အခန်း ၁၈၂
Vol. 19 Ch. 182
အခန်း (၁၈၂) ကောင်းကင်ဘုံကပေးတဲ့ လက်ဆောင်ကြီး... အသက်ဆယ်ရှိုက်စာအချိန်ပဲ ပေးမယ်
သေမျိုးအင်ပါယာကိုးခု၏စစ်တပ်များသည် အင်အားသုံးသန်းကျော်ရှိပြီး အရပ်မျက်နှာအသီးသီးမှနေ၍ မဟာရှားအင်ပါယာ၏ နယ်စပ်ဒေသများသို့ ခမ်းနားကြီးကျယ်စွာနှင့် တားဆီး၍မရနိုင်အောင် ချီတက်လာကြ၏။ထိုကဲ့သို့ လွှမ်းမိုးနိုင်သော စွမ်းအားကို ရင်ဆိုင်ရချိန်၌...မဟာရှား အင်ပါယာ အသုံးပြုသော မည်သည့် နည်းလမ်းမဆို အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ပျက်စီးခြင်းနှင့်သေဆုံးခြင်းသာ သူတို့ကို စောင့်ကြိုနေပေမည်။ဤနေရာတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များသည် တခြားမရေမတွက်နိုင်သော သေမျိုးနိုင်ငံများကို မုန်တိုင်းတစ်ခုကဲ့သို့ လွှမ်းမိုးသွားပေ၏။"ရှီး... မဟာကျိုးနဲ့ မဟာဝူရဲ့ ပူးပေါင်းထားတဲ့ ခွန်အားက ငါတို့ ထျန်းဟောက် တာအိုနယ်မြေမှာရှိတဲ့ သေမျိုး အင်ပါယာတွေအားလုံးကြားမှာ ထိပ်တန်း အဆင့်လို့ သတ်မှတ်လို့ရတယ်...""အခု သူတို့က တခြားထိပ်တန်း အင်ပါယာခုနစ်ခုနဲ့တောင် မဟာမိတ် ဖွဲ့လိုက်ပြီဆိုတော့... သူတို့က မဟာရှားကို မျိုးဖြုတ်ပစ်ဖို့ ဆုံးဖြတ်ထားတာ ရှင်းလင်းနေတယ်...""မဟာကျိုးနဲ့မဟာဝူက ဘာတွေ စဉ်းစားနေကြတာလဲ...""မဟာရှားရဲ့ နယ်မြေက ကျဥ်းမြောင်းပြီး သူ့ရဲ့ အရင်းအမြစ်တွေက ရှားပါးတယ်... အဲ့ဒါက သိမ်းပိုက်ဖို့ တန်ဖိုးမရှိဘူး... ဒီလိုစစ်ဆင်ရေး တစ်ခုကို စတင်ဖို့ ဘာလို့ ဒီလောက်ထိ အားထုတ်နေတာလဲ...""မေ့မနေနဲ့... မဟာရှားရဲ့ အစောင့်အရှောက်က ခရမ်းစံအိမ်နယ်ပယ်မှာရှိတဲ့ ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှု တစ်ခုပဲ..""ကောလာဟလတွေက အမှန်ဖြစ်နိုင်တယ်... မဟာရှားရဲ့ အစောင့်အရှောက်က ဒီနေ့ အားနည်းနေပြီးတော့ သူ့ရဲ့ ခွန်အား ဆယ်ပုံတစ်ပုံတောင် မကျန်တော့ဘူးလို့ ငါ ကြားထားတယ်...""မဟာကျိုးနဲ့ မဟာဝူက ဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီး မဟာရှားနဲ့ သူတို့ ပူဇော်တဲ့ မိုးမခနတ်ဘုရားကို တစ်ချက်တည်းနဲ့ ဖယ်ရှားပစ်ဖို့ မျှော်လင့်နေတာပဲဖြစ်မယ်..."ဤစကားများကိုပြောဆိုရင်း တခြားသေမျိုးနိုင်ငံများမှ မရေမတွက်နိုင်သော အုပ်စိုးသူများသည် ချက်ချင်းနားလည်သွားကြ၏။မရေမတွက်နိုင်သော နှစ်များတလျှောက် မဟာရှားသည် အင်ပါယာ၏နာမည်ဂုဏ်သတင်းကို နေရာအနှံ့အပြား၌ ပျံ့နှံ့စေရန် မိုးမခနတ်ဘုရား၏ နတ်ဘုရားစွမ်းအားဆိုသည်ကို အားကိုးခဲ့သည်။ဤသည်က မြေဧက သိန်းဂဏန်းအနည်းငယ်ကိုသာ သိမ်းပိုက်ထားသော အင်ပါယာတစ်ခု ဖြစ်သော်လည်း....ထိုအင်ပါယာသည် မိုးမခနတ်ဘုရားမှတစ်ဆင့် ဤ ထိပ်တန်း အင်ပါယာများကို ဖိနှိပ်နိုင်ခဲ့သည်။ဤအချက်က တခြားသေမျိုးနိုင်ငံ အများအပြားကို ပြင်းထန်သော မနာလိုမှုနှင့်အတူ ဒေါသနှင့် မကျေနပ်မှုများဖြင့် အမြဲတစေ ပြည့်နှက်နေစေခဲ့၏။ယခုအချိန်၌ မဟာရှားသည် ထိုကဲ့သို့ ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီဖြစ်ရာ...တခြားအင်ပါယာများ၏ အုပ်စိုးသူအများအပြားသည် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းမသာဘဲ မနေနိုင်ကြတော့ချေ။အင်ပါယာများ၏ အုပ်စိုးသူအမြောက်အများသည် ဤအခွင့်အရေးကို အခွင့်ကောင်းယူရန်ပင် စဉ်းစားနေကြလေပြီ။တိုက်ရာပါပစ္စည်းများမှ ဝေစုတစ်ခု ရရှိရန်အတွက် မဟာရှားကို တိုက်ခိုက်ရန် စစ်တပ်များ စေလွှတ်ရန်အထိ သူတို့ တွေးတောခဲ့ကြသည်။တစ်ချိန်တည်းမှာပင်...အင်ပါယာကိုးခု၏ စစ်တပ်များ ကျူးကျော်လာတော့မည့်အကြောင်းကို သိရှိပြီးနောက် မဟာရှား အင်ပါယာသည် ယခုအချိန်၌ လုံးလုံးလျားလျား ဖရိုဖရဲ ဖြစ်နေလေပြီ။"အရှင်ဧကရာဇ်... နယ်စပ်က အရေးပေါ် အခြေအနေ ဖြစ်နေပြီ... ဧကရာဇ်ကိုးယောက်ကိုယ်တိုင် ဦးဆောင်လာတဲ့ အင်အားသုံးသန်းကျော်တဲ့ စစ်တပ်ကြီးက ကျွန်တော်တို့ရဲ့ နယ်စပ်ဒေသတွေကို အရပ်မျက်နှာ အသီးသီးကနေ ကျူးကျော်လာပြီ...""ကျွန်တော်တို့ရဲ့ မဟာရှား စစ်သားတွေက သေတဲ့အထိ တိုက်ခိုက်ခဲ့ကြပေမယ့် နည်းနည်းလေးတောင် ခုခံလို့ မရခဲ့ဘူး... နယ်စပ်က လုံးဝကျဆုံးသွားပါပြီ..."အရေးပေါ်သတင်းများကြားတွင် မဟာရှားအင်ပါယာမှ ဝန်ကြီးအများအပြား၏ တောင်းဆိုမှုများပင် ရှိနေခဲ့၏။"ဧကရာဇ်... အခု မိုးမခနတ်ဘုရားက အားနည်းနေပြီး အင်ပါယာကိုးခုက ကျူးကျော်လာပြီဆိုတော့... ကျွန်တော်တို့ရဲ့ မဟာရှားက အရမ်းအန္တရာယ်များနေပါပြီ...""ကျွန်တော်တို့အင်ပါယာရဲ့ ရေရှည်ရှင်သန်မှုအတွက်... စောစောစီးစီး အညံ့ခံတာက အမှန်ကန်ဆုံး ရွေးချယ်မှုဖြစ်တယ်လို့ ဒီဝန်ကြီးက ယုံကြည်ပါတယ်...""ခမည်းတော်... ဒီစစ်ပွဲကို ကျွန်တော်တို့ ဘယ်လိုမှ မနိုင်နိုင်ပါ... ကျွန်တော်တို့ မဟာရှားမှာ အစွမ်းထက်ဆုံး ကျင့်ကြံသူတွေက စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဆင့်မှာပဲ ရှိတာ... သေတဲ့အထိ တိုက်ခိုက်တာက သေဆုံးသူ အရေအတွက်ကို ပိုများလာစေရုံပဲရှိမှာ...ဒါက လုံးဝအဓိပ္ပာယ်မရှိဘူး..."မျှော်လင့်ချက်မဲ့မှု၏ ဖုံးလွှမ်းမှုအောက်တွင် အဆိုးမြင် အတွေးများ အဆက်မပြတ် ပျံ့နှံ့သွားသည်။လူတချို့က မိုးမခနတ်ဘုရား၏ ကြင်နာတတ်သော စောင့်ရှောက်ခဲ့မှုကိုပင် လုံးလုံးလျားလျား လျစ်လျူရှလိုက်ကြ၏။ သူတို့သည် တခြားအင်ပါယာများ၏ဒေါသကို ပြေပျောက်စေရန်အတွက် မိုးမခနတ်ဘုရားကို လွှဲပြောင်းပေးရန်ပင် အဆိုပြုခဲ့ကြသည်။"ရိုင်းစိုင်းလိုက်တာ..."မဟာရှားဧကရာဇ်က ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။"နိုင်ငံက အန္တရာယ်ထဲ ကျရောက်နေပြီးတော့ နယ်စပ်က ကျဆုံးသွားတာတောင်... မင်းတို့က နိုင်ငံရဲ့ အန္တရာယ်ကို ဂရုမစိုက်တဲ့အပြင် ကြီးမားတဲ့ရန်သူတွေကိုလည်း မမုန်းတီးခဲ့ဘူး...""အဲ့ဒီအစား မင်းတို့က မိုးမခနတ်ဘုရားကို လွှဲပြောင်းပေးမယ်ဆိုတဲ့ ရှက်စရာကောင်းတဲ့ စကားတွေကို ပြောထွက်သေးတယ်... မင်းတို့မှာ အသိတရားရော ရှိသေးရဲ့လား..."သို့သော် မျှော်လင့်ချက်မဲ့မှုအောက်တွင် ဝန်ကြီး အများအပြားသည် သူတို့၏ အစစ်အမှန် မျက်နှာများကို လုံးလုံးလျားလျား ပြသခဲ့ကြ၏။ဝန်ကြီးချုပ်က အံ့ကြိတ်ပြီး တင်းမာခက်ထန်စွာ ပြောလိုက်သည်။"အရှင်ဧကရာဇ်... မိုးမခနတ်ဘုရားက ငါတို့ကို ဆက်ပြီး ကာကွယ်မပေးနိုင်တော့ဘူး...""အခု မဟာကျိုးနဲ့ မဟာဝူက တခြားအင်ပါယာ ခုနစ်ခုနဲ့ မဟာမိတ် ဖွဲ့လိုက်ပြီဆိုတော့... ငါတို့မှာ သေလမ်း တစ်လမ်းပဲ ရှိတော့တယ်...""တကယ်လို့ ငါတို့က ဆန္ဒအလျောက် အညံ့ခံပြီး မိုးမခနတ်ဘုရားကို လွှဲပြောင်းပေးမယ်ဆိုရင်... စစ်ပွဲကို ရပ်တန့်နိုင်ရုံတင်မကဘူး မဟာကျိုးနဲ့ မဟာဝူက ငါတို့ မဟာရှားကို လက်ခံပြီးနောက်မှာ သူတို့က ငါတို့ရဲ့ အသက်ကို ချမ်းသာပေးပြီးတော့ ငါတို့ကို လေးစားထိုက်တဲ့ ရာထူးတွေတောင် ပေးနိုင်သေးတယ်...""အရှင်ဧကရာဇ်တောင်မှ... လူတစ်ယောက်ရဲ့ အောက်မှာပဲ ရှိတဲ့ ဘုရင်တစ်ပါး ဖြစ်လာနိုင်သေးတယ်..."သူတို့ စကားပြောဆိုနေစဉ် ဤလူစုသည် မဟာရှားဧကရာဇ်ထံသို့ ပို၍နီးကပ်စွာ ချဥ်းကပ်လာခဲ့ကြ၏။သူတို့သည် မဟာရှားဧကရာဇ်ကို လိုက်လျောရန် အတင်းအကျပ် ဖိအားပေးနေကြခြင်းပင်။"မင်းတို့ ပုန်ကန်တဲ့ သစ္စာဖောက်တွေ..."မဟာရှားဧကရာဇ်၏ ရင်ဘတ်သည် ပြင်းထန်သော ဒေါသများဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး စိတ်ပျက်မှုနှင့် အလွန်အမင်း ဒေါသထွက်နေသည့် မျက်နှာအမူအရာကို ပြသနေသည်။ဤလူများသည် မိုးမခနတ်ဘုရား၏ စောင့်ရှောက်မှုကို နှစ်ပေါင်းများစွာ သက်တောင့်သက်သာ ခံစားခဲ့ကြရသည် မဟုတ်လော...ယခုအချိန်၌ မိုးမခနတ်ဘုရားသည် အလွန်အမင်းကြီးမားသော အန္တရာယ်အတွင်းသို့ ကျရောက်နေချိန်၌ ဤလူများသည် ကျေးဇူးတင်ကြောင်း ပြသရန် မဆိုထားနှင့်....ထိုအစား သူတို့ကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့သော မိုးမခနတ်ဘုရားကို ဓားစားခံအဖြစ် တွန်းထုတ်ရန် ရွေးချယ်ခဲ့ကြ၏။သူတို့သည် အမှန်တကယ်ကို တိရစ္ဆာန်တစ်စုပင်။ဝီ...ထိုအချိန်မှာပင် ညှိုးနွမ်းနေသော ဧရာမ မိုးမခပင်ကြီးသည် ရုတ်တရက် စိမ်းလန်းသော အလင်းရောင်တစ်တန်းကို ထုတ်လွှတ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ဖြာထွက်လာသည်။အညံ့ခံရန် ထောက်ခံအားပေးနေသော မဟာရှားမှ လူအများအပြား၏ မျက်နှာများ ပြင်းထန်စွာ ပြောင်းလဲသွားပြီး သူတို့သည် မိုးမခပင်ထံသို့ဦးတည်၍ ဒူးထောက်ကာ အကြိမ်ကြိမ်ဦးညွှတ်လိုက်ကြသည်။"ချမ်းသာပေးပါ... မိုးမခနတ်ဘုရား... ချမ်းသာပေးပါ... ကျွန်တော်တို့က မိုးမခနတ်ဘုရားကို စော်ကားဖို့ တကယ်ကြီး ရည်ရွယ်ချက် မရှိပါဘူး... ကျွန်တော်တို့က အတင်းအကျပ် ခိုင်းစေခံရလို့ပါ..."ဤလူများသည် သူတို့၏ မျက်နှာနှစ်ဖက် သဘာဝကို အစွန်းစွန်ဆုံးအထိ အမှန်တကယ် အသုံးပြုခဲ့ကြသည်။တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူတို့ အာရုံခံမိသည်နှင့် တပြိုင်နက် သူတို့သည် ချက်ချင်းခေါင်းငုံ့ကာ သနားညှာတာရန် တောင်းဆိုကြတော့သည်။"မိုးမခနတ်ဘုရား... အရှင်..."မဟာရှားဧကရာဇ်သည်လည်း ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲများအတွက် လုံးဝပြင်ဆင်မထားခဲ့ချေ။မရေမတွက်နိုင်သော မြစိမ်းရောင်အလင်းတန်းများ စုစည်းလာပြီး ပုံသဏ္ဍာန် ဖြစ်ပေါ်လာကာ နောက်ဆုံးတွင် အလွန်မှုန်ဝါးသော ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့၏။မိုးမခနတ်ဘုရားသည် နောက်ဆုံးတွင် မဟာရှားအင်ပါယာ ပျက်စီးသွားသည်ကို မကြည့်ရက်ကြောင်း သိသာရှင်းလင်းနေသည်။ထိုသစ်ပင်ကြီးသည် ပုံစံပြောင်းလဲခြင်း လုပ်ငန်းစဥ်ကိုပင် စွန့်လွှတ်ပြီး မဟာရှားကို နောက်ဆုံးအကြိမ် ကူညီချင်ခဲ့သည်။ဤမြင်ကွင်းသည် ကြိုတင်သတ်မှတ်ထားသော ဖြစ်စဥ်အတိုင်းနီးပါး ဖြစ်ပေါ်လာခဲ့သည်။ယခင်ဖြစ်စဥ်တွင်...မိုးမခနတ်ဘုရားသည် ဤရွေးချယ်မှုကို ပြုလုပ်ခဲ့ပေ၏။မဟာရှားကို ဤအကျပ်အတည်းကို ကျော်လွှားနိုင်ရန် အောင်မြင်စွာ ကူညီပေးပြီးနောက်...မိုးမခနတ်ဘုရားသည် ပုံစံပြောင်းလဲရန်နှင့် သူ၏ သွေးကြော အချုပ်အနှောင်များကို ချိုးဖျက်ရန် အခွင့်အရေးအား လုံးလုံးလျားလျား ဆုံးရှုံးသွားခဲ့သည်။ထိုအချိန်မှစ၍ ထိုအပင်သည် နတ်ဘုရားစွမ်းအား အနည်းငယ်သာရှိသော သာမန်မိုးမခပင်တစ်ပင်သာ ဖြစ်လာခဲ့သည်။သို့သော် ဤဘဝတွင် ခုံးဝူတောက်၏ ဝင်ရောက်စွက်ဖက်မှုကြောင့်...ကြိုတင်သတ်မှတ်ထားသော ဖြစ်စဥ်သည် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။ဝုန်း...ထိုအချိန်မှာပင် မိုးကောင်းကင်ကြီး အရောင်ပြောင်းသွားပြီး တိမ်များတလိမ့်လိမ့်ထလာခဲ့သည်။ဒေါသတကြီး တုန်ခါနေသော မိုးကြိုးများသည် လောကကြီးကို တုန်လှုပ်စေသော ဟိန်းဟောက်သံများနှင့် ရောယှက်ကာ အရပ်မျက်နှာအသီးသီးသို့ လင်းလက်သွားသည်။အင်ပါယာကိုးခု၏ မဟာမိတ်စစ်တပ်များနှင့် မရေမတွက်နိုင်သော သေမျိုးများသည် ယခုအချိန်၌ သူတို့၏ခေါင်းပေါ်ရှိ မိုးကောင်းကင်ယံကို ကြောက်လန့်တကြား မော့ကြည့်နေကြ၏။သူတို့၏ အမြင်အာရုံကို ပြည့်နှက်နေသော မြင်ကွင်းသည် အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းလှသည်။လွန်ခဲ့သော အချိန်တခဏအကြာက ကြည်လင်ပြီး တိမ်ကင်းစင်နေသော ကောင်းကင်သည် ယခုအချိန်၌ လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားပြီး ဖရိုဖရဲနှင့် မှောင်မိုက်သော နေရာတစ်ခုအဖြစ် အသွင်ပြောင်းသွားတော့သည်။"အဲ့ဒါ... အဲ့ဒါက..."မရေမတွက်နိုင်သောသေမျိုးများ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင်....တိမ်များသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကြောင့် အဆက်မပြတ် မွှေနှောက်ခံရပြီး ခြေမွှဖျက်ဆီးခံရပုံပေါက်နေသည်။တိမ်တိုက်များပြိုကျပြီး ပျော်ဝင်သွားသည်နှင့်အမျှ...ကျန်းရာနှင့်ချီ ရှည်လျားသော မိုးပြာနဂါးတစ်ကောင် ထိုအထဲမှ ထွက်ပေါ်လာပေ၏။ထိုမိုးပြာနဂါးသည် ခမ်းနားကြီးကျယ်ပြီး ထူးကဲကာ သူ၏တစ်ကိုယ်လုံးကို တောက်ပသော အဖြူရောင် နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ခြေသည်းလေးခုသည် ထက်ရှလှ၏။ ထိုခြေသည်းလေးခုကို ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ရုံဖြင့် ကမ္ဘာတစ်ခုပြီးတစ်ခုကို ပြိုကျပျက်စီးသွားစေနိုင်ပုံရသည်။နဂါးများသည် သေမျိုးများ၏အမြင်တွင် ဒဏ္ဍာရီလာ သတ္တဝါများပင်။သို့သော် ယနေ့တွင် ထိုကဲ့သို့ ဧရာမအဖြူရောင် မိုးပြာနဂါးကြီးသည် တိမ်များကို ဖောက်ထွက်ပြီး ဟိန်းဟောက်သံနှင့်အတူ ဆင်းသက်လာခဲ့၏။ဝေါင်း...နဂါး၏ဟိန်းဟောက်သံက ကောင်းကင်ကို တုန်ခါသွားစေသည်။ ကောင်းကင်အလင်း မိုးပြာနဂါးသည် သူ၏နတ်ဘုရားစွမ်းအားကို အပြည့်အဝ မထုတ်လွှတ်သည့်တိုင်...တလိမ့်လိမ့်ထနေသော အသံလှိုင်းများသက်သက်ကပင် သန်းဆယ်နှင့်ချီသော သေမျိုးများကို အမြင်အာရုံ မှောင်မိုက်သွားစေပြီး နေရာမှာတင် သတိလစ်သွားစေခဲ့၏။"နဂါးဘုရင်ကို နှုတ်ခွန်းဆက်သပါတယ်... နဂါးဘုရင်... ကျေးဇူးပြုပြီး အရှင်ရဲ့ ဒေါသကို ငြိမ်သက်ပေးပါ..."နဂါး၏ ဟိန်းဟောက်သံကြောင့် ကံကောင်းထောက်မပြီး သတိလစ်မသွားခဲ့သော သေမျိုးတချို့၏ မျက်နှာများသည် စက္ကူကဲ့သို့ ဖြူရော်နေကြပြီး သူတို့သည် ရူးသွပ်စွာ ခေါင်းငုံ့ကာ နဂါးဘုရင်၏ ဒေါသကို ငြိမ်သက်ပေးရန် တောင်းပန်နေကြသည်။သို့သော် သေမျိုးအင်ပါယာများတွင် အမြစ်တွယ်နေသော ဂိုဏ်းကျင့်ကြံသူတချို့၏မျက်လုံးသူငယ်အိမ်များသည် အပ်များကဲ့သို့ ကျဉ်းမြောင်းသွားပြီး ဧရာမ မိုးပြာနဂါး၏ ခေါင်းပေါ်သို့ မမှိတ်မသုန် စိုက်ကြည့်နေသည်။ဧရာမနဂါး၏ ခေါင်းပေါ်တွင် ပုံရိပ်တစ်ခု ကျော့ရှင်းစွာ မတ်တတ်ရပ်နေကြောင်း ထွက်ပေါ်လာခဲ့သည်။သူ၏ အဖြူရောင် ဝတ်ရုံများသည် အစွန်းအထင်းကင်းမဲ့ပြီး အင်မော်တယ်တစ်ပါးကဲ့သို့ တောက်ပနေပေ၏။သူ၏မျက်နှာကို နတ်ဘုရားမြူခိုးများဖြင့် ဖုံးကွယ်ထားသဖြင့် ရှင်းလင်းစွာမြင်နိုင်ရန် ခက်ခဲသော်လည်း...ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော အစစ်အမှန် အင်မော်တယ် တစ်ပါးကဲ့သို့ သူ၏ မြင့်မြတ်သော ဟန်ပန်က လူများ၏ နှလုံးသားကို ရိုသေလေးစားမှုနှင့် ကိုးကွယ်မှုများဖြင့် ပြည့်နှက်သွားစေသည်။ခုံးဝူတောက်သည် ကောင်းကင်အလင်းမိုးပြာနဂါး၏ ထိပ်တွင် သူ၏လက်များကို ကျောဘက်တွင် နောက်ပစ်ပြီး မတ်တတ်ရပ်နေသည်။သူက အောက်ဘက်ရှိ အင်ပါယာကိုးခု၏ မဟာမိတ် တပ်များကို အထက်စီးမှ ငုံ့ကြည့်လိုက်၏။သူ ပြောဆိုလိုက်သော အသံသည် တာအို၏အသံကဲ့သို့ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သောလူ၏ စိတ်နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားသည်။"သေမျိုးတွေ... မဟာရှားရဲ့နယ်မြေကနေ ထွက်သွားဖို့ မင်းတို့မှာ အသက်ဆယ်ရှိုက်စာ အချိန်ရှိတယ်...""ကျန်နေတဲ့သူတွေ... သေရမယ်..."