← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း (၁၈၃) ကောင်းကင်ဘုံ မဟာမိတ်...ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့တယ်

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်အရှင်အနေဖြင့် ဤသေမျိုးများသည် သူ့နည်းတူ လူသားမျိုးနွယ် ဖြစ်နေလျှင်ပင် သူ၏အမြင်တွင် သူတို့သည် ပုရွက်ဆိတ်များနှင့် မကွာခြားချေ။တစ်ဖက်လူများကို တပ်များရုပ်သိမ်းရန် အသက်ဆယ်ရှိုက်စာ အချိန်ပေးခြင်းသည် လူသားမျိုးနွယ်ဝင် တစ်ဦးအနေဖြင့် သူ့ဘက်မှ ဤသေမျိုးများထံသို့ ပေးသနားသော လက်ဆောင်တစ်ခုပင်။ကောင်းကင်နှင့်မြေကြီးအကြား၌ တိတ်ဆိတ်သွားပေ၏။အံ့အားသင့်ပြီး တုန်ယင်နေသော နိုင်ငံကိုးနိုင်ငံ မဟာမိတ်တပ်များနှင့် နှိုင်းယှဉ်ပါက မဟာရှား အင်ပါယာမှလူအများအပြားကမူ သူတို့အချင်းချင်း ဇဝေဇဝါဖြစ်စွာဖြင့် ကြည့်နေကြသည်။သူတို့ မဟာရှားအင်ပါယာ၏ အစောင့်အရှောက် နတ်ဘုရားသည် မိုးမခနတ်ဘုရား အမြဲတစေ ဖြစ်ခဲ့သည် မဟုတ်လော...ဤနတ်ဘုရားကဲ့သို့ လူတစ်ယောက်သည် မည်သည့်အချိန်တွင် ထွက်ပေါ်လာသနည်း....မှုန်ဝါးသော ပုံရိပ်ယောင်တစ်ခုကို အတင်းအကျပ် စုစည်းထားခဲ့သော မိုးမခနတ်ဘုရားပင်လျှင် ထိုအရာကြောင့် အလွန်တွေဝေပြီး အံ့အားသင့်နေခဲ့၏။ခုံးဝူတောက် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်အရာကို လုပ်ဆောင်ရန် ရည်ရွယ်ထားသည်အား ထိုသစ်ပင်က နားမလည်သော်လည်း တစ်ဖက်လူက သူ့အားကူညီရန် ရွေးချယ်ခဲ့ပြီးပြီဖြစ်သည်။ထို့ကြောင့် ထိုသစ်ပင်သည် ဤအခွင့်အရေးကို ယူ၍ ပုံစံပြောင်းလဲခြင်း ထုံးတမ်းစဉ်လာကို ဆက်လက်၍ လုပ်ဆောင်နိုင်လေပြီ။........တစ်ချိန်တည်းမှာပင်...ခုံးဝူတောက်၏ ခြိမ်းခြောက်မှုအောက်တွင် အင်ပါယာကိုးခု မဟာမိတ်တပ်များမှ သန်းနှင့်ချီသောလူများသည် ထိတ်လန့်တုန်လှုပ်နေကြပြီး နောက်ထပ်ခြေတစ်လှမ်းမျှ ရှေ့မတိုးရဲကြတော့ချေ။"အရှင်..."မဟာကျိုးဧကရာဇ်သည် စစ်တပ်ထဲမှ ထွက်လာပြီး ခုံးဝူတောက်ထံသို့ ဦးတည်၍ သူ၏လက်များကို ရိုသေလေးစားစွာ ပူးဆုပ်လိုက်၏။"ကောင်းကင်ဘုံမဟာမိတ်ရဲ့ အဆိုအရ ခရမ်းစံအိမ်နယ်ပယ် အထက်မှာရှိတဲ့ စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူတွေက သေမျိုးနယ်ပယ်ကို အလိုရှိသလို ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး...""အရှင်က အရမ်းစွမ်းအားကြီးမားတော့ ခရမ်းစံအိမ်နယ်ပယ်ထက် အများကြီး သာလွန်နေမှာပါ... ကျေးဇူးပြုပြီး အရှင်က ကောင်းကင်ဘုံမဟာမိတ်ရဲ့ စည်းမျဉ်းတွေကို လိုက်နာပေးပါ...""ကောင်းကင်ဘုံ မဟာမိတ်လား..."ခုံးဝူတောက်က မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်သည်။ဤစကားလုံးများကို ဤနေရာတွင် ကြားရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။အမှန်အားဖြင့် ကောင်းကင်ဘုံ မဟာမိတ်ကို တည်ထောင်ရခြင်း၏ အကြောင်းအရင်းက သူတို့၏ အချိန်လေဟာနယ် တားမြစ်နယ်မြေနှင့် သက်ဆိုင်နေသည်။ကောင်းကင်ဘုံများ၏ ​ဂုဏ်ကျက်သရေရှိသော ခေတ်အခါက စွမ်းအားကြီးမားသောဂိုဏ်းများ မရေမတွက်နိုင်အောင် ပေါ်ပေါက်လာသည်။ဤအချက်က ကောင်းကင်ဘုံများရှိ သေမျိုးလောကများ၏ တည်ငြိမ်မှုကို ကြီးမားစွာ ထိခိုက်စေခဲ့ပေ၏။ကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူများသည် သေမျိုး နယ်ပယ်၏ကိစ္စရပ်များတွင် အများအပြား ဝင်ရောက်စွက်ဖက်ပြီး ကောင်းကင်ဘုံတခွင်တွင် ကသောင်းကနင်း ဖြစ်မှုနှင့် ဆူပူအုံကြွမှုများ မဖြစ်ပေါ်စေရန်အတွက် တားမြစ်နယ်မြေဆယ့်ခြောက်ခုက ကောင်းကင်ဘုံများ၏ မရေမတွက်နိုင်သော ကျင့်ကြံခြင်း အင်အားစုများကို ထိန်းချုပ်ရန် ကောင်းကင်ဘုံ မဟာမိတ်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ဤသည်မှာ တိုက်ဆိုင်လွန်းနေသည် မဟုတ်လော...သူ၏ကိုယ်ပိုင်တားမြစ်နယ်မြေက သတ်မှတ်ထားသော စည်းမျဉ်းများကို တခြားသူများက သူ့ကို ထိန်းချုပ်ရန် အသုံးပြုနေပေ၏။ဤလူသည် ရဲတင်းလွန်းနေခြင်းလော သို့မဟုတ် သူ့ကို တွေ့ရလောက်အောင် ကံမကောင်းခြင်းလော ဆိုသည်ကို သူ သိချင်နေမိသည်။ခုံးဝူတောက် တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါ မဟာကျိုး​ဧကရာဇ်၏ စိုးရိမ်ပူပန်နေသော နှလုံးသား နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။သူ၏စကားများက အကျိုးသက်ရောက်မှု ရှိသွားကြောင်း သိသာရှင်းလင်းနေသည်။သူ၏စိတ်နှလုံးသား ငြိမ်သက်သွားသည်နှင့်အမျှ ခုံးဝူတောက်အပေါ် လှောင်ပြောင်လိုစိတ် အနည်းငယ်ကိုလည်း သူ ခံစားလိုက်ရ၏။ကျင့်ကြံသူတစ်ယောက်သည် အားကောင်းနေလျှင်ပင် ဘာဖြစ်မည်နည်း။ကောင်းကင်ဘုံ မဟာမိတ်၏ ရှေ့တွင် သူသည် လိမ္မာပါးနပ်စွာ နေရမည် မဟုတ်လော...သူသည် ခရမ်းစံအိမ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သော်လည်း ကောင်းကင်ဘုံမဟာမိတ်၏ ကြောက်မက်ဖွယ်ကောင်းသော ကန့်သတ်နိုင်စွမ်း အကြောင်းကို သူ ကြားဖူးသည်။ဒဏ္ဍာရီလာ မဟာဧကရာဇ်များပင်လျှင် ကောင်းကင်ဘုံ မဟာမိတ်၏စည်းမျဥ်းများကို ချိုးဖောက်ပါက တာအို၏ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်သက်ရောက်မှုကို ခံရပေလိမ့်မည်။သူ့ရှေ့မှလူ၏ကျင့်ကြံဆင့်ကို သူ ထွင်းဖောက်မမြင်နိုင်သော်လည်း ထိုလူသည် မဟာဧကရာဇ် တစ်ပါး သေချာပေါက် မဟုတ်ချေ။ထိုကြောင့် သူသည် ကောင်းကင်ဘုံမဟာမိတ်ကို ပို၍ သတိထားရပေမည်။အင်ပါယာကိုးခုမှ မဟာမိတ်တပ်များသည်လည်း သူတို့ဧကရာဇ်အသီးသီး၏ မျက်နှာအမူအရာများမှ အရိပ်အမြွက်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး သူတို့အားလုံးသည် သေဘေးမှ လွတ်မြောက်သွားသကဲ့သို့ သက်ပြင်းချလိုက်ကြ၏။သို့သော် နောက်တခဏမှာပင် သူတို့သည် ငရဲချောက်နက်ထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။"ဒီလောကမှာ စည်းမျဉ်းတွေဆိုတာ အားနည်းသူတွေအတွက် ဖန်တီးထားတာပဲ...""ဒီအရာတွေက စည်းမျဉ်း ဖန်တီးသူတွေကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်မှာလဲ..."ခုံးဝူတောက်သည် အမြင့်တွင် မတ်တတ်ရပ်နေပြီး သူ၏အသံမှာ အေးစက်တင်းမာနေသော်လည်း အဆုံးမဲ့ လှောင်ပြောင်ရယ်မောချင်စိတ်များ ရောယှက်နေပေ၏။"အသက်ဆယ်ရှိုက်စာ အချိန်ကုန်သွားပြီ... ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့ပြီးပြီ..."သူ၏အသံ ကျဆင်းသွားသည့် အခိုက်အတန့်မှာပင် ခုံးဝူတောက်သည် သူ၏ညာလက်ကို မြင့်မြင့်မြှောက်လိုက်ပြီး အင်ပါယာကိုးခု၏ မဟာမိတ်တပ်များဆီသို့ ဦးတည်ကာ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ဝုန်း...လွှမ်းမိုးချုပ်ကိုင်နိုင်သော ဥပဒေသစွမ်းအားများသည် ဧရာမလေလှိုင်းလုံးကြီးတစ်ခုအဖြစ် စုစည်းသွားပြီး ဟိန်းဟောက်သံနှင့်အတူ မြေပြင်ဆီသို့ တိုက်ခတ်သွားတော့သည်။ဟင်းလင်းပြင် ညည်းတွားသွားပြီး မုန်တိုင်းတစ်ခု တိုက်ခတ်သွားပေ၏။သောင်းနှင့်ချီသော စစ်ရထားများ၊ စစ်မြင်းများနှင့် မရေမတွက်နိုင်သော သေမျိုးမဟာမိတ်တပ်ဖွဲ့များသည် မျှော်လင့်ချက်မဲ့လုနီးပါး ညည်းတွားသံများကြားတွင် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းထဲသို့ လွင့်စင်သွားကြတော့သည်။အလွန်အမင်း မျှော်လင့်ချက်မဲ့သော နာကျင်မှုများကြားတွင် မရေမတွက်နိုင်သော လူများသည် ကြက်သွေးရောင် သွေးမြူခိုးများအဖြစ် ခြေမွှဖျက်ဆီးခြင်းခံလိုက်ရသည်။ပြန့်ကျဲနေသော ခြေလက်များနှင့်အသွေးအသားများသည် လေထဲတွင် သွေးများပန်းထွက်ပြီး လှပစွာ ပွင့်လန်းသွားပေ၏။ကျယ်ပြန့်သော မြေကြီးသည် တောက်ပသော သွေးများဖြင့် ချက်ချင်းနီရဲသွားတော့သည်။သူ၏အင်္ကျီလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် စစ်သားသုံးသန်းနီးပါး လုံးလုံးလျားလျား အမြစ်ပြတ်သတ်ဖြတ်ခံလိုက်ရပြီး ပြီးပြည့်စုံသော အလောင်းတစ်လောင်းမျှပင် မကျန်ရစ်ခဲ့ချေ။အဝေးမှကြည့်မည်ဆိုပါက သွေးသမုဒ္ဒရာတစ်ခု မြေပြင်ပေါ်တွင် ထွက်ပေါ်လာသည့်အလားပင်။သွေးသမုဒ္ဒရာကို ဗဟိုပြု၍ ပေသောင်းနှင့်ချီ ကျယ်ဝန်းသော ဧရိယာသည် မြေပြင်နှင့် တပြေးညီ ဖြစ်သွားပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများ အရပ်မျက်နှာအဘက်ဘက်သို့ ဖြာထွက်သွားတော့သည်။ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ပြင်းထန်သော သွေးနံ့များနှင့်အတူ လေထဲတွင် မိုင်သောင်းနှင့်ချီအကွာထိ လွင့်မျောသွားသည်။ဝှစ်....ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် တိမ်များထက်သို့ လွင့်စင်သွားသော သွေးများသည် နောက်ဆုံးတွင် တဖြောက်ဖြောက် ကျဆင်းလာပေ၏။အဝေးမှ ကြည့်မည်ဆိုပါက ပတ်ဝန်းကျင်နေရာတဝိုက်လုံးတွင် သည်းထန်သော သွေးမိုးများ ရွာသွန်းနေသည့်အလားပင်။ဤမြင်ကွင်းကို အဝေးမှ မြင်တွေ့လိုက်ရသော တခြား သေမျိုးများသည် လိပ်ပြာလွင့်လုမတတ် အံ့အားသင့်သွားကြကာ သူတို့၏ခန္ဓာကိုယ်များ အထိန်းအကွပ်မဲ့စွာ တုန်ယင်နေကြသည်။လူအများအပြားသည် ဤကြောက်မက်ဖွယ်ကောင်းသော သွေးထွက်သံယို မြင်ကွင်းကြောင့် ကြောက်ရွံ့ကာ သတိလစ်သွားကြသည်အထိပင်။ဤသည်မှာ မည်ကဲ့သို့ စွမ်းအားမျိုး ဖြစ်သနည်း...သူ​၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် စစ်သားသုံးသန်းကို တိုက်ရိုက်အမြစ်ပြတ်သုတ်သင်လိုက်ခြင်းပင်။ဤသည်မှာ အမှန်တကယ်ကို နတ်ဘုရားတစ်ပါးထံမှ စွမ်းအားဖြစ်ကာ သေမျိုးများ စိတ်ကူးယဥ်မကြည့်၍ပင် မရနိုင်သော စွမ်းအားမျိုး ဖြစ်ပေ၏။ကံကောင်းထောက်မစွာ လွတ်မြောက်သွားသော ပြန့်ကျဲနေသည့် လူအနည်းငယ်သည် နောက်ဆုံးတွင် သူတို့၏တွေဝေမှုမှ နိုးထလာပြီး မျှော်လင့်ချက်မဲ့စွာ ညည်းတွားလိုက်ကြသည်။"ပြေး... မြန်မြန် ပြေး... အား..."တိတ်ဆိတ်နေသော ကောင်းကင်နှင့်မြေကြီးတွင် မျှော်လင့်ချက်မဲ့ ညည်းတွားသံများသည် အဆက်မပြတ် ကြီးထွားလာပြီး ကျန်ရှိနေသော လူအားလုံး၏ နှလုံးသားထဲတွင် ဒီရေလှိုင်းတစ်ခုကဲ့သို့ ပဲ့တင်ထပ်နေခဲ့၏​။ကျန်ရှိနေသော အင်ပါယာကိုးခု မဟာမိတ်တပ်များ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးများသည် လုံးလုံးလျားလျား ပြိုလဲကျသွားတော့သည်။အင်အားသုံးသန်းကျော်သော စစ်တပ်ကြီးသ​ည် ခုံးဝူတောက်၏ လက်ဝါးတစ်ချက်တည်းဖြင့် သောင်းဂဏန်းခန့်သာ ကျန်တော့သည်အထိ တိုက်ရိုက်ရှင်းလင်းခံလိုက်ရသည်။ဤကဲ့သို့ စွမ်းအားမျိုးကို သူတို့ ယှဉ်ပြိုင်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။မျှော်လင့်ချက်မဲ့မှုများ ပျံ့နှံ့လာပြီး ကြောက်ရွံ့မှုများ ကြီးထွားလာခဲ့သည်။မဟာရှားကို သိမ်းပိုက်ခြင်းနှင့် နှိုင်းယှဉ်ပါက ဤကြောက်မက်ဖွယ်ကောင်းသော နတ်မိစ္ဆာထံမှ သူတို့ ရူးသွပ်စွာ ထွက်ပြေးချင်နေကြတော့သည်။"နတ်ဘုရား... ကျွန်တော်တို့ရဲ့ မဟာရှားကို ကယ်တင်ပေးတဲ့အတွက် နတ်ဘုရားကို ကျေးဇူးတင်ပါတယ်..."တခြားသူများ ခုံးဝူတောက်အပေါ် ထားရှိသော ကြောက်ရွံ့မှုနှင့် နှိုင်းယှဉ်ပါက မဟာရှားမှ လူအများအပြားသည် မျက်ရည်ကျသည်အထိ ကျေးဇူးတင်နေကြသည်။ သူတို့၏ ကျေးဇူးတင်မှုကို ဖော်ပြရန် ခုံးဝူတောက်ထံသို့ ရူးသွပ်စွာ ဦးညွှတ်အရိုအသေပြုနေကြတော့သ​ည်။ခုံးဝူတောက်၏ နည်းလမ်းများသည် အနည်းငယ် သွေးပျက်ဖွယ်ကောင်းသော်လည်း သူသည် သူတို့ကို အမှန်တကယ် ကယ်တင်ခဲ့ခြင်းပင်။ထိုသို့မဟုတ်လျှင် ဤရက်စက်သော တိုက်ခိုက်မှုကို ခံစားရမည်မှာ အင်ပါယာကိုးခု မဟာမိတ်တပ်များ မဟုတ်ဘဲ သူတို့သာလျှင် သွေးထွက်သံယိုငရဲကိုကြုံတွေ့ရပေမည်။........အဝေးမှ စောင့်ကြည့်နေကြသော ဂိုဏ်းအင်အားစုများမှ စွမ်းအားကြီးမားသော ကျွမ်းကျင်သူအများအပြားသည်လည်း အံ့အားသင့်စွာဖြင့် ဆွံ့အသွားကြ၏။ကျင့်ကြံသူများ၏အမြင်တွင် သေမျိုးများသည် ပုရွက်ဆိတ်များနှင့် မကွာခြားသော်လည်း စစ်သားသုံးသန်းကျော်ကို တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် တိုက်ရိုက်အမြစ်ပြတ်သုတ်သင်ခြင်းမှာ...သူတော်စင်နယ်ပယ်မှ ထိပ်တန်းကျွမ်းကျင်သူများလောက်သာ ထိုအရာကို လုပ်ဆောင်နိုင်ပေမည်။သို့သော် သူတို့၏ရှေ့မှ အမျိုးသားက အလွန်ငယ်ရွယ်ပုံရပြီး အသက်နှစ်ဆယ်ပင် မပြည့်သေးလောက်သေးချေ။ သူသည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားပေ၏။သူက ထိပ်တန်း အင်မော်တယ် တာအိုဂိုဏ်းတစ်ခုခုမှ အဓိကဆက်ခံသူများ ဖြစ်နိုင်သလော...သို့သော် သူတို့ မည်မျှပင် စဉ်းစားစေကာမူ မည်သို့မျှ စဉ်းစား၍ မရခဲ့ပေ။သူတို့၏ ထျန်းဟောက်တာအိုနယ်မြေတွင် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး မည်သည့်အချိန်က ထွက်ပေါ်လာခဲ့သနည်း....ခုံးဝူတောက်သည် တိမ်များ၏အထက်တွင် မတ်တတ်ရပ်နေ၏။သူက အောက်ဘက်တွင် ရူးသွပ်စွာ ထွက်ပြေးနေကြသော ပုံရိပ်ငယ်လေးများကို အေးစက်စွာ ကြည့်နေခဲ့သည်။သူသည် တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် စစ်သားသုံးသန်းကျော်ကို ပေါ့ပေါ့ပါးပါး သတ်ဖြတ်ခဲ့သော်လည်း သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် အနည်းငယ်မျှပင် လှုပ်ခတ်မသွားခဲ့ချေ။မည်သို့ပင်ဆိုစေကာမူ သူသည် သူတို့ကို အခွင့်အရေး တစ်ခု ပေးခဲ့ပြီးဖြစ်သည်။ထို့ပြင် သူသည် လုံလောက်အောင် သနားညှာတာခဲ့ပြီးလေပြီ။အနည်းဆုံးအနေဖြင့် သူ၏ အစောပိုင်း တိုက်ခိုက်မှုမှ မတော်တဆ လွတ်မြောက်သွားသော ထိုသေမျိုးများကို သတ်ဖြတ်ရန် ရည်ရွယ်ချက် သူ့ထံတွင် မရှိချေ။"မင်းက ကောင်းကင်ဘုံ မဟာမိတ်ရဲ့စည်းမျဥ်းတွေကိုသိသိသာသာ ချိုးဖောက်နေတာပဲ... တာအိုရဲ့ တန်ပြန်သက်ရောက်မှုကို ခံရမှာ မကြောက်ဘူးလား..."ကံကောင်းထောက်မစွာဖြင့် ခုံးဝူတောက်၏ တိုက်ခိုက်မှုမှ မတော်တဆ လွတ်မြောက်သွားခဲ့သော မဟာကျိုးသည် ယခုအချိန်၌ သူ၏ ကျိုးပဲ့နေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ ကောင်းကင်ယံရှိ နတ်ဘုရားနှင့်တူသော ပုံရိပ်ကို မော့ကြည့်ပြီး ဒေါသတကြီး မေးခွန်းထုတ်လိုက်၏။သူ ကျေနပ်မှု မရှိချေ။သူ အလွန်အမင်း စိတ်မကျေနပ်ဖြစ်နေသည်။ယနေ့၌ မဟာရှားကို အမြစ်ပြတ်ရှင်းလင်းရန် သူ ရည်ရွယ်ထားသည်။မည်သည်ကြောင့် ဤကံကောင်းသော အင်ပါယာကို ကူညီရန် နတ်ဘုရားကဲ့သို့ လူတစ်ယောက်က ထပ်ရောက်လာရသနည်း။မည်သည်ကြောင့် ဤလူသည် ကောင်းကင်ဘုံ မဟာမိတ်၏စည်းမျဥ်းများကို ချိုးဖောက်သည့်တိုင် တာအို၏ တန်ပြန်သက်ရောက်မှုကို မခံရသနည်း....ကောင်းကင်ဘုံ မဟာမိတ်စည်းမျဥ်းများကို သူ၏ မိသားစုက ရေးသားထားခြင်းကြောင့် ဖြစ်နေသလော....ထို့ကြောင့် သူ ဆန္ဒရှိသည့်တိုင်း ထိုအရာကို ချိုးဖောက်၍ ရနေခြင်း ဖြစ်သလော။

All Chapters