← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း (၁၃၇) နင်းဖန်က ဒီကပ်ဘေးအတွက် ရွေးချယ်ခံရသူလား

ရှေးခေတ်ကာလကတည်းက လောကတွင် မသေမျိုးနယ်မြေနှင့် ပတ်သက်သော ကောလာဟလများ ရှိခဲ့ဖူးသည်။ သိုင်းပညာတာအို၏ နောက်ဆုံးအတားစီးဖြစ်သော "မူလအစသို့ ပြန်လည်ရောက်ရှိခြင်း" သည် မသေမျိုးအဖြစ် ကောင်းကင်ဘုံသို့ တက်လှမ်းရန် အတားအဆီးကို ဆိုလိုခြင်းဖြစ်သည်ဟု လူသားတို့က ယုံကြည်ကြသည်။

ထိုအတားအဆီးကို တစ်ကြိမ်မျှ ဖြတ်ကျော်နိုင်သည်နှင့် အဆုံးမရှိသော စွမ်းအားများကို ပိုင်ဆိုင်ရရုံမျှမက၊ ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ပေသည်။ သို့သော် မူလခေတ်မှ ယနေ့အထိ နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ထိုဒဏ္ဍာရီလာ မသေမျိုးနယ်မြေသို့ တက်လှမ်းနိုင်သူ တစ်ဦးတစ်ယောက်မျှ ရှိသည်ဟု မကြားဖူးချေ။

ထို့ကြောင့် မူလအစသို့ ပြန်လည်ရောက်ရှိခြင်း၏ အတားစီးကို ချိုးဖျက်ပြီးနောက် မည်သို့သော နယ်ပယ်သို့ ရောက်ရှိမည်ကို မည်သူမျှ သေချာမသိကြပေ။ သို့သော် ယခုအခါ မဟာအကြီးအကဲ၏ စကားများအရ ဘိုးဘေး ထိုက်ရီသည် မသေမျိုးနယ်မြေသို့ တက်လှမ်းသွားပုံရသည်ဟု ပြောရာ ဖေ့ချင်းယွီအတွက် အလွန်ပင် အံ့သြတုန်လှုပ်ဖွယ် ဖြစ်ခဲ့ရသည်။ ထိုအကြောင်းအရာက ကမ္ဘာပျက်မည့် ကပ်ဘေးထက်ပင် သူ့ကို ပို၍ တုန်လှုပ်သွားစေခဲ့၏။

ကျီးယန်သည် ကောင်းကင်ကို မော့ကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် တိုးညင်းစွာ ပြောလိုက်သည်

"ကျင့်ကြံခြင်းရဲ့ နယ်ပယ်ကိုးခုဟာ နတ်ဘုရားဖြတ်သန်းခြင်းနယ်ပယ်မှာ အဆုံးသတ်တယ်လို့ ကမ္ဘာကြီးက ယုံကြည်ကြတယ်၊ အဲဒီနေရာရောက်ရင် သေမျိုးလောကရဲ့ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပြီး ခေတ်တစ်ခေတ်လုံးကို ဖိနှိပ်ထားနိုင်တယ်... ဒါက အကန့်အသတ် မဟုတ်ဘူးဆိုတာ သူတို့ မသိကြဘူး... နတ်ဘုရားဖြတ်သန်းခြင်းနယ်ပယ်ရဲ့ အထက်မှာ မြေကမ္ဘာမသေမျိုးတွေ ရှိတယ်"

ဖေ့ချင်းယွီသည် ထိုစကားများကို ကြားရသောအခါ အသိပညာအသစ်များကို ဆာလောင်စွာဖြင့် အလျင်အမြန် မေးမြန်းလိုက်၏။

"မြေကမ္ဘာမသေမျိုးတွေဆိုတာ မသေမျိုးတစ်ယောက်ရဲ့ နယ်ပယ်လား"

"မှန်တယ်"

ကျီးယန်က ခေါင်းညိတ်ကာ သက်ပြင်းချရင်း ပြန်လည်ဖြေကြားခဲ့သည်။

"မသေမျိုးနယ်မြေဟာ အလွန်ခမ်းနားကြီးကျယ်ပြီး လူတိုင်းမှာ ကြီးမားတဲ့ စွမ်းအားတွေ ရှိတယ်လို့ ဆိုကြတယ်... ကံမကောင်းစွာနဲ့ပဲ ငါဒီမသေမျိုးနယ်မြေ တစ်ခုတည်းအကြောင်းကိုပဲ သိတယ်၊

အဲဒီအလွန်မှာ ဘာတွေရှိလဲဆိုတာကို ငါဘာမှမသိဘူး... ငါတို့ရဲ့ အစစ်အမှန်နက်နဲနယ်မြေက နတ်ဘုရားဖြတ်သန်းခြင်းအဆင့် စွမ်းအားရှင်ကြီးတွေဟာ မူလအစသို့ ပြန်လည်ရောက်ရှိခြင်း အတားစီးကို ချိုးဖျက်နိုင်သရွေ့ မြေကမ္ဘာမသေမျိုးတွေ ဖြစ်လာနိုင်ပြီး မသေမျိုးနယ်မြေကို တက်လှမ်းနိုင်ကြတယ်"

ကပ်ဘေးဒုက္ခ ကျရောက်တော့မည်ဖြစ်သောကြောင့် မဟာအကြီးအကဲသည် ပုံမှန်ထက် စကားပိုပြောကာ သူသိသော လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်၏။

ထိုအကြောင်းများကို ကြားသိရသောအခါ ဖေ့ချင်းယွီသည် မိမိ၏ဘဝကို အလကား ဖြတ်သန်းခဲ့ရသကဲ့သို့ ခံစားလိုက်ရပြီး ဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်သော်လည်း ကျယ်ပြောလှသော ကမ္ဘာကြီးတွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ မှတ်ယူမိတော့သည်။

ထို့နောက် သူက ဆက်မေးလိုက်သည်။

"ဒါပေမယ့် ကျွန်တော်တို့ အစစ်အမှန်သိုင်းပညာနယ်မြေရဲ့ လူသားမျိုးနွယ်က ထွန်းကားလာခဲ့ပြီး ရှည်လျားတဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ စွမ်းအားရှင်ကြီးအများအပြားက မူလအစသို့ ပြန်လည်ရောက်ရှိခြင်း အချုပ်အနှောင်ကို ချိုးဖျက်ခဲ့ကြတယ်လေ... ဘာလို့ သူတို့ တက်လှမ်းသွားတာကို ကျွန်တော်တို့ မမြင်ရတာလဲ"

ထိုအခါ ကျီးယန်က အနည်းငယ် တုံ့ဆိုင်းသွားသဖြင့် ဘေးရှိ ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင်က ဝင်ရောက်ကာရှင်းပြလိုက်သည်။

"မူလခေတ် ကတည်းက ကောင်းကင်တာအိုဟာ တစ်ခုခု မှားယွင်းနေခဲ့လို့ တက်လှမ်းဖို့ မဖြစ်နိုင်တော့တာ... ဒါပေမယ့် မူလခေတ် မတိုင်ခင်က ပုန်းကွယ်နေတဲ့ ရှေးဟောင်းအင်အားစုအချို့ရဲ့ ဘိုးဘေးတွေလို လူအများအပြားက မသေမျိုးနယ်မြေထဲကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြတယ်"

၎င်းမှာ မူလခေတ်ထက်ပင် စောသော နှစ်သန်းပေါင်း တစ်ထောင်ကျော်က အချိန်ကာလများ ဖြစ်သဖြင့် ရှေးဟောင်းစာရွက်စာတမ်းများတွင်ပင် ရေးမှတ်ထားခြင်း မရှိသလောက် ရှားပါးလှပေသည်။

ယနေ့ခေတ် လူများက ထိုအရာကို ရှေးဟောင်း ပုန်းကွယ်နေသော ကာလ ဟု ခေါ်ကြ၏။

ပုန်းကွယ်နေသော ရှေးဟောင်းမိသားစုများမှာ နှစ်သန်းပေါင်း တစ်ထောင်သက်တမ်းရှိ အခြေခံအုတ်မြစ် နက်ရှိုင်းသူများ ဖြစ်ကြပြီး ထိပ်တန်းဂိုဏ်းကြီးများကဲ့သို့ အထွတ်အထိပ်တွင် ရပ်တည်နေကြသူများ ဖြစ်၏။

ဖေ့ချင်းယွီ အံ့သြသွားပြီးနောက် ရုတ်တရက် မေးလိုက်သည်။

"ဒါပေမယ့် ဘိုးဘေး က ကမ္ဘာဦးခေတ် ရဲ့ အဆုံးမှာ နေထိုင်ခဲ့တာလေ... သူ ဘယ်လိုလုပ် တက်လှမ်းသွားတာလဲ"

ရှေးဟောင်း၊ မူလ ၊ ကမ္ဘာဦး၊ ရှေးဟောင်း မဟာ ခေတ်ကြီး လေးခုသည် သမိုင်း၏ ရှည်လျားသော အချိန်ကာလများဖြင့် ခြားနားထား၏။

မူလခေတ်ကုန်ဆုံးပြီးနောက်ပိုင်း ဤလောကတွင် နတ်ဘုရားအဖြစ် တက်လှမ်းခြင်း နှင့် ပတ်သက်သော ကောလာဟလများပင် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ သို့ဆိုလျှင် ဘိုးဘေထိုက်ရီ သည် ထိုအရာကို မည်သို့များ စွမ်းဆောင်နိုင်ခဲ့သနည်း။

ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင် ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားခဲ့သည်။

"ဘိုးဘေး က ခိုးဝင် သွားတာ"

“ခိုး... ခိုးဝင်သွားတာလား”

ဖေ့ချင်းယွီသည် ထိုစကားကို ကြားလိုက်ရသောအခါ အလွန်အမင်း မှင်တက်သွားရပေသည်။ မဟာအကြီးအကဲဖြစ်သူက ဘိုးဘေး၏ ကြီးကျယ်ခမ်းနားလှသော အောင်မြင်မှုတစ်ခုခုကို ဖော်ပြလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ခြင်း ဖြစ်၏။

ဥပမာအားဖြင့် ကောင်းကင်တာအို၏ အချုပ်အနှောင်များကို ပြင်းပြင်းထန်ထန် အံတုဖောက်ထွက်ပြီးမှ မသေမျိုးနယ်မြေသို့ ခန့်ညားထည်ဝါစွာ ရောက်ရှိသွားခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်သည်။

သို့သော် ယခုမူ ဆရာသခင် တာအိုအရှင်မြတ် ထိုက်ရီသည် မသေမျိုးနယ်မြေသို့ " ခိုးဝင်ခဲ့ခြင်" သာ ဖြစ်သည်ဟု ကြားလိုက်ရသဖြင့် ဖေ့ချင်းယွီမှာ သူ့နားပင် မယုံနိုင်အောင် ဖြစ်သွားရပေသည်။ ဤသို့သော လုပ်ရပ်မျိုးက အမှန်တကယ် ဖြစ်နိုင်ပါ့မလားဟု သူ၏စိတ်ထဲတွင် သံသယများစွာနှင့်အတူ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရတော့သည်။

“နေပါဦး၊ အဲဒါက မှန်ရဲ့လား”

ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင် သည် ဖေ့ချင်းယွီ ကို လျစ်လျူရှုကာ သူ၏ မုတ်ဆိတ်မွေးကိုသာ ပွတ်သပ်လိုက်၏။

"အသေးစိတ်တော့ ငါ မသိဘူး၊ ဒါပေမယ့် မသေမျိုး နယ်မြေ ထဲကို သူ့ခိုးဝင်သွားတာ သေချာတယ်၊ ပြီးတော့ နတ်ဘုရားဖြတ်သန်းခြင်းအဆင့် တပည့် တချို့ကိုတောင် ခေါ်သွားသေးတယ်..."

ထိုနေရာသို့ ရောက်သောအခါ ဝိညာဉ်ချောက်ကမ်းပါး ဘက်သို့ ငုံ့ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။

"ဥပမာ ဘိုးဘေး လင်ယွင် ပေါ့"

"ဘာ ဘိုးဘေး လင်ယွင် လည်း မသေသေးဘူး၊ သူက မသေမျိုး နယ်မြေ ကို သွားတာလား"

ဖေ့ချင်းယွီ အလွန် တုန်လှုပ်သွားခဲ့သည်၊ ဂိုဏ်း၏ အခြေခံအုတ်မြစ် သည် ဤမျှ နက်ရှိုင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ဘိုးဘေးများ အားလုံးသည် မသေမျိုး နယ်မြေ တွင် ကြီးပွားတိုးတက်နေကြသည်လော။

နင်းဖန် ဝိညာဉ်ချောက်ကမ်းပါး တောင်ကြား တွင် ရှိနေစဉ် ဘိုးဘေး လင်ယွင် ၏ ကျောက်နံရံ ထွင်းထုမှုများမှ အခွင့်အရေး တစ်ခုကို မမျှော်လင့်ဘဲ ရရှိခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

ထိုအချိန်က မြင်ကွင်းကြောင့် အကြီးအကဲများစွာ သိချင်စိတ် ဖြစ်ခဲ့ရ၏။သို့သော် နောက်ဆုံးတွင် ကျောက်နံရံတွင် ချန်ထားခဲ့သော ယန္တရား သို့မဟုတ် ဝင်္ကပါ တစ်ခုခု ဖြစ်မည်ဟုသာ ယူဆခဲ့ကြသည်။

ယခု အရာအားလုံး ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။

ဘိုးဘေး လင်ယွင် က လုံးဝ မသေသေးဘူးပဲ ...

ဖေ့ချင်းယွီ သည် စိတ်ကို တည်ငြိမ်ရန် အချိန်အနည်းငယ် ယူလိုက်ရ၏။

ဆံပင်ဖြူဖြူနှင့် အဘွားအိုက သက်ပြင်းချလိုက်သည်။

"ချင်းယွီလေး... ငါတို့ ဘာလို့ ထွက်သွားလို့ မရလဲဆိုတာ မင်း အခု နားလည်ပြီလား"

"ကျွန်တော် နားလည်ပါပြီ..."

ဖေ့ချင်းယွီသည် ခေါင်းညိတ်လိုက်သော်လည်း သူ၏ နှလုံးသားထဲတွင်မူ စိုးရိမ်ပူပန်မှုများနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့ရပေသည်။ အစစ်အမှန် နက်နဲနယ်မြေသည် မရှောင်လွဲနိုင်သော ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ရာ၊ ကောင်းကင်တာအိုကိုယ်တိုင်ပင် ကိုယ့်ကို ကာကွယ်ရန် ကြိုးပမ်းရင်း ဂနာမငြိမ် ဖြစ်နေရ၏။

ထိုသို့သော အခြေအနေမျိုးကို ဘိုးဘေး ထိုက်ရီသည် လွန်ခဲ့သော နှစ်သန်းပေါင်း ကိုးဆယ်ကတည်းက ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ စွမ်းအားကို အသုံးပြုကာ "ထိုက်ရီအကြွင်းအကျန်နယ်မြေ" ဟု လူသိများသော အာကာသရတနာကြီးကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ကပ်ဘေးကြီး မကျရောက်မီ ကျင်းပခဲ့သော ဆယ်နှစ်တစ်ကြိမ် နားလည်သဘောပေါက်ခြင်း ပွဲတော်အတွင်း၊ ဂိုဏ်း၏ အမွေအနှစ်များ ဖျက်ဆီးမခံရစေရန်အတွက် ဂိုဏ်းတစ်ခုလုံးကို ထိုနယ်မြေအတွင်း၌ ဘိုးဘေးက ပိတ်လှောင်ကာ ကာကွယ်ခဲ့သည်။

ထို့ကြောင့် ကပ်ဘေးကြီး မပြီးဆုံးမချင်း သူတို့အနေဖြင့် အပြင်သို့ ထွက်ခွာရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။ မည်သည့် မန္တန်များ သို့မဟုတ် အရန်ကျောက်စိမ်းများလည်း အလုပ်လုပ်လိမ့်မည် မဟုတ်ပေ။

သို့သော် တာအိုအရှင်မြတ် ထိုက်ရီသည် ထိုစဉ်က နှုတ်ဖြင့် ရှင်းလင်းချက် တစ်စုံတစ်ရာ ပေးခဲ့ခြင်း မရှိသဖြင့် ထိုကဲ့သို့ ဖြစ်လာမည်ကို သူတို့ ကြိုတင်မသိရှိခဲ့ကြချေ။ ဤသည်မှာ အလွန်နှမြောစရာကောင်းလှပြီး ဂိုဏ်း၏ အဖိုးတန်သော အရင်းအမြစ်များစွာမှာလည်း အပြင်ဘက်တွင် ကျန်ရစ်ခဲ့ကာ လျှို့ဝှက်နယ်မြေအတွင်းသို့ ယူဆောင်လာနိုင်ခြင်း မရှိတော့ပေ။

"နေပါဦး... သုံးနှစ်အတွင်းမှာ ကပ်ဘေး ရှိရင် နင်းဖန်က ဘယ်လိုလုပ်မလဲ"

ရုတ်တရက် ဖေ့ချင်းယွီ တစ်ခုခုကို သတိရသွားပုံရပြီး သူ၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့၏။ အရေးတကြီး အမူအရာဖြင့် မဟာအကြီးအကဲ သုံးဦးကို သူ ကြည့်လိုက်သည်။ နင်းဖန် ကြီးပြင်းလာသည်ကို ဂိုဏ်းရှိ လူတိုင်း စောင့်ကြည့်နေခဲ့ကြ၏။သူသည် ဂိုဏ်း စတင်တည်ထောင်ကတည်းက ပါရမီ အကောင်းဆုံး တပည့်လည်း ဖြစ်သည်။ ထို့အပြင် သူ့ကိုယ်တိုင် ခန့်အပ်ထားသော တပည့်ခေါင်းဆောင် လည်း ဖြစ်သည်။

" ကပ်ဘေးကြီးသာ တကယ်ကျရောက်လာခဲ့ရင် သူတို့ကတော့ ထိုက်ရီအကြွင်းအကျန်နယ်မြေထဲမှာ ဘေးကင်းကင်းနဲ့ ရှိနေနိုင်မှာဖြစ်ပေမဲ့ နင်းဖန်ကတော့ သူ့ကိုယ်သူ ဘယ်လိုကာကွယ်မှာလဲ။

ကောင်းကင်တာအိုတောင် ကြောက်ရတဲ့ ဘေးဒုက္ခဆိုတော့ ဘယ်လောက်တောင် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်လာမလဲဆိုတာ မသိနိုင်ဘူး။ နင်းဖန်က စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ်မှာပဲ ရှိသေးတာ၊ သူ အသက်ရှင်နိုင်ပါ့မလား"

ဖေ့ချင်းယွီ မှာ အလွန် စိုးရိမ်နေပြီး တည်ငြိမ်မှုကို ဆုံးရှုံးကာ နင်းဖန်ကို လျှို့ဝှက်နယ်မြေ အတွင်းသို့ ချက်ချင်း ခေါ်ဆောင်လာချင်နေခဲ့၏။

မဟာအကြီးအကဲ သုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အနည်းငယ် တိတ်ဆိတ်နေခဲ့ကြသည်။ အချိန်အတော်ကြာပြီးနောက် ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင် က စကားပြောလိုက်သည်။

"ဘိုးဘေး က ဒီနေ့ခေတ် အရာအားလုံးကို အချိန်အတော်ကြာကတည်းက မြင်တွေ့ခဲ့ရတာဆိုတော့ ဒါကလည်း အစီအစဉ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်တယ်... နင်းဖန်က ဒီကပ်ဘေးအတွက် ရွေးချယ်ခံရသူ ဖြစ်ကောင်းဖြစ်မယ်"

ဖေ့ချင်းယွီသည် ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မျက်လုံးများ ပြူးကျယ်သွားခဲ့ရပေသည်။ နောက်ထပ် သုံးလေးနှစ်အတွင်း၌ပင် ကပ်ဘေးကြီး ပေါက်ကွဲတော့မည်ဖြစ်ရာ၊ အကယ်၍ နင်းဖန်သည် ထိုကပ်ဘေးကို ရင်ဆိုင်ရမည့်သူ ဖြစ်ပါက နှစ်အနည်းငယ်အတွင်း သူ၏ကျင့်ကြံမှုကို စိတ်ကူးမယဉ်နိုင်လောက်အောင် မြင့်မားသည့်အဆင့်အထိ မြှင့်တင်ရမည်ဟု ဆိုလိုခြင်း ဖြစ်၏။

ဤတိုတောင်းလှသော အချိန်အတွင်း သူသည် အရှင်သခင်တစ်ယောက် ဖြစ်လာမည်လော၊ သို့မဟုတ် သူတော်စင်ဘုရင်တစ်ယောက်ပင် ဖြစ်သွားနိုင်မည်လောဟု ဖေ့ချင်းယွီ တွေးတောမိကာ မဖြစ်နိုင်ဟုပင် ထင်မှတ်နေခဲ့သည်။

နင်းဖန်၏ တိုက်ခိုက်ရေးစွမ်းအားနှင့် ပတ်သက်၍မူ ဖေ့ချင်းယွီသည် သံသယမဝင်ချေ။ အမြင့်ဆုံးသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသဖြင့် သူ၏အင်အားမှာ တူညီသောနယ်ပယ်၌ ပြိုင်ဘက်ကင်းဖြစ်မည်မှာ သေချာပေသည်။ သို့သော် ကျင့်ကြံခြင်းလမ်းကြောင်းသည် ရှေ့သို့တိုးလေလေ ပိုမိုခက်ခဲလေလေ ဖြစ်၏။

ခရမ်းရောင်စံအိမ်၊ နက်နဲလှိုဏ်ဂူနှင့် ဓမ္မပုံရိပ်ယောင်အဆင့် စသည့်ခြေလှမ်းတိုင်းမှာ ကြီးမားသော အဟန့်အတားများ ဖြစ်ကြသည်။ အထူးသဖြင့် တာအိုတည်ထောင်ခြင်း အဆင့်သည် အလွန်ရှုပ်ထွေးပြီး အောင်မြင်ရန် ခက်ခဲလှသဖြင့် လူအများအပြားမှာ သေဆုံးသည်အထိ ထိုအတားဆီး၌ ပိတ်မိနေခဲ့ကြရခြင်း ဖြစ်သည်။

သို့သော် ဘိုးဘေးသည် အချိန်မြစ်ကို ဖောက်ထွင်းမြင်နိုင်သူ ဖြစ်သဖြင့် သူ၏ခန့်မှန်းချက်မှာ သေချာပေါက် မှားယွင်းလိမ့်မည် မဟုတ်ချေ။

အကယ်၍ နင်းဖန်သည် ကပ်ဘေးကို ရင်ဆိုင်ရန် ရွေးချယ်ခံရသူ အမှန်ဖြစ်ပါက၊ နင်းဖန်က လောကကြီး၏ ကံကြမ္မာရေစီးကြောင်းကို ပြောင်းလဲပစ်သည်ကို ဘိုးဘေးသည် သေချာပေါက် မြင်တွေ့ခဲ့ရပေလိမ့်မည်။ ဤသို့ တွေးမိသောအခါမှသာ ဖေ့ချင်းယွီသည် သူ၏နှလုံးသားထဲရှိ သံသယနှင့် ပဋိပက္ခများကို ဘေးဖယ်ထားနိုင်ခဲ့တော့သည်။

ထို့နောက် သူသည် မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်လုံးများသည် ဂိုဏ်းအတွင်းရှိ နင်းဖန်ကို ငုံ့ကြည့်လိုက်မိ၏။ သမိုင်းတစ်လျှောက် အားအကောင်းဆုံး အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသည့် ထိုတပည့်သည် နှစ်အနည်းငယ်အတွင်း ကပ်ဘေးကို ရင်ဆိုင်နိုင်သည့်အဆင့်အထိ မည်သို့ကြီးထွားလာမည်ကို သူ အလွန်ပင် သိချင်နေမိတော့သည်။

---

All Chapters