ်စည်းဖွင့်လိုက်ပါပြီ... ကျေးဇူးပြုပြီး လေ့လာကြည့်ရှုပါ သခင်...][ဘဝ အတွေ့အကြုံ...ထိုမျိုးစေ့သည် အဆုံးမဲ့ မူလဘူတ နှစ်ကာလများတွင် အိပ်မောကျနေသော မိုးမခပင် မျိုးစေ့ တစ်စေ့ဖြစ်သင့်သော်လည်း အမည်မသိ ကြောက်မက်ဖွယ်ကောင်းသော ဖရိုဖရဲ ဖြစ်မှုကြောင့် ထိုမျိုးစေ့သည် ကမ္ဘာအပိုင်းအစများနှင့်အတူ ကမ္ဘာဦး အခြေအနေမှ ပြုတ်ကျသွားခဲ့သည်။လူသူကင်းမဲ့သော စကြဝဠာတွင် နှစ်ပေါင်းအတော်ကြာအောင် လွင့်မျောနေခဲ့ပြီးနောက် ထိုမျိုးစေ့သည် နောက်ဆုံးတွင် မြေပြင်နှင့် ထိတွေ့ကာ မရေမတွက်နိုင်သော နှစ်ကာလများတလျှောက် ဤနေရာတွင် အမြှစ်တွယ်ပြီး အညှောက်ပေါက်လာခဲ့သည်။ဤနေရာရှိ စိတ်ဝိညာဉ်ချီသည် ပါးလွှာသော်လည်း ထိုအပင်၏ ကြီးထွားရန် ဆုံးဖြတ်ချက်ကို မတားဆီးနိုင်ခဲ့ချေ။ယနေ့သည် ထိုအပင်အတွက် အရေးကြီးသော နေ့တစ်နေ့ပင်။ အောင်မြင်မှုဆိုသည်မှာ အသစ်တဖန် ပြောင်းလဲခြင်းကို ဆိုလိုပြီး ကျရှုံးမှုဆိုသည်မှာ ရွှံ့နွံထဲသို့ ပြန်လည်ရောက်ရှိသွားခြင်းကို ဆိုလိုကာ ထိုအပင်၏ ယခင်ဂုဏ်ကျက်သရေကို ပြန်လည်ရရှိရန် ခက်ခဲစေပေမည်][ကောင်းကင်ကံကြမ္မာအမှတ်...??? (တိကျသော အရေအတွက်ကို တစ်ဖက်လူ အောင်မြင်စွာ အသွင်ပြောင်းလဲပြီးမှသာ ဆုံးဖြတ်ရန် လိုအပ်သည်)]ဤမိုးမခပင်၏ စနစ်မျက်နှာပြင်ကို ခုံးဝူတောက် ဖတ်ရှုပြီးနောက် သူ အနည်းငယ် မှင်သက်သွားပေ၏။သူ၏ရှေ့ရှိ ဤအထူးကောင်းကင်ကံကြမ္မာ သန္ဓေသားလောင်းသည်...သူ မြင်ဖူးသမျှ အနိမ့်ဆုံး ကျင့်ကြံဆင့်နယ်ပယ်၌ ရှိနေရုံသာမက သူ ကြုံတွေ့ဖူးသမျှ အထူးဆန်းဆုံး လည်း ဖြစ်နေသည်။တစ်ဖက်လူသည် မိုးမခပင်တစ်ပင် ဖြစ်ရုံသာမက နှစ်သန်းပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်သည်။ထိုအရာသည် ကောင်းကင်ဘုံများ၏ ဂုဏ်ကျက်သရေရှိသော ခေတ်ကိုပင် ပြန်လည်၍ ခြေရာခံနိုင်သင့်သည် မဟုတ်လော...သူ့ကို ပို၍စိတ်ဝင်စားစေခဲ့သည့် အရာမှာ...မိုးမခပင်သည် ကောင်းကင်ကံကြမ္မာအမှတ်များနှင့် သက်ဆိုင်ရုံသာမက တိကျသော ကောင်းကင်ကံကြမ္မာအမှတ်များကို တစ်ဖက်လူ အောင်မြင်စွာ အသွင်ပြောင်းလဲပြီးမှသာ ဆုံးဖြတ်နိုင်မည်ဖြစ်ခြင်းပင်။ထိုအရာသည် နောက်ဆုံးတွင် ပြန်လည်ဝင်စားခြင်း ဧကရီကဲ့သို့ ဖြစ်လာမည်လောဟု သူ တွေးတောမိသည်။တစ်ဖက်လူ၏ကောင်းကင်ကံကြမ္မာအမှတ်များသည် နောက်ဆုံးတွင် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မြင့်မားလာပေမည်။သို့သော် ခုံးဝူတောက်သည် ယခုချိန်၌ ကြားဝင်စွက်ဖက်ရန် မရည်ရွယ်ချေ။ဤ မိုးမခပင်သည် နောက်ဆုံးတွင် မည်သည့်အရာအဖြစ် အသွင်ပြောင်းသွားမည်ကိုလည်း သူ မြင်တွေ့ချင်ခဲ့သည်။ထို့ပြင် ဤမိုးမခပင်သည် ထျန်းဟောက်တာအိုနယ်မြေမှ ကောင်းကင်ကံကြမ္မာမှစွမ်းအားများကို စုပ်ယူနေကြောင်း စနစ်မျက်နှာပြင်က ရှင်းလင်းစွာ ဖော်ပြထားပေ၏။ဤဖြစ်စဉ်ကို နှောင့်ယှက်၍ မရနိုင်ချေ။ထိုသို့မဟုတ်လျှင် နောက်ဆုံးတွင် ကောင်းကင်ကံကြမ္မာ သက်ရှိသည် အပြည့်အဝ ထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။ဤအချက်ကိုတွေးတောရင်း ခုံးဝူတောက်၏အကြည့်က သေမျိုးအင်ပါယာကိုးခုမှ မဟာမိတ်စစ်တပ်အပေါ်သို့ အေးစက်စွာ ကျရောက်သွားသည်။"ဟဲဟဲ... ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ ကစားစရာမျိုးနဲ့ ကြုံရဖို့ မလွယ်ဘူး...""မင်းတို့လို ပုရွက်ဆိတ်တွေက ကောင်းတဲ့အရာကို ဖျက်ဆီးဖို့ ငါ ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်မှာလဲ..."

All Chapters