အခန်း ၆
Vol. 1 Ch. 6
အခန်း (၆)။ ကမ္ဘာကြီးကို ပေးရတာမှ ခက်ဉီးမယ် ယောက်ျားရှာတယ်ဆိုတာလွယ်လွယ်လေး(၁)
"အဲ့တော့" ယွဲ့ချင်းသည် ဆိုဖာပေါ်မှာထိုင်နေပြီး သူ့မျက်နှာအမူအရာမှာ အင်္ဂတေကဲ့သို့ မာတောင့် နေသည်။
"ဘာဖြစ်နေတာလဲဆိုတာ ငါ့ကို တစ်ယောက်ယောက်ရှင်းပြပေးနိုင်မလား"
သူသည် သူ့မျက်လုံးကိုပင် မယုံကြည်နိုင်တော့ပေ။
ထို့ပြင် သူသည် ယွဲ့ရှ၏ အခန်းထဲမှလွတ်မြောက်သွားပုံ အဆင့်ဆင့်ကို စောင့်ကြည့်ကင်မရာမှ မြင်လိုက်ရခြင်းဖြင့်ပင် တော်တော်လေးကို စိတ်ဆင်းရဲနေပြီဖြစ်သည်။ တစ်ပါးသူ၏စေ့စပ်ပွဲထဲတွင် သူများသတို့သမီးကို ပြောင်ပြောင်တင်းတင်း ဖျောင်းဖျနေသော ယွဲ့ရှကို တွေ့ရသောအခါ သူ့စိတ်ဆင်းရဲမှုသည် ကောင်းကင်းယံကိုပင် ထိုးဖောက်သွားတော့၏။
အိပ်မက်မက်နေသလားဟုပင် သူတွေးထင်မိသော်လည်း သူ့မျက်စိရှေ့မှ ရှီချင်းယင်၏ ဒေါသကြောင့် တဆွေ့ဆွေ့ခုန်နေသည့် မြင်ကွင်းက သူ့ကို အိပ်မက်မဟုတ်ကြောင်း ပြောပြနေ၏။
" နင် **** ဒီနေ့က ဘယ်လောက် အရေးကြီးလဲသိလား၊ ငါ ကြိုသိခဲ့ရင် နင့်ကို [****] [****] [****][****]!!!!!!"
System ၏ ဆင်ဆာအုပ်သည့် အစိမ်းရောင် အကာအရံကြောင့် ယွဲ့ရှသည် ဘိခ်....ဘိခ် အသံသာ ကြား နေရသောကြောင့် ရှီချင်းယင်၏ ဒေါသကြောင့် စိတ်လွှတ်နေပုံမှာ သူ့နားထဲတွင် ချင်ပန်ဇီ မျောက်တစ် ကောင်၏ ဒေါသတကြီးအော်ဟစ်နေသံနှင့် တူနေလေသည်။
အလွန်အမင်း ဒေါသထွက်နေသော ရှီချင်းယင်သည် သူ့အား စိုက်ကြည့်နေသော ယွဲ့ချင်းကို တွေ့လိုက် သောအခါ အန်လုနီးနီးဖြစ်နေသည့် သွေးကို မြိုချလိုက်ရသည်။
ယခုတစ်ခါသည် တစ်နေ့တည်းတွင် ဒုတိယအကြိမ် သွေးအန်လုနီး,နီးဖြစ်ခြင်း ဖြစ်သည်။
' လီးပဲ....ယွဲ့ချင်းဆိုတဲ့ကောင်က သူ့ညီမက မှားနေရင်တောင် သူ့ညီမဘက်လိုက်မယ့် ကောင်ဆိုတာ တစ်လောကလုံးသိတယ်၊ သူ ဒီကိုရောက်လာတယ်ဆိုတာကလည်း သူ့ညီမကို ပြဿနာတောထဲကနေ လာထုပ်တာပဲနေမှာ' ယွဲ့ချင်း ရှိနေသောကြောင့် ရှီချင်းယင်းသည် ယွဲ့ရှ အပေါ်ဘာမှမလုပ်ရဲပေ။
' ထားလိုက်တော့ မိန်းမတစ်ယောက်နဲ့ ငြင်းခုံနေရင် ငါ သိက္ခာကျတယ်' ရှီချင်းယင် ဒေါသကို လျှော့ချလိုက်ချိန် သူသည် ယွဲ့ရှ၏ အလွန်အားနည်းနေဟန်ပေါ်သော အသံကို ကြားလိုက်ရသည်။
" ရှူယောက် သူက ရမ်းကြောက်ဖို့ကောင်းတာပဲ " မိန်းမပျိုလေးသည် ကျန်းရှုယောင်၏ နွေးထွေးသော ရင်ဘတ်နားတွင် မှီထားသည်။သူမ၏ မျက်တောင်ပုတ်ခတ်,ပုတ်ခတ် လုပ်နေပုံမှာ ထိလိုက်ပါက ကြွေကျတော့မည့် ပုံပေါက်နေစေသည်။ " သူကလေ ညီမ ငယ်ငယ်တုန်းက အလယ်တန်း အတန်းပိုင်ကြီးနဲ့တူတယ် ကြောက်စရာကြီး"
ရှီချင်းယင်: "...?..."
ကျန်းရှုယောက်သည် ဖြစ်ပျက်နေသော ကိစ္စများကို နားမလည်သော်လည်း သူမ၏စိတ်ထဲတွင် ထို အမျိုးသမီးလေးသည် နာကျင်စရာ အတိတ်များရှိလောက်သည်ဟု တွေးမိသွားသည်။ ကျန်းရှုယောက်သည် ယဲ့ရှ၏ပုခုံးကို ပုတ်လိုက်ပြီး နူးနူးညံ့ညံ့ပြောလိုက်သည်။ “ရပါတယ် အကုန်လုံးက အတိတ်မှာကျန်ခဲ့ပြီပဲဟာ”
ရှီချင်းယင် : “...”
‘နင်ငါ့ကို ငါတို့အလယ်တန်းတုန်းကထိပ်ပြောင်ပြောင် ဗိုက်ပူပူနဲ့အတန်းပိုင်ဆရာကို မေ့သွားပြီလို့ ထင်နေတာလား၊ ငါ့ကိုများ အဲ့ဆရာနဲ့နှိုင်းရဲတယ်’
ယွဲ့ရှသည် တစ်ချိန်တည်းတွင် စကားဝိုင်းနှစ်ခုလုပ်လိုသည့်စိတ်ရှိနေသည်ကို ရှီချင်းယင်မသိပေ။
ဟုတ်ပါသည် ယွဲ့ရှသည် System နှင့် ငြင်းခုန်နေဆဲဖြစ်သည်။ ဖြစ်ပြီးသည်များသည်လည်း ဖြစ်သွားပြီဖြစ်သော်လည်း ဤကဲ့သို့ နေ့ရက်မျိုးရှိလာနိုင်သည်ဟု System တစ်ခါမှ မတွေးဖူးပေ။
[Host နင်ဘယ်လိုတောင်လုပ်ရက်ရတာလဲ?!] အေးစက်စက် စက်သံထဲတွင် ဝမ်းနည်းသံရောနေသည်။
‘Host ရုတ်တရက်တိတ်ဆိတ်သွားတာကို ထူးဆန်းတယ်လို့ ခံစားနေရတာ မဆန်းတော့ဘူး ! ဇာတ်လမ်းအစမှာတင် ဇာတ်ကြောင်းကြီးကြီးမားမား ပြောင်းလဲသွားတာကြီးက အရေးပေါ်အစည်းအဝေးခေါ်ခံထိရင် ငါတော့သွားပြီ’
ယွဲ့ရှသည် ပြောင်မြောက်စွာ လက်စားချေနိုင်လိုက်သည်။ သူမသည် လူယုတ်မာ အပြုံးကိုပြုံးလျက် [ ငါနင့်ကို မပြောဘူးလား၊ ဘယ်သူမှ ငါမလုပ်ချင်တာကို ဖိအားပေးပြီးလုပ်ခိုင်းလို့မရဘူးလို့]
System ကလည်း ယုံကြည်ချက် ရှိရှိ ပြန်ပြောလိုက်သည်။ [နင်မပြောခဲ့ပါဘူး]
[အဲ့တော့ နင်ငါ့ကို ငါးခါတောင် လျှပ်စီးလိုက်ထားတာလေ၊ ငါအကုန်မှတ်မိတယ်]
System :[နင်က အဲ့တာကျမှတ်ထားတယ်ပေါ့]
[အဲ့ဒါက မှတ်သင့်တဲ့အရာမဟုတ်ဘူးလား] ယွဲ့ရှက မျက်နှာပြောင်ပြောင်နှင့်ပြောလာသည်။ [ ပြန်ပို့ရဲရင် ပြန်ပို့ကြည့်လေ နင့်တာဝန်ကျရှုံးသွားလဲ ငါတော့ မမှုပါဘူး ]
System : [...]
ယွဲ့ရှ : [တောင်းပန်]
System : [တောင်းပန်ပါတယ် T.T ]
လက်ရှိအခြေအနေသည် ရှုပ်ထွေးနေသည်။ စေ့စပ်ပွဲသည် အဆင်မပြေတော့ပေ။ ရှီချင်းယင်သည် လာရောက်လာသော ဧည့်သည်များကသူ့အား သနားစဖွယ်အကြည့်များဖြင့် လာကြည့်နေသည် ဟု ခံစားရပြီး သွေးများဆူပွက်လာကြသည်။ သူက အံကြိတ်ပြီးပြောလိုက်သည်။ “ရှုယောက် သူ့ဆီကနေ အလိမ်မခံနဲ့၊ နင် သူ့ကိုမသိဘူး သူက....”
သူသည် စကားတစ်ဝက်မှာတင် ရပ်သွားသည်။
‘ငါ ဘာပြောမလို့လဲ၊ ယွဲ့ရှက ငါ့ရဲ့ ရည်းစားဟောင်းဆိုတာကိုလား၊ ကျန်းရှုယောက်က ငါတို့အကြောင်းမှမသိတာ၊ ပြီးတော့ ကျန်းရှုယောက် ရှာတွေ့သွားမှာကိုလည်း ငါမလိုချင်ဘူး၊ ဘာလို့ဆို ငါက ငါ့အမူအကျင့်ကိုထိန်းပြီး ကျန်းရှုယောက်နဲ့ ကောင်းမွန်တဲ့ဘဝကို ထူထောင်မလို့လေ၊ ဒီအကြောင်းတွေ သူ မသိလေပိုကောင်းလေပဲ’
ဆက်ပြောလျှင် အခြေအနေသည် ပိုဆိုးသွားနိုင်သောကြောင့် ရှီချင်းယင်သည် ယွဲ့ရှ ဘာများထပ်ပြီး လုပ်ကြံဉီးမလဲကိုသာ စောင့်ကြည့်နေလိုက်တော့သည်။
သူ မထင်ထားသည်မှာ ယွဲ့ရှသည်လည်း တိတ်ဆိတ်နေသည်ကိုပင်။ ထိုအစား သူမသည် ပိုကဲသော အမူအရာဖြင့် တုန်ခါလျက် ကျန်းရှုယောက်၏ရင်ဘတ်ထဲသို့ ပိုတိုးဝင်သွားပြီး နူးညံ့စွာ နှာတရှုံ့ရှုံ့လုပ်နေသည်။
ရှီချင်းယင် : “?” ‘ဘာငိုချင်ယောင်ဆန်နေပြန်တာတုန်း?!’
“ချင်းယင် သူ့ပုံစံက တအား ကြောက်နေတဲ့ပုံပဲ၊ ဘာလို့ နင်က အဲ့လိုဖြစ်နေသေးတာလဲ” ကျန်းရှုယောက်သည် သူ့ကို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်သည်။ “အရင် သွားအနားယူလိုက်ဉီး”
ရှီချင်းယင် : “....” ‘ ငါ့ဘာလိုချင်လဲတောင်မမေးဘဲ နင်က ဘာတွေ တအားတွေးပေးတတ်သလိုလုပ်နေတာလဲ’
“မသွားဘူး” သူက အသက်ပြင်းပြင်းရှုလျက် ပြောလိုက်သည်။ “ငါနဲ့ပြန်လိုက်ခဲ့၊ ရက်နည်းနည်းထပ်စောင့်ပြီးမှ စေ့စပ်ပွဲကိုပြန်လုပ်ကြတာပေါ့၊ ငါတို့ ဒီထက်ပိုပြီး နောက်ဆုတ်လို့မဖြစ်ဘူး”
“ငါတို့ရဲ့လက်ထပ်ပွဲက သူမရဲ့စိတ်အခြေအနေထက် ဘယ်လိုလို့ ပိုအရေးကြီးရမှာလဲ”ကျန်းရှုယောက်၏မျက်နှာသည် မယုံကြည်နိုင်သည့် ပုံပြနေသည်။ “အနည်းဆုံးတော့ အခုချိန် သူငါ့ကိုလိုအပ်တယ်”
“နင်က ဘာလို့ သူ့ကို ဂရုစိုက်နေတာလဲ” ရှီချင်းယင်သည် သူ၏စိတ်ပျက်မှုနှင့် ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ပြောလိုက်သည်။ “နင် ဉီးနှောက် မရှိဘူးလား”
ဇာတ်ပွဲကိုကြည့်နေသော ယွဲ့ရှ “...”
ရှီချင်းယင်သည် အဓိကအချက်ကို ထိချလိုက်လေပြီ။ ကျန်းရှုယောက်သည် တွေ့နေကျ စိတ်ထားနူးညံ့သော နတ်သမီးကဲ့သို့ ဇာတ်ကောင်ဖြစ်သည်။ ကျန်းရှုယောက်သည် ဉီးနှောက်ပိုင်းတွင် ချို့ယွင်းနေကြောင်းကို ယွဲ့ရှလည်း မြင်နိုင်သည်။ ရှီချင်းယင်လို စိတ်ရောဂါသည် အမှိုက်ကောင်ကို သည်းခံနိုင်ကတည်းက သူမ၏တောင်းဆိုမှုကို ကျန်းရှုယောက်သည် မငြင်းဆိုလောက်ဟု ယွဲ့ရှ ထင်ထားပြီးသားပင် ဖြစ်သည်။
ငတုံးမဟု ဆဲဆိုခံရပြီးတောင်မှ ကျန်းရှုယောက်သည် ဒေါသမထွက်ပေ။ သို့သော် သူမသည် ခေါင်းမာနေဆဲပင်။ “ငါနေခဲ့ဉီးမယ်”
ရှီချင်းယင် : “နင်....”
သူသည် ကျန်းရှုယောင်အပေါ် ဒေါသမထွက်ရက်သောကြောင့် ယွဲ့ရှဘက်လှည့်လာခဲ့သည်။ သို့သော် သူစကားမပြောခင် ယွဲ့ချင်းက အေးစက်စွာပြောလိုက်သည်။ “စကားကိုကြည့်ပြော...”
ရှီချင်းယင် : “ငါက ဘာပြောနေလို့လဲ”
“ငါမသိဘူး” ယွဲ့ချင်း၏မျက်နှာအမူအရာသည် မပြောင်းလဲပေ။ “မဟုတ်ရင်လည်း ပြောမနေနဲ့တော့”
ရှီချင်းယင် : “....”
ရှီချင်းယင်သည် သူ၏အကောင်းဆုံးအခိုက်အတန့်တွင် အိုးမဲသုတ်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
အဆုံးတွင် ရှီယွမ်ကျင်း၏ရောက်ရှိလာမှုက အခြေအနေကို အဆုံးသတ်သွားစေသည်။ သူက တည်ငြိမ်စွာဖြင့် ရှီချင်းယင်ကိုပြောလိုက်သည်။ ပေါက်ထွက်တော့မည့် သွေးကြောများနှင့် လေးလံသောအမူအရာဖြင့် ရှီချင်းယင်သည် ထွက်သွားဖို့ရန် ဆုံးဖြတ်လိုက်သည်။ သူ မထွက်သွားခင် သူသည် ယွဲ့ရှကို စိုက်ကြည့်လိုက်ပြီး အံကြိတ်လျက် “နင်စောင့်ကြည့်နေ”
တစ်နေ့လည်ခင်းလုံး သရုပ်ဆောင်ပြီး ပျော်နေသောယွဲ့ရှသည် သူ့အား လေးနက်စွာကြည့်လာပြီး ခံစားချက်မဲ့စွာပြောလိုက်သည်။ “ရင့်ကျတ်ယောင် မဆောင်စမ်းပါနဲ့”
"..."
“...”