← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အပိုင်း (၁၇) - ‘ကြာပန်းဖြူလေး ငါတကယ်မထင်ထားဘူး ထားလိုက်ပါတော့ အဲ့နေရာက တကယ်ကိုဆွဲဆောင်မှုရှိတယ်’(၂)

ယဲ့ရှန်းသည် သမာသမတ်မကျသောနိုက်ကလပ်မဟုတ်‌သောကြောင့်လည်းဖြစ်နိုင်သည်။ ထို့ကြောင့် တိုင်ပတ်အကကဲ့သို့ ရမ္မက်ပြင်းသော အကစင်သည် ထောင့်အကျဆုံးနေရာတွင်ရှိနေခြင်းဖြစ်၏။ မီးရောင်မှိန်မှိန်အောက်တွင် အကသမားများသည် ပြင်ဆင်နေကြသည်။

သူတို့နိုက်ကလပ်ထဲဝင်လာကတည်းက ကျန်းရှုယောင်သည် ယွဲ့ရှလက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူတို့ထိုင်ချလိုက်သည်အထိကို ကျန်းရှုယောင်သည် ဟိုကြည့်ဒီကြည့်လုပ်နေပြီး သူမ၏ပုံမှန်ပုံစံကဲ့သို့တည်ငြိမ်မနေပေ။ “ဒီနေရာက ငါထင်ထားတာနဲ့တော်တော်မတူတာပဲ”

ယွဲ့ရှသည် နောက်ဆုံးတွင်စိတ်အေးသွားပြီး အသက်ရှူနိုင်တော့သည်။ “နင်က ဘယ်လိုထင်ထားလို့လဲ”

“ငါထင်တာက နိုက်ကလက်ဆိုတာ.....” ကျန်းရှုယောင်သည် အသံတိုးတိုးလေးဖြင့် “လူတွေအဲ့ဒါလုပ်ကြတဲ့နေရာလို့ထင်နေတာ”

ယွဲ့ရှသည်လည်း အသံတိုးတိုးလေးဖြင့် “အဲ့ဒါကတရားမဝင်ဘူးလေ၊ လုပ်ရင် အဖမ်းခံရမှာ”

ကျန်းရှုယောင်: “ဟုတ်လား”

သူမသည် မိဘအရိပ်အောက်တွင် လိမ္မာစွာနေထိုင်ခဲ့သော သမီးအလိမ္မာလေးဖြစ်သည်။

ဤနေရာနှင့်ပတ်သတ်သောနေရာတိုင်းသည် သူမအတွက် ထူးဆန်းသောကြောင့် လှည့်ပတ်ကြည့်နေမိသည်။ သူမ၏ဖြူစင်သော စိတ်နေသဘောထားလေးသည် အလွန်ပင်ဆွဲဆောင်မှုရှိလှသည်။ ယွဲ့ရှအိမ်သာသွားပြီး အလျင်အမြန် ပြန်ရောက်လာသောအခါ ရှုယောင်၏ခုံပေါ်တွင် ဝိုင်နှစ်ခွက်ရှိနေသည်။

ယွဲ့ရှက သေသေချာချာမေးလိုက်သည်။ “နင်ဒါတစ်ခွက်မှ မသောက်ထားဘူးမလား”

“ဟင့်အင်း” ကျန်းရှုယောင်က ခေါင်းခါလိုက်ပြီး တိုးတိုးလေးပြောလာသည်။

“ငါသတင်းတွေမှာတွေ့ဖူးတယ် တချို့က ဝိုင်တွေထဲ ဆေးခတ်တယ်တဲ့”

ယွဲ့ရှက သဘောတူလိုက်သည်။ “ဟုတ်တယ်၊ နင် သတိထားမှရမယ်”

ကျန်းရှုယောင် : “တကယ်လို့ သူတို့ငါ့ကိုပြန်ပေးဆွဲပြီး ငါ့ကိုယ်တွင်း ကလီဆာတွေကိုရောင်းစားလိုက်ရင်ဘယ်လိုလုပ်မလဲ”

ယွဲ့ရှ : “....” ‘နင်သတိရှိတာတော့ ကောင်းပါတယ် ဒါပေမယ့် နင့်ဟာက နည်းနည်းလွဲနေပြီ! သူဖတ်ခဲ့တဲ့သတင်းက ဘယ်ခေတ်တုန်းကဟာကြီးလဲ !’

ထို့ပြင် သူတို့သည် ခေတ်ဟောင်းအချစ်ဝတ္ထုထဲရောက်နေခြင်းဖြစ်သည်။ ရှုယောင်၏စိုးရိမ်မှုသည် ဖြစ်နိုင်ချေမရှိသော်လည်း အချစ်ဇာတ်လမ်းထဲတွင်ပါနေကျ သူများအပေါ်အရည်စွန်းအောင်လုပ်သည့် ငတုံးတစ်ယောက်တော့ရှိလောက်သည်။ ကျန်းရှုယောင်သည် တိုင်ပတ်အကကို လေးလေးနက်နက်ကြည့်နေစဉ်ယွဲ့ရှက system ကို မေးလိုက်သည်။

[ ဒီမှာ ရှီချင်းယင်ရှိလား ]

[ သူက အခု အခန်း (၁၀၁) ထဲမှ စိတ်ညစ်တာကိုဖြေဖျောက်ဖို့ သောက်နေတယ် နောက်တစ်နာရီခွဲလောက်နေရင် သူ့အဖေက သူ့ကို အိမ်ပြန်ခေါ်သွားဖို့ရောက်လာမှာ ]

System သည် စိတ်မပါ့တပါဖြင့် ဖြေလာပြီး ယွဲ့ရှအား ဝတ္ထုမှကောက်နုတ်ချက်များကို ပြောပြဖို့လည်း ဆန္ဒမရှိပေ။ [ သူ့အဖေက “ဘာမှမဟုတ်တဲ့မိန်းမတစ်ယောက်ကြောင့် ဒီလိုလုပ်နေတာက ရှီမိသားစု မျက်နှာကို အိုးမည်းသုတ်တာပဲ” လို့ပြောလောက်တယ် ]

ယွဲ့ရှက နည်းနည်းစိတ်ဝင်စားလာသည်။ [ ဝတ္ထုထဲမှ ရှီချင်းယင်က အဲ့စကားကို ဘယ်လိုတုန့်ပြန်လိုက်လဲ ]

System : [ သူတစ်ညလုံး သေချာစဉ်းစားပြီးနောက် သူက သူ့အဖေမှန်တယ်လို့ ခံစားလာရတာ

ယွဲ့ရှ : […….] ]

‘အဲ့နှစ်ယောက် အထုပ်ထုပ်ပြီး အာကာသကို ကိုယ့်ဘာသာထွက်သွားတာပဲကောင်းမယ်ထင်တယ်၊ သူတို့နှစ်ယောက်လုပ်နေပုံက ကမ္ဘာပျက်တာကိုအစပျိုးလောက်တယ်’

လက်ရှိ တိုင်ပတ်အကရှိုးပွဲသည် ကြီးကြီးကျယ်ကျယ်ကျင်းပထားသောပွဲဖြစ်သည်။ အကသမားများသည် တိုင်ပတ်အကတွင် ဆရာတစ်ဆူဖြစ်သည်။ သူတို့သည် တူညီသောမျက်နှာဖုံးကိုဝတ်ဆင်ထားပြီး အနက်ရောင်ဘောင်းဘီသာဝတ်ထားသည်။ သူတို့က လှုပ်ရှားမှုတိုင်းသည် သူတို့၏ကြွက်သားအလှကို ပြသနေ၏။

ယွဲ့ရှသည် ခုံတန်းကို တစ်ချက်ကြည့်လိုက်သောအခါ ခုံတန်းသည် လူအပြည့်ပင်။ ပရိတ်သတ်ထဲတွင် မိန်းမထက်ယော်ကျားက ပိုများသည်။ သူမက ကျန်းရှုယောင်ကိုပြောလိုက်သည်။ “အဲ့အက မိုက်တယ်နော်” ကျန်းရှုယောင်က ဟိုကြည့် ဒီကြည့်လုပ်ပြီးနောက် သူမလက်ညိုးထိုးရာကို ကြည့်လိုက်သည်။ သူမသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီးနောက် “အညိုလေးလား” ဟုမေးလာသည်။

‘ဘယ်နားကအညိုကို ပြောနေတာလဲ’

System သည် တဖြည်းဖြည်းလိုင်းပြန်တက်လာသည်။ [ အဲ့နေရာကတကယ်ကို တော်တော်လေး မျက်လုံးထဲ ဆွဲဆောင်မှုရှိတယ် ]

ယွဲ့ရှ : “..ဟမ်?..”

ထို့နောက် ချက်ချင်းပင် system သည် နေရာနှစ်ခုကို အဝိုင်းဝိုင်းလိုက်သည်ကို သူမတွေ့လိုက်ပြီး ငြိမ်ကျသွားသည်။

‘ကြာပန်းဖြူလေး ငါတကယ်မထင်ထားဘူး ထားလိုက်ပါတော့ အဲ့နေရာက တကယ်ကိုဆွဲဆောင်မှုရှိတယ်’

တိုင်ပတ်အကနှင့်ပတ်သတ်ပြီး သူတို့နှစ်ယောက် ပျော်ရွှင်စွာစကားပြောနေရင်း system ၏ထူးဆန်းသောအသံကို ယွဲ့ရှရုတ်တရက်ကြားလိုက်သည်။ [ မူမမှန်မှု ရှာဖွေတွေ့ရှိပါသည်။ ]

ယွဲ့ရှ: [ဘာဖြစ်တာလဲ ]

[ တစ်ခုခုမှားနေပြီ ] system၏စက်သံသည် ပြုတ်ကျသွားသည်။[ ဝတ္ထုအရဆို ပေါ်လာရမှာက အဖေရှီလေ၊ အခုက ရှီယွမ်ကျန်း ရှီချင်းယင်ရဲ့ အကိုကြီးရောက်နေတယ် ]

[ အကိုကြီးကလည်း အဖေလိုမျိုးပါပဲ ဘာပဲပြောပြောတူတူပါပဲ ] ယွဲ့ရှက မျက်မှောင်ကြုတ်လိုက်သည်။

[ ငါတို့အဆင်ပြေမှာမလား ]

System : [ ငါသူနဲ့ပတ်သတ်ပြီး ဘာအချက်အလက်မှမရှိဘူး သူကဇာတ်ကြောင်းထဲမှ မပါဘူး ]

ယွဲ့ရှသည်သူမ၏နို့ခွက်ကိုကိုင်ရင်း ကြောင်တောင်တောင်ဖြစ်သွားသည်။ :[....? ]

‘ဘာလို့ရုတ်တရက်ကြီးထူးဆန်းတာက ပေါ်လာတာလဲ’

သူမ အတွေးရေယာဉ်ထဲ နစ်မျောနေစဉ် သူမသည် သူမနောက်ဘက်မှ ရှီချင်းယင်၏ မောဟိုက်သံကိုကြားလိုက်ရသည်။

“အကိုကြီး၊ သူစိမ်းတွေ‌ရှေ့မှာ ကျွန်တော့်မျက်နှာကိုထောက်ပေးလို့မရဘူးလား”

သူမသည် အလိုအလျောက်အနောက်ကိုလှည့်ကြည့်လိုက်သည်။ သူမအနောက်ဘက်နှင့် ပြိုင်လျက်နေရာတွင် ရပ်နေသော အရပ်ရှည်ရှည်နှင့် လူတစ်ယောက်ကို တွေ့လိုက်ရသောအခါ သူမ လန့်သွားသည်။ ‘သူဘယ်ကတည်းက အဲ့မှာရပ်နေတာလဲ’ သူမ လက်တုန်သွားပြီး ခွက်ထဲမှ နို့များသည် ထိုလူ၏ပေါ်သို့ကွက်တိကျသွားသည်။

ဝတ္ထုထဲတွင် အရည်ဖိတ်ကျသော ဇာတ်ကွက်သည် ရှောင်ရှားလို့မရပေ။ သူမသည် ထိုဖိတ်ကျအောင်လုပ်သော ငတုံးဖြစ်နေသည်။ ယွဲ့ရှသည် ကြောင်တောင်တောင်ဖြင့်မော့ကြည့်လိုက်ချိန် ရှီယွမ်ကျန်း၏အကြည့်နှင့်စုံသွားသည်။

သူ၏မျက်နှာပုံစံသည် ရှီချင်းယင်းနှင့်ဆင်သော်လည်း သူက ပို၍ရုပ်လုံးကြွပြီး မျက်လုံး၊နှုတ်ခမ်း၊မျက်ခုံးတို့မှာ ပိုထင်ရှားသည်။ သူ့မျက်ဆံသည် အညိုရောင်သမ်းပြီး အေးစက်သောခံစားချက်ကို ပေးနေ၏။ သူမဘက်မှကြည့်လျှင် သူ့ပုံစံသည် ယုတ္တိမရှိသောခံစားချက်ကိုပေးနေသည်။

ယွဲ့ရှသည် အလိုအလျောက်ခေါင်းငုံ့လိုက်သည်။ နွေရာသီဖြစ်သော်လည်းရှီယွမ်ကျန်းသည် ကြယ်သီးကိုအပြည့်တပ်ထားဆဲပင်။ သို့သော်လည်းပဲ သူမသည် စိုစွတ်နေသာရှပ်အင်္ကျီအောက်တွင် သူ၏ကြွက်သားများကိုမြင်နိုင်သေးသည်။ သူမသည် လုပ်ချောင်းဆိုးသံကိုကြားလိုက်ရသည်။

သူမ မျက်တောင်ခတ်လိုက်ပြီးနောက် သူသည်လည်း တည်ငြိမ်‌သောအမူအရာဖြင့် တစ်ဖက်သို့လှည့်သွားသော်လည်း ယင်းသည် သူ၏နီရဲနေသောနားဖျားလေးကိုပြသသလိုဖြစ်သွားသည်။

‘ဟမ် သူရှက်နေတာလား’

“ယွဲ့ရှ?!....” ရှီချင်းယင်သည် မျက်မှောင်ကြုတ်ပြီး သူတို့နားရောက်လာခဲ့သည်။ သူထံမှ အရက်နံ့ကိုမွှန်နေအောင်ရသည်။

“နင်က ဘာလို့ဒီကိုရောက်နေတာလဲ”

သူ၏အပြစ်တင်လိုသော ပုံစံနှင့်ရင်ဆိုင်ရသောအခါ ယွဲ့ရှသည် “နင်နဲ့မဆိုင်ဘူး”ဆိုသည့် ပုံစံဖြင့် ပြန်လှည့်သွားသည်။ စိတ်ထဲတွင် ကျန်းရှုယောင်အိမ်သာကိုထွက်သွားသည်မှာ ကံကောင်းသည်ဟု တွေးနေမိသည်။

ရှီချင်းယင်သည် အလွန်အကျွံအရက်မူးနေသော်လည်း သူသည် တတွတ်တွတ်ရွတ်နိုင်သေးသည့်ပုံပင်။

“နင့်ကိုယ်နင်တော်တော်ဂုဏ်ယူနေတယ်ပေါ့လေ၊ နင်အခု အခွင့်အရေးရသွားပြီလို့ထင်နေတာလား၊ နင်နဲ့ သူနဲ့က မတူဘူး၊ ရှုယောင်က ငါ့နဲ့ခဏလေးတောင်ခွဲပြီးနေနိုင်တဲ့သူမဟုတ်ဘူးကွ”

ယွဲ့ရှ : “အော် ဟုတ်လား...”

ရှီချင်းယင် : “အရေးမပါတာတွေလုပ်မနေစမ်းနဲ့၊ နင်အဲ့လိုလုပ်လေ နင့်ကိုလူတွေကပိုရွံ့လေပဲ”

ယွဲ့ရှ : “အော် ဟုတ်လား ‌အော်...”

သူမသည် ရှီချင်းယင်၏နောက်ခံအသံလိုသာ သဘောထားလိုက်သည်။ သူမသည် နောက်ဘာလုပ်ရမည်ကိုတွေးရင်းခေါင်းကိုက်နေပြီ ဖြစ်သည်။ ယခုတစ်ခါသည် သူမအတွက် သူများအပေါ်ပထမဆုံးအကြိမ်ရေဖိတ်ကျအောင်လုပ်မိခြင်းဖြစ်သည်။ ‘ငါဘာပြောရမလဲ၊ အဝတ်လျှော်ခပေးမယ်လို့ပြောရမှာလား? ဒါမှမဟုတ် နို့ကိုသုတ်ပေးလိုက်တာပဲကောင်းမလား? အာ ဘာပဲဖြစ်ဖြစ် အရင်ဆုံးတောင်းပန်လိုက်တာပို‌ကောင်းမယ်ထင်တယ်’

“တောင်းပန်ပါတယ်”

ရှီယွမ်ကျန်းကလည်း လေးစားသမှုဖြင့် ခေါင်းညိတ်ပြလိုက်သည်။

အခြေအနေသည် နှစ်ဖက်လုံးအတွက်ကို့ရို့ကားယားဖြစ်နေသည်။ ရှီချင်းယင်သည် ဆက်လက်ပြီးပြောနေဆဲပင်။ ရှီချင်းယင်သည် “သူငါနဲ့မတွေ့ရလို့ တိတ်တိတ်လေးငိုနေလောက်တယ်”၊

“သူက ငါ့ထက်တောင်အခြေအနေဆိုးလောက်တယ်”ဟု တွေးနေသည်။သူသည် တစ်ယောက်တည်း အလွန်အကျွံ စိတ်ကူးယဉ်နေရင်းတန်းလန်း အိမ်သာထဲမှ ပြုံးလျက်ထွက်လာသော ကျန်းရှုယောင်ကိုတွေ့လိုက်ရသည်။ သူမသည် လက်ပင်ခါပြနေသည်။

ရှီချင်းယင် “....”

‘ဟမ် ငါ ထင်ယောင်ထင်မှားဖြစ်နေတာလား’ သူသည် သူပါးကို သူ့ဘာသာရိုက်လိုက်သည်။ သူ၏အမြင်အာရုံသည်မှောင်ကျသွားပြီး နောက်သို့ခြေလှမ်းတစ်လှမ်းနှစ်လှမ်းခန့်ဆုပ်လိုက်သည်။ သူသည် သူ့ကိုယ်သူအိပ်မက်မက်နေသည်ဟု ထင်နေသည်။ “ငါ မဟုတ်တရုတ်တွေ လျှောက်မြင်နေတာနေမှာပါ”

သူ့ဘေးနားတွင် ယွဲ့ရှ : “အဆင်ပြေရဲ့လား?”

ရှီယွမ်ကျင်း : “အင်း..”

ယွဲ့ရှသည် အကြံဖြင့် သူမ၏လက်ကိုဆန့်ထုပ်လိုက်ပြီး “ ကျွန်မသုတ်ပေးမယ်”

ရှီယွမ်ကျန်း: “?!”

သူသည် တံတွေးမျိုချလိုက်ပြီး တတွတ်တွတ်ရွတ်နေသော ရှီချင်းယင်ကို ဆွဲခေါ်လိုက်သည်။ ရှီယွမ်ကျန်း၏တည်ငြိမ်သောခြေလှမ်းများသည် သူ၏အလျင်စလိုထွက်သွားလိုမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။

“အဲ့တာဆိုပြန်လိုက်ပါဉီးမယ်”။ “ခဏ ကျွန်တော်ပြောလို့မပြီးသေးဘူးလေ” ရှီချင်းယင်က တုန့်ပြန်လာသည်။ သူသည် မေးပင်မမေးလိုက်ရဘဲ ရှီယွမ်ကျန်း၏ဆွဲခေါ်သွားခြင်းကိုခံလိုက်ရသည်။ အပြန်လမ်းတွင် သူသည် ခေါင်းကိုတစ်ခုခုနှင့်ရိုက်မိပြီး အမှန်တကယ်ပင် သတိလစ်သွားခဲ့၏။

ယွဲ့ရှသည် အလျင်အမြန်ပျောက်ကွယ်သွားသောသူတို့ကိုကြည့်နေလိုက်သည်။

သူမသည် အသံတိုးတိုးဖြင့်ပြောလိုက်သည်။ :[ System ဒီ ဗိုင်းရက်စ်က ချောသားပဲ ]

All Chapters