အခန်း ၂၇
Vol. 2 Ch. 27
အပိုင်း (၂၇) “စောစောစီးစီးသေအောင် ကိုယ့်ကိုကိုယ် မကျိန်ပါနဲ့လား”(၂)
“ပန်းချီဆရာမတစ်ယောက်ရဲ့လစာနဲ့ဘယ်လောက်များရှိတာမို့လို့လဲ၊ ငါနင့်အတွက်ဝယ်ပေးတဲ့အင်္ကျီကတောင် နင့်လစာထက်များဦးမယ်” ရှီချင်းယင်က စိတ်မရှည်စွာ သူ့ကိုမေးလိုက်သည်။ “အဲ့ဆို ငါနင့်ကိုမေးပါရစေဦး ဒီနေ့က ငါ့မွေးနေ့ဆိုတော့ နင်ငါ့အတွက် ဘာပြင်ပေးထားလဲ၊ နင်ငါ့ခံစားချက်ကိုကော ဂရုစိုက်သေးရဲ့လား”
ကျန်းရှုယောင်၏နှုတ်ခမ်းများ အနည်းငယ်တုန်လှုပ်သွားသည်။ သူမသည် သူမဘေးနားမှလူ၏အံ့ဩနေသော အကြည့်နှင့်မျက်လုံးချင်းစုံသွားသည်။ သူမ၏နားရွက်ထိပ်လေးများသည် နီရဲလာပြီး သူမက တိုးတိုးလေးပြောလိုက်သည်။ “....ငါတောင်းပန်ပါတယ်....”
ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသည်။ ယင်းသည် ယွဲ့ရှ အတွက် ပထမဆုံးအကြိမ် ဇာတ်လိုက်နှစ်ယောက် ရန်ဖြစ်ခြင်းကို မြင်ရခြင်းဖြစ်သည်။ သူမသည် ကြောင်တောင်တောင်ဖြစ်နေသည်။ [ System ဒီကောင် ဘယ်လိုတောင် ယုံကြည်မှုအဲ့လောက်ရှိနေတာလဲ]
အဘယ်ကြောင့်ဆိုသော် လူအများစုသည် ဒေါသထွက်လာသောအခါ သူတို့၏လုပ်ရပ်ကိုဆင်ခြေပေးဖို့ ဆင်ခြေများစွာရှိသောကြောင့်ပင်။ သူ၏ငြင်းခုန်မှုသည် အစကတည်းက ကျိုးကြောင်းဆီလျော်မှု ရှိမနေပေ။ ယင်းသည် သူမ သွေးကိုဆူပွက်စေသည်။ သူမ ကြားဝင်ပြီးသာ ထိုကောင်ပါးစပ်ကို ပိတ်ပစ်ချင်တော့သည်။
System ကတော့ ပျော်ပျော်ရွှင်ရွှင် ပေါက်ပေါက်ထိုင်စားနေသည်။ [ မစ်ရှင်ကတစ်ဝက်လောက်ပြီးနေပြီ ဆက်ငြင်းခုံကြစမ်း၊ ချကြစမ်း ဟား...ဟား...ဘယ်သူအရင်ဆုံး စထိုးမလဲမသိ ]
ရှီချင်းယင်သည် စကားဆက်ပြောချင်သေးသော်လည်း ရှီယွမ်ကျန်းက အမိန့်ပေးသည့် အသံဖြင့်ပြောလိုက်သည်။
“တော်တော့ အကုန်တိတ်ကြစမ်း”
ရှီချင်းယင်သည် ရောက်လာသော ဧည့်သည်များ၏ကသိကအောက်ဖြစ်နေသော မျက်နှာအမူအရာကို မြင်မိပုံပေါ်သည်။ သူက တောက်ချလိုက်သည်။ သို့သော် သူ့မျက်နှာပေါ်မှဒေါသအရိပ်အယောင်များသည် မပျောက်ပျယ်သွားသေးပေ။ သူက ဝတ်ကျေတန်းကျေပြောလိုက်သည်။ “ရောက်လာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောက်ကျမှ ပြန်ဆုံကြတာပေါ့”
ထိုစကားများကို ပြောပြီးနောက် သူသည် ကျန်းရှုယောင်ကို သူနှင့်အတူ ထွက်သွားရန်ဆွဲခေါ်သွားသည်။ ထိုမတိုင်ခင် သူသည် ယွဲ့ရှကိုစောင်းကြည့်လိုက်သည်။
ဒေါသအကြည့်ဖြစ်သော်လည်း သူ့ပါးပေါ်မှလက်ရာနှင့်တွဲလိုက်သောအခါ ဟာသလိုဖြစ်နေသည်။ အခြားသူများရယ်မရယ်ကိုတော့ သေချာမသိသော်လည်း ယွဲ့ရှ နှင့် System ကမူ ခွက်ထိုးခွက်လန်ရယ်နေကြသည်။
ရှန်းယုနှင့်အခြားနှစ်ယောက်မှာ သူတို့မကြားသင့်သည်ကို ကြားလိုက်ရသောကြောင့် အသက်ဘေးမှပြေးသကဲ့သို့ ထွက်လာကြသည်။ ယွဲ့ရှတစ်ယောက်တည်းသာ ရေကန်နားတွင် ဆက်ထိုင်နေသည်။
ရှီယွမ်ကျန်း၏အားလပ်ရက်မှာ အနှောင့်ယှက်ခံလိုက်ရသည့်အပြင် အတွဲတစ်တွဲ၏ အငြင်းအခုံကိုလည်းကြည့်လိုက်ရသေးသောကြောင့် စိတ်အခြေအနေမှာကောင်းမနေပေ။ သူသည် အနည်းငယ်မပျော်ရွှင်သောမျက်နှာနှင့်လှည့်လိုက်ချိန် သူမ၏အကြည့်များနှင့်ဆုံသွားသည်။
ယွဲ့ရှက ပြုံးပြလိုက်သည်။
ရေကန်ပေါ်တွင် လှိုင်းသေးသေးလေးထနေပြီး နူးညံ့သောလေနွေးနွေးလေးက ငြင်သာစွာတိုက်ခတ်နေသည်။ ဤပန်းခြံထဲတွင် သူတို့နှစ်ယောက်သာကျန်တော့သည်။
တော်တော်ကြာသည်အထိ တိတ်ဆိတ်နေပြီးနောက် ရှီကျွင်းယန်က တွန့်ဆုတ်စွာပြောလိုက်သည်။ “အမ်...နင်မပြန်သေးဘူးလား”
“ဟင့်အင်း..” ယွဲ့ရှသည် ထိုနေရာတွင် လိမ္မာသောကလေးတစ်ယောက်နှယ်ထိုင်နေသည်။ သူမ ခင်ခင်မင်မင်ဖြင့် ပြုံးပြလိုက်သည်။ “ငါ ရှုယောင်ကိုစောင့်နေတာ၊ ငါသူ့ကိုပြောစရာရှိလို့”
သူမ၏နောက်ပြောင်တတ်သောအကျင့်မှာပျော က်ဆုံးနေသည်။ သူမ၏ပုံစံသည် ပြဿနာရှာတတ်သော ကောင်မလေးနှင့်ပင်မတူပေ။
ရှီယွမ်ကျန်းသည် သူမကို သုံးခါသာမြင်ဖူးသည်။ မြင်လိုက်သည့်အကြိမ်တိုင်းလည်း အကျိူးဆက်များစွာကျန်ခဲ့သည့် ပြဿနာကြားထဲတွင်ဖြစ်နေသည်။ သူသည် လူအများနှင့်ပြောဆိုဆက်ဆံခြင်းကို တော်ရုံတန်ရုံစိတ်ဝင်စားသူမဟုတ်သောကြောင့် ဆန့်ကျင်ဘက်လိင်နှင့်စကားပြောသည်မှာ အလွန်ရှားပါးသည်။ သူသည် ဧည့်သည်များကိုလည်း မည်သို့ ဧည့်ခံရမည်ကိုမသိသောကြောင့် ခေါင်းသာညိတ်ပြလိုက်သည်။ “အင်း...”
ယွဲ့ရှသည် ငြိမ်သက်စွာထိုင်နေဆဲပင်။ ရှီယွမ်ကျန်း အေးစက်နေသော လက်ဖက်ရည်ခွက်ကို ယူသွားပြီး နောက်တစ်ခွက်ဖြင့် ပူနွေးသောလက်ဖက်ရည်အားလောင်းထနေပြီး သူမထံ ခွက်အသစ်ကိုတွန်းပို့လာသည်ကို ယွဲ့ရှထိုင်ကြည့်နေသည်။
လက်ဖက်ရည်ခွက်မှ အပူငွေ့များက သူ၏ချောမောသောမျက်နှာကို မှုန်ဝါးစေသည်။
[ ငါတို့နှစ်ယောက်လုံးစကားမပြောတော့ ကသိကအောက်ဖြစ်လိုက်တာ ] ယွဲ့ရှက System ကိုပြောလိုက်သည်။ [ သူ့မှာ social anxiety များရှိေနတာလား ]
( social anxiety ဆိုတာက လူအများနှင့်စကားပြောရမှာကို ကြောက်ရွံ့တဲ့စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပါတယ်)
System သည် မစ်ရှင်များကို စီစစ်နေရသော အလုပ်ရှုပ်နေသည်။ [အဲ့ဆိုလည်း တစ်ခုခုပြန်ပြောလိုက်ပေါ့]
ယွဲ့ရှသည် အကြံပေးချက်ကို လက်ခံလိုက်သည်။ သူမက စတင်ပြီးမေးလိုက်သည်။ “ငါနင့်ကိုနို့နဲ့မတော်တဆပက်မိတုန်းက နို့ကပူနေလားဟင်”
လက်ဖက်ရည်အိုးကိုပြန်ချနေသော ရှီယွမ်ကျန်းလက်များသည် တန့်သွားသည်။
System:[ ]
‘Host နင်က စကားအရာမှာ တော်တော်,တော်တာပဲနော်’
ယွဲ့ရှသည် သူပြန်မဖြေမချင်းတော်တော်ကြာသည်အထိစိုက်ကြည့်နေလိုက်သည်။ “မပူပါဘူး”
“အော်” ယွဲ့ရှက သက်ပြင်းချလိုက်ပြီး “တော်သေးတာပေါ့”
System သည် သူ၏အကြံပြုချက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ယွဲ့ရှကို တိတ်တိတ်နေရန်ပြောလိုက်သည်။ သူ၏ နားရွက်ဖျားလေးများနီလာသည်ကို မြင်သောအခါ ယွဲ့ရှသည်တိတ်နေလိုက်ခြင်းသည် အကောင်းဆုံးဟု ခံယူလိုက်သည်။ ထို့ကြောင့် သူမသည် ပျင်းပျင်းနှင့် System အား WPS ဖွင့်ရန် အမိန့်ပေးလိုက်ပြီး စိတ်ဖြင့်အချက်အလက်တချို့ကို ရိုက်ထည့်လိုက်သည်။
(T/N: WPS က စာရိုက်တဲ့ အပ်ခ်တစ်ခုပါပဲ )
System:[နင်ဘာလုပ်နေတာလဲ ]
ယွဲ့ရှ : [ စာရေးနေတာလေ ]
System က သူမရေးနေသည်ကို စပ်စပ်စုစုကြည့်လိုက်သည်။ ယွဲ့ရှသည် ရှီချင်းယင်လုပ်သမျှ မကောင်းမှု မှန်သမျှကိုချရေးနေသည်။ သူမ၏စာရေးပုံသည် တိကျသေချာပြီး အသေးစိတ်ကျလှသည်။ သူသည် စာမျက်နှာကိုကြည့်လိုက်သည်။ စာဖိုင်သည် ဂဏန်းနှစ်လုံးပင်ဖြစ်သည်။
System:[ နည်းပညာတွေက ဘဝတွေကိုတကယ်ပြောင်းနိုင်တာပဲ ]
ရှီယွမ်ကျန်း သည် လူများနှင့်ဆက်ဆံရသည်နှင့် နေသားမကျသေးပေ။ စကားဝိုင်းမှာ မပြီးပြတ်သေးဟု သူခံစားနေရသည်။ သူမျက်လုံးပိတ်လိုက်ချိန် သူမ၏ တည်ရှိမှုသည် ပို၍ပင် သိသာလာသည်။
သူမ၏ခေါင်းလျှော်ရည်အနံ့ကိုခံစားရပြီး သူမ၏အသံရှူသံဖျော့ဖျော့လေးကိုပင်သူ ကြားနေရသည်။ သူ ချောင်းမကြည့်ဘဲ မနေနိုင်ပေ။
ယွဲ့ရှသည် ပျင်းပျင်းဖြင့် သူမ ဆံပင်ကိုလက်ဖြင့် ကစားနေသည်။ သူမ ဆံပင်ကိုလွှတ်လိုက်သည့်အချိန်တိုင်း လှိုင်းလေးတစ်ခုကျန်ရှိခဲ့သည်။
‘ငါနဲ့အတူရှိနေရတာက ပျင်းဖို့ကောင်းနေတာများလား’
ရှီယွမ်ကျန်း ထပြီးမထွက်သားခင် အတွေးတစ်ခုက သူ့ခေါင်းထဲရောက်လာခဲ့သည်။
ယွဲ့ရှသည် အရိပ်တစ်ခုကိုမြင်လိုက်သည်။ ရှီယွမ်ကျန်းက တည်ငြိမ်စွာဖြင့် သူမကို အမှုန့်ထုပ်လေးတစ်ထုပ်ပေးလိုက်သည်။ ယွဲ့ရှက မေးလိုက်သည်။ “ဘာလဲဟင်”
“ငါးစာ” ရှီယွမ်ကျန်းက ပြန်လှည့်သွားပြီးနောက် ငါးကန်ကို ပြန်လှည့်ကြည့်လိုက်သည်။ သူသည် အတက်နိုင်ဆုံး သူ့အသံကိုတောင့်တောင့်ကြီးမဖြစ်အောင်ကြိုးစားပြီးပြောလိုက်သည်။
“နင် ငါးစာကျွေးချင်လား”
ယွဲ့ရှ : “ အွမ်း....”
‘သူ့ပုံက မသိရင် ကလေးကိုပျော်အောင်လုပ်ပေးနေသလိုပဲ၊ ငါးစာကျွေးတာကိုပျော်စရာလို့ကော သတ်မှတ်လို့ရလား”
သူမသည် ဤလျှို့ဝှက်ဇာတ်ကောင်ကိုနားမလည်နိုင်တော့ပေ။