← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အပိုင်း (၃) - ဇာတ်ကြောင်းက လုံး၀ပြောင်းသွားပြီ (၁)

System သည် ယွဲ့ရှ၏ကမ်းလှမ်းမှုကို လက်မခံဘဲ သူမအား ဘေးခန်းထဲသို့ အလျင်စလို တွန်းထည့်လိုက်လေသည်။

အ၀င်၀မှ သက်၀င်တက်ကြွမှုနှင့်ယှဉ်လျှင် လက်ရှိအခန်း၏တိတ်ဆိတ်နေပုံမှာ အခြားကမ္ဘာတစ်ခု နှင့်ပင်တူနေလေသည်။ ပုန်းနေရင်း ယွဲ့ရှက မေးလိုက်၏။ "နင်ငါ့ကို ဘယ်ကိုသွားစေချင်တာလဲ"

System : [ စတူဒီယိုခန်းထဲသွားပြီး စေ့စပ်ပွဲကို လုံး၀ဖျက်စီးလောက်တဲ့ဗီဒီယိုကို ပြောင်းလိုက်]

ယွဲ့ရှသည် ရှေ့တစ်လှမ်းတိုးလိုက်သည်။ ယခုတစ်ခါသည် သူမအတွက် ပထမဆုံးအကြိမ် စေ့စပ်ပွဲကိုတက်ဖူးခြင်းဖြစ်ပြီး လုပ်ဆောင်ရမည့်ကိစ္စကြောင့် ယွဲ့ရှသက်ပြင်းချလိုက်လေ၏။

ယွဲ့ရှမှာ တာ၀န်ကို လက်ခံလိုက်သောကြောင့် System သည် စိတ်‌ကျေနပ်သွားပြီး စိတ်ပူကြောင်းပြသရန် မေးလိုက်သည်။ [ဘာဖြစ်လို့လဲ]

ယွဲ့ရှ : "ဒီတိုင်းသနားလို့ပါ"

[လက်ထပ်ပွဲကိုဖျက်စီးတယ်ဆိုတာ ကောင်းတဲ့ကိစ္စ မဟုတ်ပေမယ့်လည်း၊အခြေအနေ နဲ့ အချိန်အခါ ဆိုတာကလည်းရှိသေးတာကို၊ ဒါပေမယ့် Host ဘာမှစိတ်ထဲထည့်ပြီး စိတ်ညစ်နေစရာမလိုဘူး ဒါက ဒီတိုင်း.....]

"မျက်နှာကြတ်ကနေ ပြုတ်ကျလာတာကမှ ဗီဒီယိုကို ခိုးကြောင်ခိုးဝှက် ပြောင်းလိုက်တာထက် ပိုမိုက်တာကို"

ယွဲ့ရှသည် အူကြောင်ကြောင်အတွေးကို အတွေးပေါက်သွားသော်လည်း မျက်နှာကမူ လေးနက်သွားသည်။

System [...?...]

ယွဲ့ရှသည် တက်ကြွစွာ ပြောလိုက်သည်။ "ဒီအကြံကမိုက်‌‌တယ်နော် နင်ထပ်စဉ်းစားပါဉီး"

System : [နင် ရဲလက်ထဲ ရောက်သွားရင်ကို ငါနင့်ကိုကယ်မရတော့ဘူး]

"..... အဲ့တာဆိုလည်း ထားလိုက်တော့" ယွဲ့ရှ၏မျက်နှာမှာ မှိုင်ကျသွားပြီး ထောင့်နားသို့ လျင်မြန်စွာကပ်သွားပြီး အခန်းသေးသေးလေးထဲသို့ ၀င်သွားသည်။ ဟောခန်းကော်ရစ်တာမှ ဖြတ်လျှောက်သွားသော လူတစ်ယောက်သည် တစ်စုံတစ်ခုကို ခံစားရသော ကြောင့် လှည့် ကြည့်လိုက်ချိန် ဆံပင်မျှင်လေးတချို့ကိုသာ ဖျက်ခနဲမြင်လိုက်ရလေ၏။

"အကိုကြီး"။

ရှီချင်းယင်သည် နက်ခ်တိုင်ကို လျှော့ချပြီး မေးလိုက်သည်။ " ဘာဖြစ်လို့လဲ၊ မင်း ဘယ်သူ့ကိုမြင်လိုက်လို့လဲ"

ရှီယွမ်ကျန်း၏မျက်လုံးများသည် တစ်နေရာတည်းတွင် ရပ်နေသည်။ သူသည် ခဏတာခန့်စဉ်းစားပြီး နောက် ပြန်ဖြေလိုက်သည်။ "ဘာမှမဟုတ်ဘူး"

ရှီယွမ်ကျန်းသည် မည်သည့်အဆင်တန်ဆာမျှ မပါ၀င်သည့် ရိုးရိုးရှင်းရှင်း အနက်ရောင်အနောက်တိုင်း၀တ်စုံကို၀တ်ဆင်ထားသည်။ သူသည် အင်္ကျီကို ကြယ်သီးအကုန်တက်ထားပြီး လည်ပင်းနားတွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အရောင်ဖျော့ဖျော့ မှည့်တစ်လုံးရှိလေသည်။ သူနှင့်ရှီချင်းယင်သည် တစ်၀မ်းကွဲညီအစ်ကိုများ ဖြစ်သော်လည်း ဘေးချင်းယှဉ်ရပ်ထားချိန်တွင် လုံး၀ဆန့်ကျင်ဘက်ဖြစ်နေ၏။သူ၏ပုံစံသည် အေးစက်ပြီး တည်ငြိမ်နေသောကြောင့် စက်ရုပ်နှင့်ပင်တူသည်။

"အကိုကြီး ဒီနေ့က နေ့ထူးနေ့မြတ်‌လေ နည်းနည်းပါးပါးတော့ ပြုံးပါဦး" ရှီချင်းယင်က နက်ခ်တိုင်ကို ဖြုတ်ချလိုက်ပြီး ပြောလိုက်သည်။ "မနေ့ညကသောက်တာ များသွားလို့ထင်တယ်၊ ယွဲ့ရှဆိုတဲ့ အရူးမက စေ့စပ်ပွဲထိလာပြီး နှောင့်ယှက်တယ်ဆိုပြီး အိပ်မက်ဆိုးတောင်မက်တယ်၊ ချီးလိုပဲ ချွေးဇောတွေပါပျံတယ်"

ရှီယွမ်ကျန်းသည် လမ်းလျှောက်နေသည်ကိုမရပ်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ "သူတကယ်လာခဲ့တယ်ဆိုရင် အဲ့ဒါ အကိုကြီးက ကိုယ်ကျဲတဲ့မျိုးကို ကိုယ်ပြန်ရိပ်သိမ်းရတာပဲလေ"

"..?.." ရှီချင်းယင်သည် တစ်စုံတစ်ယောက်ထံမှ ဆန့်ကျင်မခံရသည်မှာ တော်တော်လေးကို ကြာပြီဖြစ်သည်။ ထို့ကြောင့် သူသည် မျက်မှောင်ကြုတ်လိုက်ပြီး ပေါက်ကွဲမည်အပြု ဒေါသကို ပြန်ထိန်းလိုက်ပြီး "မင်းက အခုမှ နိုင်ငံခြားက ပြန်လာတာဆိုတော့ မင်းဘာမှမသိပါဘူးကွာ၊ အဲ့မိန်းမက ဘယ်လိုလဲဆိုတာ မင်းနားလည်...."

ရှီယွမ်ကျန်းကလှည့်လာပြီး တည်ငြိမ်စွာ စကားဖြတ်လိုက်သည်။ " အကိုကြီး သူ့အပေါ်မှာ အကြွေးတင်နေတယ်လေ”

ရှီချင်းယင် "...."

ကြည်လင်ပြီးနက်နဲသော မျက်၀န်းများဖြင့် အကြည့်ခံလိုက်ရသောအခါ ရှီချင်းသည် မလုံမလဲဖြစ်လာ၏။ သူ၏လည်စလုပ်သည် လှုပ်သွားပြီး စိတ်ပျက်ပျက်နှင့် ပြောလာသည်။ "မင်း အဲ့အကြောင်း မပြောလို့မရဘူးလား"

ရှီယွမ်ကျင်းသည် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ဘာမှဆက်မပြောတော့ပေ။

ထို့နောက် ရှီချင်းယင်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

နှစ်ပေါင်းများစွာ ကြာသည့်တိုင်သည် သူသည် ပျော့တိပျော့ညံ့ငကြောက် ဖြစ်နေဆဲပင်။ ရှီယွမ်ကျင်းသည် သူ့အကိုကြီးကို ကြည့်နေရသည်မှာ သရဲကိုကြည့်နေရသလိုပင်။

***

ယွဲ့ရှသည် မျောက်ကပွဲလွှတ်သွားသည်ကို သတိမထားမိလိုက်ဘဲ ဗီဒီယိုရှာနေလေသည်။

သူမ ရှာနေသည်မှာစေ့စပ်ပွဲ အစ လူအများရှေ့တွင်ဖွင့်မည့် ဗွီဒီယိုဖြစ်သည်။ System သည် ရှီချင်းယင် ပါ၀င်သည့် ဗွီဒီယိုများကို ပြင်ဆင်ထားသည်။ ယွဲ့ရှမှာ သေချာမမြင်လိုက်သော်လည်း ဗွီဒီယိုမှာ ကောင်းသည့်အရာ ဟုတ်မည့်ပုံမပေါ် ပေ။

ကျန်းရှုယောင်သည် ၀တ္ထုများတွင် တွေ့နေကျကြာပန်းဖြူဇာတ်ကောင် ဖြစ်သည်။ သူမ၏ပုံစံသည် အလွန်သနားစဖွယ်‌ကောင်းပြီး ယုံလွယ်ပုံပေါ်၏။ သူမသည် မည်မျှပင် ရုတ္တိမရှိစေကာမူ တစ်ဖက်လူ၏စကားကို ယုံကြည်ပေးနိုင်သည်။ သူမသည် လူများ၏ဝမ်းနည်းဖွယ်ဇာတ်ကြောင်းများတွင် အမြဲတမ်း အညာမိတတ်သည်။ ရှင်းရှင်းပြောရလျှင် သူမသည် မယ်သီလရှင်ကဲ့သို့သော လူမျိုးဖြစ်သည်။

ဝတ္ထုနောက်ပိုင်းရောက်လာသောအခါ သူမ၏ခန္ဓာကိုယ်နှင့်နှလုံးသားသည် အဆိုးဝါးဆုံး အခြေအနေတွင်ရောက်နေလျှင်တောင်မှ သူမသည် မပြောင်းလဲခဲ့ပေ။ သူမကို ပြန်ရရှိရန် ရှီချင်းယင်သည် မိုးကြီးလေကြီးထဲ အရက်မူးမူးဖြင့် ဒူးထောက်ခဲ့ရသည်။ အဆုံးတွင် သူသည် အရေး‌ပေါ်ခန်းထဲ၌ သုံးရက်ခန့် နေခဲ့ရသည်။

ကျန်းရှုယောင်၏ခွင့်လွှတ်မှုကို တောင်းခံရန် ခြေလှမ်းအစဖြစ်ကြောင်း ယွဲ့ရှက တွေးလိုက်သည်။ သူလုပ်ရမည်မှာ ဒူးထောက်တောင်းပန်ရုံတစ်ခုတည်းသာဖြစ်ကြောင်းကို သူမ လုံးဝလက်မခံနိုင်‌ပေ။

‘ကျန်းရှုယောင်ရဲ့ခွင့်လွှတ်မှုကိုတောင်းခံချင်ရင် အဲ့ကောင် ဘာမဆိုလုပ်ကိုလုပ်ရမယ်’

ယွဲ့ရှသည် ဗီဒီယိုကို အလျင်စလိုရှာဖွေနေသည်။ သူမနှင့် Systemသည် တိတ်တဆိတ်ချည်းကပ်လာသော ခြေလှမ်းသံကို သတိမထားမိပေ။ သူမ သတိထားမိချိန်တွင် နောက်ကျသွားပြီဖြစ်သည်။

သူမသည် ကျန်းရှုယောင်၏ တောက်ပကြည်လင်နေကာ လှပသည့် မျက်ဝန်းနှင့်စုံသွားသည်။ ကျန်းရှုယောင်သည်လည်း မည်သို့တုန့်ပြန်ရမည်မှန်းမသိဘဲ အံ့ဩစွာပြောလိုက်သည်။ “အာ....နင်က...”

ဓာတ်ပုံနှင့်လူအစစ်သည် လုံးဝကွဲပြားသည်။ ကျန်းရှုယောင်သည် သူမတွင် သဘာဝအတိုင်းထုပ်နေသည့် ဓာတ်ပုံ effect ရှိသည့်အတိုင်း လှပစွာရပ်နေ၏။ ရန်လိုမှုတို့ကင်းစင်သောသူမသည် အလွန်လှပ လှပေသည်။ ယွဲ့ရှသည် တောင့်ခဲနေပြီး သူမ၏ခန္ဓာကိုသည် သူမ ဉီးနှောက်ထက် အရင်လှုပ်ရှားသွားသည်။ “ရှူး....”

ကျန်းရှုယောင်သည် သူမ၏ပါးစပ်ကို တင်းကြပ်စွာပိတ်လိုက်သည်။ သူမ မျက်ဝန်းများတွင် ကြောက်ရွံ့မှုနှင့်စိုးရိမ်မှုတို့ ထင်ဟပ်နေသည်။

“....” ယွဲ့ရှသည် အပြင်ဘက်သို့လက်ညိုးထိုးလိုက်သည်။ “ဟိုကိုကြည့်”

ကျန်းရှုယောင်သည်လည်း လိုက်ကြည့်သည်။ ကော်ရစ်တာသည် ရှင်းလင်းနေသည်။ သူမ ပြန်လှည့်လာသောအခါ သူမ‌၏ရှေ့တွင် မည်သူမှ မရှိတော့ပေ။ နှာခေါင်းစည်းတပ်ထားသော အမျိုးသမီးသည် လေအလျင်ဖြင့် သူမအနားမှ ဖြတ်ပြေးသွားသည်။ သူမ၏အမြန်နှုန်းသည် လျှပ်စီးနှင့်ပင်တူနေသည်။

ကျန်းရှုယောင်သာ ကြောင်တောင်တောင်နှင့် ရပ်ကျန်နေခဲ့၏။

All Chapters