← Chapters

အခန်း ၂၅

Vol. 2 Ch. 25

အခန်း ၂၅

Vol. 2 Ch. 25

အပိုင်း ၂၅ - ယွဲ့ရှနှင့်အချိန်များစွာကုန်ဆုံးပြီးနောက် System သည်လည်းဝေဖန်တတ်လာခဲ့သည် (၂)

ဧည့်သည်ရောက်လာလျှင် ဧည့်ခံရမည်မှာ ပုံမှန်ပင်ဖြစ်သည်။လူအုပ်စုသည် ပန်းခြံထဲသို့ သွားသည့်လမ်းတစ်လျှောက်လုံး ပါးစပ်ပိတ်နေကြသည်။ ရှီယွမ်ကျန်းသည် သူတို့မရောက်ခင်ကတည်းက လက်ဖက်ရည်လုပ်နေခြင်းဖြစ်သည်။ ရေကန်ထဲမှ koi ငါးလေးသည် အရောင်မျိုးစုံဖြာထွက်နေသည်။ ရှုခင်းသည် သာယာလှပသလောက်ဓာတ်ပြားဟောင်းလည်းဆန်သည်။

ယွဲ့ရှသည် ပေါ့ပေါ့ပါးပါးထိုင်ချလိုက်ပြီ System နှင့်ဆက်စကားပြောနေသည်။ [ ငါသူ့ပေါ် နို့မှောက်ကျသွားတာကို သူမေ့သွားလောက်ပြီလို့နင်ထင်လား ]

သူမ စကားပြောလို့မပြီးခင်မှာပင် ရှီကျွင်းယန်သည် သူမ အတွက် လက်ဖက်ရည်ခွက်ကမ်းပေးရင်း တန့်သွားသည်ကို သူမ သတိထားမိသွားသည်။ အဆုံးတွင် သူသည် သူမနှင့်မီတာဝက် အကွာတွင် လက်ဖက်ရည်ခွက်ကိုချထားလိုက်သည်။

ယွဲ့ရှ: “......”

‘ကောင်လေး နင်ဘာတွေ အဲ့လောက် သတိကြီးနေတာလဲ’

ရှီယွမ်ကျန်းသည် အမှန်တကယ်ပင် စကားနည်းသူဖြစ်သည်။ ဧည့်သည်များအတွက် လက်ဖက်ရည်ငှဲ့ပေးပြီးနောက် “သုံးဆောင်ပါဦး” ဟု သူက ပြောလာသည် ။ ထို့နောက် သူသည် ရုပ်သေဖြင့် သူလုပ်လက်စကိစ္စကို အပြီးသတ်ရန်ပြန်လှည့်သွားသည်။

ရှီချင်းယင်၏သူငယ်ချင်းများသည် သက်တောင့်သက်သာလုံးဝဖြစ်မနေ‌ပေ။ သူတို့သည် စကားပြောဖို့ရန်တွန့်ဆုတ်နေကြပြီး အဆုံးတွင် နာရီဝက်ခန့် စကားလုံးဝမပြောဘဲ ငြိမ်သက်လိုက်မိသည်။ လေမှာနွေးထွေးနေသော်လည်း သူတို့မျက်နှာမှာမူကန်ရေထက်ပင် စိမ်းသက်နေသည်။

ယွဲ့ရှသည် ရယ်ချင်နေသည်။[ System သူနဲ့ရှီချင်းယင် အကျင့်ကတော်တော်ကွာတာပဲနော် ]

[ အဲ့ဒါ သူတို့နောက်ကြောင်းနှင့်ဆိုင်တယ် ] Systemက ဗလုံးဗထွေးပြောလာသည်။ [ သူနှင့်ရှီချင်းယင်က ဖအေတူမအေကွဲလေ၊ သူတို့ ငယ်ငယ်တုန်းကဆို.... ]

ရှီချင်းယင်သူငယ်ချင်းများမွန်းကျပ်နေစဉ် ယွဲ့ရှကမူ System ၏ စကားကို ရေဒီယိုနားထောင်သလိုနားထောင်နေသည်။

System စကားပြောပြီးနောက် သက်ပြင်းချလိုက်သည်။ [ ရှီချင်းယင်ကလည်း သနားဖို့ကောင်းတဲ့လူတစ်‌ယောက်ဘဲ၊ သူ့ငယ်ဘဝက စိတ်ဒဏ်ရာက သူ့အပေါ်သက်ရောက်နေတုန်းပဲ၊ အဲ့ဒါကြောင့်လည်း သူက ကြာပန်းဖြူကိုတွေ့တဲ့အချိန်မှာ ပြန်လည်ပြင်ဆင်ဖို့ အသည်းအသန်ဖြစ်နေတာပဲ ]

[ ရပ်လိုက်တော့ ] ယွဲ့ရှက တည်ငြိမ်စွာပြောလိုက်သည်။ [ လူကောင်းတွေပဲ ပြန်လည်ပြင်ဆင်ဖို့အခွင့်အရေးနဲ့ထိုက်တန်တာ၊ လူဆိုးတွေက ပြုပြင်ဖို့ကိုလိုအပ်နေတာ ]

System:[ ....... ]

‘စကားလုံးတွေကလည်း ရက်စက်လိုက်တာ တော်တော်သွေးအေးတာပဲ’

နောက်ဆုံးတွင် ပန်းခြံ၏ အနောက်ဘက်မှ ခြေသံများကို သူတို့ကြားသောအခါ ကျွင်းရှောင်ဟန်သည် ဆက်ပြီးမငြိမ်နိုင်တော့ပေ။ ရှီချင်းယင်၏မျက်နှာအမူအရာသည် တော်တော်ရုပ်ဆိုးသည်။ သူသည် ကျန်းရှုယောင်ကို ပန်းခြံထဲသို့ ဆွဲခေါ်လာခဲ့သည်။ ကြည့်ရပုံမှာ သူတို့နှစ်‌ယောက်ကြား ပြဿနာမှာ ဆက်လက်စုပုံလာပြီး သူ၏သည်းခံနိုင်မှုသည် အဆုံးစွန်‌ရောက်သွားပုံပင်။

သူ၏နောက်တွင် ယိုင်ထိယိုင်တိုင်နှင့် နေမကောင်းဟန်ပေါ်သော ကျန်းရှုယောင်ရှိနေသည်။ သူမ၏ပါးများသည် စိုစွတ်နေပြီး မျက်လုံးများကမူ နီရဲနေသည်။ သူမသည်သူမ၏အောက်နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားသောကြောင့် သွားရာပင်ထင်းနေပြီဖြစ်သည်။ သူမပုံသည် လွန်ခဲ့သောရက်အတွင်း သေသေချာချာမအိပ်ရ‌သေးသည့်ပုံပင်။ သူမ၏ပုံစံမှာ ရှိသမျှအားအင်တို့ စုပ်ထုပ်ခံထားရသည့်ပုံပင်။ ‌ရေကန်နားမှလူများကိုပင် သူမ သတိမထားမိပေ။

ဗိုလ်ကေနှင့်ကောင်သည်လည်း ထိန်းချုပ်ထားသည်မှာ တော်‌တော်ကြာလှပြီဖြစ်သည်။ ရှီချင်းယင်ကိုမြင်ရသောအခါ သူသည် ချက်ချင်း ပင်ခေါ်လိုက်သည်။ “ဝေ့ ချင်းယင်”

ရှီချင်းယင်သည် မပျော်ရွှင်စွာလှည့်လာခဲ့သည်။ ယွဲ့ရှကိုမြင်သောအခါ သူသည် နည်းနည်းတွန့်သွားသည်။ ထို့နောက်သူသည် ကျန်းရှုယောင်ဘက်ပြန်လှည့်သွားပြီး ‌ဒေါသတကြီးကြည့်လိုက်သည်။ ယွဲ့ရှတည်ရှိမှုသည် ကျန်းရှုယောင်ကိုဆွပေးမည်ကို သူစိုးရိမ်သွားသည်။ သူလုံးဝမထင်ထားသည်မှာ ယွဲ့ရှအပေါ် ကျန်းရှုယောင်၏ခံစားချက်ကို သူမ မျက်နှာပေါ်တွင် သိသာစွာမြင်နေရသည်ကိုပင်။ သူမ၏မျက်ခုံးမှာ အပေါ်တက်နေပြီး၊ မျက်လုံးမှာပြူးနေပြီး၊ နှုတ်ခမ်းမှာ သူမကိုယ်တိုင်ပင် သတိမထားမိအောင် ကွေးတက်နေသည်။ ရှီချင်းယင် ထိုမျက်နှာအမူအရာကို အကြိမ်ကြိမ်မြင်ဖူးခဲ့သည်။ ယင်းသည် လုံးဝပင် အဖြူစင်ဆုံးပျော်ရွှင်မှုပင် ဖြစ်သည်။

ကျန်းရှုယောင်၏ ပျော်ရွှင်နေသောမျက်နှာအမူအရာသည် ယွဲ့ရှကိုမြင်ရခြင်းကိုမပျော်ရွှင်သင့်ကြောင်း သတိမရခင်အထိ မိနစ်ဝက်ခန့်ခံခဲ့သည်။ သူမသည် အပြုံးမပျောက်ခင် ခဏတာခန့် တန့်နေပြီးနောက် တိတ်တဆိတ်မျက်နှာလွှဲလိုက်သည်။

ရှီချင်းယင် : “.....”

‘ဟမ် တစ်ခုခု မှားနေသလိုပဲ ဘာလို့သူကပျော်နေရတာလဲ’

‘သူ့ အမူအရာက ဘာဖြစ်နေတာလဲ’

***

နေ့ရက်များစွာကြာပြီးနောက် ယွဲ့ရှသည် သူမ၏ကြာပန်းဖြူလေးကို တွေ့ခွင့်ရခဲ့လေပြီ။ ရှုယောင်ပုံစံမှာ သူမ တော်တော်ခံစားခဲ့ရပုံပင်။ ယွဲ့ရှ အလွန်စိတ်ညစ်သွားပြီး Systemကို စတင် ကွန်ပလိန်းတက်တော့သည်။ [ ကြည့်ပါဉီး သူဘယ်လောက်တောင်ဝိတ်ကျသွားတာလဲ ပိန်ညှောင်နေတာပဲ၊ သူ့ပုံစံက ငါ့ကိုရွံ့ရှာနေပုံပေါ်တော့ ငါဘယ်လိုသူ့ကိုနှစ်သိမ့်ရမလဲ၊ ငါသွားနှစ်သိမ့်ရင်လည်း လူမဆန်လွန်းရာကျတယ် ]

သူမ စပြီး ဒရမ်မာချိုးသည်နှင့် လျစ်လျူရှုတတ်အောင် System က လေ့လာနိုင်ခဲ့လေပြီ။ သူက အသက်မပါစွာ ပြောလာသည်။ [ အဆင်ပြေပါတယ်၊ နင် မစ်ရှင်ပြီးအောင်လုပ်နိုင်မယ်လို့ ငါယုံကြည်တယ် ]

သူသည် မည့်သည့်အရာကိုမှ သေချာစွာ မပြောရဲပေ။ သို့သော် သေချာသည်မှာ Host သည် သွေးတိုးစမ်းရာတွင် ‌တော်သောသူဖြစ်သည်။ ယွဲ့ရှသည် သူတစ်ပါးကို စိတ်ဆင်းရဲအောင်လုပ်ရာတွင် ကျွမ်းကျင်သောသူဖြစ်သည်။

ရှီချင်းယင် ယွဲ့ရှကို မြင်သည်နှင့်တစ်ပြိုင်နက် ဒေါသအပြင် သူညာဘက်ပါးပါ တဆစ်ဆစ်ကိုက်လာသလို ခံစားလိုက်ရသည်။

သူ့ညာဘက်ပါးပေါ်တွင် ပါးချရာဝါးတားတားလေး ရှိနေသောကြောင့် သူဘယ်လိုရခဲ့ကြောင်းကို သူ့မှာ ဆင်ခြေပင်မပေးနိုင်ခဲ့ပေ။ သူသည် လက်စားချေနည်းနှင့်အခွင့်အရေးကိုလည်း မရှာတွေ့သေးပေ။ အမုန်းအသစ်နှင့်အဟောင်းသည် ကောင်းမွန်စွာ ရောနှောသွားသည်။ ယွဲ့ရှ သေသေချာချာဝတ်ဆင်လာပုံနှင့် လက်ထဲမှ လက်ဆောင်ကို မြင်သောအခါ သူကရွဲ့လိုက်သည်။ “နင့်လက်ဆောင်ကို ငါလက်ခံမယ်ထင်နေလား ထွက်သွားစမ်း”

“ရှုယောင်” ယွဲ့ရှ သည် ရှုယောင်ထံသို့ ပြေးထွက်လာပြီး သူမ သေချာ‌ရွေးထားသော လက်ဆောင်ကိုပြလိုက်သည်။ “နင့်အတွက်”

ကျန်းရှုယောင်သည် သူမကိုကြည့်လည်းမကြည့်သလို စကားလည်းပြန်မပြောပေ။ သူမပုံစံမှာ စိတ်နှင့်ကိုယ်နှင့် မကပ်သလိုပင်။

သူမသည် လက်ဆောင်ကိုလက်မခံပေ။

Systemက အတွန့်တက်လာသည်။ [ နင်ပြောတော့ လက်ဆောင်သယ်လာတယ်ဆိုတာက ပထမဆုံးအကြိမ်လာလည်တာမို့လို့ဆို ]

ယွဲ့ရှ သည် Systemကို လျစ်လျှူရှုလိုက်ပြီး ရှုယောင်လက်ထဲ လက်ဆောင်ကိုထိုးထည့်နေသည်။ ကျန်းရှုယောင် ပြန်ပေးမလို့လုပ်သော်လည်း ယွဲ့ရှသည် ပြန်ထိုင်နေပြီဖြစ်သည်။ ကျန်းရှုယောင်သည် ပန်းအိုးကို ကြောင်တောင်တောင်လေး ကိုင်ထားမိသည်။ အဆုံးတွင် သူမသည် ပြန်ပေးဖို့ရန် မလုပ်တော့ပေ။

သူမ သက်ပြင်းချလိုက်သည်။

နောက်ခံဇာတ်ကောင်အနေဖြင့် ဆက်ဆံခံနေရသော ရှီချင်းယင်မှာ ‌ဒေါသထွက်လာတော့သည်။ “ီးလိုပဲ နင် ငါပြောတာကိုကော နားထောင်နေရဲ့လား”

အနီးအနားတွင်ရှိနေသော ရှီယွမ်းကျန်း က ခေါင်းမော့လာပြီး ‌အေးစက်စွာပြောလိုက်သည်။ “မင်းစကားကို ကြည့်ပြောစမ်း”

ရှီချင်းယင် ချက်ချင်းပါးစပ်ပိတ်လိုက်ရသည်။

System သည် အလျင်အမြန် ရှီချင်းယင်၏ သွေးတိုးနှုန်းကိုစစ်လိုက်သည်။ ရလဒ်သည် ကျေနပ်ဖွယ်ပင်။ သူ့သွေးဖိအားသည် နှစ်ဆအထိတက်လုနီးနီးပင်။

ကျွင်းရှောင်ဟန်သည် စိတ်ဖိစီးလွန်းသောကြောင့် သေလုနီးပါးပင်ဖြစ်နေသည်။ ယင်းမြင်ကွင်းသည် ယွဲ့ရှကိုအပြင်မှာ မြင်ကတည်းက သူမ စောင့်မျှော်နေသော မြင်ကွင်းဖြစ်သည်။ သူတို့ ငြင်းခုံသည် ဖြစ်စေ ရန်ဖြစ်သည်ဖြစ်စေ ဘာဖြစ်ဖြစ်ရသည်။ သို့သော် ရှီယွမ်ကျန်း ဤနေရာတွင်ရှိနေသောကြောင့် သူတို့မည်မျှပင်ဒေါသထွက်စေကာမူ သူတို့ထိန်းချုပ်ထားရသည်။ အခြေအနေမှာ ငြိမ်လွန်းသောကြောင့် ရွံ့စရာပင်ကောင်းနေသည်။

ထူးဆန်းသော တိတ်ဆိတ်မှုသည် ခဏတာသာခံလိုက်သည်။ ရှီယွမ်ကျန်း၏အကြည့်များသည် ယွဲ့ရှပေါ်သို့ ကျဆင်းလာသည်။ အဆုံးတွင် သူသည် ထထွက်သွားဖို့ရန် ‌မရွေးချယ်လိုက်ပေ။ “မင်းသူတို့ကိုခေါ်ထားတယ်ဆိုတာ မွေးနေ့ပွဲကျင်းပဖို့မလား” ဟု သူကမေးလိုက်သည်။

ရှန်းယုက ကြောင်တောင်တောင်နှင့်ပြောလာသည်။ “ဟုတ်....ဟုတ်ကဲ့ဗျာ”

ရှီယွမ်ကျန်းက ထပ်ပြောလာသည်။ “အဲ့ဆိုလည်းဆက်လုပ်လေ”

လူအားလုံး: “.....”

သူတို့ကလေးများ၏မိဘတွေ့ဆုံပွဲကိုပစ်ထားသည့်မိဘနှင့် ရှီယွမ်ကျန်းကြား ဘာကွာခြားသွားလဲ။

‘ရှီယွမ်ကျန်းက ငုတ်တုတ်ထိုင်နေတာကြီးကို ငါတို့ကဘယ်လိုလုပ် ရှီချင်းယင်ရဲ့မွေးနေ့ကိုကျင်းပရမှာလဲ’

All Chapters