← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

(အရင်စာရေးသူက ထွက်သွားလို့နောက်တစ်ယောက် ထပ်ရှာထားတာ အဆင်မပြေတာလေးတွေရှိခဲ့ရင် ကြိုတင်ပြီးတောင်းပန်ပါရစ))

အခန်း (၁၃၁) ဒီပါရမီရှင်တွေထဲက တစ်ယောက်မှ ပုံမှန် မဟုတ်ဘူး

"ကြည့်... နင်းဖန်က ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲ ဝင်သွားပြီ"

"ကျန်း တစ်ထောင့်တစ်ရာ... ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အောင်မြင်မှုလဲ"

"ဒီအတိုင်းဆိုရင် သူ မကြာခင် ထိပ်ဆုံး ငါးယောက်စာရင်းထဲ ရောက်တော့မယ်"

" နင်းဖန်ရဲ့ ကျင့်ကြံခြင်းနည်းစနစ် က တကယ်ကို အားကောင်းတာပဲ... တည်တည်ငြိမ်ငြိမ်နဲ့ ကျင့်ကြံနိုင်ဆဲပဲ.. သူ့ရဲ့ ရုပ်ခန္ဓာကိုယ် ကို ဝိညာဉ် က မထိန်းချုပ်ထားပေမယ့် အသက်ရှုသွင်းရှုထုတ် လုပ်နိုင်သေးတယ်"

"ဘာပဲဖြစ်ဖြစ် အဲဒါက ကောင်းကင်၊ မြေကြီး၊ အနက်ရောင် နဲ့ အဝါရောင် တဲ့အဆင့်တွေကို ကျော်လွန်တဲ့ ထိပ်တန်းအဆင့် နတ်ဘုရား ကျင့်ကြံခြင်းနည်းစနစ် လေ... အခု နင်းဖန်ရဲ့ ဝိညာဉ် စွမ်းအား ကအဆင့် ချိုးဖျက်ခဲ့ပြီပြီးဆိုတော့ သူ့ရဲ့ ဝိညာဉ် ဖိအား က အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့်ကို ရောက်နေလောက်ပြီ"

"ပြိုင်ဘက်ကင်း ရုပ်ခန္ဓာကိုယ်၊ ပြီးတော့ နက်ရှိုင်းတဲ့ ဝိညာဉ်... တပည့်ခေါင်းဆောင် နင်း ရဲ့ အခြေခံအုတ်မြစ် က တကယ်ကို အားကျစရာပဲ"

"အကယ်၍ သူ စိတ်ဝိညာဉ်ပုံသွင်းခြင်း အဆင့် ကို ချိုးဖျက်တဲ့အခါ သူ့ရဲ့ နတ်ဘုရားစိတ်အာရုံ ကို အမြင့်ဆုံးအထိ ကျင့်ကြံ နိုင်မယ်ဆိုရင် နီဗားနား အပြီးမှာ သူ ဘယ်လောက်တောင် အားကောင်းလာမလဲဆိုတာ ငါ စိတ်ကူးတောင် မယဉ်ရဲဘူး"

"..."

တပည့်များစွာသည် ဆူညံပွက်လောရိုက်နေကြ၏။ နင်းဖန်သည် ရှေးဟောင်း ကျောက်စာတိုင် ပေါ်တွင် နာမည်ကို ချန်ထားရစ်မည်ကို သူတို့ အချိန်အတော်ကြာကတည်းက မျှော်လင့်ထားခဲ့ကြသော်လည်း ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲ ဝင်သွားသည်ကို အမှန်တကယ် မျက်မြင်တွေ့လိုက်ရသောအခါ တုန်လှုပ်မှုကို ဖိနှိပ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကျောက်တိုင်ပေါ်တွင် မှတ်တမ်းတင်ထားနိုင် သူများသည် ထိုက်ရီအစစ်အမှန်ဂိုဏ်း ၏ သမိုင်းတစ်လျှောက် နှစ်သန်းပေါင်း ကိုးဆယ် အတွင်း ထင်ရှားခဲ့သည့် စစ်မှန်သော ပါရမီရှင် များ ဖြစ်ကြ၏။

ထို့ပြင် ခေတ်ပြိုင် တပည့်တစ်ယောက်အနေဖြင့် နင်းဖန်သည် မျိုးဆက်ပေါင်းများစွာက လူများကို ကျော်လွန်ကာ စာရင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ဒဏ္ဍာရီတစ်ခု မွေးဖွားလာသည်ကို ကိုယ်တိုင် မျက်မြင်တွေ့ရသည့် ခံစားချက်က သူတို့၏ နှလုံးသားများကို တကယ်ပင် တုန်လှုပ်သွားစေခဲ့၏။

အကြီးအကဲများသည်လည်း ယခုအခိုက်အတန့်တွင် အလွန် စိတ်လှုပ်ရှားနေကြသည်။ အားလုံးက ကျောက်စာတိုင်ပေါ်တွင် နင်းဖန်၏ နာမည် အပေါ်သို့ တက်လာသည်ကို စိုးရိမ်တကြီး ကြည့်နေကြ၏။ အားလုံး၏ အကြည့်အောက်တွင် အဋ္ဌမနေရာ၌ ဖြည်းညင်းစွာ ရပ်တန့်သွားခဲ့သည်။ ကျန်း တစ်ထောင့်တစ်ရာ့ခြောက်ဆယ့်ခြောက် ဖြစ်သည်။

"အရမ်း အံ့သြဖို့ကောင်းတယ်... နင်းဖန်ရဲ့ လက်ရှိ ဝိညာဉ် အလေးချိန် က ဂျင် နှစ်သန်းထက်တောင် ကျော်သွားလောက်ပြီ"

"အဋ္ဌမနေရာ၊ အလွန် ကောင်းတဲ့ အောင်မြင်မှုတစ်ခုပါ၊ ဒါပေမယ့် ဒါက နင်းဖန်ရဲ့ အကန့်အသတ် နဲ့ ဝေးကွာ နေသေးတယ်"

" နင်းဖန်က ဝိညာဉ်လေ ကို လွယ်လွယ်ကူကူနဲ့ ရင်ဆိုင်သွားတာကို ငါ မြင်တယ်... စိတ်ဝိညာဉ်ပုံသွင်းခြင်း နယ်ပယ် ကို မချိုးဖျက်ခင် သူ သေချာပေါက် နောက်ထပ် တိုးတက်လာဦးမယ်"

"ငါတို့ အားလုံး၊ နင်းဖန် ထိပ်ဆုံး သုံးယောက်စာရင်းထဲ ဝင်လာမယ့်အချိန်ကိုပဲ စောင့်ကြတာပေါ့"

အကြီးအကဲများက စိတ်ခံစားမှုအပြည့်ဖြင့် ပြောလိုက်ကြသည်။

တစ်ချိန်တည်းမှာပင်။

အောက်ဘက်တွင်။

ကျဆင်းသည့် အမြန်နှုန်း စတင် နှေးကွေးလာသည်ကို နင်းဖန် သတိထားမိသော်လည်း ပြာယာမခတ်ခဲ့ချေ။ သူသည် လေထဲတွင် ထိုင်ကာ နည်းစနစ်ကို လည်ပတ်နေဆဲဖြစ်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်း ကို ဆက်လက် လုပ်ဆောင်နေခဲ့၏။

ဝိညာဉ် ဖိနှိပ်ခြင်း ကောင်းကင်တိုင် က ကာကွယ်ပေးထားသဖြင့် သူ၏ ဝိညာဉ်သည် တောင်တစ်တောင်ကဲ့သို့ ဖြစ်နေပြီး ဝိညာဉ်လေ မည်သို့ပင် တိုက်ခတ်ပါစေ မလှုပ်မယှက် ရှိနေခဲ့သည်။ သူ ကျင့်ကြံခြင်း အခြေအနေထဲသို့ ပြန်ဝင်သွားသည်နှင့်အမျှ ကျဆင်းသည့် အရှိန်သည်လည်း ဖြည်းညင်းစွာ တိုးလာခဲ့၏။

မျက်စိတစ်မှိတ်စာ အချိန်လေးအတွင်းမှာပဲ နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြန်သည်။ နင်းဖန် ဆင်းသက်လာခဲ့သော အနက်သည် ကျန်းပေါင်း တစ်ထောင့်နှစ်ရာ့လေးဆယ့်တစ် သို့ ရောက်ရှိသွားခဲ့ပြီ ထိုအနက်မှာ ဝိညာဉ်အဆင့်သတ်မှတ်ချက်တွင် ပဉ္စမနေရာ၌ ရှိပေသည်။

တောင်ကြား၏ အလွန်နက်ရှိုင်းလှသော နေရာဖြစ်သည့်အားလျော်စွာ ပတ်ဝန်းကျင်တစ်ဝိုက်တွင် အမှောင်ထု ဖုံးလွှမ်းနေကာ အထက်သို့ မော့ကြည့်လိုက်ပါကလည်း အလင်းရောင်ကို ပင် မမြင်ရတော့ပေ။

သို့သော် ကျင့်ကြံသူတို့သည် သေမျိုးများနှင့် မတူညီကြပေ။ ခန္ဓာမရှိသော်လည်း ဝိညာဉ်သည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို ဆွဲသွင်းစုပ်ယူနိုင်ဆဲဖြစ်ရာ၊ ဝိညာဉ်အာရုံဖြင့် ကြည့်လိုက်ပါက ပတ်ဝန်းကျင်တစ်ခုလုံးမှာ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေပေသည်။

ဝိညာဉ်အလင်းတန်းများ လွှမ်းခြုံနေသော နင်းဖန်၏ မျက်လုံးများသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်စဉ် ရုတ်တရက် အံ့သြသွားခဲ့၏။ အကြောင်းမှာ သူ၏ရှေ့ရှိ ကျောက်နံရံပေါ်တွင် ရေးထွင်းထားသော စာကြောင်းတစ်ကြောင်းကို မြင်လိုက်ရသောကြောင့်ပင်။

‘ဒါက... ဂိုဏ်းရဲ့ ပါရမီရှင် တွေဆီက စာလား'

နင်းဖန်သည် ထိုသို့တွေးကာ သိချင်စိတ်ဖြင့် အနီးသို့ တိုးသွားခဲ့သည်။

နဂါးနှင့် ဖီးနစ်များ ပျံသန်းနေသည့်အလား ရေးသားထားသော စာတစ်ကြောင်း ကျောက်နံရံပေါ်တွင် ထွင်းထုထားသည်ကို သူ တွေ့လိုက်ရ၏။

[ ငါ၊ သူတော်စင် လီတာနျန် က အခု ဝိညာဉ် အလေးချိန် ဂျင် နှစ်သန်းရှစ်သိန်း နဲ့ ဒီနေရာကို ဆင်းသက်လာပြီး ဝိညာဉ် အဆင့်သတ်မှတ်ချက် မှာ တတိယနေရာ ရသွားပြီ ခေတ်အဆက်ဆက်က သူရဲကောင်း အားလုံးကို ကြည့်လိုက်ရင် အဲဒီ နှစ်ယောက်ကလွဲလို့ ဘယ်သူကများ ငါနဲ့ ယှဉ်နိုင်မှာလဲ... ပျော်တယ် အရမ်း ပျော်တယ်]

စာသားမှာ တိုတောင်းသော်လည်း စာသားအတွင်းရှိ ပျော်ရွှင်မှုကို ခံစားနိုင်ဆဲ ဖြစ်၏။

"လီတာနျန်..."

ဟု ရေရွတ်ကာ နင်းဖန် မျက်ခုံးပင့်လိုက်ပြီး ကျောက်စာတိုင်ပေါ်ရှိ အချက်အလက်များကို ပြန်လည် သတိရလိုက်သည်။

ထိုသူကား ဂိုဏ်း၏ (၂၆) ဆက်မြောက် သူတော်စင်ပင် ဖြစ်သည်။ သူသည် အလွန်စောသော ခေတ်ကာလတွင် ပေါ်ထွန်းခဲ့သူ ဖြစ်ပြီး နောက်ထပ် ပါရမီရှင်များစွာ ပေါ်ထွက်မလာသေးချေ။ ထို့ကြောင့်လည်း ထိုခေတ်အခါက သူသည် တတိယနေရာတွင် အမှန်တကယ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

"သူက စိတ်ဝင်စားစရာကောင်းတဲ့ လူပဲ"

နင်းဖန် အနည်းငယ် ပြုံးလိုက်သည်။ ဤကျောက်နံရံပေါ်တွင် စာတစ်စောင် ချန်ထားခဲ့ရန် စဉ်းစားမိသည့် လီတာနျန် တွင် ထူးခြားချက် အတော်လေး ရှိပုံရ၏။

သက်ပြင်းချကာ ဆက်လက် ဆင်းသက်ရန် ပြင်ဆင်နေစဉ် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ နောက်တစ်ကြိမ် အေးခဲသွားရပြန်သည်။ အဘယ်ကြောင့်ဆိုသော် လီတာနျန် ၏ စာအောက်တွင် တူညီသော ဒုတိယ စာတစ်စောင် ရှိနေကြောင်း သူ ရှာတွေ့လိုက်သောကြောင့်ပင်။

[ဟားဟား... မင်းက အရမ်းစောပြီး ပျော်နေတာပဲ ဝိညာဉ် အဆင့်သတ်မှတ်ချက် က တတိယ နေရာဟာ မင်း ယူဖို့ မဟုတ်ဘူး... စတုတ္ထနေရာမှာ သွားနေစမ်း]

ဤလက်ရေးမှာ ရဲရင့်ပြတ်သားပြီး အားမာန်ပါလှသဖြင့် လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု ကိန်းအောင်းနေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ နင်းဖန်သည် အဆင့်သတ်မှတ်ချက်စာရင်းကို အမြန်ပြန်လည်စဉ်းစားကြည့်ပြီးနောက်၊ ဤစာမှာ (၃၂) ဆက်မြောက် ဂိုဏ်းချုပ်ဖြစ်သူ ဆုန့်ထျန်းရှင်း ချန်ထားခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

သူသည် 'ပြိုင်ဘက်ကင်း အာဏာရှင်ခန္ဓာ' ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ဂိုဏ်း၏သမိုင်းတစ်လျှောက်တွင် 'မြင့်မြတ်သော တောင်ထိပ်ငါးခု စစ်မှန်လက်သီး' ကျင့်စဉ်ကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံအောင်မြင်ခဲ့သည့် တစ်ဦးတည်းသော ပါရမီရှင်လည်း ဖြစ်၏။

သူသည် တစ်ခါက သူခေတ်၏ ပြိုင်ဘက်အားလုံးကို သံလက်သီးတစ်စုံဖြင့်သာ ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်ကင်းသူအဖြစ် ရပ်တည်ခဲ့ဖူးသည်။

ယခု နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း နင်းဖန်သည် ထိုစာကြောင်းများကြားရှိ အငွေ့အသက်များမှတစ်ဆင့် ဂိုဏ်းချုပ်ဆုန့်၏ ယုံကြည်ချက်နှင့် မာန်မာနတို့ကို အထင်အရှား ခံစားနေရဆဲပင်။ သူ၏ လက်ရေးအက္ခရာများပင်လျှင် အလွန်အရှိန်အဝါကြီးမားလှရာ 'ပြိုင်ဘက်ကင်း အာဏာရှင်ခန္ဓာ' ပိုင်ရှင်နှင့် တကယ်ပင် ထိုက်တန်လှပေတော့သည်။

နင်းဖန် သက်ပြင်းချနေစဉ် သူ အထက်အောက် ကြည့်လိုက်ရာ ရုတ်တရက် နောက်တစ်ကြိမ် ရပ်တန့်သွားပြန်ကာ တွေးတောမိသည်။

‘ ရှိသေးတာလား..’

သူ အံ့အားသင့်သွားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ဆုန့်ထျန်းရှင်း ၏ စာအောက်တွင် တတိယမြောက် စာလုံးအသေးလေး တစ်ကြောင်းကို မြင်လိုက်ရသောကြောင့်ပင်။ လက်ရေးမှာ နူးညံ့ပြီး ကျက်သရေရှိကာ လှပသော အမျိုးသမီး တစ်ဦးက စုတ်တံကို ကိုင်ဆောင်ပြီး ရေးသားထားသကဲ့သို့ ဖြစ်၏။

[ဟားဟား… ရှင်တို့ နှစ်ယောက်စလုံးက အရမ်းစောပြီး ပျော်နေကြတာပဲ ဒီတတိယ နေရာက ရှင်တို့ နှစ်ယောက် လုဖို့ မဟုတ်ဘူး... နှစ်ယောက်စလုံး ကျွန်မရဲ့ နောက်မှာ ဖုန်သွားစားနေလိုက်ကြ]

ပြောစရာ မလိုအောင်ပင် ထိုစာမှာ လက်ရှိတွင် ဝိညာဉ် အဆင့်သတ်မှတ်ချက် ၌ တတိယနေရာတွင် ရှိနေသည့် လျိုရူယန် ချန်ထားခဲ့ခြင်း ဖြစ်ရမည်။ နင်းဖန်၏ ဝိညာဉ် သည် ကျောက်နံရံရှေ့တွင် လွင့်မျောနေပြီး စာသုံးစောင်ကို အဖန်ဖန် ဖတ်ရှုကာ သူ စကားမပြောနိုင် ဖြစ်သွားခဲ့၏။

‘တကယ်ပဲလား။ မင်းတို့ အားလုံးက တတိယနေရာ တစ်ခုတည်းကို လုဖို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေကြတာလား။ နောက်ပြီး ဒီကျောက်စာ ထွင်းပြီး စာတိုချန်တဲ့ ကိစ္စကိုတောင် စလုပ်လိုက်သေးတယ်... မင်းတို့တွေ ကလေးဆန်မနေဘူးလား'

နင်းဖန် အထင်အမြင်သေးစွာ လှောင်ပြုံးလိုက်သည်။ ထို့နောက် သူ၏ လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ အဆုံးမရှိသော ဝိညာဉ် စွမ်းအား သည် စုတ်ချက် အဖြစ် ပြောင်းလဲသွားပြီး ကျောက်နံရံပေါ်သို့ ကျရောက်သွားခဲ့၏။

[ မင်းတို့ သုံးယောက်စလုံးက အရမ်းစောပြီး ပျော်နေကြတာပဲ ငါ၊ အပြင်စည်း အစမ်းခန့်တပည့် က ပထမနေရာကို ရည်မှန်းထားတယ်... မင်းတို့ သူတော်စင် တွေနဲ့ သူတော်စင်မိန်းမပျို တွေ အားလုံး ဘေးဖယ်လိုက်ကြ]

နင်းဖန်သည် ကြွားဝါရသည်ကို ဝါသနာပါသူတစ်ဦး မဟုတ်ပေ။ သို့သော်လည်း မိမိုက်လှသော စကားအချို့ကို ချန်မထားခဲ့ပါက ရိုင်းရာကျပေလိမ့်မည်ဟု ခံစားလိုက်ရသည်။ သူသည် စာထဲတွင် သူ၏အမည်နာမ သို့မဟုတ် ကိုယ်ပိုင်အမှတ်အသားကို တိုက်ရိုက်ဖော်ပြခြင်း မပြုခဲ့ပေ။

သို့သော်လည်း မဟာကပ်ဘေးကြီးပြီးဆုံး၍ ဂိုဏ်းတော်ကြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားချိန်တွင် သူ၏လုပ်ရပ်များသည် မျိုးဆက်ပေါင်း တစ်သောင်းတိုင်အောင် သေချာပေါက် လက်ဆင့်ကမ်း အပြောခံရပေလိမ့်မည်။

အနာဂတ်၏ ပါရမီရှင်တို့သည် 'အပြင်စည်း အစမ်းခန့်တပည့်' ဟူသော စကားလုံးကို မြင်လိုက်ရုံဖြင့် မည်သူ့ကို ရည်ညွှန်းနေသည်ကို ချက်ချင်း သိရှိသွားကြပေလိမ့်မည်။ ဤအရာအားလုံးကို ဆောင်ရွက်ပြီးနောက် နင်းဖန်သည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

ထို့နောက် သူ၏ ဝိညာဉ်မှာ အောက်သို့ ဆက်လက်ဆင်းသက်သွားခဲ့၏။ နောက်ထပ် ခုနစ်ကျန်းခန့် အကွာအဝေးသို့ ရောက်သောအခါ ဂိုဏ်းချုပ် ဆုန့်ထျန်းရှင်း၏ လက်ရေးစာသားကို ထပ်မံတွေ့ရှိလိုက်ရပြန်သည်။

[ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်... တကယ်တော့ ငါ့ရဲ့ အကန့်အသတ်ဟာ ကျန်း (၁၂၄၀) အထိပဲ ရှိတာ။ ဒါပေမဲ့ တတိယနေရာကို လုယူနိုင်ဖို့အတွက် ဝိညာဉ်လွင့်စင်ပြီး အသက်ဘေးအန္တရာယ် ကြုံရနိုင်တာကိုတောင် ဂရုမစိုက်ဘဲ နောက်ထပ် ခုနစ်ကျန်းအထိ ဆင်းသက်ဖို့ စွန့်စားခဲ့တာပေါ့။ တကယ်ကြီး အောင်မြင်သွားလိမ့်မယ်လို့ ငါကိုယ်တိုင်တောင် မမျှော်လင့်ထားခဲ့ဘူး... ဟားဟား... ငါ တကယ်ကို မိုက်တယ် မဟုတ်လား ]

အောက်ဘက်တွင် လျိုရူယန် ၏ စာက ကပ်လျက် လိုက်ပါလာခဲ့၏။

[ရှင်က အရူးပဲ မဟုတ်ဘူးလား]

တိုတောင်းသော စကားလုံးအနည်းငယ်သာ ဖြစ်သော်လည်း ထိုစာသားများမှာ ထိထိမိမိ ရှိလှပေသည်။ နင်းဖန်သည်လည်း အကြွင်းမဲ့ သဘောတူမိ၏။

ထိုအကွာအဝေးမှာ ကျန်းအနည်းငယ်သာ ဖြစ်သဖြင့် ဝိညာဉ်ခန္ဓာကိုယ်အတွက် ရရှိမည့် ကျင့်စဉ်အကျိုးအမြတ်မှာ မပြောပလောက်သော်လည်း၊ ဆုန့်ထျန်းရှင်းသည် တတိယနေရာဟူသော အမည်သက်သက်အတွက် အသက်ဘေးကို ရင်ဆိုင်ကာ အောက်သို့ အတင်းအကျပ် ဆင်းသက်ခဲ့သည်။ ဤသည်မှာ ပုံမှန်လူတစ်ယောက် လုပ်မည့်အလုပ်မျိုး မဟုတ်သည်မှာ အမှန်ပင်။

သူသည် ခေါင်းကို အသာခါယမ်းကာ အောက်သို့ ဆက်လက်ဆင်းသက်သွားခဲ့၏။ နောက်ထပ် နှစ်ကျန်းခန့် ရောက်သောအခါ လျိုရူယန်၏ စာသားကို နောက်တစ်ကြိမ် မြင်လိုက်ရပြန်သည်။

[ငါ... လျိုရူယန်ဟာ တစ်သက်လုံး ဘယ်သူ့ကိုမှ အရှုံးပေးခဲ့တဲ့သူ မဟုတ်ဘူး။ ဆုန့်ထျန်းရှင်းက တတိယနေရာကို လုဖို့ ဝိညာဉ်ချုပ်ငြိမ်းမယ့် ဘေးဒုက္ခကိုတောင် စွန့်စားရဲတယ်ဆိုရင် ငါကရော ဘာလို့ မစွန့်စားနိုင်ရမှာလဲ။ အခု နောက်ထပ် နှစ်ကျန်းအကွာအဝေးကို ငါ့ရဲ့ အကန့်အသတ်တွေကြားကနေ အတင်းအကျပ် ညှစ်ထုတ်ခဲ့တာဟာ... သူတော်စင်မိန်းမပျိုဖြစ်တဲ့ ငါဟာ ထိုက်ရီ ဂိုဏ်းရဲ့ ထာဝရ နံပါတ်တစ် အမျိုးသမီးကျင့်ကြံသူ ဖြစ်တယ်ဆိုတာကို သက်သေပြဖို့အတွက်ပဲ]

နင်းဖန်: "..."

‘တကယ်ပဲလား အစ်မ။ သူ့ကို အရူးလို့ မင်း ခုနကပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ မင်းရဲ့ ကျန်း တစ်ထောင့်နှစ်ရာ့ငါးဆယ် အောင်မြင်မှုက ဘယ်လိုလုပ် ညှစ်ထုတ်ခံရတာလဲ'

နင်းဖန် မှင်တက်သွားခဲ့၏။

ဒီဂိုဏ်းက ပါရမီရှင် တွေ တစ်ယောက်မှ ပုံမှန်လူတွေ မဟုတ်ဘူးပဲ ...

---

All Chapters