← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

167

မှောင်ခိုဈေးကွက် နယ်မြေတစ်ခုလုံးမှာ မယုံနိုင်လောက်အောင် ရှုပ်ထွေးသွားခဲ့သည်။

ဈေးကွက်ကို ထိန်းချုပ်ထားသော ဂိုဏ်းသားများနှင့် လင်းကုဝေ ဦးဆောင်သည့် တရုတ်ရဲများမှာ လမ်းမများအနှံ့တွင် ရှေးဟောင်းပစ္စည်း သယ်ဆောင်ထားသူများကို အပြင်းအထန် လိုက်လံဖမ်းဆီးနေကြသည်။

အခြားတစ်ဖက်တွင်မူ ချင်ရန်သည် သူရရှိထားသော ညွှန်ကြားချက်အတိုင်း အဆောက်အအုံရှေ့သို့ ရောက်ရှိလာခဲ့၏။

အဆောက်အအုံအဝင်ဝတွင် လုံခြုံရေးဝန်ထမ်းများစွာ ရှိနေသည်ကို တွေ့ရသော်လည်း ရှေးဟောင်းပစ္စည်းအားလုံးကို ရှာဖွေရန်နှင့် သူတို့ခေါင်းဆောင်ကို တွေ့ဆုံရန်မှာ ဤနေရာသို့ ဝင်ရောက်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ချင်ရန်သည် ကျရောက်လာမည့် မည်သည့်အန္တရာယ်ကိုမျှ ဂရုမစိုက်ဘဲ တစ်ကိုယ်တော် ဝင်ရောက်စီးနင်းကာ အစောင့်များကို မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်တော့သည်။

သို့သော် ချင်ရန်သည် သူတို့၏ အသက်အန္တရာယ်ရှိသော နေရာများကို တိုက်ရိုက်မပစ်ဘဲ လက်ကောက်ဝတ်နှင့် ခြေထောက်များကိုသာ ပစ်ခတ်လိုက်သဖြင့် အစောင့်များမှာ မလှုပ်ရှားနိုင်တော့ဘဲ သူ့ကို အန္တရာယ်မပြုနိုင်တော့ချေ။

"အချက်ပေး... အချက်ပေး"

"အမည်မသိ ကျူးကျော်သူတစ်ယောက် အဆောက်အအုံထဲကို ဝင်လာပြီ၊ စစ်ကူတွေ ချက်ချင်းလွှတ်ပေးကြ"

အစောင့်များမှာ မလဲကျမီ ထိုသို့ အကြောင်းကြားလိုက်ကြ၏။

ချင်ရန်သည် ဂျပန်စကားကို နားမလည်သော်လည်း စစ်ကူများ မကြာမီ ရောက်လာတော့မည်ကို ခန့်မှန်းမိသဖြင့် အချိန်ဆွဲမနေတော့ဘဲ ဒုတိယထပ်သို့ အမြန်ပြေးတက်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အဆောက်အအုံ၏ ငါးထပ်မြောက်၌ ဆံပင်ကို သပ်ရပ်စွာ ဖီးသင်ထားသော အနောက်တိုင်းဝတ်စုံနှင့် အဖိုးကြီးသည် ဖုန်းချလိုက်ပြီးနောက် မျက်နှာမှာ အေးစက်သွားတော့သည်။

တိုကျိုမြို့တော်ရဲဌာနမှ အရာရှိကြီးက တရုတ်ရဲများကို သတင်းပေးလိုက်သဖြင့် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်သွားရခြင်းဖြစ်ကြောင်း သူ့လက်အောက်ငယ်သားများက သတင်းပို့လာခဲ့သည်။

ထိုအရာရှိကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တရုတ်နိုင်ငံတွင် ပညာသင်ကြားခဲ့ဖူးသော်လည်း ရာဇဝတ်မှုတစ်ခုကြောင့် ကျောင်းထုတ်ခံရကာ မိခင်နိုင်ငံသို့ ပြန်ပို့ခံခဲ့ရသဖြင့် အငြိုးအတေး ထားရှိသူ ဖြစ်သည်။

ယခုတစ်ခေါက် တရုတ်ရဲများ ရောက်လာချိန်တွင်လည်း ထိုရဲများကို သေတွင်းထဲပို့ရန် သူက ရည်ရွယ်ခဲ့ခြင်းပင်။

သို့သော် ဤကိစ္စသည် ယာမာမိုတိုအုပ်စု၏ အကျိုးစီးပွားကို ထိပါးသွားခဲ့သည်။

သူတို့သည် ရှေးဟောင်းပစ္စည်းများကို လေလံတင်ရောင်းချရန် စီစဉ်ထားသော်လည်း ယခုအခါ တရုတ်ရဲများ၏ နှောင့်ယှက်မှုကြောင့် လေလံပွဲကို ရွှေ့ဆိုင်းလိုက်ရ၏။

အဆိုးဆုံးမှာ လေလံပွဲသို့ လာရောက်ကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များ လက်ဗလာဖြင့် ပြန်သွားရမည်ဆိုပါက ယာမာမိုတိုအုပ်စု၏ ဂုဏ်သိက္ခာမှာ အကြီးအကျယ် ထိခိုက်ပေလိမ့်မည်။

"တောက်... အဲဒီကောင်၊ ငါ ဆုံးရှုံးခဲ့ရတဲ့ တန်ဖိုးအတိုင်း မင်း ပြန်ပေးဆပ်စေရမယ်"

ယာမာမိုတိုအုပ်စုသည် ဂျပန်နိုင်ငံရှိ ထိပ်တန်း ယာကူဇာအဖွဲ့ကြီး သုံးခုအနက် တစ်ခုဖြစ်ပြီး အလွှာပေါင်းစုံတွင် အင်အားကြီးမားလှသည်။

သူတို့ကို အသုံးချဝံ့သောသူမှာ အသေအချာပင် လမ်းဆုံးသွားပြီ ဖြစ်သည်။

အဖိုးကြီးသည် သူ့လက်အောက်ငယ်သားထံ ချက်ချင်း ဖုန်းဆက်လိုက်၏။

ထိုဖုန်းခေါ်ဆိုမှုအပြီးတွင် မိမိ၏ သာယာသောနေ့ရက်များ ကုန်ဆုံးတော့မည်ကို တိုကျိုရဲအရာရှိကြီး မသိသေးချေ။

သို့သော် ထိုအချိန်တွင်ပင် အနောက်တိုင်းဝတ်စုံနှင့် လူတစ်ဦးသည် ရုံးခန်းတံခါးကို ဇွတ်အတင်း တွန်းဖွင့်ကာ ပြေးဝင်လာသည်။

ထိုအခါ အဖိုးကြီးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

"မင်း ရူးနေလား၊ ဘာလို့ တံခါးမခေါက်ဘဲ ဝင်လာတာလဲ"

"ခေါင်းဆောင်... တစ်ယောက်ယောက်က ကျူးကျော်ဝင်ရောက်လာပါတယ်၊ အစောင့်အများစုကို သူက ရှင်းပစ်လိုက်ပြီ"

ထိုသူက တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။

သူသည် ချင်ရန်၏ သေနတ်ပြောင်းဝမှ သီသီလေး လွတ်မြောက်လာခဲ့ခြင်းပင်။

"ဘာ၊ တစ်ယောက်ယောက် ကျူးကျော်လာတယ် ဟုတ်လား"

အဖိုးကြီးမှာ မှင်တက်သွားရသည်။

လက်အောက်ငယ်သားဖြစ်သူက ချက်ချင်းပင် ဆက်ပြောလိုက်၏။

"ဒါပေမဲ့ အစောင့်တစ်ယောက်မှ မသေပါဘူး၊ သူတို့ရဲ့ လက်ကောက်ဝတ်တွေကိုပဲ ပစ်သွားတာ၊ သူက လူသတ်ချင်ပုံမရဘူး"

"ဘယ်သူကများ ငါတို့ ယာမာမိုတိုအုပ်စုကို ဒီလောက်အထိ ရဲရဲတင်းတင်း လုပ်ဝံ့ရတာလဲ"

အဖိုးကြီး၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွားတော့သည်။

*ဗုန်း*

ထိုစဉ် မြေပြင်ပေါ်သို့ အရာဝတ္ထုနှစ်ခု ကျရောက်သွားသည့် အသံတစ်ခုကို ကြားလိုက်ရ၏။

အစောင့်နှစ်ဦး၏ ခန္ဓာကိုယ်မှာ အပြင်ဘက်မှ ကန်ထုတ်လိုက်သကဲ့သို့ တံခါးဝမှ လွင့်စဉ်ဝင်လာခဲ့သည်။

"ဟင်... သူ ရောက်လာပြီလား"

လက်အောက်ငယ်သားဖြစ်သူလည်း လန့်သွားတော့သည်။

သူ လှည့်ကြည့်လိုက်သောအခါ အေးစက်သော မျက်နှာထားဖြင့် ရိုင်ဖယ်သေနတ်ကို ကိုင်ဆောင်ထားသည့် လူတစ်ယောက် ဖြည်းညှင်းစွာ ဝင်လာသည်ကို တွေ့လိုက်ရသည်။

ထိုသူမှာ ချင်ရန်ပင် ဖြစ်၏။

ပထမထပ်မှ ငါးထပ်သို့ ရောက်ရန် ချင်ရန်သည် သုံးမိနစ်ခန့်သာ အချိန်ယူခဲ့သည်။

သူ့အား တားဆီးရန် ကြိုးစားကြသော အစောင့်များ၏ လက်ကောက်ဝတ်များကိုသာ ပစ်ခတ်ပြီး မလှုပ်ရှားနိုင်အောင် စီမံခဲ့သည်။

ဤနေရာမှာ ဂျပန်နိုင်ငံ ဖြစ်နေသဖြင့် ချင်ရန်အနေဖြင့် လူများကို စိတ်ကြိုက် သတ်ဖြတ်၍ မရပေ။

အကယ်၍ လူပေါင်း ၅၀၊ ၆၀ ခန့်ကို ဂျပန်မြေတွင် သတ်ဖြတ်လိုက်မည်ဆိုပါက သူသည် တစ်သက်တစ်ကျွန်း ကျခံရနိုင်သလို သေဒဏ်ပင် စီရင်ခံရနိုင်သည်။

ချင်ရန်သည် ထိုကဲ့သို့ အမှားမျိုး မလုပ်ချေ။

သူသည် အခန်းထဲသို့ ဝင်လာသည်နှင့် စနစ်တကျ စီထားသော ရှေးဟောင်းပစ္စည်းများကို တွေ့လိုက်ရသည်။

ထိုပစ္စည်းများမှာ ကြီးမားပြီး ရှေးကျသော အငွေ့အသက်များ လွှမ်းခြုံနေ၏။

အခန်းကျယ်ကြီးထဲတွင် အဖိုးကြီးနှင့် လက်အောက်ငယ်သားတစ်ဦးသာ ရှိတော့သည်။

"လူငယ်လေး... မင်းက ဘယ်သူလဲ၊ ဒီကို ဘာလာလုပ်တာလဲ"

လောကဓံပေါင်းစုံကို ဖြတ်သန်းလာခဲ့သော အဖိုးကြီးသည် တည်ငြိမ်စွာပင် မေးလိုက်၏။

ချင်ရန်ကမူ ဂျပန်စကား နားမလည်သဖြင့် ပြန်မဖြေချေ။

ထိုစဉ် အနောက်ဘက်မှ အစောင့်များ ပြေးတက်လာသည့် ခြေသံများကို ကြားလိုက်ရသဖြင့် ချင်ရန်မှာ ချက်ချင်း လှုပ်ရှားလိုက်သည်။

သူသည် လေပြင်းတစ်ချက် ဝှေ့ယမ်းသွားသကဲ့သို့ အဖိုးကြီး နောက်သို့ ရောက်ရှိသွားကာ သေနတ်ပြောင်းဖြင့် အဖိုးကြီး၏ ကျောကို တေ့ထားလိုက်၏။

"မင်းရဲ့ လူတွေကို နောက်ဆုတ်ခိုင်းလိုက်"

ချင်ရန်က အေးစက်စွာ ပြောလိုက်သည်။

လက်နက်ကိုင် အစောင့်အုပ်ကြီးမှာ သူတို့ခေါင်းဆောင် ဓားစာခံဖြစ်သွားသည်ကို မြင်သောအခါ ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြ၏။

အဖိုးကြီးသည် ချင်ရန်၏ လေယူလေသိမ်းအရ တရုတ်စကားဖြစ်ကြောင်း သိလိုက်ရသဖြင့် ထိုသူမှာ တရုတ်ရဲဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားသည်။

'တရုတ်ရဲတွေထဲမှာ ဒီလောက် သတ္တိရှိတဲ့သူ ရှိနေတာလား၊ တောက်... ငါတို့ကို အသုံးချရဲတဲ့ တိုကျိုမြို့တော်ရဲဌာနက အရာရှိ၊ မင်းကို ငါ အသေသတ်ပစ်မယ်'

အဖိုးကြီးမှာ ဒေါသထွက်နေသော်လည်း ခါးတွင် တေ့ထားသော သေနတ်ပြောင်းကြောင့် မလှုပ်ရှားဝံ့ချေ။

သူသည် စကားလုံးများကို တိုက်ရိုက်နားမလည်သော်လည်း အခြေအနေအရ အဓိပ္ပာယ်ကို ခန့်မှန်းမိသဖြင့် ချက်ချင်း အမိန့်ပေးလိုက်၏။

"အားလုံး နောက်ဆုတ်ကြ၊ နောက်ဆုတ်"

တင်းကျပ်သော အမိန့်ကြောင့် အစောင့်များမှာ မတတ်သာဘဲ နောက်ဆုတ်ပေးလိုက်ရသည်။

သို့သော် ချင်ရန်မှာ မကျေနပ်သေးဘဲ ဆက်ပြောလိုက်ပြန်သည်။

"သူတို့ သေနတ်တွေကို အောက်ချခိုင်းလိုက်"

အဖိုးကြီးမှာ ထိုစကားကိုလည်း ရိပ်မိသဖြင့် ထပ်မံ၍ အမိန့်ပေးလိုက်၏။

"သေနတ်တွေကို ချလိုက်ကြ၊ လက်မြှောက်ပြီး ကြမ်းပြင်ပေါ် ဒူးထောက်လိုက်"

ယာမာမိုတိုအုပ်စု၏ အဖွဲ့ဝင်များသည် ခေါင်းဆောင်အပေါ် အလွန်သစ္စာရှိကြသဖြင့် အမိန့်ကို တစ်သဝေမတိမ်း လိုက်နာကြသည်။

"အခု... မင်း ကျေနပ်ပြီလား"

အဖိုးကြီးက မေးလိုက်၏။

ချင်ရန်မှာ အဖိုးကြီးက သူ့ကို သေနတ်ချခိုင်းသည်ဟု ထင်မှတ်ကာ လျစ်လျူရှုထားလိုက်သည်။

သူသည် ရှေးဟောင်းပစ္စည်းများအားလုံး မပျက်မစီးဘဲ ဤနေရာ၌ပင် ရှိနေသည်ကို မြင်သောအခါမှသာ စိတ်အေးသွားတော့၏။

All Chapters