အခန်း ၉
Vol. 1 Ch. 9
အခန်း (၉) - ဟမ် ငါ ဒီတစ်ခါ ဘာမှမလုပ်လိုက်ပါဘူး(၁)
"ဒါနဲ့" နောက်ဆုံးတွင် ယွဲ့ရှသည် ဟာကွက်ကို ရှာတွေ့သွားလေပြီ။ " နှင်းဆီနီက ဘယ်မှာလဲ သူနဲ့ ရှီချင်းယင်က ဘားမှာ တွေ့ခဲ့တာ မဟုတ်ဘူးလား"
[အကြောင်းအရာ မပြည့်စုံသေးပါ၊ နှင်းဆီနီကို တွေ့ဖို့ဆိုရင် ဇာတ်လိုက်က လုံး၀ကို စိတ်ညစ်အားငယ် နေရပါမယ်၊ ပြီးတော့ မူးပြီး နှင်းဆီနီနဲ့ တစ်ညတာအိပ်မိသွားပါမယ်၊ အဲ့လိုနဲ့သူတို့ရဲ့ ကံမကောင်း အကြောင်းမလှတဲ့ ဆက်ဆံရေးက စတင်ခဲ့တာ ဖြစ်ပါတယ်]
" အာ ငါသိပြီ" ယွဲ့ရှသည် တည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောလာသည်။ " ဒီလောက်ထိ စိတ်ညစ်အားငယ်ပြီး အသိစိတ်လွှတ်တဲ့အထိ မူးနေတာတောင်မှ လုပ်နိုင်သေးတယ် ကြောက်ဖို့ကောင်းလိုက်တာ"
System က ကျယ်နိုင်သမျှကျယ်အောင် အော်ချလိုက်သည်။ [ တော်တော့! စနောက်မနေနဲ့တော့! ]
' ငါအရင်ဘ၀က ဘာမကောင်းမှုတွေများ လုပ်ထားလို့ အလုပ်၀င်၀င်ချင်း ဒီလို Host နဲ့တိုးရတာလဲ'
"ဒင်း..." ပထမဆုံးအကြိမ်အနေဖြင့် တစ်စုံတစ်ယောက်က ယွဲ့ရှဆီ စာပို့လာခဲ့သည်။
ယွဲ့ရှသည် ဖုန်းကိုင်လိုက်သော်လည်း တစ်ဖက်လူကို သူမ မသိပေ။ တစ်ဖက်လူအပေါ် ယွဲ့ရှ မှတ်ထားပုံမှာလက်ဖက်စိမ်း အီမိုဂျီဖြစ်ပြီး ယုတ်ရင့်ကြမ်းတမ်းသော ဖော်ပြမှုတစ်ခုဖြစ်သည်။ ' ကောင်းတဲ့ဆက်ဆံရေး ဟုတ်ပုံတော့ မပေါ်ဘူး'
[ ( လက်ဖက်စိမ်းအီမိုဂျီ) ] : ဒီနေ့ ဖြစ်ခဲ့တာအကုန် ငါကြားတယ် ၊ အကုန်လုံးက နင့်ကိုစိုးရိမ်နေကြတာ၊ နင် အကိုရှီနဲ့စကားပြော ဖြစ်လိုက်လား။
[ ( လက်ဖက်စိမ်းအီမိုဂျီ) ] : မနက်ဖြန်ပါတီကို ရှုယောင်ပါခေါ်ပြီး လာခဲ့ရင်ကော၊ ငါတို့ သူ့ကိုမတွေ့ဖူး သေးဘူးလေ။
အမှန်တကယ်တော့ သူတို့ဘာကြောင့် အပတ်တိုင်း ပါတီလုပ်နေမှန်း ယွဲ့ရှ နားမလည်ပေ။ သို့သော် စာမပြန်လျှင် ရိုင်းရာကျသော ကြောင့် သူမက ပုံမှန်အတိုင်း ပြန်ပြောလိုက်သည်။ " ငါအဆင် ပြေပါတယ်" တစ်ဖက်လူက အလောတကြီးစာပြန်လာ၏။
[ ( လက်ဖက်စိမ်းအီမိုဂျီ) ]: တော်သေးတာပေါ့၊ ရှုယောင်က ဘာကြိုက်တတ်လဲ၊ သူပုံက အကျင့် ကောင်းမယ့်ပုံဘဲနော်၊ မဟုတ်ရင် ကိုကိုရှီက သူ့ကို အဲ့လောက်မကြိုက်လောက်ဘူး။
ယွဲ့ရှသည် သူမ၏ ရှီချင်းယင်ကို ချစ်ဖို့ကောင်းအောင်ခေါ်နေပုံအား သည်းမခံနိုင်တော့ပေ။
System က နောက်ခံအကြောင်းကို ပြောပြလာခဲ့သည်။ [ တစ်ဖက်လူက ကျွင်းရှောင်ဟန် ဖြစ်ပြီး သူက နင့်ကို အကြောင်းမျိုးမျိုးကြောင့် လုံး၀မကြိုက်ပါဘူး]
" အကြောင်းမျိုးမျိုး?" ယွဲ့ရှသည် သူမ ဖုန်းထဲတွင် မှတ်ထားသည် ကို ပြောင်းလိုက်ပြီးမေးလိုက်သည်။
" ဘာအကြောင်းလဲ"
[ နင်က သူနဲ့သူ့သူငယ်ချင်းတွေကြိုက်တဲ့ ယောက်ျားတွေဆီကနေ စိတ်၀င်စားမှုရဖို့ မတော်တဆအတု တွေ လုပ်ခဲ့လို့လေ] System သည် ယွဲ့ရှ မကြားချင်ဆုံး စကား ကို ပြောလိုက်သည်။
" မဖြစ်နိုင်တာ" ယွဲ့ရှသည် တော်တော်ပင်စိတ်လေနေပြီဖြစ်သည်။ [ ဒါကြီးက မထူးဆန်းလွန်းဘူးလား၊ ငါက ရှီချင်းယင်ကို ရူးသွပ်လွန်းလို့ သူ့ကို မရမယ့်အစားသေတာကို ရွေးချယ်ရမယ့်သူလေ၊ ငါက ဘာကိစ္စ အားအားယားယား အခြားယောက်ျားတွေရဲ့ စိတ်၀င်စားမှုရအောင် မတော်တဆ လုပ်ရမှာလဲ]
System က မလုံမလဲဖြင့် ပြန်ပြောလာသည်။ [ အမ်.... ဇာတ်လိုက်တောင်မှ စိတ်ဓာတ်ကျနေချိန် one night stand ထားနိုင်သေးတာပဲလေ ]
သူမ စကားဖြင့် ပြန်အပက်ခံလိုက်ရသော ယွဲ့ရှ : "...?..."
' ထားလိုက်တော့'
တစ်ဖက်လူထံမှ စာမပြန်လာသော်လည်း သူမသည် အားမလျှော့ပေ။
[ကျွင်းရှောင်ဟန် ] : နင်ရှိသေးလား
[ယွဲ့ရှ ] : တာ့တာ့ gif
[ကျွင်းရှောင်ဟန် ] : မနက်ဖြန် ရှုယောင်နဲ့ နင်ဘယ်ချိန်လာမှာလဲ?
[ယွဲ့ရှ ]: ညနေ သုံးနာရီ
[ကျွင်းရှောင်ဟန် ] :.....
တစ်ဖက်လူသည် စာဆက်မပို့လာတော့ပေ။ ယွဲ့ရှသည် သန့်စင်ပြီးနောက် အိပ်ယာပေါ်တက်သွားပြီး စောင်ကိုဆွဲယူပြီးနောက် ၀က်လို အိပ်ပျော်သွားလေတော့သည်။ ငလျင်လှုပ်လျှင်ပင် နိုးမည့်ပုံမပေါ် ပေ။
System အပါအ၀င် မြောက်များစွာသော လူများသည် သူမကြောင့် အိပ်မပျော်ကြသည်ကိုတော့ သူမ မသိပေ။
နောက်တစ်နေ့....
ယွဲ့ရှသည် နှိုးထလာပြီး မျက်နှာသစ်၊ သွားတိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းပြီး ကြက်ဉပြုတ်ကို တိတ်တဆိတ်စားနေလိုက်သည်။
ယွဲ့ မိသားစုသည် ကြွားဝါခြင်းကို စိတ်မ၀င်စားသောကြောင့် အိမ်တွင် အစေခံ များများစားစားထားလေ့ မရှိပေ။ အချက်အပြုတ်နှင့် သန့်ရှင်းရေးအတွက် လူနှစ်ယောက်သာရှိလေသည်။ ထိုအစေခံများသည်လည်း အိမ်တွင်မနေဘဲ သက်ဆိုင်ရာအချိန်တွင်သာ အလုပ်လာလုပ်ပြီး ပြန်သွားကြသူများ ဖြစ်၏။
ယွဲ့ချင်းသာလျှင် မိသားစုပိုင်လုပ်ငန်းနှင့် စီးပွားရေးအတွက် အဓိက တာ၀န်ယူသူဖြစ်သည်။ သူတို့ မိဘများသည် လွန်ခဲ့သောရက်အနည်းငယ်ခန့်က စကင်းဒီနေဗီးယားသို့ အပန်းဖြေခရီး ထွက်သွား ခဲ့ကြ၏။ ယွဲ့ရှ သတင်းကြားပြီးနောက် မနေ့က လေယာဉ်လက်မှတ်တန်းဖြတ်ပြီး အိမ်သို့ ပြန်လာနေကြပြီ ဖြစ်သည်။ လေကြောင်းခရီးစဉ်မှာ ကြာမြင့်သောကြောင့် ညနေလောက်ထိကို သူတို့ မရောက်လောက်သေးပေ။
ယွဲ့ချင်းသည် မနက်စောစောကတည်းက အိမ်မှထွက်သွားပြီး အလုပ်သို့သွားပြီ ဖြစ်သည်။ မနက်စာစား ပြီးနောက် ယွဲ့ရှသည် အကြံတစ်ခုကို တွေးမိသွားသည်။ " System ငါ အလုပ်လုပ်သင့်တယ် ထင်တယ်"
[....] System သည် သူမကို အလွန်ကြောက်သည်။ သူမသာ မစ်ရှင်များကို လိုလိုလားလား ပြီးမြောက်အောင်လုပ်ချင်စိတ်ရှိပါက သူသည် ဂုဏ်ပြုဖို့ရန် အမွှေးတိုင်ထွန်းဖို့ အသင့်ပင်။ [ ယွဲ့မိသားစုမှာနေ,နေသရွေ့ နင်ပိုက်ဆံနဲ့ပတ်သတ်ပြီး စိုးရိမ်စရာမလိုပါဘူး]
" မိဘလုပ်စာကြီးပဲထိုင်စားတာက မကောင်းဘူးလေ" ယွဲ့ရှက မျက်မှောင်ကြုတ်လိုက်သည်။ [ ပြီးတော့ ဘာပဲလုပ်လုပ် မိဘတွေကတော့ ကန့်ကွက်နေမှာပဲ၊ ဒါပေမယ့် အလုပ်မှာမတော်တာနဲ့၊ အလုပ်မလုပ်ချင်တာနဲ့ကတော့ မတူဘူးလေ]
System: [ နင့် မိဘတွေက နင့်ကိုမကန့်ကွက်ပါဘူး]
ယွဲ့ရှ :"...?.."
' ဘာလို့ သူ့အသံက တအားယုံကြည်ချက်ရှိနေတာလဲ'
သူမ မိဘများထံမှ ဗီဒီယိုကောလ်ရပြီးနောက် သူမ၏သံသယများသည်လည်း ကင်းစင်သွားသည်။
ယွဲ့တဲ့လျန်၏ပုံစံသည် သူ့မိန်းမ၊ သူ့ကလေးတို့နှင့် တခြားစီပင် ဖြစ်သည်။သူ ဒေါသထွက်မနေရင် တောင်မှ သူ၏ပုံစံသည် တည်ကြည်နေပြီး ခေါင်းဆောင်တစ်ယောက်၏ အရှိန်အဝါတို့ထွက်နေ၏။ ယွဲ့ရှ နှင့် သူသည် အချိန်တော်တော်ကြာသည် အထိစိုက်ကြည့်နေကြသည်။ ယွဲ့ရှမှာ လိုင်းများ မကောင်းတာလားဟု ထင်သည့်အချိန် တစ်ဖက်ကစကား စပြောလာခဲ့သည်။ သူ၏ခပ်ဩဩနှင့်ဟိန်း သောအသံသည် ပုံမှန်ကြားနေကျအသံနှင့်မတူပေ။ " လူတွေက သူတို့ကြိုက်တဲ့လူရဲ့လိင်ကို ရွေးချယ်လို့မရဘူး ဆိုပေမယ့် ...."
သူ ဆက်ပြောမည့် စကားကို ဆေးခန်းသို့သွားပြီး ဆရာ၀န်နှင့်တွေ့ပါဟု ယွဲ့ရှ ထင်ထားသော်လည်း အ ခြေအနေများသည် ပြောင်းပြန် ဖြစ်သွားသည်။ ယွဲ့တဲ့လျန်က တည်ငြိမ်စွာ ပြောလာသည်။ "သမီး အမေ နဲ့အဖေ စိတ်ရောဂါဆရာ၀န်နဲ့ကြိုတင်ချိတ်ပြီးသွားပြီ၊ ဆရာ၀န်နဲ့ပြပြီးမှ ပြန်လာတော့မယ်"
ယွဲ့ရှ : "...?.."
သူ့ဘေးနားတွင် ထိုင်နေသော လီမိန်ကျူက အနားသို့ကပ်လာပြီး ပြောလာသည်။ " ရှရှ ဘာမှ မဖြစ်ဘူးသိလား၊ ဖေဖေနဲ့မေမေက သမီးဘက်မှာပဲ"
ယွဲ့ရှ : "...."
' အမေတို့က ဘာလို့ စိတ်ရောဂါဆရာ၀န်သွားပြတာလဲ ထူးဆန်းလွန်းတယ်!"