← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း (၁၉၀)ကြီးသူကို ရိုသေပြီး အငယ်ကို လေးစားပါ....ပြီးတော့ မင်းတို့ကို အတူတူ လာဖို့ အခွင့်အရေး တစ်ခု ပေးမယ်

ခုံးဝူတောက် လှုပ်ရှားလိုက်သည့် အချိန်မှစ၍ ထျန်းရှင်းသူတော်စင်ကို သတ်ဖြတ်လိုက်သည့် အချိန်အထိ အသက်သုံးရှိုက်စာအချိန်လေးသာ ကုန်ဆုံးသွားသည်။တောက်ပသောအလင်းရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ...မိုးကောင်းကင်ယံအထက်တွင် နတ်ဘုရားလှံရှည်ကို ကိုင်ဆောင်ထားသော အဖြူရောင်ဝတ်စုံဝတ် ပုံရိပ်ကို စိုက်ကြည့်နေကြသည့်...ကျန်ရှိနေသော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ သုံးဦးနှင့် စောင့်ကြည့်နေသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများအားလုံး လျှပ်စီးမိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြပြီး လုံးလုံးလျားလျား အူဝေကာ နေရာမှာပင် မှင်သက်သွားကြတော့သည်။"သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်က... တကယ်ကြီး ဒီလိုမျိုး ပေါ့ပေါ့ပါးပါး သေသွားတာလား...""ပြီးတော့ အစကနေ အဆုံးထိ အသက်သုံးရှိုက်စာ အချိန်လေးပဲ ကြာလိုက်တယ်..."အကယ်၍ ဤသူတော်စင်ကို သတ်လိုက်သူသည် ပို၍သန်မာအားကောင်းသော သူတော်စင်သခင် နယ်ပယ် ကျွမ်းကျင်သူသာဆိုလျှင် သူတို့၏ နားလည်မှုက ထိုအရာကို အတင်းအကြပ် လက်ခံနိုင်ပေမည်။သို့သော် ဤသူတော်စင်နယ်ပယ် အဆင့်ခြောက် တည်ရှိမှုကို သတ်လိုက်သူမှာ...သူတော်စင်နယ်ပယ်၏ အောက်တွင်ရှိသော လူငယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်။ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးတွင် နယ်ပယ်များကို ကျော်လွန်၍ တိုက်ခိုက်နိုင်သော အမြင့်မြတ်ဆုံး ပါရမီရှင် အများအပြား ရှိသော်လည်း....ခုံးဝူတောက်ကဲ့သို့ အဆင့်ငယ်ရှစ်ခုကို တိုက်ရိုက်ဖြတ်ကျော်ပြီး အသက်သုံးရှိုက်စာအချိန်အတွင်း ၌ သူ၏ရန်သူကိုပင် သတ်ပစ်နိုင်သူမျိုးဆိုသည်မှာ သူတို့ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။သူတို့ ပို၍တွေးတောလေလေ သူတို့၏ အံ့အားသင့်မှုနှင့်ကြောက်ရွံ့မှုမှ ပြန်လည်သက်သာလာရန် ပို၍ခက်ခဲလေလေပင်။အံ့အားသင့်မှုနှင့်မယုံကြည်နိုင်မှုတို့သည် ဒီရေလှိုင်းတစ်ခုကဲ့သို့ ဆူပွက်လာပြီး သူတို့ထံသို့ အဆက်မပြတ် တလိမ့်လိမ့်စီးဝင်လာခဲ့သည်။ဤကိစ္စက ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိခဲ့ရသော မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ နတ်ဘုရားစိတ်ဝိညာဉ်များကို ထုံကျင်သွားစေပြီး သူတို့၏မျက်လုံးများ မျက်လုံးအိမ်များထဲမှ ကျွတ်ထွက်လုနီးပါး ဖြစ်သွားစေခဲ့သည်။ခုံးဝူတောက်သည် သူတို့၏ဦးရေပြားကို ထုံကျဉ်သွားစေသည်အထိ သန်မာအားကောင်းနေရုံသာမက...ခုံးဝူတောက်က စီးနင်းသောသားရဲအဖြစ် အသုံးပြုသော ဧရာမနဂါးသည်လည်း ယုံကြည်နိုင်စရာ မကောင်းလောက်အောင် သန်မာအားကောင်းနေပေ၏။သူ၏ သူတော်စင်နယ်ပယ် အဆင့်ခုနစ် ကျင့်ကြံခြင်းဖြင့် သူတော်စင်သခင်နယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို သူ အမှန်တကယ် ဖိနှိပ်နိုင်ခဲ့သည်။"ဒီလောက် အားနည်းတဲ့ ခန္ဓာကိုယ်နဲ့တောင် သူတော်စင်နယ်ပယ်ကို ရောက်နေသေးတယ်... တကယ့်ကို စိတ်ပျက်စရာပဲ..."ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်သည် တန်ရာနှင့်ချီ လေးလံသော နတ်ဘုရားလှံရှည်ကို လက်တစ်ဖက်တည်းဖြင့် မြှောက်လိုက်ပြီး ထိုလှံရှည်၏ ငွေဖြူရောင်တောက်ပနေသော လှံသွားဖြင့် ကျန်ရှိနေသော သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ သုံးဦးကို ညွှန်ပြလိုက်၏။သူ၏ အာရုံခံနိုင်စွမ်းအရ...ကျန်ရှိနေသော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ သုံးဦး၏ကျင့်ကြံခြင်းသည် သူ သတ်ဖြတ်ခဲ့သော ထျန်းရှင်းသူတော်စင်ထက် ပို၍သန်မာအားကောင်းသည်။လူနှစ်ဦးမှာ သူတော်စင်နယ်ပယ် အဆင့်ခုနစ်ဖြစ်ပြီး ကျန်တစ်ဦးမှာ သူတော်စင်နယ်ပယ် အဆင့်ရှစ် ဖြစ်နေသည်။"ဘာပဲဖြစ်ဖြစ်... အဲ့ဒါက အဆင့်ငယ်ရှစ်ခုကို ဖြတ်ကျော်ရုံပဲလေ... အရင်က အဆင့်ငယ်ရှစ်ခုနဲ့ သိပ်မကွာပါဘူး...""ဒီနတ်ဘုရားသားတော်က ကြီးသူကို ရိုသေပြီး ငယ်သူကို လေးစားတယ်..."ခုံးဝူတောက်၏ နှုတ်ခမ်းများသည် ယုံကြည်မှုရှိသော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။"ငါ့ဆီကို အတူတူလာဖို့ မင်းတို့ကို အခွင့်အရေး တစ်ခု ပေးမယ်..."ပတ်ဝန်းကျင်နေရာတဝိုက်လုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ခြင်းသို့ ကျရောက်သွားခဲ့၏။ခုံးဝူတောက်၏ စကားများကို ကြားလိုက်ရသော မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏စိတ်များအတွင်းတွင် အော်ဟစ်လိုက်မိသည်။"သောက်ကျိုးနည်း...""ကြီးသူကို ရိုသေပြီး ငယ်သူကို လေးစားတာလား...""နယ်ပယ်များကို ကျော်လွန်ပြီး တိုက်ခိုက်တာ... ပြီးတော့ ပြိုင်ဘက်တွေကို အတူတူ တိုက်ခိုက်ခိုင်းတာကို ကြီးသူကို ရိုသေပြီး ငယ်သူကို လေးစားတယ်လို့ မင်းက ခေါ်တာလား...""တကယ်ကို မောက်မာလွန်းတာပဲ...""နယ်ပယ်တွေကို ကျော်ဖြတ်တာက မလုံလောက်လို့ သူက သုံးယောက်တစ်ယောက် တကယ်ကြီး တိုက်ခိုက်ချင်နေတာလား..."ကျန်ရှိနေသော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူသုံးဦးသည် ခုံးဝူတောက်က သူတို့၏အဖော်တစ်ဦးကို အသက်သုံးရှိုက်စာအချိန်အတွင်း ၌ သတ်ဖြတ်လိုက်သည်ကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း သတိထားနေကြလေပြီ။သို့သော် ခုံးဝူတောက်၏စကားများ ပဲ့တင်ထပ်သွားချိန်တွက် သူတို့သည် အလွန်အမင်း ဒေါသထွက်လာပြီး သူတို့၏နဖူးတွင် သွေးကြောများပင် ထောင်ထလာတော့သည်။အထူးသဖြင့် ကြီးသူကိုရိုသေပြီး ငယ်သူကိုလေးစားသည်ဆိုသော စကားစုပင်။သူတို့၏နားထဲတွင် ဤသည်က များစွာအန္တရာယ် မရှိသော်လည်း အလွန်အမင်း စော်ကားခံရသကဲ့သို့ ခံစားလိုက်ရသည်။ ဤမျှထိ နှစ်ပေါင်းကြာမြင့်စွာ ကျင့်ကြံလာခဲ့သည့်တိုင် သူတို့သည် မည်သည့်အချိန်က ဤကဲ့သို့ အရှက်ခွဲခံရဖူးသနည်း။သူတို့၏ဂုဏ်သိက္ခာအတွက် သူတို့ တိုက်ခိုက်ရပေမည်။"သူက သေခြင်းတရားကို ရှာဖွေနေတာပဲ... ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားကျယ်ပြန့်မှုကို တကယ်မသိတာပဲ...""ဟမ့်... သူက အဲ့ဒါကို တောင်းဆိုနေမှတော့... ငါတို့ ယဉ်ကျေးနေစရာ မလိုတော့ဘူး... အတူပူးပေါင်းပြီး တိုက်ခိုက်ကြစို့..."ကျန်ရှိနေသော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ သုံးဦးသည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော သူတော်စင်စွမ်းအား မုန်တိုင်းတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာသည်။ကျင့်ကြံသူတစ်ဦး သူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက်...သူတို့ မူလက ထိန်းချုပ်ထားသော ဥပဒေသ စိတ်ဝိညာဉ်ချီသည် အသွင်ပြောင်းသွားပြီး နောက်ဆုံးတွင် သူတော်စင်နယ်ပယ် ကျင့်ကြံသူများအတွက် သီးသန့်ဖြစ်သော သူတော်စင်စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။သူတော်စင် စွမ်းအား...ထိုစွမ်းအားသည် ကောင်းကင်နှင့်မြေကြီး၏ ပို၍သန့်စင်သော ဥပဒေသတစ်ခုပင်။ထိုအရာသည် ကျင့်ကြံသူများကို ကောင်းကင်နှင့်မြေကြီးနှင့် ပို၍ကောင်းမွန်စွာ ဆက်သွယ်နိုင်ရန်၊ လောက၏ မဟာတာအိုကို နားလည်သဘောပေါက်ရန်နှင့် နက်နဲသိမ်မွေ့သော တာအိုစည်းမျဉ်းများစွာကို ဆုပ်ကိုင်နိုင်ရန် ကူညီပေးသည်။ဝုန်း...လေနှင့်တိမ်တိုက်များ တလိမ့်လိမ့်လာပြီး သန့်စင်သော အလင်းရောင်များ တောက်ပလာခဲ့သည်။သူတော်စင်နယ်ပယ် ကျွမ်းကျင်သူသုံးဦးသည် သူတို့၏ သူတော်စင်ဥပဒေသ ဓမ္မပုံရိပ်ယောင်များကို ထုတ်ဖော်လိုက်ကြ၏။နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင်များနှင့် နှိုင်းယှဉ်ပါက...သူတော်စင် ဥပဒေသ ဓမ္မပုံရိပ်ယောင်များသည် ပို၍ခိုင်မာပြီး ပို၍သန့်စင်သည်။နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင်ကို စုစည်းခြင်းက တစ်စုံတစ်ဦး၏ ကိုယ်ပိုင်စွမ်းအားကို ပိုင်းခြားပစ်ပေလိမ့်မည်။သို့သော် သူတော်စင် ဥပဒေသ ဓမ္မပုံရိပ်ယောင်ကို ဆင့်ခေါ်ခြင်းကမူ တစ်စုံတစ်ဦး၏ မူလစွမ်းအားကို ကြီးမားစွာ မြှင့်တင်ပေးပေလိမ့်မည်။"ကောင်းကင် လောင်ကျွမ်းခြင်းဘီး..."ဦးဆောင်လာသော သူတော်စင်နယ်ပယ် အဆင့်ရှစ် ကျွမ်းကျင်သူက သူ၏ မူလတာအိုလက်နက်ကို ဆင့်ခေါ်လိုက်၏။ရွှေရောင်အလင်းတန်းများ လည်ပတ်နေသည့် ဘီးကြီးတစ်ခုက ခုံးဝူတောက်၏ခေါင်းပေါ်တွင် ချက်ချင်းထွက်ပေါ်လာသည်။ထိုအရာသည် ဖြည်းညင်းစွာ လည်ပတ်နေစဉ် ကမ္ဘာဖျက်ကြိတ်ဆုံကျောက်တစ်ခုနှင့် တူပြီး ထိုအရာ၏ လမ်းကြောင်းရှိ အရာအားလုံးကို ခြေမွှဖျက်ဆီးမည့် ဖျက်ဆီးလိုသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။"ထိုက်ယီ စေတီ... ထွက်လာခဲ့...""မိုးပြာငရဲဓား... လာခဲ့..."တခြားသူတော်စင်နှစ်ဦးကလည်း သူတို့၏ မူလတာအိုလက်နက်များကို ဆင့်ခေါ်လိုက်ကြ၏။သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကြယ်များကဲ့သို့ တောက်ပနေပြီး ပို၍ပို၍ကြောက်မက်ဖွယ်ကောင်းသော သူတော်စင်အရှိန်အဝါကို ထုတ်လွှတ်ထားသည်။"တိုက်ခိုက်ကြစမ်း..."ဦးဆောင်လာသော သူတော်စင်နယ်ပယ် အဆင့်ရှစ် ကျွမ်းကျင်သူ၏ ဒေါသတကြီး ဟိန်းဟောက်သံအပြီးတွင်...သူတော်စင်နယ်ပယ် ကျွမ်းကျင်သူသုံးဦးလုံး နားလည်သွားကြသည်။သူတို့၏ မူလတာအိုလက်နက်များကို အသက်သွင်းနေစဉ် သူတို့သည် ခုံးဝူတောက်ကို ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်လိုက်သည်။မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အသက်ပင် မရှူရဲဘဲ အာရုံစိုက်ထားကြပြီး ကောင်းကင်ယံ အထက်ရှိ မြင်ကွင်းကို မမှိတ်မသုန် စိုက်ကြည့်နေကြ၏။"အဲ့ဒီမြင်ကွင်းက အရမ်းကို ထိတ်လန့်စရာ ကောင်းလွန်းတယ်...""ခရမ်းရောင် ကောင်းကင် မိုးကြိုးတွေ အပြန်အလှန် ဖြတ်သန်းနေပြီးတော့ ဖျက်ဆီးခြင်း ဓားချီစွမ်းအင်မြစ်ကြီးက စီးဆင်းနေတယ်...""ပြီးတော့ ဆူပွက်ပြီး ခမ်းနားကြီးကျယ်တဲ့ ဖျက်ဆီးခြင်း ရေစီးကြောင်းကြီးက တလိမ့်လိမ့်ထနေတယ်..."အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ စုံစည်းလာပြီး အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးကို လုံးလုံးလျားလျား ခြေမွှဖျက်ဆီးရန် ရည်ရွယ်ထားသည်။သို့သော် ခုံးဝူတောက်သည် မည်သည့်ကြောက်ရွံ့မှုကိုမျှ မပြသခဲ့ချေ။ထိုအစား ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒသည် သူ၏ နက်ရှိုင်းသော မျက်လုံးများတွင် တောက်လောင်နေပေ၏။သူ၏ အဖြူရောင်ဝတ်ရုံ လူးလွန့်နေပြီး သူ၏ အနက်ရောင် ဆံပင်များ ပျံလွင့်နေသည်။သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဟင်းလင်းပြင် ဖရိုဖရဲစွမ်းအားများသည် စကြဝဠာ လေဝဲကြီးတစ်ခုကဲ့သို့ သူ့ကို ဝန်းရံနေသည်။သူ၏တစ်ကိုယ်လုံးတွင် သွေးချီစွမ်းအားများ ဆူပွက်နေပြီး နဂါးများနှင့်ဆင်များကဲ့သို့ ဟိန်းဟောက်သံများ ပေါက်ကွဲထွက်ပေါ်နေပေ၏။"ဝီ..."သူ၏ လက်ထဲတွင် ကိုင်ဆောင်ထားသော အသင်္ချေသရုပ်ထင်ဟပ်ခြင်းနတ်ဘုရားလက်နက်သည် သခင်၏စိတ်ခံစားမှုကို အာရုံခံမိပုံရသည်။ထိုလက်နက်၏ တောက်ပသော အလင်းရောင်များ လင်းလက်သွားသည်နှင့်အမျှ ထိုအရာမှနေ၍ တဖြောက်ဖြောက်မြည်သံများကို ထုတ်လွှတ်ထားသည်။လွှမ်းမိုးနိုင်သော နတ်ဘုရားစွမ်းရည်သည် ခုံးဝူတောက်ထံသို့ ချဉ်းကပ်လာတော့မည့် အအချိန်မှာပင်...မရေမတွက်နိုင်အောင်သော အချိန်လေဟာနယ်ပုံစံများသည် ခုံးဝူတောက်၏မျက်လုံးများမှ အနက်ရှိုင်းဆုံး နေရာတွင် ရုတ်တရက် ဖြစ်ပေါ်လာပြီး ဖော်ပြ၍မရနိုင်သော အင်မော်တယ် စွမ်းအားတစ်ခု ပျံ့နှံ့လာခဲ့သည်။ဤစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင်...အချိန်သည် အဆုံးအစမရှိ နှေးကွေးသွားပုံ ရပေ၏။မူလက လင်းလက်နေသော အရောင်များသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး ရိုးရှင်းသော အဖြူအမည်းအရိပ်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ထို့ပြင် ဤအဆုံးမဲ့ အဖြူအမည်းအရိပ်အတွင်း၌...နတ်ဘုရားလှံရှည်ကို ကိုင်ဆောင်ထားသော အဖြူရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခုတည်းသာ သူ၏ရှေ့ရှိ ဟင်းလင်းပြင်ဆီသို့ ဦးတည်၍ သူ၏လှံကို သေသပ်လှပစွာ လွှဲယမ်းလိုက်သည်အား မြင်တွေ့နိုင်ပေ၏။"ဝုန်း..."မရေမတွက်နိုင်သော ကမ္ဘာများကို နေ့ခင်းဘက်အဖြစ်သို့ လင်းထိန်သွားစေရန် လုံလောက်အောင် တောက်ပသော နတ်ဘုရား အလင်းတန်းများ တလိမ့်လိမ့်ထသွားသည်။ဟင်းလင်းပြင်နယ်ပယ်၏ ကျယ်ပြန့်သောဧရိယာများသည် ရူးသွပ်စွာ ပြိုလဲကျပြီး ခြေမွှဖျက်ဆီးခြင်း ခံလိုက်ရပေ၏။လွှမ်းမိုးနိုင်သော လှံရှည်အလင်း မီးတောက်များသည် ပြောင်းပြန်ဖြစ်နေသော ကောင်းကင်တစ်ခုအလား သူတော်စင်နယ်ပယ် ကျွမ်းကျင်သူသုံးဦး၏ အမြင့်မြတ်ဆုံး နတ်ဘုရားစွမ်းရည်များကို အမှုန်အမွှားများအဖြစ် ခြေမွှဖျက်ဆီးလိုက်သည်။သို့ရာတွင် ဤမျှနှင့် မပြီးဆုံးသေးချေ။ခုံးဝူတောက်၏နောက်တွင် ထွက်ပေါ်လာသော နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင် ဆယ့်သုံးခုသည် နောက်တစ်ကြိမ် တောက်ပစွာ လင်းလက်လာခဲ့သည်။ခုံးဝူတောက်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့်အမျှ သူ၏နံဘေးပတ်လည်ရှိ ဟင်းလင်းပြင်၏ ကျယ်ပြန့်သောနေရာများသည် လျှင်မြန်စွာ ဖိနှိပ်ခံလိုက်ရသည်။သူ၏ပုံရိပ် နောက်တစ်ကြိမ် ထွက်ပေါ်လာချိန်၌...သူသည် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူသုံးဦးနှင့် မဝေးလှသောနေရာတွင် ရောက်ရှိနေလေပြီ။"မင်းတို့ အဘိုးကြီးသုံးယောက် ပူးပေါင်းလိုက်ရင် ငါ့ကို ဖိအား နည်းနည်းလောက် ပေးနိုင်မယ်လို့ ငါ အစက ထင်ထားတာ...""အခု ကြည့်ရတာ... မင်းတို့က ငါ့ကို တကယ်ကြီး စိတ်ပျက်စေတာပဲ..."ဟင်းလင်းပြင် ဖရိုဖရဲစွမ်းအားများသည် နတ်ဘုရား လှံရှည်အပေါ်တွင် တွယ်ကပ်နေခဲ့၏။"ဝုန်း..."ခုံးဝူတောက် လှံရှည်ဖြင့် ခုတ်ပိုင်းလိုက်သည်နှင့်အမျှ ဟင်းလင်းပြင်၏ ကျယ်ပြန့်သော ဧရိယာများ ခြေမွှဖျက်ဆီးခြင်းခံလိုက်ရသည်။အချိန်လေဟာနယ်၏ စွမ်းအားကြောင့် ဖိနှိပ်ခံထားရပြီးဖြစ်သော သူတော်စင်သုံးဦးသည် ဤတိုက်ခိုက်မှုကို သူတို့ ခုခံရန် ခက်ခဲကြောင်း တွေ့ရှိလိုက်သည်။ယခုအချိန်၌ ဤလိမ်လည်လှည့်စားနေသကဲ့သို့ ဖြစ်နေသော ဖရိုဖရဲဟင်းလင်းပြင်နယ်ပယ် စွမ်းအားကို ရင်ဆိုင်ရချိန်၌..သူတို့ မည်သို့မျှ ခုခံ၍ မရတော့ချေ။ကြယ်မြစ်တစ်စင်းတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လှံရှည်အလင်းတန်းကြီး ပြိုကျလာသည်ကို သူတို့ မျှော်လင့်ချက်မဲ့စွာ စိုက်ကြည့်နေနိုင်ရုံသာ တတ်နိုင်တော့သည်။သူတို့၏ခန္ဓာကိုယ်များနှင့် နတ်ဘုရားစိတ်ဝိညာဉ်များကို ထိုလှံရှည်အလင်းတန်းက တစ်လက်မချင်းစီ ခြေမွှဖျက်ဆီးလိုက်၏။

Book 19 end.

All Chapters