← Chapters

အခန်း ၂၁

Vol. 2 Ch. 21

အခန်း ၂၁

Vol. 2 Ch. 21

အပိုင်း ၂၁ - နင့်သဘော(၂)

ရှီချင်းယင်သည် ဒေါသထွက်လွန်းသောကြောင့် စိတ်လွတ်သွားတော့မည်ဟုပင် ခံစားနေရသည်။

အမူးလည်းမပြေသေးသောကြောင့် ပို၍ပင် စိတ်ညစ်ညူးနေသည်။ ယွဲ့ရှနှင့်ကျန်းရှုယောင် ရောက်နေကြောင်းကိုကြားရသောကြောင့် သူအမြန်ပြေးလာသော်လည်း ဤကဲ့သို့မြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟု သူ မထင်မှတ်ထားပေ။

မနေ့က ကျန်းရှုယောင်နိုက်ကလပ်သို့သွားသည်အထိပင် သူလက်ခံနိုင်သေးသည်။ အခုတွင် သူမသည် ကိုယ်ကြပ်အင်္ကျီကိုဝတ်ထားသည်။ ‘ဒါဘယ်သူ့လက်ချက်လဲ...’

မိန်းမတစ်ယောက်သည် သူ့ကောင်မလေးမဟုတ်ပါက သူသည် သူမ၏ဝတ်စားနေထိုင်ပုံကို သိပ်ဂရုမစိုက်ပေ။ သို့သော် သူ့ကောင်မလေးဆိုလျှင်တော့ မည်သူ့မျက်လုံးမျှ သူ့ကောင်မလေးထံ ကျမလာစေချင်ပေ။ ကျန်းရှုယောင်သည် ရိုးရိုးယဉ်ယဉ်လေးဝတ်စားတတ်သူဖြစ်သောကြောင့် သူမနှင့်ပတ်သတ်ပြီး သူ မစိုးရိမ်ခဲ့‌ရပေ။

‘အားပေးတာ ယွဲ့ရှပဲနေမှာ’

“ရှုယောင် ဒီကိုလာခဲ့” ရှီချင်းယင်သည် သူ့အသံကို အတက်နိုင်ဆုံးကြောက်စရာမကောင်း‌အောင် ထိန်းထားသည်။ “အထုပ်တွေသိမ်းပြီး ကိုယ်နဲ့ပြန်လိုက်ခဲ့နော်”

“ကို စိတ်မဆိုးပါနဲ့” ကျန်းရှုယောင်က အလိုအလျောက်ရှင်းပြလာသည်။ “ဒီအင်္ကျီက ရှုယောင်မှာ အားကစားဝတ်စုံမရှိတော့ ယွဲ့ရှဆီက ငှားထားတာ”

ယွဲ့ရှအတွက်အကြောင်းပြချက်နေသည်ကို ကြားရသောအခါ ရှီချင်းယင်သည် စိတ်မရှည်စွာ သူမ စကားကိုဝင်ဖြတ်ပြောလိုက်သည်။ “ကိုယ့်ဘာသာကိုယ်ဘာလို့မဝယ်တာလဲ၊ ငါ နင့်အတွက်ဆို ဘယ်တုန်းက တွန့်တိုခဲ့လို့လဲ”

ကျန်းရှုယောင်သည် ဘာမှဆက်မပြောနိုင်တော့ပဲ ငြိမ်သက်စွာဖြင့်ခေါင်းသာခါလိုက်သည်။

ယွဲ့ရှ သည် ထိုသူတောင်းစားကို အမြင်ကတ်နေသည်မှာ ကြာလှပြီဖြစ်သည်။ “နင်ဘာလို့‌အော်နေတာလဲ၊ နင့်ရဲ့လည်ချောင်းပျက်စီးနေလို့လား”

ရှီချင်းယင်ခေါင်းလှည့်လာပြီး “အဲ့ဒါက နင်နဲ့ဘာဆိုင်...”

“ငါနဲ့ဘာဆိုင်လဲ ဟုတ်လား” ယွဲ့ရှ ကြားဝင်ဖြတ်ပြောလိုက်ပြီး ဘယ်သူပိုကျယ်နိုင်လဲဆိုသည်ကို ပြိုင်နေသည့်အတိုင်း ခပ်ထန်ထန်ဖြင့်ပြောလိုက်သည်။ “ငါ့အင်္ကျီကို နင့်ကိုဝတ်ခိုင်းနေလို့လား၊ ဒီတိုင်းလေးကြည့်လိုက်တာက နင့်ရဲ့ယောက်ျားဆန်တာကိုလျှော့ချစေနေလို့လား၊ နင့်စောက်သက်တိုသွားလို့လား အကောင်ရဲ့”

ရှီချင်းယင် “....”

ရန်ပွဲထဲသို့ ဘာမဆိုင်ညာမဆိုင်ဆွဲခံလိုက်ရသော ရှန်းယုမှာ မျက်လုံးပြူးလျက် ကြောင်တောင်တောင်ဖြစ်နေသည်။ ‘အဲ့ဒါ ငါသိတဲ့ယွဲ့ရှကော ဟုတ်သေးရဲ့လား၊ သူဘယ်လိုလို့ရှီချင်းယင်ကို အဲ့လိုပြောရဲတာလဲ’

ရှီချင်းယင်သည် ယွဲ့ရှနှင့်ဆက်စကားမပြောချင်တော့‌ပေ။ သူက ခပ်ဩဩအသံဖြင့် ပြောလာသည်။ “ရှုယောင် ပြန်ရအောင်”

ယွဲ့ရှ : “သူ မပြန်ချင်ဘူးဆိုတာ နင်မတွေ့ဘူးလား”

“ဘာ...” ရှီချင်းယင်သည် ကျန်းရှု‌ယောင်ကိုကြည့်ပြီးမေးလိုက်သည်။ “နင် မပြန်ချင်ဘူးလား”

ကျန်းရှုယောင်သည် တစ်ခုခုပြောလိုသော်လည်း သူမ တွန့်ဆုတ်နေသည်။ သူမသည် လက်သီးကိုတင်းနေအောင်ဆုပ်ပြီး အဆုံးတွင် ဘာမှမပြောလိုက်ပေ။ သို့သော် သူမသည် ယွဲ့ရှပြောသည်ကို သဘောတူကြောင်းပြရန် ခေါင်းငုံ့ပြီး ကြမ်းပြင်ကိုသာကြည့်နေလိုက်သည်။

ရှီချင်းယင်မှာ သူ့သွေးကြောများပေါက်ထွက်ပြီး နှလုံးမှာ ‌ဒေါသကြောင့်လောင်ကျွမ်းတော့မည်ဟုပင် ခံစားလိုက်ရသည်။

ကျန်းရှုယောင်သည် ယခင်က သူပြောသမျှတိုင်းကို မဆန့်ကျင်ဖူးပေ။

သူသည် သူ့ကျေနပ်မှုကို မပြဘဲ အေးစက်စွာပြောလာသည်။ “စေ့စပ်ပွဲက ရုတ်တရက် ပျက်စီးသွားပြီး၊ လူတော်‌တော်များများကလည်း သို့လော သို့လောဖြစ်နေကြတာ၊ အထက်ပိုင်းအများစုဆီကနေလည်း စာတွေ ရောက်လာတယ်...”

ကျန်းရှုယောင်သည် တုန်လှုပ်စွာခေါင်းကိုမော့လိုက်သည်။ “ငါဆိုလိုချင်တာ အဲ့လိုမဟုတ်...”

“ငါဆင်ခြေတွေ နားမထောင်ချင်ဘူး” ရှီချင်းယင်က ပြောလိုက်သည်။ “နင် ငါနဲ့မလိုက်ချင်ဘူးမလား သိတာတစ်လတောင်မရှိသေးတဲ့လူက နင့်အတွက် ပိုအရေးကြီးနေတယ်ပေါ့လေ”

ကျန်းရှုယောင်က စိတ်ဖိစီးစွာပြောလိုက်သည်။ “အဲ့လိုမဟုတ်ဘူးလို့”

သူမ၏သွေးတိုးသည် ၁၈၀ထိ တိုးနေသည်ဟုပင် ယွဲ့ရှခံစားလိုက်ရသည်။

[ ဒီလိုငတုံးကောင်က ဘာလို့ဇာတ်လိုက်ဖြစ်နေရတာလဲ ငါ အဲ့ကောင်ရဲ့တုံးလွန်းတဲ့ ခေါင်းကိုထုပစ်ချင်နေပြီ ]

သူမ တကယ် နားမလည်နိုင်‌ပေ။ ဤကဲ့သို့ဖြစ်မည်မှန်း သူမ သိခဲ့ပါက သူမ အဖေကိုပါ ခေါ်လာခဲ့သင့်သည်။ [ ငါတို့စကားပြောတာငါးမိနစ်တောင် မပြည့်သေးပေမယ့် ငါ အဲ့ကောင်ကို တော်တော်သတ်ချင်နေပြီ အဲ့ကောင်မှာ ကောင်းတာဆိုလို့ သွေးကျသမားတွေကို သွေးတိုးအောင်လုပ်နိုင်တာပဲရှိတယ် ]

[ Host နင်သူ့ကိုနာအောင်လုပ်လို့မရဘူး‌နော် ] System ကသူမကို ဖျောင်းဖျလာသည်။

ကျန်းရှုယောင်သည် လက်ဝှေ့လက်အိတ်ကိုချွတ်လိုက်ပြီး နည်းပြထံပေးလိုက်သည်။ မပြန်ခင် သူမ၏မျက်လုံးကိုမှေးလျက် ယွဲ့ရှ၏လက်နောက်ဘက်ကိုညှစ်လိုက်သည်။

ကျန်းရှုယောင်လက်သည် အေးစက်နေပြီး ယွဲ့ရှလက်မှာမူ နွေးနေသည်။ ခဏတာထိတွေ့ပြီး ကူးပြောင်းသွားသော အနွေးဓာတ်‌လေးသည် လျင်မြန်စွာပျောက်ဆုံးသွားခဲ့သည်။

ကျန်းရှုယောင်သည် ရုတ်တရက်စိတ်မကောင်းဖြစ်ပြီး ရှက်ရွံ့မိသောကြောင့် တိုးတိုးလေးပြောလိုက်သည်။ “တောင်းပန်ပါတယ်” သူမ မည်သည်ကြောင့်စိတ်မကောင်းဖြစ်ရသည်ကို သူမ သေချာမသိသလို ဘာလို့တောင်းပန်မိကြောင်းကိုလည်း သူမ သေချာမသိပေ။

နောက်လာမည့် ကိစ္စကို သူမ လုံးဝမခန့်မှန်းမိ‌ပေ။ ယွဲ့ရှသည် သူမလက်ကိုကိုင်လိုက်ပြီး တိုးတိုးလေးပြန်ပြောလိုက်သည်။ “နင်ငါ့ကိုစိတ်မပျက်စေခဲ့ပါဘူး”

‘အဲ့ဆို ငါ ဘယ်သူ့ကိုစိတ်ပျက်စေခဲ့တာလား၊ ငါ့ကိုယ်ငါလား’

သူမသည် ထွက်ပေါက်ဘက်လှည့်လိုက်သည်။ ထွက်ပေါက်တွင် ရှီချင်းယင်က ရပ်ပြီးစောင့်နေသည်။ လမ်းလျှောက်နေရင်း သူမအကြည့်သည် ယွဲ့ရှနားမှ မခွာသွားခဲ့ပေ။

ယခုတစ်ခေါက်တွင်ရှီချင်းယင် ‌တော်တော်‌လေးကို ဒေါသထွက်မိသည်။ အခြေအနေသည် စိတ်ပျက်စရာကောင်းနေပြီး နောက်ထပ်တစ်မိနစ်အတွင်း မုန်တိုင်းလာတော့မည့်အတိုင်းဖြစ်နေသည်။ သူက သတိပေးလိုက်သည်။ “ဒီလောက်ဆိုတော်သင့်ပြီ”

ယွဲ့ရှ သူတို့ အတိတ်နှင့်ပတ်သတ်ပြီး ကျန်းရှုယောင်အား ပြောခြင်းမပြောခြင်းကို သူ မစိုးရိမ်ပေ။ သူတို့ပြန်ရောက်လျှင် မုသားစကားတချို့သုံးရုံဖြင့်ပင် သူမကို သူလှည့်စားလို့ရသည်။ ယွဲ့ရှသည် ထိုနည်းလမ်းကိုသုံးပြီး သူ့ကိုအသေရေဖျက်သည့်အချက်ကို သူသည်းမခံနိုင်ခြင်းဖြစ်သည်။ သူမ၏နည်းလမ်းများသည် အရှက်မဲ့လွန်းပြီးအောက်ကျလွန်းသည်။

“နင့် energyကို ဖြုန်းမနေနဲ့” ရှီချင်းယင်က ပြောပြီးသား စကားကိုပဲထပ်ပြောလာခဲ့သည်။ “ရှုယောင်ကနင်နဲ့မတူဘူး”

ရှုယောင်သည် ကစားရလွယ်ကူသည်မိန်းကလေးမျိုးမဟုတ်ပေ။ သူမသည် တစ်စုံတစ်ယောက်၏လိုလိုလားလားချစ်ခြင်းနှင့်ထိုက်တန်သည်။ တစ်ဖက်က မိန်းမနှင့်မတူ‌ပေ။

ယွဲ့ရှသည် သူ့ကိုကြည့်လိုက်သည်။ သူမက လက်ပိုက်လျက်‌မေးလာသည်။ “နင့်ပုံစံကမသိရင် အနိုင်ရဖို့ဆိုတာ နင့်အတွက်လွယ်လွယ်လေးလိုလုပ်နေတာပဲ”

“ငါသူ့ကိုသိလာတာ နှစ်ချီနေပြီ” ရှီချင်းယင်က ပြောလာသည်။ “သူ့မှာ ငါ့ကိုလျှို့ဝှက်ထားတာ ဘာမှမရှိဘူး”

ယွဲ့ရှကပြန်ပြောလာသည်။ “ဒါပေမယ့်နင်ကတော့ သူ့ဆီကနေ စိတ်ပျက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေ အများကြီးဝှက်ထားတာလေ”

ရှီချင်းယင်က ပေါ့ပေါ့လေးဖြေလာသည်။ “တချို့ကိစ္စတွေက သူ မသိတာပိုကောင်းတယ်လေ”

“တကယ်လား” ယွဲ့ရှသည် ပုံမှန်အတိုင်းပဲ ပွဲသိမ်းကဒ်ကိုချလိုက်သည်။ “အဲ့ထဲမှာ နင်ကျောင်းတုန်းကလုပ်ခဲ့တဲ့ သူရဲကောင်းက မင်းသမီးလေးကိုကယ်တဲ့ ပုတ်ပဲ့နေတဲ့ဇာတ်ကောပါလား”

ရှီချင်းယင်မျက်ဆံများသည် သေးသွားပြီး “နင်..”

ကျန်းရှုယောင်သည် သူ့ထံမည်သည့်လျှို့ဝှက်ချက်မျှမထားထားသောကြောင့် ထိုကိစ္စနှင့်ပတ်သတ်ပြီး သကာရည်စမ်းလို့မရမှန်းသူသေချာသိသည်။

အခြေအနေသည် တောင့်ခဲသွားသည်။ ရှီချင်းယင်သည် သူမကို စိုက်ကြည့်လာသည်။ သူ့မျက်နှာအမူအရာသည် ခန့်မှန်းရခက်နေပြီး အနည်းငယ်ကြောက်ဖို့ပင်ကောင်းနေသည်။

ယွဲ့ရှ ဖိအားအလွန်များနေမည်ကို System စိုးရိမ်မိသောကြောင့် သူကလိုင်းပြန်တက်လာပြီး . [Host မကြောက်ပါနဲ့ ဝတ္ထုရဲ့ဇာတ်ကြောင်းကပြောင်းလို့မရဘူး၊ ဇာတ်လိုက်က မိန်းမတစ်ယောက် အပေါ်လုံးဝကိုယ်ထိလက်ရောက်မကျူးလွန်ဘူး]

မျက်လုံးချင်းစိုက်ကြည့်နေသော ယွဲ့ရှက ပြောလိုက်သည်။ [ပိုကောင်းတာပေါ့]

ရှီချင်းယင်မည်မျှပင်တုံးစေကာမူ သူသည် ဤအချိန်တွင် ပါးနပ်ရမည်ကိုတော့ သူသေချာသိသည်။ အချိန်‌တော်တော်ကြာသည်ထိ တိတ်ဆိတ်နေပြီးနောက် သူက အသံကိုလျှော့လိုက်ပြီး “ခုနက ပြောခဲ့တာက ငါတို့နှစ်ယောက်ကြားနားလည်မှုလွဲနေရုံလေးပဲ “

ယွဲ့ရှ: “ဟုတ်လား”

ရှီချင်းယင် : “ငါတို့နှစ်ယောက်အတူရှိချိန်တွေက ‌ပျော်ဖို့ကောင်းခဲ့ပါတယ်၊ ဒါပေမယ့် အခွင့်အရေးဆိုတာ တစ်ခါလက်လွှတ်လိုက်ရင် လုံးဝပျောက်သွားတတ်တဲ့အမျိုးလေ၊ တွန်းအားပေးစရာမလိုပါဘူး၊ ငါတို့ကိုယ့်လမ်းကိုယ်သွားကြတာပိုမကောင်းဘူးလား”

တံခါး၏အခြားတစ်ဖက်တွင် အရိပ်တစ်ခု လှုပ်သွားသည်။ သေချာအာရုံစိုက်မှသာကြားရသောခြေသံလည်းထွက်လာသည်။

System က သတိပေးလာသည်။ [ လက်ရှိမစ်ရှင် ၁ : Host နဲ့ ရှီချင်းယင်ကြားက ဆက်ဆံ‌ရေးကို ကျန်းရှုယောင်အားပေးသိပြီး မစ်ရှင်ကို အဆုံးသတ်လိုက်ပါ]

ယွဲ့ရှ မျက်တောင်ခတ်လိုက်သည်။

ရှီချင်းယင်သည် သူလိုချင်သော အဖြေကိုမရသောအခါ စိတ်မရှည်တော့သော်လည်း သူသည် ပုံမပျက်သေးပေ။ “ငါ့အမှားပါ၊ နင်ဒေါသထွက်တာမဆန်းပါဘူး၊ အမ်....နင်ဒေါသပြေအောင် ငါဘာလုပ်ပေးရမလဲ၊ နင်ငါ့ကိုရိုက်ရင် နင့်ဒေါသပြေမလား”

ယွဲ့ရှ : “အဲ့ဒါအဆင်ပြေတယ်”

ရှီချင်းယင် အတင်းပြုံးလိုက်ရသည်။ “ငါလည်းအဆင်ပြေပါတယ်”

သူသည် ပုံမှန်အားဖြင့် မိန်းမတစ်ယောက်၏ဒေါသစကားများကိုအတည်မယူပေ။ ‘ဟမ့် ယွဲ့ရှက ငါ့ကိုဘယ်လိုလို့ ရိုက်ရဲမှာလဲ၊ သူငါ့ကိုတကယ်ရိုက်တောင် သူရိုက်တာက ခြင်ကိုက်တာလောက်ပဲရှိမှာ၊ ငါတို့ရဲ့ အတိတ်ဆက်ဆံရေးမှာမျှော်နေမယ့်အစား ရိုက်ခံရတာကမှ ကောင်းဦးမယ် ဖြစ်ပြီးတာတွေဖြစ်ပါစေတော့’

ယွဲ့ရှသည် တွန့်ဆုတ်နေခဲ့သည်။ “နင်အတည်ပြောနေတာမလား”

ရှီချင်းယန်က လက်ကိုခါပြီးပြောလာသည်။ “ဒါပေါ့”

ယွဲ့ရှကထပ်မေးသည်။ “နင်သေချာတယ်နော်”

ရှီချင်းယင်: “အေး..”

ယွဲ့ရှ တတိယအကြိမ် အတည်ပြုပြီးနောက် “နင်ပြောတာ‌နော်”

ရှီချင်းယင်: “အေး..”

[ မစ်ရှင်ပြီးဖို့အခွင့်အရေးကျ‌ရောက်လာပါပြီ] ယွဲ့ရှသည် System ကို အမြန်ပြောလိုက်သည်။[System! ငါ့ကို အားကြီးအောင် အမြန်လုပ်ပေးစမ်း ]

မပြန်ခင် လက်ရှိအခြေအနေနှင့်လိုက်မည့် စကားကိုပြောရန် ရှီချင်းယင်ပြင်နေချိန် နောက်တစ်စက္ကန့်၌ သူ့အမြင်သည် လုံးဝပြောင်းလဲသွားသည်။ မတ်မတ်ရပ်နေသော လူသည် လွင့်ပျံထွက်သွားသည်။

တည်ရှိမှုကိုမခံစားရသော ဘေးတွင်ရပ်နေသော ရှန်းယုမှာ ရှီချင်းယင် စကားပြောနေသည်ကို ကြည့်နေခဲ့သည်။ နောက်တစ်စက္ကန့်၌ ယွဲ့ရှသည် ရှီချင်းယင်အား အခန်းအပြင်ဘက်ထိလွှင့်ထွက်အောင်ပါးချလိုက်သည်။ သူသည် လုံးဝကြောင်တောင်နိုင်သွားပြီး ထင်ယောင်ထင်မှားဖြစ်နေသည်ဟုပင်ထင်သွားသည်။ “?!”

ဟမ်..

ဟမ်း..... ?!

နာကျင်မှုကိုမခံစားမိခင် ရှီချင်းယင်သည် ကြမ်းပြင်ပေါ်တွင် ငါးကြိမ်ခန့်လှိမ့်ထွက်သွားသည်။ သူ့အမြင်အာရုံသည်မှောင်ကျသွားပြီး ဘာမှကို မမြင်နိုင်တော့ပေ။ မူးဝေဝေအခြေအနေတွင် သူသည် ယွဲ့ရှ၏တည်ငြိမ်စွာပြောနေသော စကားသံကိုကြားလိုက်ရသည်။ “နင့်ပြောတဲ့အတိုင်းပဲ‌နော်”

All Chapters