အခန်း ၂၃
Vol. 2 Ch. 23
အပိုင်း (၂၃)- သစ္စာဖောက်ခံလိုက်ရရင်မိန်းမတွေက အဲ့လိုပြောင်းသွားတာလား(၂)
နောက်ထပ်ဇာတ်ကွက်တစ်ခုမစခင် တစ်ပတ်ခန့်လိုသေးသည်။ ထိုအချိန်အတွင်း ယွဲ့ရှသည် ရှုယောင်ထံ စာတော်တော်ပို့ဖြစ်သည်။ သို့သော် ယင်းသည် ပင်လယ်ထဲသို့ကျောက်တုံးဖြစ်နေသလိုပင်။ ရှုယောင်ထံမှ ဘာပြန်စာမှမလာခဲ့ပေ။
ရှုယောင်တုန့်ပြန်ပုံမှာ ပုံမှန်ပင်ဖြစ်သည်။ ယွဲ့ရှအမြင်မှာမူ သူမသည် မစ်ရှင်ပြီးဖို့ရန် လိမ်လိုက်ရခြင်း ဖြစ်သည်။ ရှုယောင် နာကျင်သွားမည်မှာ မမှားပေ။ သူမသည် ရှုယောင်၏ခံစားချက်ကိုနာကျင်စေခဲ့ပြီ ရှီချင်းယင်၏ခန္ဓာကိုယ်ကိုလည်း နာကျင်အောင်လုပ်ခဲ့သည်။
တတိယမြောက်နေ့တွင် ယွဲ့ရှ စကားဟလာသည်။ [ System ရှီချင်းယင် အခုဘာလုပ်နေလဲ]
System: [...]
System ထင်သည်မှာ ယွဲ့ရှသည် ရှီချင်းယင် အကြောင်းကို မတွေးလောက်ဟုပင်။ သို့သော်ယခုတွင် သူမသည် သူ့ကို ပါးချခဲ့မိသည့်အတွက် စိုးရိမ်နေပုံပင်။ ' ဒါလူသားတွေပြောတဲ့ လူသားဆန်တယ်ဆိုတာလား'
ယွဲ့ရှ: [ ငါသူ့ကို တွေ့ချင်တယ်]
ထို့နောက် System က စခရင်တစ်ခုပြလာသည်။ သူတို့နှစ် ယောက် အတူတူ ရှီချင်းယင်ကို လေ့လာ နေကြသည်။ သူအခြေအနေသည် ပုံမှန်မကျစွာ တော်တော်ဆိုး နေ သည်။
ပထမဉီးစွာ သာမာန် ယောက်ျား အနေဖြင့် လူရှေ့သူရှေ့ မိန်းမတစ်ယောက်ထံမှ ပါးချခံရခြင်းသည် အလွန်ရှက်စရာကောင်းပြီး ထိုတင်မက သူသည် တာယာဘီးကဲ့သို့ ငါးကြိမ်ခန့် လှိမ့်သွား သေးသည်။ မည်သို့ပင်ဖြစ်စေကာမူ သူ ယွဲ့ရှကို လုံး၀အလွှတ်ပေးမည် မဟုတ်ပေ။ သို့သော် သူမသည် အလွယ်တကူ ကိုင်တွယ်လို့ရသည့် မိန်းမမဟုတ်ပေ။
ယခင်က ယွဲ့ရှသည် သူမ သိက္ခာကိုပင် ဂရုမစိုက်ဘဲ သူ့အတွက် ဘာမဆိုလုပ်ပေးသည့်သူဖြစ်သည်။ ထို့ကြောင့် သူ့အတွက် သူမကို ထိန်းချုပ်ရသည်မှာ မခက်ခဲခဲ့ပေ။ သို့သော် ယခုချိန်ပြန်စဉ်းစားကြည့်ပါက၊ ရှီမိသားစုနှင့်ယွဲ့မိသားစုသည် အဆင်ပြေကြသည်။ မိသားစုနှစ်စုသည် ရင်းနှီးပြီး စီးပွားရေးလည်း အတူလုပ်ကြသည်။ တစ်နည်းပြောရလျှင် အသေးအဖွဲကိစ္စနှင့်ဆိုလျှင် ပြဿနာမရှိသော်လည်း အသေးအဖွဲပြဿနာ စုသွားလျှင် ပြဿနာကြီးကြီးတက်နိုင်သည်။
ထို့ပြင် ယွဲ့ရှသည် သူတို့မိသားစု၏တန်ဖိုးထားရသော သမီးရတနာလေးဖြစ်သည်။ သူမတွင် သူမ မှားနေလျှင်တောင်မှ သူမ အစား ဒေါသထွက်ပေးမည့် အကိုရှိသည်။ ပြန်စဉ်းစားကြည့်လျှင် ထိုးခိုင်းခဲ့သူမှာ သူကိုယ်တိုင်သာဖြစ်သည်။ ထို့ကြောင့် ယွဲ့ရှသည် အပြောခံရမည်မဟုတ်ပေ။
ထို့ကြောင့် လက်ရှိပြဿနာသည် အသေးအဖွဲလည်းမဟုတ်သလို ကြီးမားသော ပြဿနာလည်းမဟုတ်ပေ။ သူသည် ကျိန်းသေပေါက်သူမကို အလွှတ်မပေးချင်ပေ။ ရှီချင်းယင် အချိန်ယူပြီးစဉ်းစားပြီးနောက် သူကိုယ်သူကာကွယ်နိုင်မည့် အဆုံးသတ်ကိုရရှိသွားသည်။
သူသည် ယွဲ့ရှကို ဘာမှလုပ်လို့မရပေ။
သူ အလုံအလောက် ကသိကအောက်ဖြစ်ပြီးပြီဖြစ်သည်။ ထိုပြဿနာသည်ပို၍ပင် ဆိုးလာသေးသည်။ လက်တလော ကျန်းရှုယောင်သည် သူ့ကိုအေးတိအေးစက်ဆက်ဆံနေပြီး သူ့ကို တောင်းပန်စေချင်သည့်ပုံပင်။ ‘မဖြစ်နိုင်တာ ငါလိုကောင်က အဲ့မိန်းမနှစ်ယောက်ကြောင့် စိတ်ဓာတ်ကျပြီးမှိုင်တွေနေရတယ်လို့’ ဒေါသကြောင့် သူ့မေးစေ့တွင် ဝက်ခြံတစ်ဖုပင်ပေါက်လာသည်။
ရှီချင်းယင်ဝမ်းနည်းနေချိန် အခြားသူများမှာမူ ဝမ်းမြောက်ပျော်ရွှင်နေသည်။ သူ၏ချောမောသောမျက်နှာမှာ ပေါက်စီလို့ ဖောရောင်နေသည်ကို ယွဲ့ရှနှင့်System မြင်သောအခါ သူတို့နှစ်ယောက်သည် စာနာမှုမရှိ အတားအဆီးမရှိရယ်မောနေကြသည်။
“ဟား...ဟား...” ယွဲ့ရှရယ်ရသည်မှာ မောလွန်းသောကြောင့် ရယ်ပင်မရယ်နိုင်တော့ပေ။ “နင်မြင်လား သူ့မျက်နှာကြီးဖောရောင်နေတာများ ကုတင်ပေါ်လဲနေရင်တောင် တံခါးနဲ့ထိလောက်တယ်”
System သည် စက်သံနှင့်ရယ်လိုက်သည်။ သူ၏အသံမှာ တစ်...တစ်...တစ် မြည်နေသော အချိန်ပေးစက်နှင့်တူသည်။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ ဇာတ်ကွက်သည် ဆက်သွားရပေလိမ့်မည်။
၅ ရက်မြောက်နေ့၊ ယွဲ့ရှ ရှီအိမ်တော်သို့လာမလည်ခင် တစ်ရက်အလိုတွင် သူမသည် ညအိတ်ဝတ်ကိုလဲလိုက်ပြီး ကားပေါ်သို့တက်ပြီးနောက် ပရိဘောဂ အဟောင်းရောင်းဆိုင်သို့ဦးတည်သွားလိုက်သည်။
သူမ၏ပန်းအိုးတစ်ခုပြီးတစ်ခု ကြည့်နေပုံကိုကြည့်ပြီး Systemမှာ စိတ်ရှုပ်လာသည်။ နောက်ဆုံးတွင် သူက မေးလိုက်သည်။ [ နင်ဘာလုပ်နေတာလဲ ]
ယွဲ့ရှ : [ လက်ဆောင်ရွေးနေတာလေ ]
System မှာ ကြောင်သွားသည်။ [ လက်ဆောင် ဘယ်သူ့ကိုပေးမလို့လဲ ]
သူသည် သူ၏မှတ်ဉာဏ်ကို လျင်မြန်စွာ စီစစ်ချလိုက်သည်။ ‘ ပန်းအိုးဆိုတာ ပန်းထည့်ပြီး အလှဆင်တဲ့ ပစ္စည်းမလား၊ ဒီ ပစ္စည်းကိုကြိုက်လောက်မယ့် သူက ဘယ်သူရှိလောက်လဲ’ ဇာတ်ကောင်များကို သေသေချာချာစီစစ်ပြီးနောက် ‘ဟမ် ဒါက ကျန်းရှုယောင် အတွက်လား’
ယွဲ့ရှသည် ငါးစက္ကန့်ခန့် ငြိမ်သက်စွာ စောင့်နေလိုက်ပြီးနောက် System သည် ငလျင်လှုပ်သကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လာတော့သည်။ [ နင် ဘာတွေကြံနေတာလဲ၊ သူနင့်ကိုခွင့်လွှတ်အောင် လုပ်နေတာတော့ မဟုတ်ဘူးမလား၊ လက်ရှိအခြေအနေက အကောင်းဆုံးပဲလေ မဟုတ်ဘူးလား ]
‘ဘယ်ဇာတ်လိုက်မကများ ဗီလိန်ကို ကြိုက်နိုင်မှာလဲ၊ အဲ့လိုဆိုရင်တောင် ဇာတ်လိုက်မ ဘယ်နှစ်ယောက်လောက် ဗီလိန်ကိုကြိုက်ဖူးတာလဲ’
[ မသေးသိမ်စမ်းပါနဲ့ကွာ၊ အမြင်ကိုကျယ်ကျယ်ထားသိလား ] ယွဲ့ရှက တည်ငြိမ်စွာပြောလိုက်သည်။ [ ပထမဆုံး သွားလည်လည်ချင်းဆို လက်ဆောင်ယူသွားတယ်ဆိုတာ ပုံမှန်ပဲလေ၊ မယူသွားရင် ရိုင်းရာကျတာပေါ့၊ ပြီးတော့ ဒီလိုလုပ်တာက ဒေါသလည်းဆွလို့ရတယ်၊ သူ့ငါ့ကို ပိုရွံ့အောင်လုပ်ဖို့ဆို၊ အဲ့ကောင် ငါ့ကို အရွံ့ဆုံးဖြစ်အောင် အစွမ်းကုန်လုပ်သင့်တယ်လေ၊ ဒီလိုလုပ်တာက မစ်ရှင်လည်း ပြီးတယ် ]
System က တွန့်ဆုတ်နေသေးသည်။ [ အဲ့လိုလား....]
ယွဲ့ရှ : [ မဟုတ်ပါဘူး ငါလိမ်နေတာ ~=v<★]
System: […..]
‘ နင် ဘယ်လိုတောင်စိတ်ထဲဘယ်လိုမှမနေဘဲ အဲ့လိုတွေပြောနိုင်ရတာလဲ၊ နင်က ကာဗွန်လူသားလား’
အရေးကြီးသော ပစ္စည်းတစ်ခုမှတစ်ပါး ကျန်တာ အကုန်အဆင်သင့်ဖြစ်ပြီ ဖြစ်သည်။ သို့သော် System ပင်မခန့်မှန်းနိုင်ခဲ့သည့် မတော်တဆတစ်ခုဖြစ်သွားသည်။
နောက်တစ်နေ့တွင် ယွဲ့ရှ ရှီအိမ်တော်ကို ဖုန်းခေါ်တော့မည့် အချိန်၊ သူမသည် ပြဿနာရှာကောင်တစ်အုပ်နှင့်တိုက်မိသည်။
“ဟာ့ ဒါ ယွဲ့ရှမလား” ဗိုလ်ကေနှင့်ကောင်က သူမကို ငုံ့ကြည့်ပြီးပြောလာသည်။ သူ၏အသံသည် ရန်စနေပုံနှင့်တူသည်။ “ နင်ရှီချင်းယင်ကို လာရှာတာလား”
ယွဲ့ရှသည် ဂျာကင်အင်္ကျီ၊ စကတ်နှင့် ဒူးရှည်ဖိနပ် ကိုဝတ်ဆင်ထားသည်။ သူမ၏ဆံပင်များကို နားနောက်တွင်သပ်ထားပြီး ကလစ်နှင့်ညှပ်ထားသည်။ သူမ၏နှုတ်ခမ်းနီနီမှတစ်ပါး ခြေဆုံးခေါင်းဆုံး အနက်ရောင်နှင့်အဖြူရောင်စပ်ထားသောအဝတ်အစားကိုသာ ဝတ်ဆင်ထားသည်။ သူမ၏ပုံသည် တည်ငြိမ်ပြီး နွေးထွေးနေသည်။
ယခင်က ဗိုလ်ကေနှင့်ကောင်သည် သူမကို လှသည်ဟု မထင်ဖူးပေ။ သို့သော် ယခုသူမကိုကြည့်သောအခါ သူမကို မိုက်သည် ဟုထင်မိသည်။ သူသည် ရှန်းယုလက်ကိုဆွဲလိုက်ပြီး စနောက်တော့မည့်အချိန် သူ့သူငယ်ချင်းရှန်းယုမှာတောင့်တင်းနေကြောင်းကို သတိထားမိလိုက်သည်။
ယွဲ့ရှ၏ အေးစက်နေသော အကြည့်နှင့်ရင်ဆိုင်ရသောအခါ သူက တွန်းအားပေးပြီး ပြုံးလိုက်သည်။ “နင်...နင်ကော ရောက်နေတာလား”
“အကိုကြီး ယုကလည်း ကျိန်းသေပေါက် သူလာမှာပေါ့” ရင်းနှီးနေသော ချစ်စဖွယ်အသံက ထွက်လာသည်။ ကျွင်းရှောင်ဟန်က အားတတ်သရောပြောလာသည်။ “ရှုယောင်က ကိုကိုရှီနဲ့အဆင်ပြေသွားတာကို တစ်စုံတစ်ယောက်က သည်းမခံနိုင်တဲ့ ပုံပဲနော် အာ သေချာတာပေါ့ ငါက အတွန့်တက်နေတာမဟုတ်ပါဘူး၊ အချစ်နောက်ကို အားတက်သရောလိုက်တာကလဲ ကောင်းတာပဲဟာ”
“သေချာတာပေါ့ သူ့ပုံကလမ်းမှန်ရောက်သွားပုံပဲ” ဗိုလ်ကေနှင့်ကောင်က စနောက်ပြီးရယ်လိုက်သည်။ “စကတ်ကနည်းနည်းပိုရှည်နေတော့ သိပ်မမိုက်တော့ဘူးကွာ”
ယခင်ယွဲ့ရှ ဆိုပါက သူတို့စကားများသည် သူမကို တော်တော်အထိနာစေလိမ့်မည်။ သူမသည် ရှက်လွန်းသောကြောင့် ထွက်ပါပြေးလောက်သည်။ သို့သော် .....
“ပါးစပ်ပိတ်ထား” ရှန်းယု တွေးလိုက်သည်။ သူတို့ထိုကဲ့သို့ဆက်စနောက်နေပါက သူဇောချွေးများ ဘူးသီးလောက်ပြန်ကျလာနိုင်သည်။ ရုတ်တရက်နှိုးထလာသကဲ့သို့ သူသည် ယွဲ့ရှ၏ အနက်ရောင်မျက်လုံးများကိုကြည့်လိုက်သောအခါ လည်ပင်းနားထိ ကြက်သီးမွှေးများထလာပြီး ခံစားလို့မကောင်းတော့ပေ။
နောက်တစ်စက္ကန့်တွင် သူ့အမြင်အာရုံသည် ဝေဝါးသွားသည်။ ယွဲ့ရှ၏လက်သီး သူ့ထံမရောက်လာခင် လေသံကိုပင် သူကြားလိုက်ရသည်။ သူ့မျက်ဆံများသည် သေးသွားသည်။ ထိုနေ့က ရှီချင်းယင်၏ သနားစဖွယ်ပုံစံကို သူမှတ်မိပြီးနောက် သူသည် ဝိညာဉ်လွင့်မတက် လန့်ဖြန့်သွားသည်။ သူတစ်ကိုယ်လုံးသည် ကြုံ့ဝင်သွားပြီးကျွမ်းကျင်စွာ နောက်ဘက်သို့ ငါးမီတာခန့်ဆုပ်လိုက်ပြီး သူ့ခေါင်းကို သူ့လက်နှစ်ဖက် အုပ်ထားလိုက်သည်။
“ငါဖုန်းခေါ်လိုက်ဉီးမယ်” ယွဲ့ရှသည်တည်ငြိမ်စွာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။ ထို့နောက် သူမသည် မြေကြီးပေါ်မှ အမည်မသိအရာကို ကြည့်ပြီးပြီး အားရကျေနပ်စွာ သူမ ပါးစပ်ကိုလက်ဖြင့် အုပ်လိုက်သည်။ “အော် ရှန်းယု နင်ဘာလုပ်နေတာလဲ၊ ဘာလို့မြေကြီးပေါ်ထိုင်ချလိုက်တာလဲ၊ တစ်ခုခုကောက်စားမလို့လား”
ရှန်းယု : “....”
ဗိုလ်ကေနှင့်ကောင် : “....”
ကျွင်းရှောင်ဟန် : “....”
ကမ္ဘာကြီးသည် ရုတ်တရက် ငြိမ်သက်သွားသည်။