← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

🍋 Chapter 121

အချို့သူများအတွက် ဤကိစ္စမှာ အလွန်လေးနက်ပြီး သူတို့၏ ဘဝတစ်ခုလုံး မှောင်အတိကျသွားနိုင်သည့် ကိစ္စမျိုးဖြစ်သည်။

သို့သော် မာခွန်း ကဲ့သို့သော သူများအတွက်မူ ဤသည်မှာ ဘာမှမဟုတ်ပေ။

သူ့နာမည်ဂုဏ်သတင်းမှာ အစကတည်းက ကောင်းခဲ့သည်မဟုတ်ရာ ထိုထက်ပိုမည်မျှအထိ ဆိုးရွားသွားနိုင်ဦးမည်နည်း။

ရှီးရှန်းနယ်သို့ ပြန်ရောက်လျှင်လည်း သူသည် ဒေသတွင်း အချမ်းသာဆုံးစာရင်းဝင် သူဌေးသား ဒုတိယမျိုးဆက်တစ်ဦး ဖြစ်နေဦးမည်သာ ဖြစ်သည်။ သူ ရသင့်ရထိုက်သော ဇိမ်ခံမှုမှန်သမျှလည်း လျော့ပါးသွားမည်မဟုတ်ပေ။

ဤသည်မှာ ပိုက်ဆံရှိခြင်း၏ အားသာချက်ပင်။

တရုတ်နိုင်ငံတွင် နေ၍မရတော့လျှင်ပင် သူသည် နိုင်ငံခြားသို့ သွား၍ရသေးသည်။ မာမိသားစုတွင် နိုင်ငံတကာ သတ္တုတွင်း ကုမ္ပဏီပင် ရှိသေးသည်မဟုတ်ပါလား။

သို့သော် ဤရွေးချယ်မှုမှာ မာခွန်းအတွက်တော့ အဆိုးဆုံးဖြစ်ပြီး ပြည်နှင်ဒဏ် အပေးခံရသလိုပင်။

ဤသည်မှာ မာကျန်းဟဲ အခုလေးတင် ဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်လည်းဖြစ်နေသည်။

ရှီးရှန်း ကျောက်မီးသွေး လုပ်ငန်းစု၏အပေါ်ဆုံးထပ်ရုံးခန်းထဲတွင် မာခွန်းသည် စားပွဲကို လက်သီးဖြင့် ထိုးလိုက်သည်။

"ကျွန်တော် မသွားဘူး! နိုင်ငံခြားကို မသွားဘူး! ကျွန်တော် ဘာလို့ တရုတ်ပြည်မှာနေလို့မရရမှာလဲ"

မာကျန်းဟဲ မှာမူ ဤရက်ပိုင်းအတွင်း ဒေါသများအလွန် အမင်းထွက်နေရသဖြင့် ဆေးပင်သောက်နေရပြီး ဤသားမိုက်ကို ရိုက်သတ်ချင်စိတ်ပေါက်နေမိသည်။

သို့သော် သားဖြစ်သူကို မြင်လိုက်ရပြန်တော့လည်း စိတ်က ပျော့သွားပြန်၏။

အသက် ၄၀ ကျော်မှရခဲ့သော တစ်ဦးတည်းသောသား ဖြစ်ရာ သူ မည်သို့ မချစ်ဘဲနေနိုင်ပါမည်နည်း။

၎င်းအပြင် သူ့ အမြင်တွင် မာခွန်းလုပ်ခဲ့သော အမှားများမှာ ကိစ္စအသေးအမွှားလေးများသာ။

မိန်းမများနှင့် ပတ်သက်သည်မှာ သူ ကိုယ်တိုင်လည်း ငယ်စဉ်က လုပ်ခဲ့ဖူးသည်သာ။

Baoge တွင် ပြောခဲ့သော စကားများမှာ အနည်းငယ်မလျော် ကန်သည်မှာ မှန်သော်လည်း ၎င်းမှာ အမှန်တရားပဲ မဟုတ်ပါလား။

၎င်းတို့မိသားစု ပိုင်ဆိုင်မှုမှာ သန်းထောင်ချီရှိသောကြောင့် သာမန်လူ နည်းနည်းပါးပါးအား စနောက်လိုက်ခြင်းမှာ ကလေးကစားစရာသာ ရှိသေးသည်။

စားပွဲကို ထိုးကြိတ်နေသော မာခွန်းကို ကြည့်ပြီး သူထိုင်ရန် အချက်ပြလိုက်သည်။

"သား... အဖေက သားကောင်းဖို့အတွက် လုပ်နေတာပါ။ ငါတို့မိသားစုရဲ့ ဒီလောက်များပြားတဲ့ ပိုင်ဆိုင်မှုတွေက တစ်နေ့ကျရင် သားပိုင်မှာပဲ"

"အခု သားက ပြဿနာတွေ တက်ထားတော့ လူမသိအောင် ခေတ္တရှောင်နေဖို့လိုတယ်။ ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေး ကလည်း ပိတ်လိုက်ရပြီဆိုတော့ သား အားနေမှာပဲလေ"

"အဖေ သားကို နိုင်ငံခြားက ဌာနခွဲကို လွှတ်တာက ပထမအချက်က အခြေအနေတွေ ငြိမ်သွားအောင် ရှောင်ခိုင်းတာ၊ ဒုတိယအချက်ကတော့ အလုပ်အကြောင်း တကယ်တတ်အောင် သင်ခိုင်းတာပါ။

မဟုတ်ရင် အဖေ မရှိတော့တဲ့တစ်နေ့ သား ဒီလို လုပ်ငန်းကြီးကို ဘယ်လို စီမံမလဲ"

"သား စိတ်ကို အေးအေးထားစမ်းပါ"

မာကျန်းဟဲ သားဖြစ်သူကို လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။

"ဟင့်အင်း၊ မသွားဘူး! တရုတ်ပြည်မှာနေတာက အများကြီး ပိုကောင်းတယ်၊ အရာအားလုံး ရှိတယ်။ ကျွန်တော် နောက် ထပ် ရုပ်ရှင်ကုမ္ပဏီတစ်ခု ထပ်ဖွင့်ချင်သေးတယ်"

၎င်းကို ကြားလိုက်ရသောအခါ အဘိုးကြီးမာ ဒေါသထွက်လွန်းသဖြင့် လက်ဖက်ရည်များ စားပွဲပေါ်သို့ ဖိတ်ကျကုန်သည်။

"ရုပ်ရှင်ကုမ္ပဏီ ထပ်ဖွင့်မယ် ဟုတ်လား။ အဲ့ဒါကို မေ့လိုက်တော့!"

"မင်း သိလား။ မနေ့က ရှီးရှန်းအစိုးရက မီဒီယာပိုင်း တာဝန်ရှိတဲ့ လူကြီးက အဖေဆီဖုန်းဆက်တယ်။ သူက ဆဲတာဆိုတာမျိုး မလုပ်ပေမဲ့ လိုရင်းကိုပဲ တိုက်ရိုက်ပြောသွားတယ်"

"အထက်ကလူတွေရဲ့နာမည်ပျက်စာရင်း မှာ သား နာမည် ပါသွားပြီ။ ရုပ်ရှင်လောကအကြောင်း မေ့လိုက်တော့၊ အဲ့ဒီလမ်းက သားအတွက် ပိတ်သွားပြီ"

၎င်းမှာ ပြည်နယ်အစိုးရဆီမှဖုန်းဆိုသော်လည်း မက်ဆေ့ခ်ျမှာမူ ရှီးရှန်းမှ မဟုတ်ဘဲ အထက်လူကြီးများထံမှ လာခြင်း ဖြစ်သည်။

ရှီးရှန်းတွင် မာကျန်းဟဲသည် အရေးပါသူ ဖြစ်နိုင်သော်လည်း အထက်လူကြီးများ၏အမြင်တွင်မူ သူ ဘာမှမဟုတ်ပေ။

သူသည် မိမိကိုယ်မိမိ သိနားလည်သူ ဖြစ်ရာ မလိုက်နာဘဲ ပုန်ကန်သူများ၏ အဆုံးသတ်မှာ မည်သို့ရှိသည်ကို အများအပြား မြင်ဖူးထားသည်။

သူ့ ဗီလာကြီးတွင်သာ အေးဆေးစွာ နေလိုပြီး အချုပ်ခန်းထဲသို့ မသွားလိုပေ။

သတ္တုတွင်း လုပ်ငန်းလုပ်ကိုင်သူများသည် စုံစမ်းစစ်ဆေးမှုကို ခံနိုင်ရည်မရှိကြပေ။ တစ်ခါ စစ်လိုက်သည်နှင့် အမှုတွဲများမှာ အထုပ်လိုက်ထွက်လာမည် ဖြစ်သည်။

အမှု အနည်းငယ် မိရုံနှင့်တင် သူသည် "ထောင်ဝင်စာမျက် ရည်" သီချင်း ဆိုနေရတော့မည်။

အမှန်အတိုင်း ပြောရလျှင် သူသည် နိုင်ငံတော်၏ကိုယ်စား လှယ်တစ်ဦးသာ ဖြစ်ပြီး သတ္တုတွင်းထွက်များမှာ သာမန်ကုန်စည်များ မဟုတ်ပေ။

၎င်းတို့မှာ မဟာဗျူဟာမြောက် အရေးပါပြီး အထက်လူကြီးများ၏ အာရုံစိုက်မှုကို ခံရသော စီမံကိန်းများ ဖြစ်သည်။

သူသည် အသက်ကြီးလာပြီ ဖြစ်ရာ အသက် ၇၀ ကျော်မှ ဘဝပျက်မည့်အရေးကို မလိုလားပေ။

ဖခင်ဖြစ်သူ၏ ဟိန်းဟောက်သံကြောင့် မာခွန်းသည် အရှိန်အနည်းငယ် လျော့သွားခဲ့သည်။

"အဖေ... ကုမ္ပဏီအလုပ် သင်ရမယ်ဆိုရင်လည်း ဒီမှာပဲ သင်လို့ရတာပဲ။ ဘာလို့ နိုင်ငံခြားအထိ သွားနေရမှာလဲ"

သူသည် လုံးဝ မသွားချင်ပေ။

"သား မသိသေးပါဘူး။ အခု ကမ္ဘာကြီးက ပြောင်းလဲသွားပြီ။ တရုတ်နိုင်ငံရဲ့ သြဇာအာဏာက နိုင်ငံတကာမှာ ပိုကြီးလာပြီး နိုင်ငံတွေက ငါတို့နဲ့ ပူးပေါင်းချင်နေကြတာ။ ကုမ္ပဏီရဲ့ အနာဂတ်အတွက် သားကို နိုင်ငံခြား လွှတ်တာပါ"

"ပြည်တွင်းမှာတော့ ငါတို့လုပ်ငန်းက အမြင့်ဆုံးကို ရောက်နေပြီ။ ဒီထက် ပိုတိုးချင်ရင် တခြားလူတွေရဲ့ အကျိုးစီးပွားကို သွားထိခိုက်လိမ့်မယ်၊ အဲ့ဒါက အန္တရာယ်ရှိတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာတော့ ဈေးကွက်က အကြီးကြီးပဲ၊ နိုင်ငံတော်ကလည်း ပံ့ပိုးပေးတယ်။ ငါတို့က ဒီအခွင့်အရေးကို အရယူရမယ်"

အဘိုးကြီးမာ သည် သူ့သားအတွက် အမှန်တကယ်ပင် စေတနာဖြင့် စဉ်းစားပေးနေခြင်း ဖြစ်သည်။

နိုင်ငံခြားဈေးကွက်၊ အထူးသဖြင့် ကုန်ကြမ်းထုတ်လုပ်ရာ နေရာများကိုသာ ပိုင်ဆိုင်လိုက်လျှင် သားစဉ်မြေးဆက် ချမ်းသာသွားမည် မဟုတ်ပါလား။

ထို့အပြင် သားဖြစ်သူကို တစ်ယောက်တည်း လွှတ်မည်လည်း မဟုတ်ပေ။ မာခွန်းအား ကူညီရန်အတွက် အဖွဲ့တစ်ခုလုံးကို အသင့်ပြင်ထားပြီးသား ဖြစ်သည်။

နောက်နှစ်အနည်းငယ်ကြာ၍ မာခွန်း အောင်မြင်မှုများဖြင့် ပြန်လာလျှင် ကုမ္ပဏီကို လွှဲပေးရန်မှာ ပိုလွယ်ကူသွားလိမ့်မည်ဟု သူ ယူဆထားသည်။

ယခုအချိန်သည် အခွင့်အရေးကောင်းဖြစ်ပြီး နိုင်ငံခြားသို့ သွားခြင်းကလည်း လူအများ၏ အာရုံစိုက်မှုမှ ရှောင်လွှဲနိုင်မည် ဖြစ်သည်။

မီဒီယာများ၏ မှတ်ဉာဏ်မှာ တိုတောင်းလှသဖြင့် မကြာခင်မှာပင် လူအများက ဖြစ်ပျက်ခဲ့သမျှကို မေ့သွားကြပေလိမ့်မည်။

သို့သော် မာခွန်း ကမူ ထိုသို့ မစဉ်းစားပေ။ သူဌေးသား ဒုတိယမျိုးဆက်ပီပီ သူ့ ဦးနှောက်ထဲတွင် ထိုကဲ့သို့သော အနာဂတ်အမြင်မျိုး မရှိပေ။

"ဘာပဲဖြစ်ဖြစ် ကျွန်တော် မသွားဘူး။ ဘာမှ ဆက်မပြောနဲ့တော့။ ဒီည ကျွန်တော့်မှာ ချိန်းထားတာ ရှိတယ်၊ သွားပြီ"

မာခွန်း သူ့အဖေ တားသည်ကိုပင် မစောင့်ဘဲ ရုံးခန်းတံခါးကို ဝုန်းခနဲ ပိတ်ကာ ထွက်သွားတော့သည်။

"ဟူး... နောက်ရက်မှ အေးအေးဆေးဆေး ပြန်ပြောရမှာပဲ။ သူက ငါ့ရဲ့ တစ်ဦးတည်းသောသားလေ၊ သူ မရှိရင် ကုမ္ပဏီက ဘယ်လိုလုပ်မလဲ"

မာကျန်းဟဲ သက်ပြင်းချလျက် ကျန်ရစ်ခဲ့သည်။ ဖျောင်းဖျခြင်းကို အေးအေးဆေးဆေး လုပ်ဆောင်ရမည် ဖြစ်ကြောင်း သူ သိထားသည်။

မာခွန်း ကားပေါ်တက်၍ ဘား တစ်ခုဆီသို့ တန်းမောင်းသွားခဲ့သည်။ သူသည် ပုန်ကန်လိုသော စိတ်ရှိသူ ဖြစ်သည်။

သူ့မိသားစုမှာ ရိုးရာစွမ်းအင်လုပ်ငန်း လုပ်ကိုင်နေသော် လည်း သူကမူ တမင်တကာပင် T-brand လျှပ်စစ်ကားကိုသာ ဝယ်စီးသည်။

သူသည် ချမ်းသာသဖြင့် ဘာမှ ဂရုမစိုက်ပေ။ Model S အမျိုးအစား၊ အမြင့်ဆုံး 100D ကို ဝယ်ထားခြင်း ဖြစ်ပြီး ၎င်း၏ အရှိန်မှာ ပြိုင်ကားများနှင့်ပင် ရင်ပေါင်တန်းနိုင်သည်။

သူသည် မီးပွိုင့်များကိုလည်း ဂရုမစိုက်ဘဲ အရှိန်ပြင်းပြင်း မောင်းသွားခဲ့သည်။ သူ့ဖခင်က အားလုံးကို ရှင်းပေးလိမ့်မည်ဖြစ်ကြောင်း သူ သိထားသည်။

ထို့နောက် ဘားတွင် သူ့သူငယ်ချင်း သူဌေးသားများနှင့် ဆုံတွေ့သည်။

"ရှောင်ခွန်း... မင်း မင်းသမီး ၁၀၀ ကျော်နဲ့ အိပ်ခဲ့တယ်ဆိုတာ တကယ်ကြီးလား၊ လန်းတယ်ကွာ"

"ဟဲဟဲ... အဲ့ဒါတွေက အမှိုက်တွေပါ၊ ပျော်ရုံသက်သက်ပဲ"

မာခွန်း နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ အလွယ်တကူရသော မိန်းမများမှာ သူ့အမြင်တွင် ပျင်းစရာကောင်းလှသည်။

ကျောက်ရှင်း တစ်ယောက်သာ သူ့ စိတ်ထဲတွင် အငြိုးအတေး ဖြစ်နေခြင်းပင်။ မရနိုင်လေလေ သူက ပိုလိုချင်လေလေ ဖြစ်နေသည်။

"ဟွန်း... ကျောက်ရှင်း၊ နင်ကတော့ တကယ့်ကိုပဲ။ ငါ့ကို ထပ်ခါတလဲလဲ ဒုက္ခပေးရဲတယ်ပေါ့။ နောက်ရက်အနည်းငယ်အတွင်းမှာ နင် ခေါင်းတလားထဲ ရောက်စေရမယ်"

သူ မပိုင်ရလျှင် သူ ဖျက်ဆီးပစ်မည်။ ၎င်းအပြင် ထိုညက ကျောက်ရှင်း နှင့် တစ်ဝိုင်းတည်းထိုင်နေသော အမျိုးသားနှင့် အမျိုးသမီးကိုလည်း သူ မှတ်မိနေသည်။

"အဲ့ဒီကောင်ကိုလည်း သင်ခန်းစာ ပေးရဦးမယ်။ ဟိုမိန်းမကတော့..."

"ဟဲဟဲ... သူက တကယ် လှတာပဲ။ ကျောက်ရှင်းထက်တော့ မနိမ့်ဘူး။ သူ့ကိုလည်း တစ်ခါလောက် မြည်းစမ်းကြည့်ဖို့ အခွင့်အရေး ရှာရမယ်"

မာခွန်းသည် မိန်းမအဖော်များစွာနှင့်အတူ ဘားတွင် အတောက်ပဆုံးလူ ဖြစ်နေသည်။ သူသည် မနက် ၂ နာရီကျော်သည့်အထိ သောက်စားပြီးမှ ဘားထဲမှ ယိမ်းထိုးလျက် ထွက်လာခဲ့သည်။

ယနေ့တွင်မူ ထူးထူးခြားခြား မည်သည့်မိန်းမကိုမျှ ခေါ်မသွားဘဲ တစ်ယောက်တည်း ထွက်လာခဲ့သည်။

ကျောက်ရှင်း ကို သတိရလိုက်သည်နှင့် ဘားမှ မိန်းမများမှာ ချက်ချင်းပျင်းစရာကောင်းသွားသောကြောင့် ဖြစ်သည်။

ကွာခြားချက်က အလွန်ကြီးမားလှသည်။

နံရံကိုမှီ၍ အန်လိုက်ပြီးနောက် အငှားယာဉ်မောင်းကိုလည်း မခေါ်ဘဲ သူ့ ကားပေါ်သို့ တက်မောင်းလိုက်သည်။

အရက်မူး၍ ကားမောင်းခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်သဖြင့် ကျွမ်းကျင်နေပြီ ဖြစ်သည်။

ထို့အပြင် ဘားမှ သူ့အိမ်သို့ လမ်းမှာ လမ်းမကြီးဖြစ်ရာ မောင်းရသည်မှာ လွယ်ကူလှသည်။

အပြန်လမ်းတွင် သူသည် အရှိန်ကို အကုန်တင်၍ မောင်းနှင်သည်။ အရှိန်လွန် မောင်းနှင်ရသော ရင်ခုန်စိတ်လှုပ်ရှားမှုကို ခံစားရင်း သူ့ မကျေနပ်ချက်များကို လွှတ်ထုတ်နေခြင်းပင်။

လမ်းမကြီးပေါ် ရောက်သောအခါတွင်လည်း အော်တိုမောင်းစနစ်ကို မသုံးဘဲ ကိုယ်တိုင်သာ အရှိန်ပြင်းပြင်း မောင်းနေတော့သည်။

သန်းခေါင်ယံအချိန် ဖြစ်သဖြင့် လမ်းမကြီးမှာ တိတ်ဆိတ်နေပြီး ကားလည်း ရှင်းနေသည်။ သူသည် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ပြေးလွှားနေ၏။

မာခွန်း သူကိုယ်သူ ကမ္ဘာကြီး၏ အရှင်သခင်ကဲ့သို့ ယုတ်မာစွာ ပြုံးလိုက်သည်။

ရုတ်တရက် သူ ကိုင်ထားသော စတီယာရင်မှာ အနည်းငယ် တုန်ခါသွားသလို ခံစားလိုက်ရသည်။

🍋 Chapter 122

မာခွန်း အနေဖြင့် လမ်းမကြီးပေါ်တွင် အရှိန်ပြင်းပြင်းမောင်းနှင်ခြင်းမှာ ယခုမှ ပထမဆုံးအကြိမ် မဟုတ်ပေ။

အသက် ၁၆ နှစ်သားကတည်းက သူသည် ရှီးရှန်း၏လမ်းမများပေါ်တွင် မကြာခဏ ပြိုင်ကားမောင်းခဲ့ သူ ဖြစ်သည်။

ဒေသတွင်းတွင် အာဏာနှင့် သြဇာအရှိန်အဝါကြီးမားသော မာကျန်းဟဲ အဖို့ သားဖြစ်သူအတွက် ကားမောင်းလိုင်စင် ရအောင်လုပ်ပေးရန်မှာ အထွေအထူး မဟုတ်ပေ။

ဖုန်းအနည်းငယ် ဆက်လိုက်ရုံဖြင့် မာခွန်းသည် တရားဝင် ကားမောင်းလိုင်စင်တစ်ခု ရရှိခဲ့သည်။

လွန်ခဲ့သော နှစ်များအတွင်း သူသည် ကံကောင်း၍သော် လည်းကောင်း၊ သို့မဟုတ် သူ ကားမောင်းစွမ်းရည်တကယ်ပင် ကောင်းမွန်၍သော်လည်းကောင်း အမြဲတမ်းအရှိန်ပြင်း ပြင်း မောင်းနှင်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ အက်ဆီးဒင့်မဖြစ်ခဲ့ဖူးပေ။

တစ်ခုခု ဖြစ်ခဲ့လျှင်ပင် ဖခင်ဖြစ်သူက ချက်ချင်းလိုက်လံဖြေရှင်းပေးလေ့ရှိရာ ဤသည်မှာ သူ့မိုက်မဲသော စရိုက်ကိုပိုအား ပေးအားမြှောက် ပြုသလိုဖြစ်နေခဲ့သည်။

ယနေ့တွင်မူ သူသည် စိတ်အခြေအနေ အလွန်ဆိုးရွားနေ သည်။ ကုမ္ပဏီလည်း ဒေဝါလီခံလိုက်ရသလို ကျောက်ရှင်း ကိုလည်း သူ လက်မတင်နိုင်ခဲ့သေးပေ။

သို့သော် ထိုမိန်းမကိုတော့ သူ "သင်ခန်းစာ" ပေးထားပြီးဖြစ် သည်။ ကျောက်ရှင်းကို သတိပေးရန်အတွက် ရှာလိုင်ဟုခေါ်သော ဖာသည်မကိုပင် သူ သီးသန့်လွှတ်လိုက်သေးသည်။

ဒီလောက်ဆိုရင်တော့ ထိုမိန်းမ အလျှော့ပေးလောက်ပြီ မဟုတ်ပါလား။

မိမိအသက်ကို ဘယ်သူက မနှမြောဘဲ နေပါမည်နည်း။ အကယ်၍ သူမကသာ တကယ် အလျှော့မပေးဘူးဆိုလျှင်... ၎င်းမှာ ပိုစိတ်ဝင်စားစရာ မကောင်းပေဘူးလား။

ထိုကဲ့သို့သော မိန်းမမျိုးကသာ သူ တိုက်ခိုက်သိမ်းပိုက်လိုစိတ်ကို မီးမွှေးပေးနိုင်ခြင်းဖြစ်သည်။

လက်ဖျောက်တစ်ချက်တီးရုံနှင့် အိပ်ယာထဲ ရောက်လာတတ်သော သို့မဟုတ် သူ ဘာမှမလုပ်ဘဲနှင့်ပင် အတင်းကပ်လာတတ်သော ရှယောင်တို့လို မိန်းမမျိုးကို သူ ငြီးငွေ့နေပြီ ဖြစ်သည်။

မဟုတ်လျှင် သူသည် သာမန်မိန်းမများကို အချိန်ကုန်ခံနေမည် မဟုတ်ပေ။

သူတို့၏ အားကိုးရာမဲ့ဖြစ်မှု၊ မျှော်လင့်ချက်မဲ့မှုနှင့် နောက်ဆုံးတွင် အရှုံးပေးလိုက်ရမှုများကို မြင်တွေ့ရခြင်းက မာခွန်း အတွက် အမြဲတမ်း ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်နေခဲ့သည်။

၎င်းအပြင် မည်သည့်မိန်းမက အရှုံးမပေးဘဲနေနိုင်မည်နည်း။ အကယ်၍ အရာအားလုံး အဆင်မပြေခဲ့လျှင်ပင် ဘဝတွင် "မတော်တဆမှု" များက အလွယ်တကူ ပေါ်လာနိုင်သည်သာ။

တစ်ခါတစ်ရံတွင် ကျန်းမာသန်စွမ်းနေသော လူတစ်ယောက်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတတ်သည်မှာ ကံကြမ္မာဖြစ်သည်။

စတီယာရင်မှာ အနည်းငယ် တုန်ခါသွားပြန်သည်။ အရက်မူးနေသော မာခွန်း သံသယစိတ်ဖြင့် ငုံ့ကြည့်လိုက်သည်။

ကားက ဝယ်ထားသည်မှာ မကြာသေးရာ ဘာမှမဖြစ်နိုင်ဟု သူ ယူဆထား၏။ ထို့ကြောင့် စတီယာရင်ကို ပုတ်လိုက်ပြီး ဒိုင်ခွက်နှင့် ကွန်ဆိုးလ်ကိုကြည့်လိုက်သည်။

"ဘာမှ မဖြစ်ပါဘူး၊ ငါ့လက်တွေ တုန်နေတာများလား"

ကွန်ဆိုးလ်၏ထောင့်နားတွင် ပီဇာပုံစံလည်ပတ်နေသော အိုင်ကွန်လေးတစ်ခုရှိနေသည်ကိုမူ သူ မမြင်ခဲ့ပေ။

ထိုအိုင်ကွန်မှာ ကား၏ ဒီဇိုင်းနှင့် လုံးဝကို အံမဝင်ဘဲထူးခြားနေခဲ့သည်။

မာခွန်း က အရှိန်လျှော့လိုက်ပြီး ငါးမိနစ်ခန့် ဆက်မောင်းကြည့်သည်။

ကားမှာ နောက်ထပ် ချို့ယွင်းချက်မပြတော့ကြောင်း အတည် ပြုပြီးနောက် သူက ခေါင်းခါရင်း ရယ်မောလိုက်သည်။

"အဘိုးကြီးနွားနဲ့ သူ့အပေါင်းအသင်းတွေက ငါ့ကို အရက်တွေ အတင်းတိုက်လိုက်လို့ ဖြစ်မှာပါ"

"ငါ့လက်တွေ တုန်သွားတာပဲ၊ နောက်တစ်ခါကျရင်တော့ သူတို့ကို ပြန်တိုက်ရမယ်၊ အဲ့ဒီကောင်တွေ လုပ်တာကို ဒီတိုင်းခံနေလို့ မဖြစ်ဘူး"

သံသယစိတ်များ လုံးဝပျောက်ကွယ်သွားပြီးနောက် သူသည် ကားအရှိန်ကို တစ်ဖြည်းဖြည်းပြန်တင်လိုက်သည်။

၁၅၀၊ ၁၈၀၊ ၂၀၀၊ ၂၂၀...

သူသည် ကား၏စွမ်းဆောင်ရည် အကန့်အသတ်အထိ အရှိန်မြှင့်တင်ရန် လီဗာကိုနင်းချလိုက်သည်။

"ဟွန်း... အဘိုးကြီးကလည်း နိုင်ငံခြားကို သွားဖို့ပဲ အတင်း ပြောနေတာ၊ ငါတော့ မသွားဘူး"

"အပင်ပန်းခံရမယ့် အလုပ်တွေကို လုပ်ချင်တဲ့လူပဲ လုပ်ပါစေ ငါ့မှာ တရုတ်ပြည်မှာ စားစရာသောက်စရာတွေ အများကြီး ရှိသလို လှတဲ့မိန်းမတွေလည်း အများကြီးပဲ၊ ဘာလို့ အဲ့ဒီလို နေရာမျိုးကို သွားရမှာလဲ"

"အဘိုးကြီး ငါ့ကို အမြဲတမ်း ပွစိပွစိမလုပ်နိုင်အောင် ဒီရက် ပိုင်း သူ့ကိုရှောင်နေရမယ်"

"ဒီကုမ္ပဏီက ဘာပဲဖြစ်ဖြစ် ငါ့ဟာပဲလေ။ တော်တဲ့ လက် အောက်ငယ်သားတွေ အများကြီးရှိနေတာကို ငါက ဘာလို့ ကိုယ်တိုင် စီမံခန့်ခွဲနေဖို့ လိုမှာလဲ။ ငါကတော့ အေးအေး ဆေးဆေးထိုင်ပြီး ပိုက်ဆံပဲ ရေတွက်နေမှာ"

"ဟို ရှေးလူကြီးတွေကတော့ ဒုက္ခခံရတာကို အကျင့်ဖြစ်နေတာ၊ ငါကတော့ အဲ့ဒီလိုမဖြစ်နိုင်ဘူး၊ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းရမယ်"

ဖခင်ဖြစ်သူအကြောင်း စဉ်းစားလိုက်မိသောအခါ မာခွန်း၏ စိတ်ထဲတွင် မကျေနပ်မှုများမြင့်တက်လာသည်။

သူက သူဌေးသားပွေရှုပ်သူအဖြစ်သာ နေချင်သော်လည်း အဖေဖြစ်သူကမူ အလုပ်အကြောင်း တကယ်တတ်အောင် သင်ရန် အတင်းပြောနေခြင်းပင်။ အဘယ်ကြောင့် ထိုသို့ လုပ်ချင်ပါမည်နည်း။

ပုံမှန်အားဖြင့် သူသည် နတ်ဘုရားများကို မယုံကြည်ဘဲ မိမိကိုယ်မိမိသာ အရှင်သခင်ဟု မှတ်ယူထားသူဖြစ်သော်လည်း ယခုအခါတွင်မူ ဆုတောင်းစာများကို ရွတ်ဆိုနေမိတော့ သည်။

"ဘုရား၊ တရား၊ စောင့်ရှောက်တော်မူပါ၊ ကျွန်တော့်ကို ကယ် ပါ၊ ကယ်ပါ!"

ဘေးရောက်မှ ဘုရားတခြင်းက တစ်ခါတစ်ရံတွင် အလုပ် ဖြစ်နိုင်သော်လည်း ယနေ့တွင်မူ မဟုတ်ပေ။

ရှည်လျားသော ဖြောင့်တန်းသည့်လမ်းမှာ နောက်ဆုံးတွင် ကုန်ဆုံးသွားပြီး လမ်းမကြီးမှာ ဘယ်ဘက်သို့ ဖြည်းညှင်းစွာ ကွေ့သွားသည်။

သို့သော် ကားမှာမူ ဖြောင့်တန်းစွာသာ ဆက်လက်မောင်းနှင်နေဆဲဖြစ်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် မာခွန်း၏ ကားမှာ လမ်းမကြီး ညာဘက်အစွန်ဆုံးသို့ကပ်သွားခဲ့သည်။ နောက်ထပ် စက္ကန့်အနည်းငယ် အတွင်းမှာပင် သူသည် လမ်းဘေးရှိ ကွန်ကရစ်နံရံနှင့် ပွတ်တိုက်မိတော့မည်ဖြစ်သည်။

သူ ပြင်ဆင်ထားလိုက်မိသည်။ နံရံနှင့် ပွတ်တိုက်မိခြင်းမှာ ကိစ္စမရှိပေ၊ အဆိုးဆုံးမှာ ကားပျက်စီးသွားရုံသာ။

ပွတ်တိုက်မှုအားကို အသုံးပြု၍အရှိန်လျှော့နိုင်လျှင် သူ အသက်ချမ်းသာရာ ရနိုင်ပေလိမ့်မည်။

သို့သော် သူ လိုချင်သော ရလဒ်ကိုမရခင်မှာပင် လမ်းမကြီး ၏လမ်းခွဲသို့ ရောက်ရှိသွားသည်။

တိုက်မိတော့မည့် နံရံမှာဝေးကွာသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လမ်းခွဲရှိ ကွန်ကရစ် အတားအဆီးမှာ သူ့ ရှေ့တည့်တည့်တွင် ပေါ်လာသည်။

၎င်းအပြင် သူသည် သတ္တုတွင်းလုပ်ငန်းကို မနှစ်သက်သည် မှာ ကြာပြီဖြစ်သည်။ ဘဏ္ဍာရေးလောကက လူတွေမှာ ပိုက်ဆံ အများကြီးရကြသည်မဟုတ်ပါလား။

သူ့ ကုမ္ပဏီတွင် လူပေါင်း သောင်းနှင့်ချီ၍ နေ့စဉ်ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြရသော်လည်း ကွန်ပျူတာရှေ့တွင် ထိုင်၍ ပိုက်ဆံဖြင့် ကစားနေသော လူအနည်းငယ်လောက်ပင် ဝင်ငွေမရကြပေ။

"အဘိုးကြီးက အိုနေပြီ။ ငါ ကုမ္ပဏီကို လွှဲယူတဲ့အခါကျရင် ဒီလို ပင်ပန်းတဲ့ အလုပ်တွေအကုန် ရောင်းပစ်ပြီး စတော့ဈေးကွက်မှာပဲ ရင်းနှီးမြှုပ်နှံတော့မယ်။ ဟဲဟဲ... အဲ့ဒီအခါကျရင်လည်း ငါက ချမ်းသာနေဦးမှာပဲ!"

သူသည် ကုမ္ပဏီကို လွှဲယူရန် အိပ်မက်ယဉ်နေပြီဖြစ်သည်။ အဘိုးကြီး၏ ရုံးခန်းကိုပြုပြင်ပြီး အိပ်ခန်းနှင့် ရေချိုးခန်းပါ ထည့်မည်၊

ပြီးတော့ ချောမောလှပသော အတွင်းရေးမှူးမလေး အနည်း ငယ်ကို ခန့်မယ်... ဟဲဟဲဟဲ၊ ဒါကမှ တကယ့် အလုပ်ပေါ့။

သူ ထိုသို့ စိတ်ကူးယဉ်နေစဉ်မှာပင် ကွန်ဆိုးလ်ပေါ်ရှိ ပီဇာအိုင်ကွန်မှာ လည်ပတ်နေခြင်းရပ်တန့်သွားသည်။

၎င်း ရပ်တန့်သွားသည်နှင့်အတူ စခရင်မှာ တစ်စက္ကန့်ပင်မပြည့်သော အချိန်အတွင်း လက်ခနဲဖြစ်သွားသည်ကို မာခွန်း သတိမထားမိလိုက်ပေ။

သူသည် စတီယာရင်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ဘေးကထိုင်ခုံမှ အရက်ပုလင်းကိုယူ၍ အဖုံးကို သွားဖြင့် ကိုက်ဖွင့်လိုက်သည်။

ခရွတ်၊ ခရွတ်၊ ခရွတ်...

ဘားတွင် သောက်ခဲ့သည်မှာ သူ့အတွက် မလုံလောက်သေးသဖြင့် ထပ်သောက်ရန်ပြင်နေခြင်းပင်။

ဒုန်း!

စတီယာရင်မှာ နောက်တစ်ကြိမ် ခါသွားပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူ ချက်ချင်းသတိဝင်လာသည်။

"ဘာဖြစ်တာလဲ၊ ကားမှာ တစ်ခုခု ချို့ယွင်းနေတာလား"

သူသည် လီဗာကို ချက်ချင်းလွှတ်လိုက်ပြီး ဘရိတ်ကို အနည်းငယ် နင်းလိုက်သည်။

"ဟင်?"

သူ့လုပ်ဆောင်ချက်ကြောင့် ကားမောင်းနှင်မှုပုံစံမှာ ပြောင်း လဲသွားခြင်းမရှိပေ။

လီဗာရော ဘရိတ်ရော အလုပ်မလုပ်တော့ပေ။

"ဘာတွေ ဖြစ်နေတာလဲ!"

ဒိုင်ခွက်ပေါ်ရှိ အိုင်ကွန်များအရ ကားမှာလက်ရှိတွင် အော်တိုမောင်းစနစ်ထဲသို့ ရောက်နေသည်။

သို့သော် သူ မည်သို့ပင် ကြိုးစားသော်လည်း ၎င်းကို ပိတ်၍မရတော့ပေ။

"မဖြစ်နိုင်တာ၊ ဘာလို့လဲ၊ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်နိုင်ရတာလဲ"

ကားမဝယ်ခင်က ကားမောင်းစနစ် ချို့ယွင်းမှုကြောင့် မတော် တဆမှုများ ဖြစ်ခဲ့သည်ကို သူ ကြားဖူးထားသည်။

သို့သော် ကုမ္ပဏီပိုင်ရှင်မှ ထိုပြဿနာကို ဖြေရှင်းပြီးပြီဟု ထပ်ခါတလဲလဲ ပြောခဲ့သည်မဟုတ်ပါလား။

အခုက ဘာတွေ ဖြစ်နေတာလဲ။

သူသည် အင်တာနက်ပေါ်တွင် တွေ့ခဲ့ဖူးသော ကား၏ထိန်း ချုပ်စနစ်ကို ပြန်လည်စတင်သည့် နည်းလမ်းများကိုပင် စမ်းကြည့်လိုက်သေးသည်။

သို့သော် ထိုနည်းလမ်းများမှာ လုံးဝအလုပ်မဖြစ်ပေ။ သူသည် ယခုအခါ စိတ်လှုပ်ရှားလွန်း၍ စတီယာရင်နှင့် စခရင်ကို ဒေါသတကြီးထိုးနှက်နေမိတော့သည်။

ကားမှန်များကိုပင် ထုရိုက်မိ၏။ သို့သော် ကားမှန်များကိုပင် သူ ထိန်းချုပ်၍ မရတော့ကြောင်း တွေ့လိုက်ရသည်။

ကားတစ်စီးလုံးမှာ သူ့ ထိန်းချုပ်မှုအောက်မှ လုံးဝလွတ်ထွက်သွားပြီး မြင်းရိုင်းတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

၂၂၀၊ ၂၄၀၊ ၂၅၀...

အရှိန်မှာ မာခွန်း မောင်းဖူးသမျှ စံချိန်အားလုံးကို ကျော်လွန်။သွားပြီး ကား၏ဘေးကင်းလုံခြုံမှု အကန့်အသတ်များကိုပါ ချိုးဖျက်သွားခဲ့သည်။

တစ်နာရီ ကီလိုမီတာ ၂၀၀ ကျော်အထိ သူ မကြာခဏ မောင်းနှင်လေ့ရှိသော်လည်း ယခုကဲ့သို့ လုံးဝထိန်းချုပ်မရသော အခြေအနေမျိုးမှာ ပုံမှန်နှင့် လုံးဝကွဲပြားနေသည်။

သူ့ နှလုံးမှာ အဆမတန် ခုန်နေပြီး လက်နှင့်ခြေထောက်များမှာ တုန်ယင်နေကာ နဖူးမှလည်း ချွေးအေးများ စီးကျလာသည်။

မာခွန်း အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်နေရသည်။ ကံကောင်းသည်မှာ သူတို့သည် လမ်းမကြီးပေါ်ရှိ ဖြောင့် တန်းသောလမ်းတွင် ရှိနေခြင်းဖြစ်ပြီး ညအချိန်ဖြစ်သော ကြောင့် တခြားကားများလည်း မရှိပေ။

ထိန်းချုပ်၍ မရသော်လည်း သူသည် ချက်ချင်းအန္တရာယ်ဖြစ်မည့် အခြေအနေတွင် မရှိသေးပေ။

သူသည် တုန်ယင်နေသော လက်များဖြင့် ဖုန်းကိုထုတ်ကာ ရဲစခန်းသို့ ဖုန်းဆက်ရန် ကြိုးစားလိုက်သည်။ ဤသည်မှာ သူ စဉ်းစားမိသမျှ တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။

အရက်မူးပြီး ကားမောင်းနေသည်ကို ရဲများ သိသွားလျှင် ဒုက္ခရောက်မည်ကို သူ သိသော်လည်း အသက်နှင့် ယှဉ်လျှင်မူ ဤသည်မှာ ပြဿနာအသေးအမွှားသာဖြစ်သည်။

သူ၏ အဖေမှ သူ့ကို ပြန်ထုတ်ပေးနိုင်လိမ့်မည်ဟု သူ ယူဆထားသည်။

"တီ... တီ... တီ..."

"တောက်!"

သူသည် မျှော်လင့်ချက်မဲ့စွာဖြင့် အကြိမ်ကြိမ် ခေါ်ဆိုသော် လည်း သူ၏ဖုန်းမှာ ပျက်စီးနေသကဲ့သို့ ဖြစ်နေပြီး ရိုးရှင်းသော အရေးပေါ်ဖုန်းကိုပင် ခေါ်ဆို၍မရတော့ပေ။

မည်သို့ပင် ကြိုးစားစေကာမူ ဖုန်းခေါ်၍ မရခဲ့ပေ။

သူ စဉ်းစားမိသမျှ နည်းလမ်းအားလုံးမှာ အသုံးမဝင်တော့ပေ။ ယခု သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကား၏ ဘက်ထရီကုန်သွားပြီး အလိုအလျောက် ရပ်တန့်သွားဖို့သာ ဖြစ်သည်။

သို့သော် သူ မထွက်လာခင်က ဘက်ထရီမှာ အပြည့်ရှိနေခဲ့ပြီး သူ့ကားမှာ ခရီးဝေးမောင်းနိုင်သော အဆင့်မြင့်မော်ဒယ် ဖြစ်သည်။

အရှိန်ပြင်းပြင်း မောင်းခြင်းက ဘက်ထရီကို မြန်မြန်ကုန်စေမည် ဆိုလျှင်ပင် အနည်းဆုံးကီလိုမီတာ ၁၀၀ ခန့် ဆက်သွားနိုင်ဦးမည် ဖြစ်သည်။

ပုံမှန်အားဖြင့် သူသည် နတ်ဘုရားများကို မယုံကြည်ဘဲ မိမိကိုယ်မိမိသာ အရှင်သခင်ဟု မှတ်ယူထားသူဖြစ်သော်လည်း ယခုအခါတွင်မူ ဆုတောင်းစာများကို ရွတ်ဆိုနေမိတော့ သည်။

"ဘုရား၊ တရား၊ စောင့်ရှောက်တော်မူပါ။ ကျွန်တော့်ကို ကယ်ပါ၊ ကယ်ပါ!"

ဘေးရောက်မှ ဘုရားတခြင်းက တစ်ခါတစ်ရံတွင် အလုပ် ဖြစ်နိုင်သော်လည်း ယနေ့တွင်မူ မဟုတ်ပေ။

ရှည်လျားသော ဖြောင့်တန်းသည့်လမ်းမှာ နောက်ဆုံးတွင် ကုန်ဆုံးသွားပြီး လမ်းမကြီးမှာ ဘယ်ဘက်သို့ဖြည်းညှင်းစွာ ကွေ့သွားသည်။

သို့သော် ကားမှာမူ ဖြောင့်တန်းစွာသာ ဆက်လက်မောင်းနှင်နေဆဲ ဖြစ်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် မာခွန်း၏ ကားမှာ လမ်းမကြီး ညာဘက်အစွန်ဆုံးသို့ ကပ်သွားခဲ့သည်။ နောက်ထပ် စက္ကန့်အနည်းငယ် အတွင်းမှာပင် သူသည် လမ်းဘေးရှိ ကွန်ကရစ်နံရံနှင့် ပွတ်တိုက်မိတော့မည် ဖြစ်သည်။

သူ ပြင်ဆင်ထားလိုက်မိသည်။ နံရံနှင့် ပွတ်တိုက်မိခြင်းမှာ ကိစ္စမရှိပေ၊ အဆိုးဆုံးမှာ ကားပျက်စီးသွားရုံသာရှိမည်။

ပွတ်တိုက်မှုအားကို အသုံးပြု၍ အရှိန်လျှော့နိုင်လျှင် သူ အသက်ချမ်းသာရာ ရနိုင်ပေလိမ့်မည်။

သို့သော် သူ လိုချင်သောရလဒ်ကို မရခင်မှာပင် လမ်းမကြီး ၏ လမ်းခွဲသို့ရောက်ရှိသွားသည်။

တိုက်မိတော့မည့် နံရံမှာ ဝေးကွာသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လမ်းခွဲရှိ ကွန်ကရစ် အတားအဆီးမှာ သူ့ ရှေ့တည့်တည့်တွင် ပေါ်လာသည်!

All Chapters