← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း (၃၇) - ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာခြင်း

[ကျွန်တော် အဘိုးကိုပေးခဲ့တဲ့ ကတိကို ဖောက်ဖျက်ပြီး ဒုတိယဦးလေးနဲ့ တတိယဦးလေးကို သတ်ခဲ့တယ်။ ဒါက ကျွန်တော့်အတွက် ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်]

[အဘိုးပြောတာ မှန်တယ်။ အာဏာဆိုတာ နောက်ဆုံးမှာ လူတွေကို မျက်ကန်းဖြစ်စေတာပဲ၊ ခွန်အားကသာ ထာဝရတည်မြဲတာပါ။ ကံမကောင်းစွာနဲ့ အရာအားလုံးက အရမ်း နောက်ကျသွားခဲ့ပြီ]

[အဘိုးချန်ရစ်ခဲ့တဲ့ အဆင့်မြင့်သိုင်းကွက် နှစ်ကွက်က ကျွန်တော်တို့ မျိုးဆက်ရဲ့ အင်ပါယာအုတ်မြစ်ကို ကာကွယ်ပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်]

တစ်ဖက်လူ၏ မှတ်ဉာဏ်များကို စုပ်ယူပြီးနောက် ကျိုးရီသည် မည်သည့်အရာများ ဖြစ်ပျက်နေသလဲ ဆိုသည်ကို အပြည့်အဝ နားလည်သွားလေသည်။

အမှန်တော့ ယခင်က ဤကမ္ဘာကြီးမှာ သီးခြားကမ္ဘာတစ်ခု မဟုတ်ဘဲ များစွာ ပိုမိုကြီးမားလှသော ကမ္ဘာကြီးတစ်ခုနှင့် ချိတ်ဆက်နေခဲ့ခြင်းဖြစ်သည်။

ထိုမဟာကမ္ဘာကြီးတွင် အားကောင်းသော ကျင့်ကြံသူအများအပြား ရှိနေပြီး နတ်ဆိုးများဖြင့်လည်း ပြည့်နှက်နေရာ အလွန်တရာ အန္တရာယ်များလှသော်လည်း အလွန် ထွန်းတောက်သော သိုင်းပညာရွှေခေတ်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပေသည်။

သန့်ရှင်းသောနယ်မြေတစ်ခုကို ဖန်တီးရန်အတွက် ဤကမ္ဘာမှ ရှေးဟောင်းကျင့်ကြံသူများသည် ဤကမ္ဘာကို သီးခြားခွဲထုတ်ရန် နတ်ဘုရားစွမ်းရည်တစ်ခုကို အသုံးပြုခဲ့ကြသည်။

သို့သော် ဤသည်က ကြီးမားသောပြဿနာတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

မဟာကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် ဤကမ္ဘာ၏ ဝိညာဉ်စွမ်းအင်များ တဖြည်းဖြည်း ခန်းခြောက်လာပြီး သိုင်းပညာများမှာလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့တော့သည်။

ထိုအခါ အင်ပါယာမင်းဆက် အသီးသီးက ဖြေရှင်းနည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

တော်ဝင်မိသားစုမှ တစ်စုံတစ်ဦးက သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိသွားသရွေ့ အထူးဖြတ်လမ်းတစ်ခုမှတစ်ဆင့် အဆင့်မြင့်ကမ္ဘာသို့ ဝင်ရောက်နိုင်ပေသည်။

အင်ပါယာမင်းဆက် ဆက်လက် တည်တံ့စေရန်အတွက် သူတို့သည် တစ်ကြိမ်လျှင် သိုင်းသူတော်စင်တစ်ပါးကိုသာ စေလွှတ်လေ့ရှိပြီး အခြားသိုင်းသူတော်စင်တစ်ပါးအား အင်ပါယာကို စောင့်ကြပ်ရန် ချန်ထားခဲ့လေ့ ရှိကြသည်။

နောက်ထပ် သိုင်းသူတော်စင်တစ်ပါး ပေါ်ထွက်လာသောအခါမှသာ ထိုသူက မဟာကမ္ဘာကြီးဆီသို့ သွားရောက်နိုင်မည် ဖြစ်သည်။

တာ့ချန်မင်းဆက်မှာ မူလက ဤနည်းလမ်းကို လိုက်နာခဲ့သော်လည်း ဧကရာဇ်ထိုက်ကျုံး၏ ပုန်ကန်မှုကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့လေသည်။

ဧကရာဇ်ထိုက်ကျုံးထက် အရင်ဧကရာဇ်ဖြစ်ခဲ့သော ဒုတိယဧကရာဇ်မှာ ဧကရာဇ်ထိုက်ကျူ၏ မြေးအရင်းအချာဖြစ်သော်လည်း တရားဝင် တော်၀င်မျိုးဆက် မဟုတ်ခဲ့ချေ။

အဆင့်နိမ့်မျိုးရိုးမှ မွေးဖွားလာသော်လည်း မာနကြီးလှသော သူသည် သူ့ဦးလေး အချို့ကို ဖိနှိပ်ရန် ကြိုးစားခဲ့ရာ နောက်ဆုံးတွင် ပြောင်းပြန်အကျိုးသက်ရောက်သွားပြီး ဧကရာဇ်ထိုက်ကျုံး၏ လက်နက်ကိုင်ပုန်ကန်မှုကို ဖြစ်ပေါ်စေခဲ့လေသည်။

ဒုတိယဧကရာဇ်သည် ခွန်အား မလုံလောက်မှုကြောင့် နောက်ဆုံးတွင် မဟာကမ္ဘာကြီးဆီသို့ ထွက်ပြေးရန် ရွေးချယ်ခဲ့ပြီး သူ မထွက်ခွာမီ အထူးလမ်းကြောင်းကို ဖျက်ဆီးသွားခဲ့ရာ ထိုအချိန်မှစ၍ မဟာကမ္ဘာကြီးဆီသို့ သွားရောက်ရန် ခက်ခဲသွားခဲ့တော့သည်။

ဧကရာဇ်ထိုက်ကျုံးတွင် သားသုံးယောက် ရှိသော်လည်း သူ၏ အကြီးဆုံးမြေးတော်ကိုသာ မျက်နှာသာပေးခဲ့သည်။

နောက်ဆုံးတွင် သူသည် အကြီးဆုံးမြေးတော်ထံသို့ ပလ္လင်လွှဲပြောင်းပေးခဲ့ပြီး သူ၏ ကိုယ်ပိုင်စွမ်းအားများကိုပါ စတေးကာ အကြီးဆုံးမြေးတော် သိုင်းသူတော်စင်အဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့လေသည်။

ထိုမြေးတော်မှာ ယခု သူ့ရှေ့တွင် ရှိနေသော ဧကရာဇ်ပင်။

သူသည် ထိုမြေးတော်မှတစ်ဆင့် မျှော်လင့်ချက် မီးပွားလေးတစ်ခု ချန်ထားခဲ့ရန် ရည်ရွယ်ခဲ့သော်လည်း ဝိညာဉ်စွမ်းအင်များ ခန်းခြောက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ထို့အပြင် သူ၏ကြီးထွားမှုမှာ သဘာဝမကျဘဲ အတင်းအကြပ် တွန်းအားပေးခံခဲ့ရသောကြောင့် အခြေခံအုတ်မြစ် မခိုင်မာဘဲ နောက်ထပ် အဆင့်ထိုးဖောက်ဝင်ရောက်မှုများ ပြုလုပ်ရန် ခက်ခဲသွားခဲ့လေသည်။

သူသည် မဟာကမ္ဘာကြီးဆီသို့ ဖြတ်လမ်းကို ပြန်မဖွင့်နိုင်ဘဲ စိတ်ဓာတ်ကျကာ သေဆုံးသွားခဲ့ရလေသည်။

ကျိုးရီက သက်ပြင်းချကာ ညည်းတွားလိုက်သည်။

“နှမြောစရာပဲ၊ ဒုတိယဧကရာဇ်က ဧကရာဇ်ရဲ့ မြေးကောင်း တစ်ယောက်လို့ ထင်ရပေမယ့် တကယ်တော့ တာ့ချန်ရဲ့ တက်လမ်းကို လုံးဝ ပိတ်ဆို့သွားစေတဲ့ ပုန်းကွယ်နေတဲ့ ဘေးအန္တရာယ်တစ်ခု ဖြစ်ခဲ့တာပဲ”

ကျိုးရီ ခေါင်းခါယမ်းလိုက်သည်။ တော်ဝင်မိသားစု အတွင်းရှိ အချစ်နှင့် အမုန်းတရားများကို သူ ဂရုစိုက်နေရန်မလိုပေ။

“ဒါပေမဲ့... မှတ်ဉာဏ်တွေထဲမှာ ပြောထားတဲ့ ဧကရာဇ်ထိုက်ကျုံး ချန်ရစ်ခဲ့တဲ့ အဆင့်မြင့်သိုင်းကွက် နှစ်ကွက်ဆိုတာ ဘာတွေလဲ”

“တာ့ချန်ရဲ့ အုတ်မြစ်ကို ကာကွယ်ဖို့တောင် ကူညီပေးနိုင်တယ်ဆိုတော့၊ ဒီအရာတွေက သာမန်တော့ မဟုတ်ဘူး၊ အနာဂတ်မှာ ငါ ပိုသတိထားရမယ်”

ကျိုးရီသည် ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသက်သွင်းလိုက်လေသည်။

“မင်းက ဘာပဲဖြစ်ဖြစ် သေနေပြီပဲလေ၊ စုပ်ယူစရာ ကျင့်ကြံခြင်းစွမ်းအား မရှိပေမယ့် မင်းရဲ့ သွေးအနှစ်သာရတွေကိုတော့ ပေးဆပ်သင့်တာပေါ့”

အရည်အချင်းပြည့်ဝသော ဂူသင်္ချိုင်းဖောက်သူတော်စင် တစ်ဦးအနေဖြင့် မြင်မြင်သမျှငန်းတိုင်းဆီမှ အမွေးတိုင်းကို နုတ်ယူရမည်ဖြစ်ပြီး မည်သည့်အရာကိုမျှ မချန်ရစ်ထားခဲ့သင့်ပေ။

ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းက တစ်ဖက်လူကို ဝါးမျိုစုပ်ယူလိုက်ရာ ကျိုးရီသည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် သိသိသာသာ အားကောင်းလာသည်ကို ခံစားလိုက်ရသည်။

သို့သော် ထိုအချိန်မှာပင် ကြိုတင်သတိပေး ခံစားချက်တစ်ခုက သူ့ရင်တွင်း၌ ရုတ်တရက် ဖြတ်ပြေးသွားလေရာ သူ နန်းတော်ဘက်သို့ ချက်ချင်း လှမ်းကြည့်လိုက်လေသည်။

သူက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ။ ဘာဖြစ်လို့ ငါ သတိပေးခံရတာလဲ။ ငါ့ရဲ့ ဆဋ္ဌမအာရုံက သတိပေးနေပြီ”

ယခုအခါ သူသည် သိုင်းသူတော်စင်တစ်ပါး ဖြစ်နေပြီဖြစ်ပြီး သာမန် သိုင်းသူတော်စင်တစ်ပါး မဟုတ်ဘဲ အလွန်တရာ အားကောင်းလှသော တည်ရှိမှုတစ်ခုဖြစ်ကြောင်း သိထားသင့်သည်။

ထို့ကြောင့် သူ၏ဆဋ္ဌမအာရုံမှာ သေချာပေါက် မလွဲမှားနိုင်ပေ။

နန်းတော်တွင် တစ်ခုခု ဖြစ်ပျက်နေချေပြီ။ သူ့အပေါ် သက်ရောက်မှု ရှိမည့် ကိစ္စကြီးတစ်ခု ဖြစ်ပျက်နေပြီ ဖြစ်သည်။

သူသည် သိုင်းသူတော်စင်အဆင့် ရောက်နေပြီဖြစ်ပြ သတိထားခြင်းလမ်းစဉ်ကို လိုက်နာသူဖြစ်ရာ သူ့အပေါ် သက်ရောက်မှုရှိနိုင်သည့် မည်သည့်အရာမဆို ကမ္ဘာကြီးတစ်ခုလုံးအပေါ် မလွှဲမသွေ သက်ရောက်မှုရှိမည်သာ။

နန်းတော်အတွင်း၌ လီချင်းရွှမ်မှာ လူအများအပြားကို ရင်ဆိုင်တိုက်ခိုက်နေရသည်။ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေသော်လည်း သူ၏ အရှိန်အဝါများမှာ ကျဆင်းမသွားဘဲ တိုက်လေ ပို၍ ရဲရင့်လာလေ ဖြစ်နေသည်။

သူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“လာကြလေ... လာကြစမ်း။ မင်းတို့ ငါ့ကို သတ်ချင်နေတာ မဟုတ်ဘူးလား”

လီချင်းယွန်နှင့် အခြားသူများမှာ အခြေအနေ ပိုဆိုးနေပြီး လက်တစ်ဖက်ကိုပင် ဆုံးရှုံးထားရလေသည်။

ထိုစဉ် အနီရောင်ဝတ်စုံ၀တ် လူရိပ်တစ်ခု ရောက်ရှိလာပြီး သားအမိနှစ်ဦးကို သယ်ဆောင်လာလေသည်။

“လီချင်းရွှမ်... ဒါဘယ်သူလဲ ကြည့်စမ်း”

ပြင်းထန်သော တိုက်ပွဲအတွင်း ရောက်ရှိနေသော လီချင်းရွှမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏မျက်၀န်းများ ကျုံ့ဝင်သွားတော့သည်။

“မိဖုရားပဲ”

မီဖုရားခေါင်ကြီး လက်ထဲတွင် လီချင်းရွှမ်၏ သားနှင့် မိန်းမတို့ ရှိနေလေ၏။

“ခမည်းတော်”

“၀မ်အာ၊ ဆူအာ၊ ခင်ဗျား… မိစ္ဆာအိုကြီး၊ ခင်ဗျား သူတို့ကို ထိရဲရင် ကျွန်တော် သေတဲ့အထိ တိုက်ခိုက်သွားမယ်၊ မင်းကို သေချာပေါက် အရိုးကအစ ပြာဖြစ်သွားအောင် လုပ်ပစ်မယ်”

လီချင်းရွှမ်က အံကြိတ်ကာ ကြိမ်းဝါးလိုက်သည်။

မိဖုရားခေါင်ကြီးက အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“ဟမ့်... နင် ငါ့ချွေးမကို သတ်ပြီး ငါ့မြေးကို ဖျက်ဆီးခဲ့တုန်းက၊ ဒီလိုနေ့မျိုး ရောက်လာမယ်လို့ ဘာလို့မတွေးခဲ့တာလဲ။ နင့်မှာ ဒီသားတစ်ယောက်ပဲ ရှိတာ၊ တကယ်လို့ သူ့ကိုသာ ငါ ဖျက်ဆီးပစ်လိုက်ရင် နင်ပလ္လင်ရလည်း ဘာအရေးပါတော့လို့လဲ"

“နင့်ပလ္လင်ကို ဆက်ခံမယ့်သူမရှိဘဲ တစ်ယောက်တည်း ဖြစ်နေမှာမဟုတ်လား”

မိဖုရားခေါင်ကြီးက စကားပြောပြီးသည်နှင့် ကလေးနှစ်ယောက်၏ ကျောကို လက်ဝါးနှစ်ချက် ရိုက်ချလိုက်ရာ ကလေးနှစ်ယောက်လုံး၏ နှလုံးသွေးကြောများ ထိုနေရာမှာပင် အက်ကွဲသွားတော့သည်။

“မဖြစ်ရဘူး...”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီချင်းရွှမ် သွေးတစ်ပွက် အန်ထွက်လာပြီး သူ၏ မျက်လုံးများမှာ မျက်ခွံများအတွင်းမှ ကျွတ်ထွက်မတတ် ပြူးကျယ်သွားကာ လုံးဝ ရူးသွပ်သွားတော့သည်။

“အား... ခင်ဗျား မိစ္ဆာအိုကြီး၊ ခင်ဗျားကို သတ်မယ်”

သူ ဟိန်းဟောက်ကာ ရှေ့သို့ ပြေးဝင်သွားသော်လည်း မိဖုရားခေါင်ကြီးက လက်ဝါးတစ်ချက်ဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။

ဝုန်း...။

နှစ်ဦးလုံးမှာ တစ်ပြိုင်နက်တည်း နောက်ဆုတ်သွားကြပြီး ပေါက်ကွဲသံကြီးမှာ မိုးခြိမ်းသံအလား ထွက်ပေါ်လာတော့သည်။

မိဖုရားခေါင်ကြီးက ရက်စက်စွာ လှောင်ပြောင်လိုက်သည်။

“နင်တစ်ယောက်တည်း မိစ္ဆာကျင့်စဉ်ကို လေ့ကျင့်ခဲ့တယ်လို့မထင်နဲ့၊ ငါ့ရဲ့ သွေးလောင်ကျွမ်းခြင်း မဟာကျင့်စဉ်ကလည်း သာမန်မဟုတ်ဘူး”

“မိစ္ဆာကျင့်စဉ်ကို လေ့ကျင့်ခဲ့လို့ နင့်သက်တမ်းက နည်းနည်းပဲ ကျန်‌တော့တာ၊ အခု နင့်သားပါ မရှိတော့ဘူးဆိုတော့၊ နင် ရှုံးသွားပြီ ပလ္လင်က အဆုံးမှာတော့ ငါ့သားအတွက်ပဲဖြစ်ရမယ်”

ထိုစကားများ ကြားလိုက်ရသောအခါ လီချင်းရွှမ်မှာ ရုတ်တရက် ပါးစပ်ကြီးဖြဲကာ ရယ်မောလိုက်တော့သည်။

ဖရိုဖရဲ ဖြစ်နေသော ဆံပင်များနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် ရက်စက်ကြမ်းကြုတ်သော သရဲတစ္ဆေတစ်ကောင်နှင့်ပင် တူညီနေလေသည်။

“ကောင်းပြီ။ ကောင်းပြီ… ကောင်းပြီ”

သူက ‘ကောင်းပြီ’ ဆိုသော စကားလုံးကို သုံးကြိမ်တိုင်တိုင် ပြောလိုက်သည်။

“ဘွားတော်ကြီး... ခင်ဗျားက အတော် ရက်စက်တာပဲ၊ ခင်ဗျားက ကျွန်တော့် လမ်းကို ပိတ်ဆို့လိုက်တာဆိုတော့ ကျွန်တော်ကလည်း ဒီကမ္ဘာကြီးတစ်ခုလုံးရဲ့ လမ်းကို ပိတ်ဆို့ပစ်မယ်၊ တကယ်လို့ သေရမယ်ဆိုရင် လူတိုင်း အတူတူသေကြတာပေါ့”

ထိုသို့ပြောပြီးနောက် သူသည် လက်တစ်ချက် ဝှေ့ယမ်းကာ သူ၏ အင်္ကျီလက်စွပ် အတွင်းမှ ဧကရာဇ် ကျောက်စိမ်းတံဆိပ်တုံး တစ်ခုကို ထုတ်ယူလိုက်လေသည်။

သူက ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ကောင်းကင်ဘုံက ခန့်အပ်ထားတဲ့သူ အသက်ရှည်ပြီး ကြီးပွားချမ်းသာပါစေ၊ အရင်တုန်းက ဘိုးဘေးနဂါးဧကရာဇ်ကြီးက ဒီသန့်ရှင်းတဲ့နယ်မြေကို ဖန်တီးပြီး တံဆိပ်တုံးနဲ့ ကာကွယ်ထားခဲ့တာ"

“ဒီနေ့တော့ ငါက ဒီသန့်ရှင်းတဲ့နယ်မြေကို နတ်ဆိုးတွေသောင်းကျန်းပြီး ကျင့်ကြံသူတွေ မှိုလိုပေါများတဲ့ အဲဒီ မဟာကမ္ဘာကြီးဆီကို ပြန်လည်ပို့ဆောင်ပေးမယ်”

မိဖုရားခေါင်ကြီး၏ မျက်နှာအမူအရာမှာ အကြီးအကျယ်ပြောင်းလဲသွားတော့သည်။

“သူ့ကို အောင်မြင်ခွင့်ပေးလို့ မဖြစ်ဘူး၊ မဟုတ်ရင် ဒီကမ္ဘာကြီး အဆုံးသတ်သွားလိမ့်မယ်”

ကံမကောင်းစွာဖြင့် အလွန်နောက်ကျနေပြီ ဖြစ်သည်။

လီချင်းရွှမ်သည် သူ၏ စွမ်းအားများကို အတင်းအကြပ် မြှင့်တင်ရန် အသက်စွမ်းအင်များကို လောင်ကျွမ်းစေခဲ့ပြီး ဧကရာဇ် ကျောက်စိမ်းတံဆိပ်တုံးကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်လေသည်။

ထိုအခိုက်အတန့်တွင် နဂါးတစ်ကောင်၏ သနားစဖွယ် ဟိန်းဟောက်သံကြီးတစ်ခုက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားလေသည်။

ကောင်းကင်ယံရှိ ကြယ်များ စတင် လိမ်ယှက်သွားပြီး မြေပြင်ပေါ်တွင် ဝိညာဉ်စွမ်းအင် စမ်းချောင်းများနှင့် ဆင်တူသော နေရာများ ပေါ်လာကာ ဝိညာဉ်စွမ်းအင်အများအပြား ထုတ်လွှတ်ပေးနေလေသည်။

မိဖုရားခေါင်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“သေနာကောင်... နင့်ကို ငါသတ်မယ်”

ဒေါသထွက်နေသော မိဖုရားခေါင်ကြီးသည် လီချင်းရွှမ်၏ နှလုံးသွေးကြောကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားတော့သည်။

လီချင်းရွှမ် သွေးတစ်ပွက် အန်ထုတ်လိုက်လရပြီး ခြေကို အပြင်းအထန်ဆောင့်နင်းကာ ထိုအရှိန်ကို အသုံးပြု၍ ထွက်ပြေးသွားတော့သည်။

“ဘွားတော်ကြီး... ဒီတစ်ကြိမ် ခင်ဗျား နိုင်သွားတယ်၊ ဒါပေမဲ့ အမြဲတမ်း နိုင်မှာမဟုတ်ဘူး။ တစ်နေ့နေ့မှာ အဆင့်မြင့် စွမ်းအားရှင်တစ်ယောက် ပေါ်လာတဲ့အခါ ခင်ဗျား ဘာလုပ်မလဲဆိုတာ မရဏကမ္ဘာကနေ စောင့်ကြည့်နေမယ်။ ဟားဟားဟား”

မိဖုရားခေါင်ကြီးက စူးရှစွာ အမိန့်ပေးလိုက်သည်။

“သူ့ကို ဖမ်းကြ။ သူ့ကို ဒီလောက်လွယ်လွယ်လေး သေခွင့်ပေးလို့မဖြစ်ဘူး။ ငါ့ရင်ထဲက အမုန်းတရားတွေ ပြေပျောက်သွားအောင် သူ့ရဲ့ အသားတွေကို တစ်လွှာချင်းစီ လှီးဖြတ်ချင်တယ်”

ကံမကောင်းစွာဖြင့် လီချင်းရွှမ်သည် လျှို့ဝှက်ဆန်းကြယ်သော ခြေလှမ်းသိုင်းတစ်ခုကို ပိုင်ဆိုင်ထားရာ အင်ပါယာမြို့တော်အတွင်းသို့ လျင်မြန်စွာ တိုး၀င်ပျောက်ကွယ်သွားခဲ့လေပြီ။

All Chapters