အခန်း ၁၀
Vol. 1 Ch. 10
အခန်း (၁၀) - ဟမ် ငါ ဒီတစ်ခါ ဘာမှမလုပ်လိုက်ပါဘူး (၂)
ကျန်းရှုယောင်၏အခြေအနေကို စောင့်ကြည့်ပြီးနောက် ပါတီသွားဖို့ အချိန်ကျပြီ ဖြစ်သည်။
ယွဲ့ရှသည် အဖြူရောင်၊ အနက်ရောင်၊ ခဲရောင် အင်္ကျီဆက်လိုက်ကိုထုပ်လိုက်ပြီး ၀တ်ပြီးနောက် သွားဖို့ရန်ပြင်လိုက်သည်။ သူမ၏၀တ်စားပုံမှာ သာမာန်ဆန်လွန်းသောကြောင့် ပါတီသို့သွားရင်း ငါးမိနစ်ကြာမှသာ System သည် သတိထားမိတော့သည်။ [ နင်အဲ့လိုကြီး၀တ်သွားမှာပေါ့]
နောက်ကြည့်မှန်မှတစ်ဆင့် ကွက်ကြည့်,ကွက်ကြည့်လုပ်နေလေ၏။
ယွဲ့ရှသည် အပြင်သွားတိုင်း သေချာပြင်ဆင်သွားလေ့ရှိသည်။ ယခုတစ်ခါသည် ပထမဆုံးအကြိမ် သူမ မိတ်ကပ်မပါဘဲ ထွက်လာခြင်း ဖြစ်သည်။ သူမ၏ဖြူဖွေးသောလည်ပင်းသည် ကော်လံထောင်ကြားတွင် နစ်မြုပ်နေကာ သူမ၏အနက်ရောင်မျက်၀န်းများသည် သူမ တစ်ကိုယ်လုံးတွင် အထင်းဆုံး အရောင်ပင် ဖြစ်သည်။ သူမ မော့ကြည့်လိုက်သောအခါ ယခင်ကမခံစားဖူးသော တည်ငြိမ်မှုတစ်ခုကို ခံစား နေရသည်။
သူမ ပုံစံသည် ပုံမှန်တွေ့နေကျပုံစံနှင့်မတူပေ။ ' မဟုတ်မှလွဲရော သူ ရှီချင်းယင်ကို မေ့နိုင်သွားပြီလား'
သူမ၏တည်ငြိမ်သော အပေါ်ယံပုံစံအောက်တွင် systemနှင့် သူမသည် အသည်းအသန်ငြင်းခုန်နေသည်ကိုတော့ ဒရိုင်ဘာတစ်ယောက် မသိရှာပေ။
System သည် အမြဲတမ်း ပျာယာခတ်နေသောကြောင့် ယွဲ့ရှမှာ စိတ်ညစ်လာတော့သည်။ [ ခန္ဓာကိုယ်ဖုံးရင်တော်ရောပေါ့ ဘာတွေလာမေးနေတာလဲ]
[ နင် ဘာလို့ ဒီလိုစကားမျိုးကို မပူမပင်တဲ့အသံနဲ့ပြောနေတာလဲ] Systemသည် သံသယမကင်း ဖြစ်လာသည်။ [ နင်က လူရိုင်းလား]
ယွဲ့ရှ : [ နင် ဘယ်သူ့ကို လူရိုင်းလို့လာခေါ်နေတာလဲ]
System : [.....]
ယွဲ့ရှ : [ နင် အဆင်မပြေဘူးဆိုရင် ငါပြန်ပြီး ဈေးကငါးစိမ်းသည်အင်္ကျီ ပြောင်းလိုက်မယ်လေ ]
System : [ တောင်းပန်ပါတယ် ToT ]
စင်စစ်တွင် ယွဲ့ရှသည် ဤကဲ့သို့ ၀တ်ဆင်တတ်သူတစ်ဉီး မဟုတ်ပေ။ မလိုအပ်ဘူးဟု သူမ ခံစားမိရုံသာ ဖြစ်သည်။ ပါတီ၏အဓိကရည်ရွယ်ချက်ကို သူမ မှတ်မိသေးသည်။ တောင်တက်လျှင် ပေါ့ပေါ့ပါးပါး၀တ်ရသည်ကို လူတိုင်းသိသည်။ သူမကိုယ်သူမ ထိန်းချုပ်ထားစရာမလိုပေ။
သူမသည် သူမကိုလာထိန်းချုပ်နေသော System ကို ဆန့်ကျင်ချင်ရုံသာ ဖြစ်သည်။ သူမ အတွက် မစ်ရှင်ကို ပြီးအောင်လုပ်ခြင်းနှင့် မစ်ရှစ်ကိုပြီးအောင် ဖိအားပေးခံရခြင်းသည် မတူညီပေ။
မိနစ် ၅၀ ခန့်ကြာပြီးနောက် ဒရိုင်ဘာသည် ပါတီကျင်းပရာနေရာတွင် ကားကို တိတ်ဆိတ်စွာ ပါကင်ထိုးလိုက်သည်။ လက်ကို အင်္ကျီရှည်ထဲထိုးထည့်လျက် ယွဲ့ရှသည် ယုံကြည်ချက်ရှိရှိ အထဲသို့ ၀င်သွား၏။
ပါတီပွဲသည် သူမ ထင်ထားသလို မြောက်များစွာသောလူများက သိက္ခာရှိရှိ တည်ငြိမ်စွာ ဝိုင်သောက်နေကျသော ကြီးကျယ်ခမ်းနားသည့် နေရာမျိုးမဟုတ်ပေ။ မည်သူမျှ လေးနက်စွာ ၀တ်စားထားခြင်းမရှိသလို လေထုသည်လည်း အေးဆေးနေလေသည်။ မီးဆိုင်းကြီး၏မီးရောင်မှိန်မှိန် လေးက ဖြာကျနေလျက်ရှိ၏။ လူများက ဟိုနားဒီနား ပြန့်ကျဲနေကာ နေရာတိုင်းတွင် ကိုယ့်အုပ်စုနဲ့ကိုယ် စကားပြောနေကြလေသည်။ ယွဲ့ရှ လျှောက်သွားကြည့်သော်လည်း ဘယ်သူမှ သူမကို မသိကြပေ။ သူမ စိတ်ထဲတွင် ပါတီသို့ရောက်နေသည်ထက် ဈေးသို့ ရောက်နေသည်ဟုသာ ခံစားနေရသည်။
ယွဲ့ရှသည် system ကို ခေါ်လိုက်သည်။
[ system ဒုတိယဇာတ်လိုက်က ဘယ်မှာလဲ ]
[ နင့်အသံကလည်း နင့်ခွေးဘယ်ရောက်သွားလဲလို့ မေးနေသလိုပဲ၊ အဲ့အသံနဲ့မပြောပါနဲ့လား] System က စောင့်စောင့်အောင့်အောင့်နဲ့ ဖြေလိုက်လေသည်။
[ အရှေ့တောင် ၃ နာရီထောင့်မှာ]
ယွဲ့ရှက System ညွှန်ပြရာကို ကြည့်လိုက်သည်။
အလွယ်တကူသ၀န်တိုတတ်သော ဇာတ်လိုက်၊ ဇာတ်လိုက်မအတွက် အသက်ပင်စွန့်ရဲသူ၊ ဗီလိန်မတို့ အပြင် နူးညံ့သောဒုတိယဇာတ်လိုက်သည်လည်း လွှမ်းမိုးတတ်သော CEO ၀တ္ထုထဲတွင် အရေးပါသော ဇာတ်ကောင် ဖြစ်သည်။
ရုပ်ရည်၊ ပညာအရည်အချင်း၊ မိသားစု နောက်ခံတို့တွင် ဒုတိယ ဇာတ်လိုက်သည်လည်း ဇာတ်လိုက်ကို မှီသည်။ ဇာတ်လိုက်နှင့်ယှဉ်လျှင် သူသည် မည့်သည့်နေရာမှ နိမ့်ကျမနေပေ။ အကျင့်စာရိတ္တလည်း အလွန် နူးညံ့သိမ်မွေ့သည်။ဇာတ်လိုက်မ အတွက်သာ ဆိုလျှင် နှလုံးပင်ထုတ်ပေးရဲသူဖြစ်ပြီး ထာ၀ရ သစ္စာရှိမည့်သူဖြစ်သော်လည်း ဇာတ်လိုက်မကတော့ သူ့ကို ဘယ်တော့မှရွေးချယ်မည် မဟုတ်ပေ။
ထိုကဲ့သို့ ၀တ္ထုများထဲက ဒုတိယဇာတ်လိုက်သည် အစစအရာရာ ကောင်းမွန်သော်လည်း တစ်ခုခုလိုနေသည်ဟု တချို့လူများက ပြောကြလေသည်။ ယွဲ့ရှအတွက်မူ ဒုတိယဇာတ်လိုက်သည် အဆင်ပြေသည်။ ဇာတ်လိုက်မ ကသာ ဉာဏ်ရည်ပိုင်းအားနည်းနေခြင်း ဖြစ်သည်။
ဇာတ်လိုက်သည် ဇာတ်လိုက်မနှင့်သာ သက်ဆိုင်၏။ ဒုတိယဇာတ်လိုက်ကမူ လူတိုင်းနှင့်ဆိုင်သည်။ ထောင့်နားတွင် ရပ်နေသော ချောမောသည့်ယောက်ျားကို ယွဲ့ရှကြည့်လိုက်သည်။ သူ့ဘေးနားတွင် မိန်းကလေးများ ဝိုင်းဝိုင်းလည်နေသောကြောင့် သူမ၏နှုတ်ခမ်းထောင့်မှာ မသိမသာ မြင့်တက်သွား၏။
System က မိတ်ဆက်လာသည်။ [လင်းရှူ၊ မိသားစုတည်းက တစ်ဉီးတည်းသော သား၊ ငယ်ငယ်တုန်းက ကျန်းရှုယောင်နဲ့တွေ့ပြီး မြင်မြင်ချင်း ချစ်မိသွားတာ၊ အဲ့ဒီကတည်းက ဇာတ်လိုက်မ အပေါ်ထားတဲ့ သူ့အချစ်က လုံး၀ မပြောင်းလဲသွားဘူး၊ ကျန်းရှုယောင် ဘယ်သူနဲ့ပဲတွဲတွဲ၊ ဘယ်သူ့ကိုပဲ လက်ထပ်လက်ထပ် သူမသာ ဆန္ဒရှိတယ်ဆို သူ့ရဲ့ကျန်တဲ့တစ်ဘ၀လုံး သူမကိုပဲ ပံ့ပိုး ပေးသွားမယ့်သူမျိုး]
ယွဲ့ရှ :"..."
' ဒီယောက်ျားက နွေဉီးလေပြေလေးလိုပဲ'
" ငါသိသားပဲ သူက သူများတွေ စိတ်၀င်စားတာခံချင်လို့ အဲ့လိုလုပ်တာ "
" သူနဲ့မဆိုင်တဲ့ဟာကြီးကို သူက ရစရာလား၊ မဟုတ်တရုတ်တွေ လုပ်နေသေးတယ်၊ ပြီးတော့ လူရယ်စရာပဲ ဖြစ်တယ်"
" ဒါပေမယ့် ကျန်းရှုယောင်က သဘောတူလိုက်တယ်မဟုတ်ဘူးလား"
" နင်က ဘာတွေယုံနေတာလဲ။ အဲ့ကောင်မက သူ့ကို တွန်းအားပေးထားတာပဲ နေမှာပေါ့"
ယွဲ့ရှ : "...."
အတင်းပြောနေပုံပေါ်သောကြောင့် ယွဲ့ရှမှာ နားရွက်ထောင်လာတော့သည်။
အတင်းတုပ်နေသော မိန်းကလေးပုံစံမှာ သိပ်ကြီးသေးပုံမပေါ်ပေ။ အလွန်ဆုံးရှိမှ ကျောင်းသူအရွယ် လောက်သာ ရှိမည်။ သူမက မျက်မှောင်ကြုတ်လျက် ဒေါသတကြီး ပြောလိုက်သည်။ " ဒါက သူဒီလိုလုပ်တာ တစ်ခါနှစ်ခါမှ မဟုတ်တော့တာ"
"ဟုတ်တယ်"
" သူက အတန်းရှင်းရဖို့ဆို လူတစ်ယောက်တည်းကို အကြိမ်ကြိမ်အပြစ်တင်နိုင်တယ်"
ယွဲ့ရှ၏သည် အတင်းတုပ်နေသော ကောင်မလေးများကို နောက်ကျောပေးထားသည်။ ဘာကြောင့်မှန်းမသိ သူမသည် အတွန်းခံလိုက်ရပြီး အတင်းတုပ်နေသည့် ကောင်မလေးများ ကြားထဲ ရောက်သွားသည်။ သူမ နှာခေါင်းထဲသို့ အမျိုးစုံသောရေမွှေးနံ့တို့က တိုး၀င်လာကြသည်။ သူမက ဘယ်သူ့အကြောင်းများ ပြောနေတာလဲလို့ မေးတော့မည့်အချိန် ထိုအဖွဲ့၏ခေါင်းဆောင်ဖြစ်ပုံပေါ်သူက ဒေါသတကြီး အော်လိုက်သည်။ "ယွဲ့ရှ လုံး၀မအောင်မြင်စေရဘူး"
ယွဲ့ရှ : "....."
" အော် သူတို့က ငါ့အကြောင်း ပြောနေကြတာပဲ"
" အဲ့ဆို အဲ့ကောင်မလေးက ကျွင်းရှောင်ဟန်ပေါ့"
ကျွင်းရှောင်ဟန်သည် သူမ မကောင်းပြောနေသောသူမှာ သူမ ရှေ့တွင်ရှိနေသည်ကို မသိပေ။ သူမက အလိုလိုက်ခံရသည့် ကလေးလို ဆူပုတ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ " အဲ့ဒါကြောင့် ငါသူ့ကို တကူးတက ဖိတ်ခေါ်ထားတာလေ၊ သူက အတန်းရှင်း ကြိုက်တယ်မလား၊ ငါသူ့ကို လူအားလုံး ရှေ့မှာ လူရယ်စရာဖြစ်အောင် လုပ်ပြမယ်၊ လူတွေရှေ့မှာ အရှက်ခွဲခံရလို့ ဒေါသထွက်ပြီးထွက် ပြေးသွားအောင်လုပ်မယ်၊ ပြီးရင် ပြီးရင် ငါသူ့ကို အရှက်ခွဲမယ် လုံး၀ကို အမြီးကုတ်ပြီး ထွက်ပြေးသွား စေရမယ်"
ယွဲ့ရှ :"...."
' ကောင်မလေး နင်က မူလတန်းလား၊ သူလည်း ရှုယောင်လိုမျိုး ဉာဏ်ရည်ချို့ယွင်းနေတာလားမသိ'
ကျွင်းရှောင်ဟန်နှင့် ဉာဏ်ရည်တူသော အခြားဆယ်ကျော်သက်အရွယ် ကောင်မလေးများကလည်း လက်ခုပ်တီးကြသည်။ ထိုစဉ် ယွဲ့ရှသည် အူကြောင်ကြောင် ဖြစ်နေသည်။ ' ငါကအခု ဒီမှာ ဘာလုပ်နေတာလဲ'
ယွဲ့ရှက ကြောင်တောင်တောင် ဖြင့် မေးလိုက်သည်။ [ System၊ ဒါက မလိုအပ်ဘူးမလား]
System က လေးလေးနက်နက် သဘောတူလိုက်သည်။ [ဒုတိယဇာတ်လိုက်ကို ရှာပြီး မစ်ရှင်ကို ပြီး အောင်လုပ်ပါ]
ယွဲ့ရှ ထိုအုပ်စုထဲမှ ထွက်တော့မည့်အချိန် ကျွင်းရှောင်ဟန်က သူမကို တာ၀န်ပေးလိုက်သည်။ သူမက ယွဲ့ရှကို လက်ညိုးထိုးပြီး ပြောလိုက်သည်။
" ဟိုတစ်ယောက်၊ နင် ယွဲ့ရှ ပေါ်လာရင် ငါ့ကိုလာပြောနော် နားလည်လား"
ယွဲ့ရှ :"...."
သူမ ဆိတ်ငြိမ်နေမှုက ကျွင်းရှောင်ဟန်ကို သံသယ၀င်သွားစေသည်။
သူမက မေးလိုက်သည်။ " အယ် နင် ဘယ်သူလဲ"
' သူ့ကို ငါတစ်ခါမှ မတွေ့ဖူးသလိုပဲ'
ရွေးချယ်စရာမရှိတော့သောကြောင့် ယွဲ့ရှသည် ခေါင်းမော့လိုက်ပြီး ပြုံးပြလိုက်သည်။ သို့သော် သူမ အပြုံးကမူ သဘာ၀မကျပေ။ " တကယ်တော့ ငါ ရောက်နေပြီ"
ကျွင်းရှောင်ဟန် : "?!!!!..."
နောက်ငါးစက္ကန့်လောက် ပတ်ပတ်လည်သည် ငြိမ်သက်နေလေသည်။ ခံစားချက်သည် ကို့ရိုးကားယား နိုင်သောကြောင့် ထောင့်နားတွင်သာ ခိုကပ်နေချင်တော့သည်။
၅ စက္ကန့်ကြာပြီးနောက် ကျွင်းရှောင်ဟန်၏လက်ထဲရှိ ကိတ်မုန့်ပန်းကန်လေးသည် အောက်သို့ ပြုတ်ကျပြီး ကျကွဲသွား၏။ သူမ၏ဖြူဖွေးနေသော မျက်နှာသည် နီရဲလာပြီးနောက် သူမသည် တစ်ချိန်တည်းတွင် ရှက်လည်းရှက် စိတ်လည်းညစ်သောကြောင့် ၁၈၀ ထိ သွေးဆောင့်တက်လာသည်။ "နင်!......"
သူမသည် ရှက်ရွံ့မှုကြောင့် ဒေါသလည်း ပေါက်ကွဲထွက်လာတော့သည်။
"နင် ဘယ်တုန်းကရောက်လာတာလဲ၊ မဟုတ်ဘူး...နင် ဘယ်လောက်ထိ ကြားလိုက်တာလဲ၊ အဲ့ဒါလည်း မဟုတ်ဘူး" ကျွင်းရှောင်ဟန်တစ်ယောက် ပျာယာခပ်ပြီး ဘာမေးရမှန်းမသိသည့်အချိန် လူများကလည်း အံ့ဩတကြီး ဝိုင်းလာကြသည်။ " နင် တမင်လုပ်တာမလား"
သူမသည် လူရှေ့တွင် ပုံစံပျက်နေလေပြီ။
အဆုံးတွင် သူမသည် ပတ်ပတ်လည်ကိုကြည့်ပြီး မျက်လုံးပိတ်လျက် မျက်နှာကိုအုပ်ပြီး ပြေးထွက်သွား တော့သည်။ "အား..........!"
ပတ်၀န်းကျင်သည် ထပ်မံ တိတ်ဆိတ်သွားပြန်သည်။
ယွဲ့ရှ : "...."
System : "...."
[ ဒီတစ်ခေါက် ငါ ဘာမှမလုပ်လိုက်ဘူးနော်] ယွဲ့ရှက တိုးတိုးလေး ပြောလိုက်သည်။