← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း (၁၄၀) ဂျူနီယာညီမလေးက ဓားတစ်လက် သွန်းလုပ်ဖို့ မီးဖိုထဲကို ခုန်ချဖူးလား

သူတော်စင်မိန်းမပျို နန်းတော် အတွင်း၌။

နင်းဖန်နှင့် ကျန်းထန် တို့သည် တရားထိုင်ဖျာများပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ သူတို့ကြားရှိ စန္ဒကူးသစ်သား စားပွဲငယ်လေးပေါ်တွင် ဝိညာဉ် လက်ဖက်ရည် တစ်အိုးက အဖြူရောင် အငွေ့များ လွင့်ပျံနေခဲ့၏။

"ဂျူနီယာညီမလေး... မင်း အတိအကျ ဘာတွေ ဖြစ်နေတာလဲ... မနေ့က မင်းကို တစ်ယောက်ယောက် ဝင်ပူးထားသလိုပဲ..."

လွန်ခဲ့သော ရက်အနည်းငယ်က ထူးဆန်းသော အဖြစ်အပျက်များ အားလုံးကို ပြောပြနေစဉ် နင်းဖန်၏ မျက်ခုံးများကြားတွင် စိုးရိမ်ပူပန်မှုများ ထွင်းထုထားသကဲ့သို့ ဖြစ်နေခဲ့သည်။

မိုးကြိုးရေကန် တွင် အရန် ကျောက်စိမ်း ကို ရှာရန် သူမ သူ့ကို ပြောခဲ့ချိန်မှစ၍ မနေ့ညက ထို လျှို့ဝှက်ဆန်းကြယ်သော သတိပေးချက်အထိ။

အရာအားလုံးက အရမ်း ထူးဆန်းလွန်းသည်၊ ကျန်းထန် ထံမှ အမှန်တရားကို သူ သိမှရမည်။

သူ့ရှေ့တွင် ကျန်းထန် သည် ဝိညာဉ် လက်ဖက်ရည် တစ်ခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး အရည်ကို မှုတ်ရန် အပြင်းအထန် အာရုံစိုက်နေသဖြင့် ပါးစပ်များ ဖောင်းနေခဲ့သည်။

ထို့နောက် သူမသည် သတိကြီးစွာဖြင့် အနည်းငယ် သောက်လိုက်သော်လည်း အပူလောင်သွားဆဲ ဖြစ်၏။ ချက်ချင်းပင် သူမ၏ မျက်နှာမှာ ဝမ်းနည်းမှုအသွင်သို့ ပြောင်းလဲသွားပြီး သူမ၏ လျှာလေးကို ထုတ်လိုက်သည်။

ခွေးပေါက်လေး တစ်ကောင်ကဲ့သို့ပင်။

နင်းဖန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။ သူ အူကြောင်ကြောင် ဂျူနီယာညီမလေး ၏ လက်ဖက်ရည် သောက်သည့် ပုံစံကို အကူအညီမဲ့စွာ ကြည့်နေရင်း မောပန်းစွာဖြင့် သူ၏ မျက်ခုံးများကို ပွတ်သပ်လိုက်၏။

ဒါက အရမ်းကို ဉာဏ်နည်းလွန်းတယ်...

‘ထိုက်ရီ ရဲ့ ဂိုဏ်းချုပ် က တကယ်ကို တစ်ခုခုပဲ... ဂိုဏ်းက လူတိုင်းကို ခွဲခြားဆက်ဆံမှု မရှိဘဲ သင်ကြားပေးရင်တောင်မှ ဘယ်အရူးကိုမဆို လက်မခံသင့်ဘူး မဟုတ်ဘူးလား'

သူသည် စိတ်ရှည်စွာ စောင့်ဆိုင်းရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။

သူ့ရှေ့တွင် ကျန်းထန် သည် ရေခဲ အမျိုးအစား နတ်ဘုရားစွမ်းရည် ကို အလျင်အမြန် အသက်သွင်းလိုက်ပြီး လေထဲမှ ရေခဲတုံး နှစ်တုံးကို ဖန်တီးကာ ပါးစပ်ထဲသို့ နှစ်တုံးစလုံး ထိုးထည့်လိုက်၏။

ပူနေသော လက်ဖက်ရည်ကြောင့် အပူလောင်သွားသော လျှာသည် များစွာ သက်သာလာပြီး သူမ၏ မျက်နှာတစ်ခုလုံး သက်သောင့်သက်သာရှိသော အမူအရာသို့ လျော့ကျသွားခဲ့သည်။

သို့သော် ပါးစပ်ထဲတွင် ရေခဲတုံးများ ရှိနေသဖြင့် သူမ၏ ပါးပြင်များမှာ လုံးဝ ဖောင်းနေပြီး အစားအစာများ စုဆောင်းနေသော ရှည့် တစ်ကောင်နှင့် အတိအကျ တူနေခဲ့၏။

သူမက နင်းဖန်ကို အူကြောင်ကြောင် ပြုံးပြလိုက်ပြီး ပုလဲကဲ့သို့ ဖြူဖွေးသော သွားနှစ်တန်းကို ပြသကာ ပြောလိုက်သည်။

"စီနီယာအစ်ကို... ကျွန်မကို တစ်ယောက်ယောက် ဝင်ပူးထားတာ မဟုတ်ဘူး... ရှင်ပြောနေတဲ့ လူကို ကျွန်မ သိတယ်..."

နင်းဖန် မျက်ခုံးပင့်လိုက်သည်။

"အို ဘယ်သူလဲ..."

ကျန်းထန် ချက်ချင်း ကျောမတ်လိုက်ပြီး သူမ၏ ညာလက်ဖြင့် လေထဲတွင် စက်ဝိုင်းတစ်ခုကို ကြီးကျယ်ခမ်းနားစွာ ရေးဆွဲလိုက်ကာ နောက်ဆုံးတွင် သူမ၏ လက်မကို သူမကိုယ်သူမ ဂုဏ်ယူစွာ ညွှန်ပြလိုက်သည်ကို သူ မြင်လိုက်ရ၏...

" ကျွန်မပါ၊ ရှင့်ရဲ့ ဂျူနီယာညီမလေး လေ..."

နင်းဖန်: "..."

သူသည် ကျန်းထန် ကို အရူးတစ်ယောက်အား အကဲဖြတ်နေပုံရသော အကြည့်ဖြင့် တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့၏။

‘အားလုံးက မင်းပဲ ဆိုရင် ဘာလို့ ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်းဖို့ 'အဲဒီလူ' လို့ သုံးရတာလဲ'

နင်းဖန်သည် ကျန်းထန် ကို ခန္ဓာကိုယ် တစ်ခုတည်းတွင် ဝိညာဉ် နှစ်ခုပါသည်ဟု တကယ်ပင် ထင်မှတ်ထားခဲ့၏။

"စီနီယာအစ်ကို... ကျွန်မ ဆိုလိုချင်တာက... အဲဒါက ကျွန်မ မှတ်ဉာဏ်တွေ မဆုံးရှုံးခင်က ကျွန်မပါ..."

ကျန်းထန် သည် သူမ၏ စကားအသုံးအနှုန်းများ ထူးဆန်းနေကြောင်း သဘောပေါက်သွားပုံရပြီး အလျင်အမြန် ရှင်းပြရန် ကြိုးစားခဲ့၏။

နင်းဖန်၏ မျက်နှာမှာ ပို၍ပင် သံသယဖြစ်လာခဲ့သည်။ မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ရှဉ့်တစ်ကောင်ကဲ့သို့ ထိုင်နေသော မိန်းကလေးကို အထက်အောက် ကြည့်လိုက်၏။

သူ၏ ဂျူနီယာညီမလေး ၏ 'ရင့်ကျက်သော ပုံစံ' နှင့် တွေ့ဆုံမှု နှစ်ကြိမ်အရ၊

ထိုလူက အရူး မဟုတ်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ လှုပ်ရှားမှုတိုင်းသည် ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို သယ်ဆောင်ထားပြီး ထိပ်တန်းအဆင့် ဂိုဏ်းတစ်ခု၏ ပါရမီရှင် တစ်ဦး၏ ဟန် ကို ပြီးပြည့်စုံစွာ ပုံဖော်ထား၏။

‘ အဲဒီလူက သူမရဲ့ မှတ်ဉာဏ်တွေ မဆုံးရှုံးခင်က ကျန်းထန် ပဲလို့ သူ့ကို ပြောနေတယ်လား….ဒါ မှန်နိုင်ပါ့မလား’

လက်ဖက်ရည် သောက်ရင်း ကိုယ့်ကိုကိုယ် အပူလောင်အောင် လုပ်နိုင်ပြီး ရေခဲတုံး စားနေသည့် သူ့ရှေ့က မိန်းကလေးကို ကြည့်ရင်း သူ ဘယ်လိုမှ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့၏။

"စီနီယာအစ်ကို... အဲဒီလူက တကယ်ပဲ ကျွန်မပါ..."

ကျန်းထန် ၏ မျက်လုံးငယ်လေးများ ဟိုဟိုဒီဒီ ရွေ့လျားနေသည်ကို သူ မြင်လိုက်ရသည်၊ သူမ၏ စီနီယာအစ်ကို က သူမကို လေးစားမှု ဖြင့် ကြည့်လာစေရန် မည်သို့ လုပ်ဆောင်ရမည်ကို စဉ်းစားနေပုံ ရ၏။

အချိန်အတော်ကြာ အောင့်ထားပြီးနောက် သူမသည် နက်နဲဟန်ဆောင်သည့် အနေအထားဖြင့် မေးစေ့ကို မော့လိုက်ရုံသာ လုပ်နိုင်တော့သည်။

"ကျွန်မကို တကယ့် အရူးလို့ မထင်နဲ့... တကယ်တော့ မှတ်ဉာဏ်တွေ မဆုံးရှုံးခင်က ကျွန်မဟာ နက်နက်ရှိုင်းရှိုင်း တွေးခေါ်တတ်တယ်၊ ပညာရှိတယ်၊ ပြီးတော့ ဘယ် တွက်ချက်မှုကိုမှ အလွတ်မပေးခဲ့ဘူး..."

"မင်းလား..."

နင်းဖန်၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပေါ်လွင်နေပြီး တိုက်ရိုက် မေးလိုက်သည်။

"ဒါဆို အခု မင်းရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာပြီဆိုတော့ ဉာဏ်ကောင်းတဲ့ လက္ခဏာ တစ်ခုလေးတောင် ဘာလို့ ငါ မမြင်ရတာလဲ..."

"အဲဒါက ကျွန်မရဲ့ မှတ်ဉာဏ်တွေရဲ့ နည်းနည်းလေးပဲ ပြန်ရလာလို့လေ..."

ကျန်းထန် က နှုတ်ခမ်းဆူကာ ရှင်းပြလိုက်သည်..

"အသိစိတ် ရရှိတဲ့ အခြေအနေထဲကို ဝင်သွားပြီးတဲ့နောက် ကျွန်မရဲ့ နတ်ဘုရားစိတ်အာရုံ က ဖရိုဖရဲ လို နေရာတစ်ခုထဲကို လွင့်မျောသွားတယ်... ဘယ်လောက်ကြာလဲ မသိခဲ့ဘူး။ ကျွန်မ ရုတ်တရက် အမွှာ ကြာပန်း တစ်ပွင့်ကို ဆွဲကိုင်လိုက်မိတယ်... ပြီးတော့ 'မှတ်ဉာဏ် မဆုံးရှုံးခင်က ကျွန်မ' က ပေါ်လာတယ်..."

"သူမက ကျွန်မကို ကြည့်ပြီး မျက်ရည် ကျလာတယ်... နောက်ဆုံးတော့ သူမက ကျွန်မကို ပူပင်သောကကင်းတဲ့ ဘဝတစ်ခု နေခွင့်ပေးမယ်၊ ကံတရား တွေနဲ့ ရန်ငြိုးတွေ အားလုံးကို သူမ ခံယူမယ်လို့ ပြောတယ်..."

"အကယ်၍ ကျွန်မ အန္တရာယ်နဲ့ ကြုံတွေ့ရရင် မကြောက်သင့်ဘူး၊ ရှင့်ကို အရင် ရှာသင့်တယ်လို့ သူမက ပြောတယ်..."

"အကယ်၍ ရှင်တောင် ကျွန်မကို မကာကွယ်နိုင်တဲ့ နေ့တစ်နေ့ ရောက်လာရင် သူမ ပေါ်လာလိမ့်မယ်တဲ့..."

ကျန်းထန် ၏ ဇာတ်ကြောင်းကို နားထောင်ရင်း

နင်းဖန်သည် အတွေးနက်သွား၏။

သူသည် အသေးစိတ် အချက်အလက်များကို ဆက်စပ်ရာတွင် ကျွမ်းကျင်၏။

အူကြောင်ကြောင် ဂျူနီယာညီမလေး ၏ စကားများမှာ အနည်းငယ် ကမောက်ကမ ဖြစ်နေသော်လည်း အဓိက အချက်များကို လျင်မြန်စွာ ဆုပ်ကိုင်နိုင်ပြီး သူ၏ အတွေးများကို စီစဉ်နိုင်ခဲ့သည်။

သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါကကျန်းထန် ၏ လက်ရှိ အခြေအနေမှာ စိတ် နှစ်ခွ ဖြစ်နေခြင်းပင်။

ထို့အပြင် စိတ် တစ်ခုစီသည် မတူညီသော မှတ်ဉာဏ်များကို ပိုင်ထားကြ၏။

ရင့်ကျက်သော ကျန်းထန် ၏ ပုံစံသည် ဖိအားများစွာကို ခံနိုင်ရည်ရှိပုံ ရသည်၊။၎င်းမှာ သူမ မှတ်ဉာဏ် မဆုံးရှုံးမီက ဂိုဏ်းရှိ သူမ၏ ပုံရိပ် ဖြစ်နိုင်ပေသည်။

မှတ်ဉာဏ် ဆုံးရှုံးပြီးနောက် သူမ၏ အတိတ်ကို မမှတ်မိသောကြောင့် လက်ရှိ ချစ်စရာကောင်းပြီး ဖြူစင်သော ဂျူနီယာညီမလေး ဖြစ်လာ၏။

'တာအို ခန္ဓာကိုယ် ပဲ့တင်ထပ်ခြင်း' အခြေအနေ အတွင်း သူမသည် သူမ၏ မှတ်ဉာဏ်များကို ခွဲခြားနိုင်စေပြီး ကိုယ်ရည်ကိုယ်သွေး နှစ်ခု ဖြစ်ပေါ်လာစေသည့် အခွင့်အရေး တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်ရမည်။

‘ဒါကြောင့် မနေ့ညကနဲ့ ဒီမနက်က အရမ်းကို ကွဲပြားတဲ့ မြင်ကွင်းတွေ ရှိနေတာပေါ့

တစ်ယောက်က အေးစက်ပြီး ကျက်သရေရှိတယ် လွမ်းမိုးနိုင်တယ်၊ နောက်တစ်ယောက်က အူကြောင်ကြောင်နိုင်ပြီး ချစ်စရာကောင်းတယ်'

ဤသည်က မနေ့ညက 'သူမအပေါ် ပိုကောင်းကောင်း ဆက်ဆံပါ' ဆိုသည့် စကားစုနှင့်လည်း ပြီးပြည့်စုံနေသည်။

၎င်းမှာ သူ့ကို ကြိုတင် သတိပေးနေခြင်း ဖြစ်၏။

‘ချစ်စရာကောင်မလေးက အနိုင်ကျင့်ခံရတဲ့အခါ ၊ အေးစက်တဲ့ အမကြီးက ထွက်လာတယ်။’

‘ဒါက ဘာလို့ ရင်းနှီးနေရတာလဲ'

နင်းဖန်သည် ကျန်းထန် ကို ကြည့်ကာ မမေးဘဲ မနေနိုင်တော့ချေ။

"ဂျူနီယာညီမလေး... မင်းက ဓားတစ်လက် သွန်းလုပ်ဖို့ မီးဖိုထဲကို ခုန်ချဖူးလား... မင်း ဝတ်ရုံ နီသွား‌ သေးလား..."

ကျန်းထန် ဇဝေဇဝါ ဖြစ်သွားခဲ့၏။

"စီနီယာအစ်ကို... ရှင်က ဘာထူးဆန်းတဲ့ စကားတွေ ထပ်ပြောနေတာလဲ..."

"ဘာမှ မဟုတ်ပါဘူး..."

နင်းဖန် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်၏။

ကျန်းထန်နှင့် ပတ်သက်၍ သူ့ကို ဇဝေဇဝါ ဖြစ်စေသော အချက်အချို့ ကျန်ရှိနေသေးပေသည်။ ဥပမာအားဖြင့် မှတ်ဉာဏ် မဆုံးရှုံးမီက သူမ၏ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ကိုယ်ခန္ဓာ တစ်ခုတည်းကိုသာ မျှဝေထားသော်လည်း စိတ်အခြေအနေ ပြောင်းလဲသွားပြီးနောက် သူမ၏ အင်အားမှာ မည်မျှအထိ တိုးလာနိုင်သနည်း စသည်တို့ ဖြစ်သော်လည်း... ထိုအရာများကို မေးမြန်းလျှင်ပင် အူကြောင်ကြောင် ဖြစ်နေသော ဤဂျူနီယာညီမလေးက ဖြေဆိုနိုင်မည် မဟုတ်ကြောင်း သူက တွက်ဆလိုက်ပေသည်။

အနည်းဆုံးတော့ မိမိ၏ ဂျူနီယာညီမလေးသည် အရင်က ဂျူနီယာညီမလေးပင် ဖြစ်နေသေးပြီး လျှို့ဝှက်ဆန်းကြယ်သော တစ်စုံတစ်ယောက်က ဝင်ပူးထားခြင်း မဟုတ်ကြောင်းကိုမူ အတည်ပြုနိုင်ခဲ့ပေသည်။

နင်းဖန်က ကျန်းထန်၏ အပြောင်းအလဲများကို ခန့်မှန်းတွေးတောနေစဉ်အတွင်း ထိုက်ရီအကြွင်းအကျန်နယ်မြေအတွင်း၌မူ အကြီးအကဲများသည်လည်း ကျန်းထန် ပေးခဲ့သော မပြည့်စုံသည့် သတင်းအချက်အလက်များကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာနေကြလေသည်။

ရွှီယိုဝေ က ပထမဆုံး စကားပြောလိုက်သည်။

"ချင်းဟန် က စိတ် နှစ်ခုကွဲသွားပြီး အဓိက စိတ် ရဲ့ နေရာကို စွန့်လွှတ်လိုက်လိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားခဲ့ဘူး"

သင်ကြားရေးတောင်ထိပ် အကြီးအကဲ တစ်ဦးအနေဖြင့် သူသည် သူတော်စင် ၊ သူတော်စင်မိန်းမပျို တို့နှင့် နေ့စဉ် အထိအတွေ့ အများဆုံး ရှိသူများထဲမှ တစ်ဦး ဖြစ်သည်။

မည်သူ့၏ ဒုတိယနေရာတွင်မှ မနေလိုဘဲ အရာရာတိုင်း၌ ပထမဖြစ်ရန် ကြိုးစားခဲ့သော သူတော်စင်မိန်းမပျိုအကြောင်းကို သူ တွေးတောလိုက်သည့်အခါ၊ တစ်နေ့တွင် သူမက နောက်ဆုတ်ပေးလိုက်ပြီး ဂိုဏ်းအတွင်း၌ ‘ကျန်းထန်’ ကို အသက်ရှင်ကာ ကျင့်ကြံခွင့်ပြုရန် ရွေးချယ်လိမ့်မည်ဟူသည်မှာ ယုံကြည်နိုင်စရာ မရှိပေ။

အခြား အကြီးအကဲများသည်လည်း နင်းဖန်ကဲ့သို့ပင် သူတို့တွင် သံသယများစွာ ရှိနေကြ၏။

ဥပမာအားဖြင့်၊ 'တာအို ခန္ဓာကိုယ် ပဲ့တင်ထပ်ခြင်း' အတွင်း သူတော်စင်မိန်းမပျို သည် မည်သို့သော တာအို ဥပဒေသ ကို နားလည်သဘောပေါက်ခဲ့သနည်း၊ ထို့ပြင် ၎င်းက စိတ် နှစ်ခုကို လုံးဝ မတူညီသော ကျင့်ကြံမှု အဆင့်များ ရှိနေစေရန် အဘယ်ကြောင့် ခွင့်ပြုခဲ့သနည်း။

မည်သို့ပင်ဆိုစေ 'နင်းဖန်က ကျန်းထန် ကို မကာကွယ်နိုင်တဲ့အခါ သူမ ပေါ်လာလိမ့်မယ်' ဟူသော စကားက ပုန်းကွယ်နေသော စိတ် ဖြစ်သည့် ကျန်းချင်းဟန် သည်လည်း ကျင့်ကြံ နိုင်ကြောင်းကို သွယ်ဝိုက်၍ ပြသနေခဲ့၏။

ထို့ပြင် သူမ၏ စွမ်းအားမှာ အလွန် အားကောင်းပေသည်။

လူအုပ်ထဲတွင် ဖေ့ချင်းယွီ နှင့် စီနီယာအစ်မတော် ယွီရူရွှမ်း တို့သာ သူတို့၏ မျက်နှာပေါ်တွင် အနည်းငယ် အထီးကျန်ပြီး နာကျင်သော အမူအရာများ ရှိနေခဲ့ကြ၏ ။

သူတို့သည် ကျန်းထန် ကို ရှုပ်ထွေးသော အကြည့်များဖြင့် ငုံ့ကြည့်နေခဲ့ကြသည်။

သူတော်စင်မိန်းမပျို ၏ နောက်ခံကို ဂိုဏ်းတွင် သိသူ အလွန် နည်းပါးသော်လည်း သူတို့ နှစ်ဦးမှာ ထိုမိန်းကလေး သူမ၏ ပခုံးပေါ်တွင် မည်မျှ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရကြောင်းကို သူတို့ နားလည်ကြ၏။

"ဟင် ကောင်မလေး က ကံကောင်းတာပဲ... သူမက ကောင်းကင်နဲ့မြေကြီး ရဲ့ တာအို ဥပဒေသ ဖြစ်တဲ့ 'မူလအစ ချီ အသွင်ပြောင်းခြင်း နဲ့ အရိပ်ထင်ဟပ်ခြင်း နက်နဲသော အနုပညာ' ကို အမှန်တကယ် နားလည်သွားတာပဲ"

အားလုံး တစ်ပြိုင်နက် စကားပြောနေစဉ် အဖြူရောင် အလင်းတန်း တစ်ခု ရုတ်တရက် ဆင်းသက်လာပြီး ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင် ၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့၏။

သူသည် မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ပြုံးလိုက်ပြီး သူတော်စင်မိန်းမပျို နန်းတော် ဘက်သို့ စိတ်ဝင်တစား ကြည့်နေခဲ့သည်။

ထိုနေရာတွင် ရှိနေသူများ ချက်ချင်း တိတ်ဆိတ်သွားပြီး တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြသည်။

"မဟာအကြီးအကဲ ကို ဂါရဝပြုပါတယ်”

"အခမ်းအနားတွေ မလိုပါဘူး..."

ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင် က သူ၏ အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်ရာ နူးညံ့သော စွမ်းအား တစ်ခုက အားလုံးကို မတ်တတ်ရပ်စေလိုက်၏။

ဖေ့ချင်းယွီ က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မဟာ ကောင်းကင်အရှင်သခင် ကို မေးခွင့်ပြုပါ၊ ဒီ 'မူလအစ ချီ အသွင်ပြောင်းခြင်း နဲ့ အရိပ်ထင်ဟပ်ခြင်း အနုပညာ' ရဲ့ ဇာစ်မြစ်က ဘာလဲ..."

အခြားသူများလည်း နားစွင့်လိုက်ကြ၏။

မည်သို့ပင်ဆိုစေ ဂိုဏ်း၏ အားအကောင်းဆုံး မဟာအကြီးအကဲ ပေါ်လာခြင်းက သူတော်စင်မိန်းမပျို နားလည်သွားသော ထို တာအို ဥပဒေသ သည် သေချာပေါက် ထူးခြားကြောင်း ဆိုလိုပေသည်။

ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင် သည် သူ၏ လက်များကို နောက်ပစ်ကာ ဖြည်းညင်းစွာ ရွတ်ဆိုလိုက်သည်။

"ဝိညာဉ် လှေကားထစ်က ရေခဲမှန် တစ်ချပ်ကို ချိတ်ဆွဲထားတယ်၊ သေမျိုး နှလုံးသားက ကျောက်စိမ်း အိုး တစ်လုံးကို ထင်ဟပ်နေတယ်။

အတွေးက အလင်းကို ရွေ့လျားစေပြီး အရိပ်ကို ပြောင်းလဲစေတယ်၊ ဝိညာဉ်က လှည့်ပတ်ပြီး ပုံစံက ရှင်းလင်းတယ်။

နွေးထွေးတဲ့ အဖူးတွေက အန္တရာယ်များတဲ့ ကမ်းပါးပေါ်မှာ ပေါက်ရောက်တယ်၊ အေးစက်တဲ့ ကြာပန်းတွေက ငြိမ်သက်နေတဲ့ ရေထဲမှာ ပွင့်တယ်။

အရိပ်နှစ်ခုက နှလုံးသားနဲ့အတူ ရွေ့လျားပြီး မူလ လမ်းကြောင်းကို ထင်ဟပ်နေတယ်။"

ကဗျာကို ရွတ်ဆိုပြီးနောက် သူက ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

"ချီဓာတ်တစ်ခုတည်းက‌နေ သန့်စင်သော ဖြစ်တည်မှုနှစ်ခုအဖြစ် ခွဲထွက်စေပြီး၊ အရိပ်သဏ္ဌာန်ကို လူနှစ်ဦးအသွင် ထင်ဟပ်စေတဲ့ နက်နဲသော အတတ်ပညာက ကောင်းကင်နှင့် မြေကြီးရဲ့ တာအိုဥပဒေသများထဲမှာ အထူးချွန်ဆုံး နတ်ဘုရားနည်းလမ်းတစ်ခုပဲ"

"အဲဒါကို ရှေးခေတ်ကတည်းက နတ်ဘုရားဖြတ်သန်းခြင်းနယ်ပယ်အဆင့် ကို ချိုးဖျက်ဖို့နဲ့ မူလအစသို့ ပြန်လည်ရောက်ရှိခြင်း အခြေအနေကို ရရှိဖို့ အမျှော်လင့်ရဆုံး ပြိုင်ဘက်ကင်း လှုပ်ရှားမှု လို့လည်း ခေါ်ခဲ့ကြတယ်

All Chapters