အခန်း ၂၈
Vol. 2 Ch. 28
အပိုင်း (၂၈) “စောစောစီးစီးသေအောင် ကိုယ့်ကိုကိုယ် မကျိန်ပါနဲ့လား”(၃)
ညနေစောင်းမရောက်ခင်အထိ ကျန်းရှုယောင်သည် ပေါ်မလာပေ။
ရှီချင်းယင်သည် သူမနှင့်ပါမလာပေ။ သူဘယ်ကိုသွားလဲမည်သူသိနိုင်မည်နည်း။
သူမ သည် ယွဲ့ရှခုချိန်ထိ စောင့်နေလိမ့်မည်ဟု မထင်ထားပေ။ သူမသည် လမ်းလျှောက်နေသည်ကို မရပ်လိုက်ခင်အထိ ယွဲ့ရှကို ကြောင်တောင်တောင်ကြည့်နေမိသည်။ ယွဲ့ရှထံသွားရမလား ပြန်လှည့်သွားရမလားနှင့်ပတ်သတ်ပြီး သူမ ဒွိဟဖြစ်နေ၏။
ရှီချင်းယင်ပြောခဲ့သောစကားများကို သူမ နားထဲတွင် ကြားယောင်နေမိဆဲပင်။
“ဘာလဲ သူက နင့်ကိုနည်းနည်းလောက်ကြင်နာပြလိုက်ရုံနဲ့ နင်က ဒီလိုဖြစ်နေပြီပေါ့၊ သူ့ကိုတကယ်ကြီး သူငယ်ချင်းကောင်းလို့ထင်နေတာလား၊ သူငယ်ချင်းကောင်းက နင့်ကို နိုက်ကလပ်ခေါ်သွားမယ်တဲ့လား”
“ဟုတ်တယ် မှန်တယ် ငါနင့်ကို အဲ့အကြောင်းတွေ မပြောခဲ့ဘူးဆိုတာ၊ ဒါပေမယ့် အဲ့တာကလည်း လိုအပ်တယ်လို့ ငါမထင်လို့ပဲ၊ ငါ သူ့ကို ပထမဆုံးတွေ့ခဲ့တဲ့နေရာက နိုက်ကလပ်မှာပဲ၊ သူက ငါ့ကို အတင်းလိုက်ကပ်နေတာ၊ သူက အကြောင်းအကုန်သိရက်နဲ့ နင့်ကိုချည်းကပ်တယ်ဆိုကတည်းက နင်က ဘာကိုတွေဝေနေသေးတာလဲ”
“မိန်းမတွေဆိုတာအချင်းချင်း ကို အကောက်ကြံဖို့ဆိုရင်ဉာဏ်ရောင်စုံထွက်တယ်၊ ဘာ သူငယ်ချင်း လာပြောနေတာလဲ၊ နင့်က ငါ့အချစ်ကိုလွယ်လွယ်ရခဲ့တော့ လူဘယ်နှစ်ယောက်လောက် နင့်နေရာကိုလိုချင်နေလဲ ဆိုတာကိုကောနင်သိရဲ့လား၊ အတိတ်ကိုမေ့ပစ်လိုက်တာက ပိုမကောင်းဘူးလား၊ ငါတို့က စေ့စပ်တော့မှာလေ၊ နင်က အခြားမိန်းမတွေနဲ့မတူဘူး နင်နားလည်လား ယောင်ယောင် နင်ငါ့စကားကိုကော နားထောင်နေရဲ့လား”
ယွဲ့ရှသည်လည်း မတ်တပ်ရပ်နေရသည်ကို မသက်မသာဖြစ်လာရသည်။
System : [ နင် ဇာတ်လိုက်ကို စိတ်ပျက်အောင်လုပ်ရာမှာ အောင်မြင်သွားပြီ၊ အခုက ဇာတ်လိုက်မင်းသမီးကိုပါ အဲ့လိုဖြစ်အောင်လုပ်ဖို့ပဲကျန်တော့တယ်၊ ဇာတ်ကွက်အရဆို သူတို့နှစ်ယောက်က ပြန်ပေါင်းတော့မှာ ]
ယွဲ့ရှ : [….]
နောက်ဆုံးတွင် ကျန်းရှုယောင် ရောက်လာပြီး တိုးတိုးလေပြောလာသည်။ “ယွဲ့ရှ”
ညနေစောင်းလာပြီး ဆည်းဆာရောင်သည် မှိန်လွန်းလှသည်။ သူတို့နှစ်ယောက်ကြားတွင် အနည်းငယ်သာလှမ်းသည်။ ကျန်းရှုယောင်က သူမ မျက်နှာကိုကြည့်ပြီး ရှင်းမပြနိုင်သောခါးသီးမှုတစ်ခုကိုခံစားလိုက်ရသည်။
“နင်လည်းကြားတဲ့အတိုင်းပဲ သူက ငါ့ကိုအများကြီး ကူညီခဲ့တာ” ကျန်းရှုယောင် ခေါင်းစောင်းပြီးပြောလာသည်။ သူမက လက်တန်းကိုမှီလျင် အမှောင်တွင် လေယူရာသိမ်းနေသော သစ်ပင်ပန်းမန်များကိုကြည့်ပြီး “ ငါ ကျေးဇူးသိရမှာ”
“ဟုတ်တယ် နင့်အမေ အတွက် ဆရာဝန်ရှာပေးတာနဲ့ နင့်အတွက်အလုပ်ရှာပေးလို့ နင်သူ့ကိုကျေးဇူးတင်သင့်တယ်ဆိုတာမှန်တယ်၊ ဒါပေမယ့် နင့် ဘဝတစ်ခုလုံးကို သူ့အတွက်ပေးဆပ်စရာမလိုဘူး” ယွဲ့ရှလည်း လက်ရန်းကိုမှီလိုက်သည်။ ကျန်းရှုယောင်နှင့်မတူသည်မှာ သူမက ကောင်းကင်ကြီးကို နောက်ပြန်ကြည့်နေသည်။ ယွဲ့ရှ ပုံစံမှာ ထအူတော့မည့် ဟက်စကီးခွေးနှင့်တူသည်။ “အဲ့နှစ်ခုက ဘာမှဆိုင်မနေဘူး၊ နင့် အဲ့လို အဲ့နှစ်ခုကို တူတူပဲလို့ တွက်လို့မရဘူး”
“သူငါ့ကိုပြောတာ သူငယ်ငယ်တုန်းက မရင့်ကျတ်သေးတော့ လူတချို့နဲ့ရည်းစားထားလိုက်မိတယ်တဲ့” ကျန်းရှုယောင်သည် စကားလမ်းကြောင်းပြောင်းလိုက်ပြီး သူမအသံသည်လည်း ချက်ချင်းလေးနက်သွားသည်။ “အဲ့ထဲနင်လည်းပါတယ်မလား”
ယခုတစ်ခါသည် ပထမဆုံးအကြိမ်သူတို့နှစ်ယောက် ထိုအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောခြင်းဖြစ်သည်။ ယွဲ့ရှသည်တိတ်ဆိတ်မှုဖြင့် မှန်ကန်ကြောင်းပြလိုက်သည်။ ထိုကိစ္စနှင့်ပတ်သတ်ပြီး သူမ လုပ်နိုင်သည်မှာ အပြစ်တင်သည်ကိုခံဖို့ပင်။
“စစကတော့ ငါလက်မခံနိုင်ခဲ့ဘူး” ကျန်းရှုယောင်သည် မျက်မေှာင်ကြုတ်လိုက်သည်။ သူမ ခုထိနားမလည်နိုင်သေးပေ။ “သူ့ငါကိုတကယ်ကြိုက်ခဲ့တယ်ဆိုရင် ဘာလို့ သူအခြားသူတွေနဲ့ တွဲခဲ့တာလဲ”
“ယောက်ျားတေွအတွက် ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုက မတူညီတဲ့နှစ်ခုလား၊ ဒါမှမဟုတ် လူတိုင်းကပဲ အဲ့လိုဖြစ်နေတာလား အဲ့ဒါကြောင့် သူက သူ့ကိုယ်သူမှားတယ်လို့မထင်တာလား” သူမသည် အကြိမ်ရေမြောက်များစွာ ကိုယ့်ကိုကိုယ်ဖျောင်းဖျဖို့ရန်ကြိုးစားခဲ့သော်လည်း သူမ မလုပ်နိုင်သေးပေ။
ယွဲ့ရှမှာ သူမ၏ စိုးရိမ်နေသည့် မျက်နှာနှင့်ဖွင့်ပြောလာမှုကိုမြင်သောအခါ “အဲ့အကြောင်းကို အဲ့လောက်ထိတွေးစရာမလိုဘူး”
ကျန်းရှုယောင်ကရေရွတ်လိုက်သည်။ “တွေးစရာမလိုဘူးတဲ့လား”
“အမှားလုပ်တာက သူလေ အဲ့ဒါကို နင်ကပဲ နင်ကိုယ်နင် ပြန်ဆန်းစစ်ရမယ်ဆိုတော့ ဘယ်လိုကြီးလဲ” ယွဲ့ရှက ပြောလိုက်သည်။ “သူ့လိုလူနဲ့ နင်ပျော်နိုင်မယ်တဲ့လား”
System က ပျော်ရွှင်စွာပြောလာသည်။ :[ ကောင်းတယ် ကောင်းတယ် ဆက်လုပ် ]
ယွဲ့ရှ : [ ဟဲ့ ငါဒီမှာ အတည်ပြောနေတာနော် ]
“ပျော်တာလား” ကျန်းရှုယောင်က ရုတ်တရက်မေးလိုက်သည်။ “ဒါပေမယ့် သူက ငါ့ပေါ်တော့ကောင်းရှာပါတယ်၊ အဲ့ကိစ္စကြောင့်သာမဟုတ်ရင် ငါတို့ပျော်နေရမှာ၊ စေ့စပ်မယ်၊ လက်ထပ်မယ်၊ ကလေးလေးတွေမွေးမယ်၊ အတူတူသက်ဆုံးတိုင်ထိနေမယ်”
နောက်ဆုံးတွင်ပျော်ရွှင်ကြရမည်ဆိုသည့် လမ်းသည် ဖောက်ထွင်းပြီးထားသည်ဟုပင် ခံစားစေရသော်လည်း သူမ ရွေးချယ်ခဲ့သည်မှာ လမ်းမှားကြီးဖြစ်နေသည်။ ထိုညက ယွဲ့ရှ စကားများကို မယုံဘဲ သူမနှင့်သာ မထွက်သွားခဲ့ပါက ယင်းကဲ့သို့ ကိစ္စများဖြစ်လာနိုင်လား၊ သူကိုယ်တိုင်ကောပျော်ရွှင်မှာလားဟု ကျန်းရှုယောင်တွေးမိသည်။
အဓိက အကြောင်းပြချက်မှာ.....
ယွဲ့ရှ : “သူနင့်ကိုတစ်ခါလိမ်တယ်ဆိုကတည်းက နောက်ကျရင်လည်း သူလိမ်ဉီးမှာပဲလေ”
ကျန်းရှုယောင် : “….”
ယွဲ့ရှက သူမ၏စကားကိုဆက်ပြောသည်။ “ကျိန်းသေပေါက် နင်ကတော့ အရေးကြီးဆုံးပေါ့”
“နင်လည်း အစက ငါ့ကိုလိမ်ခဲ့တာပဲလေ” ကျန်းရှုယောက်က တည်ငြိမ်စွာ စကားဖြတ်ပြောလိုက်သည်။ သူမက ပုံမှန်နူးညံ့နေကျ မျက်ဝန်းများသည် စိတ်မလုံခြုံမှုနှင့်ဝမ်းနည်းဒေါသထွက်မှုတို့ကိုပြနေသည်။ “နင်ကကော ဘာထူးနေလို့လဲ”
‘ယွဲ့ရှက ဘာလိုချင်တာလဲ၊ သူ့ရည်ရွယ်ချက်က ဘာလဲ၊ သူ ရှီချင်းယင်ကို ပြန်ရဖို့လုပ်နေတာလား’
ယွဲ့ရှသည် သူမကို ကြံရာမရသော အကြည့်ဖြင့် တိတ်ဆိတ်စွာကြည့်နေလိုက်သည်။
ယွဲ့ရှ မည်သည်ကို ကြံရာမရဖြစ်နေသနည်း။ ကျန်းရှုယောင်သည် သူမ၏ရှုပ်ထွေးနေသော ခံစားချက်များကိုမြိုသိပ်ပြီး အထဲသို့ အမြန်ပြေးဝင်သွားပြီးနောက် ယွဲ့ရှသူမကိုပေးထားသည့် ပန်းအိုးနှင့်ဆင်တူသောပန်းအိုးဖြင့် ပြန်လာခဲ့သည်။ သူမ သေသေချာချာကိုင်ပြီး နေရာချထားသော်လည်း ယခုတွင် သူမ ပြန်ယူလာခဲ့သည်။ သူမသည် ယွဲ့ရှမျက်လုံးများကို မကြည့်ဘဲ သူမလက်ထဲ ပန်းအိုးကိုသာ ပြန်ထည့်ပေးလိုက်သည်။
“နင့်လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါလက်မခံနိုင်ဘူး” ကျန်းရှုယောင်က ပြောလိုက်သည်။
[ တင်း....လက်ရှိမစ်ရှစ်သည် ၁၂၀% ဖြင့် ပြီးဆုံးသွားပါပြီး မစ်ရှင်ပြီးဆုံးအမှတ် ၁၀၀ချီးမြှင့်ခံရပါမည် ]