အခန်း ၇
Vol. 1 Ch. 7
အခန်း (၇) - ကမ္ဘာကြီးကို ပေးရတာမှ ခက်ဉီးမယ် ယောက်ျားရှာတယ်ဆိုတာလွယ်လွယ်လေး (၂)
လွန်ခဲ့သော သုံးနာရီခန့်က ယွဲ့ရှသည် လေးထပ်မြောက်အခန်းတွင် အပိတ်ခံထားရသော ရက်ပန်ဇယ်လ်မင်းသမီးလေးဖြစ်သည်။ သို့သော် အခြေအနေသည် ပြောင်းလဲသွားလေပြီ။ သူမသည် မင်းသမီးလေးကို ဓားစာခံလုပ်ထားသော မကောင်းဆိုးဝါးနဂါးဖြစ်နေလေပြီ။
ဒရမ်မာဆန်လွန်းသည်။
ကျန်းရှုယောင်သည် ဧည့်သည်ခန်းထဲတွင် နေ,နေ၏။ ယွဲ့ရှသည် “ငါတွေ့ချင်တိုင်း နင့်ကို တွေ့လို့ရရင်ကောင်းမှာပဲ” ဆိုသည့် အဓိပ္ပါယ်မရှိသည့်တောင်းဆိုချက်ကို တောင်းဆိုခဲ့သော်လည်း ကျန်းရှုယောင်က သဘောတူခဲ့သည်။ သူမသည် သူမ၏ လက်ဆွဲအိတ်အသေးလေးထဲ ပစ္စည်းများထည့်ရင်း ယွဲ့ရှကို သတိပေးလိုက်သည်။ “နင်ငါ့ကို ခေါ်ချင်တဲ့အချိန်တိုင်း ခေါ်လို့ရတယ်နော်”
ကံကောင်းစွာဖြင့် ကျန်းရှုယောင်အတွက် ယွဲ့အိမ်တော်မှ အလုပ်သွားရခြင်းသည် အဆင်ပြေနေခဲ့သည်။ သူမ အလုပ်သို့ရောက်ရန် ငါးမိနစ်သာ လမ်းလျှောက်ရသည်။ ကျန်းရှုယောင်၏တုံးအမှုနှင့် ဖြူစင်မှု အပေါ် အခွင့်ကောင်းယူခြင်းအတွက် ယွဲ့ရှလည်း အပြစ်ရှိစိတ်နည်းသွားသည်။
ထို့ပြင် System ပုံစံသည် သူမ ထက်ပင် မျက်တွင်းဟောက်ပက်ကျပြီးပင်ပန်းနေပုံပင်။
[ နင်က ကြာပန်းဖြူကို ခေါ်ထားတော့ ဇာတ်လမ်းက ဘယ်လိုဆက်သွားတော့မှာလဲ၊ သဘေားထားကွဲလွဲမှုမရှိရင် ဇာတ်လိုက်တွေလည်း မကွဲတော့ဘူးလေ၊ မင်းသားသာ မပြိုလဲရင် သူလည်း မူးမရူးတော့ဘူးလေ မူးမရူးတော့ရင် အနီရောင်နှင်းဆီကို မတွေ့တော့ဘူးလေ အဲ့ဆို ဇာတ်ကြောင်းကသွားပြီလေ]
သတ်မှတ်ထားသော ဇာတ်ကြောင်းထဲတွင် ယွဲ့ရှသည် ဇာတ်ဆောင်မင်းသားကို ဆွဲခေါ်ရန်ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ခြင်းသည် ဇာတ်ရှိန်တက်ဖို့ရန် မီးစာဖြစ်သည်။ ကျန်းရှုယောင်လိုဇာတ်ကောင်မျိုးသည် ပြင်ပဖိအားများဖြင့် ပြောင်းလဲလို့ရသော ဇာတ်ကောင်မဟုတ်ပေ။ သူမသည် အကြိမ်ကြိမ်နာကျင်မှသာ ရှီချင်းယန်ထံမှ ထွက်သွားမည့်သူဖြစ်သည်။
ယွဲ့ရှသည် ပွင့်လင်းသောသူမျိုးဖြစ်သည်. [ ယောက်ျားတစ်ယောက်ကို ဖြိုလဲမို့နည်းလမ်းမှ အများကြီးပဲ ]
System :[ နင်က ဘယ်လိုသိတာလဲ ]
ယွဲ့ရှက ယုံကြည်မှုရှိရှိ ပြောလိုက်သည် :[ နင်ငါ့ကိုမယုံရင် ရှီချင်းယင်ရဲ့ သွေးပေါင်ချိန် ၁၈၀ ကျော်မကျော်သွား ကြည့်ကြည့်ပါလား ]
System: [...]
သူ မချေပနိုင်တော့ပေ။
System သည် စကားဆက်မပြောတော့ပေ။ ကျန်းရှုယောင်ကို နေရာချပြီးနောက် ယွဲ့ရှနှင့်ယွဲ့ချင်းသည် တိတ်ဆိတ်စွာ လေးထပ်ထိတက်သွားကြသည်။ ကုတင်ထောင့်နားတွင် တွဲလောင်းကျနေသော ဖျက်စီးခံထားရသည့် လက်ထိပ် ကိုမြင်သောအခါ ယွဲ့ချင်းသည် တော်တော်ကြာသည်အထိ တိတ်ဆိတ်သွားသည်။
ယွဲ့ရှ အမှန်တိုင်းပြောရပါက သူမသည် ယွဲ့ချင်း သူမကို ထပ်ပြီးအချုပ်ချမည်ကို အနည်းငယ်ကြောက်ရွံ့မိသည်။ သူသည် ထပ်ပြီး အချုပ်ချပါက သူမထပ်ပြီး လေးလွှာမှ ခုန်ချရလိမ့်မည်။ ထို့ကြောင့် သူမက ပြောလိုက်သည်။ “ဘာပဲဖြစ်နေဖြစ်နေ ကိုကြီး ညီမကို ထပ်အချုပ်ချလို့မရဘူးနော်”
“ငါနင့်ကို အချုပ်မချရင်ငါက နင်မြစ်ထဲ ခုန်ချတာတို့ နံရံနဲ့ခေါင်းနဲ့ တိုက်တာတို့ လုပ်တဲ့အထိ ထိုင်စောင့်နေရမှာလား”
“ဒါပေမယ့် နင်ဒီနေ့တော့ နင့်အပေါ် ငါ့အမြင်ကို ပြောင်းအောင်လုပ်နိုင်ခဲ့တယ်”
ယခင်က ယွဲ့ရှ မည်မျှပင် တဇွတ်ထိုးဆန်စေကာမူ သူမသည် ရှီချင်းယင်ကိုတော့ လက်ထိပ်လေးပင် မနာကျင်စေချင်ပေ။ သူမသည် သူမ ပန်းတိုင်အောင်မြင်ဖို့ရန်အလို့ငှာ သွယ်ဝိုက်သောနည်းလမ်းကို သုံးနိုင်သွားသည်က အံ့ဩဖို့ကောင်းသည်။
ယွဲ့ရှ သူများကိုသာ လိမ်လို့ရမည်။ သူ့ကိုတော့ လိမ်မရပေ။ ကျန်းရှုယောင်နှင့် သူမကြားရှိ ဆက်ဆံရေးသည် ရှိကိုမရှိနိုင်ပေ။ ‘သူဘာတွေစဉ်းစားနေတာလဲ’
‘ထားလိုက်တော့ ကိုယ့်ကိုနာအောင်လုပ်တာနဲ့ယှဉ်ရင် သူများကိုနာအောင်လုပ်တာက တော်ပါသေးတယ်’ ယွဲ့ချင်းသည် သူ့ညီမ၏တွန့်ကြေနေသော ကော်လာကို ပြန်ပြင်ပေးလိုက်သည်။ သူက သက်ပြင်းချပြီး ပြောလိုက်သည်။ “စောင့်နေဉီး အဖေနဲ့အမေ ပြန်လာနေပြီ’
ယွဲ့ရှက ခေါင်းညိတ်လိုက်သည်။ “..ဟုတ်...”
ယွဲ့ချင်းက နောက်လှည့်သွားပြီး အောက်ထပ်သို့ဆင်းသွားသည်။ သူသည် တံခါးပိတ်သွားဖို့လည်း မမေ့ပေ။ အခန်းသည် တိတ်ဆိတ်နေသည်။ ကူးပြောင်းလာစဉ်ကတည်းက ပထမဆုံးအကြိမ် သူမ အတွက် တစ်ယောက်တည်းရှိဖူးခြင်းဖြစ်သည်။ ယွဲ့ရှသည် နောက်ဆုံးတွင် မှန်သေချာကြည့်ခွင့်ရလေပြီ။ ထင်သည့်အတိုင်းပင် သူမ မျက်နှာသည် သူမ ပါးပေါ်မှာ ဖျော့ဖျော့တော့တော့ တင်းတိပ်အထိပင် တစ်ထေရာတည်းဖြစ်သည်။
ယွဲ့ရှ စဉ်းစားလိုက်သည်။
ဟိုးအစကတည်းက သူမတွင် မရှင်းပြနိုင်သော ရင်းနှီးမှုတစ်ခုရှိနေသည်။ သူမ ဤကမ္ဘာထဲသို့ ဝင်ရောက်လာမှုသည် ပဟေဠိအကွက်လေးက ပဟေဠိကားချပ်ထဲဝင်သွားသကဲ့သို့ အလျင်အမြန် အံဝင်ခွင်ကျဖြစ်သွားသည်။
သူမသည် ဖုန်းကိုထုပ်လိုက်ပြီး System ကိုခေါ်လိုက်သည်။ “ငါ့မှာ အလုပ်ရှိလား”
အချက်ကျကျ ပြောရလျှင် ယွဲ့ရှသည် နှစ်ဆယ့်နှစ်နှစ်သာ ရှိသေးသည်။ သူသည် တက္ကသိုလ်ဘွဲ့ရခါစဖြစ်ပြီး ကျောင်းဆက်တက်ဖို့လည်း အစီအစဉ်မရှိသေးသောကြောင့် အလုပ်ရှာနေသည်ဟု ယူဆလို့ရသည်။
System က နုံးချည့်စွာရှင်းပြလာသည်။ :[ ရှိတယ်၊ ဒါမယ့် အချိန်ပြည့်အလုပ်တော့ မဟုတ်ဘူး၊ ယွဲ့ရှက လိုင်းပေါ်မှာ အလှကုန်ပစ္စည်းတွေ၊ ဈေးကြီးကုန်ပစ္စည်းတွေအကြောင်းမကြာခဏ တင်တယ်၊ သူ့အကောင့်ထဲမှာ လုပ်နေတာတော့ အစုံပဲ ဒါပေမယ့် ဝင်ငွေနဲ့ reviews တွေကတော့ သိပ်မကောင်းဘူး ]
ယွဲ့ရှသည် သူမ၏ အကောင့်ကို ရှာတွေ့သွားပြီဖြစ်သည်။ သူမတွင် Follower တစ်သိန်းနီးပါးရှိပြီး များလည်းမများ နည်းလည်းမနည်းပေ။ သို့သော် ထိုထဲမှ ၉၀ ရာခိုင်နှုန်းလောက်သည် commentဖတ်ပြီး ပွဲလာကြည့်ကြရုံသာဖြစ်သည်။ သူမ လက်တလော တင်ထားသော ဗီဒီယိုမှာ တစ်လအလိုကဖြစ်သည်။ commentအများစုသည် ရန်လိုသောစကားများဖြစ်ကြသည်။ ဉပမာ [ နောက်ဗွီဒီယိုကျ နင်ဘာပြောဉီးမလဲ စောင့်ကြည့်ကြသေးတာပေါ့ ]
သူမသည် ကွန်မန့်များကိုဖတ်ရင်း ခေါင်းခြောက်လာပြီး တင်ထားသည့် ဗီဒီယိုကိုကြည့်လိုက်မှသာ နားလည်သွားတော့သည်။
ဗီဒီယိုထဲတွင် သူမသည် စျေးကြီးသောတံဆိပ်ဖြစ်သည့် သားမွေးအပေါ်ခံအင်္ကျီကို ကြပ်ထုပ်နေသော သားရေဘောင်းဘီဖြင့်တွဲဝတ်ထားပြီး ခရမ်းရောင် တလက်လက်တောက်ပနေသော ဘွတ်ဖိနပ်အရှည်ကိုဝတ်ဆင်ထားသည်။ သူမ၏ အဝတ်အစားသည် စျေးကြီးမှန်းသိသာသော်လည်း ပုံစံသည် ရေသာခိုအချောင်လိုက်တတ်သော ကုန်တိုက်မှ ဝန်ထမ်းပုံစံပေါက်နေသည်။
ယွဲ့ရှ : “အကြိုက်နဲ့ပတ်သတ်ပြီး ပြောရမယ်ဆို ရှီချင်းယင်နဲ့ ငါနဲ့က ကောင်းကင်ဘုံကတွဲဖက်ပေးထားတဲ့ စုံတွဲပဲ”
ထို့ပြင် ယွဲ့ရှ၏ကျော်ကြားမှုသည် သူမ၏ဖက်ရှင်အမြင်ကဲ့သို့ ဆိုးဝါးကြောင်းကိုလည်း အကောင့်ကိုမွှေရင်း သူမ ရှာဖွေတွေ့ရှိခဲ့သည်။
သူမတွင် သူငယ်ချင်းလည်းမရှိပေ။ ပြက္ခဒိန်တွင် မှတ်ထားသော တစ်ခုတည်းသော တက်ရောက်ရမည့် ပွဲသည် မနက်ဖြန်ဖြစ်သည်။ ပွဲသို့တက်ရောက်ရန် ဖိတ်ကြားခံရခြင်းသည် ယခင်က တစ်ခါမှ မဖြစ်ဖူးပေ။ ပွဲသည် တိုက်တိုက်ဆိုင်ဆိုင် စေ့စပ်ပွဲပြီး နောက်တစ်နေ့ဖြစ်နေလေ၏။ ဖိတ်ခေါ်သူ၏ ရည်ရွယ်ချက်သည် သိသာလွန်းသည်။
ဇာတ်ကြောင်းနှင့်ပတ်သတ်လာသောကြောင့် System က ထပ်ပေါ်လာခဲ့သည်။ : [ မနက်ဖြန် ဖြစ်မယ့် ဇာတ်ကြောင်းကတော့ နင်က ပွဲမှာ ဝမ်းနည်းပြီး စိတ်အားငယ်နေမှာ ဖြစ်ပါတယ်၊ နင်က အရှက်ရစရာ တစ်ခုလုပ်ခဲ့ပြီး လူတွေဝိုင်းရယ်တဲ့ကြားထဲကနေ စိတ်ဓာတ်ကျပြီး ထွက်ပြေးလာခဲ့တယ်]
“...” ယွဲ့ရှသည် နားမလည်ပေ။ “ငါက မျောက်ဘုရင်လား ဘာကိစ္စက ငါက သွားတဲ့နေရာတိုင်း ပြဿနာရှာနေရတာလဲ၊ ထူးဆန်းလိုက်တာ”
[ ခြေနင်းခံ ဗီလိန်ဇာတ်ကောင်ရဲ့ အဓိက အခန်းက ဇာတ်လိုက်မင်းသမီးကို မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်၊ ဇာတ်လိုက်မင်းသမီးကို တစ်ဖက်သတ်သဘောကျနေတဲ့ ဒုတိယဇာတ်လိုက်မင်းသားက ပွဲမှာ ပေါ်လာမှာ ဖြစ်ပါတယ်၊ ဇာတ်လိုက်မင်းသမီးအပေါ် မနာလိုစိတ်ကြောင့် နင်က သူနဲ့ အီစီကလီလုပ်ဖို့ကြိုးစားရင်း ပက်ပက်စက်စက် အငြင်းခံရတာဖြစ်ပါတယ်၊ နောက်ပိုင်းဇာတ်ရှိန်တက်လာတဲ့အခါ ကြာပန်းဖြူက ဒုတိယဇာတ်လိုက်ရဲ့ ပြောင်းလဲခြင်းမရှိတဲ့ သစ္စာရှိမှုကို သိပြီး ဇာတ်လိုက်နဲ့ပေါင်းစည်းဖို့ လက်လျှော့လိုက်ရန်ဆုံးဖြတ်လိုက်ပါတယ်၊ ကျိန်းသေပေါက် သူလည်း ဇာတ်လိုက်နှစ်ယောက် ပေါင်းစည်းဖို့ အသုံးချခံရတဲ့ ဇာတ်ကောင်ပါပဲ]
ယွဲ့ရှက အသံပြင်းပြင်းဖြင့် ပြောလိုက်သည်။ “အကုန်လုံးပျော်နေရင် ပိုမကောင်းဘူးလား”
System: [….]
ယွဲ့ရှ : “ ငါမှားပြောမိတာ၊ ရှီချင်းယင်က လွဲရင် အကုန်လုံးကိုပျော်စေချင်တယ်”
System: [......]