အခန်း ၁၈၇
Vol. 19 Ch. 187
အခန်း (၁၈၇) ရပါတယ်... ငါ ဘာမှမပြောခဲ့ဘူး... မင်းရဲ့ တောင်းပန်မှုကို ငါ လက်ခံတယ်
"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကို နှုတ်ခွန်းဆက်သပါတယ်..."ကျွမ်းကျင်သူ အများအပြားသည် အလွန်အမင်း အံ့အားသင့်သွားပြီးနောက် တစ်ယောက်ပြီးတစ်ယောက် သတိပြန်ဝင်လာကြ၏။ သူတို့တွင် ယခင်က ရှိခဲ့ဖူးသော မောက်မာမှု အနည်းငယ်သည် ယခုချိန်၌ မည်သို့ ရှိနိုင်တော့မည်နည်း။သူတို့သည် အလွန်အမင်း နှိမ့်ချစွာဖြင့် ခုံးဝူတောက်ထံသို့ အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။သူတို့၏ဂိုဏ်းတွင် အားအကောင်းဆုံး ပုဂ္ဂိုလ်မှာ အထွတ်အမြတ်နယ်ပယ်တွင်သာ ရှိနေသည်။အချိန်လေဟာနယ် တားမြစ်နယ်မြေကို ရင်ဆိုင်ရန် မဆိုထားနှင့်... သူတို့ထံတွင် ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း၏ အခြေခံအုတ်မြစ်မျိုးပင် လုံးဝမရှိကြချေ။သူတို့ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ခုံးဝူတောက်က သူတို့၏ယခင်က ပြစ်မှားမှုနှင့် ရိုင်းစိုင်းမှုများကို ဂရုမစိုက်ရန် မျှော်လင့်ခြင်းသာ ဖြစ်ပေမည်။ရှန်ချင်းလော့သည်လည်း ခုံးဝူတောက်ထံသို့ အဝေးမှနေ၍ ဦးညွှတ်လိုက်ပြီး သူမ၏အသံမှာ အေးစက်နေသည်။"နတ်ဘုရားသားတော်အရှင်... ဒီမဟာရှားအင်ပါယာက ကျွန်မတို့ ပုံရိပ်ယောင်သူတော်စင်ဂိုဏ်းရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ရှိပါတယ်...""ဒီနေရာမှာ တိုက်ပွဲကြီး တစ်ခု ဖြစ်နေတယ် ဆိုတာကို ကျွန်မ အခုလေးတင် သိလိုက်ရတာပါ... ပြီးတော့ ကျွန်မက ဆင်းသက်လာပြီး တရားမျှတမှုကို ထိန်းသိမ်းဖို့ အစက ရည်ရွယ်ထားတာပါ...""မမျှော်လင့်ဘဲ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က အရာအားလုံးကို ငြိမ်သက်အောင် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေးခဲ့ပြီးတော့ ကျွန်မတို့သူတော်စင်ဂိုဏ်းရဲ့ ဒီထူးဆန်းတဲ့ မိုးမခနတ်ဘုရားကို ကာကွယ်ဖို့ ကူညီပေးခဲ့တယ်...""နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်... ကျေးဇူးပြုပြီး ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းဆီ ကျွန်မနဲ့အတူ လိုက်လာခဲ့ပါလား... အရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးဆပ်ဖို့ ကျွန်မတို့သူတော်စင်ဂိုဏ်းက ခမ်းနားတဲ့ ပွဲတော်တစ်ခုကို ပြင်ဆင်ထားပြီးပါပြီ..."ရှန်ချင်းလော့၏ဟန်ပန်မှာ ရိုသေလေးစားမှု ရှိသော်လည်း ခုံးဝူတောက်အပေါ် သူမထံတွင် ကြီးမားသော ကြောက်ရွံ့မှု သို့မဟုတ် စိုးရိမ်ပူပန်မှု မရှိခဲ့ချေ။မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် အချိန်လေဟာနယ် တားမြစ်နယ်မြေနှင့် အလွန်ဝေးကွာသော ထျန်းဟောက် တာအိုနယ်မြေတွင် ရှိနေသည်။ထို့ပြင် မဟာရှားအင်ပါယာသည် မူလကတည်းက သူမတို့ ပုံရိပ်ယောင်သူတော်စင်ဂိုဏ်း၏ နယ်မြေအတွင်းတွင် တည်ရှိနေပေ၏။ဤမိုးမခနတ်ဘုရားသည် သူမတို့ ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း၏နယ်မြေအတွင်းရှိ အရာတစ်ခု ဖြစ်သဖြင့် ထိုအရာသည် သဘာဝကျကျပင် သူမတို့နှင့် သက်ဆိုင်သည်။ခုံးဝူတောက် မည်မျှပင် လွှမ်းမိုးချုပ်ကိုင်နိုင်စေကာမူ...သူသည် သူမတို့၏နယ်မြေပေါ်သို့ တိုက်ရိုက်ဆင်းသက်လာပြီး ပုံရိပ်ယောင်သူတော်စင်ဂိုဏ်းထံမှ တစ်စုံတစ်ခုကို လုယူသွား၍ မရနိုင်ပေ။ထိုစကားများကို ကြားလိုက်ရသောအခါ ခုံးဝူတောက်သည် ရယ်မောလိုက်၏။ဒီကံကြမ္မာသမီးတော်နဲ့ တုန်လှုပ်ချောက်ချားအင်မော်တယ်က တကယ့်ကို တူတာပဲ... အဲ့ဒီအတွက် ငါ တော်တော်လေး သဘောကျတယ်...သူက ခေါင်းအနည်းငယ် မော့လိုက်ပြီး သူ၏အသံတွင် နောက်ပြောင်ကျီစယ်ချင်စိတ်များ ပါဝင်နေသည်။"မင်းက အဲ့ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား...""ဒီနတ်ဘုရားသားတော် လှုပ်ရှားရတဲ့ အကြောင်းရင်းက ဒီမိုးမခနတ်ဘုရားက ငါ့ရဲ့ ပိုင်ဆိုင်မှု ဖြစ်နေပြီမလို့ပဲ...""မင်းတို့ ပုံရိပ်ယောင်သူတော်စင်ဂိုဏ်းက ဘာမလို့လဲ...""ဒီနတ်ဘုရားသားတော်ရဲ့ မျက်နှာသာပေးမှုကို လက်ခံရရှိဖို့တောင် မင်းတို့က ထိုက်တန်လို့လား..."ဤစကားကို ကြားလိုက်ရသောအခါ ရှန်ချင်းလော့ထံ၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားပြီး ခုံးဝူတောက် ဤသို့ ပြောဆိုလိမ့်မည်ဟု သူမ လုံးဝမျှော်လင့်မထားခဲ့ချေ။သူမက ကောင်းမွန်သော စကားများ၊ နူးညံ့သော စကားများကိုသာ ပြောဆိုခဲ့ခြင်းဖြစ်ပသည်။တစ်ဖက်လူက သူမကို မျက်နှာသာ လုံးဝမပေးခြင်း ဖြစ်သလော...သို့သော် သူမ၏စိတ်နှလုံးသားထဲရှိ စိတ်ခံစားမှုများကို လျှင်မြန်စွာ ဖိနှိပ်ထားလိုက်၏။အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် သူမက နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီး အကြောင်းပြချက် ပေးရန် ရွေးချယ်လိုက်သည်။"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်... ဘာပဲဖြစ်ဖြစ် မဟာရှားအင်ပါယာက ကျွန်မတို့ ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းရဲ့ နယ်မြေအတွင်းမှာ ရှိပြီးတော့ ဂိုဏ်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတယ်...""ကျွန်မတို့ ပုံရိပ်ယောင်သူတော်စင်ဂိုဏ်းမှာ ဒီမိုးမခနတ်ဘုရားကို စီမံခန့်ခွဲခွင့်နဲ့ပိုင်ဆိုင်ခွင့် သဘာဝကျကျ ရှိပါတယ်...""ဒါ့ပြင်... အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော်အရှင်အနေနဲ့ အရှင်က ယှဉ်ပြိုင်လို့မရနိုင်လောက်အောင် မြင့်မြတ်တဲ့ အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားပြီးသားပါ...""အရှင့်အတွက်ဆိုရင် ဒီလို ကောင်းကင်နှင့်မြေကြီး ရတနာမျိုးကို လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ မရေမတွက်နိုင်အောင် ရနိုင်ပါတယ်... ဒါဆို ဒီမိုးမခနတ်ဘုရားအတွက် ကျွန်မတို့သူတော်စင်ဂိုဏ်းနဲ့ ဘာလို့ ယှဉ်ပြိုင်နေရတာလဲ...""ဒီမိုးမခနတ်ဘုရားက ကျွန်မတို့ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းအတွက် တကယ့်ကို အရေးကြီးပါတယ်... နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်... ကျေးဇူးပြုပြီး သက်ညှာပေးပါ... ပြီးတော့ ကျွန်မတို့ သူတော်စင်ဂိုဏ်းက နတ်ဘုရားသားတော်အရှင်ကို ကျေးဇူးတင်ရှိနေတယ်လို့ သတ်မှတ်ပေးပါ..."နောက်ဆုံး၌ ရှန်ချင်းလော့သည် အနည်းငယ် ဒေါသထွက်နေလေပြီ။ခုံးဝူတောက်ကို မျက်နှာသာအလုံအလောက် သူမ ပေးခဲ့ပြီးပြီဖြစ်ပြီး သူမ၏ဟန်ပန်ကို နှိမ့်ချသည်ဟုပင် ဖော်ပြနိုင်သည်။ထို့ပြင် ဤအရာသည် မူလကတည်းက သူမတို့ ပုံရိပ်ယောင်သူတော်စင်ဂိုဏ်း၏နယ်မြေပေါ်တွင် ရှိနေခြင်းပင်။သူမတို့နှင့် သက်ဆိုင်သင့်သည့် အရာတစ်ခုကို စီမံခန့်ခွဲရန်အတွက် အပြင်လူတစ်ယောက်ဖြစ်သော ခုံးဝူတောက်၏ခွင့်ပြုချက်ကို သူမတို့ ရယူရန် လိုအပ်သေးသလော....သို့သော် ဤပြောင်းလဲမှုများအားလုံးသည် အမှန်အားဖြင့် ခုံးဝူတောက်ကြောင့် ဖြစ်ပျက်ခဲ့ခြင်းပင်။အကယ်၍ ခုံးဝူတောက်သာ ဆင်းသက်မလာခဲ့လျှင် ဤကိစ္စသည် ဤမျှထိ ဖွံ့ဖြိုးတိုးတက်လာမည် မဟုတ်ချေ။မဟာရှားအင်ပါယာကို ဤ အကျပ်အတည်းမှ ကျော်လွှားနိုင်ရန်အတွက် ကူညီပေးရန် မိုးမခနတ်ဘုရားသည် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားနိုင်ပေလိမ့်မည်။နောက်ဆုံးတွင် ထိုအပင်သည်လည်း ပုံစံပြောင်းလဲခြင်း ထုံးတမ်းစဉ်လာကို ဆက်လက်မလုပ်ဆောင်နိုင်တော့ဘဲ နတ်ဘုရားစွမ်းအား အနည်းငယ်သာ ရှိသော သာမန် မိုးမခနတ်ဘုရားတစ်ပါးအဖြစ် လုံးလုံးလျားလျား ကျဆင်းသွားပေမည်။ခုံးဝူတောက်၏ လုပ်ရပ်များကြောင့်သာ ကြိုတင် သတ်မှတ်ထားသော အချိန်လေဟာနယ်၏ အနာဂတ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပေ၏။နောက်ဆုံးတွင် ဤအချက်က ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းကို ဤနေရာရှိ အပြောင်းအလဲများကို သတိပြုမိသွားစေခဲ့သည်။"အို... ဒါဆို အဲ့ဒီ အဓိပ္ပာယ်က..."ခုံးဝူတောက်က လှောင်ပြောင်လိုက်၏။"မင်းက ငါ့ကို အလုပ်ဘယ်လိုလုပ်ရမလဲ ဆိုတာ သင်ပေးနေတာလား..."ဝုန်း...နောက်တခဏတွင် နတ်ဘုရားဘုရင်နယ်ပယ်၏ အရှိန်အဝါ ပေါက်ကွဲထွက်လာခဲ့သည်။ရှေးဟောင်းတောင်ကြီးတစ်လုံးကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားသည် ရှန်ချင်းလော့အပေါ်သို့ ချက်ချင်းကျရောက်သွားတော့သည်။ရှန်ချင်းလော့၏ လှပသောမျက်နှာသည် ကြောက်ရွံ့မှုကြောင့် ဖြူရော်သွားခဲ့၏။ခုံးဝူတောက်က ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု သူမ လုံးဝမျှော်လင့်မထားခဲ့ချေ။သူမ၏ပါရမီသည် ထူးကဲနေလျှင်ပင် ခုံးဝူတောက်၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို သူမ အနည်းငယ်မျှ တောင့်မခံနိုင်သေးချေ။ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ...လောကကြီး၏အမြင်တွင် ဖြူစင်ပြီး လောကီနှင့် ကင်းကွာသော လှပသည့် နတ်မိမယ်လေးသည် ခုံးဝူတောက်၏ ရိုက်ပုတ်ခြင်းကို ခံလိုက်ရသော ယင်ကောင် တစ်ကောင်ကဲ့သို့ မြေကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရပြီး သူမ၏အရိုးအမြောက်အများ ကျိုးကြေသွားတော့သည်။"ကောင်းကင်ကံကြမ္မာ အမျိုးသမီးဇာတ်ဆောင် ရှန်ချင်းလော့ရဲ့ တာအိုနှလုံးသားက ပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုကို ခံစားခဲ့ရကြောင်း ထောက်လှမ်းတွေ့ရှိရပါတယ်... ကောင်းကင်ကံကြမ္မာအမှတ် ၅၀၀ နှုတ်ယူလိုက်ပြီး ၉၀၀၀ မှတ် ကျန်ရှိနေပါတယ်...""သခင်က နှစ်ဆပြင်းထန်တဲ့ တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့ပြီးတော့ ကောင်းကင်ကံကြမ္မာအမှတ် ၁၀၀၀ ကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်..."ခုံးဝူတောက်က နှုတ်ခမ်းမဲ့လိုက်၏။ဤကောင်းကင်ကံကြမ္မာ အမျိုးသမီးဇာတ်ဆောင်၏ ကောင်းကင်ကံကြမ္မာအမှတ်များသည် အလွန်နည်းပါးလွန်းသည်။ပြင်းထန်သော တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့လျှင်တောင်မှ အကျိုးသက်ရောက်မှုသည် စိတ်ပျက်စရာကောင်းလောက်အောင် နိမ့်ပါးနေဆဲပင်။ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိခဲ့ရသော မရေမတွက်နိုင်သော ကျင့်ကြံသူများ၏မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။ဒဏ္ဍာရီလာ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်သည် အမှန်တကယ်ကို အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်ပေ၏။ရှန်ချင်းလော့သည် ပုံရိပ်ယောင်သူတော်စင်ဂိုဏ်း၏ ပထမ ဆက်ခံသူ ဖြစ်ရုံသာမက....သူမသည် သူတို့၏ ထျန်းဟောက်တာအိုနယ်မြေတွင် နာမည်ကျော်ကြားပြီး လှပသော နတ်မိမယ်လေး တစ်ပါးပင်။ထိုကဲ့သို့ လှပသော နတ်မိမယ်လေး တစ်ပါးက ခုံးဝူတောက်၏ ရှေ့တွင် တောင်းပန်သည့် မျက်နှာအမူအရာကို ပြသခဲ့သည့်တိုင် သူသည် မျက်တောင်တစ်ချက် မခတ်ခဲ့ချေ။သူက သူမကို တိုက်ရိုက်လွင့်စင်သွားအောင် ပြုလုပ်ပစ်လိုက်၏။"အဟွတ် အဟွတ် အဟွတ်..."အချိန်အနည်းငယ်ကြာပြီးနောက် ရှန်ချင်းလော့က သွေးများအန်ထုတ်ကာ အပျက်အစီးများထဲမှ တွားသွားထွက်လာခဲ့ပြီး အလွန်အမင်း ဖရိုဖရဲ ဖြစ်နေပုံရသည်။မိုးကောင်းကင်ထက်ရှိ ခမ်းနားကြီးကျယ်သော ပုံရိပ်ကိုကြည့်ရင်း...သူမ၏ လှပသော မျက်လုံးများတွင် အရှက်ရမှုနှင့် ဒေါသများဖြင့် ပြည့်နှက်နေသည်။ပုံရိပ်ယောင်သူတော်စင်ဂိုဏ်း၏ ပထမဆက်ခံသူ အနေဖြင့် သူမ၏ပါရမီနှင့် အသွင်အပြင် နှစ်ခုလုံးသည် ထိပ်တန်းအဆင့်တွင် ရှိပေ၏။သူမ သွားသည့် နေရာတိုင်းတွင် သူမကို သဘောကျသူများ ဝန်းရံနေသည် မဟုတ်လော...သူမ ဆန္ဒရှိသရွေ့ သူမ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့်....မရေမတွက်နိုင်သော ကျင့်ကြံသူများက သူမ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အလုအယက် လာကြပေလိမ့်မည်။ယခုချိန်၌ သူမသည် ကိုယ့်ကိုယ်ကိုယ် ဤမျှထိ နှိမ့်ချထားခဲ့သော်လည်း...ဤလူယုတ်မာ ခုံးဝူတောက်က သူမကို ဤသို့ ဆက်ဆံရန် မည်သို့ ရဲတင်းရသနည်း...သူသည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်အရှင် ဖြစ်ရုံမျှဖြင့် သူ လုပ်ချင်ရာကို လုပ်၍ရပြီဟု ထင်နေသလော..သူမ၏ အပြင်ပန်းအသွင်အပြင်များ ထိန်းချုပ်မှု ကင်းမဲ့မသွားသော်လည်း...ရှန်ချင်းလော့၏ လှပသော မျက်လုံးများမှ အနက်ရှိုင်းဆုံး နေရာတွင် မကျေနပ်မှုနှင့် ဆန္ဒမရှိမှု အရိပ်အယောင်တစ်ခုကို ခုံးဝူတောက်က ခံစားလိုက်ရ၏။ဟဲ ဟဲ.. တိုက်ခိုက်မှုတစ်ချက်ကိုတောင် မခံနိုင်ဘူး... ဒါက ကောင်းကင်ကံကြမ္မာပိုင်ရှင် အများစုရဲ့ သဘာဝပဲ...ခုံးဝူတောက်က သူ၏စိတ်နှလုံးသားထဲတွင် လှောင်ပြောင်လိုက်သည်။သူ ကြုံတွေ့ခဲ့ဖူးသမျှ ကောင်းကင်ကံကြမ္မာ ပိုင်ရှင်များထဲတွင်...အခြေအနေကို နားလည်ပြီး အသိဉာဏ်ရှိသော လူအနည်းစုမှလွဲ၍...ကောင်းကင်ကံကြမ္မာ သားတော်များ သို့မဟုတ် ကံကြမ္မာသမီးတော်များအနက် အများစုသည် လောကကြီးက သူတို့၏နံဘေးပတ်လည်တွင် လည်ပတ်နေသင့်သည်ဟု ထင်မှတ်သော သဘောထားမျိုး ရှိကြသည်။သူတို့သည် ဆုတ်ယုတ်မှု အနည်းငယ် သို့မဟုတ် အရှက်ရမှု အနည်းငယ်ကို ခံစားရသရွေ့ ထိုအရာကို ကြီးမားသော ဂုဏ်ကျက်သရေ ကင်းမဲ့မှု တစ်ခုအဖြစ် သတ်မှတ်ကြပေလိမ့်မည်။လောကကြီး တစ်ခုလုံးက သူတို့ကို အပြစ်လုပ်ထားသကဲ့သို့ သူတို့၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုခြင်း အကြံအစည် မျိုးစေ့များကိုပင် သူတို့ မွေးမြူထားကြပေလိမ့်မည်။အနာဂတ်တွင် သူတို့သည် အခွင့်အရေးတစ်ခုကို ရှာတွေ့သည်နှင့် တပြိုင်နက်..သူတို့၏ ယခင်ရန်သူများကို ဆယ်ဆမက ပြန်လည် ပေးဆပ်ကြပေလိမ့်မည်။သို့သော် ကံမကောင်းစွာဖြင့်....သူသည် ဖြစ်နိုင်ခြေအားလုံးကို ဖြတ်တောက်ရသည်ကို အမြဲတစေ ကြိုက်နှစ်သက်သည်။တစ်စုံတစ်ယောက်က သူ့အပေါ် ရန်လိုမှု သို့မဟုတ် သတ်ဖြတ်လိုသည့် အကြံအစည်ကို ပြသရန် ရဲတင်းပြီဆိုသည်နှင့် ထိုလူများ သေရပေမည်။မည်သူမျှ ရှင်းလင်းစွာ မမြင်လိုက်ရသော အခိုက်အတန့်လေးတစ်ခုတွင်...ခုံးဝူတောက်၏ပုံရိပ်သည် သူ၏မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားပေ၏။သူ၏ပုံရိပ် နောက်တစ်ကြိမ် ထွက်ပေါ်လာချိန်၌...သူသည် ရှန်ချင်းလော့၏ရှေ့သို့ ရောက်ရှိနေလေပြီ။ရှန်ချင်းလော့သည် ခုံးဝူတောက် သူမ၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ။အစောပိုင်းက ခုံးဝူတောက်၏ပါးရိုက်ခံလိုက်သဖြင့် သူမ၏ မျက်နှာပေါ်တွင် မကျေနပ်မှုနှင့် ဒေါသ အရိပ်အယောင် အနည်းငယ်ရှိနေဆဲပင်။ဤသည်မှာ ခုံးဝူတောက် ရုတ်တရက် ထွက်ပေါ်လာသည့်အထိပင်။ထို့ပြင် သူမ၏အကြည့်သည် သူ၏ နက်ရှိုင်းပြီး နောက်ပြောင်ချင်စိတ်များ ပါဝင်နေသည့် မျက်လုံးများနှင့် ဆုံတွေ့လိုက်ရသောအခါ ရှန်ချင်းလော့သည် ရုတ်တရက် သတိဝင်လာပြီး သူမကိုယ်သူမ ထိန်းချုပ်လိုက်၏။သူမသည် မျက်နှာအမူအရာ ပြောင်းလဲခြင်း၏ ထိပ်တန်းအဆင့် ပြသမှုတစ်ခုကိုပင် ခုံးဝူတောက်အား တိုက်ရိုက်ပြသလိုက်သည်။"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်...""ခုဏက နတ်ဘုရားသားတော်အရှင်ကို မတော်တဆ စော်ကားမိတာ ဒီကျေးကျွန်ပါ... ကျေးဇူးပြုပြီး ဒီ ကျေးကျွန်ကို ခွင့်လွှတ်ပေးပါ..."ထိုသို့ပြောပြီးနောက် အနည်းငယ် မတရားခံရသည့် ပုံပေါက်နေသော ရှန်ချင်းလော့က ခုံးဝူတောက်ထံသို့ ဦးညွှတ်လိုက်သည်။ယခင်က သူမ၏ လှပသော မျက်လုံးများမှ အနက်ရှိုင်းဆုံး နေရာတွင် ပြည့်နှက်နေခဲ့သော မကျေနပ်မှုနှင့် အမုန်းတရားများသည် အချိန်အတော်ကြာကတည်းက လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေပြီ။ယခုချိန်၌ ထွက်ပေါ်လာသော သူမ၏မျက်နှာအမူအရာမှာ သနားစရာကောင်းပြီး အကူအညီမဲ့နေပုံ ပေါက်နေကာ ထိုအရာက တခြားသူများ၏ ကာကွယ်ပေးလိုစိတ်ကို ကြီးမားစွာ နှိုးဆွပေးနိုင်ပေ၏။သူမ၏စိတ်နှလုံးသားထဲတွင် ခုံးဝူတောက်၏ ယခင် လုပ်ရပ်များကို အလွန်မကျေနပ်သော်လည်း...သူမသည် ခုံးဝူတောက်၏ ပြိုင်ဘက် မဟုတ်ကြောင်း သူမ သိထားသည်။သူမသည် မည်သည့် မကျေနပ်မှုကိုမျှ လုံးဝမပြသနိုင်ချေ။သူမ၏ဂိုဏ်းမှ ကျွမ်းကျင်သူများ ရောက်ရှိလာရန် စောင့်ဆိုင်းရင်း အချိန်ဆွဲရန်သာ သူမ လုပ်နိုင်ပေမည်။ခုံးဝူတောက်က သူ၏စိတ်နှလုံးသားထဲတွင် လှောင်ပြောင်လိုက်၏။သူမက သရုပ်ဆောင်သည့်နေရာတွင် အလွန်ထူးချွန်လှသည်။အကယ်၍ သူ့ထံ၌ အလွန်အားကောင်းသော မူလ နတ်ဘုရားစိတ်ဝိညာဉ်သာ မရှိခဲ့လျှင်...ရှန်ချင်းလော့၏ လှပသောမျက်လုံးများမှ အနက်ရှိုင်းဆုံးနေရာရှိ မကျေနပ်မှုနှင့် သတ်ဖြတ်လိုခြင်း အကြံအစည်ကို အစကတည်းက ရိပ်စားမိမည်မဟုတ်ဘဲ တစ်ဖက်လူ၏ "အလွန်ကောင်းမွန်သော" သရုပ်ဆောင်မှုကြောင့် သူ လှည့်စားခံရပေမည်။"ရပါတယ်..."ခုံးဝူတောက်၏နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။"ဘာပဲဖြစ်ဖြစ်... မင်းရဲ့ တောင်းပန်မှုကို ငါ လက်ခံတယ်လို့ ငါ တစ်ခါမှ မပြောခဲ့ဘူးလေ..."