← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အပိုင်း (၄) - ဇာတ်ကြောင်းက လုံး၀ပြောင်းသွားပြီ (၂)

ရှီမိသားစု စေ့စပ်ပွဲခန်းမ....

ရှီချင်းယင်၏အလှအပ အပေါ်အမြင်မရှိခြင်းသည် အရေးမပါပေ။ ကျိကျိတက်ချမ်းသားနေရုံနှင့်ပင် လုံလောက်နေမည်ဖြစ်သည်။ ခန်းမသည် မျက်စိပင်ကျိန်းလောက်သည်အထိ တောက်ပလွန်းလှသည်။ ရှီချင်းယင် ဤခန်းမအပေါ် ပိုက်ဆံအမြောက်အများသုံးစွဲထားလောက်သည်။ ဧည့်သည်များသည် ဆိုင်ရာထိုင်ခုံများသို့ ဝင်ထိုင်နေကြသည်။ ဧည့်သည်များသည် စောင့်ဆိုင်းနေရင်း တိုးတိုးဖြင့် အတင်းတုပ်ရန်ကိုလည်းမမေ့ကြပေ။

“စေ့စပ်ပွဲကို ဒီလောက်ထိကြီးလုပ်ထားတာ လက်ထပ်ပွဲကတော့ ကြည့်လှတော့မှာ မဟုတ်ဘူး”

“ရှီမိသားစုရဲ့လက်ဖွာတဲ့ ဒုတိယသားက ပြန်လာပြီး လက်ထပ်ဖို့လည်း သဘောတူထားတယ်တဲ့၊ သတို့သမီးကို သေချာဝှက်ထားပုံထောက်ရင် အချစ်စစ်ကို တွေ့သွားပြီထင်တယ်”

“ကံကောင်းတဲ့မိန်းမက ဘယ်သူလဲမသိ၊ အဲ့မိန်းမက ရိုးရှင်းမယ့်ပုံတော့ မပေါ်ဘူး”

အတင်းတုပ်သူများသည် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

“ဒါနဲ့ ယွဲ့ရှ မလာဘူးလား”

“သူတင်မဟုတ်ဘူး၊ ယွဲ့မိသားစုက ဘယ်သူ့ကိုမှ မတွေ့တာ”

“အဲ့ဆို အဲ့ကောလဟာလတွေက တကယ်ပေါ့၊ တွယ်ကပ်လွန်းတဲ့ယွဲ့ရှက အငြင်းခံလိုက်ရတော့ ငိုယိုပြီး သတ်သေဖို့တောင်လုပ်ခဲ့သေးတယ်၊ တကယ်တော့ ဟာသပြကွက်ကြီးလိုပဲ၊ သူ့ပုံစံက အမြဲတမ်း မောက်မာတဲ့ပုံစံနဲ့လေ၊ သူ့လှည့်စားနေတဲ့သူကို ဘယ်သူထင်နေလဲမသိ”

ယွဲ့ရှသည် ထိုစကားများကို ရှင်းလင်းပြတ်သားစွာကြားနေရသည်။ [System နင်တို့က အရမ်းကပ်စီးကုပ်လွန်းတယ်၊ ဒီလို အရံဇာတ်ကောင်တွေက အရမ်းအသုံးချလို့ကောင်းမှာကို ]

မကြာမီ ရှီချင်းယင်သည် ဧည့်ခန်းမထဲသို့ရောက်လာခဲ့သည်။ သူ၏စိတ်မကြည်မှုကို သူ့မျက်နှာပေါ်တွင်မြင်နေရသေးသည်။ သူ့‌ရှေ့ရှိဧည့်သည်များသည် ပုံမှန်အတိုင်း တက်ကြွနေ‌သော်လည်း သူ့စိတ်ကမူလေးလံနေသောကြောင့် လှည့်ကြည့်လိုက်သောအခါ ‌ထောင့်နားတွင် မျက်လုံးမှေးစင်းလျက်ရပ်နေသော ရှီယွမ်ကျင်းကို တွေ့လိုက်ရသည်။

အသက်ကြီးကြီးဉီးလေးကြီးများသည် ရွှင်ပျနေသောမျက်နှာဖြင့် စကားများဝိုင်းဖွဲ့ပြောနေကြသော်လည်း ထွင်းဖောက်မရသောနံရံကဲ့သို့ တည်ရှိနေသည့် ရှီယွမ်ကျင်းနှင့်တွေ့သောအခါ သူတို့၏ရွင်ပျမှုများသည် အတွင်းထဲထိ အေးခဲသွားသည်။

ရှီယွမ်ကျင်းသည် မျက်လုံးမှေးစင်းလျက် ထောင့်နားတွင် ရပ်နေသော်လည်း မည်သည့်နေရာတွင် သူရပ်နေစေကာမူ လူအများ၏စိတ်ဝင်စားမှုကိုရရှိသော သူတစ်ယောက်ဖြစ်ကြောင်းကိုတော့ ငြင်းမရပေ။

ရှီချင်းယင်သည် အံကြိတ်လိုက်သည်။

ကံကောင်းစွာဖြင့် ကျန်းရှုယောင်သည် ဘေးခန်းမှ ထွက်လာခဲ့သည်။ တွေးတောဆင်ခြင်တတ်သော မိန်းမလှလေးဟု ဆိုသည့်အတိုင်းပင် သူမသည် ရှီချင်းယင်၏မပျော်ရွှင်မှုကို ခံစားမိပြီး နူးညံ့စွာမေးလိုက်သည်။ “ချင်းယင် ဘာဖြစ်လို့လဲ နေမကောင်းလို့လား”

“ရပါတယ် ကိုယ်အဆင်ပြေပါတယ်” ရှီချင်းယင်သည် သူ့ချစ်ရသူ၏ စိုးရိမ်နေသောမျက်ဝန်းကို မြင်သောအခါ သူ၏မျက်နှာအမူအရာသည် နူးညံ့သွားသည်။ “စိတ်လှုပ်ရှားနေပြီလား”

ကျန်းရှုယောင်သည် သူမ ကြုံတွေ့ခဲ့ရသော ထူးဆန်းသည့်အရာကို ပြောပြလိုသော်လည်း ရှီချင်းယင်၏မသာမယာမျက်နှာကိုတွေ့သောအခါ မပြောဖို့ရန်ဆုံးဖြတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် မျက်နှာဖုံးနှင့်လူသည် မိန်းမငယ်လေးဖြစ်ပုံပေါ်ပြီး လမ်းပျောက်နေပုံရသည်။

ဧည့်ကြိုနှုတ်ဆက်ခြင်းများသည်လည်း ပြီးဆုံးတော့မည်ဖြစ်သည်။ စေ့စပ်ပွဲကျင်းပခါနီးလာသည်နှင့်အမျှ ရှီချင်းယင်၏စိတ်အခြေအနေသည် ပို၍ပင်မသက်မသာဖြစ်လာခဲ့သည်။ ရှီယွမ်ကျင်းပြောခဲ့သော စကားကြောင့်လား သူသေချာမသိသော်လည်း သူသည် ယွဲ့ရှကိုသာတွေးနေမိသည်။

သူသည် ရွံ့ရှာစွာမျက်မှောင်ကြုတ်လိုက်သည်။

ယွဲ့ရှကမူ System နှင့် ငြင်းခုံလို့ကောင်းဆဲပင်။

ယွဲ့ရှ: [ ငါပြေးတာ နည်းနည်းမြန်သွားတယ်ထင်တယ်၊ ပြီးတော့ ငါ ဗီဒီယိုကို ဘာနဲ့အစားထိုးရမလဲ မသိသေးဘူး ]

System : [တာဝန်ကိုကျရှံးပါက ပြစ်ဒဏ်ခတ်ပါမည်]

ယွဲ့ရှ : [ အဲ့ဒါနင့်အပြစ်လည်းပါတယ်လေ၊ တော်ပြီ ငါသွားပြောင်းလိုက်တော့မယ် ]

System : [ ငြိမ်ငြိမ်နေ ]

ယွဲ့ရှသည် မကြားချင်ယောင်ဆောင်လိုက်သည်။ ခြေနှစ်လှမ်းခန့်လှမ်းပြီးနောက် သူမကိုယ်သည် လျှပ်စီးကြောင်းကြောင့် ထုံကျင်သွားပြန်သည်။ “....”

ယွဲ့ရှသည် ပြန်လည်မဆဲဆိုသောအခါ System မှာ အံ့ဩသွားရသည်။ သူမသည် တိတ်တဆိတ်ပြန်လှည့်လာပြီး သူမ၏မျက်နှာအမူအရာသည်လည်း တည်ငြိမ်နေသည်။

System သည် မကောင်းသောနိမိတ်တစ်ခုကိုခံစားလိုက်ရသည်။

နောက်ဆုံးတွင် နာရီလက်တံသည်လည်း တစ်ချက်ခါသွားပြီးနောက် အချိန်ကျလေပြီ။ စေ့စပ်ပွဲသည် တရားဝင်စတင်လေပြီ။ ရှီချင်းယင်သည် မလိုအပ်သော ထိုခံစားချက်များကို မေ့ပစ်လိုက်ပြီး ပြုံးလိုက်သည်။ မီးရောင်အောက် လူအများ၏အကြည့်အောက်တွင် လက်ခုပ်သံမှာ မိုးချုန်းသံအလားကျယ်လောင်လှသည်။ ဝံ့ကြွားသောအပြုံးဖြင့် ရှီချင်းယင်သည် ကျန်းရှုယောင်၏ခါး ပေါ်လက်တင်လိုက်သည်။ သူစကားပြောတော့မည့်အချိန်တွင်.....

“ပတ်ထရစ်ခ် ဂျယ်လီငါး တူတူသွားဖမ်းရအောင်လေ”

သူ၏အပြုံးသည် ရပ်တန့်သွားသည်။

သူ့နောက်မှ သူတို့နှစ်ယောက်၏ချိုမြိန်သောတွေ့ဆုံခြင်းနှင့်ချစ်ခင်နှစ်သက်လာခြင်းကို မပြသနေသော 4k UHD ဖန်သားပြင်ပေါ်သို့ လူအများသည် ကြောင်တောင်တောင်ဖြင့်ကြည့်နေကြသည်။ ထိုအစား အဝါရောင် ဖော့တုံးနှင့် ပန်းရောင်ကြယ်ငါး၏ အငြင်းအခုံကိုသာပြသနေသည်။

“သစ္စာဖောက်ကောင် နင်က အဆိုးဆုံးပဲ”

ကျန်းရှုယောက်သည်လည်း တောင့်ခဲသွားသည်။ အစီအစဉ်မိတ်ဆက်သူသည် အမြန်ဆုံးနည်းဖြင့် ဗီဒီယိုကိုပြောင်းလိုက်သော်လည်း ကြောက်ရွံ့မှုကြောင့် ချွေးဇောများပြန်လာသည်။ တစ်ချိန်လုံးတိတ်ဆိတ်နေသော ရှီယွမ်ကျင်းပင်လျှင် မျက်လုံးပင့်လိုက်လာပြီး ဖန်သားပြင်ကိုမျက်မှောင်ကြုတ်လျက်ကြည့်လိုက်သည်။

ရုတ်တရက် သူသည် ဤနေရာနှင့်လုံးဝမသက်ဆိုင်သော လူတစ်ယောက်ကို ဖျက်ခနဲတွေ့လိုက်သည်။

အမျိုးသမီးသည် အဖြူရောင်စားဖိုမှူးဝတ်စုံကိုဝတ်ဆင်ထားသည်။ သူမသည် ဖန်သားပြင်ကို မကြည့်သည့်အပြင် သူမသည် ခေါင်းလည်းငုံ့ထားသောကြောင့် ရှီယွမ်ကျင်းသည် သူမ မျက်နှာကို သေသေချာချာ မမြင်လိုက်ရပေ။ သူမ၏ စူးရှပြီးတွက်ချက်သော အကြည့်ကိုသော သူမြင်လိုက်ရသည်။

နောက်ထပ်တစ်စက္ကန့်၌ သူမသည် ‌ရှေ့သို့တိုးလာပြီး တည်ငြိမ်စွာပြောလိုက်သည်။ “ရှီချင်းယင်...”

ရှီချင်းယင်သည် အလောတကြီး ခေါင်းကိုလှည့်လိုက်ပြီး သူ့မျက်လုံးသည် ‌ဒေါသကြောင့်နီရဲလာသည်။ သူသည် ‌ဒေါသသံဖြင့်ပြောလိုက်သည်။ “ယွဲ့ရှ! မင်းတော်သင့်ပြီ”

သူနာမည်ခေါ်လိုက်သည်နှင့်တစ်ပြိုင်နက် ဟောခန်းမကြီးသည် အပ်ကျသံပင်ကြားရလောက်သည်အထိ တိတ်ဆိတ်သွားသည်။ အကုန်လုံးသည် အသက်ကိုအောင့်ထားပြီး မျက်လုံးပြူးလျက်ကြည့်နေကြသည်။

‘ဒါက အတင်းတုပ်လို့ကောင်းတဲ့သတင်း အနံ့ပဲ’

ယွဲ့ရှနှင့် ရှီချင်းယင်၏ ကောလဟာလကို သူတို့ယခင်က ကြားဖူးကြသော်လည်း ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဖူးခြင်းဖြစ်သည်။ တိုက်ဆိုင်စွာဖြင့် ထိုကောလဟာလများသည် မှန်ကန်နေခဲ့သည်။ ယွဲ့ရှသည် ပြဿနာရှာရန် ရောက်လာခဲ့လေပြီ။

ယွဲ့ရှသည် ယုံကြည်မှုအပြည့်ဖြင့် စင်အလယ်တွင် မတ်တပ်ရပ်နေလေသည်။

All Chapters