← Chapters

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း (၂၈၅) - ပိုင်ဆိုင်မှုများအား ရောင်းချခြင်း

ယန်ချင်းက နန်းတော်တရားခွင်များဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်၏။ သွားလာရေးယန္တရားများမှာ ယခင်အတိုင်းပင် ဖြစ်လေသည်။

တရားခွင်များအတွင်း ဝင်ရောက်နိုင်ရန် ပုံရိပ်ယောင်ကမောက်ကမ ကောင်းကင်သတ္တုကို လိုအပ်ဆဲပင် ဖြစ်သော်လည်း ယခင်နှင့်မတူသည်မှာ ဤတစ်ကြိမ်တွင် 'နန်းတော်' ဟူသော စာသားပါရှိသည့် ဆိုင်းဘုတ်ရှိရာဘက်သို့ သွားရခြင်း ဖြစ်ပေသည်။

နန်းတော်တရားခွင်များ၏ စင်္ကြံလမ်းများမှာလည်း အမြုတေဖွဲ့စည်းခြင်း တရားခွင်များမှ ဒီဇိုင်းနှင့် တစ်ပုံစံတည်းပင် ဖြစ်ချေသည်။ ကြမ်းပြင်နှင့် တံခါးများတွင် အသုံးပြုထားသော ပစ္စည်းများမှစ၍ အလှအပဖန်တီးထားမှုများအထိ အတူတူပင် ဖြစ်၏။

ထိုအခါ အဖွဲ့အစည်း၏ ကပ်စေးနှဲတတ်သော အကျင့်စရိုက်ကို ထပ်မံသတိရသွားစေသဖြင့် ယန်ချင်းက မနှစ်မြို့စွာ စုပ်သပ်လိုက်မိလေသည်။ သူ၏အမြင်များသည် အဖွဲ့အစည်းနှင့် ပတ်သက်ခဲ့ရသည့် ကာလတစ်လျှောက် သူချည်းသာ အရှုံးပေါ်ခဲ့ရသော အတွေ့အကြုံများကြောင့် ယိုယွင်းပျက်စီးနေခဲ့ပြီ ဖြစ်၏။

ထို့ကြောင့်ပင် အမြုတေဖွဲ့စည်းခြင်း တရားခွင်၌ဖြစ်စေ၊ နန်းတော်တရားခွင်၌ဖြစ်စေ၊ အသုံးပြုထားသည့် ပစ္စည်းတိုင်းသည် အခြားဂိုဏ်းအဖွဲ့အစည်းအများစု၏ အဖွဲ့အစည်းကဲ့သို့ လွတ်လပ်စွာ အသုံးမပြုနိုင်သော အထွတ်အထိပ်အဆင့် ပစ္စည်းများဖြစ်သည်ဟူသည့် အချက်ကို သူက လွယ်လွယ်ကူကူပင် လျစ်လျူရှုထားလိုက်လေတော့၏။

ယန်ချင်းသည် ဝန်ထမ်းများအတွက်သာ သီးသန့်ဖြစ်သော လမ်းကြောင်းထက် အများပြည်သူသုံး စင်္ကြံလမ်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။ အမှုအရေအတွက်သည် အမြုတေဖွဲ့စည်းခြင်း တရားခွင်များနှင့် ဆင်တူသလော၊ သို့မဟုတ် နန်းတော်တရားခွင်များတွင် အခြေအနေ ပိုကောင်းသလောဆိုသည်ကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ သိချင်နေခဲ့ပေသည်။

သူမြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့ဘာသာ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိရင်း အမှတ်တမဲ့ ပြုံးသွားမိလေသည်။ စင်္ကြံလမ်းတွင် အဖွဲ့အစည်းအသီးသီးမှ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသော်လည်း အမြုတေဖွဲ့စည်းခြင်း တရားခွင်များရှိ အရေအတွက်ထက် များစွာနည်းပါးကြောင်း ယန်ချင်း သိနိုင်ပေ၏။

အကြမ်းဖျင်း ခန့်မှန်းရမည်ဆိုလျှင်ပင် ယခုရှိနေသော အရေအတွက်မှာ အမြုတေဖွဲ့စည်းခြင်း တရားခွင်များ၌ အလုပ်မများသော နေ့တစ်နေ့တွင် သူတွေ့ခဲ့ရသည့် အရေအတွက်၏ တစ်ဝက်ခန့်သာ ရှိလေသည်။

စိတ်အခြေအနေ ကောင်းမွန်နေသောကြောင့် ယန်ချင်းက စင်္ကြံလမ်းတွင် သူဆုံတွေ့ရသော ကျင့်ကြံသူများကိုပင် လိုက်လံနှုတ်ဆက်လိုက်သေး၏။ သူ၏လုပ်ရပ်က စပ်စုလိုသော အကြည့်များစွာကို ဆွဲဆောင်သွားခဲ့ပြီး အထူးသဖြင့် ပြင်းထန်သော ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိသည့် တရားခံများ ဖြစ်ဖို့များသော စိုးရိမ်တကြီးနှင့် လူအုပ်ကြီးထံမှ ဖြစ်ပေသည်။

အချို့က ယန်ချင်း၏ နှုတ်ဆက်မှုကို အခွင့်ကောင်းယူကာ အမှုမစစ်ဆေးရသေးမီမှာပင် သူတို့၏ အပြစ်ကင်းစင်ကြောင်းကို ကြိုးကြိုးစားစား ပြောလာခဲ့လေသည်။ ဤသို့ လေးငါးကြိမ်ခန့် ဖြစ်ပွားခဲ့ပြီးနောက်တွင်တော့ ယန်ချင်းသည် သူ၏တက်ကြွနေမှုကို ထိန်းချုပ်ရန် ဆုံးဖြတ်လိုက်ရလေသည်။

သို့မဟုတ်ပါက ထိုတောင်းတောင်းပန်ပန် ပြောကြားလာမှုများကြောင့် အခြေအနေများ ရှုပ်ထွေးသွားလျှင် ထိုအမှုများအားလုံး သူ၏အမှုတွဲစာရင်းထဲသို့ ရောက်သွားနိုင်ချေရှိပေသည်။

ကံကောင်းစွာဖြင့်ပင် မကြာမီမှာ အခန်းနံပါတ် (၂၄) ဟု တပ်ထားသော တရားခွင်တံခါးတစ်ချပ်ကို သူ တွေ့လိုက်ရ၏။ ဤနေရာလေးသည် နယ်ပယ်တရားခွင်များသို့ ရာထူးတိုးရန် အရည်အချင်းများ မပြည့်မီမချင်း အနာဂတ်ကာလတစ်ခုအထိ သူ၏အိမ်သစ်လေး ဖြစ်လာပေတော့မည်။

နန်းတော်တရားခွင်များတွင် အပြင်ဘက်နန်းတော်တရားခွင်များ၊ အတွင်းဘက်နန်းတော်တရားခွင်များနှင့် အမြုတေနန်းတော်တရားခွင်များဟူ၍ ရှိသော်လည်း တရားသူကြီးများအနေဖြင့် နန်းတော်တရားခွင်များတစ်လျှောက် ရာထူးတိုးသွားလျှင်ပင် တရားခွင်ကိုမူ ပြောင်းလဲမည်မဟုတ်ပေ။

သူတို့အတွက် ပြောင်းလဲသွားမည့် တစ်ခုတည်းသောအရာမှာ လစာနှင့် တာဝန်များသာဖြစ်ပြီး တရားခွင်နှင့် သူတို့၏သီးသန့်ခန်းများမှာမူ ပြောင်းလဲသွားမည်မဟုတ်ချေ။

'ငါ အဲဒီကိစ္စကို မေ့တော့မလို့' ယန်ချင်းက သူ၏တရားခွင်တံခါးဝတွင် ခြေလှမ်းများကို ရပ်တန့်လိုက်ရင်း တွေးလိုက်၏။

'မဖြစ်ဘူး၊ ဒီကိစ္စပြီးတာနဲ့ ချက်ချင်း ဖြေရှင်းပစ်မှရမယ်။ သူတို့တွေ လစ်ပြေးသွားပြီး အဲဒီစံအိမ်ကြီးကို ငါ့ဆီ အတင်းအကျပ် ထိုးအပ်သွားဖို့ အချိန်အလုံအလောက် ပေးလို့မဖြစ်ဘူး' ယန်ချင်းက စိုးရိမ်တကြီး တွေးလိုက်လေသည်။

သီးသန့်ခန်းအသစ်အကြောင်း တွေးမိခြင်းက အရေးကြီးသောကိစ္စတစ်ခုကို သူ မေ့နေခဲ့ကြောင်း သူ့အား သတိပြုမိသွားစေ၏။ နန်းတော်အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် အဖွဲ့အစည်းမှ ထိုအဆင့်ရှိသူတစ်ဦးကို ပေးအပ်သော အခွင့်အရေးအားလုံးအား သူ ခံစားခွင့်ရှိပေသည်။

ထိုအခွင့်အရေးများထဲမှ တစ်ခုမှာ အလင်းဖြာအနားယူရာတောင်ကြား၏ ရွှေတောင်ကြားတွင် စံအိမ်တစ်လုံး ပေးအပ်ခြင်းခံရမည် ဖြစ်လေသည်။

သူ၏ရာထူးတိုးခြင်း မတိုင်မီကပင် နန်းတော်အဆင့်သို့ ရောက်ရှိကြောင်း အတည်ပြုလိုက်သည့် အချိန်ဖြစ်သော လွန်ခဲ့သည့် သုံးလကတည်းက ထိုစံအိမ်ကို သူပိုင်ဆိုင်ခွင့်ရှိခဲ့၏။

သို့သော်လည်း မိစ္ဆာအိုကြီးလဲ့ဝေယွမ်နှင့် ပတ်သက်နေသော ရှောင်လွှဲ၍မရသည့် အခြေအနေများကြောင့် ယန်ချင်းမှာ ထိုကိစ္စကို ရွှေ့ဆိုင်းခဲ့ရပြီး ထိုသုံးလတာကာလအတွင်း ထိုကိစ္စတစ်ခုလုံးကို လုံးဝမေ့သွားခဲ့လေသည်။

သို့ရာတွင် ယခု ပြန်လည်သတိရလာပြီဖြစ်ရာ ဖြေရှင်းရမည့်အချိန် ကျရောက်လာပြီ ဖြစ်၏။ အပြာရောင်တောင်ကြားရှိ တိမ်မက်စံအိမ်နှင့် ကောင်းကင်အသိုက်ရက်လုပ်သူ၏ အသိုက်အပေါ် သူအသုံးပြုခဲ့ရသည်များကြောင့် သူက ပြောင်းရွှေ့ရန် အစီအစဉ် လုံး၀မရှိပေ။ ရွှေတောင်ကြားရှိ စံအိမ်သည် သူ၏ လက်ရှိနေထိုင်ရာနေရာနှင့် ယှဉ်နိုင်ပါမည်လောဆိုသည်ကို ယန်ချင်း သံသယရှိနေ၏။

သူရရှိမည့် မည်သည့်စံအိမ်မဆို အခြေခံလိုအပ်ချက်လေးများသာ ပါဝင်မည်ဖြစ်ပြီး ၎င်းကို ပိုမိုကောင်းမွန်လာစေရန် မရေမတွက်နိုင်သော သယံဇာတအရင်းအမြစ်များအား သုံးစွဲရမည်မှာ သေချာလှပေသည်။

အဖွဲ့အစည်းသည်ကား အမြဲတမ်း ကပ်စေးနှဲတတ်သော မိစ္ဆာကောင်ကြီး ဖြစ်နေဆဲပင်။

ယန်ချင်းသည် သူ၏အရင်းအမြစ်များကို အသေအချာ ထိခိုက်စေမည့် ထိုအကျိုးကျေးဇူးကင်းမဲ့သော အလုပ်ကို မလုပ်လိုပေ။ သူ၏စံအိမ်တန်ဖိုးအား ရောင်းချရန် သူ ဆုံးဖြတ်ပြီးဖြစ်ကာ ၎င်းမှာ အဖွဲ့အစည်းအတွင်း အများပြည်သူလုပ်လေ့ရှိသော ကိစ္စတစ်ခုလည်း ဖြစ်လေ၏။

အကြောင်းအမျိုးမျိုးကြောင့် စံအိမ်ကို မလိုချင်သူများအနေဖြင့် ထိုစံအိမ်ကို အဖွဲ့အစည်းထံသို့ 'ပြန်လည်ရောင်းချ' နိုင်သည့် အခွင့်အရေးရှိပေသည်။

အဖွဲ့အစည်းက ထိုစံအိမ်၏ တန်ကြေးကို သူတို့ သင့်တော်မည်ထင်ရသော မည်သည့်ပေးချေမှုပုံစံဖြင့်မဆို လျော်ကြေးပေးမည် ဖြစ်၏။

ဝိညာဉ်ကျောက်တုံးများ၊ မှော်လက်နက်များနှင့် သဘာဝရတနာများဖြင့်ဖြစ်စေ၊ အစီအရင်ခန်းမနှင့် အဂ္ဂိရတ်ခန်းမကဲ့သို့သော အဖွဲ့အစည်း၏ အချို့သော ဌာနများမှ ဝန်ဆောင်မှုများကို ရယူခြင်းဖြင့်ဖြစ်စေ၊ သို့မဟုတ် ဝင်ရောက်ရန် ကုသိုလ်အမှတ်များလိုအပ်သော အထူးလေ့ကျင့်ရေးနယ်မြေများသို့ ဝင်ရောက်ခွင့် ရရှိခြင်းဖြင့်ဖြစ်စေ စသည်ဖြင့် ပေးချေနိုင်ပေသည်။

သူ၏စံအိမ်အား ရောင်းချမှုအတွက် ညီမျှသော တန်ဖိုးအဖြစ် မည်သည့်အရာကို ရွေးချယ်နိုင်သည်နှင့် ပတ်သက်၍ ယန်ချင်းတွင် ရွေးချယ်စရာ များစွာရှိနေ၏။ သူသည် ရွေးချယ်စရာများကို နှစ်ခုအထိ လျှော့ချထားလိုက်၏။

၎င်းတို့မှာ သူ၏စံအိမ်ရှိ အစီအရင်များကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်း၊ သို့မဟုတ် ထိုတန်ဖိုးကို အသုံးပြု၍ အဖွဲ့အစည်း၏ အများပြည်သူသုံးရတနာတိုက်မှ တစ်စုံတစ်ရာကို လဲလှယ်ရယူခြင်းတို့ ဖြစ်လေသည်။

အများပြည်သူသုံး ရတနာတိုက်သည် အဖွဲ့အစည်းအတွင်း ကုသိုလ်အမှတ်များ၊ ဝိညာဉ်ကျောက်တုံးများ သို့မဟုတ် တန်ဖိုးရှိသည့် တစ်စုံတစ်ရာဖြင့် လဲလှယ်၍ ဝင်ရောက်ရယူနိုင်သော တစ်ခုတည်းသော ရတနာတိုက် ဖြစ်၏။ ၎င်းသည် အဖွဲ့အစည်း၏ အများပြည်သူသုံး ဈေးကွက်တစ်ခုနှင့် တူပေသည်။

အကယ်၍သာ သင့်တွင် တန်ဖိုးရှိသော အရာတစ်ခုခုရှိပါက ၎င်းကို အများပြည်သူသုံး ရတနာတိုက်၌ ကုန်သွယ်ရန် အသုံးပြုနိုင်၏။ အဖွဲ့အစည်းအတွင်းရှိ အခြားသော ရတနာတိုက်များမှာမူ အထူးဝင်ရောက်ခွင့်ဖြင့်သာ ရနိုင်ပေသည်။ အလွန်တိကျသော အခြေအနေများအောက်တွင်မှလွဲ၍ ၎င်းတို့ထံသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း အများပြည်သူသုံး ရတနာတိုက်မှာမူ များစွာ ပို၍ လွတ်လပ်ခွင့်ပေးထားပြီး ထိုနေရာတွင် ပါဝင်သော ပစ္စည်းများအားလုံးမှာလည်း အလွန် အရည်အသွေးမြင့်မားကာ ၎င်းနှင့် ထိုက်တန်သော မြင့်မားသည့် ဈေးနှုန်းများလည်း ရှိကြပေသည်။

ခရမ်းရောင်လျှပ်စီးဝါးမှာ ရတနာတိုက်မှ သူရရှိခဲ့သော အရာဖြစ်ပြီး ကုသိုလ်အမှတ် တစ်သိန်းနီးပါး ကုန်ကျခဲ့ရာ ဝယ်ယူနိုင်စွမ်းနှင့် တန်ဖိုးအရဆိုလျှင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်းတစ်ဆယ်ထက် ပိုမိုများပြားလေသည်။

ယန်ချင်းသည် သူ၏စံအိမ်ကို သဘာဝရတနာ သို့မဟုတ် မှော်လက်နက် တစ်ခုခုနှင့် လဲလှယ်လိုခဲ့၏။ ဆမ်းမားဖီးလ်နိုင်ငံ၌ သူမြင်တွေ့ခဲ့ရသော အပြာရောင်အဆင့် အစီအရင်၊ ဘုရင်တစ်ပိုင်းအဆင့် သစ်ပင်နှင့် အစီအရင်ကို ခိုင်ခံ့စေသော မှော်လက်နက်တို့ကြားမှ အကျိုးပြု ပူးပေါင်းတည်ရှိနေမှုက ဆမ်းမားဖီးလ်နိုင်ငံရှိ လယ်ယာမြေ၌ သူအာရုံခံမိခဲ့သကဲ့သို့ မတူညီသော အရာဝတ္ထုနှစ်ခုအပေါ် ဝိညာဉ်ရေးရာ ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန် အကြံဉာဏ်များကို သူ့အား ရရှိစေခဲ့ပေသည်။

အကယ်၍ သူ၏စမ်းသပ်မှု ရလဒ်များသာ အောင်မြင်ခဲ့မည်ဆိုလျှင် ဘုရင်အဆင့်တွင် ရှိနေသော်လည်း ဝိညာဉ်ရေးရာ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည့် စိမ်းလန်းသောမီးတောက်သစ်ပင်နှင့် အစွန်းနှစ်ဖက်သစ်ပင်တို့အပေါ်တွင်လည်း သူ စမ်းသပ်ကြည့်နိုင်ပေသည်။ ဖွံ့ဖြိုးတိုးတက်မှုမရှိသော ဝိညာဉ်ရေးရာသည် ပါရမီချို့တဲ့မှုကြောင့် မဟုတ်ဘဲ သူတို့၏ သွေးဆက်နွယ်မှုအရ သစ်ပင်နှစ်ပင်လုံးအပေါ် သက်ရောက်နေသော မြင့်မားသည့် လိုအပ်ချက်များကြောင့်သာ ဖြစ်၏။

၎င်းတို့ထဲမှ တစ်ပင်မှာ အသက်တာအိုနှင့် ပင်ကိုသဘာဝအရ ဆက်စပ်နေပြီး နောက်တစ်ပင်မှာ နေရာလွတ်တာအိုနှင့် ဆက်စပ်နေပေသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ ကြီးထွားမှုနှင့် ရင့်ကျက်မှုသည် အခြားသစ်ပင်များနှင့် နှိုင်းယှဉ်ပါက နှေးကွေးနေခြင်း ဖြစ်လေသည်။

သူ၏တရားခွင်တံခါးကို တွန်းဖွင့်လိုက်စဉ်တွင် ယန်ချင်းက ထိုကိစ္စအား ခေါင်းထဲမှ ဖယ်ထုတ်ထားရန် ဆုံးဖြတ်လိုက်လေသည်။

All Chapters