အခန်း ၁၈၈
Vol. 19 Ch. 188
အခန်း (၁၈၈) ကံကြမ္မာသမီးတော်ကို သတ်ဖြတ်ခြင်း...သူတော်စင်ဂိုဏ်းရဲ့ အားအကောင်းဆုံးလူ ရောက်လာပြီ
"ခုံးဝူတောက်... နင်..."ရှန်ချင်းလော့က ရုတ်တရက် မော့ကြည့်လိုက်ပြီး သူမ၏မျက်လုံးသူငယ်အိမ်များသည် အပ်များကဲ့သို့ ကျဉ်းမြောင်းသွားကာ သူမ၏မျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့သော အမူအရာသည် လုံးလုံးလျားလျား ပျက်စီးသွားပေ၏။ဒီသေသင့်တဲ့ကောင်ကတော့...ဤနေရာသည် ပုံရိပ်ယောင်သူတော်စင်ဂိုဏ်း၏ နယ်မြေပေါ်တွင် ရှိနေသည်မှာ ရှင်းလင်းနေသည့်တိုင် သူသည် မည်သည်ကြောင့် ဤမျှထိ လွှမ်းမိုးချုပ်ကိုင်သည်အထိ ရဲတင်းနေရသနည်း...သို့သော် သူမ၏စကား မဆုံးမီမှာပင်...ဝုန်း...ခုံးဝူတောက်သည် လက်သီးတစ်ချက်ကို ထုတ်လွှတ်လိုက်လေပြီ။သူ့အပေါ် သတ်ဖြတ်လိုခြင်း အကြံအစည်များ ဖြစ်ပေါ်နေပြီဖြစ်သော ကောင်းကင်ကံကြမ္မာ အမျိုးသမီး ဇာတ်ဆောင်တစ်ယောက်...သူမကို အမဲလိုက်ခွေးတစ်ကောင်အဖြစ် ယဉ်ပါးအောင် သွေးဆောင်ရန် တန်ဖိုး မရှိတော့ပေ။သူမကို မသတ်ဘဲ ပုန်းကွယ်နေသော အန္တရာယ်တစ်ခုအနေဖြင့် ချန်ထားခဲ့ရမည်လော...တောက်ပနေသော လက်သီးချီအလင်းတန်းသည် နေကြီးတစ်စင်း ကျဆင်းလာသကဲ့သို့ဖြစ်ပြီး နတ်ဘုရား အလင်းတန်းများ၏ ဧရာမလေလှိုင်းလုံးကြီးတစ်ခု အနောက်သို့ တလိမ့်လိမ့်ထသွားသည်။ပုံရိပ်ယောင်သူတော်စင်ဂိုဏ်း၏ ပထမဆက်ခံသူ အနေဖြင့် ရှန်ချင်းလော့၏ အနောက်တွင် တာအို အစောင့်အရှောက်တစ်ယောက် မရှိသည့်တိုင်...သူမသည် သူမ၏ဂိုဏ်းမှ ကျွမ်းကျင်သူ တစ်ဦးထံမှ အထူးကာကွယ်ရေး အမှတ်အသားတစ်ခုကို ပိုင်ဆိုင်ထားဆဲပင်။ခုံးဝူတောက် လှုပ်ရှားလိုက်သည့် အချိန်အခိုက်အတန့်မှာပင် ရှန်ချင်းလော့၏ ခန္ဓာကိုယ်ပေါ်ရှိ ကာကွယ်ရေး အမှတ်အသားသည် အလိုအလျောက် အသက်ဝင်လာခဲ့သည်။စွမ်းအားကြီးမားသော မှုန်ဝါးသည့် ပုံရိပ်ယောင်တစ်ခု တိတ်ဆိတ်စွာ ထွက်ပေါ်လာပြီး ရှန်ချင်းလော့အတွက် ဤလက်သီးချက်ကို တားဆီးရန် ကြိုးစားလိုက်၏။သို့သော် ထိုပုံရိပ်ယောင်သည် ခုံးဝူတောက်၏ လက်သီးချက်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို လျှော့တွက်ခဲ့ကြောင်း သိသာရှင်းလင်းနေသည်။တောက်ပနေသော လက်သီးချိအလင်းတန်းသည် အထက်သို့ တလိမ့်လိမ့်ထသွားသည်။ပုံရိပ်ယောင်သည် အလင်းအကာအကွယ်အလွှာတစ်ခုကို စုစည်းလိုက်သော်လည်း ထိုအရာသည် ခုံးဝူတောက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို လုံးလုံးလျားလျား မတားဆီးနိုင်ခဲ့ချေ။ဝုန်း....နောက်တခဏတွင်...လက်သီးချီအလင်းတန်းသည် ဥပဒေသ အားလုံးကို ဖိနှိပ်လိုက်ပြီး အရာအားလုံးကို တံမြက်စည်းလှည်းသကဲ့သို့ ရှင်းလင်းလိုက်သည်။ရှန်ချင်းလော့၏ ကာကွယ်ရေး နည်းလမ်းများသည် လုံးလုံးလျားလျား အသုံးမဝင်ခဲ့ပေ။ထိုအရာများသည် ကျိုးပဲ့လွယ်သော စက္ကူစများကဲ့သို့ ချက်ချင်းဆိုသလိုပင် အမှုန်အမွှားများအဖြစ် ခြေမွှဖျက်ဆီးခြင်းခံလိုက်ရသည်။ထိုလက်သီးချီအလင်းတန်းသည် အရှိန်လျော့ကျသွားဘဲ ရှန်ချင်းလော့ထံသို့ တိုက်ရိုက်ထိုးနှက်သွားတော့သည်။ဘုန်း...ထိုကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်သော လက်သီးချက်အောက်တွင် ရှန်ချင်းလော့၏ခန္ဓာကိုယ် အစ်တ်အပိုင်းအများစုသည် ချက်ချင်းပေါက်ကွဲသွားပြီး သူမ၏ အဝတ်အစားများသည် သွေးများနှင့် ရောနှောကာ နေရာအနှံ့သို့ လွင့်စင်သွားတော့သည်။"ခုံးဝူတောက်... နင်က သနားညှာတာမှုကို ပြသပါအုံး...""တကယ်လို့ နင် ဒီ မိုးမခပင်ကို လိုချင်တယ်ဆိုရင်... ငါ နင့်ကို ပေးပါ့မယ်... နင် တကယ်ပဲ ငါ့ကို သတ်ပစ်ဖို့ လိုလို့လား..."သူမ၏ခန္ဓာကိုယ်ရှိ နာကျင်မှုများကလည်း ရှန်ချင်းလော့ကို အလွန်အမင်း ဒေါသထွက်စေခဲ့၏။သို့သော် ကံမကောင်းစွာဖြင့် သူမသည် ခုံးဝူတောက်၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။သူမ လုပ်နိုင်သည်မှာ သူမ၏ရုပ်ခန္ဓာကိုယ်ကို အပြည့်အဝ အသက်သွင်းရန်ပင်။သူမ ရရှိထားသော ပြင်းထန်သည့် ဒဏ်ရာများကြောင့် သစ်ပင်ပန်းမန်များ၏အသက်စွမ်းအားကို စုပ်ယူကာ သူမကိုယ်သူမ ပြန်လည်ကုသလိုခြင်းဖြစ်သည်။"အရူးမ..."ခုံးဝူတောက်က လှောင်ပြောင်လိုက်ပြီး တစ်ဖက်လူကို သူမ၏ အသက်စွမ်းအားများ ပြန်လည်ရရှိရန် အခွင့်အရေး ပေးရန် မရည်ရွယ်ကြောင်း ရှင်းလင်းနေကာ သူ၏လက်ဝါးဖြင့် နောက်ထပ်လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ဤ ကောင်းကင်ကံကြမ္မာ အမျိုးသမီးဇာတ်ဆောင်သည် သူမကိုယ်သူမ အမြဲတစေ အလွန်အထင်ကြီးနေပေ၏။သူ ခုံးဝူတောက် လိုချင်သော အရာများကို...အခြားသူ၏ ခွင့်ပြုချက်ကို တောင်းခံရန် သူ မည်သည့်အချိန်ကများ လိုအပ်ခဲ့ဖူးသနည်း...ဤသည်မှာ အမှန်တကယ်ကို ပုရွက်ဆိတ် တစ်ကောင်ပင်။ ထို့ပြင် သူမသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေသည်။ဝုန်း...သိပ်သည်းကြွယ်ဝသော ကမ္ဘာဦးစွမ်းအားများဖြင့် ဖုံးလွှမ်းထားသည့် ရွှေရောင်ဧရာမ လက်ဝါးပုံရိပ်ယောင်ကြီးသည် ဟင်းလင်းပြင်၏ ကျယ်ပြန့်သော အစိတ်အပိုင်းများကို ခြေမွှဖျက်ဆီးကာ မိုးကောင်းကင်မှနေ၍ ရှန်ချင်းလော့ထံသို့ ထိုးဆင်းလာခဲ့သည်။ဤတစ်ကြိမ်တွင် ရှန်ချင်းလော့သည် လုံးလုံးလျားလျား ခုခံနိုင်စွမ်း မရှိတော့ချေ။တလိမ့်လိမ့်ထနေသော ဥပဒေသသမုဒ္ဒရာက သူမ၏ ခန္ဓာကိုယ်နှင့် နတ်ဘုရားစိတ်ဝိညာဉ်ကို ခြေမွှပြီး အမှုန့်ကြိတ်ပစ်လိုက်သည်ကို သူမ ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်ရုံသာ တတ်နိုင်တော့သည်။ပတ်ဝန်းကျင်နေရာတဝိုက်လုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားပေ၏။မိုးကောင်းကင်ယံအထက်တွင် ရွှေရောင် အလင်းတန်းများ ဖုံးလွှမ်းနေသော သွေးမြူများသာ ပွင့်လန်းပြီး တလိမ့်လိမ့်ထနေခဲ့သည်။ထျန်းဟောက်တာအိုနယ်မြေရှိ မရေမတွက်နိုင်သော သက်ရှိများ၏အမြင်တွင် ပြိုင်ဘက်ကင်းအောင် လှပသည့် နတ်မိမယ်လေးသည် ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်၏လက်ဝါးကြောင့် ခန္ဓာကိုယ်နှင့် နတ်ဘုရားစိတ်ဝိညာဉ် နှစ်ခုလုံး လုံးလုံးလျားလျား ခြေမွှဖျက်ဆီးခြင်းခံလိုက်ရလေပြီ။[ဒင်..သခင်က ကောင်းကင်ကံကြမ္မာ အမျိုးသမီး ဇာတ်ဆောင် ရှန်ချင်းလော့ကို အမဲလိုက်ခဲ့ပြီးတော့ သူ့ရဲ့ ကျန်ရှိနေတဲ့ ကောင်းကင်ကံကြမ္မာအမှတ် ၉၀၀၀ ကို အောင်မြင်စွာ ရရှိသွားပါပြီ][ဂုဏ်ယူပါတယ် သခင်... သစ်ပင်ပန်းမန် မဟာတာအို အပိုင်းအစ ၂၃၀၀ အသက်စွမ်းအင် မဟာတာအို အပိုင်းအစ ၂၆၀၀ လှံ မဟာတာအို အပိုင်းအစ ၂၀၀၀ ကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်...]သူ၏နားနံဘေးမှ ထွက်ပေါ်လာသော စနစ်၏ အသံကို နားထောင်ရင်း ခုံးဝူတောက်၏ စိတ်ခံစားမှုများသည် များစွာအတက်အကျ မရှိခဲ့ချေ။ဤကံကြမ္မာသမီးတော်သည် အလွန်စိတ်ပျက်စရာ ကောင်းလှ၏။ သူမထံတွင် စုစုပေါင်း ကောင်းကင်ကံကြမ္မာအမှတ် ၉၅၀၀သာ ရှိနေသည်။အသားတုံးကြီး တစ်တုံးကို မြည်းစမ်းဖူးပြီးဖြစ်ရာ ခုံးဝူတောက်သည် ဤအရာကို အမှန်တကယ်ပင် စိတ်မဝင်စားတော့ချေ။ယခင်က ချူယွန်ရှီးဆိုလျှင် သူမသည် ကောင်းကင်ကံကြမ္မာအမှတ် ၁၈၀၀၀၀တိတိ ပိုင်ဆိုင်ထားသည် မဟုတ်လော...ယဉ်ပါးအောင် သွေးဆောင်သည့် လုပ်ငန်းစဉ်က အနည်းငယ် ခက်ခဲသော်လည်း...သို့သော် ဤရှန်ချင်းလော့က ချူယွန်ရှီး၏ အစိတ်အပိုင်း တစ်ခုကိုပင် မယှဉ်နိုင်ချေ။ထို့ပြင် ရှန်ချင်းလော့၏ လက်ရှိစွမ်းအားသည် အလွန် အားနည်းလွန်းနေပေ၏။အမဲလိုက်သည့် လုပ်ငန်းစဉ်ကို တမင်သက်သက် ဖြတ်သန်းရခြင်းက သူ့အတွက် ပျော်စရာ မဟုတ်ဘဲ အချိန်ဖြုန်းခြင်းသာ ဖြစ်ပေမည်။ထို့ပြင် တစ်ဖက်လူက သူ့အပေါ် သတ်ဖြတ်လိုသည့် အကြံအစည်များပင် ဖြစ်ပေါ်နေလေပြီ။တစ်ဖက်လူကို အနောက်ဘက် သုခဘုံဆီ တိုက်ရိုက် ပို့ပေးလိုက်ခြင်းက အကောင်းဆုံးဖြေရှင်းနည်းပင်။"ဒါပေမယ့်... ကောင်းကင်ကံကြမ္မာ အမျိုးသမီး ဇာတ်ဆောင် ရှိတဲ့ နေရာတိုင်းမှာ... ကောင်းကင်ကံကြမ္မာ အမျိုးသား ဇာတ်ဆောင် တစ်ယောက် သေချာပေါက် ရှိနေတတ်တယ်..."ခုံးဝူတောက်၏စိတ်နှလုံးသားထဲတွင် သံသယတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး သူက စဉ်းစားရင်း တီးတိုးရေရွတ်လိုက်သည်။"ဘာလို့လဲ... ငါက ကောင်းကင်ကံကြမ္မာ အမျိုးသမီး ဇာတ်ဆောင်ကို သတ်လိုက်ပေမယ့် ကောင်းကင်ကံကြမ္မာ အမျိုးသား ဇာတ်ဆောင်ရဲ့ သဲလွန်စကို လုံးဝ မတွေ့ရသေးတာလဲ..."ယခင် အမဲလိုက်မှု သမိုင်းကြောင်းအရ ကောင်းကင်ကံကြမ္မာ အမျိုးသမီးဇာတ်ဆောင်နှင့် ကောင်းကင်ကံကြမ္မာ အမျိုးသားဇာတ်ဆောင်တို့သည် တွဲဖက်များ မဟုတ်လျှင်ပင်...သူတို့သည် တူညီသော တာအိုနယ်မြေတွင် ထွက်ပေါ်လာလေ့ရှိပြီး အနည်းနှင့်အများဆိုသလို အပြန်အလှန် ဆက်သွယ်မှုများပင် ရှိကြသည်။ယခု ထျန်းဟောက်တာအိုနယ်မြေတွင် ကြုံတွေ့နေရသော အခြေအနေသည် အနည်းငယ် ထူးဆန်းနေပုံ ရပေ၏။[သခင့်ရဲ့ အခက်အခဲကို ထောက်လှမ်းတွေ့ရှိရတဲ့အတွက် စနစ်က သခင့်ရဲ့ မေးခွန်းတွေကို ဖြေဖို့ အွန်လိုင်းရောက်နေပါပြီ...][ထျန်းဟောက် တာအိုနယ်မြေရဲ့ အခြေအနေက အတော်လေး ထူးခြားတယ်...ဒီတာအိုနယ်မြေမှာ ကျန်ရှိနေတဲ့ ကောင်းကင်ကံကြမ္မာ စွမ်းအားတွေအားလုံးကို လက်ရှိမှာ ဒီမိုးမခပင်က စုပ်ယူနေပါတယ်...][ဘာကြောင့်လဲဆိုတော့ ဒီ မိုးမခပင်က မွေးရာပါမူလအစနဲ့ သက်ဆိုင်ပြီး တိကျတဲ့လိင် မရှိလို့ပါ... ပြီးတော့ ကံကြမ္မာသမီးတော်တစ်ယောက်က ဒီနယ်မြေမှာ ထွက်ပေါ်လာပြီးသား ဖြစ်တာကြောင့် ဒီနယ်မြေရဲ့ ကောင်းကင်ကံကြမ္မာစွမ်းအားက ဒီ မိုးမခပင်ကို ကောင်းကင်ကံကြမ္မာ အမျိုးသားဇာတ်ဆောင် အဖြစ် သတ်မှတ်လိုက်တာပါ...]စနစ်၏ရှင်းပြချက်မှတစ်ဆင့် ခုံးဝူတောက် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ကြိုတင်သတ်မှတ်ထားသော အဖြစ်အပျက်များ အရ ဤမိုးမခပင်ကို ရလဒ်နှစ်ခုကသာ စောင့်ကြိုနေပေမည်။ပထမအချက်မှာ အင်ပါယာကိုးခု မဟာမိတ်စစ်တပ်၏ ကျူးကျော်မှုကြောင့် တစ်ဖက်လူသည် ပုံစံပြောင်းလဲခြင်း ထုံးတမ်းစဉ်လာကို စွန့်လွှတ်ကာ အကျပ်အတည်းကို ခုခံပြီး မဟာရှားအင်ပါယာကို ဘေးဒုက္ခမှ ကျော်လွှားနိုင်ရန် ကူညီပေးရုံမှတစ်ပါး တခြားရွေးချယ်စရာရှိမည်မဟုတ်ပေ။ဒုတိယအချက်မှာ မဟာရှားအင်ပါယာသည် ဤမိုးမခပင်ကို ကောင်းကင်ကံကြမ္မာ အမျိုးသမီးဇာတ်ဆောင် ရှန်ချင်းလော့ထံသို့ ပေးအပ်လိမ့်မည်။နောက်ဆုံးတွင် မိုးမခပင်သည် အမျိုးသားတစ်ဦးအဖြစ် အောင်မြင်စွာ အသွင်ပြောင်းသွားပြီး ဤနယ်မြေ၏ ကောင်းကင်ကံကြမ္မာ အမျိုးသား ဇာတ်ဆောင် ဖြစ်လာပေလိမ့်မည်။သို့သော် ဤအရာအားလုံးသည် သူ၏ဝင်ရောက်စွက်ဖက်မှုကြောင့် လုံးဝကွဲပြားခြားနားသော ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်သွားသည်။ပုံစံပြောင်းလဲခြင်းကိုပင် အောင်မြင်အောင် မလုပ်နိုင်သေးသော အသစ်စက်စက် ကောင်းကင်ကံကြမ္မာ သက်ရှိတစ်ဦးကို သူက ကြိုတင်ယူဆောင်ထားပြီး ဖြစ်ပေ၏။ခုံးဝူတောက်က အနည်းငယ် မျှော်လင့်နေမိသည်။ဤမိုးမခပင် အောင်မြင်စွာ ပုံစံပြောင်းလဲပြီးနောက်တွင်...သူ ပိုင်ဆိုင်ထားသော ကောင်းကင်ကံကြမ္မာအမှတ်များကို မည်သို့ ဆုံးဖြတ်မည်နည်း..ထိုအရာကို ယဉ်ပါးအောင် သွေးဆောင်ရန်အတွက် သူ အချိန်ဖြုန်းရန် လိုအပ်မည်လော...သို့မဟုတ် ထိုအရာထံမှ ကောင်းကင်ကံကြမ္မာအမှတ်များကို သူ တိုက်ရိုက် ရနိုင်မည်လော...ခုံးဝူတောက် စဉ်းစားနေစဉ်မှာပင်...ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိခဲ့ရသော တခြားကျင့်ကြံသူများသည် ကြောက်ရွံ့နေကြပြီး သူတို့၏မျက်နှာများ ဖြူရော်နေသည်။"အိုး ဘုရားရေ... နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က အရမ်းရက်စက်လွန်းနေတာ မဟုတ်ဘူးလား... နတ်မိမယ်လေးချင်းလော့ကို သူက စကားတစ်ခွန်းမှ မပြောဘဲ သတ်ပစ်လိုက်တာပဲ...""ဒီလောက် လှပတဲ့ မိန်းကလေးကို သူက ဒီအတိုင်း သတ်ပစ်လိုက်တာပဲ... ခန္ဓာကိုယ်တစ်ဝက်တောင် မကျန်ဘူး... လူတစ်ကိုယ်လုံးကို သွေးမြူတွေဖြစ်တဲ့အထိ ခြေမွှဖျက်ဆီးလိုက်တယ်...""နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့ လုပ်ရပ်က အရမ်းရမ်းကားလွန်းနေတာ မဟုတ်ဘူးလား..."ရုတ်တရက် တစ်စုံတစ်ယောက်က စကားပြောဆိုလိုက်သည်။"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့ အဆင့်အတန်းက မြင့်မြတ်ပေမယ့်... ဒီနေရာက ဘယ်လိုပဲကြည့်ကြည့် ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းရဲ့ နယ်မြေပေါ်မှာ ရှိနေတာပဲ...""နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းရဲ့ ပထမဆက်ခံသူကို တိုက်ရိုက် သတ်ပစ်လိုက်တယ်... ဒါက ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းရဲ့ မျက်နှာကို အကြီးအကျယ် ဖြတ်ရိုက်လိုက်တာပဲ... ဒီကိစ္စကို လွယ်လွယ်ကူကူ အဆုံးသတ်လို့ရမှာ မဟုတ်ဘူး..."သူတို့ တွေးထင်ထားသည့်အတိုင်း နောက်တခဏမှာပင်...လူတိုင်း လျှပ်စီးမိုးကြိုးဖြင့် ပစ်ခတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ကောင်းကင်ယံသို့ ထိတ်လန့်တကြား မော့ကြည့်လိုက်ကြ၏။ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာမှ ပျံ့နှံ့လာသည်။ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများ ရစ်သိုင်းနေသည့် မရေမတွက်နိုင်သော အလင်းတန်းများက တိမ်ပင်လယ်ကြီးများကို ဆုတ်ဖြဲသွားသည်။ကျိုးပေါက်သွားသော ရေလွှမ်းမိုးမှုတစ်ခုကဲ့သို့ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော ဥပဒေသ စွမ်းအားများ တလိမ့်လိမ့်ထလာသည်။သူတို့ကို ဦးဆောင်လာသူမှာ ခရမ်းရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပင်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော သူတော်စင်အရှိန်အဝါများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ကျင့်ကြံခြင်းသည် သူတော်စင်သခင် နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိသာရှင်းလင်းနေသည်။ထိုအမျိုးသား၏အရှိန်အဝါသည် ကြီးကျယ်ခမ်းနားနေပြီး သူ၏မျက်နှာတွင် အဆုံးမဲ့ဒေါသများ ပြည့်နှက်နေကာ သူ၏အသံသည် မိုးခြိမ်းသံအလား စကြဝဠာ၏ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။"ဘယ်သူလဲ...""ငါတို့ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းရဲ့ နယ်မြေပေါ်မှာ... ငါတို့ဂိုဏ်းရဲ့ ပထမဆက်ခံသူကို သတ်တဲ့အထိ ဘယ်သူက ရဲတင်းတာလဲ..."