← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အပိုင်း (၁၈) - နင်မှားတယ် (၁)

ကျန်းရှုယောင်မှာ ရေစိုနေသောလက်ကို တစ်ရှူးဖြင့်သုတ်ကာ ထိုင်လိုက်ပြီး ယွဲ့ရှကိုစကားပြောမည် အပြု သူမသည် ယွဲ့ရှအမူအရာထူးဆန်းနေသည်ကို သတိပြုမိလိုက်သည်။ “ဘာဖြစ်လို့လဲ၊ တစ်ခုခုဖြစ်သွားတာလား” ဟု သူမက မေးလိုက်သည်။

ယွဲ့ရှက အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး “ဘာမှမဟုတ်ပါဘူး”

ထိုကိစ္စသည် ရှုယောင်နှင့်မဆိုင်ပေ။ ထိုကိစ္စသည် System အတွက်အနည်းငယ်ပြဿနာတက်လောက်သော်လည်း ယင်းသည် သူမနှင့်မဆိုင်ပေ။

တိုင်ပအကပွဲသည်လည်း ပြီးဆုံးသွားလေပြီ။ အစီအစဉ်တင်ဆက်သူသည် တိုင်ပတ်အကသမားများကို သေသေချာချာအဆင့်သတ်မှတ်ပေးပြီး ဆုလည်းချီးမြှင့်ခဲ့သည်။ ယွဲ့ရှသည်‌ နောက်ထပ်နို့တစ်ခွက်မှာယူလိုက်သည်။ ချို့ယွင်းနေသော System ကို နှိုးထရန် သုံးကြိမ်ခန့်ကြိုးစားခဲ့ပြီးမှသာ ကျန်းရှုယောင်သည် ပန်းရောင်အနိုင်ရရှိသူကို တမေ့တမောကြည့်နေမှန်း သူမ သတိထားမိသွားသည်။

ယွဲ့ရှက ရှုယောင်ကိုခေါ်လိုက်သည်။

“ဟမ်” နာမည်ခေါ်သံကြားမှသာ ကျန်းရှုယောင်အသိပြန်ဝင်လာတော့သည်။ “ဘာလဲဟင်”

“ဘာတွေအဲ့လောက်စဉ်းစားနေတာလဲ”

“ဘာမှမဟုတ်ပါဘူး” ကျန်းရှုယောင်မျက်ဝန်းများသည် ပုံမှန်အတိုင်းနူးညံ့သွားသည်။ “ဒီတိုင်း ငါ ရုတ်တရက်ကြီး ချင်းယင်ကို တွေးမိသွားလို့”

[ဒင်း...] နောက်ဆုံးတွင် ယွဲ့ရှသည် ကြားနေကျ စက်သံကိုကြားရလေပြီ။ [နောက်ကြောင်းဖြည့်စွပ်ချက် အကျဉ်းချုပ် နှင့် ဇာတ်ကောင်အချက်အလက်တိုးမြှင့်ခြင်း။ သင့်လျော်သောဇာတ်လမ်းဇာတ်ကွက်တစ်ခု ထပ်တိုးခြင်း ]

ယွဲ့ရှ: “...”

‘ရှုယောင်က ဘာလို့ရုတ်တရက်ကြီး ရှီချင်းယင်ကို‌တွေးမိသွားတာလဲ? အဲ့တိုင်ပတ်အကတိုင်က သူ့ရဲ့ပုတ်နေတဲ့ခေါင်းကိုရိုက်ဖို့အတွက် သင့်တော်လို့များလား’

စင်စစ်တွင် မင်းသားလေးသည် အပြစ်ပယ်ခံရပြီအနိုင်ကျင့်ခံနေရသော ကောင်မလေးအား ကယ်တင်သည့်ဇာတ်လမ်းသည်တွေ့နေကျ ဇာတ်လမ်းဖြစ်သည်။ ထိုစဉ် အကယ်ခံလိုက်ရသောကောင်မလေး၏ချစ်စိတ်များသည် နှိုးကြွလာသည်။သို့သော် နှစ်ဖက်မိသားစုများ၏သဘောမတူမှုကြောင့် ချစ်လျက်ကွေကွင်းခဲ့ရသည်။ ကျန်းရှုယောင်သည် နိုင်ငံခြားသို့ထွက်သွားရန်ရွေးချယ်ခဲ့ပြီး သူမ ပြန်လာမှသာ သူတို့၏ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ခဲ့သည်။

ကျန်းရှုယောင် သူမ ဘဝအကြောင်းပြောနေသည်ကို နားထောင်နေရသော ယွဲ့ရှသည် စကားလမ်းကြောင်းထဲကို ဝင်ဖြတ်ပြောဖို့ရန် မလိုလားပေ။ သူမသည် စိတ်ဓာတ်ကျနေသော System ကိုသာဆွဲထုပ်ပြီးမေးလိုက်သည်။ [ ရှီချင်းယင်အမေက ပိုက်ဆံထုပ်ပစ်ပြီး သူ့သားနဲ့မပတ်သတ်ဖို့ပြောလိုက်တာတော့ မဟုတ်ပါဘူးနော်၊ အဲ့ဒါကြီးက ပေါလွန်းတယ် ]

System :[ မဟုတ်ပါဘူး]

ယွဲ့ရှ :[ အဲ့ဆို ဘာဖြစ်ခဲ့တာလဲ? ]

[ သူ့အမေက ပိုက်ဆံထုပ်ပစ်စရာတောင်မလိုပါဘူး] System က တိုက်ရိုက်သာပြောလိုက်တော့သည်။ [ ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းပြီး တန်ဖိုးကိုမြင့်မြင့်ထားထားတဲ့ မိန်းကလေးတစ်ယောက်အတွက်ဆို အထင်သေးတဲ့အကြည့်နဲ့ “နင်နဲ့ငါ့သားနဲ့တန်တယ်လို့နင်ထင်တယ်ပေါ့”လို့ပြောလိုက်ရုံပဲလေ]

ယွဲ့ရှ : “…”

‘ကျေးဇူးပဲ ရှီမိသားစုရေ အခုဆို နေ့ကောင်းနေ့မြတ်တောင်စောင့်စရာမလိုဘဲ အာကာသထဲကိုလွှင့်ပစ်ဖို့ နောက်ထပ်လူတစ်ယောက်တိုးသွားပြီ ဒီနေ့ပဲချက်ချင်း ဒုံးကျည်နဲ့ကိုယ့်ကိုယ်ကိုယ်လွှင့်တင်သင့်နေပြီ’

[ ရှီချင်းယင်က လုံးဝကြီးမျှော်လင့်ချက်မဲ့သွားတာတော့မဟုတ်ဘူး] ယွဲ့ရှသည် ကျန်းရှုယောင်အတွက် ရေထည့်ပေးလိုက်ပြီး ဘက်လိုက်မှုမရှိပြောလာသည်။ [ အနည်းဆုံးတော့ သူကျောင်းတုန်းက လူတစ်ယောက်ကို ကာကွယ်ပေးထားဖူးတာကိုတော့ ချီးကျူးထိုက်ပါတယ်လေ ]

System : [ သူ့ကို အနိုင်ကျင့်ဖို့လူလွှတ်လိုက်တာက ဇာတ်လိုက်ကိုယ်တိုင်ပဲ။ သူက ကြာပန်းဖြူလေးကို မြင်မြင်ချင်းချစ်မိသွားတော့ ကြာပန်းဖြူလေးကိုကယ်တင်ပြီး သူ့အချစ်ကိုရချင်ခဲ့တာ ]

ယွဲ့ရှ ချက်ချင်းပင် ရိုင်းစိုင်းလာတော့သည်။ [အဲ့ကောင်လဲသေလိုက်တော့!]

“ငါ့အကြောင်းကြီးပဲနားထောင်တာပျင်းစရာကောင်းနေတော့မှာပဲ တောင်းပန်ပါတယ်” ယွဲ့ရှတိတ်နေသည်ကို ကျန်းရှုယောင်က သတိထားမိပြီး အလျင်စလိုရှင်းပြလာသည်။ “နင့်သူ့အပေါ်အကောင်းမြင်လို့မရဘူးဆိုတာငါသိပါတယ် ဒါပေမယ့် အဲ့ဒါကလေ အကုန်အထင်လွဲတာတွေ သူကအပြင်ပန်းပဲ‌အေးစက်တာ နှလုံးသားကနွေးထွေးပါတယ် နင်သာသူ့ကိုနားလည်ဖို့အချိန်ယူမယ်ဆိုရင် နင်လည်းသိလာမှာပါ”

ယွဲ့ရှ : “အချိန်ကတန်ဖိုးရှိတယ် မဖြုန်းကောင်းဘူး”

ကျန်းရှုယောင် : “?”

သူတို့နှစ်ယောက်နားတွင်ထိုင်နေသောသူသည် ကျန်းရှုယောင်၏ငယ်စဉ်က နာကျင်စရာများအကြောင်းကို အချိန်တော်‌တော်ကြာသည်အထိ နားထောင်လိုက်ရပြီးနောက် တိုင်ပတ်အကစင်ရှေ့တွင် ထိုအကြောင်းကိုပြောနေသောသူတို့ကိုလူထူးဆန်းဟု ထင်သွားကြသည်။ ယွဲ့ရှ၏စကားကိုကြားသောအခါ ထိုလူသည် မအောင့်နိုင်တော့ဘဲ “ဖွတ်...” ဟုလွှတ်ခနဲထွက်သွားသည်။

ကျန်းရှုယောင်သည် ဒေါသကြီးသူမဟုတ်သောကြောင့် စိတ်မဆိုးပေ။ ထို့ပြင် သူမသည် ယွဲ့ရှကိုလေးစားစွာကြည့်လာပြီးရုတ်တရက်ပြောလာသည်။ “နင့်မှာ သူငယ်ချင်းတွေအများကြီးတွေရှိမှာပေါ့နော်ဟုတ်တယ်မလား”

ယွဲ့ရှသည် System နှင့် ရှီချင်းယင်ကိုအပြစ်တင်နေရသောကြောင့် ကျန်းရှုယောင်စကားကိုကြားသောအခါ သူမကလှည့်ကြည့်လာသည်။ “ဟမ်...”

“နင်နဲ့သိတာမကြာသေးဘူးဆိုတော့ ငါအဲ့လိုပြောရင်နည်းနည်းများရိုင်းမလားမသိပေမယ့် နင်က တကယ်အကျင့်ကောင်းတယ်နော်” ကျန်းရှုယောင်က နူးညံ့သော စကားတစ်ခွန်းချင်းစီကို ခံစားချက်အပြည့်ဖြင့်ပြောလာသည်။ ပြောရင်းနှင့်သူမသည် နည်းနည်းလည်းစိတ်ညစ်လာသေးသည်။ “နင်က လူတစ်ယောက်ကိုမကြိုက်ရင် မကြိုက်သလိုပြောလို့ရတယ်၊ နင်ချစ်တဲ့သူပေါ်လည်း နင်ကကောင်းတယ် လူတိုင်းက နင်နဲ့သူငယ်ချင်းဖြစ်ချင်ကြမှာပဲ..”

ယွဲ့ရှသည် တည့်တိုးဆန်ပြီး သူမ၏သဘောကျခြင်းမကျခြင်းကို လွတ်လပ်စွာဖော်ပြခွင့်ရှိသည်။ ‘ သူက ငါနဲ့လုံးဝမတူဘူး’

ယွဲ့ရှသည် ကျန်းရှုယောင်၏အထီးကျန်သော မျက်ဝန်းကိုကြည့်ပြီး တွေးမိသွားသည်။ ‘နင်သူငယ်ချင်းမရှိတာ အဲ့ခွေးသူတောင်းစား ရှီချင်းယင်ကြောင့်လေ နင့်အကျင့်နဲ့လုံးဝဆိုင်မနေဘူး’

အခြေအနေသည် စိတ်ညစ်စရာဘက်စောင်းလာသည်ဟု ကျန်းရှုယောင်ခံစားလိုက်ရပြီး အလျင်အမြန်တောင်းပန်လာသည်။ “ငါတောင်းပန်ပါတယ် ငါမပြောခဲ့သင့်ဘူး”

“လူအများစုလုပ်နေကျ အမှားတစ်ခုက သူစိမ်းတွေဆိုကြင်နာပြီး ကိုယ့်ကိုချစ်တဲ့သူကျ နာကျင်အောင်လုပ်မိတာပဲ” ယွဲ့ရှသည် ကျန်းရှုယောင်၏ခွက်ကိုသူမခွက်နှင့်တိုက်လိုက်ပြီး “ငါက အဲ့အမှားကိုကျော်လွှားနိုင်သွားပြီး ငါ့အပေါ်ကောင်းတဲ့သူကိုပြန်ကောင်းပေးရုံပဲ ပြီးတော့ ငါက နည်းနည်းလေးပဲကောင်းတာပါ”

ကျန်းရှုယောင်က ကြောင်တောင်‌တောင်ပြူးကြည့်လာ၏။

“ပြီးတော့ တကယ်က လူတိုင်းကိုကြင်နာဖို့ဆိုတာက ပိုခက်တယ်လေ” ယွဲ့ရှက ကျန်းရှုယောင်ကို သေချာကြည့်လာပြီး “သန်မာတဲ့နှလုံးသားရှိတဲ့သူကသာ လူတိုင်းကိုကြင်ကြင်နာနာဆက်ဆံနိုင်တာလေ ဟုတ်တယ်မလား”

ကျန်းရှုယောင် : “......”

သူမသည် လူတိုင်းကို ရက်ရက်‌ရောရောချီးမွမ်းတတ်သော်လည်း သူမကိုယ်တိုင်ကမူ ချီးမွမ်းခံရခြင်းနှင့်နေသားမကျ‌ပေ။ သူမသည် ချက်ချင်းပင် အကြည့်လွဲသွားပြီ ဂနာမငြိမ်ဖြစ်နေသည်။

အချိန်တော်တော်ကြာမှသာ သူမက တိုးတိုးလေးမေးလာသည်။ “ငါနင့်အိမ်မှာ ရက်နည်းနည်းလောက် ထပ်နေလို့ရသေးလားဟင်”

ယွဲ့ရှ : “ရတာပေါ့”

System ထင်ထားသည်မှာ ယွဲ့ရှသည် စကားကောင်းကောင်းမပြောနိုင်ဟုပင်။ ထိုကြောင့် ယွဲ့ရှစကားကြောင့် ရင်ထဲ‌တော်တော်ထိသွားရှာသည်။ [နင်က ကောင်းသား.... ]

[ ဒါငါ့ဘဝမှာ ပထမဆုံး ဆုံးမစကားအရှည်ကြီးပြောဖူးတာ] ယွဲ့ရှသည် စိတ်သတ်သာရာရသွားသောကြောင့် သက်ပြင်းရှည်ကြီးချလိုက်ပြီး ပျော်ရွှင်စွာအော်လိုက်သည်။ [ ဝါး.....စိတ်ကြည်ဖို့ကြက်သားစွပ်ပြုတ်လေးလာပြီဗျို့ ]

System : [….]

‘အား........နားကွဲပြီ.....အား’

T/N: ( ကြက်သားစွပ်ပြုတ်က တရုတ်မှာဆိုကောင်းတဲ့အဓိပ္ပါယ်တော့မရှိဘူး၊ ဒါက တစ်ဖက်လူစိတ်သက်သာရာအောင် သူပြောတဲ့စကားကိုနားထောင်ပေးလိုက်ရုံပဲ၊ တစ်ဖက်လူရဲ့ပြဿနာကိုဖြေရှင်းပေးတာမျိုးလဲမဟုတ်ဘူး၊ ဒီနေရာမှာ ယွဲ့ရှက ကျန်းရှုယောင် သူ့ပေါ်မကောင်းတဲ့သူအပေါ်ကောင်းတာက ကောင်းတဲ့အရာလို သူတွေးတာမဟုတ်ဘူး၊ သူက ကျန်းရှုယောင်စိတ်သက်သာရာရအောင်ပြောလိုက်တဲ့သဘောမျိုးပဲ)

All Chapters