← Chapters

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း (၂၈၃) - ယန်ချင်း၏ လောဘရမ္မက် ပေါ်လာခြင်း

ယန်ချင်းသည် ထိုနိမိတ်မကောင်းသော အတွေးများကို ခေါင်းခါထုတ်လိုက်ပြီး ရှီထျန်း၏ ရှင်းလင်းချက်အပေါ်သို့ အာရုံပြန်စိုက်လိုက်လေ၏။

"အထက်တန်းအမြုတေ တရားသူကြီးတစ်ယောက်အနေနဲ့ မင်းလုပ်ခဲ့တဲ့အလုပ်တွေနဲ့ တူညီတဲ့အပိုင်းတွေကို ပြောပြီးပြီဆိုတော့ အခု နန်းတော်တရားသူကြီးရဲ့ သီးသန့်တာဝန်တွေဘက်ကို သွားကြတာပေါ့။"

"အစောက ငါပြောခဲ့သလိုပဲ၊ မင်းက ပြင်ပနန်းတော်တရားသူကြီးတစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့အတွက် တစ်နှစ်ကို အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်းလေးဆယ်ရလိမ့်မယ်။"

"ဒါကြောင့် နန်းတော်တရားသူကြီးတစ်ယောက်အနေနဲ့ မင်းရဲ့တာဝန်အသစ်တွေထဲက တစ်ခုက စာချုပ်တွေနဲ့ လုပ်ငန်းတာဝန်တွေကို ထုတ်ပေးတာ၊ အဆင့်ခွဲခြားတာနဲ့ အတည်ပြုပေးတာတွေပဲ။"

"နန်းတော်တရားရုံးတွေမှာ အမှုအရေအတွက် နည်းပါးတဲ့အတွက် နန်းတော်တရားသူကြီးတွေက သူတို့ဆီ အမှုရောက်လာတာနဲ့ ကိုယ်တိုင် တာဝန်ယူရမှာဖြစ်တယ်။ မင်းအတွက် တစ်လကို အမှုပေါင်းတစ်ရာ ပေးလိမ့်မယ်။ အဲဒီကိန်းဂဏန်းက အသေမှတ်ထားတာမျိုး မဟုတ်ပေမယ့် ကြုံရာကျပန်းအမှုတွေကိုတော့ လကုန်စာရင်းချုပ်တဲ့အခါ ထည့်သွင်းစဉ်းစားပေးလိမ့်မယ်။"

"အဲဒီအမှုတစ်ရာကို မင်းဆီ တာဝန်ချပေးလိုက်တာနဲ့ ဘယ်အမှုကို အရင်ဆုံး အာရုံစိုက်မလဲ၊ မင်းရဲ့အချိန်ဇယားနဲ့ အမှုတွေကို ဘယ်လို ဆက်လက်စုံစမ်းမလဲ ဆိုတာတွေ အကုန်လုံးက မင်းအပေါ်မှာပဲ မူတည်တယ်။"

"အမှုတွေနဲ့ပတ်သက်ပြီး မင်းမှာ အပြည့်အဝ လုပ်ပိုင်ခွင့်ရှိတယ်။ ဘယ်အမှုကို စစ်ဆေးရေးမှူးတွေကို ပေးမလဲ၊ ဘယ်အမှုကို စာချုပ်ချုပ်ပြီး တခြားသူတွေကို လွှဲပေးမလဲ၊ ဘယ်သူ့ကို စာချုပ်ပေးမလဲ၊ စာချုပ်သက်တမ်းနဲ့ ငွေပေးချေမှုသတ်မှတ်ချက်တွေ အပါအဝင် အကုန်လုံးက မင်းသဘောပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ငွေပေးချေရမယ့်သူက မင်းကိုယ်တိုင် ဖြစ်နေလို့ပဲ။"

နောက်ဆုံးစကားအား ကြားလိုက်ရချိန်တွင် ယန်ချင်းတစ်ယောက် နာကျင်စွာဖြင့် တွန့်ဆုတ်သွားလေ၏။

"ငွေပေးချေမှုက မင်းသဘောဆိုပေမယ့် အဖွဲ့အစည်းရဲ့ ငွေပေးချေမှုစံနှုန်းကိုတော့ ထိန်းသိမ်းထားရလိမ့်မယ်။"

"နန်းတော်အဆင့်ပညာရှင် ပါဝင်ပတ်သက်နေတဲ့ ဘယ်အမှုအတွက်မဆို ကြိုတင်ငွေအဖြစ် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး လေးသောင်းငါးထောင် သတ်မှတ်ထားတယ်။ ဒီအဆင့်ရှိတဲ့သူ ပါဝင်နေတဲ့ လုပ်ငန်းတာဝန်အတွက် မင်းအများဆုံး ပေးချေနိုင်တဲ့ ပမာဏက အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ခုနစ်သိန်းခွဲပဲ။"

"မင်း ကောင်းကောင်းသိပြီးသားဖြစ်မှာပါ။ မသိသေးရင်လည်း မှတ်ထားဖို့က စုံစမ်းစစ်ဆေးမှု လုပ်နေစဉ်အတွင်းမှာ နန်းတော်အဆင့်နှောင်းပိုင်း ရောက်နေတဲ့သူ တစ်ယောက်ယောက်က မင်းစုံစမ်းနေတဲ့ ကိစ္စမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပါဝင်ပတ်သက်နေတယ်ဆိုတာကို သက်သေပြနိုင်မှသာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ခုနစ်သိန်းခွဲကို မင်းထုတ်ပေးလို့ ရမှာဖြစ်တယ်။"

"မင်းအတွက် ငါကိုယ်တိုင် မိတ္တူတစ်ခု ကူးပေးထားတယ်၊ ရော့။"

ရှီထျန်းက ယန်ချင်းထံသို့ နောက်ထပ်ပေလိပ်တစ်ခု ကမ်းပေးရင်း ပြောလိုက်၏။

"ဒီထဲမှာ မင်းရဲ့ လုပ်ငန်းတာဝန်တွေအတွက် ဘယ်လို ငွေပေးချေရမလဲဆိုတဲ့ ခန့်မှန်းခြေ တွက်ချက်မှုနဲ့ လမ်းညွှန်ချက်တွေ ပါတယ်။ ဘယ်လိုအချက်အလက်တွေကို ကြည့်ရမလဲ၊ အဲဒီအချက်တွေနဲ့ သက်ဆိုင်တဲ့ ခန့်မှန်းခြေ ပေးချေမှုက ဘယ်လောက်လဲဆိုတာ ပါတယ်။

ဒါပေမဲ့ နောက်ဆုံးကျရင် ဘယ်လောက်ပေးမလဲ ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်။ ဒါပေမဲ့ မင်းရဲ့ဆုံးဖြတ်ချက်ကို အသေးစိတ် မှတ်တမ်းတင်ထားဖို့တော့ လိုလိမ့်မယ်။ အဲဒီမှတ်တမ်းကို မင်းဆီ တာဝန်ချထားတဲ့ စာရင်းစစ်က အသုံးပြုလိမ့်မယ်။"

"ဒါ့အပြင် အဲဒီထဲမှာ မင်းဆီ တာဝန်ချထားပေးတဲ့ ပြင်ပထောက်ပံ့ရေးဌာနက ဝန်ထမ်းရဲ့ နာမည်ကိုလည်း တွေ့ရလိမ့်မယ်။"

ရှီထျန်းက ထပ်လောင်းပြောကြားလိုက်၏။

ထိုအခါ ယန်ချင်းက ပေလိပ်၏ အောက်ခြေအထိ ဆွဲချကြည့်လိုက်ရာ 'လုမေး၊ ပြင်ပနန်းတော်တရားရုံး ထောက်ပံ့ရေး' ဟူသော အမည်ကို မြင်လိုက်ရလေ၏။

"ဒီကိစ္စတွေပြီးသွားရင် မင်း သူနဲ့ သွားတွေ့ပြီး ရင်းနှီးအောင် လုပ်ထားလို့ရတယ်။ ဘာလို့လဲဆိုတော့ မင်းတို့က အနီးကပ် အလုပ်တွဲလုပ်ရမှာမို့လို့ပဲ။ အထူးသဖြင့် လုပ်အားခတွေက ဝိညာဉ်ကျောက်တုံးတွေ မဟုတ်ဘဲ တခြားအရာတွေ ဖြစ်နေတဲ့အခါမျိုးမှာ သူမက လဲလှယ်တာတွေ၊ ထုတ်ပေးတာတွေ အားလုံးကို တာဝန်ယူရမယ့်သူ ဖြစ်တယ်။"

ရှီထျန်းက ဆို၏။

"ဆက်သွားရအောင်။ စာချုပ်တွေနဲ့ လုပ်ငန်းတာဝန်တွေအပြင် တရားသူကြီးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အောက်မှာ မင်းလုပ်ရမယ့် အတိအကျ အကျုံးမဝင်တဲ့ တခြားတာဝန်တွေလည်း ရှိသေးတယ်။"

ရှီထျန်းသည် ယန်ချင်း၏ အာရုံစိုက်မှုကို ရယူရန်အတွက် အချိန်ကိုက် ခဏတာ ရပ်တန့်လိုက်ရာ ထိုအကွက်မှာ အတိအကျ အလုပ်ဖြစ်သွားပုံရပေ၏။

"အဲဒီတာဝန်တွေထဲက တချို့ကတော့..."

"လေလံရုံအမျိုးမျိုးမှာ ပွဲတွေကျင်းပတဲ့အခါ သက်သေအဖြစ် ဆောင်ရွက်ပေးရတာပဲ။ အဲဒီလေလံရုံတွေက အဆင့် (၃) မှာ ရှိနေမယ်ဆိုတာတော့ ပြောနေစရာတောင် မလိုပါဘူး။"

"အဖွဲ့အစည်းက တရားသူကြီးတွေကို စစ်မှန်ကြောင်း အတည်ပြုပေးသူတွေအဖြစ် ဆောင်ရွက်ပေးဖို့ ဒီလေလံရုံတွေကို အခကြေးငွေနဲ့ ဝန်ဆောင်မှုပေးတယ်။ အဲဒီအချိန်မှာ လေလံတင်မယ့် ပစ္စည်းအားလုံးကို ငါတို့ရဲ့ တန်ဖိုးဖြတ်ကျွမ်းကျင်သူတွေက စစ်ဆေးပြီးသား ဖြစ်လိမ့်မယ်။ ဒါကြောင့် မင်းက မျက်နှာပြတဲ့အနေနဲ့ ဟိုမှာ ထိုင်နေရုံကလွဲလို့ ဘာမှလုပ်စရာ မလိုဘူး။"

"မင်းရဲ့ဝန်ဆောင်မှုအတွက် အဖွဲ့အစည်းက ကောက်ခံတဲ့ အခကြေးငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကို မင်းရလိမ့်မယ်။ ဒါ့အပြင် လေလံရုံပိုင်ရှင်တွေဆီကနေ မင်းဘာပဲရရ မင်းအတွက်ပဲ။"

"တကယ်ကြီးလား။"

ရှာဖွေနိုင်မည့် ငွေကြေးပမာဏကြောင့် စိတ်လှုပ်ရှားကာ တက်ကြွသွားသော ယန်ချင်းသည် အမှတ်တမဲ့ပင် အသံကျယ်ကြီးဖြင့် အော်မေးလိုက်ချေ၏။

"ဟုတ်တယ်။ အခကြေးငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းက မင်းအတွက်ပဲ။ ပြီးတော့ တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာ မင်းရနိုင်တဲ့ တခြားဘယ်အရာမဆို မင်းပဲ သိမ်းထားခွင့်ရှိတယ်။"

ယန်ချင်းထံတွင် လျင်မြန်စွာ ဖြစ်ပေါ်သွားသော အမူအရာအပြောင်းအလဲများကြောင့် ရှီထျန်းက သဘောကျစွာပြုံးရင်း ပြောလိုက်၏။

ယန်ချင်း၏ စိတ်အာရုံသည် လေလံရုံများထံမှ ထူးဆန်းသော ရတနာအမျိုးမျိုးနှင့် ငါးဆယ်ရာခိုင်နှုန်းသော အခကြေးငွေများကို သူရရှိသွားမည့် အခြေအနေပေါင်းစုံဆီသို့ ချက်ချင်းပင် လွင့်မျောသွားလေတော့၏။

"ငါးဆယ်ရာခိုင်နှုန်းဆိုတော့..."

ထိုအခိုက် ယန်ချင်း၏ စိတ်လှုပ်ရှားနေသော အမူအရာသည် ရုတ်တရက် လေးနက်တည်ကြည်သွားပြီးနောက် တည်ငြိမ်မှုတစ်ခု ပြန်လည်ရောက်ရှိလာ၏။

"စီမံခန့်ခွဲသူ ရှီထျန်း... ကျုပ်က လောဘကြီးလို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခွဲဝေတဲ့ ရာခိုင်နှုန်းကို ပြောင်းလဲလို့ရနိုင်မယ့် နည်းလမ်းများ ရှိသလား။ ဒါမှမဟုတ် ငါးဆယ်ရာခိုင်နှုန်းပဲ ပုံသေသတ်မှတ်ထားတာလား"

ယန်ချင်းက မေးလိုက်၏။

သူ၏ လောဘကြီးတတ်သော အကျင့်စရိုက်သည် အဖွဲ့အစည်းက သူ့အပေါ် အမြဲတမ်း အသာစီးရနေမှုအပေါ် အငြိုးအတေးထားတတ်သည့် အကျင့်နှင့်အတူ ပေါ်ထွက်လာလေပြီ။

"အင်း... အဲဒါကတော့ ပုံသေသတ်မှတ်ထားတာမျိုး မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ပြောရရင်တော့ မင်းအနေနဲ့ ကော်မရှင် အပြည့်အဝ တစ်ရာရာခိုင်နှုန်း ရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်လာဖို့အတွက် အဖွဲ့အစည်းက သူ့ရဲ့ တန်ဖိုးဖြတ်ဝန်ဆောင်မှုတွေကို အခမဲ့ပေးမှာမဟုတ်သလို ကော်မရှင်အတွက်လည်း ညှိနှိုင်းပေးမှာ မဟုတ်ဘူး။"

"ပိုပြီး ရိုးရိုးရှင်းရှင်းပြောရရင် မင်းရဲ့ဝန်ဆောင်မှုကို တိုက်ရိုက်ငှားရမ်းချင်တဲ့ လေလံရုံတွေကို မင်းရှာတွေ့နိုင်မယ်ဆိုရင် သူတို့ကို မင်းလွတ်လွတ်လပ်လပ် လက်ခံနိုင်တယ်။ အဖွဲ့အစည်းက မင်းကို တားဆီးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်ပိုင် အန္တရာယ်တွေတော့ ရှိတယ်။ အဲဒီအထဲက တစ်ခုက မင်းကိုယ်တိုင် တန်ဖိုးဖြတ်ပေးရမှာဖြစ်ပြီး အဲဒီကနေ ပေါ်ပေါက်လာတဲ့ ပြဿနာမှန်သမျှကို မင်းတစ်ယောက်တည်း ဖြေရှင်းရမှာပဲ။"

ရှီထျန်းက ပြောလိုက်၏။

ထိုအဖြေကို ကြားလိုက်ရချိန်တွင် ယန်ချင်းသည် အရှုံးပေးလိုက်ရသော အမူအရာဖြင့် သူ၏ထိုင်ခုံပေါ်သို့ နောက်ပြန် ကျဆင်းသွားတော့၏။

သူသည် အလိမ်မခံရစေရန်အတွက် ရတနာများနှင့်ပတ်သက်၍ လုံလောက်စွာ သိရှိထား၏။ မှန်ပါသည်... အကြိမ်ဆယ်ကြိမ်တွင် ခြောက်ကြိမ်ခန့်တော့ သူအလိမ်မခံရနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ပွင့်လင်းဈေးကွက်များမှ အသုံးမကျသော ပစ္စည်းတချို့ကို သူဝယ်မိတတ်သောကြောင့်ပင်။

သို့သော်လည်း သူ၏အရည်အချင်းသည် သင့်တင့်သော တန်ဖိုးဖြတ်ကျွမ်းကျင်သူ တစ်ယောက်အဖြစ် သတ်မှတ်ရန်သာ လုံလောက်ပေ၏။ သူ မသိသေးသော အရာများစွာ ရှိနေသေးချေသည်။

All Chapters