အခန်း ၃၀
Vol. 2 Ch. 30
အပိုင်း (၃၀) - ယွဲ့ရှကို ဘယ်သူက အနိုင်ကျင့်နိုင်မှာလဲ၊ အနိုင်ကျင့်တယ်ဆိုရင်တောင် ကျင့်တဲ့သူက ယွဲ့ရှပဲနေမှာ (၂)
သူမ Weibo အကောင့်ထဲတွင် “secretly following” ဆိုသည့် widget ရှိနေသည်။ ထိုထဲတွင် လူများစွာ ပါဝင်နေသည်။ ယွဲ့ရှ ထို widget ကိုနှိပ်လိုက်သောအခါ သူမ ပထမဆုံးမြင်သည်မှာ ကျွင်းရှောင်ဟန်ဖြစ်သည်။
(T/N: Weibo နဲ့ အခြား တရုတ်ဆိုရှယ်မီဒီယာ က secretly following function ဆိုတာက တစ်စုံတစ်ယောက်က ကိုယ်မသိအောင် လာ follow လို့ရတာမျိုးပေါ့နော် အဲ့လိုမျိုးနဲ့လာ follow တဲ့သူက follower list မှာ မပေါ်ပါဘူး)
ယွဲ့ရှနှင့်ယှဉ်လျှင် ကျွင်းရှောင်ဟန်သည် အဆင်ပြေနေပုံပင်။ သူမသည် အလှကုန်ပစ္စည်းတချို့အကြောင်းကိုလည်း review တင်သလို၊ ဈေးကြီး ပစ္စည်းများကိုလည်း unboxing လုပ်ပြသည်။ သူမတွင် ဖန်ပေါင်း ၃သိန်းနီးနီးရှိပြီး သူတို့က သူမကို ချစ်စဖွယ်ကောင်းအောင် ခေါ်ကြသည်။
သူမ အကောင့်မှ ကွန်မန့်များနှင့် ကျွင်းရှောင်ဟန် အကောင့်မှ ကွန်မန့်များကိုယှဉ်လိုက်သောအခါ မိုးနှင့်မြေပင်ဖြစ်သည်။ ယွဲ့ရှ မမျှတသလို ခံစားရသည်မှာ မဆန်းပေ။
List ထဲမှ နောက်ဆုံးအကောင့်မှာ နှာခေါင်းအနီရောင်နှင့် အကောင့်ဖြစ်သည်။ ယင်းအကောင့်သည် private အကောင့်ဖြစ်ပြီး မည်သည့် အချက်အလက်မျှမတင်ထားပေ။ သို့သော် ယင်းအကောင့်မှတင်ထားသော ဗီဒီယိုတစ်ခုကြောင့် ဖန်ပေါင်းထောင်ချီရထားသည်။
လူသူကင်းရှင်းသော လမ်းထောင့်တစ်နေရာတွင် အရှိန်အဝါတို့လွင့်နေသော အရပ်ရှည်ရှည် ခြေတံသွယ်သွယ်နှင့်မိန်းမတစ်ယောက်ရှိသည်။ သူမသည် ဆိုက်ကယ်ဦးထုပ်ကိုဝတ်ဆင်ထားပြီး ဒူးကာလည်း ဝတ်ထားသည်။ သူမ၏မော်တော်ဆိုင်ကယ်ဖြင့် သတ်မှတ်ထားသော အရှိန်ထက်ကျော်အောင်မောင်းသွားပြီး ကင်မရာကို အေးစက်စွာကြည့်လိုက်သည်။
လူသူကင်းရှင်းနေသော လမ်းမပေါ်တွင် သူမသာလျှင် တစ်ခုတည်းသော တောက်ပနေသည့်သူဖြစ်သည်။
ယွဲ့ရှ သေသေချာချာစဉ်းစားပြီးနောက် သူမကို follower list ထဲမှ မဖြုတ်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ထိုကိစ္စများကို သိပ်စိတ်ဝင်စားသောသူမဟုတ်ပေ။ ထို့နောက်သူမသည် သေနတ်ပစ်ဂိမ်းကိုဖွင့်လိုက်သည်။
အစက သေနတ်ပစ်ဂိမ်းကိုကစားခြင်းသည် ယွဲ့ရှသွေးကိုဆူပွက်စေနိုင်မလား ဟု System စိုးရိမ်မိသေးသည်။ သို့သော် ကစားပွဲသည် ယွဲ့ရှဘက်မှ တစ်ဖက်သတ် သတ်ဖြတ်နေခြင်းဖြစ်နေသည်။ သူမသည် rank နိမ့်သော ကစားသမားများကို အချိန်တော်တော်ကြာသည်အထိ သတ်ဖြတ်နေခဲ့သည်။
အချိန်တော်တော်ကြာပြီးနောက် တစ်စုံတစ်ယောက်က သူမထံစာပို့လာခဲ့သည်။
ဖြစ်ချင်သည်မှာ ထိုစာပို့သူသည် လင်းရှူဖြစ်နေသည်။
【လင်းရှူ】:နင်သိလား ယောင်ယောင်သူနဲ့အဆင်ပြေသွားပြီတဲ့( ပုံပို့လိုက်သည်)
【ယွဲ့ရှ 】:နင်က ဘယ်လိုသိတာလဲ ရှီချင်းယင်နဲ့နင်နဲ့ Weibo မှာ သူငယ်ချင်းဖြစ်သွားတာလား
【လင်းရှူ】:ငါ့မှာလည်း ငါ့နည်းလမ်းငါ ရှိပါတယ်
【ယွဲ့ရှ】:...
‘သူများ အကောင့်ကို Stalk တယ်ဆို Stalk တယ် ပေါ့ တော်သလိုလိုတတ်သလိုလိုလာလုပ်နေသေးတယ်’
လင်းရှူသည် သူမအကောင့်၏ friend listထဲရှိနေသည်မှာ ကြာပြီဖြစ်သည်။ သူက ရုတ်တရက် သူမ ထံစာပို့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရိုးရှင်းသည်။ သူစိတ်ဖိစီးနေလို့ပင်။
ယွဲ့ရှစဉ်းစားလိုက်သည်။ ‘ဒါက အစပဲရှိသေးတာ နောက်ဆို နင်ဒီထက်ပိုခံစားရမှာ၊ အဓိကအတွဲနဲ့နီးစပ်ထဲသူဘယ်သူမဆို ကျောက်ကပ်နှစ်လုံးရှိဖို့မမျှော်လင့်နဲ့’
ယွဲ့ရှသည် သူ၏လှည့်ကွက်ထဲတွင် မကျဆင်းသွားပေ။ လင်းရှူသည် အချိန်တော်တော်ကြာသည်အထိ စာပြန်မပို့လာပေ။
【လင်းရှူ】: ငါ တကယ်ရှုယောင်ဘာတွေတွေးနေလဲ တကယ်သိချင်လာပြီ၊ သူနာကျင်နေတာသိရက်သားနဲ့ ရှီချင်းယင်က အဲ့ပို့စ်ကိုတောင် တင်ရဲသေးတယ်၊ အဲ့ကောင်က လုံးဝအရှက်မရှိတာပဲ
ယွဲ့ရှသည် လင်းရှူ အပေါ်ထားသည့် သူမ အမြင်ကိုပြောင်းလိုက်သည်။ [ System ငါထင်တာ အဓိကဇာတ်ကောင် လွှမ်းမိုးတတ်တဲ့ CEO ဖြစ်နေတဲ့ဇာတ်လမ်းထဲမှာဆို ဒါက ပုံမှန်ပဲလား ]
【လင်းရှူ】: အဲ့ဒါကြောင့် ငါ အဲ့ပုံကိုတစ်ပုံပဲ ကူးယူထားတာ။ ငါမကြည့်ရက်လို့။
ယွဲ့ရှ : “....”
‘နှာဘူးကောင် ထွက်သွားစမ်း၊ ဘုရားကျောင်းကိုနေ့တိုင်းသွားသလို ဝတ်ဆင်ထားလဲ အပိုပဲ’
လူများအတွက် မတူညီသော ဝါသနာရှိခြင်းသည် ပုံမှန်ပင်ဖြစ်သော်လည်း ဒုတိယဇာတ်လိုက်ကိုစိတ်ဆရာဝန်ထံ သွားရန် သူမ အမှန်တကယ်ပင် အကြုံပြုချင်မိသည်။ သူ၏ရူးသွပ်မှုသည် သာမာန်လူထက်ပင် ပိုနေပြီဖြစ်သည်။
ယွဲ့ရှမှာ ပြောစရာစကားပင်ပျောက်ရှသွားသည်။ သူမသည် ထိုလူနှင့်စကားဆက်မပြောချင်တော့ပေ။ သို့သော် သူ့စကားများသည် သူမကို ရှုယောင်ကိုကြည့်ကြည့်ရန် သတိပေးလိုက်သလိုပင်။ သူမသည် friend list ထဲသို့ ပြန်သွားလိုက်သည်။ သုံးစက္ကန့်အကြာ၌ တစ်ခုခုမှားနေသည်ကို သူမ သတိထားမိလိုက်သည်။
သူမသည် ရှုယောင်အကောင့်ကိုရှာမတွေ့ပေ။
ယွဲ့ရှသည် အသက်ကိုပြင်းပြင်းရှုလိုက်ပြီး emoji တစ်ခုပို့လိုက်သည်။ သို့သော် ပြန်ရလာသောစာမှာ အေးစက်သော အနီရောင် အမှတ်ကြီး(!) သာ ဖြစ်သည်။
ရှုယောင်သည်သူမကို ဘလော့သွားခဲ့သည်။
ယွဲ့ရှ :“....”
System : [….]
“သူဘာလို့အဲ့လိုလုပ်သွားတာလဲ” ယွဲ့ရှသည် အသိစိတ်မကပ်စွာဖုန်းကိုချလိုက်သည်။ ခြေလှမ်းတိုင်းတွင် မျက်ရည်တို့သာရှိနေသည်။ “ငါလုပ်ပေးခဲ့တာတွေကို သူကတမျိုးထင်သွားတာပဲ”
ယွဲ့ရှ ပုံစံမှာ တော်တော်စိတ်ဓာတ်ကျနေပုံ ပေါက်သောကြောင့် Systemမှာ နှစ်သိမ့်ချင် ယောင်ဆောင်လိုက်သည်။
[ သူတို့နှစ်ယောက်က ကောင်းကင်က သတ်မှတ်ပြီးသားချစ်သူတွေလေ သူတို့ဆက်ဆံရေးကြောင့် နင်ခံစားစရာမလိုပါဘူး ]
အစကတည်းက ယွဲ့ရှသည် System ၏ထိန်းချုပ်မှုကို ဆန့်ကျင်ပြီး ပြဿနာတော်တော်ရှာခဲ့သည်။ ထိုကြောင့် သူ့မှာ တော်တော်ခေါင်းကိုက်ခဲ့ရသည်။ လက်ရှိ အခြေအနေသည် သူအမြင်ချင်ဆုံး ရလဒ်ပင် ဖြစ်သည်။
ဇာတ်ကွက်သည် လမ်းကြောင်းမှန်ပေါ်ပြန်ရောက်သွားပြီး မစ်ရှင်များလည်း ပြီးဆုံးသွားပြီဖြစ်သည်။ ဇာတ်လိုက်နှင့်ဇာတ်လိုက်မသည်လည်း ပြန်ပေါင်းတော့မည်ဖြစ်ပြီး ဇာတ်လိုက်မနှင့်ဗီလိန်ကြားက ဆက်ဆံရေးသည်လည်း ပျက်စီးသွားပြီဖြစ်သည်။ နောက်ဇာတ်ကွက်တွင် ကျန်းရှုယောင်နှင့်ရှီချင်းယင် လမ်းခွဲကြသည့်အခါ နှင်းဆီနီပေါ်လာမည့်အချိန်ဖြစ်သည်။
အဆင်ပြေပြေချောချောမွတ်မွတ်ပင် ဖြစ်သည်။ မစ်ရှင်များသည် မူလဇာတ်ကွက်သို့ မရောက်ရောက်အောင် အလိုအလျောက်လုပ်ဆောင်ပေးသည်။ ယွဲ့ရှအနေဖြင့် ဇာတ်ကွက်ကို လမ်းကြောင်းလွဲအောင်လုပ်မရပေ။
‘အာ နေလို့ကောင်းလိုက်တာ’
‘အတက်ရှိရင် အဆင်းလည်းရှိတယ် System ကို အနိုင်ကျင့်လို့ရမယ်ထင်နေတာလား အချိန်ကမရပ်ဘူး ကောင်းတယ်နင်နဲ့တန်တယ် ယွဲ့ရှ’
[ အဲ့အမှိုက်ကို တန်ဖိုးမြင့်အောင်လုပ်မနေနဲ့ ] ယွဲ့ရှက မျက်ရည်များကျဆင်းနေသော ခံစားချက်မရှိသောမျက်နှာဖြင့် ပြောလိုက်သည်။ [ ငါ့မှာ OCD ရှိတယ်၊ ရှီချင်းယင်မျက်နှာက ပါးရိုက်ရာတစ်ခုတည်းနဲ့ဆို လုံးဝကြည့်မကောင်းဘူး ]
[ OCD က အဲ့လိုကောရှိလို့လား ]
System သည် လက်တွေ့ကျသည်။ [ အဲ့လို လုံးဝမရဘုးနော် အရင်ဆုံး နင်သူ့ကိုတစ်ကြိမ် ရိုက်ပြီးသွားပြီ၊ သူနင့်ကိုပြန်မရိုက်ခဲ့ဘူးဆိုပေမယ့် သူနင့်ကို လုံးဝသတိကြီးကြီးထားနေတာနော်၊ နင်သူ့နားကို အလွယ်တကူကပ်လို့ရမှာ မဟုတ်ဘူး၊ ပြီးတော့ နင့်ရဲ့အားက သာမာန်လူတွေထက် အများကြီးပိုတယ်၊ နင်ပါးရိုက်ချက်နဲ့တူအောင်ရချင်ရင် ပါးရိုက်တဲ့သူရဲ့အားကလည်း နင်နဲ့တူနေမှရမှာ ]
ယွဲ့ရှ :[....]
System သည် ရယ်လိုစိတ်ကို မထိန်းထားနိုင်တော့ပေ။ [ ရနေတဲ့ အချိန်ကို နောက်မစ်ရှင် အတွက် ဘဲ ပြင်ဆင်စမ်းပါ ]
ရယ်နေရင်းတန်းလန်း သူ၏စခရင်ပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
ယွဲ့ရှနှင့်ကျန်းရှုယောင် လက်ဝှေ့စင်တာတွင် လက်ဝှေ့ထိုးကြစဉ်က နှစ်ယောက်၏လက်ရည်မှာ အတူတူပင်ဖြစ်သည်။ ‘ပြန်စဉ်းစားကြည့်ရင် အဲ့ဒါကြီးက နည်းနည်း ထူးဆန်းမနေဘူးလား၊ မဟုတ်မှလွဲရော ယွဲ့ရှက သူ့မှာရှိတာထက် အားနည်းချင်ယောင်ဆောင်ထားတာလား’
‘ဟုတ်မယ်ထင်တယ်’
System သည် စိတ်ထင့်နေသောကြောင့် ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့ကို ကြည့်ရန်ပြင်လိုက်ချိန် ရင်းနှီးနေသော ကျောစိမ့်မှုကို ခံစားလိုက်ရသည်။
[ သတိပေးချက် အဆင့်(၁) သတိပေးချက် ဇာတ်ကွက်က လုံးဝသွေဖည်နေပါပြီ System ချက်ချင်းပြင်ပါ သတိပေးချက်!!! ]
System : “...?..”
‘ီးလိုပဲ ဘာ တွေဖြစ်ကုန်တာလဲ’