← Chapters

အခန်း ၂၄

Vol. 2 Ch. 24

အခန်း ၂၄

Vol. 2 Ch. 24

အပိုင်း (၂၄) - ယွဲ့ရှနှင့်အချိန်များစွာကုန်ဆုံးပြီးနောက် System သည်လည်းဝေဖန်တတ်လာခဲ့သည် (၁)

သက်တောင့်သက်သာမဖြစ်လောက်သည်အထိ တိတ်ဆိတ်နေချိန်, ကျွင်းရှောင်ဟန်က သူမ အပြုအမူကိုဆင်ခြေပြရန် ပြောလာသည်။ “အကိုယု၊ ဘာဖြစ်လို့လဲ၊ နေလို့မကောင်းလို့လား”

ရှန်းယု: “....”

ရှန်းယုသည် ငုတ်တုတ်ထိုင်နေရင်း ‘ငါလည်းမတတ်နိုင်ဘူးလေလို့’ ခါးသက်စွာတွေးလိုက်သည်။ ပါးတစ်ချက်ရိုက်ပြီး သူ၏ငယ်သူငယ်ချင်းကို အဝေးသို့လွင့်ထွက်အောင်လုပ်နိုင်ခဲ့သော ယွဲ့ရှကို မြင်ခဲ့ရခြင်း၏ ရလဒ်ဖြစ်သည်။ မနေ့ညကတောင် သူသည် ယွဲ့ရှက လူယုတ်မာဆန်ဆန်ရယ်ပြီး သူ့ကိုနှိပ်စက်နေသည် ဟုတောင် အိပ်မက်မက်ခဲ့သေးသည်။ ယနေ့မနက် သူနှိုးလာချိန်မှစ၍ အခုထိ စိတ်လွတ်နေဆဲပင်။ သူမသည် တစ်ခါက သူမ ချစ်ခဲ့ဖူးသော လူတစ်ယောက်အပေါ် ရက်ရက်စက်စက်ရိုက်ရဲသည့် ရက်စက်သော မိန်းမဖြစ်သည်။

ဗိုလ်ကေနှင့်ကောင်သည် အခုထိ အခြေအနေကို နားမလည်သေးပေ။ သူသည် ရှန်းယု စနေသည် ဟုသာထင်နေသည်။ သူက ရှန်းယုကို ဆွဲထူလိုက်ပြီး စကားဆက်ပြောသည်။ “ယွဲ့ရှ နင် ချင်းယင်မွေးနေ့အတွက် ဆုတောင်းပေးဖို့ရောက်လာတာလား၊ နင်ကတော်တော်ရဲတာပဲနော်၊ သူ့ရည်းစားရှိနေသေးတာကြီးကို”

တံခါးဘယ်လ်ကို တီးပြီးနောက် ယွဲ့ရှသည် ခေါင်းလေးကိုစောင်းလိုက်ပြီး ဗိုလ်ကေနှင့်ကောင်ကို ကြည့်လိုက်သည်။ သူမသည် သူမေးသည်ကို ပြန်မဖြေသေးပေ။

လှပသောမိန်းမတစ်ယောက်ထံမှ စိုက်ကြည့်ခံရခြင်းသည် ပုံမှန်အားဖြင့် သာယာဖို့ကောင်းသောအရာဖြစ်သည်။ စစချင်း ဗိုလ်ကေနှင့်ကောင်သည် ရယ်နေသေးသည် သို့သော် ငါးစက္ကန့်ခန့်ကြာပြီးနောက် သူသည် ဆက်မရယ်နိုင်တော့‌ပေ။

.

အာရှလူမျိုးအများစုသည် အညိုရောင်မျက်လုံးပိုင်ရှင်များသော်လည်း ယွဲ့ရှမျက်လုံးများသည် မူမမှန်စွာ မဲနက်နေခဲ့သည်။ သူမ၏တိတ်ဆိတ်သော စိုက်ကြည့်မှုနှင့်ရင်ဆိုင်ရသောအခါ ဗိုလ်ကေနှင့်ကောင်သည် တံတွေးမြိုချလိုက်ပြီး လည်ပင်းနားထိ ကြက်သီးထလာခဲ့သည်။

‘သူ..သူ.. ဘာလုပ်နေတာလဲ’

သူ မသိသည်မှာ ယွဲ့ရှသည် System နှင့်စကားပြောနေခြင်းဖြစ်သည်။

[ ဒီနေ့က ရှီချင်းယင် မွေးနေ့ဆိုတာ ငါကဘာလို့မသိရတာလဲ ] သူမက အူကြောင်ကြောင်လေးမေးလာသည်။

System: [ အယ်? ]

[ နင်က ဘာကို အယ်နေတာလဲ ] ယွဲ့ရှက မညှာမတာ ပြောလာသည်။

[ နင်က System လေ၊ ပညာရှိဆန်ဆန်နေစမ်းပါ ]

System မှာ ရှက်သွားပြီး ဇာတ်ကွက်ကို ပြန်စစ်တော့သည်။ စက္ကန့်အနည်းငယ်ခန့်ကြာပြီးနောက် ပြန်ပြောလာသည်။[ တရုတ်ပြက္ခဒိန်အရ ဒီနေ့က သူ့မွေးနေ့ဟုတ်တယ်၊ ဒါပေမယ့် သူက သူ့မွေးနေ့ကို အနောက်တိုင်းနေ့ရက်မှာပဲ ကျင်းပလေ့ရှိတာ၊ ဒီနှစ် သူ့မွေးနေ့အတွက် နေရာတောင် ရွေးပြီးပေမယ့် ပါတီပွဲကတော့ ဖျက်သိမ်းလိုက်ရတယ် ]

ယွဲ့ရှ :[ ဟမ်..?]

[ နင်က အခုကျ “ဟမ်”နေပြီပေါ့ “အယ်”လို့ပြောတာ ဘာမှားလို့လဲ ] System က ပြောလာသည်။

[ သူ့မျက်နှာက စိုးစိုးရွားရွား အထိုးခံထားရတယ်လေ မနက်ကဆို သွားတိုက်နေရင်းတောင် သူ့လက်တွေတုန်နေတာ၊ သူက ဘယ်လိုလုပ် ပါတီတက်နိုင်တော့မှာလဲ၊ အားဘယ်လောက်သုံးခဲ့လဲဆိုတာကို နင်လည်းသိတာပဲလေ ]

‘ဘာပဲပြောပြောအဆိုးထဲက အကောင်းပဲပေါ့’ ယွဲ့ရှ ရှီချင်းယင်ကို ပါးချလိုက်သောကြောင့် ရှီချင်းယင်မွေးနေ့ပါတီတွင်ဖြစ်မည့် ကိစ္စလည်းမဖြစ်တော့ပေ။

မူရင်းဇာတ်လမ်းထဲတွင် ရှီချင်းယင်သည် ပါတီတွင် အလွန်သောက်ခဲ့သည်။ ကျန်းရှုယောင်က သူ့အပေါ် အေးစက်နေသောကြောင့် သူသည် တော်တော်လေးကို ဒေါသထွက်နေခဲ့သည်။ ပါတီတွင် သူသည် တိုက်တိုက်ဆိုင်ဆိုင် လင်းရှူ ဇာတ်ပို့မင်းသား နှင့် ကျန်းရှုယောင်ကို ပျော်ပျော်ရွှင်ရွှင်စကားပြောနေသည် ကို မြင်လိုက်သည်။ ကျန်းရှုယောင် အတတ်နိုင်ဆုံးရုန်းကန်ခဲ့သော်လည်း သူသည် သူမကို အတင်း ဟိုတယ်သို့ဆွဲခေါ်သွားခဲ့သည်။

မူလဇာတ်လမ်းရေးဆရာ၏ အမြင်တွင် အသက်ပြည့်ပြီးသား လူကြီးနှစ်ယောက်ကြား ပြဿနာကို ထိုကဲ့သို့ ဖြေရှင်းခြင်းသည် ရယ်စရာကောင်းနေခဲ့သည်။ သို့သော် ယွဲ့ရှကမူ ထိုပြဿနာသည် နှစ်ယောက်ကြားဖြေရှင်းရမည့် ကိစ္စဟုမမြင်တော့ပေ။ ရဲခေါ်ပြီး ရှီချင်းယင်ကို ထောင်ထဲထည့်သင့်သည်လို့ သူမက ထင်သည်။

စိုက်ကြည့်ခံနေရသော ဗိုလ်ကေနှင့်ကောင်သည် ကြက်သီးထလာသည်။ သူစကားပြန်ပြောတော့မည့်အချိန်တွင် တံခါး‌ပေါက်သည် ပွင့်လာခဲ့သည်။

ယွဲ့ရှသည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူမ ကိုင်ထားသော အရာကိုပြန်ညှိယူလိုက်ပြီးနောက် ရှေ့သို့လျှောက်သွားသည်။

အပင်ပန်းမန်းများစွာစိုက်ထားသော ယွဲ့အိမ်တော်နှင့်မတူညီစွာ ရှီအိမ်တော်သည် ချမ်းသာမှုဆိုသည့် အရှိန်အဝါတို့ဖြင့် ပြည့်လျှံနေသည်။ ဂိတ်ဝတွင် အလယ်အလတ်အရွယ်အစား ရေပန်းနှစ်ခုရှိသည်။ ‌ရှေးစတိုင်ဂူပါရှိပြီး အလင်းရောင်အတုတို့နှင့် အလှဆင်ထားသည်။ ဉယျာဉ်မှူးသည် ပန်းအတုများကို လက်ရှိတက်ဆင်နေသည်။

အဓိက အဆောက်အဦးသို့မရောက်ခင် သူတို့သည်‌ တော်တော်လေးလမ်းလျှောက်ယူလိုက်ရသည်။

လမ်းတွင် ဗိုလ်ကေနှင့်ကောင်သည် တစ်ခုခုမှားနေသလို စတင်ခံစားလာရသည်။ သူသည် ရှန်းယုကို တိုးတိုးလေးပြောလိုက်သည်။ “သူဘာလို့ရောက်နေတယ်လို့မင်းထင်လဲ”

သူမသည် ချင်းယင်မွေးနေ့အတွက်လာသည်လော ချင်းယင်ကို စိတ်တိုအောင်လုပ်ဖို့လာသည်လော ပြောမရပေ။ သူမ၏လက်ရှိအခြေအနေသည် ကသိကအောက်ဖြစ်လွန်းလှသောကြောင့် သူမ ဘာကိုကြံနေသည်ကို သူ မခန့်မှန်းနိုင်‌ပေ။

ရှန်းယုက ကြောင်တောင်‌တောင်ဖြင့်ပြောလာသည်။ “လူသတ်နေရာကိုပြန်လာတဲ့ရာဇဝတ်သားဆိုတာရှိတယ်လေ”

ဗိုလ်ကေနှင့်ကောင် : “....”

‘ဘရို မင်းအဆင်ကောပြေရဲ့လား’

ယွဲ့ရှသည် ရှေ့သို့ ခြေလှမ်းမှန်မှန်ဖြင့်လျှောက်နေသည်။ သူမ တံခါးကိုခေါက်တော့မည့်အချိန် အေးစက်မာကျောသောတံခါးသည် တဖြည်းဖြည်းချင်းပွင့်လာသည်။

အိမ်နေဝတ် ကုတ်အင်္ကျီအဖြူအရှည်ကိုဝတ်ထားသောယောက်ျားကို မြင်သောအခါ

တံခါးနောက်တွင် ရပ်နေသော အုပ်စုမှာ ကြောင်တောင်တောင်ဖြစ်သွားသည်။

ထိုယောကျ်ား၏ညှပ်ရိုးများသည် ထင်းနေပြီ အ‌ရှေ့ဆံပင်ကိုသပ်တင်ထားပုံမှာ မရှုပ်မပွ နှင့်သာမာန်လေးကြည့်လို့ကောင်းနေသည်။ သူသည် ယွဲ့ရှကိုမြင်သောအခါ ချက်ချင်းကြောင်တောင်တောင်ဖြစ်သွားသည်။

မထင်မှတ်ထားစွာဖြင့် တံခါးကိုလာဖွင့်သူမှာ အစေခံလည်းမဟုတ်သလို ရှီချင်းယင်လည်းမဟုတ်ပေ။ ရှီယွမ်ကျန်းဖြစ်သည်။

ပြဿနာကောင် ဗိုလ်ကေနှင့်ကောင်ပင်လျှင် ရှီယွမ်ကျန်း‌ရှေ့တွင် မရိုမသေမလုပ်ရဲပေ။ ကြက်ကလေးကဲ့သို့ သူက အောက်ကျို့စွာမေးလာသည်။ “ဟိုလေ ချင်းယင်ကော ဘယ်မှာလဲဗျ”

“သူခုလေးတင်ထွက်သွားတာ” ရှီယွမ်ကျန်းသည် သူတို့ဝင်နိုင်ရန် နောက်ဆုတ်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ “ခဏစောင့်ဦး”

ဗိုလ်ကေနှင့်ကောင်သည် ရိုသေစွာ ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည်။ “ဟုတ်ကဲ့ဗျာ”

ကျန်နှစ်ယောက်မှာ အသက်ပင် ကျယ်လောက်အောင်မရှူရဲကြပေ။

ရှီယွမ်ကျန်းသည် ရှီချင်းယင်ထက် နှစ်အနည်းငယ်သာ ကြီးသောကြောင့် လူကြီးသူမ တစ်ယောက်ဟု ခေါ်၍မရသော်လည်း သူသည် လူတိုင်းအားကျရသည့် အဖိုးတန်ကလေးဖြစ်သည်။ သူ့ပုံမှာ တခြားသူနှင့်တစ်ကမ္ဘာတည်းမဟုတ်ဘူးဆိုသည့် ခံစားချက်ကိုပေးနေသည်။

ထို့ပြင် သူသည် အေးစက်ပြီးစကားလည်းနည်းသောကြောင့် သူတွေးနေသည်ကို ခန့်မှန်းမရပေ။ အချိန်ကြာလာသည်နှင့်အမျှ လူအများက သူ့ကို ဒဏ္ဍာရီအိမ်စောင့်တစ်ယောက်လို မြင်လာကြသည်။

လက်ရှိအချိန်တွင် ရှီယွမ်ကျန်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် မည်မျှပင်လေထုသည် သက်ဝင်လှုပ်ရှားနေစေကာမူ အသံများသည် ပျောက်ကွယ်သွားပြီး သုသာန်တစပြင်ကဲ့သို့တိတ်ဆိတ်သွားလိမ့်မည်။ လူတိုင်းသည် ရုပ်ထုများကဲ့သို့ ငြိမ်သက်သွားလိမ့်မည်။

ရုပ်ရည်အရဆိုလျှင် ယွဲ့ရှ သူ့ကို သဘောကျသည်။ [System လျှိ့ဝှက်ဇာတ်‌ကောင်ပေါ်လာပြီ ]

[ ငါကြည့်လိုက်မယ် ] System သည် အခြားအရာများရှာဖွေရင်း အလုပ်ရှုပ်နေခဲ့သည်။[ဌာနချုပ်က သူ့ကိုမထည့်ခင် ခံစားချက်တွေပြဖို့ကုဒ်ကို ထည့်‌ပေးလိုက်ဖို့မေ့သွားတာလား ]

ယွဲ့ရှ: “....”

ယွဲ့ရှနှင့် အချိန်များစွာကုန်ဆုံးပြီးနောက် System သည်လည်း အထေ့အငေါ့ပိုင်းတွင်တော်လာခဲ့သည်။

All Chapters