← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း (၁၃၉) သူမအပေါ် ပိုကောင်းကောင်း ဆက်ဆံပါ

သူတော်စင်မိန်းမပျို နန်းတော် အတွင်း၌။

နင်းဖန်သည် သူ့ရှေ့ရှိ လူကို သတိထားနေသော အမူအရာဖြင့် ကြည့်နေခဲ့သည်။

ခန္ဓာကိုယ်နှင့် အရှိန်အဝါသည် ဂျူနီယာညီမလေး နှင့် ထပ်တူညီသော်လည်း... သူ့ရှေ့ရှိလူသည် ကျန်းထန် လုံးဝ မဟုတ်ကြောင်း သူ၏ နှလုံးသားထဲတွင် သေချာနေဆဲ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူတို့ နှစ်ဦးစလုံး၏ စိတ်နေသဘောထားနှင့် အမူအကျင့်တို့မှာ လုံးဝ ကွဲပြားနေသောကြောင့်ပင်။

သူ၏ ဂျူနီယာညီမလေး သည် ချစ်စရာကောင်းပြီး အူကြောင်ကြောင်နိုင်ကာ သူ လိုသလို ပုံသွင်းနိုင်သော ကိုယ်ရည်ကိုယ်သွေး ရှိ၏။

သို့သော် သူ့ရှေ့ရှိ လူသည် ဂျူနီယာညီမလေး ကျန်းထန် ၏ နူးညံ့ပြီး ချစ်စရာကောင်းသော မျက်နှာ ရှိသော်လည်း လှုပ်ရှားမှုတိုင်းတွင် လောကီကိစ္စများနှင့် မပတ်သက်သော ကျက်သရေရှိမှုတို့ဖြင့် ပြည့်နှကိနေခဲ့၏။

ချစ်စရာကောင်းသော မိန်းကလေး တစ်ယောက်မှ ရင့်ကျက်သော အမျိုးသမီး တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုဆန့်ကျင်ဘက်အမှုကျင့်မှာ အတော်လေး ထင်ရှားသော်လည်း...

သူ၏ ဂျူနီယာညီမလေးထံတွင် အတိအကျ မည်သည့်အရာများ ဖြစ်ပျက်နေပြီး ၊ ထို့ပြင် သူမအနေဖြင့် အသက်အန္တရာယ် ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မေးမြန်းရပေလိမ့်မည်။

ကုတင်ပေါ်တွင်။

ယခု ကျန်းထန် သည် နင်းဖန်၏ မေးခွန်းကို တိုက်ရိုက် မဖြေခဲ့ချေ။

ယင်းအစား ငြင်းဆန်ခွင့်မပေးသော လေသံဖြင့် သူမက မေးလိုက်သည်။

"အရန် ကျောက်စိမ်း က ဘယ်မှာလဲ..."

သူမ၏ အသံမှာ ရေခဲပွင့်များ ကျဆင်းလာသကဲ့သို့ ကြည်လင်ပြတ်သားပြီး အလွန် နားထောင်လို့ ကောင်းပေသည်။

သို့သော် နင်းဖန်၏ နားထဲသို့ ရောက်သောအခါ သူ၏ မျက်လုံးများကို ချက်ချင်း ပြူးကျယ်သွားစေခဲ့၏။

"အဲဒါ မင်းလား..."

နင်းဖန်သည် ကောင်းကင်ဘုံအဆင့် မိုးကြိုးရေကန် တွင် ဖြစ်ပျက်ခဲ့သော မြင်ကွင်းကို ပြန်လည် သတိရလိုက်သည်။

ထိုအချိန်က သတိမလစ်မီ ကျန်းထန် ၏ စိတသဘောထားမှာ ယခုကဲ့သို့ပင် အေးစက်ကာ အရန် ကျောက်စိမ်း ရှာဖွေရန် သူမ ပြောခဲ့ဖူး၏။

ထိုအချိန်က သူ၏ ဂျူနီယာညီမလေးသည် တခြားလူ တစ်ယောက်အဖြစ် ပြောင်းလဲသွားပုံရသည် ဟု သူ တွေးခဲ့ဖူးသည်။

သို့သော် သူ ထင်ယောင်ထင်မှားဖြစ်နေသည်ဟု မှတ်ယူခဲ့၏။

ယခု ထိုမေးခွန်းကို ထပ်ကြားရသောအခါ မိုးကြိုးရေကန် တွင် အရန် ကျောက်စိမ်း ကို ရှာရန် သူ့ကို ညွှန်ကြားခဲ့သူမှာ ဂျူနီယာညီမလေး မဟုတ်တော့ကြောင်း သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။

သူ၏ ခင်မင်ရင်းနှီးသော အမူအရာကို ချက်ချင်း ဖယ်ရှားလိုက်ပြီး အေးစက်စွာ နှာမှုတ်ကာ ပြောလိုက်သည်။

"အရှင်မ က ကိုယ့်ကိကိုယ် မိတ်မဆက်ဘဲ အရန် ကျောက်စိမ်း အကြောင်း ချက်ချင်း မေးနေတယ်... အဲဒါက နည်းနည်းလေး ရိုင်းရာမကျဘူးလား..."

ထိုစကားကို ပြောလိုက်သည်နှင့် ၊ သူ့ရှေ့ရှိ လူ၏ အမူအရာ ပြောင်းလဲသွားသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

သူမ၏ အေးစက်သော မျက်နှာပေါ်တွင် ရှင်းပြ၍မရသော၊ ဒေါသထွက်နေသည့် အရိပ်အယောင် အချို့ ပေါ်လာခဲ့၏။

ငါက ရိုင်းတယ် ဟုတ်လား။

‘နင်က ငါ့ကုတင်ပေါ်မှာ အိပ်တယ်၊ ငါတို့ရဲ့ ဆက်ဆံရေးအကြောင်း ဇာတ်လမ်းတွေ လျှောက်ဖန်တီးတယ်၊ ပြီးတော့ ငါ မှတ်ဉာဏ်တွေ ဆုံးရှုံးနေတုန်း ငါ့အပေါ် အခွင့်ကောင်းယူတယ်လေ'

‘ အခု ငါက ရိုင်းတယ်လို့ မင်းက ပြောနေတာလား'

နောက်ဆုံးတွင် သူမသည် စကားလုံး သုံးလုံးကိုသာ အေးစက်စွာပြောလိုက်သည်။

"နှာဘူး ကောင်”

"..."

နင်းဖန် ဤသည်ကို ကြားသောအခါ လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့၏။

‘ငါက ဘယ်လိုလုပ် နှာဘူး ကောင် ဖြစ်သွားရတာလဲ

ပြီးတော့ ခုနစ်ဆယ် ရာခိုင်နှုန်းက ရှက်ရွံ့ဒေါသသံနဲ့ သုံးဆယ် ရာခိုင်နှုန်းက မကျေနပ် ဖြစ်နေတဲ့ လေသံကြီး ၊ အဲ့တာဘာသဘောလဲ'

ဒါ လူကို စွပ်စွဲနေသလိုပဲ....

နင်းဖန် အပြင်းအထန် စဉ်းစားနေစဉ် ကျန်းထန် ၏ အမူအရာမှာ ပြန်တည်ငြိမ်သွားပြီး ပြန် အေးစက် သွားသည်ကို သူ မြင်လိုက်ရသည်။

သူမသည် နင်းဖန်၏ မေးခွန်းကိုလည်း မဖြေခဲ့ချေ။

ယင်းအစား ညွှန်ကြားချက် တစ်ခုသာ ပေးလိုက်သည်။

"သူမအပေါ် ပိုကောင်းကောင်း ဆက်ဆံပါ...”

သူမ၏ စကားများ ဆုံးသွားသည်နှင့် နောက်သို့ တည့်တည့် ပြန်လည် လဲကျသွားခဲ့၏။

နင်းဖန်: "..."

“ နေပါဦး ဒါဘာ အခြေအနေလဲ"

နင်းဖန် လုံးဝ မှင်တက်သွားခဲ့၏။

သူ၏ ဂျူနီယာညီမလေး အပေါ် ဖြစ်ပျက်နေသော အပြောင်းအလဲများ က သူ့ကို လုံးဝ ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။

သူသည် ကုတင်ဘေးသို့ အသာအယာ လျှောက်သွားကာ သူမ၏ ဖြူဖွေးနုနယ်သော ပါးပြင်ကို ဆွဲလိမ်ကြည့်လိုက်ပြီးနောက် အမှန်တကယ်ပင် သတိလစ်မေ့မြောသွားခြင်းဖြစ်ကြောင်း အတည်ပြုလိုက်သည်။

ဤအခြေအနေက နင်းဖန်ကို များစွာ အံ့အားသင့်စေခဲ့ရုံသာမက ဘာကြောင့် ဤကဲ့သို့ ဖြစ်ရသည်ကိုလည်း နားမလည်နိုင်အောင် ဖြစ်ခဲ့ရပြီး ခေါင်းကိုသာ ကုတ်နေမိစေတော့သည်။

"ဝင်ပူးတာနဲ့တော့ မတူဘူး... စိတ် နှစ်ခွ ဖြစ်နေတာများလား..."

‘ဂျူနီယာညီမလေး မှာ စိတ်ရောဂါ တစ်ခုခု ဖြစ်လာတာလား...’

သူ၏ မေးစေ့ကို ပွတ်သပ်ကာ စိတ်ကူးများက ပြေးလွှားနေခဲ့၏။

ထို ရင့်ကျက်သော ကျန်းထန် ၏ ပုံစံသည် သူ၏ ဂျူနီယာညီမလေး နှင့် လုံးဝ ကွဲပြားသော ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်နေသဘောထား ရှိသော်လည်း သူမ ထိုခန္ဓာကိုယ်ကို အသုံးပြုသောအခါ သဘာဝကျသော လိုက်ဖက်ညီမှု ခံစားချက် တစ်ခု ရှိနေခဲ့သည်။

၎င်းက တစ်စုံတစ်ယောက် ဝင်ပူးခြင်း သို့မဟုတ် ပြန်လည်မွေးဖွားခြင်း မျိုးနှင့် လုံးဝ မတူချေ။

အရေးအကြီးဆုံးမှာ ခန္ဓာကိုယ်အတွင်း တွင် မူမမှန်မှုများ မပြသခြင်းပင် ဖြစ်သည်။

နက်နဲသော လျှို့ဝှက်ဆန်းကြယ်မှုများရှိသည့် ဤကမ္ဘာတွင် လူတစ်ယောက်၏ အရှိန်အဝါ ကို ထောက်လှမ်းရန် အလွန် လွယ်ကူပေသည်။

အထူးသဖြင့် နင်းဖန်၏ ဝိညာဉ် စွမ်းအားမှာ အလွန် အားကောင်း‌ သောကြောင့် ပို၍ပင် အာရုံခံနိုင်စွမ်း ရှိစေ၏။

ထိပ်တန်း စွမ်းအားရှင် တစ်ဦးသည် ဝင်ပူးခြင်းမှတစ်ဆင့် ပြန်လည်မွေးဖွားခြင်း လိုပါက ပစ်မှတ်၏ ဘဝ မူလအစ နှင့် ဝိညာဉ် အမှတ်အသား ကို ဖယ်ရှားပစ်ရန် အမျိုးမျိုးသော လျှို့ဝှက် နည်းလမ်းများ လိုအပ်သည်။ထိုကိစ္စမှာ အလွန်ရှုပ်ထွေးသည်။

သို့သော် ထို လူတွင် သူ၏ ဂျူနီယာညီမလေး နှင့် အတိအကျ တူညီသော ဘဝ မူလအစ ရှိနေခဲ့၏။

သူ၏ ဂျူနီယာညီမလေး တွင် စိတ် နှစ်ခွ ရှိနေသလားဟု နင်းဖန်ကို သံသယဝင်လာခဲ့သည်။

ဤသည်ကို တွေးမိသောအခါ သူသည် ကုတင်ဘေးတွင် ရပ်ကာ အတန်ကြာ စောင့်ဆိုင်းနေခဲ့၏။

ကုတင်ပေါ်ရှိ ပုံရိပ်မှာ လှုပ်ရှားမှု မရှိသေးသည်ကို မြင်သောအခါ နင်းဖန်သည် သူမကို စောင်တစ်ထည် ခြုံပေးကာ ကျင့်ကြံ ရန် နန်းတော် အပြင်ဘက်သို့ ထွက်သွားရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။

လရောင်ကို မျက်နှာမူကာ တောင်ထိပ်ငါးခု စစ်မှန်သော လက်သီး ကို သူ စတင် လေ့ကျင့်တော့သည်။ တစ်ချိန်တည်းမှာပင်...

ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌။

တပည့် တစ်စုသည် တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်စွာ ကြည့်လိုက်ကြ၏။

" သူတော်စင်မိန်းမပျို ခုနက ပြန်လာတာလား..."

"အဲဒီ စိတ်သဘောထား ၊ အဲဒီ အကြည့် အဲဒါ သူမ သေချာတယိ”

"ဒါက သူတော်စင်မိန်းမပျို ရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာပြီ ဆိုတဲ့ အဓိပ္ပာယ်လား..."

"ဖြစ်နိုင်တယ်၊ ဒါပေမယ့် သူမက ဘာလို့ ထပ်ပြီး သတိလစ်သွားတာလဲ..."

"ကျစ်... သူတော်စင်မိန်းမပျို က ဘာလို့ နင်းဖန်ကို ဆုချရမှာလဲ... ငါသာဆိုရင် ပါးစပ် ဟထားတာ ကြာလှပြီ"

"စိတ်အေးအေးထားပါ သူတော်စင်မိန်းမပျို က သူ့ကို ဆုချနေတဲ့ပုံ လုံးဝ မပေါက်ဘူး၊ သူမက နင်းဖန်ကို နင်းဖို့ ကြိုးစားနေတာ"

"အဲ့တာလေးကိုက ငါ လိုချင်တဲ့အရာပဲ၊ တခြား ဘာမှတောင် တောင်းဆိုမှာ မဟုတ်ဘူး"

"နင်းဖန်ကို ငါ အရမ်း မနာလိုဖြစ်မိတယ်"

"..."

လျှို့ဝှက်နယ်မြေ မှာ ဆူညံပွက်လောရိုက်နေခဲ့၏။

ယောက်ျားလေး တပည့်အချို့မှာ ဒေါသဖြင့် သွားကြိတ်နေကြပြီး နင်းဖန်နှင့် ချက်ချင်း နေရာချင်း လဲချင်နေကြသည်။

မည်သို့ပင်ဆိုစေ သူတော်စင်မိန်းမပျို ၏ ဗလာဖြစ်နေသော ခြေဖဝါးများဖြင့် မျက်နှာကို အနင်းခံရခြင်းမှာ သာမန်လူတစ်ယောက် ခံစားနိုင်သော ဆက်ဆံမှုမျိုး မဟုတ်ချေ။

သို့သော် နင်းဖန်သည် ရှောင်တိမ်းသွားခဲ့ပြီး သူတော်စင်မိန်းမပျိုကိုပင် စိုက်ကြည့်ခဲ့သေး၏။။

“သူက ဘာက ကောင်းလဲဆိုတာ တကယ်ကို မသိဘူး”

“သူက သူတော်စင်မိန်းမပျို ကို ရိုင်းတယ်လို့ ခေါ်ဖို့တောင် သတ္တိရှိသေးတယ်”

“အဲ့ဒါက သူတော်စင်မိန်းမပျို နန်းတော် ဆိုတာ သူ မသိဘူးလား။ တကယ် ရိုင်းတဲ့သူက ဘယ်သူလဲ”

တပည့်များစွာသည် ဒေါသများဖြင့် ပြည့်နှက်နေခဲ့ကြ၏။

ထို့ပြင် လျှို့ဝှက်နယ်မြေ ၏ ဗဟို စက်ဝိုင်း အတွင်း၌...

အကြီးအကဲ တစ်စုသည် ထိုမြင်ကွင်းကို မျက်မှောင်ကြုတ်ကာ ကြည့်နေကြသည်။

"ဘာလို့ အဲဒီ ကောင်မလေး က ထပ်ပြီး သတိလစ်သွားရတာလဲ... သူမ အသိရှိလာတား

"တာအို ခန္ဓာကိုယ် ပဲ့တင်ထပ်ခြင်း အခြေအနေမှာ ရှိနေတုန်း ကြားဖြတ်ပြီး ခုလိုလုပ်နိုင်တာ ငါ တစ်ခါမှ မကြားဖူးဘူး..."

"ဒါပေမယ့် သူမက အခု ဘာလို့ ထပ်ပြီး သတိလစ်သွားရတာလဲ..."

"ပြီးတော့ သူမပြောခဲ့တဲ့ နောက်ဆုံး စကားတစ်ခွန်းက ဘာအဓိပ္ပာယ်လဲ..."

"သူတော်စင်မိန်းမပျို က ဘယ်လို ကောင်းကင်နဲ့မြေကြီး တာအို ဥပဒေသ မျိုးကို နားလည်သွားလဲဆိုတာကို ငါ ပိုသိချင်တယ်..."

နင်းဖန်နှင့် ကျန်းချင်းဟန် တို့ကြားရှိ မကျေနပ်မှုများထက် အကြီးအကဲများသည် အခြေအနေကို ပို၍ စိုးရိမ်နေကြသည်မှာ ရှင်းလင်းပေသည်။

အထူးသဖြင့် နောက်တစ်ကြိမ် သတိလစ်သွားပြီးနောက် သူမ ပေးခဲ့သော ညွှန်ကြားချက်ဖြစ်သည်။ ထိုအရာသည် ရှင်းပြ၍မရသော အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေ၏။

၎င်းက လူတိုင်းကို စိုးရိမ်ပူပန်စေခဲ့ပြီး တစ်ခုခု မှားယွင်းနေကြောင်း ခံစားရစေသည်။

အချိန်များ ကုန်လွန်သွားခဲ့၏။

သူတို့ မသိလိုက်မီမှာပင် အရုဏ်တက်လာခဲ့ပြီ ဖြစ်သည်။

သူတော်စင်မိန်းမပျို နန်းတော် ၏ အရှေ့တွင်။

တောင်ထိပ်ငါးခု စစ်မှန်သော လက်သီး ကို အကြိမ်များစွာ လေ့ကျင့်ပြီးဖြစ်သော နင်းဖန်သည် ရုတ်တရက် နားရွက်များ လှုပ်ရှားသွားခဲ့၏ ။ လှုပ်ရှားမှုအချို့ကို ကြားလိုက်ရပြီး နန်းတော် အဝင်ဝကို သူ လှည့်ကြည့်လိုက်သည်။

လွင့်မျောနေသော စကတ် ကို ဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက် မျက်လုံးများကို ပွတ်ကာ ဇဝေဇဝါ အမူအရာဖြင့် လျှောက်ထွက်လာသည်ကို သူ မြင်လိုက်ရ၏။

နင်းဖန်ကို မြင်သောအခါ သူမ၏ မျက်လုံးထောင့်များမှာ လခြမ်းပုံစံ ကွေးညွတ်သွားပြီး ပြေးလာရင်း အော်ပြောလိုက်သည်။

"စီနီယာအစ်ကို... ကျွန်မ ရှင့်ကို အရမ်း လွမ်းနေတာ..."

နင်းဖန်သည် သင်းပျံ့သော လေပြေတစ်ခု သူ့ကို လာမှန်သည်ဟု ခံစားလိုက်ရပြီးနောက် ထိုရင်းနှီးသော ပုံရိပ်သည် သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်လာခဲ့၏။

"မင်းက... ဂျူနီယာညီမလေး လား..."

သူမ က သူ၏ ဝမ်းဗိုက် ကြွက်သားများပေါ်တွင် ဟိုဘက်ဒီဘက် ပွတ်သပ်နေသော လက်သေးသေးလေးများကို ခံစားရင်း သူ အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ချေ။

‘ကျန်းထန် က ပြန်ရောက်လာပြီလား’

---

All Chapters