← Chapters

အခန်း ၂၉

Vol. 2 Ch. 29

အခန်း ၂၉

Vol. 2 Ch. 29

အပိုင်း ၂၉ - ယွဲ့ရှကို ဘယ်သူက အနိုင်ကျင့်နိုင်မှာလဲ၊ အနိုင်ကျင့်တယ်ဆိုရင်တောင် ကျင့်တဲ့သူက ယွဲ့ရှပဲနေမှာ (၁)

ယွဲ့ရှ ဆုချီးမြှင့်ခံလိုက်ရသော်လည်း အိမ်အပြန်လမ်းတွင် သူမ၏ခြေလှမ်းများသည် လေးလံနေခဲ့သည်။ သူမ ပုံသည် အုံ့မှိုင်းနေသော တိမ်မဲ‌အောက်က ပင်လယ်ပေါ်တွင်လွင့်မျောနေသော ဟက်စကီးခွေးနှင့်တူသည်။

System သည် အတတ်နိုင်ဆုံး ကြိုးစားပြီး သူမကိုနှစ်သိမ့်နေသည်။ [Host မစ်ရှင် လိုအပ်ချက်ထက် ကျော်လွန်အောင်လုပ်နိုင်ခဲ့တယ်ဆိုတာရှားတယ်၊ Host က အခုဆို မစ်ရှင်ပြီးဆုံးလို့ပွိုင့်တွေတောင်ရလာသေးတယ် ]

[အဲ့ပွိုင့်တွေက ဘာလုပ်လို့ရမှာလဲ] ယွဲ့ရှသည် နှုတ်ခမ်းကိုပိတ်ပြီး ငိုတော့သည်။ [ ငါက အခု ငါ့ကြာပန်းဖြူလေးကို ဆုံးရှုံးသွားတာလေ၊ ငါရင်ထဲက အပေါက်ကို ဘယ်သူက ဖြည့်ပေးနိုင်မှာလဲ ]

System ထင်သည်မှာ ယွဲ့ရှထပ်ပြီး ဒရမ်မာချိုးနေသည် ဟုပင်။

ယွဲ့ရှ အမှန်တကယ်ပင် သရုပ်ဆောင်နေခြင်း မဟုတ်ပေ။ သူမ တကယ်ဝမ်းနည်းနေခြင်းဖြစ်သည်။

သူမသည် ရှုယောင်ကိုမလေးမစားလုပ်ဖို့ရန် မရည်ရွယ်ထားပေ။ သူမ၏လက်ရှိခံစားကိုဖော်ပြရမည်ဆိုပါက သူမ သေချာအလိုလိုက်ဂရုစိုက်ထားသော ယုန်ဖြူလေးထံမှ အကိုက်ခံလိုက်ရသလိုခံစားနေရသည်။ သူမနေရာတွင် မည်သူဝမ်းမနည်းဘဲ နေမည်နည်း။

System သည် လူသားများ၏ အတွေးကိုနားမလည်နိုင်ပေ။ [ မူရင်း ဝတ္ထုကိုနင်ဖတ်ကတည်းက ဒီလိုပဲ ဖြစ်မယ်ဆိုတာ နင်သိပြီးသားလေ၊ ကြာပန်းဖြူက နှင်းဆီနီကိုကယ်ဖို့ ဇာတ်လိုက်က သူ့ကျောက်ကပ်ကို ခွဲထုပ်ရင်တောင် ခွင့်လွှတ်နိုင်တဲ့သူလေ၊ သူ မခွင့်လွှတ်နိုင်တာ ဘာရှိလို့လဲ ]

ယွဲ့ရှ ကျောက်ကပ်မှာ နာကျင်မှုတောင်ခံစားလိုက်ရသည်။ ‘System က ဘာလို့ ဒါကို အစဖော်လာပြန်တာလဲ’

[ အဲ့ဒါကြောင့် နင်က ဒီကိုရောက်နေတာလေ၊ နင်ဇာတ်ကွက်တွေကိုမရှောင်နိုင်တာကြောင့် အဓိကအတွဲကိုပြတ်အောင်လုပ်တာမှာ လက်လျှော့လိုက်တော့ ]

System မပြောဘဲ ချန်ထားသောအရာများရှိသည်။ ယင်းမှာ ( အဖုံးနှင့်အိုးနှင့်အံဝင်ခွင်ကျဖြစ်သလို၊ ပဲကလည်း လိပ်နှင့်သာတွဲနိုင်သလို၊ တစ်ယောက်ရိုက်ခံထိပါက နောက်တစ်ယောက်လည်း အရိုက်ခံလိုသည်။ မည်မျှပင်ကြားဝင်ဖြတ်စေကာမူ သူတို့၏ဆုံးဖြတ်ချက်ကို ထိန်းချုပ်လို့မရပေ။ ထို့ပြင် သူတို့သည် ကြားဝင်ဖြတ်သူကိုပါ မုန်းသွားနိုင်သည်။)

ထို့ပြင် ယွဲ့ရှသည် ဗီလိန်ဖြစ်သည်။ ဇာတ်လိုက်မင်းသမီးသည် သူနှင့် ဆံပင်များဆောင့်ဆွဲပြီး မငြင်းခုံခြင်းသည်ပင် အံ့ဩဖွယ်ဖြစ်နေပြီဖြစ်သည်။ မူရင်းဝတ္ထုထဲတွင် သူတို့သည် အကြိမ်ရေ ၈၀၀ နီးပါး ပါးချကြလိမ့်မည်။ သူတို့နှစ်ယောက် သူငယ်ချင်းဖြစ်ခဲ့ပြီး အတူတူငြိမ်းချမ်းစွာ စကားပြောနေခြင်းသည်ပင် ကြီးမားသည်အောင်မြင်မှုဖြစ်နေပြီဖြစ်သည်။

ယွဲ့ရှ စိတ်ညစ်နေသေးသည်ကို မြင်ရသောအခါ System က ကောက်နုတ်ချက်တစ်ခုကိုပြလိုက်သည်။

[ ဇာတ်လိုက်နဲ့ ကြာပန်းဖြူပြန်ပေါင်းသွားတော့ ဇာတ်လိုက်က စေ့စပ်ဖို့အကြောင်း မပြောရဲတော့ဘူး၊ သူက သူတို့နှစ်ယောက်ကြားက အထုံးကို ဖြေဖို့ ဆုံးဖြတ်လိုက်တာ၊ တိုက်တိုက်ဆိုင်ဆိုင် သူတို့တက်ခဲ့တဲ့ အထက်တန်းကျောင်းကလည်း ၁၂၀ အကြိမ်မြောက် နှစ်ပတ်လည်ကိုကျင်းပတယ်လေ၊ သူက ကျောင်းနှစ်ပတ်လည်ကိုအခွင့်ကောင်းယူပြီး ကြာပန်းဖြူနဲ့သူနဲ့ကြားရှိခဲ့တဲ့ ငယ်စဉ်က အမှတ်တရတွေကို ပြန်အမှတ်ရအောင် လုပ်တယ်လေ၊ ဒါပေမယ့် အဆင်ပြေလာတော့မယ့်အချိန်မှာ ဒုတိယဇာတ်လိုက် လင်းရှူ ပေါ်လာတယ်လေ ]

လင်းရှူ၏တည်ရှိမှုသည်အားနည်းလွန်းသောကြောင့် ယွဲ့ရှသူ့ကိုမေ့နေပြီဖြစ်သည်။

[ အဲ့ဇာတ်ကွက်ထဲမှာ နင့်အပိုင်းတော့ မပါဘူး] System က မရီမိအောင် အောင့်ထားလိုက်သည်။ [ နင်က ခရီးထွက်နေတာလေ၊ အခုပျော်ပြီလား ]

ယွဲ့ရှ : [...]

သူမ အတွက်မှားသွားသည်။ သူမ ဖြစ်လိုသည်မှာ ညမှောင်ပြီး လေထန်ချိန်ကို အခွင့်ကောင်းယူပြီး ရှီချင်းယင်အိမ်ထဲသို့ ခိုးဝင်ပြီးနောက် သူ့ အင်္ဂါကို လိမ်ချိုးပစ်ရန်ဖြစ်သည်။

ယွဲ့ရှသည် အိမ်တွင်ပန်းရေလောင်းနေသည်။ ယွဲ့ရှသည် အပြုံးဖြင့်ထွက်သွားပြီး စိတ်ဓာတ်ကျနေသော ပုံစံဖြင့် ပြန်လာသောကြောင့် ယွဲ့ချင်းက အံ့ဩတကြီးမေးလာသည်။ “နင်ဘယ်သွားတာလဲ”

ထူးထူးဆန်းဆန်း ယွဲ့ရှသည် သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသောကြောင့် သူငယ်ချင်းများနှင့် အပြင်ထွက်သွားသည် ဟု ယွဲ့ချင်းကထင်မိသည်။ ‘ယွဲ့ရှမှာ သူငယ်ချင်းရှိတယ်ပေါ့လေ၊ ကျန်းရှုယောင်ကို သွားတွေ့တာတော့ မဟုတ်ဘူးလား၊ သူ့ခေါင်းများ ချောင်နေတာလားမသိ’

ယွဲ့ရှ : “ ရှုယောင်ကိုသွားတွေ့ခဲ့တာ”

ယွဲ့ချင်း : “..?...”

သူက “နင်အဆင်ကောပြေရဲ့လား” ဟု မေးလာသည်။

He was increasingly confused by Yue Xia's actions. Her every action was unexpected. In other words, she had gone to see Shi Qingyin? Was she beaten away?

သူသည် ယွဲ့ရှ၏အပြုအမူကြောင့် တော်တော်စိတ်ရှုပ်ထွေးခဲ့သည်။ သူမ လုပ်ရပ်များသည် လုံးဝခန့်မှန်းလို့မရပေ။ ‘အဲ့ဆို သူက ရှီချင်းယင်ကို သွားတွေ့ပြီး အရိုက်ခံလိုက်ရတာလား’

ယွဲ့ရှတွင် ယွဲ့ချင်းနှင့် ငြင်းဖို့ရန် အားအင်ရှိမနေပေ။ သူမက ခေါင်းညိတ်ပြီးလှေကားသို့တက်သွားသည်။

“ဟဲ့...”ယဲ့ချင်း ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။ သူလည်း လှေကားပေါ်တက်လာပြီး မျက်မှောင်ကြုတ်လျက် ခေါင်းငုံ့ပြီး ယွဲ့ရှ အမူအရာကို သေချာဆန်းစစ်နေသည်။ သူ့အသံက ပို၍လေးနက်လာခဲ့သည်။ “သူတို့နင့်ကို အနိုင်ကျင့်လိုက်တာလား”

System မှာ သေချင်စိတ်ပင်ပေါက်ပြီး စခရင်ပင် အနက်ရောင်ပြောင်းလုနီးနီးဖြစ်သွားသည်။ ‘ယွဲ့ရှကို ဘယ်သူက အနိုင်ကျင့်နိုင်မှာလဲ၊ အနိုင်ကျင့်တယ်ဆိုရင်တောင် ကျင့်တဲ့သူက ယွဲ့ရှပဲနေမှာ’

ယွဲ့ရှ က “မဟုတ်ဘူး” ဟု ပြန်ဖြေလာသည်။

သူမက ဒုတိယထပ်ကိုရောက်သွားပြီး ယွဲ့ချင်းကမူ အတွေးများစွာနှင့်ကျန်ရစ်ခဲ့သည်။ သူသည် Weibo ပေါ်က သူငယ်ချင်းများကိုမေးကြည့်သောအခါ ပို၍ပင်စိတ်ရှုပ်ထွေးသွားသည်။

လွန်ခဲ့သော ငါးမိနစ်ခန့်က ရှီချင်းယင်သည် ပို့စ်တစ်ခုတင်ခဲ့သည်။ တစ်သက်တစ်ခါမှ ဖြစ်သော ကိစ္စဖြစ်သည်။ ပို့စ်ထဲမှ ပုံတွင် အနည်းငယ်နီနေသော မျက်ဝန်းနှင့်ရှု‌ယောင်ပါပါသည်။ သူမ ပုံသည် ငိုတော့မည့် ပုံနှင့်ပင်တူသည်။

【ရှီချင်းယင်】:ငါနင့်ကိုထပ်ပြီးနာကျင်အောင်မလုပ်တော့ဘူး။

ယွဲ့ချင်း : “...”

သူသည် နှုတ်ခမ်းကိုဖိလိုက်ပြီး အပေါ်ထပ်ကိုကြည့်လိုက်သည်။ ယွဲ့ရှအခန်းတံခါးသည်ပိတ်နေပြီး မည်သည့်အသံများလည်း မကြားရပေ။ သူက သက်ပြင်းချလိုက်သည်။

‘ဘာပဲပြောပြောသူကငယ်သေးတာပဲကို’

ယွဲ့ရှသည် အပေါ်ထပ်သို့ နှေးကွေးစွာတက်သွားပြီး သူမ အခန်းတံခါးကိုလည်းပိတ်ချလိုက်သည်။

မစ်ရှင်ပွိုင့်များကို ပိုက်ဆံနှင့်လဲလှယ်လို့ရသည် ဟု System က ယခင်က ပြောဖူးသည်။ သူမ ၎င်းကို မစမ်းကြည့်ရသေးပေ။ လဲလှယ်ခလုတ်ကိုနှိပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူမသည်ထံ မက်စေ့ချ်တန်းဝင်လာသည်။ ( ယွမ်တစ်သိန်းလဲလှယ်ပြီးပါပြီ)

ယခုမှသာ ယွဲ့ရှသည် သူမ၏ဘဏ်အကောင့်မှာ ဂဏန်းခုနှစ်လုံးရှိနေသည်ကို သိလိုက်ရသည်။ သူမ အလွန်ချမ်းသာနေပြီဖြစ်သည်။

သူမ၏ဘဏ်အကောင့်ကို တိတ်ဆိတ်စွာ ကြည့်နေသည်ကို System မြင်သောအခါ သူအနည်းငယ်ကြောက်ရွံ့သွားသည်။

[ နင် ဘာလုပ်ချင်လဲ၊ မစ်ရှင်အကုန်ပြီးရင် မစ်ရှင်ပွိုင့်နဲ့လဲလှယ်လို့ရတာပဲ နင်နဲ့ဆိုင်တော့တာ ]

ယွဲ့ရှက ကွန်ပျူတာကိုဖွင့်ပြီးပြောလိုက်သည်။ “ရပါတယ်”

တစ်လခန့် အလုပ်ရှုပ်ပြီးနောက် ဤဝတ္ထုကမ္ဘာထဲတွင် ပထမဆုံးအကြိမ် သူမ ကီးဘုတ်ကိုကိုင်ခြင်းဖြစ်၏။ ယွဲ့ရှသည် streaming ဆော့ဝဲကို မတွေ့မချင်း တော်တော်ကြာသည်အထိရှာနေခဲ့သည်။

သူမသည် သူမ၏ ဆိုရှယ်မီဒီယာ အကောင့်ထဲမှ မြောက်များစွာသော ကွန်မန့်များကို လျစ်လျူရှုထားလိုက်သည်။ သူမသည် တောက်ပနေသော ခရမ်းရောင်ဝတ်စုံကိဝတ်လျက် မော်ဒယ်လိုလျှောက်နေသော သူမဗီဒီယိုကိုကြည့်လိုက်သည်။ ထို့နောက် သူမသည် ဗီဒီယိုအကုန်လုံးကိုဖြတ်ချလိုက်သည်။

ထိုဖက်ရှင်သည် သူမ အတွက်ထူးဆန်းလွန်းသည်။

All Chapters