အခန်း ၁၉
Vol. 2 Ch. 19
အခန်း (၁၉) - နင်မှားတယ် (၂)
အိမ်ပြန်ရောက်ပြီး ကျန်းရှုယောင်ကို နှုတ်ဆက်ပြီးနောက် ယွဲ့ရှသည်ဧည့်ခန်းထဲသို့ သွားလိုက်သည်။ သူမအား ထူးဆန်းစွာကြည့်နေသော ယွဲ့ချင်းနှင့်ယွဲ့တဲ့လျန်ကို သူမ သတိထားမိလိုက်သည်။
ယွဲ့ချင်း : “ နင်မဟုတ်မှလွဲရော”
ယွဲ့တဲ့လျန် : “ သမီးပျော်ရင်ပြီးတာပါပဲ”
ယွဲ့ရှ : “...?”
ယွဲ့ရှက တည်တည်ငြိမ်ငြိမ်ပြန်ပြောလာသည်။ “လျှောက်တွေးမနေနဲ့ သမီးတို့က ဒီတိုင်း သူငယ်ချင်းတွေဘဲ”
ယွဲ့ချင်းသည် သူမကို လုံးဝမယုံကြည်ပေ။ “နင် ဘာလုပ်ဖို့ကြံနေတာလဲ၊ နင်တို့ ခုနက ဘယ်ကိုသွားတာလဲ”
ယွဲ့ရှသည် ထုံးစံအတိုင်း အမှန်အတိုင်းသာ ပြောပြလိုက်သည်။ “ယဲ့ရှန်း”
ယွဲ့ချင်းသည်လည်း ထိုနေရာကိုသိသည်။ သူသည် မျက်မှောင်ကြုတ်လိုက်ပြီး “နင် ရှီချင်းယင်ကို သွားရှာပြန်ပြီလား၊ ပြီးတော့ နင်က အဲ့ကိုကျန်းရှုယောင်ကိုပါခေါ်သွားသေးတယ်ပေါ့”
“ယဲ့ရှန်းကိုသွားတာနဲ့ ရှီချင်းယင်ကို ရှာတာဖြစ်ရောလား” ယွဲ့ရှက ပြောလိုက်သည်။ “ညီမတို့က အဲ့ကို တိုင်ပတ်အက သွားကြည့်တာ၊ ဒီနေ့ညက နှစ်ပတ်လည်ပြိုင်ပွဲကျင်းပတဲ့နေ့လေ၊ အကိုကြီးတို့ ကြော်ငြာမတွေ့လိုက်ဘူးလား”
ယွဲ့ချင်း : “...”
ယွဲ့တဲ့လျန် : “...”
ယွဲ့တဲ့လျန်က တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလာသည်။ “ သမီး အဲ့ကိုသွားတာ ရှီချင်းယင်ကို တွေ့ဖို့လည်း ဖြစ်နိုင်တာပဲလေ”
ယွဲ့ရှသည် သူတို့ကိုလျစ်လျူရှုပြီး ပတ်ပတ်လည်ကိုကြည့်ပြီးမေးလိုက်သည်။ “အမေကော”
“နင် မန်ဟ်ဂျုန်း ဖန်နတစ် အကြောင်းကိုပြောနေတာလား” ယွဲ့ချင်းက ဆိုဖာကိုမှီလျက် ရီမုတ်ကိုကိုင်လိုက်ပြီး ချန်နယ်ကိုပြောင်းလိုက်သည်။ “နေ့လည်ကတည်းက သူကစားနေတာ၊ သူပြောတာတော့ သူရဲ့ချစ်တ်ပြားတွေအကုန်ပြန်မရမချင်း ပြန်မလာဘူးတဲ့”
“မဖြစ်နိုင်တာ၊ သူပိုက်ဆံအဲ့လောက်ကြီးတောင် လောင်းထားတာလား” ယွဲ့ရှ ပင့်သက်ရှိုက်မိလိုက်သည်။
“အဲ့လိုမဟုတ်ဘူး” ယွဲ့ချင်းက သူအတွက် စကားဖြင့်ပြောရမည်မှာ ခက်ခဲသည့်အတိုင်းတန့်သွားပြီး “ချစ်ပ်တစ်ပြားက ၅၀ ဆင့်ပဲရှိတာ”
ယွဲ့ရှ: “.?..”
‘အော် သူ့အတွက် သိက္ခာကျတာပေါ့’
System သည် အရေးပေါ်အစည်းအဝေးမှ မထွက်လာနိုင်သေးပေ။ ယွဲ့ရှသည် လိမ္မောသီးတစ်မွှာနှစ်မွှာလောက်ယူလိုက်ပြီး ဖုန်းတွင် နောက်ဆုံးရသတင်းများကို ကြည့်ရင်းစားနေသည်။ ဤကမ္ဘာသည် တော်တော်ဗရုတ်ကျမှန်း သူမ သိလိုက်ရသည်။ သူမသည် ပုံမှန်အားဖြင့် လူလိမ် သို့မဟုတ် နွားမ ဟုနာမည်တပ်ခံရလေ့ရှိသည်။ သူမ၏ ဆိုရှယ်မီဒီယာ အကောင့်အောက်က ကွန်မန့်များမှာ “ နင်အိပ်မက်မက်နေပြန်ပြီလား”၊ “ဘာလို့ဘာပို့စ်မှမတင်တာလဲ”၊ “ငါဘယ်နေရာကနေ ရယ်စရာသွားရှာရမှာလဲ” ဟု ပြောင်နေကြ၏။
ထို့ပြင် အမည်မသိ အကောင့်ထံမှဒေါသတကြီးဆဲဆိုထားသည့် ကွန်မန့်လည်း သူမ ရထားသေးသည်။
[မလာနိုင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ ပြီးတော့ နင်က ငါ့ကို ဘလော့ရဲတယ်ပေါ့လေ ]
တစ်ဖက်လူ၏ စခရင်ကို တံတွေးထွေးလိုက်သည် ဟုပင် သူမခံစားလိုက်ရသည်။
【ယွဲ့ရှ 】: ငါ နင်နဲ့တွေ့ဖို့ သဘောမတူခဲ့ပါဘူး၊ အဲ့တာက ဘာလို့ နင့်ကိုငြင်းတယ်ဖြစ်ရမှာလဲ
【ရှန်းယု】: ရှီချင်းယင်လာမယ်လို့ ငါပြောတုန်းက နင်ကလိမ်နေတယ်ထင်နေတာလား၊ ဟုတ်တယ် အရင်ကတော့ အဲ့တာကို သုံးပြီးလိမ်ဖူးတယ် ဒါပေမယ့်ဒီနေ့က ငါအတည်ပြောနေတာ၊ နောက်မှ ရှီချင်းယင်ကို မတွေ့လိုက်ရလို့ဆိုပြီး ငါ့လာအပြစ်မတင်နဲ့၊ ပြီးတော့ နင့်ငါ့ကို ဘာလို့ ဘလော့သွားတာလဲ၊ ဘာလဲလင်းရှူကို မှန်းတော့မလို့လား
ယွဲ့ရှ: “...”
‘စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ သူ့ကိုယ်သူ ကမ္ဘာကြီးက သူ့အတွက်ပဲ လည်ပတ်နေတယ်ထင်နေတာလားမသိ’
နံပါတ်အသစ်ကို မဘလော့ခင် သူမက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
【ယွဲ့ရှ 】: အဲ့တော့ နင်က ဘာဖြစ်စေချင်တာလဲ၊ တအား အရေးကြီးနေလဲ ရဲခေါ်လိုက်ပေါ့
【ရှန်းယု】: ????
ဖုန်းပွတ်ပြီးနောက် ယွဲ့ရှသည် သက်ပြင်းချလိုက်သည်။ သူမကိုယ်သူမ တစ်လောကလုံးနှင့် ရင်ဆိုင်နေရသည်ဟု ခံစားလိုက်ရသည်။
သူမ ခေါင်းမော့လိုက်သည်နှင့်တစ်ပြိုင်နက် သူမအား မသက်မသာဖြင့်ကြည့်နေသော ယွဲ့တဲ့လျန်ကို တွေ့လိုက်ရသည်။ သူမက မျက်တောင်ခတ်ပြီးမေးလိုက်သည် “ဘာဖြစ်လို့လဲ”
ယွဲ့တဲ့လျန်၏မျက်နှာထားသည် တင်းသည်။ သူ မပြုံးနေလျှင် သူ့ပုံမှာ အနည်းငယ်ကြောက်စရာကောင်းသည်။ သူက ဖြေးဖြေးလေးမေးလိုက်သည်။ “အဲ့ရှီကောင်လေးနဲ့သမီးကြားက ကိစ္စတွေက တကယ်လားဟင်”
အခြေအနေသည် ချက်ချင်းပင် လေးလံသွားသည်။
သူမအဖေ သူမကို ဆူတော့မည်ဟု ယွဲ့ရှ စိုးရိမ်မိသွားသည်။ “ဟုတ်”
ယွဲ့တဲ့လျန်: “....”
ငါးစက္ကန့်ခန့်တိတ်ဆိတ်သွားပြီးနောက် ယွဲ့တဲ့လျန်သည် မတ်တပ်ရပ်လိုက်သည်။ သူမတ်တပ်ပုံမှာ သံရုပ်ထုကြီး မတ်တပ်ရပ်လိုက်သည်နှင့်ပင်တူသည်။ သူသည် ဧည့်ခန်းနံရံပေါ်က ရှေးဟောင်းအလှဆင်ဓားကို ယူလိုက်ပြီး နောက်တစ်စက္ကန့်အတွင်း ရှီချင်းယင်ကို ခေါင်းဖြတ်တော့မည့်ပုံစံဖြင့် သတ်ဖြတ်လိုစိတ်တို့ထုပ်လွှင့်နေသည်။
ယွဲ့ချင်းက အလောတကြီးပြောလိုက်သည်။ “အဖေ မလုပ်နဲ့...”
ယွဲ့ရှနားလည်သွားသည်။ တစ်လောကလုံး သူမ ဘက်တွင်မရှိလျှင်တောင်မှ သူမအဖေသည် သူမဘက်တွင်ရှိသည်။
[တင်း..] System သည် အချိန်ကိုက် လိုင်းတက်လာခဲ့ပြီး စိတ်ဖိစီးစွာပြောလာသည်။ [ငါတင်ပြစရာရှိတယ် ]
ယွဲ့ရှ : [ ဘယ်သူငါ့ကို report ထုပြန်ပြီလဲ ]
[ရှီယွမ်ကျန်းရဲ့တည်ရှိမှုက ဗိုင်းရစ်စ်နဲ့တူပေမယ့် သူက လျှို့ဝှက် ဇာတ်ကောင်အနေနဲ့ ရှိထားပြီးသား] Systemသည် ဇဝေဇဝါဖြစ်နေသည်။ [ ဒီလိုဇာတ်ကောင်မျိုးကို အရင်ကတစ်ခါမှ မမြင်ဖူးပေမယ့် ဒါက အရင်က ငါတို့ ဘာလို့မစ်ရှင်တွေကျရှုံးခဲ့လဲဆိုတာကို အဖြေပေးနိုင်တယ် ဘာလို့ဆို ငါတို့ သတိမထားမိတဲ့အချက်တွေရှိနေပြီ အဲ့ဒါက ကျရှုံးတာကို ဉီးတည်စေတာပဲ ]
ယွဲ့ရှသည် မပြောချင်သော်လည်း ပြောမိသွားပြန်သည်။ [ အဲ့ကျရှုံးမှုတွေရဲ့အဓိက တရားခံက ငါလို့ နင် ဝန်မခံချင်တာမလား ]
[ပါးစပ်ပိတထား! ] Systemသည်မူမမှန်စွာ ဒေါသတကြီးအော်လိုက်သည်။ [ အဲ့ဒါလုံးဝ အဲ့ကောင်အပြစ်ပဲ အဲ့ညက ဇာတ်လိုက်ကို ခေါ်သွားတဲ့သူမဟုတ်ရင်တောင် ဒီပြဿနာက ဖြစ်နေဉီးမှာပဲ ]
ယွဲ့ရှသည် System ကိုအထင်သေးစွာ ကြည့်လိုက်သည်။ [ နင် System တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိန်းထားသင့်တယ်မထင်ဘူးလား ]
‘ရှီယွမ်ကျန်းကလည်း ဝတ္ထုထဲဇာတ်ကောင်ပဲဆိုတော့ Systemကို မှီခိုမယ့်အစား ကိုယ့်ဘာသာကိုယ်ရှာတာပဲကောင်းပါတယ်’ သူမသည် သူ့နာမည်ကို လိုင်းပေါ်တွင်ရှာကြည့်လိုက်သောအခါ မြောက်များသော အောင်မြင်မှု ဆုတံဆိပ်များနှင့် အကြိုဆိုခံလိုက်ရသည်။ ‘အိုမိုင်ဂေါ့ ဒါကြီးက မများလွန်းဘူးလား ဒီကောင် လူတော့ ဟုတ်ပါသေးတယ်နော်’
System သည် သက်ပြင်းချလိုက်ပြီး မကျေနပ်မှုကိုလည်း မဖုံးကွယ်ထားနိုင်တော့ပေ။ [လျှို့ဝှက်ဇာတ်ကောင်ဖြစ်နေတာ မဆန်းပါဘူး မဆန်းပါဘူး ]
[ သူကလုံးဝကိုလွှမ်းမိုးနိုင်စွမ်းရှိတဲ့ ထိပ်တန်းCEOပဲ] ယွဲ့ရှသည်လည်း သက်ပြင်းချလိုက်သည်။ [သူသာကျောင်းတက်တုန်းက မနက်စာကို လမ်းလေးဆိုင်တန်းလေးမှာ ဆန်ခေါက်ဆွဲလေးသာ စားရဲရင် ကမ္ဘာကြီးပေါ်ကနေ လက်စဖျောက်ခံလိုက်ရမယ့် လူလို့တောင် ငါခံစားနေရတယ် ]
System :[……]
‘တကယ်တကယ် တစ်ခါတစ်လေကျ ဘာလို့ ဒီကောင်မလေး ဒီထူးဆန်းတဲ့ ဉပမာက ဘယ်ကရလာမှန်း နားကိုမလည်နိုင်တော့ဘူး’
[Host#001အရင်တစ်ပတ်က လုပ်ဆောင်မှုကို တင်ပြဖို့ရန် အချိန်တန်ပါပြီ ] Systemကပြောလိုက်သည်။ [ဇာတ်ကွက်ပြီးဆုံးမှု - (၀) ၊ ဇာတ်ကွက်ကိုပိရိစွာဖော်ပြနိုင်မှု - (+၁) ၊ ဇာတ်လိုက်နှစ်ယောက်ကြားက ဆက်ဆံရေးတိုးတက်မှု - (-၂၀)၊ မျက်ရည်ချူအဆင့် - (-၁၀) ၊ ဟာသအဆင့် - (+၁၀) ဒရမ်မာဇာတ်လမ်းထဲမှာ ဟာသလိုလို့လား ဇာတ်လမ်းကတော့ သွားပါပြီ ]
ယွဲ့ရှ : [ နင့်က ငါ့ကို အပြစ်တင်နေတာပေါ့]
[ မဟုတ်ပါဘူး ငါ့အပြစ်တွေပါ၊ ငါနင့်ကို အပြစ်မပေးခဲ့သင့်ဘူး] Systemက နှိမ့်နှိမ့်ချချပြောလာသည်။ [ ရှီချင်းယင်ကတော့ ကျန်းရှုယောင်ကို နိုက်ကလပ်ကို ခေါ်လာလို့ နင့်ကို လုပ်တော့မှာပဲ၊ အဲ့ဒါက တကယ် ဇာတ်ရှိန်အတက်ဆုံး ဇာတ်လမ်းပွိုင့်အများဆုံးရတဲ့ အပိုင်းဖြစ်မှာ၊ အတူတူတည့်အောင်နေပြီး အလုပ်ကြိုးစားရအောင်ဟုတ်ပြီလား ]
ယွဲ့ရှ : [ အွမ်း ]
System [ ပြီးတော့ ငါတို့လျှို့ဝှက်ဇာတ်ကောင်အကြောင်းလည်း မသိသေးဘူး နင်သတိကြပ်ကြပ်ထားမှဖြစ်မယ်၊ အရင်တုန်းက မိသွားတဲ့ Host ရဲ့ အဆုံးသတ်ဆို တွေးရဲစရာတောင်မရှိဘူး]
ယွဲ့ရှ [ အွမ်း]
[ရှီယွမ်ကျန်းက နင်အရင်တစ်ခါကပြောဖူးတဲ့ နင်ရဲ့Typeလိုအပ်ချက်နဲ့ကိုက်ညီနေသလားလို့ ] Systemသည် သူခံစားရသည်ကိုမေ့သွားပြီး အကောင်းမြင်စိတ်ဖြင့်ပြောလာသည်။ [ နင်ဘယ်လိုထင်လဲ ]
[ အပြင်ပိုင်း ပုံစံက အလိမ်တွေပဲ] ယွဲ့ရှက ပြတ်ပြတ်သားသားဖြေလာသည်။ [ စစ်သားက ငကြောက်သာဆိုရင် သူဗိုလ်ချုပ်လည်း ကောင်းဖို့မရှိနိုင်ဘူး ရှီချင်းယင်နဲ့ အဖေတူတဲ့ ယောက်ျား ကောင်းနိုင်မယ်ထင်နေတာလား ]
ထိုအချိန် ရှီအိမ်တော်တွင် ညီအစ်ကိုကြားချစ်ခင်မှုသည် တည်ရှိမနေပေ။
ရှီယွမ်ကျန်းသည် ရှီချင်းယင်ကို သစ်သားခုံပေါ်သို့ အကြမ်းပတမ်းပစ်ချလိုက်သည်။ ရှီချင်းယင်သည် လှိမ့်ကျသွားပြီး ခေါင်းကိုနာကျင်စွာကိုင်လိုက်သည်။ “အာ့....”
ရှီယွမ်ကျန်းသည် ဤအမူးသမားကို ထိန်းဖို့စိတ်ကူးမရှိပေ။ သူသည် အိမ်ဖော်ယူလာသော ရေနွေးစွပ်ထားသည့် ပုဝါကိုယူလိုက်ပြီးနောက် နည်းနည်းထူးဆန်းသလို ခံစားရပြီးမျက်မှောင်ကြုတ်လိုက်သည်။
အိမ်ကိုပြန်လာသည့်လမ်းတစ်လျှောက်လုံး လေစိမ်းခံထားသည့်အပြင် အင်္ကျီ ကလည်း စိုနေသောကြောင့်မသက်မသာဖြစ်လာသည်။ သူသည် အင်္ကျီကို ပုဝါဖြင့် ပုတ်လိုက်ပြီး အပေါ်ထပ်သို့ ရေချိုးရန် တက်တော့မည့်အချိန် ရှီချင်းယင်၏ ညည်းညူသံကိုကြားလိုက်ရသည်။ “ယွဲ့ရှ....နင်....”
သူမ၏ တက်ကြွပြီးလှပသောမျက်ဝန်းများ၏ပုံရိပ်သည် ရှီယွမ်ကျန်း၏စိတ်ထဲပြန်ပေါ်လာပြန်သည်။
သူ သူမကို သိနေပြီမှာ ကြာနေပြီဖြစ်သည်။ သူမ၏မျက်နှာပုံစံကိုလာမေးပါက သူဖြေနိုင်မည် မဟုတ်ပေ။ သို့သော် ယခုတလော သူမကို ထပ်ခါတလဲလဲမြင်နေရသည့်အပြင် မြင်ရသည့်အချိန်တိုင်းလည်း အဆင်မပြေသောကြောင့် သူမကိုစိတ်ထဲစွဲနေခြင်းဖြစ်သည်။
ရှီချင်းယင်သည် ညည်းညူနေဆဲပင်။ “နင်ကြည့်နေ နင်သေမယ်”
ရှီယွမ်ကျန်းသည် အကြည့်လွဲလိုက်တော့သည်။ သူအပေါ်ထပ်သို့ တက်တော့မည့်အချိန် ရှီချင်းယင်၏ရီဝေဝေအကြည့်နှင့်စုံမိသွားသည်။
ရှီချင်းယင်သည် ရုတ်တရက် ထရယ်သည်။ “အော် အကိုကြီးလည်း အပတ်ခံလိုက်ရတာလား”
ရှီယွမ်ကျန်း၏ခြေလှမ်းများသည် ရပ်တန့်သွားသည်။
‘ငါလည်း?....’
“သူက တကယ်ကို နည်းနည်းမှ မပြောင်းဘူး။ နည်းလမ်းဟောင်းတွေကြီးပဲသုံးနေတာ ရယ်စရာကြီး” ရှီချင်းယင် သူ၏စိုနေသောနေရာကိုလက်ညိုးထိုးပြီး “ ကျွန်တော်သူ့ကို ပထမဆုံးအကြိမ်တွေ့တုန်းကလည်း သူအဲ့နည်းပဲသုံးခဲ့တာ၊ သုတ်ပေးဖို့တောင် ပြောခဲ့သေးတယ်”
ရှီယွမ်ကျန်း :“....”
ရှီချင်းယင် ရုတ်တရက် တိတ်ဆိတ်သွားမှုကြောင့်မေးလိုက်သည်။ “အကိုကြီး?...”
ရှီယွမ်ကျန်း :“မင်းသူ့ကို သုတ်ခိုင်းလိုက်သေးလား”
ရှီချင်းယင် :“ဒါပေါ့”
ရှီယွမ်ကျန်း :“အင်း”
ရှီချင်းယင် : “အင်း?”
“အဲ့တော့” ရှီယွမ်ကျန်းက အမူအရာမဲ့စွာကြည့်လာပြီး “မင်းမှားတယ်”
ရှီချင်းယင် : “..?”
ဟမ်?