အခန်း ၁၅
Vol. 1 Ch. 15
အပိုင်း (၁၅) - နင်အဲ့လိုတွေ ပြောတာ တိုင်ပတ်အကဖို့ ကြည့်ဖို့ အကြောင်းပြတာလား (၃)
တနင်္ဂနွေနေ့ည၊ ယဲ့ရှန်းချင်း နိုက်ကလပ်။
“အဲ့တော့ အမ် အကိုရှီ” ရှန်းယုက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် နာမည်ကိုခေါ်လိုက်သည်။ “ဒီနေ့ကျမှ ဘာလို့ ရုတ်တရက်ကြီးအားသွားတာလဲ”
လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်ကမှ ဆူညံနေခဲ့သော သီးသန့်အခန်းသည် ယခုချိန်တွင် တစပြင်ကဲ့သို့ တိတ်ဆိတ်နေသည်။ မောက်မာပြီးလွှမ်းမိုးတတ်သော သခင်ငယ်လေးများသည် ခါးကိုမတ်မတ်ထားပြီး အသက်ပင်ပြင်းပြင်းမရှူရဲသည်အထိ ရိုသေကျိုးညွတ်စွာထိုင်နေကြ၏။
ပုံမှန်မဆန်စွာ မတ်မတ်ထိုင်နေကြသော သခင်ငယ်လေးများအုပ်စုကြားတွင် မူးနေသောအလယ်မှတစ်ယောက်သည် အလွန်ပင်အမြင်ကို ဖမ်းစားနိုင်လွန်းသည်။
ရှီချင်းယင်သည် တစ်ကိုယ်လုံး အရက်နံ့တို့မွှန်ထူနေသည်။ သူ၏ကော်လံသည် ရှုပ်ပွစွာ ခပ်ဟဟလှပ်နေပြီး သူ့မျက်နှာကမူ မျက်မှောင်ကြုတ်နေသည်။ သူသည် အစီအလျော်မညီသော စကားများကို ဆက်တိုက်ပြောနေသည်။ “ရှုယောင်......က ဘာလို့ ငါ့ကို ဖုန်းမဆက်တာလဲ၊ ယွဲ့ရှက ထပ်ချိန်းခြောက်ထားပြန်ပြီးလား”
နောက်ထပ်လူအများ၏အကြည့်ကိုရထားသော ယောက်ျားတစ်ယောက်က ရှေ့သို့တိုးလာပြီး မျက်လုံးကိုမှေးစဉ်းလျက် ပတ်ပတ်လည်ဝေ့ကြည့်လိုက်သည်။ အစက ရှီချင်းယင်သည် လက်ကိုခါပြပြီး စိတ်မရှည်စွာထိုလူကို ပြန်လွှတ်လိုက်သည်။ ရလဒ်အနေဖြင့် အေးစက်သော အငွေ့အသက်ကို သူခံစားလိုက်ရပြီး အမူးလည်းတန်းပြေသွားသည်။
“ဟမ်....အကိုကြီး..”
ရှီယွမ်ကျန်းက ပြောလိုက်သည်။ “ဟင်..”
ရှီယွမ်ကျန်းရှိနေသောကြောင့် ရှီချင်းယင် မည်မျှပင်သတ္တိရှိပါစေ သူ ပြေးထွက်မသွားရဲပေ။ သူက ခက်ခက်ခဲခဲထလိုက်ပြီး လည်ပင်းပေါ်လက်ကိုတင်လျက် အသံတိုးတိုးဖြင့်ပြောလိုက်သည်။ “ဘာလို့ အကိုကြီးက ဒီကိုရောက်နေတာလဲ”
“ငါလည်းမလာချင်ပါဘူး” ရှီယွမ်ကျန်းက အဝေးကို ကြည့်လိုက်သည်။ “မင်းတစ်ပတ်လုံး ဘာမှမလုပ်ဖြစ်ဘူးမလား၊ အဖေနဲ့အမေက မင်းကိုစိုးရိမ်နေတယ်”
ရှီချင်းယင်က စိတ်ပျက်ပျက်ဖြင့် ပြောလိုက်သည်။ “တစ်ခါတစ်လေလောက် အလုပ်လေးမလာတာ ဘာဖြစ်လို့လဲ”
“မင်းမလုပ်ချင်ရင်လည်း လုပ်မနေနဲ့” ရှီယွမ်ကျန်း၏အသံနေအသံထားသည် မြင့်သွားခြင်းကျသွားခြင်း မရှိခဲ့ဖူးပေ။ “အလုပ်ကို ငါ့ကိုပဲလွှဲပေးလိုက်”
ရှီချင်းယင်: “....”
သူ မည်မျှပင်တုံးအစေကာမူ သူ့အကိုကြီးပြောသည့် စကားကိုတော့သူနားလည်သေးသည်။ သူ့အကိုကြီးဆိုလိုသည်မှာ သူသာ ဆက်ပြီးပျင်းနေဉီးမည်ဆိုလျှင် ကုမ္ပဏီမှသူ၏ရာထူးကိုလည်း ဆုံးရှုံးရလိမ့်မည်။
ရှီယွမ်ကျန်းသည် ပြန်ထွက်ဖို့ရန်ပြင်လိုက်ချိန် သူ၏အကြည့်သည် နီယွန်ရောင် အပြင်အဆင်များနှင့် မဖွယ်မရာဝတ်ဆင်ထားသော လူများအပေါ်ကျရောက်သွားပြီး မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။
ပေါ့ပေါ့ပါးပါးပတ်ဝန်းကျင်တစ်ခုဟု ပြောလို့ရသော်လည်း သူဤမြင်ကွင်းကို မနှစ်သက်ပေ။
အကျိုးအကြောင်းပြန်ပြောရန် သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ တချိုးတည်းလှည့်ပြီး ပြန်ထွက်သွားသည်။
နောက်တွင်သည် သူသည် ရှီချင်းယင်၏ စိတ်ပျက်စရာကောင်းသော အသံကို သူကြားလိုက်ရသည်။ “မင်းတို့ ဘာမှမသိပါဘူးကွာ၊ ရှုယောင်ကို ငါကရှယ်အလိုလိုက်ထားတာကွ၊ သူက ငါမရှိဘဲ ဘာမှမလုပ်နိုင်ဘူး၊ ယွဲ့ရှကြောင့်ပဲနေမှာ၊ သူရှုယောင်ကို ချိန်းခြောက်.....”
အခန်းထဲမှ ထွက်လာပြီးနောက် သူ့နောက်မှအသံသည်လည်းပျောက်ကွယ်သွားသည်။ စင်အသေးလေးနားမှ သူဖြတ်သွားသောအခါ သူသည် မျက်လုံးထောင့်မှ ရင်းနှီးနေသော ပုံရိပ်လေးကိုတွေ့လိုက်ရသည်။
အတိအကျပြောရလျှင် သူ့မှတ်ဉာဏ်ထဲတွင် စွဲကျန်ရစ်ခဲ့သော ထိုအကြည့်တို့ဖြစ်သည်။ မည့်သည့်အရောင်မှမခြယ်သထားသော သူမ၏မျက်ခွံပေါ်တွင် တလက်လက်တောက်ပနေသော မီးရောင်တချို့သာထင်ဟပ်နေသည်။ ရှည်လျား၍ထူထဲသောမျက်တောင်၊ ထင်ရှားသော ဇီးသီးပုံစံမျက်ဝန်း သည် ပန်းချီဆွဲတံဖြင့် ရေးခြယ်ထားသလိုပင်။ သူမ၏ စူးရှသော အနက်ရောင်မျက်ဆံတို့သည် စေ့စပ်ပွဲတွင် သူတွေ့ခဲ့ရသည့်အတိုင်း တစ်ပုံစံတည်းပင် ဖြစ်သည်။
ယွဲ့ရှ....
ရှီယွမ်ကျန်းသည် သူမကို ကြည့်ရလှည့်လိုက်ချိန် ခဏတာမျှ ကြက်သေသေသွားသည်။
အကောင်းဆုံးမြင်ကွင်းရှိသည့် VIP ခုံတွင် မိန်းမပျိုနှစ်ယောက်သည် နီးနီးကပ်ကပ်ထိုင်နေကြသည်။ ယွဲ့ရှဘေးတွင်ထိုင်နေသောသူသည် အနက်ရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီး အလွန်ရှက်နေသည်။ သူမသည် ယွဲ့ရှ၏လက်ကိုဆုပ်ကိုင်ထားပြီး ဟိုဟိုဒီဒီကြည့်နေလေ၏။ အဆုံးတွင် သူမ၏အကြည့်သည် စင်ပေါ်တွင် အဆုံးသတ်သွားသည်။
ချိုမြိန်သောနောက်ခံသံစဉ်နှင့်အတူ အရပ်ရှည်ရှည်နှင့်ယောက်ျားပျိုတချို့သည် တိုင်ပတ်အကကို ကနေကြသည်။ သူတို့သည် ခဏခဏ ဆွဲဆောင်သည့်ပုံစံဖြင့် မျက်စိတစ်ဖက်ကိုလည်း မှိတ်ပြနေသေးသည်။
ရှီယွမ်ကျင်း : “.....?”
သူသည် ယွဲ့ရှ၏စိတ်လှုပ်ရှားနေသော အသံကိုလည်းကြားလိုက်ရသည်။ “ရှုယောင်၊ရှုယောင် နင်ဘယ်သူအတော်ဆုံးလို့ထင်လဲ”
“အယ်ငါလား၊ ငါထင်တာ.....”ကျန်းရှုယောင်၏နူးညံ့ပြီးအားနည်းသောအသံလေးတွင် တွန့်ဆုတ်မှုကိုခံစားရသည်။ “အမ်.....ပန်းရောင်တစ်ယောက်ထင်တာပဲ....သူက အခြားသူတွေထက်ပိုတော်သလိုပဲ”
ယွဲ့ရှသည် ချက်ချင်းပင် ပို၍တက်ကြွလာခဲ့သည်။ “ဟုတ်တယ် ဟုတ်တယ် ငါလည်း သူကတာ အတော်ဆုံးလို့ထင်တယ်”
ရှီယွမ်ကျင်းမှာ ရှုပ်သွားပြီး ထပ်ကြည့်လိုက်သည်။
‘ဟမ် ပန်းရောင် စင်ပေါ်မှာဘယ်သူက ပန်းရောင်ဝတ်ထားလို့လဲ....ပြီးတော့ ပိုပြီးတိတိကျကျပြောရရင် ဘယ်သူမှအင်္ကျီတောင်သေချာမဝတ်ထားဘူးလေ’ သူသည် ဆံပင်ပဲကြည့်ကြည့် ဘောင်းဘီကိုပဲကြည့်ကြည့် မည်သည့်ပန်းရောင်ကိုမှမတွေ့ပေ။ ‘သူတို့ ဘယ်က ပန်းရောင်ကိုပြောနေကြတာလဲ’
ရှီယွမ်ကျန်းသည် သူမ ပြောလိုက်သောစကားကြောင့် နှံ့နှံ့စပ်စပ်ကြည့်လိုက်ချိန် ရှာခဲ့မိသည့်အတွက် သူ့အား နောင်တရစေသော အဖြေကိုရရှိခဲ့သည်။
အဟွတ်.....အဟွတ်