← Chapters

အခန်း ၃၁

Vol. 3 Ch. 31

အခန်း ၃၁

Vol. 3 Ch. 31

အပိုင်း (၃၁) - နင်ကကော ဘာထူးလို့လဲ နင့်မှာ သူ့ကို အဲ့လိုပြောပိုင်ခွင့်ရှိတယ်ထင်နေတာလား (၁)

နည်းနည်းလောက်ပြန်ရစ်ကြတာပေါ့။

“နင့်သူ့ကို ဘလော့လိုက်ပြီလား” ရှီချင်းယင်၏ ပျင်းရိပျင်းတွဲအသံသည် သူမ နားနောက်မှထွက်လာသည်။ ကျန်းရှုယောင် လက်ချောင်းများသည် တုန်ရီနေပြီး သူမသည် စခရင်ပေါ်မှ ခလုတ်ကိုမနှိပ်ရသေးပင်။

ယွဲ့ရှ ပရိုဖိုင်ပုံမှာ လျှာထုပ်ထားသော ချစ်စဖွယ် ရွှေဝါရောင်ခွေးလေးဖြစ်သည်။ ကျန်းရှုယောင်သည် နှုတ်ခမ်းကိုကိုင်ပြီး ပင့်ကြည့်လိုက်သည်။ “ငါတို့သူ့ကိုထပ်တွေ့ဦးမှာပဲလေ မလိုဘူး....”

“နင်က ဘာလို့ သူ့ကိုတွေ့ချင်နေသေးတာလဲ၊ သူကိုတွေ့လို့ ဘာကောင်းတာဖြစ်လာမှာမို့လို့လဲ” ရှီချင်းယင်နဖူးပေါ်မှ အရေးကြောင်းများသည် ပို၍ထင်းလာခဲ့သည်။ “မြန်မြန်လုပ်စမ်း၊ အချိန်ဖြုန်းမနေနဲ့ မိန်းမတွေများ စိတ်နုလိုက်တာ”

ကျန်းရှု‌ယောင်သည် အသက်အောင့်ထားသည့်အတိုင်း ပြန်မပြောလာပေ။ သူမသည် ရွှေဝါရောင်ခွေးပုံလေးကို ငုံ့ကြည့်လိုက်သည်။

သူမသည် လက်ဆောင်ကိုပြန်ပေးလိုက်သည့်အပြင် စကားကြမ်းကြမ်းတမ်းတမ်းများလည်းပြောခဲ့သည်။

သို့သော်လည်းပဲ သူမ ယွဲ့ရှကို မဘလော့ချင်ပေ။ သူမ လုပ်လိုက်လျှင် ယွဲ့ရှနှင့်သူမသည် ဘယ်‌တော့မှ သူငယ်ချင်းပြန်ဖြစ်နိုင်‌တော့မည် မဟုတ်ပေ။

“နင်အစကတည်းက သူကို မaddခဲ့သင့်တာ” ရှီချင်းယင်၏ခြေလှမ်းများသည် တစ်စပြီးတစ်စနီးကပ်လာသည်။ “ငါတို့ခုမှပြန်အဆင်ပြေတာကို နင်က ဒီဘာမှမဟုတ်တဲ့ကိစ္စနဲ့ ငါ့ကိုဆန့်ကျင်ဉီးမယ်ပေါ့”

သူမသည် နှုတ်ခမ်းကိုကိုက်ထားရင်း ယွဲ့ရှနံပါတ်ကိုလျင်မြန်စွာကူးယူပြီးနောက် သူ သူမဖုန်းကို မယူနိုင်ခင် ဘလော့ချလိုက်သည်။ “ရပြီ ငါလုပ်ပြီးပြီ”

ရှီချင်းယင်က ကျေနပ်စွာ ပြုံးလိုက်ပြီး သူမခေါင်းကို ညင်သာစွာပွတ်လိုက်သည်။ “တော်တယ်”

သူတို့နှစ်ယောက်သည် ရှီချင်းယင်အခန်းထဲတွင် ရှိနေခြင်းဖြစ်သည်။ သူသည် စကားအများကြီးပြောခဲ့ပြီး ကတိအများကြီးလည်းပေးခဲ့သည်။ သူ့စကားများ မှန်ခြင်းမမှန်ခြင်းကိုတော့ သူမ မသိပေ။ သို့သော် မှန်သည်မမှန်သည်ကိုလည်း သူမ စိတ်ရှုပ်ခံပြီးစဉ်းစားမနေတော့ပေ။ သူမ စိတ်ကုန်နေလေပြီ။

သူတို့နှစ်ယောက် ပြန်အဆင်ပြေသွားသော်လည်း သူမ ထိုအကြောင်းများကို မစဉ်းစားချင်တော့ပေ။

ကိစ္စပြီးသွားပြီ ဟု သူမ ထင်ထားသော်လည်း ရှီချင်းယင်က ပြောလာသည်။ “နင့်ဖုန်းay; နင်မဟုတ်တဲ့လူတွေနဲ့ ပြောမနေဘူးမလား”

ရုပ်သေးရုပ်ကဲ့သို့ ကျန်းရှုယောင်သည် သူမ ဖုန်းကို ပေးလိုက်သည်။

ရှီချင်းယင်သည် သူမ၏နာခံတတ်မှုကို အလွန်ကျေနပ်နေသည်။ သူနှုတ်ခမ်းမှာပြုံးနေသော်လည်း ခဏအကြာတွင် သူ့အမူအရာသည် ချက်ချင်းမှောင်မဲသွားသည်။ “နင်ဘာလို့ လင်းရှူဖုန်းနံပါတ်ကိုသိမ်းထားသေးတာလဲ”

ကျန်းရှုယောင်မှာ လန့်ဖြန့်သွားပြီးမော့ကြည့်လိုက်သည်။ “ဘာကိုလဲ”

“တုံးချင်ယောင်ဆောင်မနေနဲ့” ရှီချင်းယင်သည် ပိုင်ဆိုင်လိုစိတ်ပြည့်နေသောအသံဖြင့် စစ်ဆေးမေးမြန်းလာသည်။ “ငါနင့်ကိုမေးဖို့မေ့မေ့နေတာ၊ နင်နိုင်ငံခြားမှာတုန်းက လင်းရှူနဲ့ အဆက်အသွယ်ရှိလား၊ သူနဲ့ယွဲ့ရှနဲ့ကကော ဘယ်လိုဆက်ဆံ‌ရေးရှိတာလဲ၊ နင်ငါ့နောက်ကွယ်မှာ သူနဲ့သွားတွေ့နေတာလား”

“ငါနင့်နောက်ကွယ်မှာ ဘာမှလုပ်မနေပါဘူး” ကျန်းရှုယောင်က ရှင်းပြလာသည်။ “သူက ကျောင်းတုန်းက ငါ့ဂျူနီယာမို့လို့ ငါတို့ကကျောင်းကိစ္စကလွဲလို့ ဘာမှမပြောဘူး”

“အော် ကျောင်းကိစ္စပဲပေါ့” ရှီချင်းယင်က ရွဲ့လိုက်ပြီး သဝန်တိုစိတ်ဖြင့်ပြောလာသည်။ “နင်လို ငတုံးမကပဲ အဲ့စကားကို ယုံလိမ့်မယ်၊ ငါအဲ့လိုဆင်ခြေမျိုး သေလောက်အောင် သုံးထားပြီးသား”

ကျန်းရှုယောင်သည် ခေါင်းငုံ့လိုက်ပြီး နှုတ်ခမ်းကိုစေ့စေ့ပိတ်ထားလိုက်သည်။

‘သည်းခံထား ထပ်ပြီးနည်းနည်းလောက်သည်းခံထားဦး သူဒေါသထွက်တယ်ဆိုတာ ငါ့ကိုတအားချစ်လို့’

“ငါ့အကိုနဲ့လည်း အဆက်အသွယ်သိပ်မလုပ်နဲ့” ရှီချင်းယင်က တစ်ခုခုကိုဆက်ပြောချင်သေးသော်လည်း စကားလမ်းကြောင်းလွှဲလိုက်သည်။ သူက သူမကိုစောင်းကြည့်လိုက်ပြီး ပြောလိုက်သည်။ “ငါတို့နှစ်ယောက်အတူမအိပ်ရတာတောင် တော်တော်ကြာပြီလားလို့”

ကျန်းရှုယောင်က ချက်ချင်းငြင်းဆန်လာသည်။ “ဒါပေမယ့်...”

သူမကို စကားဆက်ပြောခွင့်မပေးတော့ဘဲ ရှီချင်းယင်က သူမနားကပ်လာပြီး သူမ အင်္ကျီနားကိုလှမ်းလာသည်။

ကျန်းရှုယောင်က နောက်ကိုဆုပ်လိုက်သည်။ အောက်ကိုကြည့်ပြီး သူမကပြောလိုက်သည်။ “ငါဒီနေ့ နေလို့သိပ်မကောင်းဘူး”

“နင်က ဘာတွေ နေလို့မကောင်းဖြစ်နေတာလဲ၊ ပြဿနာမရှာစမ်းနဲ့ ငါ့နားကိုလာခဲ့” သူမသည် သူ့အထိကို ထပ်ရှောင်လိုက်သည်။ ရှီချင်းယင်က စိတ်မရှည်စွာတောက်ခေါက်လိုက်ပြီး အနည်းငယ်ဒေါသထွက်သောအသံဖြင့်ပြောလိုက်သည်။ “နင်ဘာကိုခက်ခဲအောင်လုပ်နေပြန်တာလဲ”

“ငါဒီတိုင်း အဆင်မပြေလို့” ကျန်းရှုယောင်က ရှင်းပြလာသည်။ သို့သော် သူမက ‘ငါက ဘာလို့ရှင်းပြရမှာလဲလို့” တွေးမိလာသည်။ “ငါက ခက်ခဲအောင်လုပ်နေတာမဟုတ်ဘူး”

ရှီချင်းယင်က သူမစကားကိုလျစ်လျူရှုပြီး သူမခါးဖက်လိုက်ပြီး “ငါလိုချင်နေတယ်”

ပုံမှန်လုပ်နေကျ ထိတွေ့မှုများသည် သူမ အတွက် သည်းမခံနိုင်ဖြစ်လာသည်။ ကျန်းရှုယောင် အနည်းငယ်သည်းခံလိုက်သော်လည်း အဆုံးတွင် သူမသည် သူ့ကိုတွန်းထုပ်ပြီး ခေါင်းခါလိုက်သည်။ “နောက်နေ့ကျမှ လုပ်ရအောင်”

ရှီချင်းယင် တောင်းဆိုမှုများသည် ဆက်တိုက်ငြင်းခံထိနေသောကြောင့် သူသည် စတင်ဒေါသထွက်လာသည်။ “နင်အရင်က တစ်ခါမှဒီလိုမျိုးမပြောဖူးပါဘူး၊ ဘာလို့လဲ...”

သူ စကားပြောလို့မပြီးခင် ကျန်းရှုယောင်က အသံစူးစူးဖြင့် စကားဖြတ်ပြောလိုက်သည်။ “ငါမလိုချင်ဘူးလို့၊ ငါ ဒီနေ့စိတ်မပါသေးတာကြီးကို ဘာလို့ငါကနင်နဲ့လုပ်ပေးရမှာလဲ၊ ငါ မှ မလုပ်ချင်တာကြီးကို ငါ့မှာငြင်းပိုင်ခွင့်တောင်မရှိတော့ဘူးလား”

ရှီချင်းယင် လှုပ်ရှားမှုများသည် ရုတ်တရက်ရပ်တန့်သွားသည်။

“နင်လုပ်ခဲ့တာကို တွေးမိတိုင်း ငါမလုပ်ချင်ဘူး” ကျန်းရှုယောင်သည် မောဟိုက်လာသည်။ သူမသည် နောက်သို့ခြေလှမ်းအနည်းငယ်ခန့်ဆုပ်လိုက်ပြီး နောက်လှည့်သွားပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။ “ငါတစ်ယောက်တည်း နေလို့ရမလား”

ရှီချင်းယင် ထိပ်လန့်ပြီးနောက် သူက သရော်လိုက်သည်။

“ငါလုပ်ခဲ့တာ ဟုတ်လား၊ နင်အဲ့ဒါကို ဘယ်နှခါလောက် ပြန်ပြန်ပြောနေမှာလဲ၊ နင်အဲ့လောက်တောင် ဖြစ်ခဲ့ပြီးသားတွေကို ပြောချင်နေရင် နင်ကကော နိုင်ငံခြားမှာ တွဲဖူးလား ပြောလေ၊ ငါအဲ့ဒါကို သိပ်ကျေနပ်သေးတာ မဟုတ်ဘူးနော်၊ နင်က ဒီကိုပြန်ရောက်လာတောင် လင်းရှူနဲ့အဆက်အသွယ်မဖြတ်သေးဘူးလေ၊ ဘာလဲသူကကော နင့်ကောင်လေးပဲလား ဒါမှမဟုတ် ရည်းစားဟောင်းလား”

ကျန်းရှုယောင်မျက်နှာမှာ ဖြူဖျော့သွားသည်။ သူ၏စွပ်စွဲမှုသည် သူမ အတွက် ယုံရခက်နေသည်။ “ငါမလုပ်....”

အခြေအနေမှာ အေးစက်နေသည်။ ရှီချင်းယင်သည် နှလုံးသားမဲ့စွာ စိုက်ကြည့်နေပြီး သူက သူ့အသံကိုပြန်ဖျော့လိုက်ပြီးနောက် သူမကိုဖက်လိုက်သည်။ “ငါတို့အချင်းချင်းသည်းခံကြရအောင်လေ ဟုတ်ပြီလား”

ကျန်းရှုယောင်မှာ စိတ်လွတ်စွာ ခေါင်းညိတ်ရုံသာလုပ်နိုင်ခဲ့သည်။

ရှီချင်းယင်သူမကိုထိလိုက်ချိန် သူမသူ့ကိုမတားတော့ပေ။ သူက ရယ်လိုက်ပြီး အားရကျေနပ်စွာပြောလိုက်သည်။ “ငါပြောပြီးသားလေ နင်က အဲ့မိန်းမတွေနဲ့မတူဘူးလို့၊ ယွဲ့ရှဆိုကြည့်လေ၊ သူ့လိုလူမျိုးက ငါ့ရှေ့အင်္ကျီလာချွတ်ပြတောင် ငါသူ့ကိုအကြည့်တစ်ချက်တောင်ပေးမှာ မဟုတ်....”

သူစကားပြောလို့မပြီးခင် သူမြင်ကွင်းသည် ပြောင်းလဲသွားသည်။

သူ့မြင်ကွင်းသည် လေပေါ်သို့ရောက်သွားသည်။

‘ဒီမြင်ကွင်းရင်းနှီးနေသလိုပဲ’

သူ၏ဘယ်ဘက်ပါးမှ ရင်းနှီးနေသော နာကျင်မှုကိုခံစားလိုက်ရသည်။ လူရှင်းနေသော လက်ဝှေ့စင်တာနှင့်ယှဉ်လျှင် သူ၏အောက်သို့ပြန်ကျချိန်သည် ပို၍ပင်ဆိုးရွားသည်။ ပြုတ်ကျလာသည့်တစ်လျှောက် ပရိဘောဂဘယ်နှခုနှင့်ရိုက်ခတ်မိကြောင်းကို ရှီချင်းယင်မသိတော့ပေ။ သူ၏နံရိုးသည် ခုတင်စောင်းနှင့် ပြင်းပြင်းထန်ထန်ရိုက်မိသောအခါ သူတစ်ကိုယ်လုံး ကွဲထွက်သွားသလားဟုပင်ခံစားလိုက်ရသည်။ သူသည် ရပ်မသွားခင် အကြိမ်အနည်းငယ်ခန့်လှိမ့်ထွက်သွားသည။ သူ့မျက်နှာကိုအုပ်လျက် ကြောင်တောင်တောင်ဖြင့်မော့ကြည့်လိုက်သည်။

သူ့မျက်နှာပေါ်တွင်နောက်ဒဏ်ရာတစ်ခုရခဲ့ပြန်သည်။ ညာဘက်ပါးမှ ပါးရိုက်ရာပင် မပျောက်သေးခင် ဘယ်ဘက်ပါးတွင်နောက်တစ်ခုထပ်ရလာပြန်သည်။ ဘယ်ဘက်တစ်ခု၊ ညာဘက်တစ်ခုဖြင့် အချိူးညီစွာလှပနေသည်။ လှပသော ပုံတစ်ပုံပင်။ ရှီချင်းယင်မှာ သူ့ဝိညာဉ်သူ့ခန္ဓာကိုယ်ထဲမှ ထွက်သွားသည်ဟုပင် ခံစားလိုက်ရသည်။ ဒယ်အိုးနှင့်အရိုက်ခံလိုက်ရသောကြောင့် နောက်ဘဝသို့ ကူးသွားနိုင်လောက်သည်ဟုပင် သူခံစားလိုက်ရသည်။

ကျန်းရှုယောင်သည် သူနှင့် ခုနှစ်လှမ်းအကွာတွင်ရှိသည်။ သူမသည် လက်ကိုဖြည်းညှင်းစွာပြန်ချလိုက်ပြီး ငုံ့ကြည့်လိုက်သည်။ သူသည် ပထမဆုံးအကြိမ်အနေဖြင့် သူမ မျက်နှာပေါ်တွင် မချုပ်ထိန်းနိုင်သော ဒေါသကိုမြင်လိုက်ရသည်။

“သူငါ့ကိုလိမ်ခဲ့တယ်မှန်တယ်” ကျန်းရှုယောင်က အံကြိတ်လျက် “နင်ကကော ဘာထူးလို့လဲ နင့်မှာ သူ့ကို အဲ့လိုပြောပိုင်ခွင့်ရှိတယ်ထင်နေတာလား”

All Chapters