အခန်း (၂၀၅-၂၀၆)
Vol. 12 Ch. 205-206
အပိုင်း (၂၀၅) ကျုပ်ရဲ့ အားနည်းချက်ကို စိန်ခေါ်ကြည့်ချင်တယ်။
သူတို့သုံးယောက် အိမ်ထဲသို့ ဝင်လာကြ၏။
ဖန်ကျန်းရီက အစေခံမလေး နှစ်ယောက်ကို သေချာစွာ အကဲခတ်လိုက်သည်။
လျိုရွှင်ဆိုတဲ့ အဘိုးကြီးက တကယ်ကို ရင်းနှီးမြှုပ်နှံရဲတာပဲ။ အစေခံမလေး နှစ်ယောက်စလုံးက အသက် ဆယ်နှစ်ကျော် အရွယ်လောက်ပဲ ရှိအုံးမယ်။
ရုပ်ရည်ချောမောလှပပြီး မျက်လုံးများက လျှပ်စစ်ဓာတ်လွှတ်နေသကဲ့သို့ ဖန်ကျန်းရီကို အဆက်မပြတ် ကြည့်နေကြ၏။
ဖန်ကျန်းရီ၏ စိတ်ထဲတွင် အနည်းငယ် ယားယံလာသည်။
ဒုက္ခပါပဲ။ မာယာထောင်ချောက် မိန်းမလှ အကွက်ဆင်တာကို ဘယ်သူ ခံနိုင်ရည် ရှိမှာလဲ။
ကိုယ်တိုင်ကလည်း အသက်နှစ်ဆယ်ကျော်အရွယ် ခွန်အားအပြည့်ရှိတဲ့ လူငယ်လေးပဲ။ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် စိတ်မထိန်းနိုင်ဘဲ မပြောသင့်တာတွေ ပြောမိသွားနိုင်တယ်။
ယောက်ျားတစ်ယောက်က မိန်းမမကြိုက်ရင် စိတ်ရောဂါ ရှိနေလို့ပဲ ဖြစ်ရမယ်။
ယခင်က အိမ်၌ လူအများကြီးရှိနေသောကြောင့် အားလုံးက ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်း နေထိုင်ခဲ့သည်။ ထို့ကြောင့် တခြားစိတ်ကူးမျိုး သိပ်မရှိခဲ့ပေ။
အရင်ကတော့ အိမ်ထဲမှာ လူအများကြီး ရှိနေတော့ အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ တခြားစိတ်ကူးတွေ သိပ်မရှိခဲ့ပေ။
သို့ပေမည့် အနားတွင် လူမရှိချိန်မှာတော့ ဖန်ကျန်းရီ၏ စိတ်ထဲတွင် သတိထားမှုများ ဖြစ်ပေါ်လာပြီး ကျိုးတဟိုင် ကို လှည့်ကြည့်ကာ အပေါ်အောက် သေချာစွာ အကဲခတ်လိုက်၏။
"ခင်ဗျားက... အိမ်ကို စောင့်ရှောက်။"
"ဟုန်ယောင်၊ လွီလျို... ကျုပ်နောက် လိုက်ခဲ့။"
ဟုန်ယောင်နှင့် လွီလျိုက အချင်းချင်း ကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် အပြုံးများ ပြည့်နှက်သွားကာ ဖန်ကျန်းရီကို ကြည့်၍ ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
သူတို့သုံးယောက် အခန်းထဲသို့ ဝင်သွားကြ၏။
ကျိုးတဟိုင်က သူတို့သုံးယောက်၏ကျောပြင်ကို ကြည့်ကာ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။
အခန်းထဲသို့ ရောက်သောအခါ ဖန်ကျန်းရီက အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး ကုတင်ပေါ်တွင် မှောက်လျက် အနေအထားဖြင့် နေလိုက်၏။
ဟုန်ယောင်က ထိုမြင်ကွင်းကို မြင်သောအခါ နားမလည်စွာဖြင့် မေးလိုက်သည်။ "သခင်လေး... ဘာခိုင်းစရာ ရှိလို့လဲ။"
"တစ်နေ့လုံး လမ်းလျှောက်ထားရတော့ ခါးနာနေတယ်။ တစ်ယောက်က ပခုံးနှိပ်ပေးပြီး နောက်တစ်ယောက်က ကျောကို နင်းပေးစမ်း။"
"ကျောနင်းပေးရမယ်။" ဟုန်ယောင်က တံတွေးတစ်ချက် မြိုချလိုက်၏။
ဒီလို ကစားနည်းမျိုးကို တစ်ခါမှ မကြားဖူးဘူး။ လူတစ်ယောက်ရဲ့ အပေါ်ကနေ နင်းရတာ အဆင်ပြေပါ့မလား။
"ဘာလို့ မလှုပ်သေးတာလဲ။ ကျုပ် ခန္ဓာကိုယ်က ပင်ပန်းနေပြီ။"
ဖန်ကျန်းရီ၏ ခန္ဓာကိုယ်က တကယ်ကို ပင်ပန်းနေ၏။ ယခင်ကဆိုလျှင် အပြင်ထွက်တိုင်း ဝေါယာဉ် သို့မဟုတ် ရထားလုံး စီးလေ့ရှိပြီး ပုံမှန်အချိန်များတွင်လည်း ရှောင်ထောင်နှင့် ရှောင်ပိုင်တို့က ပြုစုပေးလေ့ ရှိသည်။
တစ်ဝက်တစ်ပျက် ဒုက္ခိတဖြစ်နေသူတစ်ဦးအနေဖြင့် ယခုလို ကိုယ်တိုင် ပြေးလွှားနေရသည်က တကယ်ကို ဒုက္ခရောက်လှ၏။
ယခု အစေခံမလေး နှစ်ယောက် ရောက်လာတာက သူ့ကို အပန်းဖြေဖို့ ကူညီပေးနိုင်ပြီဖြစ်သည်။
ထို့အပြင် သူ၏ အားနည်းချက်ကိုလည်း စိန်ခေါ်ကြည့်ရမည်။ ကိလေသာအပေါ် ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်ရမည်။
ဟုန်ယောင်က နေရာတွင်ပင် ရှက်ရွံ့စွာ ရပ်နေရင်း ဆိုသည်။ "သခင်လေး... ကျောနင်းတယ်ဆိုတာ ဘာကို ပြောတာလဲ။"
ထိုအချိန်တွင် လွီလျိုက ဖန်ကျန်းရီ၏ ပခုံးများကို စတင် နှိပ်နယ်ပေးနေပြီ ဖြစ်၏။
ပျော့ပျောင်းသော လက်လေးများက အားအင် သင့်တင့်လျောက်ပတ်စွာ ပါရှိပြီး နေရာမှန်ကိုလည်း ကောင်းစွာ ရှာဖွေနိုင်လေရာ ဤကဲ့သို့သော အလုပ်များကို အမြဲ လုပ်နေကျ ဖြစ်ကြောင်း ထင်ရှားသည်။
"အင်း... ဘာလို့ မလှုပ်သေးတာလဲ။"
ဖန်ကျန်းရီက ဘေးသို့ လှည့်ကြည့်လိုက်ရာ ဟုန်ယောင်က နေရာတွင်ပင် ရပ်နေဆဲ ဖြစ်သည်ကို မြင်သောအခါ သတိပေးလိုက်၏။
ဟုန်ယောင်က တွန့်ဆုတ်စွာဖြင့် ဆိုသည်။ "သခင်လေး... သခင်လေးရဲ့ အင်္ကျီတွေ ညစ်ပတ်သွားမှာ စိုးလို့ပါ။"
"ငတုံးမ... ဖိနပ်နဲ့ ခြေအိတ် ချွတ်လိုက်ပေါ့။"
ဟုန်ယောင်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်နှာရဲရဲဖြင့် ခြေထောက်ရှိ ချည်ဖိနပ်လေးကို ညင်သာစွာ ချွတ်လိုက်ပြီးနောက် ဖြူဖွေးသော ခြေအိတ်ကိုလည်း ချွတ်လိုက်၏။
ကုတင်ပေါ်သို့ တက်ရန် ပြင်လိုက်ချိန်တွင် ဖန်ကျန်းရီက လှမ်းတားလိုက်သည်။
"နေအုံး။"
ဟုန်ယောင် အံ့အားသင့်သွား၏။ "ဘာဖြစ်လို့လဲ သခင်လေး။"
"ခြေထောက်ကို ကြည့်ရအောင်။"
လူယုတ်မာအိုကြီးက ခေါင်းပြူ၍ ကြည့်လိုက်ရာ ဟုန်ယောင်၏ လှပသော ခြေဖဝါးလေးက နှင်းကဲ့သို့ ဖြူဖွေးနေပြီး သွေးကြောလေးများကိုပင် မြင်နေရ၏။ ခြေဖျားလေးများက လှပစွာ ကော့တက်နေပြီး လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်တို့ကလည်း အချိုးအစား ကျနစွာဖြင့် သဘာဝကျလှသည်။
ခြေချောင်းငါးချောင်းက အနည်းငယ် နီရဲနေပြီး နုဖတ်နေသော ကြာစွယ်လေးများကဲ့သို့ပင်။
ချီးတဲ့မှ ... ဒီခြေထောက်နဲ့ ချဉ်ဖတ်နင်းရင် တကယ့်ကို အရသာ ရှိမှာပဲ။
"ရပြီ။ နင်းလို့ရပြီ။"
ဟုန်ယောင်ကလည်း အများကြီး မတွေးတော့ချေ။ ဖန်ကျန်းရီက သူမ၏ ခြေထောက် ညစ်ပတ်နေမည် စိုး၍ ကြည့်ခြင်းဖြစ်မည်ဟုသာ ထင်လိုက်၏။
ထို့နောက် ကုတင်ဘောင်ကို နင်းကာ ကုတင်ဘောင်ကို ကိုင်လျက် ဖန်ကျန်းရီ၏ ကျောကို ညင်သာစွာ နင်းပေးတော့သည်။
ဖန်ကျန်းရီက မျက်လုံးများကို မှိတ်ကာ စတင် ခံစားနေ၏။
သက်သောင့်သက်သာ ရှိလိုက်တာ... တကယ်ကို သက်သောင့်သက်သာ ရှိလိုက်တာ။ ဒါပေမဲ့ သောက်ကျိုးနည်း ဗိုက်ဆာလိုက်တာ။ တအား ဗိုက်ဆာနေပြီ။
ရှောင်ထောင်ချက်သည့် ဝက်သားကြော်၊ ဝက်သားလုံး၊ ဝက်သားဟင်းနှင့် အမဲသား ခေါက်ဆွဲတို့ကို တွေးမိသောအခါ ဖန်ကျန်းရီက ပါးစပ်မှ သွားရည်များကို သုတ်ရင်း သက်ပြင်းချလိုက်သည်။
လွီလျိုက ကမန်းကတန်း မေးလိုက်၏။ "ဘာဖြစ်လို့လဲ သခင်လေး။ ကျွန်မ နှိပ်ပေးတာ သက်တောင့်သက်သာ မရှိလို့လား။"
"မဟုတ်ပါဘူး။ ကောင်းပါတယ်။ ဆက်နှိပ်ပေးပါ။"
လွီလျိုက ချိုသာစွာ ရယ်မောလိုက်သည်။ "ဒါဆိုရင် သေချာပေါက် သခင်လေးမှာ စိတ်ညစ်စရာ တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။ ကျွန်မတို့ကို ပြောပြလို့ ရပါတယ်။"
"စိတ်ညစ်စရာရယ်လို့တော့ မရှိပါဘူး။ သခင်လေးက ဗိုက်ဆာနေလို့ပါ။"
"ဒါဆိုရင်... သခင်လေး ဘာစားချင်လဲ။ ကျွန်မ သွားလုပ်ပေးပါ့မယ်။"
"ကျုပ် အမဲသား စားချင်တယ်။"
"..."
လွီလျို၏ မျက်နှာက ချက်ချင်း ရှုံ့မဲ့သွား၏။ အမဲသားလား။ ညကြီးမိုးချုပ် ဘယ်ကနေ သွားရှာပေးရမှာလဲ။ ဒီလောက်တောင် အစေခံရ ခက်တာလား။
ဖန်ကျန်းရီသည် တစ်ဖက်သူတို့ စကားမပြောသည်ကို မြင်သောအခါ ပေါ့ပေါ့ပါးပါးဆိုလိုက်သည်။ "ဘာလဲ။ မြို့ဝန်မင်းလျိုဆီမှာ အမဲသား စားစရာ မရှိဘူးလား။"
လွီလျိုက အလျင်အမြန် ရှင်းပြ၏။ "သခင်လေး... အမဲသားစားတာက ဥပဒေနဲ့ မလွတ်ကင်းဘူးလေ။ ပြီးတော့ မြို့ဝန်မင်းလျိုက အထူး ရိုးသားဖြောင့်မတ်တယ်လို့ ကြားဖူးတယ်။ ပုံမှန်ဆိုရင် ပြည်သူတွေ ဘာစားလဲ၊ သူလည်း အဲဒါပဲ စားတာ။"
"ဟမ့်... ဒါဆိုရင် သူ ဒီမြို့ဝန်လုပ်ရတာ တော်တော်လေး အရသာမရှိတာပဲ။"
"နောက်ကျလို့ ဒီသခင်လေး ရာထူးတက်လာရင် မင်းတို့ကို မြို့တော်ဆီ ခေါ်သွားပြီး အမြင်ကျယ်အောင် လုပ်ပေးမယ်။ ကျွတ်... ကျွတ်... အရည်ကျဲကျဲ ဟင်းတွေက ခွေးတောင် မစားဘူး။"
ဟုန်ယောင်နှင့် လွီလျိုက ပါးစပ်မှ သဘောတူကြောင်း ပြောနေသော်လည်း စိတ်ထဲတွင်တော့ အသီးသီး လှောင်ပြောင်နေကြ၏။
လူယုတ်မာပဲ။
အချိန်အတန်ကြာ နင်းနယ်ပေးပြီးနောက် အစေခံမလေး နှစ်ယောက်စလုံး ချွေးများ ပြန်လာကြပြီး ဖန်ကျန်းရီကလည်း လုံလောက်ပြီဟု ခံစားရသဖြင့် ပြောလိုက်သည်။ "ရပြီ။ ဒီလောက်ဆို ရပြီ။
မင်းတို့ ရေသွားနွှေး။ ပြီးရင် ကျိုးတဟိုင်ကို အပြင်ထွက်ပြီး စားစရာ နည်းနည်း သွားဝယ်ခိုင်းလိုက်။ အသားရော ငါးရော ပါရမယ်။ သွားတော့။"
ပြောပြီးသည်နှင့် ဖန်ကျန်းရီက အင်္ကျီလက်ထဲမှ ငွေတစ်တုံးကို ထုတ်ပေးလိုက်၏။
လွီလျိုက ငွေကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ "သခင်လေး... ဒါက မလောက်လောက်ဘူး။ ငွေငါးတေလ်းလောက် လိုမယ်။"
"ဒါဆိုလည်း ငါးတေလ်း ယူသွား။ မြန်မြန် သွားခိုင်းလိုက်။ ဒီသခင်လေးက သေမလောက် ဗိုက်ဆာနေပြီ။"
လွီလျိုက ငွေကိုလှမ်းယူလိုက်ပြီး ဟုန်ယောင်နှင့်အတူ သွယ်လျသော ခါးလေးများကို လှုပ်ယမ်းကာ ထွက်သွားကြ၏။
ဖန်ကျန်းရီက မတ်တတ်ရပ်ကာ ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ပြီး ကုတင်ဘေးတွင် ထိုင်ကာ ထပ်မံ စဉ်းစားနေပြန်၏။
ဒီအစေခံမလေးနှစ်ယောက်က တော်တော်လေး ကျွမ်းကျင်တယ်။ ကြိုတင် သင်တန်းပေးထားတာ ဖြစ်နိုင်တယ်။
တကယ်လို့များ သွေးဆောင်မှုကို မခံနိုင်ဘဲ တစ်ခုခု လွှတ်ခနဲ ပြောမိသွားရင် သတင်းတွေက လျိုရွှင်ရဲ့ နားထဲ ရောက်သွားနိုင်တယ်။
ဒါပေမဲ့ မထိမတွေ့ဘဲ နေပြန်ရင်လည်း လျိုရွှင်ရဲ့ သံသယကို ခံရပြန်အုံးမယ်... ဒါက တော်တော်လေး ဒုက္ခရောက်တာပဲ။
ဟိုတွေးဒီတွေး တွေးပြီးနောက် ဖန်ကျန်းရီက ခါးသီးစွာ ပြုံးလိုက်ပြီး စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။
ဒီလိုပဲ လုပ်ရတော့မှာပေါ့။
ကျိုးတဟိုင်က အရက်နှင့် ဟင်းလျာများကို ဝယ်လာချိန်မှာတော့ ဖန်ကျန်းရီက အလောတကြီး စတင် စားသောက်တော့သည်။
ဤအရွယ်မှာ အစားအသောက် ကြီးသည့်အရွယ် ဖြစ်သည့်အပြင် တစ်နေ့လုံး ပြေးလွှားနေရပြီး အနည်းငယ်မျှသာ စားထားရသဖြင့် အလွန် ဗိုက်ဆာနေပြီ ဖြစ်၏။
မကြာမီမှာပင် စားပွဲပေါ်ရှိ ဟင်းလျာများ တစ်ဝက်ခန့် ကုန်သွားသည်။
ဟုန်ယောင်နှင့် လွီလျိုတို့ ရေနွေးအဆင်သင့်ဖြစ်၍ အခန်းထဲသို့ ဝင်လာကာ သတင်းပို့ချိန်မှာတော့ အံ့အားသင့်သွားကြ၏။
ဒီလောက် အချိန်တိုလေးအတွင်းမှာ ဟင်းလျာ တစ်ဝက်လောက်ကို စားပစ်လိုက်တာပဲ။
ဟုန်ယောင်က သတိအပြည့်ဖြင့် မေးလိုက်သည်။ "သခင်လေး... သခင်လေး စားလို့ပြီးပြီလား။ ကောင်းရဲ့လား။"
ဖန်ကျန်းရီက သွားကြားထိုးရင်း မောက်မာစွာ ပြောလိုက်၏။ "ကောင်းတယ်ဆိုတာ မရှိပါဘူး။ ဗိုက်ဆာနေလို့သာ စားရတာ။ ဒါတွေက... အဆင်ပြေသလို စားရတာပဲ။"
"ဒါဆိုရင် ကျန်တဲ့ ဟင်းတွေကို ကျွန်မ သိမ်းလိုက်ရမလား။" ဟုန်ယောင်က စားပွဲပေါ်ရှိ အသားဟင်းများကို ကြည့်ကာ သွားရည်ကျနေ၏။
"လွှင့်ပစ်ပြီး ခွေးကျွေးလိုက်။"
ထွီ... တကယ်ကို အသုံးမကျတဲ့ လူယုတ်မာပဲ။ ဟုန်ယောင်နှင့် လွီလျိုတို့က စိတ်ထဲတွင် ပြိုင်တူ တံတွေးထွေး လိုက်ကြသည်။
"သခင်လေး... ရေနွေး အဆင်သင့် ဖြစ်ပါပြီ။ အခု ရေချိုးမလားရှင်။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ပျင်းရိစွာ ထရပ်ကာ ရေချိုးခန်းဆီသို့ လျှောက်သွား၏။
ဖန်ကျန်းရီက ရေအပူချိန်ကို စမ်းသပ်ကြည့်လိုက်ပြီး အင်္ကျီများကို ချွတ်ကာ ရေစည်ပိုင်းထဲသို့ ခုန်ဆင်းလိုက်သည်။
စိုစွတ်နေသော မျက်နှာသုတ်ပုဝါကို နဖူးပေါ် တင်ကာ အနောက်သို့ မှီချလိုက်၏။
သက်သောင့်သက်သာ ရှိသွားပြီ... ဒီအချိန်မှာ မိန်းမတစ်ယောက်သာ ရှိရင်...
ဖန်ကျန်းရီက စိတ်ကူးယဉ်နေစဉ်မှာပင် ရေချိုးခန်း တံခါး ပွင့်လာခဲ့သည်။
လှပသော ကိုယ်လုံးလေးနှစ်ခုက ဝင်လာပြီး ဖန်ကျန်းရီက မျက်လုံးကို မှေးကာ ရေငွေ့များကြားမှ ကြည့်လိုက်၏။
ဟုန်ယောင်နှင့် လွီလျို နှစ်ယောက်စလုံးက ပါးလွှာသော ပိုးသားများကို ဝတ်ဆင်ထားပြီး လှပသော ခန္ဓာကိုယ် ကောက်ကြောင်းများက အထင်းသား ပေါ်လွင်နေသည်။
ချစ်ရည်လဲ့နေသော မျက်လုံးနှစ်စုံက ဖန်ကျန်းရီကို ကြည့်ကာ ပြိုင်တူ ဆို၏။ "သခင်လေးကို ရေချိုးပေးပါ့မယ်။"
ပြောပြီးသည်နှင့် ပြိုင်တူ လျှောက်လာကြသည်။
သူ့ရှေ့သို့ လျှောက်လာသော ဖြူဖွေးသည့် ခြေတံရှည်လေး လေးချောင်းကို ကြည့်ကာ ဖန်ကျန်းရီက သွားရည်များကို မြိုချလိုက်သည်။ ပြီးနောက် မျက်မှောင်ကြုတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ "ထွက်သွားကြစမ်း။"
အပိုင်း (၂၀၆) ကျိုးတဟိုင် ထွက်ပြေးမလွတ်နိုင်ခြင်း။
ဟုန်ယောင်နှင့် လွီလျိုတို့မှာ အံ့အားသင့်ကာ နေရာတွင်ပင် အေးခဲသွားကြ၏။
ထွက်သွားစမ်းဟုတ်လား။ ငါတို့ကို ထွက်သွားခိုင်းတာလား။ ရှင်က ယောက်ျားရော ဟုတ်ရဲ့လား။
မိန်းကလေးနှစ်ဦးက တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ ဖန်ကျန်းရီက ထပ်မံ အော်ဟစ်လိုက်သည်။
"ဘာလဲ။ ခင်ဗျားတို့ ပုန်ကန်ချင်နေတာလား။ ထွက်သွားစမ်း။ ကျုပ်က မိန်းမတွေရဲ့ ခန္ဓာကိုယ်ကို မြင်ရရင် ရွံလွန်းလို့။"
ဟုန်ယောင် "........"
လွီလျို "…..."
မိန်းကလေးနှစ်ဦးက အချင်းချင်း ကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် အံ့သြထိတ်လန့်မှုများ အပြည့်အဝ ဖြစ်ပေါ်နေ၏။
မထင်မှတ်ထားဘဲ လူယုတ်မာ တစ်ယောက်နဲ့ တွေ့ရရုံတင် မကဘူး၊ စိတ်မမှန်တဲ့ ကောင်နဲ့ပါ လာတွေ့နေရတာပဲ။
သူတို့နှစ်ဦး ရေချိုးခန်းထဲမှ ရှက်ရွံ့စွာ ထွက်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ရေအောက်မှ (၁၈) စင်တီမီတာ ရှည်လျားသော လျှို့ဝှက်ချက်ကြီးကို ကြည့်ကာ ခါးသက်စွာ ပြုံးလိုက်မိ၏။
အရေးကြီးတဲ့ကိစ္စက ပိုအရေးကြီးတယ်။ မိန်းမလှလေးတွေ ရှိနေလို့ အလုပ်ပျက်ခံလို့ လုံးဝ မဖြစ်ဘူး။
ရေချိုးပြီးနောက် ဖန်ကျန်းရီက အင်္ကျီပါးပါးလေး တစ်ထည်ကို ဝတ်ဆင်ကာ အိပ်ခန်းထဲသို့ ပြန်လာခဲ့သည်။
ဟုန်ယောင်နှင့် လွီလျိုတို့က အဝတ်အစားများ လဲလှယ်ပြီး အိပ်ခန်းအပြင်ဘက်တွင် ဒူးထောက် စောင့်ဆိုင်းနေကြပြီး ဖန်ကျန်းရီကို မြင်သည်နှင့် ကြောက်ရွံ့စွာ ကြည့်လိုက်ကြ၏။
"သခင်လေး... ကျွန်မတို့ကို အပြစ်ပေးပါရှင်။"
ဖန်ကျန်းရီက အစေခံမလေး နှစ်ယောက်၏ အပြုအမူကို ကြည့်ကာ ရုတ်တရက် စိတ်ကူးယဉ်လာမိသည်။
ရှောင်ထောင် ဘယ်တော့ ဒီလို လိမ္မာမလဲ။ ပုံမှန်ဆိုရင် သူမကပဲ အမြဲတမ်း ဆူပူနေတတ်ပြီး ဒီလို နူးညံ့သိမ်မွေ့တာမျိုး တစ်ခါမှ မမြင်ဖူးဘူး...။
"ထကြတော့။ နောက်တစ်ခါ ဒီလို မလုပ်နဲ့တော့။ ဒါနဲ့... ကျိုးတဟိုင်ကို အထဲ ခေါ်လိုက်။"
ပြောပြီးသည်နှင့် ဖန်ကျန်းရီက အခန်းထဲသို့ ဝင်သွား၏။
ဟုန်ယောင်က တီးတိုး မေးလိုက်သည်။ "လွီလျို... နင် ထင်တာ သူက ရောဂါ တစ်ခုခု ရှိနေတာလား။"
လွီလျိုက ပြန်ဖြေ၏။ "ရောဂါရှိ၊ မရှိတော့ မသိဘူး။ ဒါပေမဲ့ ဒီလူက သေချာပေါက် ပြဿနာ ရှိတယ်။ မနက်ဖြန် အခွင့်အရေးရှာပြီး မြို့ဝန်မင်းလျိုဆီ ပြန်ပြောကြတာပေါ့။"
"အင်း။"
ထို့နောက် သူတို့နှစ်ဦး ထရပ်ကာ အပြင်ဘက်သို့ ထွက်သွားကြပြီး မကြာမီမှာပင် ကျိုးတဟိုင်ကို ခေါ်လာခဲ့ကြသည်။
သူတို့သုံးယောက်က တံခါးအပြင်ဘက်တွင် ရပ်နေကြပြီး ချက်ချင်း မဝင်ကြသေးချေ။
ဟုန်ယောင်က ကျိုးတဟိုင်ကို တီးတိုး သတိပေးလိုက်၏။
"သတိထားနော်။ သူက ပုံမှန် မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။ သူ့ကို သွားမစနဲ့။"
ကျိုးတဟိုင်က ယုံကြည်မှု အပြည့်ဖြင့် ပြုံးလိုက်သည်။
"စိတ်ချပါ။ ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး။" ပြောပြီးသည်နှင့် တံခါးကို ဖွင့်ကာ အခန်းထဲသို့ ဝင်သွား၏။ "သခင်လေး... ကျုပ်ကို ခေါ်စရာ ရှိလို့လား။"
ဖန်ကျန်းရီက ကုတင်ဘေးတွင် ထိုင်နေပြီး ကျိုးတဟိုင် ရောက်လာသည်ကို မြင်သောအခါ ပြုံးလိုက်သည်။ ထို့နောက် သူ့ဘေးရှိ နေရာကို ပုတ်ပြလိုက်သည်။
"လာ... ထိုင်။"
ဤထူးဆန်းသော မြင်ကွင်းကြောင့် ကျိုးတဟိုင်က ရုတ်တရက် ကြောင်အသွား၏။
သူ၏ ခေါင်းထဲတွင် အခြေအနေ အများအပြားကို ကြိုတင် စဉ်းစားထားသော်လည်း ဤအခြေအနေမျိုးကိုတော့ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
ဒီလူ ဘာလုပ်ချင်တာလဲ။
ကျိုးတဟိုင်က နားမလည်နိုင်စွာဖြင့် ဖန်ကျန်းရီ၏ ဘေးတွင် ကြောက်ရွံ့စွာ ထိုင်လိုက်သည်။
ဖန်ကျန်းရီ၏ အပြုံးက ပိုမို ဆိုးယုတ်လာပြီး ကျိုးတဟိုင်၏ ပေါင်ကို လက်ဖြင့် ပုတ်ကာ ချီးကျူးလိုက်၏။ "ခန္ဓာကိုယ်က တော်တော် မိုက်တာပဲ။ တော်တော်လေး တောင့်တင်းတယ်နော်။"
"…..."
တံခါးအပြင်ဘက်မှ ခိုးနားထောင်နေသော ဟုန်ယောင်နှင့် လွီလျိုတို့မှာ မိုးကြိုးပစ်ခံရသကဲ့သို့ တုန်လှုပ်သွား ကြသည်။
ဘာ .. သူက ယောက်ျားတွေကို သဘောကျတာလား။
ကျိုးတဟိုင်၏ ဦးနှောက်ကလည်း ချက်ချင်းပင် ဗလာနတ္ထိ ဖြစ်သွား၏။ ဘယ်လို အခြေအနေလဲ။
"သ... သခင်လေး။ ဘာ... ဘာလုပ်တာလဲ။"
"အသက်ဘယ်လောက်ရှိပြီလဲ။ ဘာလို့ ရှက်နေတာလဲ။ ကျုပ် ကြည့်ရတာ... ခင်ဗျားက ဘာမှ နားမလည်သေးဘူးပဲ။"
ဖန်ကျန်းရီက ပြုံးဖြီးဖြီးဖြင့် ကျိုးတဟိုင်ကို အပေါ်အောက် အဆက်မပြတ် အကဲခတ်နေ၏။
သို့ပေမည့် ထိုဆိုးယုတ်သောအပြုံးကို ကြည့်ရသည်မှာ ကျိုးတဟိုင်အတွက် ဖားတစ်ကောင် သေးပေါက်နေသည် ထက်ပင် ပို၍ ရွံရှာဖွယ် ကောင်းနေသည်။
"ဘာ... ဘာကို နားမလည်တာလဲ။" ကျိုးတဟိုင်က စတင် ကြောက်လန့်လာပြီ ဖြစ်၏။
ဒါက ငါ့ရဲ့ လူပျိုဘဝကို ဖျက်ဆီးတော့မှာလား။
"မင်း နားလည်ချင်လို့လား။ ကျုပ်အိတ်ထဲမှာ ပစ္စည်းကောင်းတွေပါတယ်... သွားယူခဲ့စမ်း။" ကျိုးတဟိုင်က ဖန်ကျန်းရီ ညွှန်ပြရာသို့ ကြောက်ရွံ့တုန်ယင်စွာဖြင့် သွားယူလိုက်သည်။
ဖန်ကျန်းရီက အိတ်ကို လှမ်းယူပြီး ဖွင့်လိုက်ရာ ငွေစက္ကူ အများအပြား ပေါ်လာ၏။
"သခင်လေး... ငွေစက္ကူတွေ အများကြီးပဲ။" ကျိုးတဟိုင်၏ မျက်လုံးများက လောဘကြောင့် အရောင်လက် သွားသည်။
"အေး... ဒါက ဘာမှမဟုတ်ပါဘူး။" ပြောရင်းဖြင့် ဖန်ကျန်းရီက (၁၀) တေလ်းတန် ငွေစက္ကူ တစ်ရွက်ကို ဆွဲထုတ်ကာ ကျိုးတဟိုင်၏ လက်ထဲသို့ ရိုက်ထည့်လိုက်၏။
ထို့နောက် သူ၏ လက်က ကျိုးတဟိုင်၏ ဘောင်းဘီကြိုးဆီသို့ ရောက်သွားသည်။
ကျိုးတဟိုင်က အလွန်အမင်း ထိတ်လန့်သွား၏။ ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "သခင်လေး … ဘာလုပ်မလို့လဲ။"
"ဟေး... မင်း မျက်နှာ နီနေပြီပဲ။ လာ... ကျုပ် ကြည့်ပါရစေ။" ဖန်ကျန်းရီ၏ လက်က ကျိုးတဟိုင်၏ ခါးပတ်ဆီသို့ ဆက်လက် စမ်းသပ်နေဆဲ ဖြစ်၏။
ကျိုးတဟိုင်က ကမန်းကတန်း မတ်တတ်ရပ်လိုက်ပြီး မျက်နှာတစ်ခုလုံး နီရဲကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ "သခင်လေး... ဘာလုပ်ချင်နေတာလဲ။"
"ခင်ဗျားရဲ့ ဖွံ့ဖြိုးမှုက ပုံမှန် ဟုတ်မဟုတ် ကျုပ် ကြည့်ချင်လို့ပါ။" ပြောရင်းဖြင့် ဖန်ကျန်းရီကလည်း မတ်တတ်ရပ်ကာ ကျိုးတဟိုင်ဆီသို့ ကာမရမ္မက် အပြည့်ဖြင့် လျှောက်သွား၏။
"မလုပ်ပါနဲ့။" ကျိုးတဟိုင်က ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
ဖန်ကျန်းရီ၏ မျက်နှာက မှုန်ကုပ်သွားပြီး လက်ရှိ လက်စွပ်ကို ဖြည်းညင်းစွာ ချွတ်လိုက်၏။ "စကားနားထောင်စမ်း။ ကျုပ်ကို ကြည့်ခွင့်ပေးစမ်း။"
ကျိုးတဟိုင်က ချွေးသီးချွေးပေါက်များ ကျလာပြီး ဤလူယုတ်မာကို လက်သီးဖြင့် တစ်ချက်တည်း ထိုးသတ်ပစ်ချင်စိတ် ပေါက်လာ၏။ သို့ပေမည့် ထိုသူက ဒုတိယမြို့ဝန် ဖြစ်နေလေရာ လက်သီး တစ်ချက် ထိုးလိုက်ပါက သူ၏ဖင်သာမက အသက်ပါ ပါသွားနိုင်သည်။
"သခင်လေး။ တကယ် မရပါဘူး။ ကျုပ် မလုပ်ချင်ဘူး။" ကျိုးတဟိုင်က နံရံထောင့်သို့ ရောက်နေပြီဖြစ်ပြီး မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုများ အပြည့်အဝ ဖြစ်ပေါ်နေ၏။
"သောက်ကျိုးနည်း... ကောင်းကောင်းပြောနေတာကို လက်မခံဘူးပေါ့လေ။"
နောက်တစ်စက္ကန့်တွင် ဖန်ကျန်းရီ၏ လက်သီးက ရောက်ရှိလာတော့သည်။
မိုးကြိုးပစ်သကဲ့သို့ လက်သီးချက်များက ကျိုးတဟိုင်၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာပြီး အချိန်မည်မျှ ကြာသွားသည် မသိ၊ သူ၏ တစ်ကိုယ်လုံး ရောင်ရမ်းသွားကာ မြေပြင်ပေါ်တွင် လူးလှိမ့် အော်ဟစ်နေတော့၏။
လုံလောက်ပြီဟု ထင်ရချိန်မှာတော့ ဖန်ကျန်းရီက လက်သီးကို ရုပ်သိမ်းကာ သက်ပြင်းချလိုက်သည်။
ရှုပ်ပွနေသော အင်္ကျီကို သေသပ်အောင် ပြင်ဆင်လိုက်ပြီး ဖြည်းညင်းစွာ ဆို၏။ "ဒီကိစ္စက... ကျုပ်တို့ နှစ်ယောက်ကြားက လျှို့ဝှက်ချက်ပဲ။ တခြားဘယ်သူ့ကိုမှ မပြောတာ အကောင်းဆုံးပဲ။
ဒီနေ့ မင်း ကျုပ်ကို စိတ်မကျေနပ်အောင် လုပ်ပေမဲ့ ကိစ္စမရှိပါဘူး။ နောက်ပိုင်းကျရင်... ဖြည်းဖြည်းချင်း သွန်သင်ဆုံးမဖို့ အချိန်တွေ အများကြီး ရှိသေးတယ်။ ကောင်းကောင်း မှတ်ထားဖို့ လိုတယ်... ကြားလား။"
"ထွက်သွားစမ်း။"
တံခါးအပြင်ဘက်တွင်တော့ ဟုန်ယောင်နှင့် လွီလျိုတို့မှာ လုံးဝ ကြောင်အသွားကြပြီ ဖြစ်၏။
အချစ်ရေး မအောင်မြင်တော့ အကြမ်းဖက်တာပဲ... ဒါက စိတ်ရောဂါသည်တွေထဲက အဆိုးဆုံး စိတ်ရောဂါသည်ပဲ။ နောက်ဆိုရင် ဘယ်လို လုပ်ကြမလဲ။
ဟုန်ယောင်က တံတွေးခါးခါးတစ်ချက် မြိုချလိုက်ပြီး တီးတိုး မေးလိုက်သည်။ "ဒီကိစ္စကို... မြို့ဝန်မင်းလျိုကို သွားပြောရမလား။"
"သေချာပေါက် ပြောရမှာပေါ့... အရမ်း ကြောက်စရာ ကောင်းတယ်... အရမ်း ကြောက်စရာ ကောင်းတယ်။" လွီလျိုက မျက်လုံးအစုံ ပြူးကျယ်နေပြီး နှုတ်ခမ်းများကလည်း တုန်ယင်နေ၏။
"မြန်မြန်သွား... သူတို့ ထွက်လာတော့မယ်။"
...
ကျိုးတဟိုင်က မျက်ရည်များ ၊ နှာရည်များဖြင့် မြေပြင်ပေါ်တွင် မှောက်လျက် တွားသွားကာ တံခါးကို ဖွင့်လိုက်၏။
ယခုအချိန်တွင် သူ၏ ခြေထောက်နှစ်ဖက်စလုံး အားမရှိတော့သလို ခံစားနေရပြီး တစ်ကိုယ်လုံးလည်း အလွန် နာကျင်နေသည်။ ဖန်ကျန်းရီ၏ ကန်ချက်များကြောင့် သူ၏ ခြေထောက် ကျိုးသွားပြီလားပင် မသေချာတော့ချေ။
သူ၏စိတ်ထဲတွင် တစ်ခုတည်းသော အတွေးက အပြင်သို့ အမြန်ဆုံး တွားသွားပြီး ထိုစိတ်ရောဂါသည်နှင့် ဝေးရာသို့ သွားရန်သာ ဖြစ်၏။ သို့မဟုတ်ပါက သူ၏ ဖင်ပေါက် လွတ်မည် မဟုတ်ချေ။
"နေအုံး ….။ ကျုပ် မင်းကို သွားခိုင်းလို့လား။"
ဖန်ကျန်းရီက ဖိနပ်ကို ကမန်းကတန်း စီးကာ အခန်းထဲမှ ပြေးထွက်လာပြီး ကျိုးတဟိုင်၏ အနားတွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ သူ၏ ကိုယ်ပေါ်တွင် အဆက်မပြတ် စမ်းသပ်ရှာဖွေတော့သည်။
ကျိုးတဟိုင်က အော်ဟစ်လိုက်၏။ "တကယ် မရပါဘူး သခင်လေး။ ကျုပ် တကယ် မလုပ်နိုင်ပါဘူး။ ကျုပ်ကို လွှတ်ပေးဖို့ တောင်းပန်ပါတယ်။"
ယခုအချိန်တွင် သူက ပြန်လည် ခုခံရန် အင်အား မရှိတော့ဘဲ မျှော်လင့်ချက်မဲ့မှုများက တစ်ကိုယ်လုံးကို ပြန်လည် လွှမ်းမိုးသွားပြန်၏။
ဖန်ကျန်းရီက သေချာစွာ ရှာဖွေပြီးနောက် (၁၀) တေလ်းတန် ငွေစက္ကူကို ပြန်လည် တွေ့ရှိသွားပြီး အကြွေစ သုံးမှုးကိုပါ တွေ့ရှိသွားသည်။
ထို့နောက် ကျိုးတဟိုင်၏ ဖင်ကို ကန်ကျောက်ကာ ကြိမ်းမောင်းလိုက်၏။
"ခွေးကောင် …. ဘာအလုပ်မှ မလုပ်ဘဲ ကျုပ်ပိုက်ဆံကို ယူရဲသေးတယ်။ ဒီငွေသုံးမှုးက ခုနက ဈေးဝယ်တုန်းက ခိုးထားတာ မဟုတ်လား။ အကုန် သိမ်းတယ်။"
"ထွက်သွားစမ်း။"
ကျိုးတဟိုင်က ဖန်ကျန်းရီကို မျှော်လင့်ချက်မဲ့စွာ ကြည့်နေသော်လည်း ပါးစပ်မှ ဘာမှ မထွက်နိုင်တော့ချေ။
ဒါက ငါ့ပိုက်ဆံတွေလေ။ ဈေးဝယ်ဖို့ ပိုက်ဆံကို ငါ တစ်ပြားမှ မလျော့ဘဲ သုံးခဲ့တာလေ။
ဖန်ကျန်းရီ၏ အခန်းထဲသို့ အပြန် ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားသည်။
သူ လှည့်ကြည့်မည်ကို စိုးရိမ်သဖြင့် ကျိုးတဟိုင်က ရင်ထဲတွင် ထိတ်လန့်သွားပြီး အလျင်အမြန် ခေါင်းငုံ့ကာ ရှေ့သို့ ဆက်လက် တွားသွားတော့၏။
ကျိုးတဟိုင် တွားသွားနေသည့် ကျောပြင်ကို ကြည့်ကာ ဖန်ကျန်းရီက ပြုံးလိုက်သည်။
ယခင်ဘဝက အင်တာနက်ပေါ်တွင် တွေ့ဖူးသော သတင်းတစ်ခုကို အမှတ်ရမိ၍ တော်သေးသည်။ ထိုအတိုင်း ပီပြင်အောင် သရုပ်ဆောင်လိုက်နိုင်၍ တော်သေး၏။