အခန်း ၁၃
Vol. 1 Ch. 13
အခန်း(၁၃)-နင်အဲ့လိုပြောခဲ့တာတွေက တိုင်ပတ်အကကြည့်ဖို့အတွက် အကြောင်းပြချက်ကြီးလား(၁)
ပါတီပွဲသို့တက်ရောက်ခြင်းသည် ယွဲ့ရှအတွက် တော်တော်အကျိုးရှိခဲ့သည်။
မစ်ရှင်ကို ထူးဆန်းသော နည်းလမ်းဖြင့် ပြီးခဲ့ရုံသာမက၊ သူမ အပေါ်ထားရှိသည့် လူအများ၏ အမြင်ကိုလည်း ပြောင်းလဲနိုင်ခဲ့သည်။ သူတို့အားလုံးသည် သူမအား အရူးမဟု ထင်ရာမှ ထူးဆန်းသော မိန်းမဟု မြင်လာကြ၏။ ယင်းသည်လည်း တိုးတက်မှုတစ်ခုပင်ဖြစ်သည်။
သူမ အိမ်ပြန်ရောက်သောအခါ ယွဲ့တဲ့လျန်နှင့် လီမိန်ကျူသည်လည်း ရောက်နေပြီဖြစ်ပြီ သူမကို စောင့်နေကြသည်။ အချိန်ကြာမြင့်စွာတစ်ယောက် မျက်နှာတစ်ယောက်ကြည့်နေကြပြီးနောက် လီမိန်ကျူသည် စိတ်ပူပန်သောမျက်နှာဖြင့် သူမ၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ “ကြည့်ပါဉီး ဘယ်နှစ်လမှတောင်မရှိသေးတာကို ဘာလို့ဒီလောက်ထိတောင်ပိန်သွားရတာလဲ ရှရှရယ်”
တစ်ဖက်မှ ယွဲ့ချင်းက မအီမလည်မျက်နှာဖြင့်ပြောလာသည်။ “လေးထပ်မြောက်ကနေတောင် ခုန်ချနိုင်တဲ့သူကို ပိန်တယ်လို့ ယူဆလို့ရသေးတယ်ပေါ့”
‘အဲ့လောက် အားနဲ့သာဆိုရင် သူ့မှာ ကြွက်သားအပိုတွေရှိနေရမှာ မဟုတ်ဘူးလား’
လီမိန်ကျူ၏ နွေးထွေးသော မိခင် မေတ္တာကို ခံစားရပြီးနောက် ယွဲ့ရှသည် ယွဲ့တိလျန်၏ တောက်ပ နေသော မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသည်။ သူတို့ နှစ်ယောက်သည် အချိန်တော်တော်ကြာသည် အထိ စိုက်ကြည့်နေကြပြီး နောက်ဆုံးတွင် ယွဲ့တိလျန်က ခပ်ဩဩဟိန်းထွက်နေသော အသံဖြင့် ပြောလာသည်။ " အားဆေး သောက်ကိုသောက်ရတော့မယ်"
လီမိန်ကျူက ခပ်မြန်မြန် ခေါင်းလှည့်လိုက်ပြီး " ငါမှတ်မိပြီ ငါတို့မှာ စားလို့မကုန်သေးတဲ့ သမင်သားတွေ ရှိသေးတယ်လေ "
" မား...." ယဲ့ချင်းက မကျေမနပ်မျက်နှာဖြင့် " သူ့ကို ဂရုစိုက်နေရတာ သားပါနော် သား တစ်ယောက်လုံးရှိနေတာ သူက အစားအသောက် ပြတ်စရာလား"
မည်သူမှ သူ့ကို ဂရုမစိုက်ကြပေ။ သူသည် နည်းနည်း မကျေမနပ် ဖြစ်သွားသော်လည်း နေသားကျနေပြီ ဖြစ်သည်။
သူတို့မိဘများ ခရီးထွက်သွားပြီးနောက် သမင်သားကို မည်သည့်နေရာက သူတို့ရှာတွေ့လာမှန်း မည်သူ သိမည်နည်း။ ယွဲ့ရှနှင့်ယွဲ့ချင်းသည် အချင်းချင်း တုန်လှုပ် ခြောက်ခြားစွာဖြင့် ကြည့်လိုက်ကြသည်။ အဆုံးတွင် ယွဲ့ချင်းသည် ပြောစရာစကားကိုရှာလိုက်ရသည်။ " နင် ကျွင်းရှောင်ဟန်ဆီ သွားခဲ့ သေးတယ်မလား"
ဤ မိသားစုပုံမှန် မည်ကဲ့သို့ တည့်အောင်နေကြသနည်းကို စဉ်းစားနေသောကြောင့် ယွဲ့ရှသည် သိပ်မတွေးဘဲ ဖြေလိုက်သည်။
" အွမ်း ကိုကြီး သူ့ကို ဘယ်လိုသိတာလဲ"
"သူက ငါ့ကို အမြဲ ကိုကို....ကိုကို .... နဲ့ ခေါ်နေတော့ သူ့ကိုမေ့သွားရင်တောင် အံ့ဩစရာကောင်းနေဉီးမယ်"
ယွဲ့ချင်းက လက်ပိုက်လိုက်သည်။ သူက အခန်းပေါက်ဝတွင် ဖိနပ်ပါးကို
ချွပ်နေသော ယွဲ့ရှကို ကြည့်ပြီး မျက်ခုံးပင့်ပြီး ပြောလာသည်။ "သူက နင့်ကို မုန်းနေတာ မဟုတ်ဘူးလား"
' ငါ့ညီမ ဘာလို့ သာမာန်လို၀တ်နေသေးတာလဲ' မနေ့က ပါတီကို ယွဲ့ရှ သာမာန်၀တ်သွားရခြင်းမှာ သူမ ၀မ်းနည်းနေသေးသောကြောင့် ၀တ်စားဖို့ရန် စိတ်မပါခြင်းလို့ သူထင်ခဲ့သည်။ ယွဲ့ရှ အတွက် သာမာန်လို ၀တ်စားခြင်းသည် ထူးဆန်းသည်ဟု သတ်မှတ်လို့ရသည်။
ကျွင်းရှောင်ဟန် ပြေးထွက်သွားတုန်းက လှုပ်နေသော ပါးဖောင်းဖောင်းကို ယွဲ့ရှ တွေးမိပြီး ပြုံးလျက် " သူက ညီမကိုကျ မမလို့ မခေါ်ဘူး"
" နင်ဘာတွေ တွေးနေတာလဲ" ယွဲ့ချင်းက မျက် မှောင်ကြုတ်လိုက်သည်။ " သူက နင့်ထက်ကြီးတယ်လေ"
ယွဲ့ရှ : "...."
' ဟမ် ဘာကြီး"
သူမသည် အလွန်ပင်လန့်ဖြန့်သွား သောကြောင့် ယွဲ့ချင်းဆက်ပြောသည့် ထေ့ငေါ့စကားကိုပင် မကြားတော့ပေ။
" ဒါပေမယ့် နင် တော်တော်ရဲတယ် ပြောရမယ် ပါတီမှာ နင်သိတဲ့သူလည်း တစ်ယောက်မှ မရှိဘူး" အမှန်တကယ်တော့ ပါတီတွင် သူမနှင့်သိသောသူ တစ်ယောက်မှ မရှိဘူးဟု ပြောခြင်းသည် ပညာသားပါလှသည်။ သူတကယ်ဆိုလိုခြင်းမှာ သူမတွင် သူငယ်ချင်း တစ်ယောက်မှမရှိဘူး ဟု ဖြစ်လောက်သည်။
ယွဲ့ရှ အံ့ဩပြီး သွားနောက် သူမ ခေါင်းပြန် မော့လာသည်။ "ဟမ်..."
"ဘာတွေဟမ်နေတာလဲ" ယွဲ့ချင်းသည် နံရံကို မှီနေရာမှ ပြန်မတ်လာပြီး မပျော်မရွှင်ဖြင့် ပြောလိုက်သည်။ " နောက်ခါ အဲ့လိုပွဲမျိုးတွေ မသွားနဲ့ တော့၊ တစ်ခုခု ဖြစ်ရင် ငါပဲ နင်ရှုပ်တာကို လိုက်ရှင်းရမှာ"
ယွဲ့ရှက တုန့်ပြန်လာသည်။ " ဟုတ်လား"
"...." သူမ၏ တွေ့နေကျ မဟုတ်သော နာခံတတ်သည့် ပုံစံက ယွဲ့ချင်းကို ကြက်သီးထစေသည်။ " ဟုတ်လားပဲလား"
" ညီမ သိပြီ" ယွဲ့ရှက ချိုမြိန်စွာ ပြုံးပြလိုက်သည်။ " ဘာလို့ဆို ကိုကြီးက ညီမလေးတစ်ယောက်တည်းသွားရင်စိုးရိမ်တတ်လို့ လေ "
ယွဲ့ချင်း : ".....?"
ယွဲ့ရှက ခေါင်းလေးကိုငုံ့ပြီး ပြောလာသည်။ “အကိုကြီးတစ်ယောက်တည်းအိမ်မှာကျန်ခဲ့တော့ အကိုကြီးပျင်းနေလားဟင် ညီမလေးတောင်းပန်ပါတယ်နော်”
ယွဲ့ချင်းတစ်ယောက် ငယ်ထိပ်ကို မိုးကြိုးပစ်သလို ခံစားလိုက်ရသည်။ “.....”
‘ငါ့ညီမ ဝင်ပူးခံနေရပြီထင်တယ် ရွံ့စရာကောင်းလိုက်တာကွာ အွီး.....’
ယွဲ့ရှသည် မိုးကြိုးပစ်ခံရသလိုဖြစ်ပြီး ကြောင်အနေသော ယွဲ့ချင်းကို နောက်တွင်ချန်ထားခဲ့ပြီး သီချင်းတညည်းညည်း ဖြင့် သူမ အခန်းသို့ ပြန်သွားလေသည်။
သူမ အခန်းတံခါးပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူမသည် system ကိုခေါ်လိုက်သည်။ [System နင်အဆင်ပြေလား]
အချိန်တော်တော်ကြာပြီးနောက် နှေးကွေးစွာပြန်ပြောလာသော system ၏ စက်သံကိုကြားလိုက်ရသည်။ [ ငါ......]
ယွဲ့ရှက ပြောလိုက်သည်။ “ငါ့အမှားပါကွာ”
system: “...?...”
ယွဲ့ရ၏ အမှားကို ဝန်ခံမှုကြောင့် သူ၏ သူမကို ဆူပူမည့် စကားများသည် လေထဲတွင်ပျောက်ထွက်သွားသည်။
ယွဲ့ရှတွင် မစ်ရှင်ကို ပြီးအောင်လုပ်ဖို့စိတ်ရှိခဲ့ပါသလား။ သူမသည် ကျွင်းရှောင်ဟန်ကို ထွက်ပြေးသွားအောင် မလုပ်ခဲ့ပေ။ ထို့ပြင် သူမသည် လင်းရှူကိုပင် စကားကောင်းကောင်းကန်းကန်းပြောခဲ့သေးသည်။ သူမသည် ပြောသည့်အတိုင်း အကုန်လုပ်ခဲ့သည်။ အပြောအဆိုစွမ်းရည် နည်းနည်းပဲ့နေရုံသာဖြစ်သည်။ သို့သော်လည်းပဲ စိတ်ခံစားချက်အရကော အချက်အလက်အရကော သူမကို အပြစ်တင်လို့မရပေ။
‘အဲ့ဆို ဘာလို့ ပြစ်ဒဏ်ခတ်ခံရတာလဲ၊ ချီးလိုပဲ ငါ မှ မမှားတာ’
System သည် သူ၏ဘဝကြီးကို မေးခွန်းထုပ်မည်အပြု တစ်နေကုန် တိတ်နေသော ယွဲ့ရှဖုန်းသည် တုန်ခါလာခဲ့သည်။
ပုံမှန်အားဖြင့် သူမကို စာပို့သောလူအများစုသည် သူမ၏မိသားစုများသာဖြစ်သည်။ ယွဲ့ရှသည် စာကိုကြည့်လိုက်သော်လည်း ပို့လာသူကို မသိပေ။
【ရှန်းယု】: ဟေ့ နင်အားလား?
【ရှန်းယု】: နင် ငါ့ကို မတွေ့ဘူးလား။ ငါတို့ အနားမှာပဲရပ်နေတာ ငါလေ နင့်ကို မှတ်တောင်မမှတ်မိတော့ဘူး
【ရှန်းယု】: လင်းရှူက ငါ့ကို နင့်ရဲ့ WeChat အကောင့်တောင်းတယ်။ နင်အဲ့လိုလုပ်နိုင်မှန်း ငါမသိခဲ့ဘူး၊ တော်တော်မိုက်တယ်။
ယွဲ့ရှသည် တစ်ဖက်လူ၏ အလွန်ရင်းနှီးသည့်ဟန်ကြောင့် ခေါင်းကိုက်လာခဲ့သည်။ “System သူက ဘယ်သူလဲ”
System:[ သူက မိသားစုအသေးလေးက သခင်လေးလေ၊ အရံဇာတ်ကောင်ပါပဲ၊ သူနဲ့ ရှီချင်းယင်ရဲ့ ဆက်ဆံရေးက ကောင်းတယ် ]
“ဟုတ်လား” ယွဲ့ရှက ပြောလိုက်သည်။ “လူဆိုတာ တူရာတူရာ စုတာတဲ့၊ အဲ့ကောင်လည်း ကောင်းတဲ့ပုံ မပေါ်ပါဘူး”
System: “...”
‘ နင်က ခုကျ စကားပြောတတ်လှချည်လား’
【ရှန်းယု】: တနင်္ဂနွေညကျ ရဲ့ရှန်းချင် ဘားကိုလာချင်လား၊ ရှီချင်းယင်လည်းရှိတယ်၊ သူ့ပုံက အခုတလော စိတ်မကြည်ပုံဘဲ၊ နင်သူ့ကိုလာပြီး နှစ်သိမ့်ပေးလိုက်ပါလား
【ရှန်းယု】: ငါလိပ်စာပြောပြမယ်၊ တနင်္ဂနွေနေ့ကျ အခန်း ၁၀၁ ကိုလာခဲ့။
ယွဲ့ရှသည် သူပို့သည့် လိပ်စာကို ဝင်ကြည့်လိုက်သည်။ ဘားသည်သာမာန်ဘား မဟုတ်ပေ။ တစ်ခါရှင်းလျှင် အနည်းဆုံးမှာ သုညခြောက်လုံးဖြစ်ပြီး ထို့ပြင် ဘားထဲသို့ဝင်ရန်လည်းခက်ခဲသည်။ ဤနေရာသည် လူချမ်းသာ လူငယ်များ လေလုံးထွားကြွားဝါဖို့ရန် သင့်တော်သောနေရာဖြစ်သည်။ သေချာစွာပြုလုပ်ထားသော ဝက်ပ်ဆိုက် ပေ့ချ်ပေါ်တွင် အမျိုးမျိုးသော အစီအစဉ်များကို အသေးစိတ်တွေ့နိုင်သည်။ သူမ၏မျက်လုံးသည် နေရာတစ်နေရာတွင် ရပ်သွားသည်။
(နှစ်စဉ် ယောက်ျားတိုင်ပတ်အကပါတီ အတွက် VIP နှစ်နေရာစာသာ ကျန်ပါတော့တယ်)
System: [ ဟမ်? ]
ယွဲ့ရှ : “ဟင်?...”
System: [နင်ဘာတွေကြည့်နေတာလဲ]
ယွဲ့ရှ : “ ဘာမှမဟုတ်ပါဘူး”