← Chapters

အခန်း ၂၂

Vol. 2 Ch. 22

အခန်း ၂၂

Vol. 2 Ch. 22

အပိုင်း (၂၂) - သစ္စာဖောက်ခံလိုက်ရရင်မိန်းမတွေက အဲ့လိုပြောင်းသွားတာလား (၁)

အခြေအနေသည် ငြိမ်သက်နေဆဲပင်။ ပထမဆုံးတု့န်ပြန်သူမှာ ရှီချင်းယင်လည်း မဟုတ်သလို ငုတ်တုတ်မေ့နေသော ရှန်းယုလည်းမဟုတ်ပေ။ ထိုလူမှာ ဟိုကြည့်ဒီကြည့်နှင့်စပ်စုနေသော နိုင်ငံခြားသားနည်းပြပင် ဖြစ်သည်။

သူသည် အတင်းသမားဖြစ်သောကြောင့် နေရာမှ မခွာသွားခြင်းဖြစ်သည်။ ထို့ပြင် သူသည် ရောက်လာသော ယော်ကျာ်းနှင့်သူ၏ချစ်စရာကောင်းသောဖောက်သည်အကြား တစ်ခုခုဖြစ်သွားမည်ကိုလည်း စိုးရိမ်သေးသည်။ အားပြင်းသော ရိုက်ချက်သည် သူ၏အတွေးကို ဆန်းသစ်သွားစေသည်။

သူမ အားထုပ်လိုက်ချိန်ထွက်လာသော အသံနှင့်အရှိန်ကြောင့် သူမသည် နှစ်ချီပြီး အတိုက်အခိုက်ပညာကိုသင်ကြားလာသူဖြစ်ပြီး သူမ၏ပြိုင်ဘက်တော်‌တော်များများကို လဲကျအောင်လုပ်နိုင်ခဲ့ကြောင်း သူ့ကိုသေချာသွားစေသည်။

သို့သော် ရှီချင်းယင်သည် ဇာတ်လိုက်ဖြစ်နေ‌သေးသောကြောင့် သူ၏အရှက်မရှိမှုသည်သူများနှင့်လုံးဝမတူပေ။ အသိစိတ်ရလာသည်နှင့်တစ်ပြိုင်နက် ခေါင်းမှာမူးနောက်နောက်ဖြစ်နေဆဲအချိန်တွင်ပင် သူသည် ယုံရခက်စွာ အော်လိုက်သည်။ “နင်ဘာလုပ်တာလဲ?!”

ယွဲ့ရှသည် သူမထုံကျဉ်နေသောလက်ကိုခါလျက် ဖြူစင်စွာမျက်တောင်လေးကိုပုတ်ခတ်ပုတ်ခတ်ဖြင့် “နင်ပဲ ငါ့ကို နင့်ကိုရိုက်ဆို”

ရှီချင်းယင်ခေါင်းမှာထူပူသွားပြီး မျက်နှာမှာနီရဲလာကာ “နင်ဒီလောက်ထိရိုက်စရာလိုလို့လား”

“အဲ့တော့..” ယွဲ့ရှ အမူအရာသည် လျင်မြန်စွာပြောင်းသွားသည်။ သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့်လျှောက်လာပြီး ရှီချင်းယင်ကို မတ်တပ်ရပ်ပြီးအုပ်နိုင်သည့်နေရာနားတွင် ရပ်သွားပြီး “နင့်မျက်နှာပိုလှသွားအောင် နောက်တစ်ချက်ပါ ထပ်ရိုက်ပေးရမလား”

ရှီချင်းယင် : “...”

ရှန်းယုလန့်ဖြန့်ပြီး “ဟာ ီးလိုပဲ” ထဆဲလိုက်သည်။

‘မိန်းမတွေ သစ္စာဖောက်ခံရရင် အဲ့လိုပြောင်းသွားကြတာလား’

ယွဲ့ရှသည် မေးဖို့အား‌သေးသည်။ [System ရှုယောင်ဘာလုပ်နေလဲ ]

System: [သူက နင်နဲ့ရှီချင်းယင်ကြားမှရှိခဲ့တဲ့ အရင်ဆက်ဆံရေးကို လက်မခံနိုင်ဘူးဖြစ်နေတာ သူကအခု ရှီချင်းယင်ကားထဲမှာ ငိုနေတာ]

[အေးငါသိပြီ] ယွဲ့ရှ စိတ်ထဲတွင် “OK” ပုံစံပြလိုက်သည်။ [ ငါအဲ့ကို သုံးမိနစ်အတွင်းသွားလိုက်မယ် ]

သူမသည် သူ့ကို ပါးချဖို့ရန်စောင့်နေသည်မှာ ကြာလှပြီဖြစ်သည်။ ရှီချင်းယင်ကဲ့သို့အပြစ်ရှိစိတ်နည်းနည်လေးပင် မဝင်ဘဲ တစ်ပါးသူကို စိတ်ရောကိုယ်ပါ ထိခိုက်အောင်လုပ်နိုင်သော လူမျိုးသည်System မှပေးသည့် ပြစ်ဒဏ်ထက် ပို၍ပြင်းသော ပြစ်ဒဏ်နှင့်ထိုက်တန်သည်။ ထပ်တူညီသော နာကျင်ခံစားမှုကိုမခံစားရဘဲ သူသည် အသိဝင်မည်မဟုတ်ပေ။

ဇာတ်လမ်းထဲတွင် ရှီချင်းယင်သည် ကျန်းရှုယောင်အား သုံးကြိမ်တိုင်တိုင်ကိုယ်ဝန်ပျက်ကျစေခဲ့သည်။ ထိုအရာနှင့်ညီမျှသောနာကျင်မှုမှာ သူ့ခန္ဓာကိုယ်ကို သုံးကြိမ်တိုင်တိုင်ဖြုတ်လိုက်တက်လိုက်လုပ်ခြင်းပင် ဖြစ်သည်။ ယင်းမှာ အစပင်ရှိသေးသည်။ နှုတ်မြိန်စာ အဆင့်ပင်မရှိသေးပင်။

“နင်က ပြီးတာတွေ ပြီးပါစေတော့ဆိုတော့လည်း ခုပြီးပြီနော်” ယွဲ့ရှသည် ထွက်ရန်တံခါးကိုဖွင့်လိုက်သည်။ “အော် နင်အထင်လွဲနေတယ်ထင်လို့ ပြင်ပေးရဦးမယ်၊ ငါကျန်းရှုယောင်နဲ့ရှိချင်ရတာက ငါသူ့ကိုကြိုက်လို့ပဲ၊ နင်နဲ့ဘာမှမဆိုင်ဘူး၊ ကိုယ့်ကိုကိုယ် တအားအထင်ကြီးမနေနဲ့”

ကျန်ရှိသောသူများသည် သူမထွက်သွားသည်ကိုသာ ထိုင်ကြည့်နေလိုက်ရသည်။ တံခါးသည် ပြန်ပိတ်ကျသွားပြီး သူမ၏အရပ်ရှည်ရှည်ပုံစံလည်းပျောက်ကွယ်သွားသည်။

ရှီချင်းယင်: “...”

ရှန်းယု : “...”

နည်းပြ: “....”

“ီးလိုပဲ” ရှီချင်းယင် သည် ရှက်ပြီး ဒေါသထွက်နေသည်။

သူသည် ထဖို့ရန် ရုန်းကန်လိုက်သည်။ နည်းပြက ကို့ရိုးကားယားဖြင့် သူ့ကိုတားလိုက်သည်။ “ဒီကအကို ရန်ဖြစ်တာက မကောင်းဘူးဗျာ၊ လက်ဖက်ရည်တစ်ခွက်လောက်သောက်မလား”

တံခါးပိတ်ထားသောကြောင့် အသံများကို ယွဲ့ရှမကြားတော့ပေ။ သူမသည် လျင်မြန်စွာ အပေါက်ဝတွင် ပါကင်ထိုးထားသော ရှီချင်းယင်ကားထံ သွားလိုက်သည်။ ကားပြတင်းပေါက်သာခြား၍ သူမသည် ကျန်းရှုယောင်၏နီရဲနေသော မျက်လုံးနှင့်စုံသွားသည်။ ရှုယောင်သည် သူမကို တအံ့တဩကြည့်လာပြီးနောက် ချက်ချင်းမျက်နှာလွှဲလိုက်သည်။

ကျန်းရှုယောင်၏ လက်ရှိ စိတ်အခြေအနေမှာ ရှုပ်ထွေးနေသည်။ သူမသည် သူမ ကြားခဲ့သော ကိစ္စကို ယုံလည်းမယုံချင်သလို ယုံလည်းမယုံရဲပေ။ သူမ၏စိတ်သည် ရှုပ်ထွေးနေပြီး အရာအားလုံးထံမှ လွှတ်မြောက်ချင်နေသည်။ ထို့ကြောင့် ယွဲ့ရှ၏တံခါးဖွဖွလေးခေါက်သံကို သူမ ကြားသော်လည်း သူမလျစ်လျူရှုထားမိသည်။

ကားထဲတွင်တိတ်ဆိတ်နေဆဲပင်။ ယွဲ့ရှထွက်သွားပြီဟု သူမ ထင်ချိန် တံခါးခေါက်သံဖျော့ဖျော့လေးကို သူမ ထပ်ကြားပြန်သည်။

သူမ နှလုံးသားမှာ အလွန်နာကျင်နေသည်။ ရှီချင်းယင်သည် တစ်စုံတစ်ယောက်နှင့် ရှိနေခဲ့သည်ကြောင့်လား၊ ယွဲ့ရှက သူမကိုလိမ်ထားသောကြောင့်လား သူမ သေချာမသိပေ။ ပုံမှန်အတိုင်း သူမ ခံစားချက်များကိုဖုံးကွယ်ထားရမည့်အစား သူမသည်ယွဲ့ရှ၏ဝမ်းနည်းနေသောအကြည့်ကို စိုက်ကြည့်နေမိပြီး ယွဲ့ရှ မည်သို့တုန့်ပြန်မည်ကို စဉ်းစားနေမိသည်။

ရှုယောင်၏ ဝမ်းနည်းနာကျင်နေသော အကြည့်ကိုရင်ဆိုင်နေရသော်လည်း ထူထဲသောမှန်ခြားထားသောကြောင့် ယွဲ့ရှ ဘာမှမပြောပေ။ သူမသည် ဖုန်းထုပ်လိုက်ပြီး WeChat QR code ကိုပြလိုက်သည်။

ယွဲ့ရှက ပါးစပ်အမူအရာဖြင့်ပြလိုက်သည်။ “ငါ့ကို add လိုက်”

ကျန်းရှုယောင် : “?...”

သူမသည် သေချာမတွေးနိုင်သေးသောကြောင့် ပြတင်းပေါက်ကိုသာ ကြောင်တောင်တောင်နှင့်စိုက်ကြည့်နေခဲ့သည်။ သူမ ယွဲ့ရှ၏ရည်ရွယ်ချက်ကို နားမလည်ပေ။

ယွဲ့ရှသည် ကျန်းရှုယောင်၏ တိတ်ဆိတ်နေမှုကို အထင်လွဲသွားသည်။ သူမက မျက်တောင်ခတ်လိုက်ပြီးနောက် ချစ်စရာကောင်းသည့် ပုံဖြင့် လက်နှစ်ချောင်းထောင်ပြလိုက်သည်။ ထို့နောက် သူမသည် လက်နှစ်ချောင်းကို တော်တော်ကြာသည်အထိ ခါပြလိုက်ပြီး ဒူးထောက်သည်ပုံစံလုပ်ပြီး “တောင်းပန်ပါတယ်” ဟု အမူအရာဖြင့်ပြလိုက်သည်။

ကျန်းရှုယောင်: “...”

ယခင်က သူများမည်မျှပင်ပြောစေကာမူ သူမသည် သူမ၏အမူအကျင့်ကိုပြောင်းရန်လိုအပ်သည်ဟု မတွေးခဲ့ဖူးပေ။ သို့သော် ယခုတွင် ပထမဆုံးအကြိမ်အနေဖြင့် သူမသည် လှည့်စားရန်လွယ်ကူသည်ဟု တွေးမိသွားသည်။

ယွဲ့ရှသည် သူမကိုလိမ်ညာခဲ့ပြီး အကြံကြီးကြီးရှိခဲ့ပုံပေါ်သော်လည်း သူမ၏ဒေါသများမှာ ရိုးရှင်းသောတောင်းပန်မှုလေးဖြင့် ပြေချင်လာသည်။ သူမ ဒေါသမထွက်နိုင်တော့ပေ။

‘ဟမ်......’ သူမ သက်ပြင်းချလိုက်သည်။

ကျန်းရှုယောင်သည် ဖုန်းကိုကိုင်လိုက်သည်။

ကျန်းရှုယောက်သည် ရှီချင်းယန်ထံမှ ဆွဲခေါ်သွားခံရပြီးနောက် သူတို့နှစ်ယောက် စတင်စကားများကြသည်။ လက်ရှိအပိုင်းအတွက်မစ်ရှင်များမှာ ပြီးဆုံးသွားခဲ့ပြီး ဇာတ်ကြောင်းသည်လည်း လမ်းပြန်တည့်သွားပြီး တိုးတက်မှုမှာ ၁၀%ထိတက်လာသည်။

သို့သော် ယွဲ့ရှပျော်မနေပေ။

သူမသည် ရှင်းလင်းနေသော ဧည့်သည်ခန်းကို ကြည့်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းရှုယောင်တင်ထားသော ပန်းအိုးလေးသည်ပင် စားပွဲပေါ်တွင်ရှိနေဆဲပင်။ ပန်းအိုးထဲမှ ‌ရေကို ဂရုတစိုက်လဲပေးမည့်သူမရှိသောကြောင့် ပန်းများမှာ ‌ခြောက်လာခဲ့သည်။ သူမသည် သီချင်းဆိုလိုက်သည်။ “အေးစက်စက်ရွက်ကြွေ ငါ့အ‌ရှေ့ကနေဖြတ်သွားခဲ့ချိန် ငါစိတ်ထဲမှာ ဆန့်ကျင်စိတ်လေးကထိုးထွက်လာခဲ့တယ်”

System: [...]

ထပ်ပြီးစိတ်ကူးယဉ်နေပြန်ပြီလား?

လက်တလော ယွဲ့ရှသည် ဇာတ်ကွက်နှင့်အလုပ်ရှုပ်နေသော်လည်း အခု သူမ အားလပ်ချိန်ရပြီဖြစ်သောကြောင့် သူမသည် System အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်မွှေပြီးနောက် သူမ မသိသေးသော အပိုင်းများစွာကို ရှာတွေ့ခဲ့သည်။

မစ်ရှင်အောင်မြင်ရာမှရလာသော ရမှတ်များကို ၁ : ၁၀၀၀ နှုန်းဖြင့် ပိုက်ဆံနှင့်လဲလှယ်လို့ရရုံသာမက ကမ္ဘာတစ်ချင်းစီ၏မစ်ရှင်ပြီးတိုင်း အသက်ပွိုင့်လည်းတိုးလာသည်။ တားမြစ်ထားသော အရာများကိုကြည့်ပါကလည်း အလိုအလျောက်ဆင်ဆာအုပ်သည်။ မသင့်လျော်သောစကားကိုပြောပါကလည်း ဒဏ်ခတ်ခံထိမည်။

ယွဲ့ရှသည် သင်ယူလိုစိတ်ပြင်းထန်သောသူဖြစ်သည်။ [အဲ့ဆို နင်ဆဲရင်လည်း အပြစ်ပေးခံရမှာပေါ့]

System အသံသည် အနည်းငယ်တင်းမာနေသည်။ [ ငါက အဲ့လို့ အနိမ့်စားအမှားကိုလုပ်စရာလား၊ ပြီးတော့ နင်နောက်ဇာတ်ကွက်အတွက်ပြင်ရတော့မယ်၊ ဇာတ်လိုက်နှစ်ယောက်ကြား အချေအတင်များနေတဲ့အချိန် နင်က အဲ့တာကိုအခွင့်ကောင်းယူပြီး ရှီအိမ်တော်ကိုသွားပြီး ဇာတ်လိုက်ကို အနှောင့်အယှက်ပေးရမှာ၊ ပြီးတော့ အဖေရှီနဲ့အမေရှီပါ ပေါ်လာမယ်ဆိုတာကိုလည်း ခေါင်းထဲမှတ်ထားဦး သူတို့က နင့်ကိုကြည့်ရတာမဟုတ်ဘူး ]

ယွဲ့ရှသည် သူမဖုန်းထဲတွင် “ကြက်ဆင်အရာသာဆန်မုန့်ကြွပ်” ဟု ရိုက်လိုက်ပြီး ပြောလာသည်။ [ ဖတ်ကြည့် ]

System: [ ဟော့ပေါ့အရသာ ီး.......အား....... ! ]

ခြောက်ခြားစွာ အသံစူးစူးနှင့်အော်ပြီးနောက် System သည် ၁၂ နာရီခန့် စကားပြောခြင်းကို ပိတ်ခံလိုက်ရသည်။ ယွဲ့ရှသည် ၎င်းမှာ သူမရှာတွေ့သမျှထဲ အသုံးဝင်ဆုံးဟုတွေးလိုက်သည်။

T/N: ( “ကြက်ဆင်အရာသာဆန်မုန့်ကြွပ်” (火鸡味锅巴) က ဂိမ်းတွေထဲမှာ ပါနေကျ meme ဖြစ်ပါတယ်၊ တရုတ်စာကျွမ်းကျင်တဲ့သူတွေက အဲ့စာကိုဖတ်လိုက်တဲ့အခါ အလိုအလျောက် (火锅味鸡* ီးအရသာ ဟော့ပေါ့) ဟု‌ ပြောင်းသွားပါတယ်)

All Chapters